ဓမ္မနဒီ
ဗုဒ္ဓတရားတော်များ စုစည်း၊ ပေါင်းစပ်စီးဆင်းရာ မြစ်တစ်စင်း
Saturday, January 13, 2018
ထေရ၀ါဒ စစ်စစ်ဖြစ်ရန် ဥပဒေသ မူ ၅ ရပ်
ထေရ၀ါဒ စစ်စစ်ဖြစ်ရန် ဥပဒေသ မူ ၅ ရပ်
============================
(၁) ယုံကြည်မှု သဒ္ဓါတရားရှိရမည်။
(၂) စောင့်ထိန်းမှု သီလရှိရမည်။
(၃) ကောတုဟလ မင်္ဂလာကို မယုံကြည်ရ။
(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်။
(၅) သာသနာတော်ပြင်ပတွင် ကိုးကွယ်မှုမရှာရ။
Read more »
"အတွေးအားလုံး ဟာ ကိုယ်ရဲ့အနာဂတ်မျိုးစေ့ "
တွေးလိုက်တဲ့ အတွေးအားလုံးဟာအနာဂတ်မျိုးစေ့
သိပ်သေချာနေတာနော်။
အတွေးအားလုံးသည် ကိုယ်ရဲ့အနာဂတ်မျိုးစေ့ဖြစ်ပါသည်။
အချိန်တိုင်းနော် အရေးကြီးတယ်နော်။ လူမသိအောင် တယောက်တည်း အခန်းတံခါးပိတ် ခေါင်းမြီးခြုံပြီးတော့
တွေးလည်းပဲ မျိုးစေ့ကြတာပဲ။ အဲ့အတွေးလည်းပဲ
ကိုယ့်အနာဂတ်ပဲ။
ဒါကြောင့် ဘုန်းဘုန်း ကလေးတွေကို ပြောတယ်။
မင်းတို့ကွယ် သေချာမှတ်ပါ။ တချို့က ပဋ္ဌာန်းရွတ်ပါတယ်
ဘုရား၊ ဘုရားရှိခိုးပါတယ်ဘုရား မအောင်မြင်ဘူးလို့
ပြောတယ်။ ပဋ္ဌာန်းရွတ်တဲ့အချိန် ဘယ်လောက်ရှိမှာလဲ
မိနစ်(၂၀) လောက်ရွတ်လိုက်တယ်။
Read more »
တရားရှိ မရှိ။
ဓမ္မမိတ်ဆွေများ.. အချိန်တိုင်း နေရာတိုင်းတွင် တရားရှိမရှိကို သီလ၊ သမာဓိ၊
ပညာဟူသော သိက္ခာသုံးပါး မည်၍မည်မျှလောက် ရှိနေပြီနည်းဟူသော တွက်ကိန်းဖြင့်
တိုင်းတာမှသာ မှန်ကန်ပါမည်။
Read more »
ဟိုလူပြော ဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုးမဖြစ်ရလေအောင်။
ဘုန်းကြီးကပြောတယ်၊ “ ကိုယ်တော်တို့ စာမသင်ဘဲ နေလို့တော့ မရဘူး၊ စာမသင်လို့
ရှိရင် မတည်မြဲဘူး၊ ဟိုလူပြော ဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုး၊ တရားတင် အားထုတ်လို့ ရှိ
ရင် ကိုယ်တွေ့တာလေးတင် အဟုတ်ထင်မှာ” ၊ တစ်ယောက်နဲ့တစ်ယောက် အတွေ့ဆိုတာ
Read more »
မြတ်စွာဘုရားရှင်၏ (၁၀၈) ကွက် “ စက်လက္ခဏာတော် ” အကြောင်း သိကောင်းစရာ။
မြတ်စွာဘုရား၏ ခြေဖ၀ါးတော်နှစ်ပြင်၌ (၁၀၈)ကွက်စီသော စက်လက္ခဏာတို့သည် ထင်ကုန်၏။
ထို(၁၀၈)ကွက်သော လက္ခဏာတော်တို့သည် လောကသုံးပါးကို သရုပ်ဖေါ်၍ တည်ကုန်၏။ ၎င်း(၁၀၈)
ကွက်တို့တွင် ဩကာသလောကကို သရုပ်ဖေါ်၍ အကွက်ပေါင်း (၅၉) ကွက်၊ သတ္တလောကကို သရုပ်
Read more »
Friday, January 12, 2018
သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ
လူတစ်ယောက် ထွန်းထွန်းပေါက်ပေါက်၊ အောင်အောင်မြင်မြင်ဖြစ်ဖို့
အတွက် မြန်မာစကားမှာ ပြောလေ့ပြောထ ရှိတာကတော့ ‘အစွမ်းအစရှိဖို့လိုတယ်’ တဲ့။
ဒီစကားရဲ့ရည်ရွယ်ချက်က အများပြောဆိုနေကြတဲ့ အဓိပ္ပါယ်အရတော့ ပင်ကိုယ်အရည်အချင်းကိုသာ ရည်ရွယ်တဲ့သဘောပါပဲ။ မိမိအနေနဲ့တော့ မိမိတို့ရဲ့ ကံပါရမီအလျောက်ရှိနေတဲ့ အရည်အချင်းသတ္တိကို ‘အစွမ်း’ လို့ပဲ ရည်ညွှန
်းပြီး အဲဒီအစွမ်းတွေ ပေါ်ထွက်လာအောင် စနစ်တကျ၊ နည်းမှန်လမ်းမှန် စတင်လုပ်ဆောင်တာကို ‘အစ’ လို့ ပြောချင်ပါတယ်။
Read more »
Thursday, January 11, 2018
သမုဒ္ဒရာမှာ ဘယ်သူမဆို ရေချိုးခွင့်ရှိတယ်
ဂုဏ်ကျေးဇူးတွေ တိုင်းတာနှိုင်းယှဉ်လို့ မရလောက်အောင် ကြီးမားတာရယ်၊ ကျေးဇူးသိပြီး အောက်မေ့ပူဇော် သူတို့ကို အတိုင်းမရှိ ချမ်းသာစေနိုင်တာရယ်၊ ကျေးဇူးကန်း ပြစ်မှားသူတွေကို အတိုင်းမသိဆိုးကျိုး ဒုက္ခဖြစ်စေ တတ်တာရယ်တို့ကြောင့် အနန္တလို့ ဂုဏ်ပြုသတ်မှတ်ခြင်းခံရတဲ့ ပုဂ္ဂိုလ် ၅ မျိုး ရှိပါတယ်။ အနန္တငါးပါးလို့ ခေါ်တာပေါ့။
Read more »
ဗုဒ္ဓမြတ်စွာက ရှင်ဥပါလိမထေရ်ကို ဟောကြားခဲ့သော ဓမ္မမှတ်ကျောက်။
ရှင်ဥပါလိမထေရ်ကို ဟောကြားပေးခဲ့တဲ့ ဓမ္မမှတ်ကျောက် တစ်ခုကတော့ =
၁။ ဧကန္တနိဗ္ဗိဒါယ။ ။ သင်္ခါရတရားတွေအပေါ်မှာ သာယာစရာဆိုတာ မတွေ့တော့ဘဲနဲ့ သံသ
ရာဝဋ်ဆင်းရဲကြီးကို ငြီးငွေ့လာမယ်။ ငြီးငွေ့မှုကို မဖြစ်စေဘူးဆိုရင် ကိုယ်ကျင့်နေ
တဲ့ တရားဟာ တရားစစ်မဟုတ်သေးဘူး။
Read more »
မိဘကျေးဇူးဆပ်နည်း။
* ၁။ ။ သဒ္ဓါမရှိသော မိဘတို့ကို သဒ္ဓါရှိလာအောင် ဟောပြောရန်။
* ၂။ ။ သီလအကျင့်မရှိသော မိဘတို့ကို သီလအကျင့်၌ တည်စေရန်။
* ၃။ ။ လှူဒါန်းရန် တွန့်တိုသော မိဘတို့ကို လှူဒါန်းစွန့်ကြဲစေရန်။
Read more »
ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်များ (၈)။
“ ရှင်မဟာသီလ၀ံသ ဆုံးမစာ (၇) ”
====================
၇၅။ ခိုးပါမိလေ၊ ထိုးခုတ်သေ၊
ကျလေ ပါယ်ရပ်ရွာ။
၇၆။ ဤစာရွှေကျမ်း၊ ဆုံးမခန်း၊
ရဟန်းလူရှင်၊ လွန်ကြည်လင်၊
Read more »
Wednesday, January 10, 2018
ဘုရားအနေကဇာတင်ခြင်း
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အနေကဇာတင် ဂါထာ
(က) အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိဿံ။ (အနေကဇာတိ သံသာရံ၊ သန်ဓာဝိတ်သံ အနိတ်ဗိသံ) ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခဇာတိ ပုနပ္ပုနံ။ (ဂဟကာရံ ဂဝေသန်တော၊ ဒုတ်ခါ ဇာတိ ပုနပ်ပုနံ။) (ခ) ဂဟကာရက ဒိဋ္ဌော သိ၊ နပုဂေဟံ န ကာဟသိ (ဂဟကာရက ဒိတ်ထောသိ၊ နပုဂေဟံ န ကာဟသိ။) သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။ (သတ်ဗာတေ ဖာသုကာ ဘက်ဂါ၊ ဂဟကူတံ ၀ိသင်ခတံ။) ၀ိသင်္ခါရ ဂတံ စိတ္တံ၊ တဏှာနံ ခယ မဇ္ဈဂါ။ (၀ိသင်ခါရ ဂတံ စိတ်တံ၊ တန်နှာနံ ခယ မဇ်ဇဂါ။) ပဋိစ္စသမုပ္ပါဒ် အနုလောမ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံ၊ ၀ိညာဏပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာ သဋ္ဌာ ယတနံ၊ သဋ္ဌာ ယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာ ပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏံ၊ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ပါယာသာ၊ သမ္ဘ၀န္တိ ဧ၀ မေတဿ ကေ၀လဿ၊ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
Read more »
တရားဟူသည်
တရားဘာဝနာဟု ခေါ်ဝေါ်ကြသဖြင့် ဘာဝနာအကြောင်း လေ့လာသောအခါ တရားအကြောင်းကို ဦးစွာသိဖို့ လိုအပ်မည်ဟု ထင်၏ ။ ထို့ကြောင့် တရားအကြောင်းကို ဦးစွာပထမ ရှင်းပြလို၏ ။
တရားဟူသည် ဓမ္မဟူသောပါဠိမှ လာ၏ ။ ဓမ္မ၏အဖွင့်ကို တိပိဋကပါဠိ မြန်မာ အဘိဓာန်ကျမ်းတွင် ကြည့်သောအခါ အနက်အဓိပ္ပါယ် တစ်ရာကျော်ကျော်မျှ ဖွင့်ပြထားသည်ကို တွေ့ရ၏ ။ ကျမ်းပြုဆရာတော်တို့က ပါဠိတော်၊ အဠကထာ၊ ဋိကာတို့၌ လာရှိသမျှ ဓမ္မ၏ အဖွင့်များကို ကူးယူ ဖွ
င့်ပြထားခြင်းဖြစ်သဖြင့် ထိုမျှများပြားနေ၏ ။
Read more »
Tuesday, January 9, 2018
အကုသိုလ်အတိမ်အနက်
မေး ။ ။
ကိုယ်က သူတစ်ပါးအပေါ်မှာ ပြစ်မှားမိခဲ့ရင်
ကိုယ်ခံစားရမယ့် အကုသိုလ်အပြစ်တွေရဲ့
အကြီးအသေး အတိမ်အနက်က ဘယ်ပေါ်မှာ
အဓိကမူတည်ပါသလဲဘုရား။ ကျေးဇူးရှိဖူးသူကို
ပြစ်မှားမိရင် အပြစ်ပိုကြီးနိုင်ပါသလားဘုရား။
ဆရာတော် ဖြေ ။ ။
“ ကျေးဇူးရှိသည်ဖြစ်စေ၊ ကျေးဇူးမရှိသည်ဖြစ်စေ
ဘယ်သက်ရှိသတ္တ၀ါ အပေါ်မှာမှ မပြစ်မှား
သင့်ဘူး။ ဥပမာ လမ်းဘေးမှာတွေ့တဲ့ခွေး
တစ်ကောင်ဟာ ကိုယ့်အပေါ်မှာ ဘာမှကျေးဇူး
မရှိဘူး။ ဒါပေမဲ့ အဲဒီခွေးကို အလကားနေရင်း
ပိတ်ကန်ပြီးတော့ ပြစ်မှားစရာမလိုဘူးလေ။
ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် ပြစ်မှားတယ်ဆိုတာ
မကောင်းတာလုပ်တာပေါ့။ ကိုယ့်အပေါ်
ကျေးဇူးရှိတဲ့သူပဲဖြစ်ဖြစ်၊ ကျေးဇူးမရှိတဲ့သူပ
ဲဖြစ်ဖြစ် ဘယ်သူ့ကိုမဆို မပြစ်မှားသင့်ဘူး။
အကုသိုလ်အတိမ်အနက်ကို ပြောရရင်တော့
ဥပမာ ခွေးတစ်ကောင်ကို ရိုက်နှက်တာထက်
လူတစ်ယောက်ကို ရိုက်နှက်တာက ပိုပြီးတော့
အပြစ်ကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့
တိရစ္ဆာန်ထက် လူက ပိုပြီးတော့ ဂုဏ်ကြီးမား
တယ်လေ။ တိရစ္ဆာန်မှာရှိတဲ့ သီလ၊ သမာဓိ၊
ပညာ ထက် လူတစ်ယောက်မှာရှိတဲ့ သီလ၊
သမာဓိ၊ ပညာက ပိုကြီးမားတာပေါ့။ တစ်နည်း
အားဖြင့်ပြောရရင် ခွေးမှာရှိတဲ့ ကုသိုလ်ထက်
လူမှာရှိတဲ့ကုသိုလ်က ပိုကြီးမားတာကြောင့်
ကုသိုလ်ပိုကြီးမားတဲ့လူကိုပြစ်မှားတာက ပိုပြီး
အပြစ်ရှိတယ်။ လူတစ်ယောက်ကို ရိုက်နှက်
တာထက် ရဟန်းတစ်ပါးကို ရိုက်နှက်တာက
ပိုပြီးအပြစ်ကြီးတယ်။ လူတစ်ယောက်ရဲ့
သီလ၊ သမာဓိ၊ ပညာထက် ရဟန်းတစ်ပါးရဲ့
သီလ၊ သမာဓိ၊ ပညာက ပိုကြီးမားတယ်လေ။
သီလ၊ သမာဓိ၊ ပညာဂုဏ် ပိုကြီးမားတဲ့သူကို
ပြစ်မှားရင် ပိုအပြစ်ကြီးသွားတာပေါ့။
ဒါက တစ်ပါးချင်း၊ တစ်ယောက်ချင်းကို ပြောတာ။
ခွေးတစ်ကောင်ချင်း၊ လူတစ်ယောက်ချင်း၊ ရဟန်း
တစ်ပါးချင်းကို ပြစ်မှားတာတောင်မှ ခွေးထက်
လူ၊ လူထက် ရဟန်းကို ပြစ်မှားတာက ပိုအပြစ်
ကြီးမားတယ်။ အဲဒီမှာမှ ရဟန်းတစ်ပါးတည်း
မဟုတ်ဘဲနဲ့ ရဟန်းတွေအားလုံးစုပေါင်းပြီးတော့
သံဃာဆိုပြီး ပေါင်းစုထားတဲ့ သံဃာ့အစုအဝေးကြီးကို
ပြစ်မှားရင်တော့ ပိုပြီးအပြစ်ကြီးသွားတာပေါ့။
သံဃာဆိုတာကျတော့ ကိုယ့်မျက်စိရှေ့မှာ မြင်နေရတဲ့
ပုထုဇဉ်သံဃာတင်မကတော့ဘူး။ သံဃာကို အာရ
ုံပြုပြီးသားဖြစ်သွားတဲ့အတွက်ကြောင့်၊ သံဃာဆိုတဲ့
သဘော တရားလေးမှာပဲ အကျုံးဝင်နေတဲ့အတွက်
ကြောင့် ဘုရားလက်ထက်က ရှိခဲ့တဲ့ ရှင်သာရိပုတ္တရာ၊
ရှင်မဟာမောဂ္ဂလန် အစရှိတဲ့ အရိယာပုဂ္ဂိုလ်ကြီးတွေ၊
ရဟန္တာပုဂ္ဂိုလ်ကြီးတွေပါ ပါဝင်သွားတယ်။ ”
- အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )
( ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)နှင့်
EternalLightMagazine အင်တာဗျူးမှ )
မြတ်နိဗ္ဗာန်ခရီးကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား (၆) ပါး။
မြတ်နိဗ္ဗာန်ခရီးကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား (၆) ပါးမှာ==
၁။ ကာမစ္ဆန္ဒနီဝရဏ = ကာမဂုဏ် (၅) ပါးတို့၌ တပ်မက်ခြင်း။
၂။ ဗျာပါဒနီဝရဏ = အမျက်ထွက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ခိုက်ရန်များခြင်း။
၃။ ထိနမိဒ္ဓနီဝရဏ = ငိုက်မြည်းခြင်း။
Read more »
တဏှာမဖြစ်အောင်။
တရားဆိုတာက နေရာတိုင်း၊ အချိန်တိုင်း ကျင့်လို့ရပါတယ်။ ကမ္မဌာန်းထိုင်နေမှ တရား
ကျင့်တာမဟုတ်ပါ။ တရားဆိုတာ ဣရိယာပုတ် လေးပါးစလုံးနဲ့ ကိုယ်ရဲ့စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့
အညစ်အကြေးတွေကို သန့်ရှင်းအောင်လုပ်တာဟာ တရားပါပဲ။ လက်တွေ့ကျင့်သုံးနေတယ်လို့
Read more »
ပရိတ်ကြီး(၁၁)သုတ် ကို ရွတ်ဖတ်ပူဇော်ရခြင်း၏ အကျိုးအာနိသင်များ။
၁ ။ မင်္ဂလသုတ် = လိုက်နာကျင့်သုံးပါလျှင် ရန်သူတို့အပေါ် မိမိက အောင်နိုင်ခြင်း၊ အရပ်ဒေသ
တိုင်း၌ ချမ်းသာစွာ နေရခြင်း။
၂ ။ ရတနသုတ် = ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် ရောဂါဘေး၊ ဘီလူးဘေး၊ ငတ်မွတ်ခေါင်းပါးဘေး
တို့မှ ကင်းလွတ်နိုင်ခြင်း။
Read more »
Monday, January 8, 2018
'သတိပြုရန် ဥပါဒါန်'
ရဟန္တာတစ်ပါးအမေး အရှင်သာရိပုတ္တရာ ဖြေဆိုထားသော ဝိဇ္ဇာ(ပညာ)နှင့် စရဏ(သီလ၊သမာဓိ)
နှင့်ပက်သက်လို့မေးထားသည်ကို ဖြေကြားထားပုံမှာ
မေး- ဝိဇ္ဇာဆိုတဲ့ပညာတစ်ခုထဲနှင့် ဒုက္ခချုပ်သိမ်းရာ မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါလား
ဘုရား?
ဖြေ- ငါ့အရှင် ဝိဇ္ဇာဆိုတဲ့ပညာတခုထဲနှင့် ဒုက္ခချုပ်သိမ်းရာ မြတ်နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်ပါငါ့အရှင်။
Read more »
Sunday, January 7, 2018
'သုစရိုက်နှင့် ဒုစရိုက်'
မိမိသန္တာန်မှာ မဖြစ်စေသင့်သော တရား ၁၀ ပါး
၁။ သူ့အသက်သတ်ခြင်း၊
၂။ သူ့ ဥစ္စာခိုးခြင်း၊
၃။ ကာမတို့မှာ မှားယွင်းစွာကျင့်ခြင်း၊
၎။ မဟုတ်မမှန် ပြောဆိုခြင်း၊
၅။ ကုန်းချောခြင်း၊
၆။ ရုန့်ရင်းကြမ်းတမ်းသော စကားကိုပြောဆိုခြင်း၊
Read more »
“ သံဝေဂ အလင်္ကာ ”
နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊
အိုမင်းနောက်ဆုံး ရှိချေ၏။
ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊
ယိုယွင်းနောက်ဆုံး ရှိချေ၏။
Read more »
သူတော်ကောင်းရဲ့ စိတ်နေသဘောထား။
ရှင်ပုဏ္ဏက “သုနာပရန္တ ဆိုတဲ့ အရပ်ကို တပည့်တော်သွားပြီး နေမှာပါ” လို့ဆိုတော့ မြတ်
စွာဘုရားက =“သုနာပရန္တ အရပ်ကလူတွေ လူဆိုးတွေ၊ လူကြမ်းတွေများတယ်။ မင်း အဲဒီနေရာ
သွားနေမယ် ဆိုလို့ရှိရင် မင်းကို အဲဒီလူတွေကမြင်တော့ ၀ိုင်းဆဲရင် ဘယ်လိုလုပ်မတုန်း။”
Read more »
ခင်ပွန်းကြီး (၁၀) ပါး။
၁။ ဘုရား
၂။ ပစ္စေကဗုဒ္ဓွါ
၃။ ရဟန္တာ
၎။ လက်ဝဲ အဂ္ဂသာဝက၊ လက်ျာ အဂ္ဂသာဝက
Read more »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)