( ၁ ) လူ့အမည် - သိဒ္ဓတ္ထ
( ၂ ) ဘုရားဘွဲ့ - ဂေါတမ
( ၃ ) မိဘအမည် - သုဒ္ဓေါဒနမင်းနှင့် မာယာဒေ၀ီ
Saturday, May 3, 2014
မနာလိုစိတ်၏ ထွက်ပေါက်များ။
လောကလူတွေဟာ ကိုယ်နဲ့ပြိုင်ဘက်ဖြစ်စေ, ကိုယ့်အိမ်နီးနားချင်းဖြစ်စေ, ကိုယ့်အသိထဲက
ဖြစ်စေ, မသိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေ ကြီးပွားတိုးတက်ပြီး ကိုယ့်ထက်သာသွားလို့ရှိရင် ၀မ်းသာနိုင်ခဲတယ်၊
ဝမ်းမသာနိုင်ကြဘူး။ ဘာကြောင့် ၀မ်းမသာတာတုန်းဆိုရင် ဣဿာလို့ခေါ်တဲ့ jealousy ကြောင့်ပဲ။

ခုလိုဆိုတော့ လွယ်သားပဲ။
ဘုရားရှင် ဟောမိန့်တော်မူခဲ့တဲ့ နိဗ္ဗာန်ရောက်ကြောင်း နည်းတွေဟာ ရှစ်သောင်းလေး
ထောင်တောင် များပြားပါတယ်၊ လူတိုင်းဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ သင့်တော်ကြ
မှာပါ၊နိဗ္ဗာန်ရောက်အောင် အားထုတ်တာမှာ ၀ိပဿနာ ဥာဏ်ရဖို့အရေးကြီးပါတယ်၊ တချို့ တ

စွဲလန်းပြိတ္တာ၊ လူ့ရပ်ရွာ။
ဇနီးမယား၊ သားသမီး၊ အိမ်၊ မြေ၊ စိန်၊ ရွှေ၊ ငွေစတဲ့ လောကီရတနာ ပစ္စည်းတွေကို
စွဲလန်းပြီး ဘ၀ကူးခဲ့မယ်ဆိုရင် ပြိတ္တာ၊ ဥစ္စာစောင့်ဖြစ်ဖို့ သေချာသလောက်ပါပဲ။ ဒီလို အခြေ
ရောက်သွားကြတဲ့ ဖြစ်ရပ်တွေကို ကိုယ်တိုင်ကြုံဖူး ကြားဖူးသူတွေ အများကြီးပါ။ လောကုတ္တ

ဘာဝနာဗိုလ် ၅ ပါး။
၁။ သဒ္ဓါဗိုလ် = သဒ္ဓါဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း။
၂။ ၀ီရိယဗိုလ် = ၀ီရိယဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း။
၃။ သတိဗိုလ် = သတိဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း။

Friday, May 2, 2014
ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သော နှစ်ကျိပ်ရှစ်ဆူဘုရား။
ဂေါတမဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် “ဘဒ္ဒကမ္ဘာ”တွင် ဂေါတမ
အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဓိတ်ပေးသော “ ဒီပင်္ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရ
မဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ ဂေါတမ ဘုရားရှင်အထိ ဘုရားရှင် ၂၈ -
ဆူ ရှိလေသည်။ ဤဘုရားရှင်များကို နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြပါသည်။

ယမမင်း ထံ အစစ်ခံရခြင်း
၁။ ယမမင်း = အိုကွဲ့ယောက်ျား၊ မောင်လူသား၊ ဘယ်တရားများ ကျင့်ခဲ့တယ်။
မောင်ဗာလ= ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။
၂။ ယမမင်း =ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။

အစွမ်းထက်ဆုံးအဆင့် မေတ္တာဈာန်။
မေတ္တာပို့တဲ့အခါမှာ “ ပိယပုဂ္ဂလ ” ဆိုတာ ကိုယ်ခင်မင် ချစ်ခင်တဲ့ပုဂ္ဂိုလ်ကို ရွေးရပါမယ်။
ရွေးပြီးနောက် “ ကျန်းမာပါစေလို့ပဲ ပြောပြော၊ ချမ်းသာပါစေလို့ပဲ ပြောပြော၊ အရာခပ်သိမ်း
အဆင်ပြေပါစေလို့ပဲ ပြောပြော ” ဘာပဲပြောပြော ကိုယ်ကြိုက်တဲ့ တစ်ခုခုကို ပြောလို့ ရပါ

တောရဆောက်တည်သူတို့၏ အကျိုး ၈ ပါး။
၁။ ဘ၀ဒိဌိဟာန = ဘ၀သည် မြဲ၏ဟူသောသဿတဒိဌိ အယူကို ပယ်ခြင်း။
၂။ ဇီဝိတနိကန္တိပရိစ္စာဂ = အသက်၌ တပ်နှစ်သက်သော နိကန္တိကို စွန့်ခြင်း။
၃။ သဒါယုတ္တ ပယုတ္တ = အခါခပ်သိမ်း ဘာဝနာနှင့် ယှဉ်ခြင်း။

ဥဂ္ဂတသေဌေး၏ အံ့ဖွယ် ၈ ပါး။
၁။ မြတ်စွာဘုရားကို ဖူးတွေ့ရသည်နှင့် တပြိုင်နက်ပင် ဘုရားရှင်၏ အပေါ်၌ အကြွင်းမဲ့ ယုံကြည်
ကြည်ညို၍ သေယစ်မူးမှု ချုပ်ငြိမ်းခြင်း။
၂။ မြတ်စွာဘုရားရှင်ကို ပထမအကြိမ် ဖူးတွေ့ပြီး တရားနာရ၍ အနာဂါမ် အရိယာအဖြစ် ရရှိကာ

Thursday, May 1, 2014
ရက်စက်လိုစိတ်၏ ထွက်ပေါက်များ။
လူတွေမှာ တစ်ခါတစ်ရံကျတော့ ဒေါသတင် မကဘူး၊ စိတ်ဆိုးစိတ်ယုတ်ဆိုတာ ရှိကြပါ
တယ်။ ကိုယ်အလိုမကျရင် မိဘက သားသမီးကို စိတ်ဆိုးတယ်။ သူငယ်ချင်း အချင်းချင်း စိတ်ဆိုး
ကြပါတယ်။ အဲဒီလို စိတ်ဆိုးတယ်ဆိုတဲ့ အထဲမယ် သတ်ချင်ဖြတ်ချင်စိတ်ဆိုတာ ပါလာတတ်ကြ
ပါတယ်။

မေတ္တာရင်မှာ ပိုက်ပါလို့။
ရှေးလွန်လေပြီးသော ကာလတုန်းက ဗာရာဏသီပြည့်ရှင်မင်းကြီးတွင် မိဖုရား ၄ ယောက်
ရှိတဲ့အနက် တစ်ယောက်သော မိဖုရားကြီးမှ သားယောက်ျားလေးတစ်ပါး ဖွားမြင်ပါတယ်။ တိုင်း
သူပြည်သားတို့၏ စိတ်နှလုံးကို ရွှင်ပြုံးနှစ်သက်စေသည့်အတွက်ကြောင့် မင်းသားလေးကို “ဥဒယ
ဘဒ္ဒ” လို့ ခေါ်တွင်ခဲ့ပါတယ်။ များမကြာခင်မှာပဲ အခြားသော မိဖုရားကြီးတစ်ပါးကလည်း မင်းသ

ဘာသာတရား ရွေးချယ်ကြ။
၁၃၇၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက်ည ၇း၃၀ အချိန်မှာ ဘုန်းကြီးတို့ တရားပွဲကို ဆင်
ယင်ကျင်းပရတာကတော့ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ (၇) ရက်သားသမီး ၀ါတွင်း/၀ါပဆွမ်း
လောင်းအသင်းနှင့် သဟပုညကာရီ ဆွမ်းလောင်းအသင်းတို့၏ ဆွမ်းလောင်းအောင်ပွဲ တတိယအ
ကြိမ် ဓမ္မပူဇာသဘင် အတွက် ဖြစ်ပါတယ်။

မိဘကို လောကုတ္တရာနည်းနဲ့ ကျေးဇူးဆပ်ပုံ။
၁။ သဒ္ဓါတရား မရှိသေးတဲ့ မိဘတွေ သဒ္ဓါတရားရှိလာအောင်။
၂။ သီလ မဆောက်တည်ဖြစ်တဲ့ မိဘတွေ သီလဆောက်တည်ဖြစ်အောင်။
၃။ ဒါန မပြုဖြစ်တဲ့ မိဘတွေ ဒါနပြုဖြစ်လာအောင်။

ခင်ပွန်းယုတ် အပြစ် ၆ ပါး။
၁။ အကြင်သူတို့သည် လောင်းကစားကြူးကုန်၏။
၂။ အကြင်သူတို့သည် ကာမဂုဏ်ကြူးကုန်၏။
၃။ အကြင်သူတို့သည် သေသောက်ကြူးကုန်၏။
၎။ အကြင်သူတို့သည် အတုပြု၍ လှည့်ပတ်တတ်ကုန်၏။

Wednesday, April 30, 2014
တောင်ပုလုဆရာတော်ကြီးရဲ့ ဥပမာလေးက။
တောင်ပုလုဆရာတော် သက်တော်ထင်ရှားရှိစဉ် အခါတုန်းက ဒကာတစ်ယောက် ကျောင်း
ကိုရောက်လာရင်း ဆရာတော်အား မေးလျှောက်ပါတယ်။ ဆရာတော်ဘုရား ...“ တပည့်တော်မှာ
သားရေး၊ သမီးရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေးတွေ လုပ်နေရတော့ မအားဘူး ဘုရား။

အမုန်းစိတ်၏ ထွက်ပေါက်။
တို့တတွေစိတ်ထဲမှာ ဒေါသဆိုတဲ့ အလိုမကျမှု၊ တစ်ဦးတစ်ယောက်ကို မုန်းတီးမှုဆိုတာ
ကိုယ့်သန္တာန်မှာ ဖြစ်နေလို့ရှိရင် စိတ်နှလုံးဟာ ပူလောင်နေရပါတယ်။ အဲဒီ ပူလောင်မှုတွေကို မလို
ချင်ဘူး၊ ထာဝရ အေးချမ်းနေတာကို လိုချင်တယ်ဆိုရင် မေတ္တာနဲ့ အစားထိုးလိုက်ပါ။ မေတ္တာဟာ
အမုန်းစိတ်၏ တကယ့်ထွက်ပေါက်ပါ။

ကန်တော့ပါတယ် အရှင်ဘုရား။
မြတ်စွာဘုရား လက်ထက်တော်အခါတုန်းက မဓုရာပြည်၊ ကုဏ္ဍိမြို့အနီးမှာ ဥရုမုဏ္ဍ အ
မည်ရှိတဲ့ သာဏတောင်မှာ သာဏ၀ါသီရဟန္တာမထေမြတ်က သီတင်းသုံး နေတော်မူပါတယ်။
အဲဒီ ကုဏ္ဍိမြို့မှာ “ဂုတ္တ” မည်သော နံ့သာကုန်သည်သူဌေး တစ်ဦး ရှိပါတယ်။

ပါရမီမြောက်ကုသိုလ်။
ပါရမီမြောက်ဖို့အတွက် အင်္ဂါ ၃ ချက်ကို အာရုံပြုထားရပါမယ်။ အဲဒါတွေက==
၁။ နိဗ္ဗာန်ကို ဦးတည်ရမယ်။
၂။ သူတစ်ပါးအကျိုးကို ငဲ့ရမယ်။
၃။ မိမိအကျိုးကို မငဲ့ရဘူးတို့ ဖြစ်ပါတယ်။

ပျင်းရိခြင်းအပြစ် ၆ ပါး။
၁။ အေးလွန်းသည်ဟု အမှုကိစ္စကို မပြု။
၂။ ပူလွန်းသည်ဟု အမှုကိစ္စကို မပြု။
၃။ မိုးချုပ်လွန်းသည်ဟု အမှုကိစ္စကို မပြု။
၎။ စောလွန်းသည်ဟု အမှုကိစ္စကို မပြု။

Tuesday, April 29, 2014
ကိုယ်ခန္ဓာပေါ်က ခန္တီဆိုတဲ့နေရာ။
လွန်လေပြီးသော အတိတ်ကာလက ဗာရာဏသီပြည်၌ ကလာဗုမည်သော မင်းသည်
မင်းပြုအုပ်စိုးနေစဉ် ဘုရားလောင်းဟာ ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏားမျိုး၌ ကုဏ္ဍလ
မည်သော လုလင်ဖြစ်လေ၏။ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်သို့ သွား၍ ခပ်သိမ်း

ကုသိုလ်စိတ် များများဖြစ်အောင် ပြုပြင်နည်း။
စိတ်တို့သည် အလွန်ဖြစ်ပျက် မြန်သောကြောင့် ကုသိုလ်၊ အကုသိုလ်စိတ် ရောနှောလျက်
ဖြစ်တတ်ပါသည်။ နံနက်စောစော အိမ်ပေါ်မှ ဘုရားရှိခိုးလျက် ကုသိုလ်စိတ် ဖြစ်နေစဉ် အိမ်
အောက်ထပ်မှ ရောင်းဝယ်မှုကိစ္စဖြင့် ခေါ်သံကြား၍ လောဘစိတ် ဖြစ်ရ၏။ ဘုရားအာရုံပြုနေ
စဉ် မခံချင်စဖွယ် ပြောလာသဖြင့် ဒေါသစိတ် ဖြစ်ရ၏။

ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းချင်ရင်။
မြတ်စွာဘုရားက ဒုက္ခဖြစ်တယ်ဆိုတာ တခြားကြောင့် မဟုတ်ဘူး။ ဟောဒီ တွယ်တာ
မှုကြောင့်ဖြစ်တာ။ ဒုက္ခဖြစ်ခြင်းအကြောင်းက တွယ်တာမှုပဲ။ ဒုက္ခချုပ်ငြိမ်းချင်ရင် ဒီ တွယ်တာ
မှုကို ဖယ်ရှားရမယ်။ တွယ်တာမှုကို ဖယ်လိုက်နိုင်တာနဲ့ တပြိုင်နက် ဒုက္ခဟာ ချုပ်ငြိမ်းသွား

ဘုရားလောင်း ၃ ပါး။
၁။ ဥဂ္ဃာဋိတညု = ပညာဓိက ဘုရားလောင်း၊ ပညာဉာဏ်အမှူးပြု၍ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီ
ဖြည့်ရသည်။
၂။ ၀ိပဉ္စိတညု = သဒ္ဓါဓိက ဘုရားလောင်း၊ သဒ္ဓါတရားအမှူးပြု၍ ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီ

သေရည်သေရက်သောက်ခြင်း အပြစ် ၆ ပါး။
၁။ ဥစ္စာဆုတ်ယုတ်ခြင်းသည် ကိုယ်တွေ့မျက်မြင် အပြစ်ဖြစ်၏။
၂။ ခိုက်ရန် ဖြစ်ပွားတတ်၏။
၃။ အနာရောဂါ ဖြစ်ကြောင်း ဖြစ်၏။
၎။ အရှိန်အစော် မဲ့တတ်၏။
၂။ ခိုက်ရန် ဖြစ်ပွားတတ်၏။
၃။ အနာရောဂါ ဖြစ်ကြောင်း ဖြစ်၏။
၎။ အရှိန်အစော် မဲ့တတ်၏။
Monday, April 28, 2014
လူဖြစ်ကျိုး မရှုံးစေနဲ့။
ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေနဲ့ လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ဟာ
ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထဘာဝနာကုသိုလ်၊ ၀ိပဿနာဘာဝနာကုသိုလ်၊
မဂ်ကုသိုလ်၊ ဖိုလ်ကုသိုလ် ခြောက်မျိုးလုံးကို အရယူရန်အတွက် ဖြစ်ပါတယ်။ စီးပွားဥစ္စာ

မြတ်ဗုဒ္ဓဟောကြားသော လက်တွေ့သိရတဲ့ဒုက္ခ။
ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါက မလ္လတိုင်းမှာ ဥရုဝေလကပ္ပလို့ခေါ်တဲ့ နိဂုံးရွာကြီး
ရှိပါတယ်။ အဲဒီ နိဂုံးရွာကြီးအနီးမှာ မြတ်စွာဘုရား သီတင်းသုံးနေတဲ့အချိန် ဘဒြက ဆိုတဲ့ ရွာ
သူကြီးက မြတ်စွာဘုရားကို လာပြီးတော့ လျှောက်ပါတယ်။

ဝိနည်းကိုသိခြင်းအားဖြင့် အကျိုးကျေးဇူး။
မြတ်ဗုဒ္ဓသည် ၄၅ ၀ါ ကာလပတ်လုံး သတ္တ၀ါဝေနေယျတို့၏ အကျိုးစီးပွားအလို့ငှာ ဓမ္မ
ဒေသနာတော်များကို ဟောဖော်ညွှန်ပြတော်မူခဲ့ပါ၏။ ထို ဓမ္မဒေသနာများမှာ ပိဋကတ်အားဖြင့်
သုံးပုံ၊ နိကာယ်အားဖြင့် ငါးရပ်၊ ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် မြားမြောင်ကျယ်ဝန်း
လှပါ၏။ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာဟုဆိုသော ဓမ္မဒေသနာတော်အားလုံးသည် လူ၊ နတ်၊ ဗြဟ္မာ

စည်းစိမ်ပျက်ကြောင်း ၆ ပါး။
၁။ မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည် သေရက်သောက်လေ့ရှိခြင်းသည် စည်းစိမ်ပျက်
ကြောင်းတည်း။
၂။ အချိန်အခါမဲ့ (ညအခါ)၌ ခရီးသွားလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
၃။ ပွဲလမ်းသဘင် ကြည့်ရှုလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။

Sunday, April 27, 2014
ဘာကြောင့် သောတာပန် ဖြစ်ချင်ရတာလဲ။
တို့တစ်တွေ ဘုရားရှိခိုးကန်တော့တိုင်းမှာ အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး
စသည်ဖြင့် ကင်းလွတ်ရပါလို၏လို့ ဆုတောင်းကြပါတယ်။ ဆုတောင်းတိုင်းလည်း မရနိုင်ပါဘူး။
ကိုယ်ပြုလုပ်ခဲ့တဲ့ ကာယကံ၊ ၀စီကံ၊ မနောကံနှင့် အတိတ်က ဘ၀ဆက်တိုင်း ပြုလုပ်ခဲ့တဲ့ ကု

ပရိယတ်ကို အခြေခံရန် ဆရာတော်ကြီး၏ အဆုံးအမ။
ပရိယတ်ကို အခြေခံရန် ကျေးဇူးတော်ရှင် အရှင်ဇနကာဘိဝံသဆရာတော်ကြီး၏ အဆုံး
အမတော်မှာ == “မြန်မာပြည်သာသနာ ခိုင်မာနေတယ်ဆိုတာ ပရိယတ်ကို မလွတ်တမ်းကိုင်
ထားလို့ပေါ့။ ပရိယတ်ကို အခြေခံပြီးလာခဲ့တာ။ ပဋိပတ်ဟာ တစ်ဦးချင်းအတွက် လိုအပ်တယ်

စိတ်၏ ထွက်ပေါက်များ။
လူတွေဟာ ဘယ်တော့မှ တင်းတိမ်သွားတာ မရှိပါ။ ဘယ်လောက်ပဲ ဖြည့်ဆည်းပေး ဖြည့်
ဆည်းပေး မတင်းတိမ်နိုင်ပါ။ ကောင်းသည်ထက် ကောင်းအောင်၊ တိုးတက်သည်ထက် တိုးတက်
အောင်၊ ကြိုးစားနေကြပါတယ်။ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား၊ ကြိုးစားလာသည်နှင့်အမျှ လူ့

ညစ်ညူးသော ကံ ၄ ပါး။
၁။ သူ့အသက်သတ်ခြင်းသည် ညစ်ညူးသော ကံမည်၏။
၂။ မပေးသည်ကို ခိုးယူခြင်းသည် ညစ်ညူးသော ကံမည်၏။
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းသည် ညစ်ညူးသော ကံမည်၏။

သေခြင်းအကြောင်း ၄ မျိုး။
၁။ အသက်တမ်း ကုန်ခြင်း။ (ဥပမာ- ဆီမီးငြိမ်းရာ ဆီကုန်ခြင်း။)
၂။ ကံ အစွမ်းကုန်ခြင်း။ (ဥပမာ- ဆီမီးငြိမ်းရာ မီးစာကုန်ခြင်း။)
၃။ အသက်တမ်း၊ ကံ အစွမ်း ၂ မျိုးလုံးကုန်ခြင်း။ (ဆီနှင့် မီးစာ ၂ မျိုးစလုံး ကုန်ခန်းခြင်း။)

Subscribe to:
Posts (Atom)