Saturday, September 9, 2017

ကံကောင်း ထောက်မချိန်

ဒီစက္ကသုတ်ဆိုတာ “လူတွေရဲ့ ကံကောင်းထောက်မချိန်”လို့ အမည်တပ်ပြီး ဟောတော်မူတဲ့သုတ်တော့ မဟုတ်ပါဘူး၊ ဒါပေမယ့်အဓိပ္ပါယ်အရ အဲဒီသဘော သက်ရောက်ပါတယ်၊ ဒါနဲ့ပတ်သက်လို့ မိမိတို့ ဒေးဒရဲ ကွင်းကျောင်းတိုက်မှာ နိကာယ်ငါးရပ် သင်တန်းတက်ရောက် သင်ကြားစဉ်က ကွင်းကျောင်းဆရာတော် ဘဒ္ဒန္တဥဇ္ဇောတိကနဲ့ တောင်တွင်းကြီး နတ်မှီတောရ ဆရာတော်ဘုရားကြီးတို့ရဲ့ ဩဝါဒကလေးကိုပြေးပြီး သတိရမိပါတယ်။

Friday, September 8, 2017

နဝကမ္မ


                    
                                                   နဝကမ္မ

ရဟန်း သံဃာများအတွက် ၀တ္ထုကြေးငွေတို့ကို လှူဒါန်းကြရာတွင် န၀ကမ္မ အတွက်ပါ ဘုရားဟု နှုတ်မြွက်ဆို၍ ကပ်လှူလေ့ရှိကြပါသည်။ တချို့ကလည်း စာအိပ်ပေါ်တွင် န၀ကမ္မ အလှူငွေဟု ရေးသားပြီး လှူလေ့ရှိကြပါသည်။ န၀ကမ္မ ဟူသည်ကား န၀-အသစ်ဖြစ် ပေါ်လာသော၊ ကမ္မ-အမှုကိစ္စများ၊ အသစ်ဖြစ်သော အမှုကိစ္စများအတွက် သုံးစွဲနိုင်ရန်ဟူ၍ အဓိပ္ပါယ် ကောက်ယူကြပါသည်။

ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းချင်ရင်။

        မြတ်စွာဘုရားက ဒုက္ခဖြစ်တယ်ဆိုတာ တခြားကြောင့် မဟုတ်ဘူး။ ဟောဒီ တွယ်တာ
မှုကြောင့်ဖြစ်တာ။ ဒုက္ခဖြစ်ခြင်းအကြောင်းက တွယ်တာမှုပဲ။ ဒုက္ခချုပ်ငြိမ်းချင်ရင် ဒီ တွယ်တာ
မှုကို ဖယ်ရှားရမယ်။ တွယ်တာမှုကို ဖယ်လိုက်နိုင်တာနဲ့ တပြိုင်နက် ဒုက္ခဟာ ချုပ်ငြိမ်းသွား

ဗုဒ္ဓသာသနာအတွက် ရင်လေးစရာကောင်းသည့် ဟန်ဆောင်မှုများ။

    သာသနာတော်မှာ ဘယ်သူက တရားရှိတယ်၊ ဘယ်သူက တရားမရှိဘူးဆိုတာ၊ တရားရှိ
မရှိ၊ ဒကာ၊ ဒကာမတွေက သိသလိုလိုနဲ့...အဲဒီ ဆရာတော်ကြီး တရားရှိတယ်ကွဲ့ ..လှုပ်ကိုမ
လှုပ်တော့ဘူး၊ အချိန်မရွေး သွားကြည့်သွားကြည့် ငြိမ်နေတာဘဲလို့.. ကိုယ့်အထင်နဲ့ ကိုယ်
လူတွေက ပြောနေကြတာ ရင်လေးစရာ ကောင်းပါတယ်။

ဘုရားအပေါ် ကြည်ညိုသဒ္ဓါပွားများရာမှ ဖြစ်ပေါ်လာသော ဂုဏ်ယူထိုက်တဲ့ ယဉ်ကျေးမှုဓလေ့။

      ကမ္ဘာနိုင်ငံအသီးသီးတွင်  လူမျိုးပေါင်းစုံ  မျိုးနွယ်ပေါင်းစုံ  ရှိကြသည့်အလျှောက်
စာပေယဉ်ကျေးမှု  ၀တ်စားဆင်ယင်မှု  စကားပြောဆိုမှု  အလေ့အထသည်လည်း  အမျိုး
မျိုးကွဲပြားကြပါသည်။

Thursday, September 7, 2017

သာမဏေကျော် ရှင်သံကိစ္စ

သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှ ရဟန်းတော်သုံးကျိပ်(၃၀)တို့သည် ဘုရားရှင်ထံမှ တရားတော်နာယူပြီး၊ ရှင်သာရိပုတ္တရာ၏ ညွန်ကြားချက်ဖြင့် သမဏေကျော် ရှင်သံကိစ္စကို ခေါ်ဆောင်ကာ ဦးချပြီး၊ ဇေတ၀န်ကျောင်းတော်မှ ထွက်ခွါ၍ (၂၁)ယူဇနာဝေးသော အိမ်ခြေ (၆၀၀၀)ရှိသည့် တောရဂေါစရဂါမ် ရွာကြီးသို့ ကြွချီတော်မူကြသည်။
ရှင်သံကိစ္စသည် သမဏေကျော် တစ်ပါးဖြစ်ပြီး၊ သာဝတ္ထိပြည်သား သူကြွယ်မျိုးမှ ဆင်းသက်လာသူ ဖြစ်သည်။ သာမဏေလောင်းလျာ ကိုယ်ဝန်အရင့်အမာနှင့် မိခင်ကွယ်လွန်၍ မီးရှို့သောအခါ တစ်ကိုယ်လုံး လောင်ကျွမ်းသွားသော်လည်း မိခင်ဝမ်းဗိုက်မှာ မီးမစွဲဘဲ ကျန်ရှိနေသဖြင့် တံစူးဝါးဖြင့် နှစ်နေရာ သုံးနေရာထိုးဆွပြီး၊ မီးကျီးဖြင့်အုံးကာ ပစ်ထားကြ၏။

Wednesday, September 6, 2017

ယောက်ျားအချင်းချင်း၊ မိန်းမအချင်းချင်း


မေး ။ ။ အရှင်ဘုရား 
၁။ ယောက်ျားအချင်းချင်း မိန်းမအချင်းချင်း ကျူးလွန်ပြစ်မှားကြလျှင် အပြစ်ရှိပါသလားဘုရား။ ငရဲကျနိုင်ပါသလားဘုရား။
၂။ လူပျိုဘ၀ဖြင့် မကောင်းသည့် မိန်းမများနှင့် ပျော်ပါးလျှင် အပြစ်ရှိပါသလားဘုရား။
၃။ အိမ်ထောင်ရှိပါလျက်နှင့် မကောင်းသည့် မိန်းမများနှင့် ပျော်ပါးလျှင် အပြစ်ရှိပါသလားဘုရား။
ကိုစိုးလှ၊ ပြည်။

ဒုက္ခဖြစ်ကြောင်းတရား။

        ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါက မလ္လတိုင်းမှာ ဥရုဝေလကပ္ပလို့ခေါ်တဲ့ နိဂုံးရွာကြီး
ရှိပါတယ်။ အဲဒီ နိဂုံးရွာကြီးအနီးမှာ မြတ်စွာဘုရား သီတင်းသုံးနေတဲ့အချိန် ဘဒြက ဆိုတဲ့ ရွာ
သူကြီးက မြတ်စွာဘုရားကို လာပြီးတော့ လျှောက်ပါတယ်။

အရှင်ဉာဏိဿရ၏ ကိုးကွယ်ရာမှားလျှင်။

         (ဇာတံ  သရဏ  တော  ဘယံ)       
 ကြောက်လို့ ကိုးကွယ်ရာအမျိုးမျိုး  မှားကြတဲ့ပုဂ္ဂိုလ်တွေ  ကိုးကွယ်ရာအမျိုးမျိုး  တို့ ကိုတွေ့ ကြမယ်။  အဲဒီကိုးကွယ်ရာ
တွေက  တစ်ခါတစ်ခါ  ဘာဖြစ်တတ်သလဲ။  ဘေးဖြစ်တတ်ပါတယ်။  နေကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေ၊  လကိုးကွယ်တဲ့ပုဂ္ဂိုလ်

ဆဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၁)။

****ပေါ်တိုင်းမပြတ်၊ ရှုမှတ်နေလျှင်၊
      ရုပ် နာမ် နှစ်မျိုး၊ ကြောင်းကျိုးသိမြင်၊
      မမြဲဆင်းရဲ၊ ဉာဏ်ထဲပေါ်လွင်၊
      အနတ္တ သိရ နိဗ္ဗာန်ဝင်။ ။ ။

Tuesday, September 5, 2017

ဂုဏ်တော်ပွားခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးတရားများ

ဂုဏ်တော်ပွားခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးတရားများ
ဘုရား၊ တရား၊ သံဃာ လို့ ရတနာသုံးပါးရှိတဲ့အတွက် ဂုဏ်တော်ကလည်း ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော် လို့ သုံးမျိုးရှိပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်အများစုက ဘုရားဂုဏ်တော်ကိုပဲ ပုတီးစိပ်ကြ၊ ပွားများကြတဲ့အတွက် ဂုဏ်တော်ပုတီးစိပ်တယ်၊ ဂုဏ်တော်ပွားများတယ်လို့ ပြောလိုက်ရင် ဘာဂုဏ်တော်လဲလို့ မေးနေစရာမလိုဘဲ ဘုရားဂုဏ်တော် ဆိုတာ ချက်ချင်းသိကြပါတယ်။
အခုဒကာ မင်းသီဟသော် သိချင်တဲ့ ဂုဏ်တော်ပွားခြင်းအကျိုးဆိုတာလည်း ဘုရားဂုဏ်တော်ပွားခြင်း အကျိုးပဲလို့ ယူဆပါတယ်။
ဂုဏ်တော်ပွားတယ်ဆိုတာ တကယ်တော့ မိတ္တူကူးတာပါ။ မြတ်စွာဘုရားရှင်မှာရှိတဲ့ စိတ်ကောင်းစိတ်မြတ်တွေ၊ ဓာတ်ကောင်း ဓာတ်မြတ်တွေကို ကိုယ့်စိတ်ထဲ ကိုယ့်နှလုံးသားထဲမှာ စိမ့်ဝင်ပျံ့နှံ့လာအောင် မိတ္တူကူးယူတာပါ။ မြတ်စွာဘုရားရှင်ရဲ့ စိတ်ဓာတ် အရည်အသွေးတွေ၊ လုပ်ရပ် အရည်အသွေးတွေ ကိုယ့်ဘ၀ထဲ ရောက်လာအောင် မိတ္တူကူးယူတာပါ။
မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တစ်ခုကို ပွားရင် အဲဒီဂုဏ်တော်တစ်ခုရဲ့ အရည်အသွေးမျိုး ကိုယ့်စိတ်မှာ ကူးစက်လာပါတယ်။ ဥပမာ၊ ‘လိုချင်မှုကင်းစင်တော်မူသော မြတ်စွာဘုရား’လို့ပွားလိုက်ရင် ကိုယ့်စိတ်မှာလည်း လိုချင်မှု ကင်းစင်တဲ့ဓါတ်တွေ ကူးစက်လာပါတယ်။ ‘သံယောဇဉ်ကင်းစင်တော်မူသော မြတ်စွာဘုရား၊’လို့ ပွားလိုက်ရင် ကိုယ့်စိတ်မှာလည်း သံယောဇဉ် ကင်းစင်တဲ့ဓာတ်တွေ စိမ့်ဝင်လာပါတယ်။
တစ်ခါပွားရင် တစ်ခါကူးစက်၊ တစ်ခါပွားရင် တစ်ခါစိမ့်ဝင်နဲ့ ပွားဖန်များလာတဲ့အခါ ကူးစက်စိမ့်ဝင်မှုအားကောင်းပြီး မြတ်စွာဘုရားရှင်မှာရှိတဲ့ အရည်အသွေးမျိုး
ကိုယ့်မှာလည်းကိုယ်အတိုင်းအတာနဲ့ကိုယ် ပြည့်စုံလာပါတယ်။ မြတ်စွာဘုရားနဲ့ ထပ်တူထပ်မျှကြီးတော့ မဖြစ်နိုင်ဘူးပေါ့။
ဂုဏ်တော်ပွားခြင်းကြောင့် မြတ်စွာဘုရားရှင်ရဲ့ စိတ်ကောင်းစိတ်မြတ်တွေ၊ ဓာတ်ကောင်းဓာတ်မြတ်တွေ ကိုယ့်နှလုံးသားမှာ ကူးစက်လာပြီဆိုရင် ကိုယ့်နှလုံးသားဟာလည်း နှလုံးသားကောင်း နှလုံးသားမြတ် ဖြစ်သွားပါတယ်။
ကောင်းမြတ်တဲ့ နှလုံးသားပိုင်ရှင်ဟာ ဘာပဲလိုလိုရပါပြီ၊ ဘာပဲတတ ရပါပြီ။ ကောင်းကျိုးချမ်းသာတွေဆိုတာ စိတ်ကောင်း စိတ်မြတ်ရဲ့ ရလဒ်၊ ဓာတ်ကောင်းဓာတ်မြတ်ရဲ့ အကျိုးဆက်တွေပဲ မဟုတ်လား။
ဒါကြောင့်လည်း မြတ်စွာဘုရားရှင်က ‘ဂုဏ်တော်ပွားရင် လိုအင်ဆန္ဒပြည့်ဝတယ်’လို့ မိန့်ကြားတော်မူထားပါတယ်။ ဂုဏ်တော်ပွားသူရဲ့ နှလုံးသားမှာ လိုတရဓာတ်တွေ ကိန်းဝပ်နေတာမို့ ‘ဂုဏ်တော်နှလုံးသား’ဟာ လိုအင်ဆန္ဒကိုလည်း ပြည့်ဝစေနိုင်၊ လိုအပ်ချက်ကိုလည်း ပြည့်စုံစေနိုင်တဲ့ ‘လိုတရနှလုံးသား’ပါပဲ။
ကိုယ့်စိတ်၊ ကိုယ့်နှလုံးသားကိုတော့ ကောင်းမြတ်အောင်မလုပ်ဘူး၊ ကောင်းကျိုးချမ်းသာကျတော့ လိုတရချင်တယ်ဆိုရင် သဘာဝမကျပါဘူး။ ‘စိတ်ကောင်းမှ ကံကောင်းတယ်၊ ကံကောင်းမှ အကျိုးပေးကောင်းတယ်’ဆိုတာကို လုံးဝ မမေ့လိုက်ပါနဲ့။ ဂုဏ်တော်ပွားတယ်ဆိုတာ ကိုယ့်စိတ်ကို အကောင်းဆုံးဖြစ်အောင် လုပ်နေတာပါ။
စံပယ်ပန်း ထုပ်တဲ့ဖက်ရွက် စံပယ်ပန်းရနံ့သင်းသလို ဂုဏ်တော်ပန်းထုပ်တဲ့ နှလုံးသားဖက်ရွက်ဟာလည်း ဂုဏ်တော်ရနံ့ သင်းပျံ့လာပါတယ်။ ကိုယ်ပွားနေတဲ့ ဂုဏ်တော်နဲ့ သက်ဆိုင်တဲ့ သဘောသဘာဝတွေ၊ ဓာတ်သတ္တိတွေ အရှိန်ဟပ် ကူးစက်လာပါတယ်။ စိတ်အေးတဲ့ဂုဏ်ကိုပွားနေရင် ကိုယ့်စိတ်လည်းအေးလာပြီး ဥာဏ်ကြီးတဲ့ဂုဏ်ကို ပွားနေရင် ကိုယ့်ဥာဏ်လည်း ကြီးလာပါတယ်။
မိတ္တူစာရွက်မှာ မူရင်းစာသား၊ မူရင်းပုံရိပ်တွေ ကောင်းကောင်းထင်ဖို့အတွက် မိတ္တူကူးစက်အရည်အသွေးကောင်းဖို့ လိုအပ်သလို နှလုံးသားစာရွက်မှာ ဂုဏ်တော်သတ္တိ၊ ဂုဏ်တော်ပုံရိပ်တွေ ပီပီပြင်ပြင် ထင်ထင်ရှားရှားကူးစက်ဖို့အတွက်လည်း ‘ဂုဏ်တော်အသိ’ဆိုတဲ့ မိတ္တူကူးစက် အရည်အသွေးကောင်းဖို့ အထူးလိုအပ်ပါတယ်။
ဂုဏ်တော်တွေကို ပါဠိသက်သက် သိထားရုံနဲ့ မိတ္တူကူးစက် အရည်အသွေးမကောင်းသေးပါဘူး။ ကိုယ်နေ့စဉ်အမြဲသုံးနှုန်းနေတဲ့ ဘာသာစကားနဲ့ ပိုင်ပိုင်နိုင်နိုင်အဓိပ္ပာယ်သိမှ မိတ္တူကူးစက် အရည်အသွေး ကောင်းပါတယ်။ မြန်မာစကား အမြဲသုံးနှုန်းရင် မြန်မာလို၊ မွန်စကားအမြဲသုံးနှုန်းရင် မွန်လိုပေါ့။ အင်္ဂလိပ်စကားအမြဲသုံးနှုန်းရင် အင်္ဂလိပ်လို၊ ဂျပန်စကားအမြဲသုံးနှုန်းရင် ဂျပန်လိုပေါ့။
မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာစကားကိုပဲ အဓိက သုံးနှုန်းကြတာဖြစ်လို့ ဘုရားဂုဏ်တော်တွေကို မြန်မာလို အဓိပ္ပာယ် ကျေကျေညက်ညက်သိအောင် လေ့လာထားဖို့ သိပ်အရေးကြီးပါတယ်။
ဂုဏ်တော်မပွားခင်မှာသာ မြန်မာလို သိထားရမှာမဟုတ်ပါဘူး၊ တကယ်ဂုဏ်တော်ပွားနေတဲ့ အချိန်မှာလည်း မြန်မာလို ပွားရမှာပါ။ မြန်မာလူမျိုးတွေအတွက် ဘုရားဂုဏ်တော်ကို မြန်မာလိုပွားတာ အကောင်းဆုံးပါပဲ။ ပါဠိပါမှ အားရတယ်ဆိုရင်လည်း ပါဠိ-မြန်မာ တွဲဖတ်ပြီး ပွားနိုင်ပါတယ်။ ပါဠိသက်သက်ရွတ်ပွားနေတာထက် အဆပေါင်းများစွာ ပိုထိရောက်ပါတယ်။ လူကြိုက်များစကားနဲ့ ပြောရရင် အဆပေါင်းများစွာ ပိုအစွမ်းထက်ပါတယ်။ အဆပေါင်းများစွာ ပိုတန်ခိုးကြီးပါတယ်။
ပါဠိသက်သက် ရွတ်နေတာထက် ပါဠိ-မြန်မာ တွဲပွားတာ၊ သို့မဟုတ် မြန်မာလိုသက်သက် ပွားတာက အခေါက်ရေ အပတ်ရေတော့ နည်းသွားနိုင်ပါတယ်။ ဒါပေမဲ့ တစ်ကျပ်တန် အရွက်တစ်ရာထက် တစ်ထောင်တန် တစ်ရွက်က ပိုတန်ဖိုးကြီးတာမို့ အခေါက်ရေ၊ အပတ်ရေဆိုတဲ့ အရေအတွက်ကို အဓိကမထားဘဲ တစ်ခါက်ဆို တစ်ခေါက် အရည်အသွေး ပြည့်ဝဖို့ကိုပဲ ဦးစားပေး စေချင်ပါတယ်။
မြန်မာလို ဆက်တိုက်ပွားနေမှ အဓိပ္ပာယ် ဆက်တိုက်သိပြီး ဘုရားကို ကြည်ညိုတဲ့စိတ်တွေလည်း ဆက်တိုက် ဖြစ်ပေါ်လာပါတယ်။ ဂုဏ်တော်ရဲ့ ဓာတ်သတ္တိတွေလည်း နှလုံးသားမှာ ဆက်တိုက်ကူးစက်လာပါတယ်။
မြန်မာလို အဓိပ္ပာယ် သိမနေဘဲနဲ့ မြန်မာတစ်ယောက်ရဲ့ နှလုံးသားမှာ ဂုဏ်တော်ရဲ့ ဓာတ်သတ္တိတွေ ကူးစက်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖြစ်ခဲ့ရင်တောင်မှ နည်နည်းပါးပါး လျားလျားလှပ်လှပ် မဆိုစလောက်လေးပဲ ဖြစ်ပါလိမ့်မယ်။ ပါဠိသက်သက် ရွက်ပွားနေတဲ့အတွက် ကုသိုလ်တော့ ရချင်ရမှာပေါ့ ။ ဓာတ်ကူးစက်ဖို့တော့ သိပ်မလွယ်ပါဘူး။
မီးအားပြည့်မှ မိတ္တူအရည်အသွေားကောင်းသလို သတိဝီရိယ အားကောင်းမှလည်း ဓာတ်ကူးစက်မှု အရည်အသွေး ပြည့်ဝနိုင်ပါတယ်။ ဘုရားရှေ့ရောက်မှ ဂုဏ်တော်ပွားတာမျိုး မဟုတ်ဘဲ သွားရင်းလာရင်း၊ လုပ်ရင်းကိုင်ရင်း၊ စားရင်းသောက်ရင်း၊ လျှော်ရင်းဖွပ်ရင်းနဲ့ အမြဲမပြတ် မကြာမကြာ ပွားများသွားမယ်ဆိုရင် သတိဝီရိယမီးအား ကောင်းတဲ့အတွက် ဘုရားမှာရှိတဲ့ ဓာတ်ကောင်းဓာတ်မြတ်တွေ ကူးစက်ချင်တိုင်း ကူးစက်ပြီး ကိုယ့်စိတ်၊ ကိုယ်နှလုံးသားဟာလည်း အကောင်းဆုံး၊ အမြတ်ဆုံး ဖြစ်နေတော့မှာပါပဲ။
မိတ္တူစာရွက်အရည်အသွေးကောင်းမှ မိတ္တူပုံရိပ်ပိုထင်းရှားသလို စိတ်အခံ ဖြူဖွေးသန့်စင်မှ ဓာတ်ကူးစက်မှု ပိုထင်းရှားနိုင်ပါတယ်။ စိတ်အခံ ဖြူဖွေးသန့်စင်ဖို့အတွက် စိတ်ကောင်းနှလုံးကောင်းလည်းမွေး၊ လေ၀င်တိုင်း၊ လေထွက်တိုင်း နှာသီးဝမှာ လေထိသွားတဲ့ သဘောကိုလည်း မကြာခဏ သတိကပ် ရှုမှတ်ပြီး ကိုယ့်စိတ်ကိုယ် ဖွပ်လျှော်ပေးသင့်ပါတယ်။
စနစ်တကျ ဂုဏ်တော်ပွားခြင်းကြောင့် ဘုရားမှာရှိတဲ့ ဓာတ်ကောင်းဓာတ်မြတ်တွေ ကူးစက်ပြီး စိတ်ကောင်းစိတ်မြတ်ပိုင်ဆိုင်သူ လူကောင်းလူမြတ် ဖြစ်နိုင်ပါတယ်။
မကောင်းမှုအကုသိုလ်တွေ ရှောင်ကြဉ်ဖြစ်ပြီး ကောင်းမှုကုသိုလ်တွေ တစ်နေ့တခြား တိုးပွားလာနိုင်ပါတယ်။ စိတ်ဓာတ်ခိုင်မာ ရင့်ကျက်ပြီး အသိဥာဏ် တိုးတက်မြင့်မားလာနိုင်ပါတယ်။ ကောင်းမြတ်တဲ့ ကံဟောင်း၊ ကံသစ်တွေ လမ်းပွင့်ပြီး စည်းစိမ် အထွေထွေ၊ ကျက်သရေအမျိုးမျိုးနဲ့ ပြည့်စုံနိုင်ပါတယ်။ ကံအရှိနဲ့ ထိုက်တန်စွာ လိုတိုင်းရ၊ တတိုင်းပြီးနိုင်ပါတယ်။ အနာဂတ် သံသရာမှာလည်း ထူးခြားဆန်းကြယ် အံ့သြဖွယ်ကောင်းတဲ့ အကျိုးတရားတွေ အလျှံပယ် ရရှိနိုင်ပါတယ်။ နောက်ဆုံးမှာ မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်ပြီး သံသရာဇာတ်သိမ်း ဒုက္ခငြိမ်းနိုင်ပါတယ်။
ကိုယ့်စိတ်မှာ သောကတစ်ခုခု ဖြစ်နေတဲ့အချိန် ဘုရားဂုဏ်တော် ဘယ်လိုပွားရမလဲ စဉ်းစားမနေပါနဲ့။ ‘သောကခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား’လို့သာ ထပ်တလဲလဲ ပွားလိုက်ပါ။ နှလုံးသားထဲက သောက မီးတောက်တွေ ချက်ချင်း သို့မဟုတ် တဖြည်းဖြည်း ငြိမ်းသွားပါလိမ့်မယ်။
‘ကိုယ်တော်တိုင်သာ သောကငြိမ်းတာ မဟုတ်ဘူး သတ္တ၀ါတွေကိုလည်း ငြိမ်းအောင် လုပ်ပေးတယ်၊ သတ္တ၀ါ ဝေနေယျတွေရဲ့ သောကဆူးငြောင့်ကို ပယ်နုတ်ပေးတော်မူသော မြတ်စွာဘုရား၊ သောက ငြိမ်းအေးကြောင်းတရားကောင်းများကို ဟောကြားတော်မူတော မြတ်စွာဘုရား’ လို့ပါ ဆက်ပွားနိုင်မယ်ဆိုရင်တော့ စိတ်ထဲက သောကမီးတွေ ငြိမ်းအေးသွားတဲ့အပြင် ဘုရားရှင်ကို ကြည်ညိုမြတ်နိုးတဲ့ စိတ်တွေလည်း အလေးနက် ပေါ်ပေါက်လာပါတယ်။ သူတစ်ပါးတို့ရဲ့ သောကကို ပယ်ဖျောက်ပေးချင်တဲ့ မေတ္တာကရုဏာတရားတွေလည်း တိုးပွားလာပါတယ်။
ဒီလိုဆိုရင် ဂုဏ်တော်ပွားတာဟာ အန္တရာယ်ကင်း၊ လာတ်ရွှင်ဖို့၊ စီးပွားတတ်၊ ရာထူးတိုးဖို့၊ အကြံအောင်မြင်၊ လိုအင်ပြည့်ဝဖို့ မဟုတ်ဖူးဆိုတာ သဘောပေါက်လောက်ပါပြီ။ ကိုယ့်စိတ်ဓာတ်နဲ့ ကိုယ့်လုပ်ရပ်ကို အကောင်းဆုံး၊ အမြတ်ဆုံးဖြစ်အောင် ပြုပြင်ဖန်တီး တည်ဆောက်ဖို့ ဂုဏ်တော်ပွားတာပါ။
စိတ်ဓာတ်နဲ့ လုပ်ရပ် ကောင်းမြတ်ခြင်းဆိုတဲ့ ပင်မအကျိုးရနေမှတော့ အန္တရာယ်ကင်း၊ လာတ်ရွှင် စတဲ့ ဘေးထွက်အကျိုးတွေကို တမင် တောင့်တနေစရာမလိုတော့ပါဘူး။ မလိုချင်အဆုံး ရမှာပါ။ တကယ်တော့ အဲဒီဘေးထွက်အကျိုးတွေက ဂုဏ်တော်ပွားခြင်းရဲ့ ဘာမှ မပြောပလောက်တဲ့ မလွမ်းလောက်စရာ ပါမွှားအကျိုးတွေပါပဲ။
ဂုဏ်တော်ပွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နှစ်သက်ဝမ်းမြောက်မှု၊ ငြိမ်းအေးကြည်လင်မှုတွေကို သတိပဋ္ဌာန်နည်းအတိုင်း ‘၀မ်းမြောက်တယ်၊’ ‘ငြိမ်းအေးတယ်၊’ . . . စသည်အားဖြင့် ဖြစ်ပျက်မြင်တဲ့အထိ ၀ိပဿနာဆက်ရှုနိုင်မယ်ဆိုရင် ဖြစ်ပျက်ဥာဏ် အထွက်အထိပ်ရောက်သွားတဲ့အခါ မဖြစ်မပျက်ဥာဏ် ဘွားခနဲ ပေါ်လာနိုင်ပါတယ်။ မဖြစ်မပျက်က နိဗ္ဗာန်၊ မဖြစ် မပျက်ဥာဏ်(မဖြစ်မပျက်မြင်တဲ့ဥာဏ်)က မဂ်ဥာဏ်ပါ။ ဂုဏ်တော်ကို ပင်တိုင်ထားပြီး ပွားရင်လည်း နိဗ္ဗာန်ရောက်နိုင်တယ်လို့ ဆိုလိုပါတယ်။
မြတ်စွာဘုရားရှင်လက်ထက်တုန်းက ခုနစ်နှစ်သား ကလေးငယ်တစ်ဦး ဂုဏ်တော်ပွားရင်းနဲ့ ရဟန္တာဖြစ်ခဲ့ဖူးပါတယ်။ ဂုဏ်တော်ပွားလိုက်၊ ဖြစ်လာတဲ့ ပီတိနဲ့တကွ ရုပ်နာမ်တွေကို ၀ိပဿနာရှုလိုက်၊ ဂုဏ်တ်ာတစ်လှည့်၊ ၀ိပဿနာတစ်လှည့် ပွားရှုလိုက်တာ တစ်ထိုင်တည်းနဲ့ ရဟန္တာ ဖြစ်သွားခဲ့ပါတယ်။ လူဝတ်နဲ့ ခုနစ်နှစ်အရွယ်မှာ ရဟန္တာဖြစ်ပြီးမှ ရဟန်းဘ၀ ကူးပြောင်းလိုက်တာပါ။
ပါဋ္ဌိလို ဂုဏ်တော်ပွားတာထက် မြန်လာလို ဂုဏ်တော်ပွားတာက ဂုဏ်တော်ရဲ့ဓာတ်သတ္တိတွေ နှလုံးသားထဲ ပိုပြီး စိမ့်ဝင်ပျံ့နှံ့ ကူးစက်စွဲထင်တယ် ဆိုတာကို လက်တွေ့စမ်းသပ်ကြည့်နိုင်ဖို့အတွက် ဘုရားရှင်ရဲ့ ဂုဏ်တော်တချို့ကို မြန်မာလို လက်ဆင့်ကမ်းလိုက်ပါတယ်။
‘စွဲလမ်းခြင်း ကင်းတော်မူသော မြတ်စွာဘုရား’
‘ဒေါသအမျက် ကင်းစင်းတော်မူသော မြတ်စွာဘုရား’
‘မေတ္တာတရား ကြီးမားတော်မူသော မြတ်စွာဘုရား’
‘သိစရာအားလုံး သိတော်မူသော မြတ်စွာဘုရား’
‘မှန်ကန်၍ အကျိုးရှိသော စကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား’
‘အမြဲတမ်း စိတ်အေးချမ်းတော်မူသော မြတ်စွာဘုရား’
‘အနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်တော်မူသော မြတ်စွာဘုရား’
ဘုရားဂုဏ်တော်ပွားတယ်ဆိုတာ . . . ဘုရားအကြောင်း စဉ်းစားတာပါပဲ။ ကိုယ်သိထားသလို ရိုးရိုးရှင်းရှင်း စဉ်းစားရင် ဘုရားကိုလည်း ပိုကြည်ညို၊ ကိုယ့်ကိုယ်ကိုယ်လည်း ပြုပြင်ပြောင်းလဲပြီးသား ဖြစ်သွားပါတယ်။
အရှင်ဆန္ဒာဒိက

Monday, September 4, 2017

ဗုဒ္ဓဘာသာ အခြေခံ

ဗုဒ္ဓ
တရားအားလုံးကို ဆရာမကူ ကိုယ်ပိုင်ညဏ်ဖြင့် သိသော ပုဂ္ဂိုလ်ကို ဗုဒ္ဓ ဟုခေါ်သည် ။

စိတ်၏ ထွက်ပေါက်(Exit) ။

      လူတွေဟာ ဘယ်တော့မှ တင်းတိမ်သွားတာ မရှိပါ။ ဘယ်လောက်ပဲ ဖြည့်ဆည်းပေး ဖြည့်
ဆည်းပေး မတင်းတိမ်နိုင်ပါ။ ကောင်းသည်ထက် ကောင်းအောင်၊ တိုးတက်သည်ထက် တိုးတက်
အောင်၊ ကြိုးစားနေကြပါတယ်။ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား၊ ကြိုးစားလာသည်နှင့်အမျှ လူ့
အသုံးအဆောင်တွေဘက်က တိုးတက်လာသည်နှင့်အမျှ လူတွေရဲ့ စိတ်ထဲမှာလည်းပဲ စိတ်ဖိစီးမှု

ဓမ္မဒေသနာကုသိုလ် အစစ်ဆိုတာ။

       ဓမ္မဒေသနာကုသိုလ်ဆိုတာ တရားဟောကြားမှုကို ခေါ်ပါသည်။ ရိုးသားဖြူစင်စွာ မြင့်မြတ်
သောစိတ်ထားဖြင့် ဟောပြောပြသ ဆုံးမပါလျှင် “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ= အလှူဟူသမျှကို ဓမ္မ
အလှူကနိုင်၏။ ဓမ္မအလှူက အကျိုးပေးသာ၏။” ဟု ဟောပြောတော်မူသည့်အတိုင်း အလွန်အကျိုး

အားမှသေမှာလား ?၊ သေမှအားမှာလား ?။

  * ကမ္ဘာပေါ်မှာ၊ နေ့စဉ်နဲ့အမျှ
     လူတွေ မရေမတွက်နိုင်အောင်
     သေနေကြတာ၊
     အားလို့ သေတဲ့မသာ
     တစ်ယောက်မှ မရှိပါဘူး။

Sunday, September 3, 2017

လောကမှာ အမှန်တရားတွေ မရှိကြတော့ဘူးလား..?

သင့်ကို ရိုက်ပုတ် နှင့်ထုတ်ကြပေမယ့် သူတို့ကို မသေစေလိုဘူးဆိုရင် သင့်နှလုံးသားမှာ “မေတ္တာတရား” မသေပါကလား။ 
 ( ဘုရားလောင်း သိကြားမင်း )
ဒီသတင်းကိုကြားလိုက်စက အဘွားအို“ကစ္စာနီ”မှာ မယုံကြည်နိုင်သလို တအံ့တသြဖြစ်သွားသေးတယ်။ ဒါဟာ မဖြစ်ကို မဖြစ်နိုင်ဘူးလို့လည်း ဇဝေဇ၀ါးတွေးလိုက် မိသေးတယ်။ ဒါပေမယ့် ကလေးတစ်ယောက် မွေးဖွားတယ်ဆိုတဲ့ကိစ္စဟာ အကြံအဖန် လုပ်လို့ရနိုင်တာ မျိုးမဟုတ်သလို တစ်ရပ်လုံး အုတ်အော်သောင်းတင်း ပြောဆိုနေကြတာဖြစ်လို့ ဘာမျှ သံသယဖြစ်စရာ မလိုတော့ဘူး။ တကယ့်အဖြစ်မှန်ပဲ။ ဒီလိုဆိုရင်….
အဘွားအို “ကစ္စာနီ”ဟာ သူချွေးမ သားဖွားတဲ့သတင်းက သံသယဖြစ်စရာမရှိတဲ့ အဖြစ်မှန်ပဲဆိုတာ အတိအကျ သိလာရချိန်မှာတော့ သက်ကြီးရွယ်အိုတို့ကို အရိုအသေ လုပ်ကျွေးရမယ့် “ ဇေဋ္ဌပစာယနတရားနဲ့ သုစရိုက်တရားများ” အပေါ်မှာ သံသယ ဖြစ်လာခဲ့တော့တယ်။
ဒီတရားတွေ မရှိတော့ဘူး။ ဟုတ်တယ်။ ဒီတရားတွေ မရှိကြတော့တာ သေချာပြီး။ တရားသာအသက်ရှင်နေရိုးမှန်ခဲ့ရင် အမိကို အိပ်ပေါ်မှာ ရိုသေလုပ်ကျွေးနေစဉ်က ချွေးမမှာ သားရတနာ မထွန်းကားပဲ အမိကို ရိုက်ပုတ် နှင်ထုတ်လိုက်ခါမှ သားရတနာ ထွန်းကားပြီး ကျန်းမာချမ်းသာနေကြရတယ်လို့ ဘယ်မှာဖြစ်နိုင်မလဲ။ ခုတော့ ဒီအတိုင်း ဖြစ်တာက အမှန် ဖြစ်နေပြီ။ ဒါဆို တရားသေသွားတာလည်း မုချပဲပေါ့။ ဘာလုပ်ရမလဲ။
“အမှန်တရားများဟာ တစ်ချိန်က သူတို့ သက်ရှင် ထွန်းကားခဲ့တဲ့ ကျေးဇူးကြောင့် ငါ့မှာ အရွယ်အိုမုဆိုးမဖြစ်ရပေမယ့် ဘာမှ မချို့တဲ့ခဲ့ဘူး၊ အမိကို အိမ်ဦးနတ်လိုကိုးကွယ် လုပ်ကျွေးတတ်တဲ့ တစ်ဦးတည်းသော သားလိမ်မာလေး၊ ရေပူရေချမ်း၊ ယာဂုထမင်းက စပြီး အ၀တ်လျှော်ဖွပ်သည့်အထိ အစစ တာဝန်ကျေတဲ့ သားလိမ္မာရဲ့ ပြုစုစောင့်ရှောက်မှုကြောင့် အရာရာ ဘာမျှမချို့တဲ့၊ မတောင့်မတ မကြောင်းမကြ လိုအပ်သမျှ အရန်သင့်၊ ဒါတွေဟာ ဒီသုစရိုက်တရားတွေရဲ့ ကျေးဇူးတွေပဲမဟုတ်လား၊ 
ခုတော့ ကျေးဇူးရှင်တွေ သေကြပြီး၊ တို့ဗြဟ္မဏနွယ်တွေရဲ့ ထုံးတမ်းစဉ်လာအတိုင်း ကျေးဇူးရှင်သေခဲ့ရင်.. သူတို့ကို နောက်ဆုံးကျေးဇူးဆပ်တဲ့အနေနဲ့“ပိဏ္ဍပ်ကျွေး”(ဆွမ်းလွတ်)ပေးရမှာပေါ့”
အဘွားအို“ကစ္စာနီ” စိတ်ကို ဒုန်းဒုန်းချဆုံးဖြတ်ပြီးတဲ့အခါမှာတော့ ဗြဟ္ခဏ လူမျိုးတို့ ထုံးစံအတိုင်း ပိဏ္ဍပ်ကျွေးရာမှာ ချက်ပြုတ်ရမယ့် နှမ်းမှုန်း၊ ဆန် နဲ့ အိုး၊ ထင်း၊ ယောက်မ တို့ကိုယူပြီး သုဿာန်သင်္ချိုင်းဆီ ထွက်လာခဲ့တော့တယ်။
သူက သုဿာန်ဆီ သွားနေပေမယ့် စိတ်ကတော့ အတိက်ဆီ ပြန်တွေးနေမိတယ်။ အသက်အရွယ်ကြီးလို့ နောက်ဆုံးတော့ ယောင်္ကျားသားခမျာ “ အမေပြောတော့ တစ်လ၊ မယားပြောတော့ တစ်ခဏ” ဆိုတဲ့ အစားထဲ ရောက်သွားရရှာပြီး မယား သဘော အတိုင်း လိုက် လျောခွင့်ပြုလိုက်တယ်။ ဒါနဲ့ ချွေးမရဲ့ ကြိမ်းမောင်းနှင်ထုတ်တာ ခံရပြီး အဘွားအို“ ကစ္စာနီ” ခမျာ အိုကြီး အိုမ သူတစ်ပါးအိမ်မှာ အိမ်စေအဖြစ် ကပ်ရပ် မှီခိုရင်း အထီးအကျန် ဒုက္ခသည်ဘ၀ ရောက်ခဲ့ရတော့တယ်။
တိုက်ဆိုင်ချင်တော့ အဘွားအို အိမ်မှာရှိစဉ်က အမြုံမ ဖြစ်နေတဲ့ချွေးမက အဘွား အိုလည်းမရှိရော သန္ဓေရပြီး သားယောင်္ကျားလေး ဖွားမြင်လာတယ်။ ဗြဟ္မဏ အနွယ်တို့ရဲ့ ထုံးစံအတိုင်း အနွယ်ကို ဆက်ခံမည့် သားကောင်း မိခင်ဖြစ်ပြီဆိုတော့ သူဟာ အမျိုး ရဲ့ သခင်အဖြစ် အစစ စိုးပိုင်လာခဲ့တော့တယ်။ လင်ယောင်္ကျားအပေါ်မှာ လည်း ပြော အား ပိုရှိလာတာပေါ့။ 
“ အရင်က ယုတ်မာတဲ့ သက်ကြီးရွယ်အိုမကြီးကြောင့် အမြုံ ဖြစ်နေတာ၊ အခု သူလည်းမရှိရော အမျိုးကိုဆက်ခံမည့် သားရတာရပြီ” ပေါ့။
ဒါကြောင့် အဘွားအို “ကစ္စာနီ”က တရားကို သေပြီလို့ ယတိပြတ် ဆုံးဖြတ်ချက် ချပြီး ကျေးဇူးရှင် တရားအသေအတွက် ပိဏ္ဍပ်ကျွေး(ဆွမ်းသွပ်) ဖို့ သုသာန်ဘက် ထွက်လာခဲ့တာ။
သုသာန်ပေါ်ရောက်တဲ့အခါ လူသေရဲ့ ဦးခေါင်းခွံသုံးခုကို ဖိုခုံလောက်လုပ်ပြီး မီးပျိုးတယ်။ ပြီးတော့ ဗြဟ္မဏတို့ထုံးစံအတိုင်း ချောင်းထဲသွားပြီး ဆံပင်ကိုလျှော်၊ အ၀တ်ဖြူကိုရုံပြီးမှ ဆံပင်ကို ခြောက်အောင်ခါပြီး ကျောဘက်မှာ ဖားလားချထားရင်း နှမ်းထမင်းချက်ဖို့ ပြင်ဆင် ပါတော့တယ်။
အဲဒီတုန်းက ဘုရားလောင်းက သိကြာင်းမင်းဘ၀မှာ ဖြစ်နေခိုက်ဆိုတော့ လောကကြီးကို မမေ့မလျော့ ကြည့်လေ့ရှိတဲ့အချိန်။ သုဿာန်ပေါ်မှာ ထမင်းချက်ဖို့ ကြိုးစားနေတဲ့ အဘွားအိုကိုတွေ့တဲ့အခါ အကြောင်းစုံကို မေးမြန်းဖို့ ခရီးသွားပုဏ္ဏား အဘိုးအိုးအသွင်နဲ့ အဘွားအိုနား ချဉ်းကပ်ပြီး….
“အို ကစ္စည်းနွယ်ဖွား အရှင်မ၊ ဘာကိစ္စအတွက် သုဿာန်ပေါ်မှာ နှမ်းထမင်းကို ချက်နေရပါသလဲ”
“အို ပုဏ္ဏား၊ တရားသေတဲ့အတွက် ဆွမ်းသွပ်မလိုပါ”
“ကစ္စာနီအရှင်မ နှိုင်းနှိုင်းချိန်ချိန်ပြောပါ၊ တရားမင်းတရားဖြစ်တဲ့ သိကြားမင်း ဆိုတာ မသေသေးပါဘူး၊ ဘာကြောင့် တရားကို သေပြီဆို ပြောနိုင်ရတာလဲ”
“ပုဏ္ဏားကြီး၊ ဒီကိစ္စမှာ ကျွန်ုပ် ဘာမျှသံသယဖြစ်စရာ မလိုတော့ဘူး၊ အသေအချာ ဆုံးဖြတ်ပြီးပြီ။ အကျွန်ုပ်ကို အိမ်ပေါ်မှာတင်ထားပြီး လုပ်ကျွေးနေစဉ်က ချွေးမဟာ သားသမီးမထွန်းကားတဲ့ အမြုံမ ဖြစ်နေခဲ့တယ်၊ ကျွန်ုပ်ကို ရိုက်ပုတ်နှင်ထုတ်လိုက် ပြီးတော့မှ သားကို ဖွားဖြစ်ခဲ့တယ်၊ ဒီလို ယုတ်မာတဲ့ မိန်းမက အမျိုးကို အစိုးရသူ ဖြစ် သွားပြီး မိခင်ဖြစ်တဲ့ ကျွန်ုပ်က အနှင်ခံဘ၀ နဲ့ အထီးကျန်ဖြစ်ရတယ်၊ ဒါဟာ တရား သေလို့ပဲ မဟုတ်ပါလား”
“အို ကစ္စာနီအရှင်မ၊ ကျွနိုပ် သုစရိုက်တရာတွေကြောင့် သိကြားမင်းဖြစ်လာရသူပါ၊ ကျွန်ုပ်မသေသေးပါဘူး၊ အခုလာခဲ့တာဟာ သင့်ကို အကျိုးဆောင်ပေးဖို့ပါပဲ၊ သင့်ချွေးမဟာ သင့်ကို ရိုက်ပုတ်နှင်ထုတ်ပြီးမှ သားကို ဖွားမြင်ပြီး အိမ်ကို စိုးမိုးအုပ်ချုပ် ခွင့်ရသွားတာ ဖြစ်ခဲ့လျှင် သူသားနှင့်အတူ ပြာကျသွားအောင် ကျွန်ုပ် ပြုပေးပါမယ်။”
“အို သိကြားမင်း၊ ဘယ်လိုပြောလိုက်တာလဲ၊ ဒီအကြံဟာ အလွန်စက်ဆုတ်စရာ ကောင်းပါတယ်၊ ကျွန်ုပ်မြေး မသေအောင် ပြုရမယ်၊ အသင် သိကြားမင်းဟာ ကျွန်ုပ် အကျိုးအတွက် ဒီကိုရောက်လာခဲ့တာမှန်ရင် ကျွန်ုပ်နဲ့အတူ သား၊ ချွေးမ၊ မြေးတို့ အားလုံး အတူတကွ ၀မ်းမြောက်ဝမ်းသာ အိမ်မှာအတူနေရအောင်သာပြုပါ”
“အို ကစ္စာနီရှင်မ၊ သင့်ကို ရိုက်ပုတ်နှင်ထုတ်ခဲ့ပေမယ့် ငယ်ရွယ်သူတွေကို မသေစေလိုဘူးဆိုတဲ့ သင့်ရဲ့ မေတ္တာတရားကို မစွန့်လွှတ်ဘူးဆိုရင် သင့်နှလုံးသားမှာ မေတ္တာတရားဟာ မသေသေးပါကလား၊ ဒီလိုဖြစ်ရင် တရားသေကို ရည်မှန်းပြီး ဆွမ်းသွတ်ဖို့လုပ်နေတဲ့ သင့်အစီအစဉ်ကို ဖျက်လိုက်ပါတော့၊ သင့်ဆန္ဒပြည့်ဝအောင် ကျွန်ုပ် ဆောင်ရွက်ပေးပါမည်၊ မိသား စုတွေ ပြန်လည် ပေါင်းဆုံကြဖို့သာ ပြင်ပါတော့”
သိကြားမင်းက သူ့ကတိအတိုင်း သားနဲ့ချွေးမတို့ကို သံဝေဂရအောင် ပြောဆို ဆုံးမလိုက်တာကြောင့် မိခင်ရဲ့ ကျေးဇူးတွေကို ပြန်လည်အောက်မေ့ပြီး ကလေးငယ်ကို ပွေ့ချီရင်း မိခင်အရှာထွက်ကြတယ်။