လူ့ဘ၀ဆိုတာ ရခဲတဲ့ ဘ၀တစ်ခုပါ။ အခြေခံအထည်ကိုယ်ဖြစ်တဲ့ လူ့ဘ၀ကိုယ်တိုင်ကိုက ရခဲနေမှတော့ လူ့ဘ၀ ရောက်နေတဲ့သူတွေပဲ ခံယူခွင့်ရှိတဲ့ ရဟန်းဘ၀ဆိုတာကတော့ ပိုပြီး ရခဲသွားပြီပေါ့။ ``အခက်ထဲက အခက်၊ အကောင်းထဲက အကောင်း´´ လို့ပဲ ပြောရတော့မှာပါ။ဒါမှမဟုတ် ``အခက်တကာ့ ထိပ်ခေါင်´´ လို့ပဲ ပြောရတော့မှာပါ။
ရခဲတဲ့လူ့ဘ၀ကို ရလာသူတိုင်း ပိုရခဲတဲ့ ရဟန်းဘ၀ကို မရနိုင်ကြပါဘူး။ ရဟန်းဘ၀ ရထိုက်တဲ့ ကုသိုလ်ပါရမီ ပါတဲ့လူတွေပဲ `၀တ်ကြောင်လူ့ဘ၀´ထက် ပိုအဆင့်မြင့်တဲ့ `ရဟန်းလူ့ဘ၀´ ကို ၊ `ရိုးရိုး လူ့ဘ၀´ထက် ပိုအထက်တန်းကျတဲ့ `အထူးလူ့ဘ၀´ ကိုရနိုင်ကြပါတယ်။