Saturday, July 18, 2015

မှန်ကိုယ်စီနှင့် ခရီးသွားများ




(၁)


“အမေ အမေရေ” မောသံစွက်နေသော ခေါ်သံကြောင့် အထိတ်တလန့် မီးဖိုမှ ထွက်လာရင်း “ ဟဲ့ ဓီတာ၊ ဘယ်လိုများ ဖြစ်လာတာလဲ၊ အထိတ် တလန့်နဲ့”

ခါးပေါ်ရှိ ခပ်အိုးထဲမှ ရေတို့ကို အိုးစရည်းထဲ သွန်လောင်းရင်း “ဓီတာ”က “ ဟိုလေ ရွာဦး အုတ်ကျောင်းမှာ အရှင်ကောင်း အာနန္ဒာတို့ ရောက်နေ သတဲ့”။

“ဘယ်လို…. ဘယ်လို အရှင်ကောင်း အာနန္ဒာတို့ ဟုတ်လား”

ဓါတ်ခံအားလျော်စွာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြင်ကြပါတယ်



ယခုခေတ်အခါသည် ဝိပဿနာတရား ထွန်းကားလာသောအခါ ဖြစ်ပေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် အချိန်ရသမျှ ဝိပဿနာတရားကို ပွားများအားထုတ်လျက် ရှိကြပေသည်။

စားတက်ပါက ကုသိုလ်ရ


(၁) သီလဖြင့် စားခြင်း
(၂) သမထဖြင့် စားခြင်း
(၃) ဝိပဿနာဖြင့် စားခြင်း

Friday, July 17, 2015

အားပေးစကား အလိုအပ်ဆုံးအချိန်။

       မြတ်စွာဘုရားက မဟာနာမကို အဆုံးအမပေးပုံက “အမျိုးသား ဥပသကာ တစ်ယောက်
ဖြစ်စေ၊ အမျိုးသမီး ဥပသကာမ တစ်ယောက်ဖြစ်စေ စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ စဉ်းစား
ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် နေမကောင်းထိုင်မသာဖြစ်လို့ အသက်အန္တရာယ် စိုးရိမ်ရလောက်
တဲ့ အချိန်အခါမျိုးမှာ အားပေးစကားပြောရမယ်။ ဆုံးမစကားပြောရမယ်” လို့ ပြောခဲ့ပါတယ်။

ရွှေကျောင်းကုန်းဆရာတော်၏ မစွဲစေနဲ့။

         လှူတယ်၊ ပေးကမ်းတယ်ဆိုတာ လောဘကိုဖြတ်တဲ့ အလောဘစိတ်ပါ။ လှူဒါန်းရာမှာ
ပြတ်သားဖို့လိုပါတယ်။ လှူပြီးရင် မစွဲကြနဲ့။ ကျောင်းကြီးဆောက်လှူတယ် ဒါဟာ ငါ့ကျောင်း
ဆိုပြီးတော့ ကျောင်းကို လက်ဝါးကြီးအုပ်ချင်တယ်၊ ချယ်လှယ်ချင်ကြတယ်။ ဘယ်သူ ဘယ်ဝါ
နေရမယ်ဆိုတာ မလုပ်ရဘူး။

အတ္တကိလမထာနုယောဂအကျင့်။

         အတ္တကိလမထာနုယောဂအကျင့်ဆိုတာ မိမိကိုယ်ကို ပင်ပန်းအောင်ပြုလုပ်တဲ့အကျင့်ပါ။
ဘာကြောင့် ဒီအကျင့်ကို ကျင့်ကြသလဲဆိုတော့ မိမိကိုယ်ကို သင့်လျော်တဲ့ ကာမဂုဏ်တွေဖြင့်
ကျွေးမွေးပြုစု ထားရင် တပ်မက်လိုချင်တဲ့ ကိလေသာတွေ ဖြစ်ပွားတယ်။ အ၀တ်အစား အစရှိ
သော ကာမဂုဏ်တွေကို မပေးဘဲ ပင်ပန်းဆင်းရဲအောင်ကျင့်မှ တပ်မက်လိုချင်တဲ့ ကိလေသာတွေ

ဘာသာ/သာသနာ အတွက် အသိပညာပေး ဆောင်ပုဒ်များ(၁၀)

* မြတ်သောအကျင့်၊ မြတ်အောင်ကျင့်မှ
မြတ်ရှင့်သာသနာ၊ မြတ်အောင်သာတည်း။ ။
မြတ်စွာဗုဒ္ဓ၊ ဟောမိန့်ဟသည့်
ဓမ္မဒေသနာ၊ အဖြာဖြာကို

Wednesday, July 15, 2015

ပါချုပ်ဆရာတော်ကြီး၏ လူတိုင်းသိသင့်သော သုခ ၄ မျိုး။

      ၁။ အတ္ထိသုခ = လူတွေမျှော်လင့်ချက်အတိုင်း အောင်မြင်လာလို့ ရရှိလာတဲ့ ချမ်းသာက
“အတ္ထိသုခ”  ရှိ ချမ်းသာတဲ့။ “ရှိ ” ချမ်းသာဆိုတာ ကိုယ့်မှာ စီးပွားဥစ္စာတွေ အဆင်ပြေလို့
ပစ္စည်းဥစ္စာတွေရှိတယ်။ စိန်ရွှေ ရတနာတွေရှိတယ်။ လူ့ဘ၀ လိုအပ်တာမှန်သမျှ ကိုယ့်မှာ ပြည့်
ပြည့်စုံစုံ ရှိတာကို အကြောင်းပြုပြီးတော့ “သုခသောမနဿ” ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှု

ဗုဒ္ဓဘာသာဝင်တို့၏ ပြုပြင်စရာတွေ။

       မြန်မာဗုဒ္ဓဘာသာဝင်တို့သည် ဘာသာရေးကို အကြောင်းပြုလျက် ဘုရားပွဲ၊ ရှင်ပြုပွဲ၊ ရဟန်း
ခံပွဲ၊ ဘုန်းကြီးပျံပွဲတို့ကို ကျင်းပလာခဲ့ကြပါသည်။ ယင်းသို့ ဘာသာရေးကို အကြောင်းပြုပြီး ကျင်းပ
ပင် ကျင်းပကြငြားသော်လည်း  ဘာသာရေးအရ ထိထိမိမိ အကျိုးဖြစ်ထွန်းရေးသို့  ဦးတည်ရှေ့ရှုမှု
အားနည်းခဲ့ကြသည်သာ  များပါသည်။   ဘာသာရေးနှင့်  မစပ်သော  ပျော်ပွဲရွင်ပွဲ၊   အပိုပကာသန

“ဘယ်လို အားကိုးရမလဲ” ? ။

ဘယ်လိုကိုယ့်ကို၊  ကိုယ်မှီခို
ဘယ်လို  အားကိုးရသနည်း။
ဘယ်လိုတရား၊  ဘယ်လိုများ
အားထား  ရသနည်း။

ဝဋ်ကို ဝတ်နဲ့ဖြေပါ။ {ရဝေနွယ်(အင်းမ)}

* တစ်ခါတုန်းက အရှင်သမိတိဂုတ္တဆိုတဲ့ မထေရ်တစ်ပါး ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် မထေရ်က ကျန်းမာရေး မကောင်းပါဘူး၊ အရှင်သမိတိဂုတ္တရဲ့ရောဂါက ရိုးရိုးရောဂါ မဟုတ်ဘဲ အနူရောဂါဖြစ်နေတာပါ။ ရောဂါက တဖြည်းဖြည်း ရင့်လာပြီး အသားတချို့တောင် အောက်ကိုပဲ့ကျလာပါတယ်။ ကူးစက်တတ်တဲ့ရောဂါဖြစ်နေလို့ ကျန်တဲ့ရဟန်းတွေ ရောဂါမကူးစက်အောင် ခပ်လှမ်းလှမ်း ဇရပ်တစ်ခုမှာ

Monday, July 13, 2015

ချစ်သူကိုတရားဟောပါ။



မြတ်စွာဘုရား လက်ထက်တော်က သားအမိနှစ်ယောက်ရှိပါတယ်။ သမီးရဲ့နာမည်က ကေသကာရီလို့ခေါ်ပါတယ်။
တစ်နေ့ အိမ်တံခါးဝမှာ ထိုင်ပြီး သမီးက အမေ့ရဲ့ဦးခေါင်းမှာ သန်းရှာပေးနေပါတယ်။ အဲဒီအချိန်မှာပဲ ရဟန်းတော်တွေ အများကြီး အိမ်ရှေ့ကဆွမ်းခံ ကြွသွားတာကို မြင်လိုက်ရပါတယ်။ ဒီတော့ သမီးကေသကာရီက အမေလုပ်သူကိုမေးပါတယ်။

“ကိုယ်ပိုင်ဥစ္စာ မရှိပါ”(အသောကမင်းကြီးရဲ့ဘ၀နိဂုံး)

ဓမ္မအမြင်နဲ့ ကြည့်လိုက်မယ်ဆိုရင် တိရစ္ဆာန်၊လူ ၊နတ် ၊ဗြဟ္မာ သတ္တဝါတွေမှာ ကိုယ်ပိုင်ဥစ္စာရယ်လို့
မရှိပါဘူး။ လောကအလိုအားဖြင့်တော့ကိုယ်ပိုင်ဥစ္စာပစ္စည်းဆိုတာ အနည်းနှင့်အများသာ
ကွာခြားပါတယ်။ ရှိတန်သလောက်တော့ ရှိနေကြတာပါ။

“အလှူဒါနပြုပြီး အမျှဝေပါ”

(က) ဗုဒ္ဓဘာသာမြန်မာတို့သည် အလှူတခုကို နေ့စဉ်ပြုလုပ်လေ့ရှိကြသည်။
အလှူရေစက် လက်နဲ့မကွာ-လှူချင်ကြသူများ ဖြစ်သည်။ အလှူဒါနတခုကိုပြုတိုင်းပြုတိုင်း အလှူဒါနပြုပြီးနောက် ရေစက်သွန်းချအမျှပေးဝေလေ့ရှိကြသည်။ အမျှပေးဝေခြင်းသည် ကောင်းသော အစဉ်မလာဖြစ်သည်။ မိမိပြုလုပ်သည့် ကုသိုလ်ဒါနလည်း လျော့မသွား၊

Sunday, July 12, 2015

(၇) ရက် ဘုရားရှိခိုး။

ကြာသာပတေးနေ့ ။ ။ သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြာဝဋ္ဌာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းဆိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဘို့ ကိန်းပါကို။

ပါချုပ်ဆရာတော်၏ လူသားတို့၏ အဓိကမျှော်လင့်ချက်။

      ၁။ ချမ်းသာလိုခြင်း။ ။ လူသားတွေရဲ့ မျှော်လင့်ချက်၊ လိုအင်ဆန္ဒ၊ခြုံငုံပြီးတော့ ပြောရ
မယ်ဆိုလို့ရှိရင် လူတိုင်းလူတိုင်းဟာ စီးပွားဥစ္စာ တိုးတက်ချင်ကြတယ်။ ချမ်းသာကြွယ်ဝချင်ကြ
တယ်။ ဒါဟာ လူသားတိုင်း မျှော်လင့်တောင်းတကြတဲ့ ဆန္ဒတစ်ခုပါ။
         ဗုဒ္ဓမြတ်စွာက ကြီးပွားချမ်းသာချင်ကြတယ်ဆိုတာ လူတိုင်းလူတိုင်းရဲ့ မျှော်လင့်ချက်

ဘာဝနာဗိုလ် ၅ ပါး။

၁။ သဒ္ဓါဗိုလ်   = သဒ္ဓါဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း။
၂။ ၀ီရိယဗိုလ်   = ၀ီရိယဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း။
၃။ သတိဗိုလ်   = သတိဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း။
၎။ သမာဓိဗိုလ်   = သမာဓိဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း။

အယုတ်ညံ့ဆုံးစိတ်။

        လောကမှာ အဆိုးဆုံး အယုတ်ညံ့ဆုံးလို့  ဘုန်းကြီးယူဆတဲ့ ဆင်းရဲစိတ် ကိလေသာစိတ်
ဟာ မနာလိုတဲ့စိတ် ဣဿာပဲ။ သူတစ်ပါး ကိုယ့်ထက် ရုပ်ချောနေတာကို မနာလိုဘူး။ အလကား
သက်သက် သူ့ဟာသူ ရုပ်ချောတာ ကိုယ်နဲ့ဘာဆိုင်သလဲ။ အဲဒါ သွားပြီး မနှစ်မြို့တဲ့ မနာလိုတဲ့
စိတ် ဖြစ်တာ။ အဲ သူတစ်ပါး ကိုယ့်ထက် ပညာတတ်နေတာ မနာလိုဘူး။ သူတစ်ပါး ကိုယ့်ထက်