Saturday, April 2, 2016

နှစ်ကျိပ်ရှစ်ဆူ ဘုရား။ ။

နှစ်ကျိပ်ရှစ်ဆူ ဘုရား။ ။ ဂေါတမ ဘုရားလောင်း ဗျာဒိတ် ခံယူသော ကမ္ဘာမှစ၍ ပွင့်တော်မူသော

ဘုရားရှင်များ၏ အမည်တော်တို့ဖြစ်သည်။
 (၁) တဏှင်္ကရာဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ စရီးပင် (တောင်မရိုးပင်) ဗောဓိ၊သက်တော်တသိန်း နေတော်မူ၏။

Friday, April 1, 2016

လူ့ဘ၀၏အကြီးမားဆုံးသော အသိတရား(၁၄)ချက်

၁။ လူ့ဘဝ၏ အကြီးမားဆုံးသော ရန်သူ သည် မိမိကိုယ်တိုင် ပင် ဖြစ်သည်။

၂။ လူ့ဘဝ၏ အကြီးမားဆုံးသော ဆုံးရှုံးခြင်း သည် မိမိ၏ မာနကြောင့် ဖြစ်သည်။


၃။ လူ့ဘဝ၏ အကြီးမားဆုံးသော အသိမဲ့ခြင်း သည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေခြင်း ဖြစ်သည်။

သင်္ဂဇာ ဆရာတော်။

         သင်္ဂဇာ ဆရာတော်ဟာ တစ်ဘက်သား စိတ်ချမ်းသာအောင် ပြောတတ်၊ ဟောတတ်၊ ဆုံး
မတတ်တဲ့ ဆရာတော်အဖြစ် ကျော်ကြားတဲ့ ဆရာတော်ဖြစ်ပါတယ်။ ဆရာတော်ရဲ့ မွေးဇာတိက
မြင်းခြံခရိုင်၊ တလုတ်မြို့၊ ပေါက်ချောင်းရွာ ဖြစ်ပြီး လူအမည်က မောင်ပို ဖြစ်ပါတယ်။

အကောင်းဆုံး လက်ဆောင်။

     ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ကြားမှာ မိဘက သားသမီး ကိုပဲဖြစ်ဖြစ်၊ သားသမီးက
မိဘကိုပဲဖြစ်ဖြစ်၊ တပည့်က ဆရာကိုပဲဖြစ်ဖြစ် တစ်ဦးဦးကို မေတ္တာဖြင့်သော်လည်းကောင်း၊
သနားဂရုဏာဖြင့်သော်လည်းကောင်း ပေးကမ်း တတ်ကြပါသည်။ သံဃာတော်များကိုလည်း

အရှင်မောဂ္ဂလန် မထေရ်မြတ်ကြီး အလောင်းတော်, တရားထူးရသွားသော တရားတော်။

   အရှင်အဿဇိ မထေရ်မြတ်ကြီး  ဟောကြားသော လောကမှာဖြစ်လာသမျှ   ဖြစ်နေတာတွေ 
မှန်သမျှ  အကြောင်းတရားဆိုတာ ရှိတယ်။ ဒီအကြောင်းအကျိုး  သိရှိနိုင်မှု  ပညာဉာဏ်တရားဟာ
အရှင်သာရိပုတ္တာ မထေရ်မြတ်ကြီး အလောင်းအလျာကို သောတာပန် ဖြစ်စေခဲ့ပါတယ်။ သောတာ

Thursday, March 31, 2016

သတ္တ၀ါဘာကြောင့် ဆင်းရဲသနည်း



“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”
“ငါ”ဆိုသည်မှာ အခေါ် ပညတ်မျှသာဖြစ်၍ တကယ့်အရှိတရားမှာ ခန္ဓာငါးပါး- ဒုက္ခသစ္စာတရား တို့သာလျှင်ဖြစ်၏။ ထိုဒုက္ခသစ္စာ ခန္ဓာငါးပါးတို့မှာ- ဖောက်ပြန်ပျက်စီးခြင်းသဘော (ရူပက္ခန္ဓာ)၊ ခံစားတတ်ခြင်းသဘော (ဝေဒနာက္ခန္ဓာ)၊ မှတ်သားတတ်ခြင်းသဘော (သညာက္ခန္ဓာ)၊ ကြံစည် တွေးတောတတ်ခြင်းသဘော (သင်္ခါရက္ခန္ဓာ)၊ သိတတ်ခြင်းသဘော (၀ိညာဏက္ခန္ဓာ) ဟူ၍ဖြစ် ၏။

Wednesday, March 30, 2016

ပြည်မသိ ဗာရာဏသီ၊ မင်းမသိ ဗြဟ္မဒတ်



မေး။ ။ ဘုရားဟော သုတ္တန်၊ ဇာတ်၊ နိပါတ်တော်များတွင် “ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း အုပ်စိုးတော်မူစဉ်” စသည်ဖြင့် တရားစာပိုဒ် တော်တော်များများ တွေ့ကြရသည်။ ထိုအခါ တစ်ယောက်သော မိတ်ဆွေက “ဒါကတော့ဗျာ မင်းမသိ ဗြဟ္မဒတ်၊ ပြည်မသိ ဗာရာဏသီ-လို့ ဆိုရိုးရှိတယ်လေဗျာ၊ ဇာတ်တော်တိုင်း ဒီလိုချည်း ပြဆိုရတာပေါ့” ဟု ဆိုလာပါသည်။

ဝိနည်းကိုသိခြင်းအားဖြင့် အကျိုးကျေးဇူး။

         မြတ်ဗုဒ္ဓသည် ၄၅ ၀ါ ကာလပတ်လုံး သတ္တ၀ါဝေနေယျတို့၏ အကျိုးစီးပွားအလို့ငှာ ဓမ္မ
ဒေသနာတော်များကို ဟောဖော်ညွှန်ပြတော်မူခဲ့ပါ၏။ ထို ဓမ္မဒေသနာများမှာ ပိဋကတ်အားဖြင့်
သုံးပုံ၊ နိကာယ်အားဖြင့် ငါးရပ်၊ ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် မြားမြောင်ကျယ်ဝန်း

တရားသိလျက် အကျင့်ခက်။

        ကဿပမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံသွားလို့ သာသနာတော် ကျန်ရစ်တဲ့ အချိန်လေးမှာ
သာသနာကြည်ညိုတဲ့ မိသားစု တစ်စု သာသနာဘောင် ၀င်လာခဲ့ပါတယ်။ အကိုကြီးရဲ့ နာမည်က
“ သာဂတ ” တဲ့။ သူ့ညီရဲ့ နာမည်က “ ကပိလ ” တဲ့။ နှမလေးရဲ့ နာမည်က “ တာပနာ” တဲ့။ အ

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၉)။

  ””စံနှင့် မှတ်ကျောက်””
         ==========
ဘာသာဝါဒ၊ ရွေးချယ်ကြ၊ မှန်မှ ကျိုးများသည်။
အယူဝါဒ၊ မှားယွင်းက၊ မုချ ကျိုးနည်းမည်။

Tuesday, March 29, 2016

ကိုယ်ချင်းစာစိတ်



လောကကြီးမှာ ဘယ်သူမဆို ချမ်းသာချင်ကြတာပဲ။ သူများဆင်းရဲ ဒုက္ခရောက်မှ ကိုယ်ချမ်းသာရတာမျိုးတော့ မဖြစ်စေနဲ့။ မလုပ်အပ်ဘူး။ သူများဆင်းရဲအောင် မလုပ်ကြနဲ့။ အနစ်နာခံစ ရာ ရှိရင် ကိုယ်သာခံ။ ဒါလူ့သီလပဲ။

Monday, March 28, 2016

ဘ၀ရဲ့လက်တွဲဖော် ရွေးချယ်သောအခါ

လူတစ်ဦးတစ်ယောက်ကို မိမိဘ၀တစ်သက်လုံးအတွက် ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်သောအခါ...
မိမိတစ်ယောက်တည်းအပေါ် သိပ်ချစ်ပြီး ချစ်နေတုန်းအချိန် အနစ်နာခံမှု၊ ဘာမဆိုလုပ်ပေးမှု၊
ကိုယ်တစ်ယောက်တည်းအပေါ် ချစ်နေတုန်းကောင်းခြင်း၊ယုယခြင်း ၊ ရိုးသားခြင်းလောက်နဲ့
ဘ၀ရဲ့လက်တွဲဖော်ဆိုပြီးရွေးချယ်လို့ မရနိုင်ပါဘူး။

ရှင်မဟာရဌသာရ (အင်းဝခေတ်) ။

      ရှင်မဟာရဌသာရဟာ အင်းဝနေပြည်တော်မှာ မွေးဖွားပြီး နန်းတော်ထဲမှာ ကြီးပြင်းခဲ့
ရတဲ့ မင်းဆွေမင်းမျိုးတစ်ဦး ဖြစ်ပါတယ်။ လူနာမည် ကိုမောင်မောက် လို့ခေါ်ပါတယ်။ ငယ်စဉ်
ကပင် ကဗျာပညာ ထူးချွန်ကျော်ကြားလှပါတယ်။

တာဝတိံသာရှိ ဥယျာဉ်တော် (၅) ပါး။

      တာဝတိံသာရှိ ဥယျာဉ်တော် (၅) ပါးမှာ==
၁။ နန္ဒ၀န် = တာဝတိံသာနတ်တို့၏ အလွန်နှစ်လို မြူးတူးရာ ဥယျာဉ်၊ မြို့၏ အရှေ့မျက်နှာ၌
ယူဇနာ (၁၀၀၀)။

နတ်ပြည်သို့သွားရန် ဒီ ၅-ခုပဲ လုံရမှာပါ။

        ဓမ္မမိတ်ဆွေအပေါင်းတို့ ပွင့်လျက်ရှိသော နတ်ပြည်လမ်းကြောင်းကြီးပေါ်သို့
လူတိုင်းသွားရောက်နိုင်ပါတယ်။ ဘယ်လိုလုပ်ပြီး သွားရောက်နိုင်သလဲဆိုရင် ရှင်းရှင်း
လေးပါ။

Sunday, March 27, 2016

လူမထွက်တဲ့ ရဟန်း



ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော၊(ရဟန်းဘ၀ ရခဲလှ)တဲ့၊ ရခဲ့တဲ့ဘ၀မို့ အကြာကြီး မ၀တ်နိုင်သူတွေတောင် (၇)ရက်ဖြစ်ဖြစ် ၀တ်လေ့ရှိကြတယ်။ ရဟန်းဘ၀မှာ အမြဲနေတဲ့ စာသင်ရဟန်းတစ်ပါးကို မိဘကအစ ဆွေမျိုးဒကာ၊ဒကာမအားလုံး ဘယ်သူမှ လူမထွက်စေချင် ကြတာ ထုံးစံပါ။
ဒါကလဲ အေးချမ်းတဲ့ဘ၀ကနေ သောကတွေနဲ့ပူလောင်တဲ့ လူ့ဘ၀ထဲကို မလာစေချင်တဲ့ စေတနာကြောင့်ရယ်ပါ။