Saturday, April 9, 2016

ဘုရားသော်မှ မလွတ်သော ၀ိပါတ်တော် ၁၂-ပါး

ဘုရားသော်မှ မလွတ်သော ၀ိပါတ်တော် ၁၂-ပါး
(၁) ပဌမ ၀ိပါတ်တော်။

(မေး) ဥရုဝေဠ၊ တောဝမြိုင်ခွင်၊
ခြောက်နှစ်ပတ်လုံး ကျင့်သုံးအရှင်၊
အားကုန်ခန်းလို့။ ညှိုးနွမ်းရုပ်အင်၊
ပင်ပန်းရေး၊ ၀ဋ်ကြွေး ဘယ်ကြောင့်တင်။

မြတ်ဗုဒ္ဓ၏ နေ့စဉ်ကိစ္စ ငါးပါး။

       မြတ်ဗုဒ္ဓ၏ နေ့စဉ်ကိစ္စ ငါးပါးမှာ==
၁။ ပုရေဘတ္တကိစ္စ = နံနက်ပိုင်း၌ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင်တို့အား အခွင့်အားလျော်စွာ
                         အနုမောဒနာပြုခြင်းကိစ္စ။

တကိုယ်တည်း နေခြင်း။

      လူတို့သည် အများနှင့်နေလျှင် စကားတပြောပြောနဲ့ ပျော်စရာကောင်းသည်ဟု ယူဆ
ကြသည်။ “တစ်ယောက်တည်းနေတော့ = တရား၊ နှစ်ယောက်ဆိုတော့ = စကား၊ သုံးယောက်
ဖြစ်လာရင် = အလကားတဲ့။” ဟု ဆရာတော်ကြီးတွေ မိန့်ကြားလေ့ ရှိကြပါသည်။

ကောင်းမှု၊ မကောင်းမှု ဒီနှစ်ခုကို ဘာနဲ့စံပြုပြီးတော့ ခွဲရမှာလဲ။

        သံသရာခရီးသွားနေတဲ့ ပုဂ္ဂိုလ်တွေဟာ မှားမှားယွင်းယွင်း တစ်ခုခု လုပ်မိသွားပြီဆိုရင် ခံရ
တဲ့ အကျိုးဆက်ဟာ သက်သာလှတယ်လို့ မရှိပါ။ ဗုဒ္ဓမြတ်စွာရဲ့ လက်ထက်တော် အခါမှာ ကြုံတွေ့
ခဲ့ရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အခြေအနေကို ဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကို သတိထားဖို့ လိုပါတယ်။

Friday, April 8, 2016

ခုနှစ်ပါး ဥစ္စာနှင့် လားရာဂတိ

ခုနှစ်ပါး ဥစ္စာနှင့် လားရာဂတိ

ရာဇဂြိုလ်ပြည်တွင် သုပ္ပဗုဒ္ဓ ဆိုသည့် အရေပြားရောဂါသည် သည်အတိတ်က မကောင်းမှု တစ်ခုကြောင့် နူနာရောဂါ ခံစားရကာ သူများတကာပေးကမ်း စွန့်ကြဲမှု ကို ငံ့လင့်ကာ မှီခိုစားသောက်နေထိုင်ရသူ ဖြစ်သည်။ သို့သော် ဘုရားရှင်ဟောကြားတော် မူသော တရားတော်တွေကို နာကြားခဲ့ရဖူးပြီး သူ၏ နှလုံးသား၌ စူးစူးနစ်နစ် စွဲဝင်ပြီး မြတ်နိုးစွာ တည်ထားသူဖြစ်၏။

Thursday, April 7, 2016

ရင်ဝယ်ပျိုး၍ ပွင့်သည့်ပန်း



ယထာပိ ပုပ္ဖရာသိမှာ၊ ကယိရာ မာလာဂုဏေ ဗဟူ။
ဧ၀ံ ဇာတေန မစ္စေန၊ ကတ္တဗ္ဗံ ကုသလံ ဗဟုံ။
ပန်းစုပန်းပုံအတွင်းမှ များစွာသော ပန်းကုံးတို့ကို သီကုံးပြုလုပ်သကဲ့သို့ အကြင်သူသည် ဥစ္စာသဒ္ဓါတည်း ဟူသော အစုအပုံအတွင်းမှ မြောက်များစွာသော ကုသိုလ်ကောင်းမှုကိုပြုရာ၏။

ဥပုသ်၏အနှစ်သာရနှင့် ဥပုသ်ရက်သတ်မှတ်ပုံ။

        ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ ဥပုသ်နေ့ ရောက်လာပြီဆိုရင် ဘာသာရေးကျင့်စဉ်
တစ်ခုအနေနဲ့  ဥပုသ်စောင့်ကြပါတယ်။ ဥပုသ်စောင့်တယ်ဆိုတာ ဘာလုပ်တာလဲလို့ သိရအောင်
ဗုဒ္ဓမြတစွာရဲ့ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ ဥပုသ်စောင့်ခြင်းရဲ့ အဓိပ္ပါယ်ကို ကျကျနန သိထားဖို့

ရွှေဟင်္သာဆရာတော်ဘုရားကြီး၏ အန္ဓပုထုဇဉ်။

       ရွှေဟင်္သာဆရာတော်ဘုရားကြီးက အမတဂါမိနီတရားတော်မှာ အန္ဓပုထုဇဉ်ရဲ့
သဘော လက္ခဏာ (၁၁) ချက်ကို ဖေါ်ပြထားပါတယ်။
 ၁။ အထူးထူး အပြားပြားသော ကိလေသာကို ဖြစ်စေတယ်။

ငါ့ဘ၀ကို ပတ်ခြောက်ဝိုင်းလို လူတွေများများကြည့်အောင်ပဲ နေသွားမှာလား? ။

        ဘုရားပွဲ၊ အလှူပွဲတို့မှာ အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်း၊ ဗျောတို့ပါကြတယ်။ ဘုန်းဘုန်းတို့အရပ်မှာ
ပတ်ခြောက်ဝိုင်းဆိုတာ ရှိတယ်။ ဒိုးပတ်ဝိုင်းကြီး အတိုင်းပဲ  ဒိုးပတ်ပါတယ်၊ လင်းကွင်းပါတယ်၊  နှဲပါ
တယ်၊ ၀ါးလက်ခုပ်ပါတယ်၊ မောင်းပါတယ်။ ဒိုးပတ်ဝိုင်းတော့ ဒိုးပတ်ဝိုင်းပဲ ဒါပေမဲ့ အသံမထွက်ဘူး။

Wednesday, April 6, 2016

ဘုန်းကြီး ပရိတ်ရွတ်စဉ် လူတွေ လိုက်ရွတ်ကောင်းပါသလား။

ဆရာတော် ဘုရား .. 
ဘုန်းကြီး ပရိတ်ရွတ်နေတုန်း လူတွေ အတူ လိုက်ရွတ်တာကို ဆရာတော်တစ်ပါးက တားမြစ်ကြောင်း အသံလွှင့် အစီ အစဉ်တစ်ခုမှာ အမျိုးသမီးတစ်ဦးက ပြောဆိုသွားပါသည်။ အကြောင်းပြပုံမှာ ပရိတ်ဆိုတာ သူများ အကျိုးရချင်ရင် ကိုယ်က ရွတ်ပေးရပြီး ကိုယ်က အကျိုးရချင်ရင် သူများ ရွတ်တာကို ကိုယ်က နာယူရသည့်ပြင် လူက ဘုန်းကြီးနဲ့ အတူ လိုက်ရွတ်ရင် ဘုန်းကြီးမှာ ဝိနည်းအရ အာပတ်သင့်သည်ဟု ဆိုပါသည်။ ဘုရားရှင် ကိုယ်တိုင် အရှင်စုန္ဒ

Tuesday, April 5, 2016

ဒုလ္လဘဝတ်ပြီး လူပြန်ထွက်ရင် ခေါင်းတုံးပြန်တုံးသင့်မသင့်

ဒုလ္လဘဝတ်သုံးပါး ညနေက လူထွက်တော့ ... 
ဘုန်းဘုန်း တပည့်တော်တို့ ခေါင်းရိတ်အုံးမယ်ဘုရား 
အယ် ဘာဖြစ်လို့ ခေါင်းက ရိတ်မှာလဲ 
ဘုန်းကြီးဝတ်တုန်းက ဆံပင်တွေ လူ့ဘဝထိ 
မပါချင်လို့ပါဘုရား၊ 
အေ ဟုတ်လား ဒါဆို ဆံပင်ပဲလား ခန္ဓာကိုယ်တစ်ခုလုံး 
ဘုန်းကြီးဝတ်တုန်းကလည်း ပါတယ်လေ အဲဒါတွေရော 
ဘယ်လိုလုပ်မလဲ ... ဆိုတော့ 

ဆရာတော် ဦးဗုဓ်။

         ကုန်းဘောင်ခေတ်မှာ ထွန်းကားခဲ့တဲ့ စာဆိုတော်များအနက် ဓမ္မစာဆိုတော်ကြီး တစ်ဦး
ဖြစ်တဲ့ ဆရာတော် ဦးဗုဓ်၏ ဇာတိနေရပ်မှာ စစ်ကိုင်းတိုင်း၊ အလုံမြို့နယ်၊ ညောင်ကန်ရွာ ဇာတိ
ဖြစ်ပါတယ်။ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့ကြောင့် အင်းဝနှင့် အမရပူရနေပြည်တော်မှာ ဘုရင်အ

ဥပုသ်စောင့်ခြင်း၏ အကျိုးကျေးဇူး။

     ဗုဒ္ဓဘာသာတင်မက အခြားအခြားသော ဘာသာတွေမှာလည်း ဥပုသ်စောင့်တယ်ဆိုတာ
ရှိကြပါတယ်။ သို့သော် သူတို့ဥပုသ်နဲ့ ကိုယ့်ဥပုသ် မတူညီကြပါ။ မတူညီသည့်အလျောက် အကျိုး
ပေးလည်း မတူညီကြပါ။ ဥပုသ်စောင့်ခြင်း၏ အကျိုးကျေးဇူးကို ဘုရားရှင်က လူတိုင်းနားလည်

“ သူယုတ်မာအင်္ဂါ လေးပါး ”

  (၁)သူတစ်ပါး၏ ဂုဏ်ကျေးဇူးမဲ့(မကောင်းကြောင်း)ကို မမေးဘဲနဲ့ပင် ပြောကြားတတ်ပြီး
မေးလျှင်လည်း ချဲ့ ကား၍ ပြောတတ်ခြင်း။
    (၂)သူတစ်ပါး၏ဂုဏ်ကျေးဇူး(ကောင်းကြောင်း)ကို မမေးလျှင်မပြောဘဲ မေးလျှင်လျှော့

Monday, April 4, 2016

ဒုလ္လဘရဟန်းဝတ်ခြင်း၏ အကျိုးကျေးဇူးနှင့် သတိထား ဆင်ခြင်အပ်သည့် အရာများ

သင်္ကြန်အခါ ရောက်ပြီဆိုလျှင် လူတို့သည် လုပ်ငန်းဆောင်တာ ကိစ္စအတော်များများ ရပ်ဆိုင်းထားကြသည်။ အချို့လူများကလည်း အားလပ်ရက်အခွင့်သာတုန်း ကုသိုလ်ရအောင် ဆိုကာ ဒုလ္လဘရဟန်း ၀တ်ကြသည်။ ပဗ္ဗဇိတဘာဝ ဒုလ္လဘ-ရဟန်းဘ၀ ရခဲသည်ဖြစ်၍ ကြိုးစားရယူကြခြင်း ဖြစ်ပါသည်။

Sunday, April 3, 2016

လှူဖွယ်ကိစ္စအ၀၀ သုတရှာမီကြ

၁။ ရှင်ပြုကိစ္စ
------------
ရှင်လောင်းတစ်ပါး ရှင်(ကိုရင်) ဖြစ်ဖို့ရန် အဓိက အင်္ဂါများမှာ-
၁။ခေါင်းရိတ် ဆံချခြင်း။
၂။မြတ်သင်္ကန်းကို ဆင်မြန်းခြင်း။
၃။ဆရာတပည့် သရဏဂုံကို ပီပြင်အောင် ရွတ်ဆိုခြင်း။
ဤအင်္ဂါသုံးပါး ပြည့်စုံလျှင် ရှင်(ကိုရင်)ဖြစ်ပေတော့သည်။ ရှင်ပြု ခြင်း၏ အနှစ်သာရသည် ဤသုံးပါးပင် ဖြစ်ပါသည်။

အရှင်နန္ဒမာလာဘိဝံသ၏ ဘ၀ခရီးဝယ် ရွေးချယ်ရမယ့်လမ်း။

       ဗုဒ္ဓဘာသာက ကံ ကံ၏အကျိုးကို အခြေခံထားပါတယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့အ
ကျိုး ခံရပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး ခံစားရပါတယ်။ ကိုယ်လုပ်မှ ကိုယ်ရပါတယ်။
ဗုဒ္ဓဘာသာ တရားက “ မ ” တာတို့၊ ကယ်တင်တာတို့၊ အပြစ်မှ ကင်းလွတ်တာမျိုး မရှိပါ။ အရာရာဟာ

တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ပုဂ္ဂိုလ်တွေက တိုင်းသူပြည်သားတွေကို ဘယ်လိုဖြောင့်အောင် လုပ်ရမလဲ?။

         ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအနေနဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ အဆုံးအမတွေကို
လိုက်နာကျင့်ကြံရင် အလွန်ကျေးဇူးများပါတယ်။ “ကျနစွာ သင်ပြမပေးတတ်သော ဆရာထံနေမိခြင်း
သည်  ထိုဆရာထံ၌ ဓမ္မလမ်းကြောင်း လွှဲချော်နေသဖြင့်  အမျိုးညံ့မှာ ပဋိသန္ဓေ နေမိခြင်းနှင့် တူ၏။

တရားအားထုတ်မှု နည်းစဉ်။

       တရားအားထုတ်ရာ၌ =
၁။ သုတမယဉာဏ်   = ဒိဋ္ဌိကွာကြောင်း ၀ိပဿနာတရားများကို အချိန်ရသလောက် နာကြားပါ။
                            (ဆရာတော်/ ဆရာကောင်း တရားနာခြင်း၊ ၀ိပဿနာစာအုပ် ဖတ်ခြင်း၊)
                             သုတမယဉာဏ် ရပါမည်။