သတိရခြင်းက နှစ်မျိုး ရှိပါတယ်။ ကိလေသာနဲ့ သတိရခြင်း နဲ့ ဘာဝနာနဲ့
သတိရခြင်း ဆိုပြီးတော့ပေါ့။ကိလေသာနဲ့ သတိရခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
သတိရခြင်းတွေအများကြီးရှိပါတယ်။
●တဏှာနဲ့ သတိရခြင်းရှိမယ်။
●ဒေါသနဲ့ သတိရခြင်းရှိမယ်။
●လောဘနဲ့ သတိရခြင်းရှိမယ်။
●မာနနဲ့ သတိရခြင်းရှိမယ်။
●ဣဿာနဲ့ သတိရခြင်းရှိမယ်။
●မစ္ဆရိယ နဲ့ သတိရခြင်းရှိမယ် စသည်အားဖြင့် ကိလေသာ အမျိုးအစား ရှိသလောက် သတိရခြင်း
အမျိုးအစားတွေလည်း အများကြီးပါပဲ။