Saturday, May 25, 2013

ဗုဒ္ဓဟောကြားသော လူတိုင်းအတွက် ဘ၀ခရီးလမ်း ရွေးချယ်ရာဝယ်(ကေသမုတ္တိသုတ်)။

ဗုဒ္ဓဘာသာက ကံ ကံ၏အကျိုးကို အခြေခံထားပါတယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့အ
ကျိုး ခံရပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး ခံစားရပါတယ်။ ကိုယ်လုပ်မှ ကိုယ်ရပါတယ်။
ဗုဒ္ဓဘာသာ တရားက “ မ ” တာတို့၊ ကယ်တင်တာတို့၊ အပြစ်မှ ကင်းလွတ်တာမျိုး မရှိပါ။ အရာရာဟာ
ကိုယ့်အပေါ် မူတည်ပါတယ်။ ဒါကြောင့်မို့ ကေသမုတ္တိရွာက ရွာသူ၊ ရွာသားတွေကို  လက်တွေ့ကျကျ
ကိုယ်ပိုင်ဉာဏ် အသုံးချတတ်ဖို့  ကေသမုတ္တိသုတ္တန်ကို  ဟောပြတော်မူပါတယ်။

ရှင်ရာဟုလာနဲ့ တံမြက်စည်း

ရဟန်းတွေက ကိုရင်ရာဟုလာ အဝေးက လာနေတာကို မြင်ရင် တံမြက်စည်းနဲ့ အမှိုက်စွန့်ပုံးတွေကို အပြင်မှာ ပစ်ထားကြပါတယ်။ အဲဒီအခါ အခြားရဟန်းတွေက “ငါ့ရှင်တို့၊ ဒါကို ဘယ်သူ ချပစ်ထားတာလဲ”လို့ မေးတဲ့အခါ အရှင်ဘုရားတို့၊ ကိုရင်ရာဟုလာ ဒီနားက ဖြစ်သွားပါတယ်။ သူများ ချပစ်ထားတာလေလား လို့ အခြားရဟန်းတွေက ဖြေကြပါတယ်။ ကိုရင်ရာဟုလာက အရှင်ဘုရားတို့၊ ဒါကို တပည့်တော် မလုပ်ပါ ဘုရား လို့ တစ်နေ့မှ မပြောဘဲ အဲဒါတွေကို သိမ်းဆည်းကာ ရဟန်းတွေကို တောင်းပန်ပြီး သွားပါသတဲ့။

အရဟံ ဇယံ ဘုရားရှိခိုး(အံ့သြဘွယ်တန်ခိုးထူးဘုရားရှစ်ခိုး)

အရဟံ ဗဟိ အန္တဇယံ သုဂတံ၊
အမိတံ ဝိရဇံ လလိတံ အတုလံ၊
စရဏံ တိဘဝူပသမံ ယမကံ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ။
၁။ အရဟံ – ပူဇော်အထူးကို ခံယူတော် မူထိုက်သော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၂။ ဗဟိ အန္တဇယံ – အတွင်းအပရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၃။ သုဂတံ – ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၎။ အမိတံ – မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။

အာနာပါန အကျိုး ၅-မျိုး

၁။ အာနာပါန ကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ပါမူ ယခုခေတ်၊ ယခုကာလ၊ ယခုဘဝ၌ပင်လျှင် ရဟန္တာအဖြစ်သို့ ရောက်နိုင်၏။
၂။ အကယ်၍ အသက်ရှိစဉ် ရဟန္တာအဖြစ်သို့ မရောက်သေးပါမူ သေခါနီးကာလ၌ သမသီသိ ရဟန္တာအဖြစ်သို့ ရောက်နိုင်သေး၏။
၃။ အကယ်၍ သမသီသိ ရဟန္တာ မဖြစ်နိုင်သေးပါမူ နတ်ပြည်သို့ ရောက်သောအခါ ဓမ္မကထိကနတ်သား တရားသံကို ကြားရ၍ ရဟန္တာအဖြစ်သို့ ရောက်ရှိနိုင်၏။
၎။ အကယ်၍ နတ်ပြည်၌ ရဟန္တာ မဖြစ်သေးပါမူ အရိမေတ္တယျဘုရား မပွင့်မီ ပစ္စေကဗုဒ္ဓါ အဖြစ်သို့ ရောက်နိုင်သေး၏။

ပုညကိရိယာဝတ္ထု (၁၀)ပါး

မမေ့မလျော့ရှိပြီး ပွားများရမည့် ကုသိုလ်တရားလည်း  (၁၀)ပါး ရှိလေ၏။ ထိုကုသိုလ်တရား (၁၀)ပါးကို စာရိတ္တအကျင့်တရား-ဟုလည်း ခေါ်လေသည်။ ပုညကိရိယာဝတ္ထု-ဟုလည်း ခေါ်၏။ ထို(၁၀)ပါးကား - (၁) ဒါန        – စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၊
(၂) သီလ    – (၅)ပါး၊ (၈)ပါး အစရှိသည့် ရှောင်ကြဉ်မှုများကို စောင့်ထိန်းခြင်း၊
(၃) ဘာဝနာ    – သမထ၊ ဝိပဿနာ ကမ္မဋ္ဌာန်းများ အားထုတ်ခြင်း၊

မုနိရှစ်ဆူမော်ကွန်း

၁။ အကနိဋ္ဌဘုံမှာ အလောင်းတော်ရဲ့ ပုဆိုးကို ဌာပနာထားပြီး တည်ထားတဲ့ ဒုဿမုနိ စေတီတော်၊
၂။ တာဝတိံသာမှာ အလောင်းတော်ရဲ့ ဆံတော်ကို ဌာပနာထားပြီး တည်ထားတဲ့ စူဋ္ဌာမုနိစေတီတော်၊
၃။ ကပ္ပိလဝတ်ပြည်မှာ ခမည်းတော် သူဒ္ဓေါဒနမင်း ထုလုပ်ကိုးကွယ်တဲ့ သကျမုနိစေတီတော်၊
၎။ သာဝတ္ထိပြည်မှာ ပေဿနဒီမင်း ထုလုပ်ကိုးကွယ်တဲ့ စိန္တာမုနိ စေတီတော်၊

ကံပြုတဲ့နေရာက စေတနာ

ကံပြုတဲ့နေရာမှာ ဘာအရေးကြီးဆုံးလဲဆိုရင် စေတနာပါ။ ဒါကြောင့် မြတ်စွာဘုရားက “စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ၊ ရဟန်းတို့ စေတနာကို ကံလို့ ငါဘုရား ဟောတယ်”လို့ မိန့်ကြားထားတာပါ။ အဲဒီ စေတနာနဲ့ကံ၊ ကံနဲ့ စေတနာ ဘာထူးသလဲမေးရင် ပြုလုပ်ဆဲ အမှုတွေဟာ စေတနာပါ။ ပြီးပြီးသွားတာက ကံပါ။

Friday, May 24, 2013

ဘုရား၊ ရဟန္တာဓာတ်တော်ဟူသည်။

ဗုဒ္ဓဘာသာဝင်တို့သည် မိမိတို့၏ နေအိမ်တွင် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်နှင့်
ကိုယ်တော်စား ရုပ်ပွားဆင်းထုတော်များကို ထားရှိ ကိုးကွယ်ကြပါသည်။ အချို့ဆိုလျှင် ရိုသေ
လေးစားအပ်သည့် နာမည်ကြီး ဘယ်ဆရာတော်က ဓာတ်တော်ကျသည်၊ ဘယ်ဆရာတော်ကြီးက
တော့ နာမည်ကြီးပေမယ့် ဓါတ်တော်မကျဘူး ဟူ၍ပင် ငြင်းခုံလေ့ ရှိတတ်ကြပါသည်။ ဆရာတော်
ကြီးများနှင့် ရဟန္တာတို့၏ ဓာတ်တော်ဟူသည် အဘယ်သို့သော အရာမျိုးနည်း။  ဆရာတော်ကြီး
တစ်ပါး ပျံလွန်တော်မူသဖြင့် မီးသင်္ဂြိုဟ်ရာတွင် အတုံးအခဲများ ကြွင်းကျန်သည်ကို ဓာတ်တော်
ကျသည်ဟု ဆိုလေ့ရှိကြသည်။ ရဟန္တာဓာတ်တော်ဟူသည် အဘယ်သို့သော  အရာဖြစ်ကြောင်း
ဆဌသင်္ဂီတိပု စ္ဆက အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက ဤ
သို့ဟောကြားတော်မူခဲ့ပါသည်

ဆရာတော်ဦးဗုဓ်၏ ဂီဟိဝိနယ ဆုံးမစာ များ

cropped-pahtan_950x4251.png
ဒီတစ်ပတ်တော့ စာဖတ်သူတွေကို ဗဟုသုတ တိုးပွားပါစေခြင်း အကျိုးငှာ ဆရာတော် ဦးဗုဓ် ရဲ့ သိကောင်းစရာ ဆုံးမစာများကို တင်ပြပေးလိုက်ပါတယ် ။
ဘ၀ရဲ့ ကောင်းခြင်းဆိုခြင်းတွေကို စာဖတ်သူတို့ စံနမူနာ အတုယူနိုင်ကြပါစေ ။ ဘ၀တိုးတတ်ခြင်းအတွက် မကောင်းသော အကျင့်ဆိုးဝါသနာဆိုးများကို
အကျိုးအပြစ်အလိုက်ဆင်ခြင်နိုင်ပြီး မြင့်မားတဲ့ဘ၀ကိုပိုင်ဆိုင် နိုင်ပါစေ ။ စာပေကိုလေ့လာဖတ်ရူ့ရသော ကြောင့်လည်းကောင်းမြတ်အဘိုးတန်သော အမြင်
များကို ပိုင်ဆိုင်နိုင်ပါစေ ။

ဆရာတော်ဦးဗုဓ်၏ ဂီဟိဝိနယ ဆုံးမစာ များ

cropped-pahtan_950x4251.png
ဒီတစ်ပတ်တော့ စာဖတ်သူတွေကို ဗဟုသုတ တိုးပွားပါစေခြင်း အကျိုးငှာ ဆရာတော် ဦးဗုဓ် ရဲ့ သိကောင်းစရာ ဆုံးမစာများကို တင်ပြပေးလိုက်ပါတယ် ။
ဘ၀ရဲ့ ကောင်းခြင်းဆိုခြင်းတွေကို စာဖတ်သူတို့ စံနမူနာ အတုယူနိုင်ကြပါစေ ။ ဘ၀တိုးတတ်ခြင်းအတွက် မကောင်းသော အကျင့်ဆိုးဝါသနာဆိုးများကို
အကျိုးအပြစ်အလိုက်ဆင်ခြင်နိုင်ပြီး မြင့်မားတဲ့ဘ၀ကိုပိုင်ဆိုင် နိုင်ပါစေ ။ စာပေကိုလေ့လာဖတ်ရူ့ရသော ကြောင့်လည်းကောင်းမြတ်အဘိုးတန်သော အမြင်
များကို ပိုင်ဆိုင်နိုင်ပါစေ ။

ခန္တီပါရမီ

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
ခန္တီတရား၊ သည်းခံငြား၊ စိတ်ထားဘယ်သို့ ဖြည့်သနည်း။
လူမိုက်အမှု၊ ငါပြန်ပြုလျှင်၊ သူလိုငါလည်း၊ လူမိုက်ပဲဟု၊ စိတ်ထဲတွေးဆ၊ အေးမြမြနှင့်၊ ဒေါသမထွက်၊ စိတ်မပျက်၊ သက်သက် အနာခံသတည်း။
“ငါ့အပေါ်၌ လူမိုက်ပြုသော စော်ကားမှုကို ငါက ပြန်ပြုလျှင် ငါလည်း သူ့လိုလူမိုက် ဖြစ်မှာပဲ” ဟု စိတ်ထဲမှာ တွေးဆ၍ ဒေါသမထွက်ဘဲ စိတ်ပျက် အားငယ်၍လည်း မနေဘဲ စိတ်အေးအေးနှင့် မိမိကသာ အနာခံလိုက်ခြင်းသည် ခန္တီပါရမီ၏ သဘောတည်း။

မဂ္ဂင်ကိစ္စ

(၂၀၀၈-ခုနှစ်၊ ဖေဖော်ဝါရီလထုတ် မြတ်ပန်းရဂုံတွင် ပါရှိသော ဘိက္ခုသုည၊ ဘားအံ-၏ မဂ္ဂင်ကိစ္စ မေးခွန်းသုံးပုဒ်ကို ဖြေကြားထားခြင်း ဖြစ်ပါသည်။)
မေး။ ။ နိဗ္ဗာန်ကို မျက်မှောက်ပြုသော သူတော်ကောင်းများ၏ လောကုတ္တရာစိတ်တွင် မဂ္ဂရှစ်ပါး ပါဝင်ပါသည်။ မဂ္ဂင်ရှစ်ပါးနှင့် ပြည့်စုံသော စိတ်ကသာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်ဟု နားလည်ထားပါသည်။

အူမနှင့် သီလ

ဗုဒ္ဓဘာသာကို ဝေဖန်ပုတ်ခတ်ကြသောဝက်ဆိုဒ်များမှ
သက်ဆိုင်ရာ ရောင်းရင်းအပေါင်း တို့အား လည်း ကောင်း။
ဗုဒ္ဓဘာသာဝင်အပေါင်းတို့အားလည်းကောင်း တကယ့်ဗုဒ္ဓဘာသာ (ခေါ်) ဓမ္မ universal
law ဆိုတာကို အနည်းငယ် တီးခေါက်မိစေရန် ရည်ရွယ်ပြီး
ကျွန်တော် ဒီစာကိုရေး လိုက်ရပါ တယ်ခင်မျာ-

အသိဥာဏ်သည် ဦးနှောက်မှ စဖြစ်သလော နှလုံးသားမှ စဖြစ်သလော သုံးသပ်ကြည့်ခြင်း

စဉ်းစားဆင်ခြင်တတ်သော လူသား၏ အသိဥာဏ်သည် ဦးနှောက်မှ စ၍ဖြစ်ပေါ်လာ၏ ဟု ခေတ်သစ် သိပ္ပံပညာ က ဖော်ပြထားသော်လည်း ဗုဒ္ဓမြတ်စွာကမူ အသိဥာဏ်သည် ဟဒယ၀တ္တု ( ခေါ်) နှလုံးသား ဖြစ်တည်ရာ ဟဒယ၀တ္ထုရုပ်မှ ဖြစ်ပေါ်လာ၏ ဟု အတိအလင်း ဖော်ပြထားရာ ကျွနုပ်ငယ်စဉ်က ဘယ်လိုမှ မဆုံးဖြတ်နိုင်ပဲ သံသယတန်းလန်းနှင့် နေခဲ့ရဖူး၏။ ဗုဒ္ဓ၀ါဒက အသေအချာ မှန်မည် ဟု စိတ်က လက်ခံချင် သော်လည်း ဘယ်ပုံ ဘယ်နည်း မှန်ကန်သည် စသည်ကိုတော့ လက်လှမ်းမမှီနိုင်ခဲ့ပေ ။

Thursday, May 23, 2013

ပြုပြင်စရာတွေ ပြုပြင်ကြပါ။

မြန်မာဗုဒ္ဓဘာသာဝင်တို့သည် ဘာသာရေးကို အကြောင်းပြုလျက် ဘုရားပွဲ၊ ရှင်ပြုပွဲ၊ ရဟန်း
ခံပွဲ၊ ဘုန်းကြီးပျံပွဲတို့ကို ကျင်းပလာခဲ့ကြပါသည်။ ယင်းသို့ ဘာသာရေးကို အကြောင်းပြုပြီး ကျင်းပ
ပင် ကျင်းပကြငြားသော်လည်း  ဘာသာရေးအရ ထိထိမိမိ အကျိုးဖြစ်ထွန်းရေးသို့  ဦးတည်ရှေ့ရှုမှု
အားနည်းခဲ့ကြသည်သာ  များပါသည်။   ဘာသာရေးနှင့်  မစပ်သော  ပျော်ပွဲရွင်ပွဲ၊   အပိုပကာသန
ကိစ္စရပ်များကို ရှေ့တန်းတင်မှုများသာလျှင် လွှမ်းမိုးနေခဲ့ပါသည်။

တောင်ဖီလာဆရာတော်၏ သီလဂုဏ်

တစ်ခုသော နေ၀င်ဖျိုးဖျ အကာလအချိန်မဲ့တွင်မှ ဆံပင်ဖားလျား အ၀တ်အစား အစုတ်အပြတ်နှင့်
ဒကာမကလေးတစ်ယောက် တောင်ဖီလာတောရကျောင်းဆီသို့  အမောတကော ပြေးလာနေ၏။ ရုပ်ရည် သနားကမား၊ ရုပ်လက္ခဏာနှင့် အ၀တ်အစားသည် တစ်ခြားစီဖြစ်နေ၏။

တောင်ဖီလာဆရာတော်နှင့် စက်တော်ရာနှစ်ဆူ ရှာဖွေခြင်း

တစ်ရံရောအခါ (သက္ကရာဇ်အားဖြင့် တစ်ထောင်ပြည့်နှစ်တွင်) နှစ်ပေါင်းများစွာ
ပျောက်ကွယ်နေသော မန်းစက်တော်ရာ နှစ်ဆူကို
ရှာဖွေရန် သာလွန်မင်းကြီးထံ စာသွင်းကြ၏။
မင်းကြီးလည်း သဘောကျသဖြင့် စက်တော်ရာ အရှာထွက်တော်မူခဲ့သည်။။
အနတ္တ ဓဇ ဆရာတော်၊ အရိယာလင်္ကာရဆရာတော်၊
တိလောကာ လင်္ကာရ ဆရာတော်တို့ လည်း အဖော်ပါကြ၏။ အင်းဝနေပြည်တော်မှ မင်းဘူးသို့ ကြွကာ တစ်တောဝင် တစ်တောင်ထွက် သက်တုံ တက်တုံ ရှာဖွေတော်မူကြ၏။
ရက်လည်း အတန်ကြာလေပြီ။

နမော တေ ဂါထာတော်

နမော တေ ဗုဒ္ဓ၀ိ ရတ္ထု ၊ ၀ိပ္ပမုတ္တောသိ သဗ္ဗဓိ၊
သမ္ဗာ ဓပ္ပဋ္ဋိန္နောသ္မီ ၊ တဿ မေ သရဏံ ဘ၀။
အဓိပ္ပာယ်
ရဲရင့်တည်ကြည် ဇာနည်မည်သော ကြီးမားသောလုံ့လရှိတော်မူသော ဗုဒ္ဓရှင်တော်မြတ်ဘုရား၊ ရှင်တော်မြတ်ဘုရားအား နမော ရှိခိုးခြင်းဖြစ်ပါစေ။

Wednesday, May 22, 2013

လက်ဆောင်ပေးတဲ့ အထဲမှာ အကောင်းဆုံး လက်ဆောင်ဆိုတာ ဘာဖြစ်မလဲ ?။

ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ကြားမှာ မိဘက သားသမီး ကိုပဲဖြစ်ဖြစ်၊ သားသမီးက မိဘကိုပဲဖြစ်ဖြစ်၊ တပည့်က ဆရာကိုပဲဖြစ်ဖြစ် တစ်ဦးဦးကို မေတ္တာဖြင့်သော်လည်းကောင်း၊
သနားဂရုဏာဖြင့်သော်လည်းကောင်း ပေးကမ်း တတ်ကြပါသည်။ သံဃာတော်များကိုလည်း
ပစ္စည်းလေးပါး အစရှိသဖြင့် လှူဒါန်းတတ်ကြပါသည်။ လှူဒါန်း ပေးကမ်းရတာတွေ အများကြီး
ဖြစ်လာတဲ့အခါ ပေးရတဲ့အထဲမှာ ဘာပေးတာ ပိုကောင်းသလဲ။ ဘယ်ဟာက အကောင်းဆုံး
ပေးကမ်းခြင်းလဲ ဆိုတာ သိရှိနားလည်ဖို့ အရေးကြီးပါသည်။

Tuesday, May 21, 2013

ရဟန္တာဖြစ်လျက် ဆွမ်းတစ်နပ်မှ ၀အောင် မဘုန်းပေးရခြင်း အကြောင်း။

လောသကတိဿသည် သာဝတ္ထိမြို့ထဲတွင်လှည့်လည်တောင်းသော်လည်း ရှေးယခင်ဘဣဿာ
မစ္ဆရိယဓာတ်ခံကြောင့် ပေးမည့်ကျွေးမည့်သူ တစ်ယောက်မျှ မရှိပေ။  အိမ်နောက်ဖေးတွင်အိမ်ရှင်မများ
လှမ်းပက်ထားသော အိုးဆေးရေ ခွက်ဆေးရေများထဲမှ  တမင်းစေ့ကလေးများကို တစ်စေ့ချင်း  လိုက်
ကောက်စားကာ အသက်ဆက်ရရှာ၏။

ကဆုန် ညောင်ရေသွန်းပွဲတော်

ကဆုန် ညောင်ရေသွန်းပွဲတော်သည် ဗုဒ္ဓဘာသာဝင်တို့၏ ထူးမြတ်သော ဘာသာရေးပွဲတော်တစ်ခု ဖြစ်သည်။ နွေဥတု၏ အလယ်ဗဟို ကဆုန်လပြည့် နေ့၌ မဟာဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောအားဖြင့် ဆင်ယင် ကျင်းပသော ပွဲတော်ဖြစ်သည်။
မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၌ သူ အမြတ်နိုးဆုံးဖြစ်သည့် သဗ္ဗညုတဥာဏ်တော်ကို ရရှိခဲ့သည်၊ ဤအကြောင်း ကို လယ်တီဆရာတော်ဘုရားက-
“ခါတော်တပုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန် လပြည့် ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက် ရွှေညောင်တော်ကြီး၊ ဗိတာန် ထီးနှင့် စသည်ဖြင့် ခုနစ်နေ့ ဘုရားရှိခိုး လင်္ကာ၌ ဆိုခဲ့ စပ်ခဲ့ ရေးခဲ့သည်။

အနာထပိဏ် နဲ့ ၀ိသာခါ…

Photo: အနာထပိဏ် နဲ့ ၀ိသာခါ...

ဘုရားလက်ထက်တော်က ကောသလတိုင်း သာဝတ္တိပြည်၌ လူဦးရေ ၇-ကုဋေရှိသည်။ ၅-ကုဋေမှာ အရိယာဖြစ်၍ ကျန် ၂-ကုဋေမှာ ပုထုဇဉ်များဖြစ်ကြ၏ ။ သာဝတ္တိပြည် အနာထပိဏ်နှင့် ၀ိသာခါတို့သည် သာသနာကို ထောက်ပံ့ရာ၌ ထင်ရှားသူနှစ်ဦးဖြစ်သည်။

ကျောင်းဒကာကြီး အနာထပိဏ်

အနာထပိဏ်၏ ငယ်မည်မှာ သုဒတ္တဖြစ်၍ ရာဇဂြိုလ်သူ သူဌေးဝိသာလ၏ နှမ ပုညလက္ခဏာနှင့် ထိမ်းမြားခဲ့သည်။ ကာဠမည်သော သားနှင့် မဟာသုဘဒ္ဒါ ၊ စူဠသုဘဒ္ဒါ သုမနာသာသမီးသုံးယောက် ထွန်းကားခဲ့သည်။ ဘုရားရှင်သည် ဒုတိယ၀ါအဖြစ် ရာဇဂြိုလ်၌ သီတင်းသုံးတော်မူသော နှစ်မှာပင် အနာထပိဏ်သည် ရာဇဂြိုလ်သို့ အရောင်းအ၀ယ်သွားရာမှ မြတ်စွာဘုရားအား ဖူးတွေ့ရပြီး သောတာပန်အရိယာ ဖြစ်ခဲ့သည်။

သာဝတ္တိပြည်သို့ ကြွရောက် သီတင်းသုံးပါရန်လည်း ဘုရားရှင်အား ပင့်လျှောက်ခဲ့သည်။

သူဌေးကြီးသည် သာဝတ္တိပြည် ဇေတမင်းသား၏ ၁၆-ပယ် ကျယ်သော ဥယျာဉ်မြေကို ငွေ အသပြာ ၁၈-ကုဋေဖြင့်ဝယ်ယူကာ ‘ဇေတ၀န်’အမည်ဖြင့် ကျောင်းတော် ဆောက်လှူသည်။ ဂန္ဓကုဋီကျောင်းတော် အပါအ၀င်ကျောင်းပေါင်း များစွာကို အလုပ်သမား တစ်ထောင်ဖြင့် ခြောက်လ ဆောက်လုပ်ရသည်၊ ၁၈-ကုဋေကုန်ကျလေသည်။ ဇေတ ၀န်ကျောင်းတော်ကြီး ပြီးစီးသောအခါ ဘုရားရှင်ကို ပင့်ဖိတ်ပြီး ၁၈-ကုဋေအကုန်ခံ၍ ခမ်းနားစွာ ရေစက်ချပွဲ ကျင်းပလှူဒါန်းသည်၊ သံဃာတော်တစ်ထောင် နေ့စဉ်ဆွမ်းကပ်သည်။

အိမ်ရှိအမှုထမ်းအားလုံး ဥပုသ်နေ့တွင်ရှစ်ပါးသီလစောင့်ထိန်းကြရသည်။ နို့စို့ကလေး များပင် မွန်းလွဲချိန်၌ နို့မတိုက်ဘဲ ပါးစပ်ကို ရေပတ်တိုက်ပြီး စတုမဓုကိုသာ ခွံ့ကျွေးရသည်။ ၅၄-ကုဋေသော အသပြာငွေကို သာသနာတော် အတွက် လှူဒါန်းခဲ့သော သူဌေးကြီး ဖြစ်လေသည်။

အနာထပိဏ်နှင့် ၀ိသာခါကျောင်းအမကြီးတို့အိမ်၌ သံဃာတစ်ထောင်စီ သီတင်း

သုံးနိုင်အောင် နေရာထိုင်ခင်းများနှင့် အချိန်မရွေး ဆက်ကပ်နိုင်အောင် ပစ္စည်းလေးပါး စားသောက်ဖွယ်များကို အသင့်စီမံ ထားရှိကြလေသည်။

ကျောင်းအမကြီး ၀ိသာခါ

ဝိသာခါကျောင်းအမကြီးကား သာကေတမြို့ ဓနဉ္စယသူဌေးကြီး၏ သမီးဖြစ်၍ ရ-နှစ်သမီးအရွယ်ကပင် သောတပန်တည်ခဲ့သူဖြစ်သည်။ မေဏ္ဍကသူဌေးကြီး၏ မြေးဖြစ်၏ ။ သာဝတ္တိပြည်မှ ချမ်းသာကြွယ်ဝသော မိဂါရသူဌေးကြီး၏သား ပုည၀ဎုနနှင့် ထိမ်မြားခဲ့သည်။ ၀ိသာခါအတွက် ရွှေစင်နိက္ခတစ်ထောင်အလေးချိန်ရှိပြီးပတ္တမြား၊ပုလဲ စသောရတနာ ခုနစ်ပါးဖြင့် စီခြယ်ထားသော အသပြာ ၉-ကုဋေတန် မဟာလတာ တန်ဆာပြုလုပ်ပြီး ဖခင်ကြီးက လက်ဖွဲ့သည်။ ဦးခေါင်း၌ စွပ်လိုက်လျှင် ခြေဖမိုးအထိရောက်သည်။ အခြားရတနာ မျိုးစုံကိုပါ လက်ဖွဲ့ပြီး၊ ဆုံးမ သြ၀ါဒပေးကာ သာဝတ္တိပြည်သို့ ထည့်လိုက်သည်။

ယောက္ခမသူဌေးကြီးသည် ယခင်က တိတ္ထိတို့ကို ကိုးကွယ်သော်လည်း ၀ါသာခါ၏ ကျေးဇူးကြောင့် ဘုရားရှင်ကို ကိုးကွယ်လာရာမှ ၀ိသာခါလည်း ‘မိဂါရမာတာ မိဂါရ သူဌေးကြီး၏မိခင်’ ဟုပင် ခေါ်တွင်လာလေသည်။ အသက်၁၂၀-ရှည်၍ ဆံဖြူသွားကျိုး ခြင်းမရှိ၊ အစဉ်နုပျိုနေသည်။

တနေ့သော တရားပွဲတစ်ခုတွင် တရားနာလာရာ မဟာလတာတန်ဆာကို ချွတ်၍ ကျွန်မကို သိမ်းထားခိုင်းသည်။ တရားပွဲပြီ၍ ပြန်လျှင် ကျွန်မမေ့ကျန်ခဲ့သဖြင့် အရှင်အာနန္ဒာ မထေရ်က သိမ်းထားခဲ့သည်။ ရဟန်းတော်များအတွက် ဖြစ်သင့်သည်ဟု ကြံစည်ကာ ထိုတန်ဆာကို ရောင်းချအဖိုးထား၍ သာဝတ္တိမြို့တွင် ဇေတ၀န်ကျောင်းတိုက်ကြီးနှင့်အလားတူ ပုဗ္ဗာရုံကျောင်းတော်ကြီး ဆောက်လုပ်သည်။ သာဝတတ္တိမြို့၏ အရှေ့ဘက်၌ တည်ရှိ၍ ရှစ်ပယ်ကျယ်သည် ၊၉-ကုဋေဖြင့် မြေ၀ယ်ယူသည်။ ၉-လတိုင်တိုင် ကျောင်းများစွာကို ဆောက်လုပ်ရ၏။ ၉-ကုဋေကုန်ကျသည်။ ရေစက်ချပွဲ ခမ်းနားစွာ ပြုလုပ်ပြီး ၂၇ကုဋေသော အသပြာကို သာသနာတော်အတွက် စွန့်လှူခဲ့သည်။ ဤကဲ့သို့ ပစ္စည်းလေးပါး လှူဒါန်းမှု၌ အလွန်မွေ့လျော်ကြသောကြောင့် အနာထပိဏ်သူဌေးအား လှူဒါန်းစွန့်ကြဲသည့် အမျိုးသား များတွင် အသာလွန်ဆုံးဖြစ်သည့် ဒါယကာဧတဒဂ်ဘွဲ့ကို ချီးမြှင့်တော်မူ၍ ၀ိသာခါ ကျောင်းအမကြီးအား လှူဒါန်းစွန့်ကြဲသည့် အမျိုးသမီးများတွင် အသာလွန်ဆုံး ဖြစ်သည့် ဒါယိကာမဧတဒဂ် ဘွဲ့ကို ချီးမြှင့်တော်မူခဲ့သည်။

ဘုရားရှင်သည် ၄၅-၀ါအနက် ဇေတ၀န်ကျောင်းတော်တွင် အချိန်အကြာမြင့်ဆုံး ၁၉-၀ါတိုင်တိုင် သီတင်းသုံးတော်မူသဖြင့် သာဝတ္တိပြည်၌ ဟောသော တရားများသည် အများဆုံး ဖြစ်တော့သည်။ပုဗ္ဗာရုံကျောင်းတော်တွင် ၆-၀ါသီတင်းသုံးတော်မူသည်။

HAZY LIFE မှ ကူးယူဖော်ပြပါသည်

ကညာဇင်
ဘုရားလက်ထက်တော်က ကောသလတိုင်း သာဝတ္တိပြည်၌ လူဦးရေ ၇-ကုဋေရှိသည်။ ၅-ကုဋေမှာ အရိယာဖြစ်၍ ကျန် ၂-ကုဋေမှာ ပုထုဇဉ်များဖြစ်ကြ၏ ။ သာဝတ္တိပြည် အနာထပိဏ်နှင့် ၀ိသာခါတို့သည် သာသနာကို ထောက်ပံ့ရာ၌ ထင်ရှားသူနှစ်ဦးဖြစ်သည်။

သာသနာမည်သူ ပြုသနည်း

သာသနာဟူသည် ရှင်တော်မြတ်ဘုရား၏ အဆုံးအမဖြစ်သည်။ ထိုအဆုံးအမ ဖြစ်သော သာသနာတော်သည် ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးေ ထာင် ဖြစ်လေသည်။ အကျဉ်းအားဖြင့်ဆိုလျှင် မကောင်းမှုဟူသမျှ မပြုရ၊ ကောင်းမှုမှန်သမျှ မရ-အရပြု၊ စိတ်ကို ဖြူစင်အောင်ထား ဟူ၍ ဖြစ်ပေသည်။ ထို့ကြောင့် မကောင်းမှုရှောင်၍ ကောင်းမှုပြုသူများကို သာသနာပြုသူ (တနည်း) ရှင်တော်မြတ်ဘုရား၏ အဆုံးအမကို လိ…ုက်နာသူ၊ အရှည်တည်တံ့အောင် လက်ဆင့်ကမ်း၍ စောင့်ရှောက်သူ ၊ ပြုသူဟုဆိုရမည် ဖြစ်ပေသည်။

” အဒိန္နာဒါနကံ အကြောင်း “

အဒိန္နာဒါန ဆိုတာ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်များ နေ့စဉ်စောင့်ထိန်းနေကျ ငါးပါးသီလရဲ့ဒုတိယမြောက်သိက္ခာပုဒ်ဖြစ်ပါတယ်။
မြန်မာလိုရှင်းရှင်းလေးပြောရရင် အရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်…ကြဉ်ရတဲ့သိက္ခာပုဒ်ပါ။ ရှောင်ကြဉ်ရင်ကောင်းကျိုးရမယ်။ လွန်ကျူးရင် ဆိုးကျိုးရမယ်။
လွန်ကျူးလို့ရမယ့် အကျိုးတရား (၆)ပါးရှိပါတယ်။ ပိုင်ရှင်က ကြည်ဖြူစွာမပေးသော ပစ္စည်းကိုခိုးယူခြင်း၊ တိုက်ယူခြင်း၊ နှိုက်ယူခြင်း၊ အကြပ်ကိုင်ပြီးယူခြင်း၊ ပရိယာယ် တစ်မျိုးမျိုးဖြင့် လှည့်ပတ်ပြီးယူခြင်း စတဲ့ အချက်တွေဟာ အဒိန္ဒာဒါန- သူတစ်ပါးဥစ္စာပစ္စည်းကို မတရားယူခြင်းမည်ပါတယ်။ အဲလို အဒိန္နာဒါနကိုလွန်ကျူးရင်

.” သတိထားဖွယ်ရာ အမျိုးသမီးများနှင့် ကာမေသုမိစ္ဆာစာရကံ “

အမေး။ ။ ဥူးဇင်းဘုရား။ တပည့်တော်မ တစ်ခုလောက် လျောက်ထားချင်ပါတယ်ဘုရား။
တပည့်တော်မနဲ့ တပည့်တော်မရဲ့ သူငယ်ချင်းတို့ ကာမေသုမိစ္ဆာ အကြောင်းကို
… ဆွေးနွေးကြည့်ပါတယ်။ဒီဘက်ခေတ်မှာက စိုးရိမ်စရာတွေ မြင်နေမိလို့ပါ ဘုရား။
သူငယ်ချင်းကပြောပါတယ် ကျူးလွန်သူအိမ်ထောင်သည်သာလျှင် ကံထိုက်ပြီးတော့
တစ်ဖက်လူသည် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသူဆိုပါက ကံမထိုက်ဟု ဆိုပါသည်။
သူတို့ချင်း အတည်ယူလိုက်ပြန်လျှင်တော့ နှစ်ဦးစလုံးကံမထိုက်တော့ဟုဆိုပါသည် ဘုရား။
တပည့်တော်မကို ကာမေသုမိစ္ဆာအကြောင်းလေးအသေးစိတ်ဟောပြပေးပါ ရန် လေးစားစွာလျောက်ထားအပ်ပါသည် ဘုရား။
ရိုသေစွာဖြင့်။။

“… ဓမ္မပဒဂုဏ်ရည် …”

Photo: သာသနာရေးဝန်ကြီးဌာန အနေဖြင့် ပြန်လည်ရိုက်နှိပ်ရန် လိုအပ်သော ကျမ်းစာအုပ်များတွင် ဓမ္မပဒ ၀တ္ထုတော်ကြီးသည်လည်း တစ်ခုအပါအ၀င်ဖြစ်လေရာ ယင်းဓမ္မပဒ၀တ္ထုတော်ကြီး၌ အတွဲအားဖြင့် ငါးတွဲပါရှိပါသည်။

"... ဓမ္မပဒဂုဏ်ရည် ..."

ဓမ္မပဒပါဠိတော်သည် ပိဋကသုံးပုံ နိကယ်ငါးရပ်တွင် ခုဒ္ဒကနိကယ်၌ ပါဝင်သော ကျမ်းစာဖြစ်ပါသည်။ ဓမ္မပဒဟူသည်- (ဓမ္မ=တရားတော်တို့ ၏ + ပဒ=အပေါင်းအစု၊ တရားတော်အပေါင်းအစု) ဟုအဓိပ္ပါယ်ရပါသည်။

တရားပဒေသာ တရားညွန့် ပေါင်းကျမ်းကြီးဟုလည်း ခေါ်ဆိုသင့်ပါသည်။

ဤဓမ္မပဒကျမ်းကြီး၌ လောကုတ္တရာ မဂ် ဖိုလ် နိဗ္ဗာန် တရားများဆိုင်ရာ ပါဝင်ဟောကြားထားပါသည်။ ယင်းတရားတော်ကို ဦးတည်၍ လူမှုရေး၊ ကြီးပွားရေး၊ စီးပွားရေး၊ ပညာရေး စသည့်လောကီရေးရာ အကျိုးကျေးဇူးများစွာ ဖြစ်စေနိုင်သည့် တရားတော်များကိုလည်း ထည့်သွင်းဟောကြား ထားပါသည်။

ထို့ ကြောင့် ဓမ္မပဒဟူသော ပါဠိဘာသာအမည်ကို တရားတော်ညွန့် ပေါင်းကျမ်းကြီးဟူ၍ ခေါ်ဆိုသင့်ပါသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ဤဓမ္မပဒ ပါဠိတော်ဂါထာများဖြင့် သတ္တ၀ါ အနန္တတို့ အား ကိလေသာအမိုက်အမဲတို့ ကို ဖျက်ခွဲတော်မူစေ၍ နိဗ္ဗာန်သို့  ပို့ ဆောင်တော်မူခဲ့သည်။ မိခင်သည် ငိုကြွေးနေသောသားငယ်ကို နို့ ချိုတိုက်ကျွေးကာ သီချင်းဆို၍အငိုတိတ်စေသကဲ့သို့  ဘုရားရှင်သည်လည်း ကိလေသာဖြင့် ငိုကြွေးနေရသည့် သတ္တ၀ါအများအား ဤဓမ္မပဒနို့ ချိုဒေသနာကို တိုက်ကျွေးတော်မူ၍ ဓမ္မဂီတဖြင့် ကိလေသာအငိုကို တိတ်စေတော်မူခဲ့ပေသည်။

ဤဓမ္မပဒလာ ဂါထာများကို ကြားနာရလေသဖြင့် ဗုဒ္ဓဘာသာဝင်အဖြစ်သို့  ရောက်ရှိခဲ့ကြသူများမှာ အသောကမင်းနှင့် အနော်ရထာမင်းတို့ ဖြစ်ကြပါသည်။

အသောကမင်းကြီး

ဘုရားရှင်ပရိနိဗ္ဗာန် စံတော်မူပြီးနောက် နှစ်ပေါင်း ၃၅၀ ခန့် ကမြတ်ဗုဒ္ဓ၏ အဆုံးအမ သာသနာတော်ကြီး ပျောက်သုဉ်းလုနီးနီး ဖြစ်၍ မိစ္ဆာဝါဒီများ ဖိစီးလွှမ်းမိုး ကြီးစိုးနေချိန်တွင် သာသနာပြုပုဂ္ဂိုလ် အစစ်အမှန်ကို ရှာကြံလိုလားသော အသောကမင်းတရားကြီးသည် စိတ်ပြေလက်ပျောက် လေသောက်တံခါးကိုဖွင့်ကာ အပြင်လောက သွားလာလှုပ်ရှားနေကြပုံများကို ကြည့်ရှုနေစဉ်

ဝိနည်းသိက္ခာပုဒ်တော်နှင့်အညီ နန်းရင်ပြင်၌ ဖြည်းညှင်းစွာ လှမ်းကြွ၍သွားသော သာသနာ့ကျက်သရေဆောင် နိဂြောဓသာမဏေကို နန်းတော်သို့ ပင့်ဖိတ်စေ၍ လှူဖွယ်ဝတ္ထုအစုစုဖြင့် ဆက်ကပ်လှူဒါန်းပူဇော်ပြီးနောက် နိဂြောဓသာမဏေ မိန့် တော်ချွေသည့် " အပ္ပမာဒေါ အမတံ ပဒံ" အစရှိသော ဂါထာတရား နာကြားရ၍ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ခဲ့လေသည်။

အနော်ရထာမင်းကြီး

သာသနာနှစ် ၁၅၆၁ ခုနှစ်သို့  ရောက်သောအခါ အနော်ရထာမင်းလက်ထက်တွင် အရည်းကြီးတို့ ၏ မသင့်မလျှော် ဖောက်ပြန်မှားယွင်းသည့် အကျင့်ယုတ်များကို တွေ့ မြင်ရသောအခါ ဘုန်းကံပါရမီ ရင့်သန်သောသူ ဖြစ်သောကြောင့် ထိုအရည်းကြီးတို့ အား မကြည်ညိုမနှစ်သက်နိုင် ရှိခဲ့လေသည်။

ယင်းသို့ ဖြစ်စဉ်မှာပင် တောလိုက်မုဆိုးတစ်ယောက်သည် ထူးဆန်းသည့်အ၀တ်အစားကို ဆင်ယင်ထားသည့် အရှင်ဓမ္မဒဿီဘွဲ့ တော်ရှိသည့် ရှင်အရဟံကို ပင့်ဆောင်လာရာ ကြည်ညိုဖွယ် အတိရှိသော ထိုရှင်အရဟံကိုယ်တော်မြတ်အား ဖူးမြင်လိုက်ရသော အနော်ရထာဘုရင်သည်

အရည်းကြီးများနှင့် မိုးနှင့်မြေအလား အလွန်ကွာခြားကြောင်း သိရှိမြင်တွေ့  ကြည်ညိုသဒ္ဓါတရား ဖြစ်ပွားကာ ပစ္စည်းလေးပါးလျူဒါန်းပူဇော်၍ အရှင်မြတ်၏ဆရာဖြစ်တော်မူသော ဗုဒ္ဓမြတ်စွာဘုရားရှင်၏ တရားတော်များကို ဟောကြားတော်မူပါလော့ဟု တောင်းပန်သောအခါ

ရှင်အရဟံသည် " အပ္ပမာဒေါ အမတံပဒံ " အစချီသော ဤဓမ္မပဒဂါထာတော်မြတ်ကို ဟောကြားတော်မူပြီးနောက် အနော်ရထာမင်းကြီးသည် သာသနာတော်၌ သက်ဝင်ယုံကြည် သရဏဂုံတည်ကာ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ခဲ့ရလေသည်။

ဆရာတော် အရှင်စန္ဒိမာ (သာသနာရေးဦးစီးဌာန)

Ko Ko Waizayantar
သာသနာရေးဝန်ကြီးဌာန အနေဖြင့် ပြန်လည်ရိုက်နှိပ်ရန် လိုအပ်သော ကျမ်းစာအုပ်များတွင် ဓမ္မပဒ ၀တ္ထုတော်ကြီးသည်လည်း တစ်ခုအပါအ၀င်ဖြစ်လေရာ ယင်းဓမ္မပဒ၀တ္ထုတော်ကြီး၌ အတွဲအားဖြင့် ငါးတွဲပါရှိပါသည်။
ဓမ္မပဒပါဠိတော်သည် ပိဋကသုံးပုံ နိကယ်ငါးရပ်တွင် ခုဒ္ဒကနိကယ်၌ ပါဝင်သော ကျမ်းစာဖြစ်ပါသည်။ ဓမ္မပဒဟူသည်- (ဓမ္မ=တရားတော်တို့ ၏ + ပဒ=အပေါင်းအစု၊ တရားတော်အပေါင်းအစု) ဟုအဓိပ္ပါယ်ရပါသည်။

“… ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်သလဲ …”

Photo: "... ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်သလဲ ..."

ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်တယ် ဆိုတာကို ဗုဒ္ဓက မုနိ သုတ်တော် မှာ ဒီလို အသိပေး ဆုံးမခဲ့ပါတယ်။

ကိုယ်...့ဟာကို တရားကျင့်ပြီး အနာဂါမ်ဖြစ်နေတဲ့ အရိယာ လူပုဂ္ဂိုလ် ကတောင် ဒီကနေ့မှာ သင်္ဃန်းဝတ်ထားတဲ့ ပုထုဇဉ် ကိုရင်လေးကို ရှိခိုးရမယ် လို့ ဆိုပါတယ်။

တရားသိမှု၊ ကျင့်ကြံပေါက်မြောက်မှုမှာ ကိုယ်က သာနေပေမယ့် သာသနာဝန်ထမ်းရှင်သာမဏေလေးကို ရှိခိုးထိုက်တယ်။ဘာကြောင့်ဆိုရင် ရှိခိုးထိုက်သော အသွင်အပြင်အားဖြင့် (၂)မျိုးရှိတယ်။ရှိခိုးထိုက်သောဂုဏ်အရည်အချင်းအားဖြင့်အချက်ပေါင်း(၂၀) တိတိရှိနေတယ်။

အသွင်အပြင်အားဖြင့် (၂)မျိုးကတော့ -

(၁) ဖန်ရည်ဆိုးသော သင်္ဃန်းကို ၀တ်ရုံခြင်း ၊(လှပတင့်တယ်သော အရောင်အဆင်းရှိတဲ့ အ၀တ်အစား ကို ရှောင်ကြဉ်လိုက်ခြင်း၊ကာမဂုဏ်ကို အသွင်ဖြင့် သတ်ခြင်း ၊

(၂) ဦးခေါင်းကို ရိတ်တုံးထားခြင်း ။ ( ဦးခေါင်းတန်ဆာဆင်ခြင်း ကို ရှောင်ကြဉ်ခြင်း၊နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးအလှအပထားခြင်း များကို ရှောင်ကြဉ်ခြင်း ၊ အိန္ဒိယမှာတော့ ဒါတော်တော်ကို စွန်ပတာတဲပ အစဉ်အလာလုပ်ရပ်လို့ဆိုပါတယ်။ သူတို့က ဆံပင်၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးကို အရမ်းအလှဆင်တဲ့ တိုင်းပြည်ဖြစ်နေလို့တဲ့)

ဒီနှစ်ချက်မှာတင် သူ၏ ခြိုးခြံမှု ၊ အလိုနည်းမှု ၊ လူ့အသွင်အပြင်သဘာဝကို ရှောင်ခွာကာ မြင့်မြတ်သော အသွင်ကို ယူမှုတွေဟာ သာမာန်လူထက်သာလွန်နေလို့ ရှိခိုးခံထိုက်နေပြီ လို့ ဟောတော်မူပါတယ်။ဒီနေရာမှာ သီလ သမာဓိ ပညာရှိခြင်းတွေကို ဘုရားရှင်က ဘာမှ မဆိုလိုသေးပါ။မိလိန္ဒ ပညာ မှာလဲ ဒီအတိုင်းပါပါတယ် ။

အရှင်နာဂသိန်ကတော့ ဒီအသွင်(၂)ပါးယူပြီးတာနဲ့ကို ဘုရား၏ အလိုကျ အသွင်အပြင် စဖြစ်နေပြီ..တဲ့။ဒါကြောင့်လဲ ရှိခိုးခံထိုက်တယ် လို့ ဆိုပါတယ်။

ရှိခိုးထိုက်သောဂုဏ်အရည်အချင်းအားဖြင့်အချက်ပေါင်း(၂၀)။

(၁) သေက္ခ ပုဂ္ဂိုလ် အသွင်ရှိခြင်း

(၂) ရဟန္တာအသွင် ရှိခြင်း

(၃) အရီယာနှင့်တူသော အကျင့်ရှိနေခြင်း

(၄) တူသောနေထိုင်ခြင်းရှိကြခြင်း

(၅) တူသောဣနြေ္ဒ ရှိကြခြင်း

(၆) တူသောဆင်းရဲခြင်းရှိခြင်း၊

(၇) တူသောသည်းခံခြင်းရှိခြင်း

(၈ ) တစ်ကိုယ်ထီးတည်းကျင့်ကြံအားထုတ်နိုင်ခြင်း

(၉) တစ်ကိုယ်ထီးတည်းမွေ့လျှော်ခြင်း

(၁၀) တစ်ကိုယ်ထီးတည်းကျိန်းအောင်ခြင်း

(၁၁) မကောင်းမှုမှရှက်ခြင်း

(၁၂) မကောင်းမှုမှ လန့်ခြင်း

(၁၃) သဓမ္မအကျင့်ကို အားထုတ်ခြင်း

(၁၄) ကုလိုလ်ကို မမေ့လျော့ခြင်း၊

(၁၅) သုတ်လွှတ်ခြင်းကဲ့သို့သော ကာမဂုဏ်ကို ဖယ်ကြဉ်ခြင်း၊

(၁၆) ပါဠိသင်ယူခြင်း

(၁၇) အဋ္ဌကထာ ခေါ်အကျယ်အနက် သင်ယူခြင်း

(၁၈ ) သီလ၊သမိာပညာဂုဏ်တို့တွင်မွေ့လျော်ခြင်း၊

(၁၉) ကင်းသောတပ်မက်မှုရှိခြင်း၊

(၂၀) ဘုရားရှင်သတ်မှတ်သော သိက္ခာပုဒ်များကို ဖြည့်ကျင့်ခြင်း

ဒီအချက်တွေကြောင့်လဲ ရှိခိုးခံထိုက်နေပါတယ်။

အပေါ်က အချက်တွေနဲ့ တစ်ချက် ခြင်းအကျယ်ကို သီတဂူဆရာတော်၏ ရာဟုလာသုတ္တန် နဲ့ ရဟန်းတစ်ပါးတန်ဖိုးတရားတော်မှာ နာယူမှတ်သားနိုင်ပါတယ်။ဓမ္မစေတီဆရာတော် ပဗ္ဗဇ္ဖဟူသည် (ရဟန်းခံခြင်းဆိုင်ရာ တရား ) (အကယ်ဒမီဦးညွန့်ဝင်း အိမ်မှာဟောတဲ့ တရား )နဲ့ သာမညဖလသုတ်အကျယ် ၊ မဟာပဒါနသုတ်နှင့် မိလိန္ဒ ပညာတို့မှာလဲ ပါပါတယ်။ သုခမှတ်စုမှာလဲ လေ့လာနိုင်ပါတယ်။

အရှင်ဣန္ဒက ရခိုင်

Ko Ko Waizayantar
ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်တယ် ဆိုတာကို ဗုဒ္ဓက မုနိ သုတ်တော် မှာ ဒီလို အသိပေး ဆုံးမခဲ့ပါတယ်။…
ကိုယ်…့ဟာကို တရားကျင့်ပြီး အနာဂါမ်ဖြစ်နေတဲ့ အရိယာ လူပုဂ္ဂိုလ် ကတောင် ဒီကနေ့မှာ သင်္ဃန်းဝတ်ထားတဲ့ ပုထုဇဉ် ကိုရင်လေးကို ရှိခိုးရမယ် လို့ ဆိုပါတယ်။

Monday, May 20, 2013

“ ငါက ပိဋကတ်သုံးပုံဆောင် တိပိဋကဓရ ” တဲ့ (ကပိလ သုတ္တန်)။

ကဿပမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံသွားလို့ သာသနာတော် ကျန်ရစ်တဲ့ အချိန်လေးမှာ
သာသနာကြည်ညိုတဲ့ မိသားစု တစ်စု သာသနာဘောင် ၀င်လာခဲ့ပါတယ်။ အကိုကြီးရဲ့ နာမည်က
“ သာဂတ ” တဲ့။ သူ့ညီရဲ့ နာမည်က “ ကပိလ ” တဲ့။ နှမလေးရဲ့ နာမည်က “ တာပနာ” တဲ့။ အ
မေကြီးကတော့ “သာဓိနီ” ဆိုတဲ့ နာမည်နဲ့ သာသနာဘောင်ကို မိသားစုလိုက် ၀င်လာကြပါတယ်။
သာသနာဘောင် ၀င်လာတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း လုပ်ရမယ့်အလုပ် (၂) ခုရှိပါတယ်။

မဟာ သရဏဂုံ တော်ကြီး

http://www.myanmarbookshop.com/Images/Contents/Thumbnails/LDMaHaTaRaNaGone.jpg
ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရားကြီး၏ မဟာသရဏဂုံတော်ကြီး ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရားကြီးသည် သက္ကရာဇ် (၁၂၇၉)ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁)ရက်မှ တပေါင်းလကွယ်နေ့ အထိ မုံရွာမြို့အနီး ကြီးတွင်းကြီးတော ရတွင် ”မဟာသရဏ ဂုံတော်ကြီး”ကို (၅)လတိုင်တိုင် နေ့စဉ် မပြတ်ပူဇော်ခဲ့ရာ အကြိမ်ပေါင်း (၂၁၁၆၈ဝဝ) ၂သန်းကျော်မျှ အောင်မြင်ခဲ့ပါသည်။

ပဋိစ္စ သမုပ္ပါဒ် ဒေသနာဆိုသည်မှာ

ပဋိစ္စ သမုပ္ပါဒ် ဒေသနာဆိုသည်မှာ - ၁။ သံသရာ၏အစကိုလည်းကောင်း သမုတိသစ္စာအလိုအားဖြင်. ‘လူ’ဟူ၍လည်းကောင်း ၊’ပုဂ္ဂိုလ် သတ္တ၀ါ’ ဟူ၍လည်းကောင်း သမုတ်ကြသူတို.၏ဖြစ်ရာ အစ သည် (အ၀ိဇ္ဇာ နှင်.တဏှာ )ဟူ၍ပြသခြင်းဖြစ်သည်။ ပေါ်လွင်ထင်ရှားစေခြင်းဖြစ်သည်။

“သက္ကာယဒိဋ္ဌိ အရင်ဖြုတ်ပါ”

သောတာပန်ဖြစ်ဖို. ဒိဋ္ဌိနဲ. ၀ိစိကိစ္ဆာကို အမြစ်ပြတ် ပယ်နိုင်အောင် ကြိုးစားရမှာဆိုတော. ၀ိစိကိစ္ဆာအကြောင်းကိုလည်း ဂဃဏန သိဖို.လိုအပ်တယ်။ သိမှပယ်နိုင်မယ်။ ပထမသိအောင်လုပ်ကြဦး။
ဥာတပရိညာနဲ. ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာကင်းမှ ပွားများအားထုတ်တဲ.အခါမှာ အားရှိတယ်။ အဲဒီဝိစိကိစ္ဆာ ကင်းရှင်းဖို.လည်းပဲ လေ.လာရတယ်။ မှတ်သားရတယ်။
ဝိစိကိစ္ဆာဆိုတာ ယုံမှားခြင်းကိုဆိုလိုတာ။ ဒိဋ္ဌိနဲ.တွဲနေတယ်။ အားလုံး(၈)မျိုးရှိတယ်။

မေတ္တာလေ.ကျင်.ခန်း

မေတ္တာဟာ မိမိရဲ.သန္တာန်မှာ ပင်ကိုယ်က ရှိနေပေမယ်.လို. လေ.ကျင်.ပေးမှ အစွမ်းထက်မယ်၊ မလေ.ကျင်.ရင် အစွမ်းမထက်ဘူး။
အဲဒီတော. မေတ္တာဆိုတဲ. သဘောတရားကို ဘာနဲ.လေ.ကျင်.ရမလဲ၊ အာရုံနဲ.ပဲ လေ.ကျင်.ရမယ်။ စိတ်တစ်ခုကို ထက်မြက်လာအောင် လေ.ကျင်.ချင်ရင် အာရုံနဲ.လေ.ကျင်.ရမယ်။ ဓားထက်အောင် ဘာနဲ.လုပ်ရမလဲ၊ ကျောက်နဲ.သွေးရတယ်၊ ကျောက်ပေါ်တင်ပြီးသွေးမှ ဓားထက်တယ်။ ထို.အတူပဲ ဒီ မေတ္တာစိတ်ဓာတ်လေးဟာ ခိုင်မာကြီးထွားလာအောင် ဘာနဲ.လုပ်ရမလဲ၊ အာရုံပေါ်တင်ပြီးတော. လေ.ကျင်.ရမယ်။

Sunday, May 19, 2013

လူတိုင်းလူတိုင်း ခံစားနေရတဲ့ “ ဒုက္ခ (၇) မျိုး ” ။

လူတိုင်းလူတိုင်း ခံစားနေရတဲ့ ဒုက္ခ ( ၇ ) မျိုးမှာ= (၁) ဒုက္ခ ဒုက္ခ။ (၂) ၀ိပရိဏာမဒုက္ခ။
(၃) သင်္ခါရဒုက္ခ။ (၄) ပဋိ စ္ဆန္နဒုက္ခ။ (၅) အပ္ပဋိ စ္ဆန္နဒုက္ခ။ (၆) ပရိယာယဒုက္ခ။ (၇) နိပ္ပရိယာယ
ဒုက္ခ တို့ ဖြစ်ပါတယ်။
(၁)  ဒုက္ခ ဒုက္ခ = =
ကိုယ်ထဲမှာ နာကျင်ကိုက်ခဲခြင်း စသည်ဖြင့် အခံခက်တဲ့ ကိုယ်ဆင်းရဲကတစ်
မျိုး၊ စိတ်ထဲမှာ စိတ်ပူခြင်း၊ စိတ်ညစ်ခြင်း၊ နှလုံးမသာခြင်း၊ ၀မ်းနည်းခြင်း စသည်ဖြင့် အခံခက်
တဲ့ စိတ်ဆင်းရဲကတစ်မျိုး၊ ဒီ ကိုယ်ဆင်းရဲနဲ့ စိတ်ဆင်းရဲကို ဒုက္ခ ဒုက္ခလို့ ခေါ်ပါတယ်။ သူ့သ
ဘောကလည်း အခံရခက်တဲ့ ဆင်းရဲပဲ။ သူ့အမည်ကလည်း ဒုက္ခဆင်းရဲပဲ။ ဒါကြောင့် ဒုက္ခဒုက္ခ
လို့ ခေါ်ပါတယ်။ ဆင်းရဲသဘောရှိတဲ့ ဆင်းရဲတဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကိုတော့ လူတိုင်းလူ
တိုင်းက ကြောက်ကြပါတယ်။ ကိုယ်ထဲစိတ်ထဲ၌ မခံသာတဲ့ ဆင်းရဲကို ဒုက္ခဒုက္ခလို့ ခေါ်ပါတယ်။

သေရမှာကြောက်သူ (၄) ဦး နှင်. သေရမှာ မကြောက်သူ (၄) ဦး

……………………..……………………..……………………..…. “သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သည့် ပုဂ္ဂိုလ်ပင်ဖြစ်စေ သေခြင်းသဘောကို ”မသေစေအံ့”ဟု တာဝန်ခံနိုင်သူ တစ်စုံတစ်ယောက်မျှ မရှိပေ။”
( ပါဋိဘောဂသုတ်၊ ဗြဟ္မဏ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။)

သင့်ဆီက သင့်မေမေ ဘာတွေလိုအပ်နေလဲ သင်သိသလား???

“သား အမေ့ကို ငါးရိုးလေးနွှင်ပေးပါလား အမေ မမြင်ရလို့…”
“ဟာ..အမေကလည်းဗျာ ဒီမှာသားလည်းမနည်းနွှင်စားနေရတာ..
အမေစားနေတာလဲကြည့်ပါအုံး ထမင်းလုံးတွေကအောက်ကျလို့ ဂရုစိုက်မှပေါ့အမေရ….”
ထမင်းဝိုင်းမှ အမေအိုကြီး၏ အကူအညီတောင်းသံသည် သားဖြစ်သူ၏

“ကိုယ်ကျင့်သီလ ကောင်းသူနှင့်သာ ပေါင်းဖော်ပါ”

သီလပျက်နေသောသူတို့ကို ပေါင်းသင်းမိသောအခါ၌ မိမိလည်း သီလပျက်လာတော့သည်။ အရက်သမားနှင့်ပေါင်းတော့ အရက်သောက်မိမည်၊ ဖဲသမားနှင့်ပေါင်းတော့ ဖဲရိုက်တတ်မည်၊ မကောင်းသောအမျိုးသမီးတို့ကို လိုက်စားပျော်ပါးတတ်သောသူတို့ကိုပေါင်းသင်းမိတော့ မိမိ လည်းပျော်ပါးမိသွားမည်။ မိမိက မလုပ်လျှင်လည်း သီလပျက်စီးနေသောစကားများကို နားထောင်နေရမည်။

နက်နဲထူးဆန်း မြတ်ပဋ္ဌာန်းဒေသနာတော်သင်တန်း မှတ်စုများ

၁။ပဋ္ဌာန်းတရားဟောကြားသူ = ဗုဒ္ဓမြတ်စွာဘုရား။
၂။ပဌာန်းတရား ဟောကြားရာအရပ်ဒေသ = တာဝတိံသာနတ်ပြည်။
၃။ပဌာန်းတရားဟောကြားရခြင်းအကြောင်းရင်း = မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတနတ်သားကို ကျေးဇူးဆပ်ရန်။
၎။ပဌာန်းတရားကို ဦးစွာနာကြားကြသူများ =သန္တုဿိတနတ်သားနှင့် အနန္တစကြဝဠာအတွင်းရှိ နတ်ဗြဟ္မာများ။