Saturday, September 10, 2016

ချစ်စိတ်၊ မုန်းစိတ်၏ ထွက်ပေါက်။

        လူတွေမှာ ချစ်ခြင်းမုန်းခြင်း ဆိုတာ ရှိတယ်။ ချစ်ရင် ချစ်မယ်, မချစ်ရင် မုန်းမယ်။ ချစ်ခြင်း
မုန်းခြင်း ဆိုတာ အစွန်းနှစ်ခုပဲ၊ စိတ်ဓာတ်မှာ balance မဖြစ်လို့ အစွန်းနှစ်ဖက်ထွက်နေတဲ့   စိတ်
ဓာတ်။ အဲဒီ အစွန်းထွက်နေတဲ့ စိတ်ဓာတ်က လွတ်မြောက်ချင်လို့ရှိရင် “ဥပေက္ခာ” ပွားရပါမယ်။

ဥပစ္ဆေဒကကံနှင့် သေရသူများ။

        လူသည် တစ်နေ့နေ့တွင် သေကြရမည် ဖြစ်သော်လည်း သက်တမ်းမကုန် သေချိန်မကျသေး
ဘဲ သေရခြင်းမျိုးရှိတတ်ကြပါ၏။ အရှင်မဟာမောဂ္ဂလန်သည် ရှေးက အမိကို သတ်ခဲ့ဖူး၏။ အရှင်
မောဂ္ဂလန်ဘ၀၌ ထိုကံ အခွင့်ရသဖြင့် ခိုးသားငါးရာ၏ အသတ်ကို ခံရပြီးမှ ပရိနိဗ္ဗာန် စံရလေ၏။

မဂ္ဂင် (၈) ပါး။

      မဂ္ဂင် (၈) ပါးတို့မှာ ==
၁။ သမ္မာဒိဌိ = သစ္စာလေးပါးကို ကောင်းစွာမြင်ခြင်း။
၂။ သမ္မာသင်္ကပ္ပော = ၀ိတတ်သုံးပါးမှ ကင်း၍ ကောင်းသော အကြံကို ကြံခြင်း။
၃။ သမ္မာဝါစာ = ၀စီဒုစရိုက် လေးပါးမှ ရှောင်ကြဉ်၍ ကောင်းသော စကားကိုဆိုခြင်း။

တန်ခိုးကြီးဘုရား

ဘုရားစေတီမှန်သမျှ ပွင့်ခဲ့ပြီးသောမြတ်စွာဘုရား အဆူဆူကို ကိုယ်စားပြုရည်မှန်း၍ တည်ထားခြင်းဖြစ်ပါ၏။
ယင်းသို့ မြတ်စွာဘုရားကို ရည်မှန်း၍ တည်ထားသော“ဘုရားစေတီ” အချင်းချင်း၊မည်သည့်ဘုရားက တန်ခိုးကြီးသည် ဟု သုံးနှုန်းနေကြခြင်းမှာ သင့်တော်လျှောက်ပတ်ပါ၏လော၊
မြန်မာပြည်အ၀န်းတွင် ဘုရားစေတီအများအပြားရှိလေရာ“တန်ခိုးကြီးဘုရားဖူးမည်” ဟု အချို့သော
ဘုရားဖူးလုပ်ငန်းရှင်များက ကြော်ငြာလေ့ရှိကြ၏။ထိုဘုရားတို့သာ တန်ခိုးကြီးပြီး ကျန်သောဘုရားတို့က
တန်ခိုးမရှိတော့ပြီလော။

Friday, September 9, 2016

ဥပုသ် ဆိုတာ …

ဥပုသ်ဆိုတာ ပါဠိလို ဥပေါသထပုဒ်က ဖြစ်လာတဲ့စကားဖြစ်ပြီး မြန်မာလိုတော့ ကျင့်သုံးခြင်း လို့ အဓိပ္ပါယ်ရပါတယ်။ လူမှန်ရင် ငါးပါးသီလကို နေ့စဉ်မပြတ် စောင့်ထိန်းကြရမယ်။ ကျင့်ရိုးကျင့်စဉ် သီလဖြစ်တဲ့ ရိုးရိုး ငါးပါးသီလထက် ထူးခြားပြီး အရိယာ သံဃာ၊ ပုထုဇဉ် ရဟန်း သာမဏေတွေ ရာသက်ပန် ဆောက်တည် ကျင့်ကြံကြတဲ့ သီလတွေထဲက မေထုန်မှု မပြု၊ ညစာမစား၊ ပွဲလမ်း မကြည့်၊ ပန်းနံ့သာမခြယ်၊ မြင့်ရာ မြတ်ရာမှာ မနေခြင်း ဆိုတဲ့ လေးပါးကို အရိယာ သံဃာတော်များလို အမြဲမဟုတ်တောင်မှ ဥပုသ်နေ့လို့ အများသတ်မှတ် စောင့်သုံးကြတဲ့ နေ့ တနေ့နဲ့ တညမှာတော့ ရှောင်ကြဉ်မယ်၊ ဒီရှစ်ပါးသီလနဲ့ ပြည့်စုံအောင် ကျင့်ကြံမယ် ဆိုပြီး အကျင့်သီလနဲ့ ပြည့်စုံပြီးနေတာကို ဥပုသ်စောင့်တယ်လို့ ခေါ်ပါတယ်။

မပူပန်လိုသော်-

အင်္ဂုတ္တိုရ်လာ ဒေ၀တာသုတ်-

အကျွန်ုပ်တို့၏အိမ်သို့ ရဟန်းတို့သည် ချဉ်းကပ်တော် မူကြပါကုန်၏၊

၁။ အသျှင်ဘုရား အကျွန်ုပ်တို့သည် ထိုရဟန်းတို့ကို ခရီးဦး ကြိုဆိုခဲ့ကြပါကုန်၏၊
ရှိခိုးခြင်းကိုမူကား မပြုခဲ့ကြပါကုန်၊

အသျှင်ဘုရား ထိုအကျွန်ုပ်တို့သည် မပြည့်စုံသော အမှုရှိကုန်၍ နှလုံးမသာ နောင်တပူပန်ကာ ယုတ်ညံ့သောဘုံသို့ ရောက်ကြရပါကုန်၏ဟု လျှောက်ကြကုန်၏။

Thursday, September 8, 2016

“ကိုယ်ကိုကိုယ် ဖျက်မှ ပျက်သည်”

လူတို့သည်ကိုယ်ကိုကိုယ် ဖျက်၍ပျက်နေသည်ကို တစ်စုံတစ်ယောက်ကြောင့်
ပျက်ဆီးရသည်ဟုထင်နေသည်။တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည်
မိမိ ဘဝ၏ပဲ့ကိုင်ရှင်မဟုတ်ပါ။မိမိ၏ ကောင်းမှု ၊ မကောင်းမှု သည်မိမိလက်ထဲမှာသာ ရှိသည်။

မနာလိုစိတ်၏ ထွက်ပေါက်များ။

     လောကလူတွေဟာ ကိုယ်နဲ့ပြိုင်ဘက်ဖြစ်စေ, ကိုယ့်အိမ်နီးနားချင်းဖြစ်စေ, ကိုယ့်အသိထဲက
ဖြစ်စေ, မသိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေ ကြီးပွားတိုးတက်ပြီး ကိုယ့်ထက်သာသွားလို့ရှိရင် ၀မ်းသာနိုင်ခဲတယ်၊
ဝမ်းမသာနိုင်ကြဘူး။ ဘာကြောင့် ၀မ်းမသာတာတုန်းဆိုရင် ဣဿာလို့ခေါ်တဲ့ jealousy ကြောင့်ပဲ။

ဘုရားရှင်၏ “မာတုဂါမများနှင့် ဆက်ဆံရေး”။

      “ ပစ္စည်း မာတု၊ ဤနှစ်ခု၊ ဘိက္ခုသေမင်း၊ ဓားနှစ်စင်း” တဲ့။ ဗုဒ္ဓသာသနာတွင် အဆိုးဝါး
ဆုံးသော အန္တရာယ်မှာ ရဟန်းတော်များအတွက် မာတုဂါမနှင့် ရွှေ ငွေ လာဘ်လာဘ တို့ပင်
ဖြစ်ပါသည်။ အမျိုးသမီးများသည် ရဟန်းတော်များကို အမျိုးသားများထက် ပို၍ ကြည်ညိုကြ

ရဟန်းတော်တွေကို ဘယ်လိုများဆုံးမပါသလဲ ဘုရား?။

    “ဘုန်းတော်ကြီး မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ တရားတော်အထဲက တရားတစ်ပုဒ်ကို သတိ
ရမိတယ်။” အခါတစ်ပါးမှာ ကာသိမြင်းထိန်းက ဘုရားရှင်အနား ချဉ်းကပ်ပြီး “အရှင်ဘုရား တပည့်
ဖြစ်တဲ့ ရဟန်းတော်တွေကို ဘယ်လိုများဆုံးမပါသလဲ ဘုရား” လို့ မေးလျှောက်ဖူးတယ်။

Wednesday, September 7, 2016

ခေါင်းဆောင် မတင်ထိုက်သူများ

“ဂဏန်း-ပုတ်သင်၊ ၀ါးပင်-နွားသိုး၊ လိပ်မျိုး- ခွေးအ၊ ဤခြောက်ဝ-နာယက မတင်ထိုက်။

၁။ ဂဏန်း = လက်မ ထောင်ခြင်း
၂။ ပုတ်သင် = ပြောသမျှ ခေါင်းငြိမ့်ခြင်း
၃။ ကိုင်းပင် = လေသင့်ရာ ယိမ်းတတ်ခြင်း
၎။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်ခြင်း
၅။ လိပ်မျိုး = မိမိဘက်သို့ ယက်တတ်ခြင်း
၆။ ခွေးအ = ကောက်ကျစ်ခြင်း
အထက်ပါ ၆-မျိုးသည် ခေါင်းဆောင်မတင်ထိုက်သူများဖြစ်သည်

Tuesday, September 6, 2016

အရိယာ ပုဂ္ဂိုလ် ဘယ်လိုရှာမလဲ




သောတာပန် အရိယာ သည် ကာမဂုဏ်`၌ တပ်မက်သော ကာမရာဂ ကိုမပယ်နိုင်သေး။
ထို့ ကြောင့်လောကီကာမ ချမ်းသာထက် အဆ ပေါင်းများစွာ သာလွန်သော လောကုတ္တရာ ဓမ္မ ဖလ သမာပတ်ချမ်းသာကို ၀င်စား၍ နေနိုင်ပါလျက် အမြဲ မ၀င်စားပဲ ကာမ ဂုဏ်ချမ်းသာကို
ခံစားကြသေးသည်။

အစွမ်းထက်ဆုံးအဆင့် မေတ္တာဈာန်။

       မေတ္တာပို့တဲ့အခါမှာ  “ ပိယပုဂ္ဂလ ” ဆိုတာ ကိုယ်ခင်မင် ချစ်ခင်တဲ့ပုဂ္ဂိုလ်ကို ရွေးရပါမယ်။
ရွေးပြီးနောက်  “ ကျန်းမာပါစေလို့ပဲ  ပြောပြော၊  ချမ်းသာပါစေလို့ပဲ ပြောပြော၊   အရာခပ်သိမ်း
အဆင်ပြေပါစေလို့ပဲ ပြောပြော ”   ဘာပဲပြောပြော ကိုယ်ကြိုက်တဲ့ တစ်ခုခုကို      ပြောလို့ ရပါ

အနာထပိဏ်သေဌေး၏ အလှူကြီးများ။

      အနာထပိဏ်သေဌေး၏ ငယ်နာမည်မှာ သုဒတ္တဖြစ်၏။ သူ၏ဖခင်မှာ သာဝတ္ထိပြည်မှ သုမန
သေဌေးကြီး ဖြစ်၏။ ကိုးကွယ်ရာမဲ့သူတို့အား ထမင်းပေးကမ်းစွန့်ကြဲခြင်း၌ မွေ့လျော်သူဖြစ်၍
“အနာထပိဏ်သေဌေး” ဟု ထင်ရှားလေသည်။ အနာထပိဏ်သေဌေး၏ ထူးခြားသော ကြည်ညိုဖွယ်

“ ရှင်မဟာသီလ၀ံသ ဆုံးမစာ (၃) ”

၂၆။ လှူဖွယ်တန်းဖွယ်၊ ကြီးငယ်တည်တည်
ရောက်လာသည်ကို၊ လှယ်ကာခဏ
သူ့ခွက်ယောက်ကို၊ မပျောက်နေ့ည ပေးလိုက်ကြ။

Monday, September 5, 2016

မာန အမျိုးမျိုး


၁) ဇာတိမာန် - ငါက မင်းမျိုး၊ သူဋ္ဌေးမျိုး၊ ကောဏ္ဍညအနွယ်၊ အာဒိစ္စအနွယ် စသည်ဖြင့် မာန်မူခြင်း

၂) အာရောဂျမာန် - ငါ့မှာ ရောဂါ မရှိဘူး၊ ကျန်သူတွေမှာ ရောဂါများလိုက်တာဟု မာန်မူခြင်း

၃) ယောဗ္ဗနမာန် - ငါက နုပျိုနေတုန်း၊ မင်းတို့တော့ မကြာခင် သေရတော့မယ်ဟု မာန်မူခြင်း

Sunday, September 4, 2016

တရားနာကြတယ် ဆိုတာ . . .



တုံးနေတဲ့ မိမိရဲ့အသိစိတ်ကလေးကို တရားကျောက်ပျဉ်ပေါ်တင်ပြီး ထက်နေအောင် သွေးပေးတာပါ။ မနက် အိပ်ရာထချိန်ကနေ အိပ်ရာဝင်ချိန်အတွင်း အာရုံမျိုးစုံ၊ ဟုတ်တဲ့အာရုံရော, မဟုတ်တဲ့အာရုံရော, ခုတ်ထစ်နေတဲ့ ဟောဒီ အသိစိတ်ကလေးဟာ အာရုံမျိုးတွေ စုံလာတော့ တုံးသွားတယ်၊ တုံးနေတတ်တယ်။ အသိစိတ်တုံးနေချိန်မှာ လက်တစ်ကမ်းမှာ ကုသိုလ်ဖြစ်ခွင့်တွေ တန်းစီနေပေမယ့် ကုသိုလ်မဖြစ်လိုက်ပဲလက်လွှတ်လိုက်ရတာတွေ အများကြီး။

ရက်စက်လိုစိတ်၏ ထွက်ပေါက်များ။

        လူတွေမှာ တစ်ခါတစ်ရံကျတော့ ဒေါသတင် မကဘူး၊ စိတ်ဆိုးစိတ်ယုတ်ဆိုတာ ရှိကြပါ
တယ်။ ကိုယ်အလိုမကျရင် မိဘက သားသမီးကို စိတ်ဆိုးတယ်။ သူငယ်ချင်း အချင်းချင်း စိတ်ဆိုး
ကြပါတယ်။ အဲဒီလို စိတ်ဆိုးတယ်ဆိုတဲ့ အထဲမယ် သတ်ချင်ဖြတ်ချင်စိတ်ဆိုတာ ပါလာတတ်ကြ

ဘယ်ကျောင်းနေမလဲ မောင်ရေခဲ။

        စာသင်ကျောင်းကြီး နှစ်ကျောင်းရှိတယ် ဆိုပါစို့။ ပထမကျောင်းက “ ငါတို့ကျောင်းမှာ လာ
နေပါ။ ငါတို့ကို လေးစားအားကိုးပါ။ သင့်မှာ ဘယ်လိုချွတ်ယွင်းချက်တွေ ရှိနေနေ၊ သင် ဘာတွေမှ
အထွေအထူး မကြိုးစားလည်း ကိစ္စမရှိဘူး၊ အချိန်တန်ရင် သင့်ရဲ့ချွတ်ယွင်းချက် မှန်သမျှကိုလည်း

“တရားအသိ မရှိသူ”

တရားအသိ၊ ဉာဏ်မရှိ၍၊
မပြည့်ဝရှာ၊ ထိုသူမှာကား၊
အိုနာသေရေး၊ ကုန်ပျက်ဘေးနှင့်၊