Saturday, September 24, 2016

ငိုက်မျဉ်းခြင်းကို ဖြေဖျောက်နည်း


မနေ့က (23/5/11) စာရေးသူ၏ သူငယ်ချင်း အမျိုးသမီးတစ်ယောက်က Online မှာတွေ့တော့ “တပည့်တော် အခုတလော တရားထိုင်ဖြစ်တယ်၊ မထိုင်တာကြာတော့ အိပ်ငိုက်ချင်တယ်၊ သတိနဲ့ ထိမ်းနေရတယ်……”လို့ ဆိုပါတယ်။ ဒီတော့ စာရေးသူက ငိုက်မျဉ်းခြင်းကို ဖြစ်စေတဲ့ ထိန မိဒ္ဓကို ကျော်လွှားနည်းများကို ဗုဒ္ဓရဲ့ ဒေသနာအရ သူ့ကို အကျဉ်းမျှ ပြောပြလိုက်မိသေးတယ်။ စာဖတ်သူကိုတော့ ဒီဒေသနာကို ဗုဒ္ဓမြတ်စွာက ဘယ်သူ့ကို ဘယ်နေရာ ဘယ်အချိန်မှာ  ဘာကြောင့် ဟောကြားခဲ့တာဆိုတာလေးကို အကျယ်သဘောအားဖြင့် ပြောပြချင်မိလို့ စာတစ်စု ပြုလိုက်တာပါ။

မြတ်စွာဘုရားအလောင်းတော်ရဲ့ ဆရာ။

        မြတ်စွာဘုရားအလောင်းတော်ဘ၀က တောထွက်ပြီး တရားကျင့်ပါတယ်။ တရားကျင့်တဲ့အခါ
ပထမ ဆရာမျိုးစုံထံ နည်းယူပြီးတော့ကျင့်ပါတယ်။ အဲဒီထဲမှာ အာဠာရကာလာမဆိုတဲ့ ဆရာကြီးတစ်
ဦးလည်းပါတယ်၊ ဥဒကရာမပုတ္တ ဆိုတဲ့ဆရာကြီးတစ်ဦးလည်း ပါတယ်၊ အာဠာရကာလာမဆိုတဲ့ ဆရာ

ဥဂ္ဂတသေဌေး၏ အံ့ဖွယ် ၈ ပါး။

၁။ မြတ်စွာဘုရားကို ဖူးတွေ့ရသည်နှင့် တပြိုင်နက်ပင် ဘုရားရှင်၏ အပေါ်၌ အကြွင်းမဲ့ ယုံကြည်
    ကြည်ညို၍ သေယစ်မူးမှု ချုပ်ငြိမ်းခြင်း။
၂။ မြတ်စွာဘုရားရှင်ကို ပထမအကြိမ် ဖူးတွေ့ပြီး တရားနာရ၍ အနာဂါမ် အရိယာအဖြစ် ရရှိကာ

နိဗ္ဗာန်ရောက်ကြောင်း ဉာဏ်(၁၆) ပါး။

         နိဗ္ဗာန်ရောက်ကြောင်း တရားကျင်ကြံ အားထုတ်နေကြသော ဓမ္မမိတ်ဆွေအပေါင်းတို့ အ
တွက် နိဗ္ဗာနရောက်ကြောင်းဉာဏ် ၁၆- ပါးမှာ==
(၁)။ နာမရူပပရိေ စ္ဆဒဉာဏ် = ဘုံသုံးပါး၌ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြားသိသောဉာဏ်။

Friday, September 23, 2016

ဗုဒ္ဓခေတ်ဆန်ခ်ရှင်း


ဗြဟ္မဒဏ္ဍ(သို့) ဗုဒ္ဓခေတ်ဆန်ခ်ရှင်း

န ဘဇေ ပါပကေ မိတ္တေ၊
န ဘဇေ ပုရိသာဓမေ။
ဘဇေထ မိတ္တေ ကလျာဏေ၊
ဘဇေထ ပုရိသုတ္တမေ။

သူငယ်ချင်းယုတ် နောက်ဆုတ်နေ။
သူငယ်ချင်းဖျင်း ကင်းကင်းနေ။
သူငယ်ချင်းကောင်း ပေါင်းဖက်လေ။
သူငယ်ချင်းမြတ် ဆည်းကပ်လေ။

(ဓမ္မပဒ၊ ၇၈) 
 
(၁)

ငယ်စဉ် နားထောင်ခဲ့ရတဲ့ အိပ်ရာဝင်ပုံပြင်တွေထဲမှာ ဗုဒ္ဓ၀င်ဇာတ်နိပါတ်တော်တွေက ခပ်များများပါ။ အိမ်မှာ နေခဲ့ရတဲ့ ကလေးဘ၀က ခပ်နည်းနည်းမို့ ဘုန်းတော်ကြီးကျောင်းပရိဝုဏ်ထဲက ကိုရင်လေးဘ၀နဲ့ နားထောင်ခဲ့ရတဲ့ ပုံပြင်တွေက ဗုဒ္ဓ၀င်ဇာတ်နိပါတ်တော်တွေပဲ ဖြစ်ခဲ့တာ သဘာဝကျပါတယ်။

Thursday, September 22, 2016

လူသား၊ နှုန်းစံများနှင့် တာဝန်

 လူသား၊ နှုန်းစံများနှင့် တာဝန် ဗုဒ္ဓစာပေများတွင် လူကို “မနုဿ”ဟု အသုံးများသည်။ မနုဿ-ဟူသော ပါဠိကို ပါဠိဆရာများက အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ထိုဖွင့်ဆိုချက်များအရ “အကောင်း၊ အဆိုးကို သိတတ်နားလည်တတ်သောကြောင့် လူ၊ တဖြည်းဖြည်း တိုးတက်နေသော စိတ်ဓာတ်ရှိသောကြောင့် လူ…”စသည်ဖြင့် အမျိုးမျိုး တွေ့ရသည်။ သို့ဖြစ်၍ “လူဆိုသည်မှာ လုပ်သင့်၊ မလုပ်သင့်၊ ပြောသင့်၊ မပြောသင့်၊ ကြံစည်သင့်၊ မကြံစည်သင့်…စသည်တို့ကို သိနားလည်ပြီး မိမိတို့၏ စိတ်ကို အမြင့်မြတ်ဆုံးအခြေအနေရောက်အောင် ပြုတတ်သူများ”ဟု ဆိုနိုင်လိမ့်မည်ဟု ထင်သည်။

နွားသတ်သမား။

        ရှင်မဟာမောဂ္ဂလာန်နဲ့ ရှင်လက္ခဏတို့ ဂိဇ္ဈကုဋ်တောင်ပေါ်ကျောင်းကနေပြီးတော့ မြို့ထဲ
ဆွမ်းခံဖို့ ဆင်းလာကြပါတယ်။ ဆင်းလာရင်းနဲ့ ရှင်မဟာမောဂ္ဂလာန်က ဒိဗ္ဗစက္ခုနဲ့ ကြည့်လိုက်တော့
ဂိဇ္ဈကုဋ်တောင် ကောင်းကင်ယံမှာ အော်ဟစ်ငြီးငြူငိုကြွေးတဲ့ အရိုးစုပြိတ္တာကြီး တွေ့သတဲ့။  ကြည့်

စူဠသောတာပန်နှင့်ပတ်သက်၍ မြောင်းမြမြို့ဝေဠုဝန်ဆရာတော်၏ သြ၀ါဒ။

       သာသနာကြီးနှင့် ကြုံကြိုက်ပါလျက် အပါယ်သံသရာမှာ ပြန်ကျရဦးမယ်ဆိုရင် သာသနာ
တော်နဲ့ တွေ့ရကျိုး၊ လူဖြစ်ရကျိုး မနပ်တော့ဘူးလို့မှတ်ပါ။ ဒါကြောင့် မဟာသောတာပန်အဖြစ်
သို့ မရောက်သေးစေကာမူ “ တိဟိတ် ဒွိဟိတ်ရယ်လို့ ရွေးချယ်မနေဘဲ ကြိုးစားအားထုတ်သူ

အရှင်မောဂ္ဂလန် မထေရ်မြတ်ကြီး အလောင်းတော်, တရားထူးရသွားသော တရားတော်။

    အရှင်အဿဇိ မထေရ်မြတ်ကြီး  ဟောကြားသော လောကမှာဖြစ်လာသမျှ   ဖြစ်နေတာတွေ 
မှန်သမျှ  အကြောင်းတရားဆိုတာ ရှိတယ်။ ဒီအကြောင်းအကျိုး  သိရှိနိုင်မှု  ပညာဉာဏ်တရားဟာ
အရှင်သာရိပုတ္တာ မထေရ်မြတ်ကြီး အလောင်းအလျာကို သောတာပန် ဖြစ်စေခဲ့ပါတယ်။ သောတာ

Wednesday, September 21, 2016

သမထ ကမ္မဋ္ဌာန်း ၄၀ ဟူသည်...။

ကမ္မဋ္ဌာန်းဟူသည် သမထဘာဝနာကံ ၀ိပဿနာ ဘာဝနာကံ နှစ်ပါးတို့၏ ဖြစ်ရာဖြစ်ကြောင်း ဖြစ်သောကြောင့် ကသိုဏ်း ပညတ်စသော တေဘုမ္မက သင်္ခါရ တရားတို့ကို ခေါ်ဆိုပါသည်။
သမထ (စိတ်တည်ငြိမ်မှု)ကို ပေါက်မြောက် အောင်မြင်ရန် အလို့ငှာ ကမ္မဋ္ဌာန်း (စိတ်အာရုံစူးစိုက်ရာ ဌာနများ) လေးဆယ်အနက် တစ်ပါးပါးကို စူးစိုက် အားထုတ်ရပေသည်။

Tuesday, September 20, 2016

မိမိ စရိုက်ခြောက်ပါးနဲ့သင့်လျော်အောင် ပွားများ၇မည့် ကမ္မဋ္ဌာန်း

စရိုက်ခြောက်ပါး

Carita is a predominant nature in one’s behavioral pattern.Character-စရိုက်ဆိုသည်

မှာ ပင်ကိုရိုးရာ သူတကာဖြစ်နေကျထက် လွန်လွန်ကဲကဲဖြစ်တတ်သည်ကို စရိုက်ဟုခေါ်ပါသည်။

ဂင်္ဂါမြစ်ဘေး ရေလိုက်ရှာနေသူ။

       “ကာလကဉ္စိကာ”ဆိုတဲ့ ပြိတ္တာကြီး တစ်ကောင် အကြောင်း အဋ္ဌကထာမှာပါတယ်။ ဗုဒ္ဓမြတ်စွာ
လက်ထက်တော် အခါကာလတုန်းက ဂင်္ဂါမြစ်ကမ်းခြေမှာ တောင်ပြေးလိုက်၊   မြောက်ပြေးလိုက်နဲ့
ကမ်းခြေတလျှောက်မှာ ပြေးလွှားနေတဲ့ ပြိတ္တာကြီးတစ်ကောင်ကို ဆွမ်းခံကြတဲ့  ကိုယ်တော်တွေက

နှလုံးသားမှာ သန္ဓေတည်ပြီး အာခံတွင်းက မွေးဖွားကြသူများ။

       ဆရာသမားဆိုတာ တပည့်တို့ကို နှလုံးသားနဲ့လွယ်ပြီး အာခံတွင်းက မွေးဖွားပေးကြသူ (ပ၀တ္တိမိဘ)
များ ဖြစ်တယ်။ ဆရာကောင်း တပည့်များဟာလည်း ဆရာတို့ရဲ့ နှလုံးသားမှာ သန္ဓေတည်ခဲ့ပြီး အာခံတွင်း
က မွေးဖွားလာကြသူများ ဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ ဆရာသမားများဟာ တပည့်တွေအပေါ်

စည်းစိမ်ပျက်ကြောင်း ၆ ပါး။

၁။ မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည် သေရက်သောက်လေ့ရှိခြင်းသည် စည်းစိမ်ပျက်
     ကြောင်းတည်း။
၂။ အချိန်အခါမဲ့ (ညအခါ)၌ ခရီးသွားလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
၃။ ပွဲလမ်းသဘင် ကြည့်ရှုလေ့ရှိခြင်းသည်  စည်းစိမ်ပျက်ကြောင်းတည်း။

Monday, September 19, 2016

သောတာပန် ပြဿနာ ရှင်းတမ်း

`မြတ်စွာဘုရားလက်ထက်က တရားတစ်ပုဒ်ဟောပြီးတိုင်း သောတာပန်ပုဂ္ဂိုလ်များ ဖြစ်သွားကြရာ၌

(က) ယခင်ဘ၀က သောတာပန် ဖြစ်ပြီးသူများ ပါ/မပါ။
(ခ) ဘ၀တစ်ခုမှ သောတာပန် ဖြစ်ပြီးသူများ လက်ရှိဘ၀တွင် မည်သို့ ထူးခြားမှုရှိနိုင်ပါသနည်း။
(ဂ) ယခင်ဘ၀က သောတာပန်ဖြစ်ခဲ့၍ ယခုဘ၀ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာဖြစ်သွားသော သုတ္တန်များရှိလျှင် ညွှန်ပြပါ-
ဦးကောင်းမွန်

Sunday, September 18, 2016

" မေတ္တာအကြောင်း "

မေတ္တာဟူသော အမည်နာမဖြင့် စေတသိက် သီးခြားမရှိချေ။ရှေ့၌ ပြခဲ့သော အဒေါသ-စေတသိက်ကိုပင် သတ္တ၀ါများ၏
စီးပွားချမ်းသာ လိုလားချစ်ခင်ရာ၌ “မေတ္တာဟု ခေါ်ဝေါ်ရပေသည်။ထို့ကြောင့် “မှတ်ယူချစ်ငြား-မေတ္တာပွား၍ဟု ဆိုခဲ့သည်။ သို့ဖြစ်၍တစ်ယောက်ယောက် အပေါ်ဝယ် သူ၏ အကျိုးစီးပွားကို လိုလားသော (ကြီးပွားအောင် စောင့်ရှောက်ကူညီလိုသော) ချစ်ခင်မူကိုမေတ္တာဟု မှတ်ပါ။

တိရစ္ဆာန်ဘ၀ ရောက်နေသူ။

         တိရစ္ဆာန် ဖြစ်နေသူဟာ  ငရဲလောက်တော့ မဆင်းရဲပါ။ သို့သော်..ဘုရားပွင့်ပြီးတော့ တရား
ဟောနေတဲ့အချိန် တိရစ္ဆာန်ဘုံ ရောက်နေတယ်၊ နွားဖြစ်နေတယ်၊ ခွေးဖြစ်နေတယ်၊ ကြက်ဖြစ်နေ
တယ်၊ ၀က်ဖြစ်နေတယ်ဆိုရင် တရားနာလို့ သိရမယ့်တရားကို သိနိုင်စွမ်း မရှိပါ။

ဥဂ္ဂတသေဌေး၏ ကြည်ညိုဖွယ်ရာများ။

      ဥဂ္ဂတသေဌေးသည် ၀ဇ္ဇီတိုင်း ဟတ္ထိဂါမအရပ် (ဆင်ရွာ)သားဖြစ်၏။ ဥဂ္ဂတသေဌေး၏ ထူး
ခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ==
         မြတ်စွာဘုရားသည် နာရ၀နဥယျာဉ်၌ သီတင်းသုံးနေစဉ် ဥဂ္ဂတသည် ခုနှစ်ရက်တိုင်တိုင်

စတုလောကပါနတ်မင်းကြီး ၄ ပါး။

              စတုလောကပါနတ်မင်းကြီး (စတုမဟာရာဇ်) ၄ ပါးမှာ==
၁။ ဓတရဌ နတ်မင်းကြီး = မြင်းမိုရ်တောင်၏ အရှေ့မျက်နှာအရပ်၌ နေ၏။
၂။ ၀ိရုဠက နတ်မင်းကြီး =  မြင်းမိုရ်တောင်၏ တောင်မျက်နှာအရပ်၌ နေ၏။