Saturday, March 14, 2015
အရှင်အာနန္ဒ ပရိနိဗ္ဗာန်ပြုပုံ။
        ရှင်အာနန္ဒ ရဟန္တာဖြစ်တော့ သက်တော် (၈၀)ပြည့်ပြီ။ ဘုရားပရိနိဗ္ဗာန်စံလို့ (၃)လ ကျော်တဲ့
အခါ ရဟန္တာဖြစ်တယ်။ အေး ရှင်အာနန္ဒ မထေရ်မြတ်ဟာ သက်တော် ၁၂၀ ထိအောင် သက်ရှည်တယ်။
သာသနာတော်ရဲ့အကျိုး၊ မြတ်စွာဘုရား ဟောပြတဲ့ ဓမ္မရဲ့တာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်
သွားတဲ့ ရှင်အာနန္ဒ မထေရ်မြတ်ဟာ နောက်ဆုံးအချိန် "ကောဋိဂါမ" ဆိုတဲ့နေရာမှာ သီတင်းသုံးတယ်။
အမျက်ပြေ၍ အခက်ဝေစေရန်
မည်သူမဆို ဘ၀တွင် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများသည်လည်း များပြားလာနေမည်သာ ဖြစ်၏။ ထိုအတွေ့အကြုံများတွင် အကောင်းများရှိသကဲ့သို့ အဆိုးများလည်း ရှိတတ်၏။ အမှန်များရှိသကဲ့သို့ အမှားများလည်း ရှိတတ်၏။ အကောင်းနှင့် အမှန်ဖြစ်ခဲ့သည့် အတွေ့အကြုံများသည် ကောင်းနေပြီးသား ဖြစ်သဖြင့် အထွေအထူး ပြောင်းစရာ မရှိသော်လည်း အဆိုးများနှင့် အမှားများကား မကောင်းသဖြင့် ပြောင်းပစ်ရန်လိုအပ်၏။ မမှန်သဖြင့် ပြင်ရန်လိုအပ်၏။ ထိုအမှားများသည် ကိုယ်ထိလက်ရောက် လုပ်ခဲ့သည့် အမှားများ၊ နှုတ်ဖြင့်ပြောဆိုခဲ့သည့် အမှားများ၊ စိတ်ဖြင့် ပြစ်မှားခဲ့သည့် အမှားများဟူ၍ အမျိုးမျိုးရှိတတ်ရာတွင် မည်သည့်အမှားမျိုးပင် ဖြစ်စေ အချိန်မီ သတိဝင်၍ ပြုပြင်နိုင်လျှင် အမှန်ဖြစ်လာပြီး အကောင်းအဖြစ် ပြောင်းသွားမည်သာ ဖြစ်၏။ အမျက်ပြေ၍ အခက်ဝေမည်သာ ဖြစ်၏။ အရေးကြီးသည်မှာ အချိန်မနှောင်းခင် ပြောင်းပြင်နိုင်မှုသည်သာ အဓိကဖြစ်၏။
* ဝိပဿနာနှင့်ချမ်းသာဆင်းရဲ*
လောကရှိ အများစုသော လူသားတို့သည် ချမ်းသာနှင့် ဆင်းရဲ မကွဲပြားကြပါ။ ယင်းသို့ မကွဲပြားကြ၍ ချမ်းသာကို ဆင်းရဲထင်ကာ ရှောင်ရှားနေကြပါသည်။ ဆင်းရဲကိုမူ ချမ်းသာထင်ကာ ကြိုးစားရှာဖွေ ကျင့်သုံးနေကြပါသည်။
သိလျက် အပြစ်ကျူးလွန်သူနှင့် မသိ၍ အပြစ်ကျူးလွန်သူ မည်သူက ပိုအပြစ်ကြီးသနည်း...
  Q. အရှင်ဘုရား…
မကောင်းမှုအကုသိုလ် တစ်ခုခုကို ကျူးလွန်ရာတွင် အပြစ်ရှိမှန်းသိလျှက် ကျူးလွန်သူနှင့် အပြစ်ရှိမှန်းမသိ၍ ကျူးလွန်သူ မည်သူက ပိုပြီးအပြစ်ကြီးပါသနည်း။ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား။ ဦးတင်ပါတယ်ဘုရား။
(မျိုးအောင်)
ဆူးလေစေတီမှ ဒေါင်းခံဘုရား။
        ဗုဒ္ဓဘာသာဝင်တို့သည်  မိမိတို့၏နေအိမ်တွင်  မြတ်စွာဘုရား၏ ကိုယ်တော်စား ရုပ်ပွားဆင်း
တုတော်များကို ထားရှိကိုးကွယ်ကြပါသည်။ မြတ်စွာဘုရား၏ မဟာပူရိသလက္ခဏာတော် (၃၂) ပါး
တို့မှ  ရုပ်လုံးဖေါ်ရာတွင် အသုံးပြုသော လက္ခဏာတော် (၂၀) ကို အခြေခံပြီး  လက္ခဏာတော်ငယ်
(၈၀) တို့မှ ဖေါ်၍ ရသမျှ လိုက်နာပြီး ရုပ်လုံးပေါ်အောင် ထုလုပ်ရပါသည်။  ဖူးမြော်ရသူများ ကြည်
မိုးကုတ်ဆရာတော်၏ တရားတော်မှ ကောက်နုတ်ချက်များ(၂)။
  ၁၂။ ယုံကြည်ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊
         ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင် အမှန်ပင် မဂ်ရကြောင်း။
   ၁၃။ မစွန့်ကာမ၊ ဆရာမရှိ၊ ၀ီရိယလျော့၊ အားအင်ပျော့ကာ၊ လွန်စွာယူမှား၊
         ဤငါးပါး၊ တရားမဂ်ဖိုလ် ဝေးလေသတည်း။
နိဗ္ဗာန်ကို ရရောက်နိုင်သူ။
         မိလိန္ဒမင်းကြီးက အရှင်နာဂသိန်မထေရ်ကို “ အရှင်ဘုရား နိဗ္ဗာန်ကို အလုံးစုံသော
ပုဂ္ဂိုလ်များ ရရောက်နိုင်ပါသလား ” ဟု မေးလျှောက်သောအခါ အရှင်နာဂသိန်မထေရ်က
“ မင်းကြီး အလုံးစုံသောပုဂ္ဂိုလ်တို့ မရရောက်နိုင်ပေဘူး” လို့ ဖြေတယ်။
         “ ဒါဖြင့် ဘယ်လိုပုဂ္ဂိုလ်များမှ ရရောက်နိုင်ပါသလဲဘုရား၊ ရှင်းလင်းမိန့်ကြားတော်မူ
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၃)။
”ဆင်းရဲငြိမ်းရေး ချမ်းသာရေး”
    xxxxxxxxxxxxxxxxxxxxxxxx
    ကိုယ်စိတ်ဆင်းရဲ၊ ကြောက်လို့ ပဲ၊
    သူလဲ  အားကိုးရှာလေသည်။ ။
   ကိုယ်စိတ်ဆင်းရဲ၊ ကြောက်လို့ ပဲ၊
Friday, March 13, 2015
တရားမရလို့ ငိုတဲ့သူ။
       ရှင်အာနန္ဒ မထေရ်မြတ်ဟာ ဘုရား သက်တော်ထင်ရှားရှိတဲ့အချိန်မှာ တရားထူး တရားမြတ်
မရဘူး။ ကျင့်တော့ ကျင့်ပါတယ်။ နောက်ဆုံးမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသွားတယ်။ မြတ်စွာဘု
ရားရဲ့ ဝေယျာဝစ္စ ကိစ္စတွေ၊ ပရိယတ္တိဓမ္မရဲ့ တာဝန်တွေနဲ့ ရှင်အာနန္ဒမထေရ်မြတ်ဟာ တရားအား
ထုတ်ခွင့် မရပါ။
ဆင်းရဲပြီး ဒုက္ခရောက်နေသူများ ဘယ်လိုကုသိုလ်မျိုး ပြုသင့်ပါသလဲ…
Q.အရှင်ဘုရား…
ဆင်းရဲနွမ်းပါးပြီး ဆေးဖိုးဝါးခ မတတ်နိုင်သူများ၊ ကျန်းမာရေးမကောင်းလို့ အလုပ်မလုပ်နိုင် စားဝတ်နေရေးပါ ဒုက္ခရောက်ရသူများ ဘယ်လို ကုသိုလ်မျိုး ပြုသင့်ပါသလဲဘုရား။
(အေးအေး)
A.အဲဒီလိုအခြေအနေမျိုးမှာ လုပ်နိုင်တဲ့ကုသိုလ်မျိုးကို လုပ်ဖို့လိုပါတယ်။ ဗုဒ္ဓစာပေမှာ ပုညကြိယ၀တ္တုဆယ်မျိုး (ကောင်းသောအကျိုး၏ တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်တဲ့ကုသိုလ်ဆယ်မျိုး) ရှိကြောင်းဖော်ပြထားပါတယ်။ အဲဒီဆယ်မျိုးကတော့…
သီလရှင်ကို ယောက်ျားများက ရှိခိုးကောင်း၊ မကောင်း… သီလရှင်ကို တပည့်တော်ဟု သုံးသင့်၊ မသုံးသင့်
 Q.အရှင်ဘုရား…
သီလရှင်ကို တပည့်တော်တို့ ယောက်ျားများက ရှိခိုးကောင်းပါသလားဘုရား…။ သီလရှင်နှင့် စကားပြောတဲ့အခါ တပည့်တော်လို့ သုံးသင့်သလား၊ ကျွန်တော်စသည်ဖြင့် သုံးသင့်သလား သိချင်ပါသည်ဘုရား…ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား…
(မောင်စိုး)
ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရ်များ (၄၁)ပါး
၁။ အရှင်ကောဏ္ဍည=ဝါတော်ကြီးရင့်ခြင်း၊ ရတ္တညူအရာ။
၂။ အရှင်သာရိပုတ္တရာ=ဉာဏ်ပညာကြီးခြင်း၊ မဟာပညာအရာ။
၃။ အရှင်မဟာမောဂ္ဂလာန်=တန်ခိုးဣဒ္ဓိပါဒ်ကြီးခြင်း။
၎။ အရှင်မဟာကဿပ=ဓုတင်ဆောင်ခြင်း။
မိုးကုတ်ဆရာတော်၏ တရားတော်မှ ကောက်နုတ်ချက်များ(၁)။
  ၁။ ဒိဋ္ဌိက တဏှာထက် ပိုကြောက်စရာကောင်းသည်။
  ၂။ ကိုယ့်စိတ်ကို ကိုယ် အကဲခတ်တာသည် ၀ိပဿနာ။
  ၃။ ကံအမိ ကံအဖမှ  ဉာဏ်အမိ  ဉာဏ်အဖဖြစ်အောင် လုပ်လိုက်ပါ။
သတိရှိပါစေ။
ကိုယ်သေရင် ကိုယ်ပိုင်ဆိုင်တာတွေ
အကုန်ထားခဲ့ရမှာဖြစ်လို့
ကိုယ့်နောက်မပါတဲ့
ဒီလိုလေး ကြိုးစားကြည့်ပါ
အယူထွေပြား၊ ထိုသူများအား၊ ပြစ်မှားစိတ်မှာ၊ မရှိရာဘူး။
ပညာချင့်ထောက်၊ မာန်မမောက်နှင့်။
ကိုယ့်အောက်တန်းတူ၊ အထက်သူဟု၊ မှတ်ယူမြဲသို၊ သုံးပုဂ္ဂိုလ်တွင်
အောက်ကိုသနား၊ တန်းတူအားမူ၊ မြှောက်စားအမျှ၊ မယုတ်ချနှင့်၊ ထက်ကသူမှာ၊ ရိုသေရာ၏။
(မန်လည်ဆရာတော်ကြီး၊ မဃဒေဝလင်္ကာသစ်)
အဓိပတိသုံးပါး။
           ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုနည်းတွင် တရားအားထုတ်
တော့မယ်ဆိုရင် ဦးစွာလုပ်ဆောင်ရမယ့်  အဓိပတိသုံးပါးကို လုပ်ဆောင်ရမယ်။ အဓိပတိသုံးပါးဆို
တာ ၁။ မိမိကိုယ်ကို အားထားပြီး တရားအားထုတ်ရမယ်။ ငါသည် စားစရာ၊ နေစရာမရှိလို့  အား
Thursday, March 12, 2015
ငါးပါးသီလ ကံမြောက်ကြောင်း အချက်များနဲ့ကျူးလွန် ခြင်းကြောင့် ရမည့် အပြစ်များ
ငါးပါးသီလ ကို ဖောက်ဖျက် ကျူးလွန် ရာတွင် ကံမြောက်ခြင်း အကြောင်းများ၊ စောင့်ထိန်းရခြင်း နဲ့ မစောင့်ထိန်းရင် ကျူးလွန်သူ ခံစား ရမည့် ကံများကို ရှင်းရှင်း လင်းလင်း တိတိကျကျ သိရအောင် သိပြီး ဖြစ်လျှင်လည်း ထပ်မံ သတိရ သံဝေဂ ပွားများ နိုင်အောင် တင်ပြခြင်း ဖြစ်ပါသည်။
ဆဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၂)။
"" သီလကထာ ဒေသနာ""
          သီလရနံ့ ၊ မွှေးပျံ့ ကြိုင်စွာ၊
          သီလဆင်သိုင်း၊ ရှုတိုင်းလှပါ၊
          သီလစောင့်ငြား၊ မလားပါယ်ရွာ၊
ဇိဝှါဒွါရဆိုင်ရာ ရှုမြင်ပုံ။
        မနက်စာစားမယ်။ နေ့လည်စာ စားမယ်၊ စားပြီဆိုပါစို့။ စားတဲ့အခါ အစာက ပါးစပ်ထဲ
ဝင်လာတယ်၊ ပါးစပ်ထဲ လျှာနဲ့ ထိတွေ့တယ်၊ လျှာနဲ့ ထိတွေ့တဲ့အခါ အရသာ ပေါ်လာတယ်။
အရသာ ပေါ်လာတဲ့အခါ  အာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿ ပေါ်လာတယ်။ ဆက်သွယ်မှုကို
ဆရာကောင်းထံ နည်းနာခံ ။ ( အရှင်နန္ဒက=ဘိက္ခုနီတို့အား ဆုံးမခြင်း။ )
          မြတ်စွာဘုရားရှင် လက်ထက်တော်ကာလတုန်းက မိထွေးတော်ဂေါတမီ အပါအ၀င်
ဘိက္ခုနီမ ငါးရာတို့ဟာ ကောသလမင်းကြီး ဆောက်လုပ်လှူဒါန်းထားသော ရာဇိကာရုံကျောင်း
တော်မှာ သီတင်းသုံး နေတော်မူကြပါတယ်။ တစ်နေ့သောအခါ မိထွေးတော်ဂေါတမီက ဘုရား
ဥုံ ဂါထာရွတ်ဆိုမှု
မြန်မာဗုဒ္ဓဘာသာဝင်များထဲတွင်
"ဥုံ" ပါသော ဂါထာကို ရွတ်ဆိုသူတို့၏ အရေအတွက်လည်း နည်းဟန်မတူပါ။
အစဉ်အလာအရဆိုသလိုပင် "ဥုံ" ပါသောဂါထာများကို ရွတ်ဆိုခဲ့သည်မှာ
အလေ့အထတစ်ခုနှယ် ဖြစ်နေခဲ့ပါသည်။
 "ဥုံ" ဟူသည်မှာ မည်သို့ အဓိပ္ပာယ်သက်ရောက်သည်။
ဗုဒ္ဓဘာသာနှင့် ဆိုင်သော ဝေါဟာရ ဟုတ်၏-မဟုတ်၏ ဟူသည်ကို စိစစ်ခဲ့ခြင်း ရှိဟန်မတူ။ တစ်ဦးတစ်ယောက်က "ဥုံ" ဆိုလျှင် နောက်လူတို့ကလည်း "ဥုံ" ခံကြပေသည်။
လေးဆယ်ကျော်အချစ် ဘယ်လိုချစ်မလဲ
ဓမ္မကထိက ဝေါဆရာတော် အရှင်သုမင်္ဂလရဲ့ တရားခေါင်းစဉ်လေးတစ်ခုပါ။ ဒီခေါင်းစဉ်လေးကို ကြိုက်လွန်းလို့ ကိုယ့်ဘဝနဲ့ချိန်ထိုးထားတဲ့ အတွေးလေးတွေကို စာတစ်ပုဒ်အဖြစ် ရေးထုတ်ဖြစ်တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ မကြာခင် အသက် (၃ဂ)နှစ်ပြည့်ကာ (၄၀)နားကို တဖြည်းဖြည်းကပ်လာတဲ့ ဘဝရဲ့ ဖြတ်သန်းမှုတွေကို စဉ်းစားရင် လေးဆယ်ကျော်လာရင် ဘဝကို ဘယ်လိုဖြတ်သန်းမလဲ၊ ဘဝကို ဘယ်လိုချစ်ကြည့်မလဲ၊ သက်တမ်းတစ်ဝက်ကျိုးလာနေတဲ့ ဘဝဖြတ်သန်းမှုမှာ ကျန်တဲ့အချိန်တွေကို ဘယ်လိုနေထိုင်ကြည့်မလဲ စတဲ့ မေးခွန်းတွေလည်း အတွေးတွေနဲ့ မေးထုတ်ဖြစ်ခဲ့ပါတယ်။ 
အိမ်မွေးတိရိစ္ဆန်လေး တွေနောက်ဘ၀ကောင်း အောင်ကုသိုလ်ပြုရမရ...?
                                                                                                                                          မေး။ Thet Lay (https://www.faceboo k.com/thet.hlaing.9)
အရှင်ဘုရား ရှိခိုးကန်တော့ပါတယ်ဘုရား။ အချိန်ရရင် တခုလောက်ဖြေကြားပေးပါ။ ရင်ထဲမှာ သိချင်စိတ်ဖြစ်လာလွန်းလို့ပါဘုရား။ အမှားပါရင် ခွင့်လွတ်ပါ။ တပည့်တော်မတို့အိမ်မှာ မွေးထားတဲ့နွားနှစ်ကောင်က အဖေကရောင်းထုတ်ပစ်လိုက်တယ်လို့ ခုပဲသိရပါတယ်ဘုရား။
ဘိုးတော်ထမင်း။
      တချို့က ဆွမ်းတော်စွန့်တာ မစားကောင်းဘူးတို့ ဘာတို့ ပြောတဲ့သူက ရှိသေးတယ်။ ဟို..
ဘိုးတော်ထမင်းကျန်ကျတော့ လုစားတယ်၊ လောကလူတွေက တော်တော်တော့ ထူးဆန်းတယ်နော်။
         တစ်ခါတုန်းက ကြားဖူးတယ်၊  ဘိုးတော်တွေထမင်းကျန်စားလို့ ရှိရင် သိဒ္ဓိပေါက်မှာလိုလို
ကမ္မ၀ါဒ။
      မြတ်စွာဘုရား၏ ။ကမ္ပ၀ါဒကို နားလည်သဘောပေါက်လျှင် ဗေဒင်ဆရာ၊ နတ်ကတော်၊
ဘိုးတော် စသည်တို့၏ ညွှန်ကြားစေခိုင်းချက်အရ၊ ကံပွင့်လာဘ်ခေါ် အစီအမံများ အဆောင်
လက်ဖွဲ့များ၊ သိဒ္ဓိတင်ပစ္စည်းများကိုသာ ဆောင်နေသူများ မဖြစ်လာနိုင်တော့ပါ။
Wednesday, March 11, 2015
ဃာနဒွါရဆိုင်ရာ ရှုမြင်ပုံ။
       နှာခေါင်းကနေ အနံ့ကလေး ရလိုက်ပြီ- မီးဖိုချောင်က ဟင်းချက်လို့ရတဲ့ အနံ့ ဆိုပါစို့။
ကြက်သားကြော်အနံ့ ရတာတို့၊ ချဉ်ပေါင်ဟင်းအနံ့ ရတာတို့။ အဲဒီလို အနံ့တစ်ခု ရလိုက်ပြီဆိုတာနဲ့
တစ်ပြိုင်နက် အကြော်နံ့က နှာခေါင်းထဲဝင်လာတယ်၊ နံလိုက်တယ်။ နံလိုက်တဲ့ အခါမှာ နံသိစိတ်
ပေါ်လာတယ်၊ နံသိစိတ် ပေါ်လာတော့ အာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿ ပေါ်လာတယ်။ ဆက်
ဘ၀ထဲက အမြင်၊ အမြင်ထဲက ဘဝ
(၁)
ဇင်ဆရာကြီး ဟက်ကူအင် (Hakuin)ကို အနီးအနားဝန်းကျင်က အိမ်ထောင်မပြုဘဲနေတဲ့ သူတော်စင်ကြီးတစ်ဦးလို့ ချီးကျူးထောမနာပြုကြတယ်။ စားသောက်ဆိုင်ပိုင်ရှင်ရဲ့ လှပကြော့ရှင်းတဲ့ ဂျပန်မလေးကလည်း သူ့ကျောင်းအနီးအပါးမှာ နေပါတယ်။
တစ်နေ့မှာ သူ့မိဘတွေဟာ သမီးလေးမှာ ကိုယ်ဝန်ရှိနေကြောင်း မမျှော်လင့်ဘဲ ဗြုန်းစားကြီး သိလိုက်ရတယ်။ ဒါက သူ့မိဘတွေအတွက် အလွန် ဒေါသထွက်စရာကောင်းတယ်။ ဘယ်လိုမေးမေး ဘယ်သူနဲ့ရတဲ့ ကိုယ်ဝန်ဆိုတာကို မပြောဘူး။ နောက် ခြိမ်းခြောက်မေးမြန်းကြည့်တော့မှ ဟက်ကူအင်နဲ့ ရတာပါလို့ ပြောလိုက်တယ်။
သမထ နှင့်ဝိပဿနာ
http://api.ning.com/files/N3dksbtuMJ6kg5JYRk6nIBYjIXWfnYDgb9xhPw8nzoROI-8HALrz3XOrPC7kNptHTtc6GWJwR9lP6hlMrsprtOPf9Jq*Ijkc/DrNandamalabhivamsa.gif
သမထဆိုတာဘာလဲလို့မေးရင် သမထဆိုတာ
ကာမစ္ဆန္ဒ စတဲ့ ဆန့်ကျင်ဘက်တရားများကြိုငိမ်
သက်ပျောက်ကင်းစေနိုင်တဲ့တရားလို့ အဓိပ္ပါယ်
ရတယ်။ စိတ်ဖိစီးမှု စိတ်လှုပ်ရှားမှုများကိုငြိမ်သက်
ပျောက်ကင်းစေနိုင်တဲ့ သမာဓိတရားဟာ သမာဓိ
ဘဲဖြစ်တယ်။
ရှက်စရာကြီးမို့လို့ပါ။
        မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံး နေတော်မူတဲ့ အချိန်ကာလ...
ရသေ့ အပါးငါးရာတို့ဟာ ဟိမ၀န္တာတောတွင် သီတင်းသုံးနေကြပါတယ်။ တစ်နေ့ ..နွေရာသီ
ကုန်ဆုံးလို့ မိုးရာသီမရောက်မီ စပ်ကူးကာလ အချိန်တွင် ရသေ့အပါးငါးရာတို့ ဒေသစာရီကြွချီ
ရာ တစ်ခုသော လွင်ပြင်၌ အလွန့်အလွန် ကျယ်ပြန့်သော ညောင်ပင်ကြီးတစ်ပင်အောက်
မြန်မာလူမျိုးတွေ ဘာ့ကြောင့်မချမ်းသာကြသလဲ.....?
 မေတ္တာရှင်။ ။- ငါ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။
အဲဒီမေးခွန်းက - မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်းကိုးကွယ်ခွင့်ရတယ်။
ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။
သောတာပန် ၄ ပါး။
         သောတာပန် ၄ ပါးမှာ = =
၁။ သတ္တက္ခတ္တုပရမ သောတာပန် = ခုနှစ်ကြိမ် ပဋိသန္ဓေနေပြီးမှ ကျွတ်ရသော သောတာပန်။
၂။ ကောလံကောလ သောတာပန် = ၂၊ ၃၊ ၄၊ ၅၊ ၆ ကြိမ် ပဋိသန္ဓေနေပြီးမှ ကျွတ်ရသော
                                          သောတာပန်။
ဆရာတော်ကြီးများ၏ သြ၀ါဒကထာများ။
အချိန်မဖြုန်းနဲ့။
--------------
ဘာမှ မလုပ်နိုင်တော့တဲ့
သေခါနီးအချိန်ကျမှ
အသက်ရှည်ချင်နေမယ့်အစား
ဆဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၂)။
    "" သီလကထာ ဒေသနာ""
          သီလရနံ့ ၊ မွှေးပျံ့ ကြိုင်စွာ၊
          သီလဆင်သိုင်း၊ ရှုတိုင်းလှပါ၊
          သီလစောင့်ငြား၊ မလားပါယ်ရွာ၊
ဝိရိယနှင့် သမာဓိ။
ချင်တာဖြစ်ဆိုတဲ့ လူမျိုးပါ။ အပြင်းအထန် အားထုတ်ရှုမှတ်နေပေမယ့် ခန္ဓာကိုယ်ကြီးကသာ
ချွေးဒီးဒီးကျမယ် စိတ်ကတော့ အပြင်အာရုံတွေပေါ်မှာ ပျံ့လွင့်နေတတ်ပါတယ်။
Tuesday, March 10, 2015
စောစောက ပြင်ပါ။
       “သမယမှိ-အကြောင်းသင့်၍ အခွင့်သင့်ရာ အချိန်အခါ၌=
ဝိပစ္စိတုံ-ကောင်းကောင်းဆိုးဆိုး ဆိုင်ရာအကျိုးကို ပေးခြင်းငှာ”လို့ဆိုတော့ အဲဒီအကြောင်းတွေကို
လေ ဒါတွေဟာ မကောင်းကျိုးကို ပေးတတ်တဲ့ အကြောင်းတွေပဲလို့ နားလည်အောင် စောစောက
ပညာတွေ သင်ရမယ်။
တကိုယ်တည်း နေခြင်း။
       လူတို့သည် အများနှင့်နေလျှင် စကားတပြောပြောနဲ့ ပျော်စရာကောင်းသည်ဟု ယူဆ
ကြသည်။ “တစ်ယောက်တည်းနေတော့ = တရား၊ နှစ်ယောက်ဆိုတော့ = စကား၊ သုံးယောက်
ဖြစ်လာရင် = အလကားတဲ့။” ဟု ဆရာတော်ကြီးတွေ မိန့်ကြားလေ့ ရှိကြပါသည်။
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၂)။
          ”မကောင်းမှု”
          xxxxxxxxxxxxx
      ”ဣဓ  သောစတိ  ပေစ္စ  သောစတိ၊
      ပါပကာရီ  ဥဘယတ္ထ  သောစတိ။ ။
   သော  သောစတိ  သော  ၀ိဟညတိ၊
အရှင်ဆန္ဒာဓိက(ရွှေပါရမီ)ဆရာတော်၏ ဂုဏ်တော်ပွားနည်း။
        ဂုဏ်တော်ကို မည်သို့ နှလုံးသွင်း၍ပွားသင့်ကြောင်း အရှင်ဆန္ဒာဓိက ဆရာတော်က ဤ
သို့ မိန့်တော်မူပါ၏။
       “ = ပွားတော့ စိတ်ထဲကနေ ဘယ်လို ဆင်ခြင်ရမလဲဆိုရင် -- --
ဓမ္မက္ခန္ဓာပေါင်း (၈၄၀၀၀)ကို နှုတ်တက်ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ် ။
          ရှင်အာနန္ဒ မထေရ်မြတ်ဟာ မြတ်စွာဘုရား ဟောထားတဲ့ ဓမ္မက္ခန္ဓာပေါင်း (၈၄,၀၀၀)ကို
နှုတ်တက် ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဘယ်လောက်ထိအောင် လုံ့လ ၀ီရိယ ကောင်းသလဲ
ဆိုရင် မြတ်စွာဘုရားရဲ့ တရားတော်တွေကို နာလည်း နာတယ်၊ မှတ်လည်း မှတ်ထားပါတယ်၊
ရေချိုးကြရအောင်
“အရှင်ဘုရား… ဗဟုကာမြစ်ကို ရေးသွားချိုးသလား”
“အော်…. ရေချိုးတာပဲ ဒီနားက ရေတွင်းထဲမှာ ချိုးလည်း ရတာပဲ။ ဘာဖြစ်လို့ ဗဟုကာမြစ်ကို သွားချိုးရမှာလဲ”
“အော်… အရှင်ဘုရားကလည်း ဗဟုကာမြစ်ထဲမှာ အကုသိုလ်တွေကို မျောလို့ ရတယ်လေ၊ အဲဒီမှာ ရေချိုးရင် ကိလေသာတွေ စင်ကြယ်တယ်တဲ့”
“သူများတွေ ပြောတိုင်း မယုံပါနဲ့ ဘာရဒွါဇပုဏ္ဏားရယ်….၊ ဗဟုကာမြစ်မကလို့ အဓိကက္ကရေချိုးဆိပ်၊ ဂယာရေ ချိုးဆိပ်၊ သုန္ဒရိကာမြစ်၊ သူရဿတီမြစ်၊ ပယာဂရေချိုးဆိပ်၊ ဗဟုမတီမြစ်၊ ဘယ်နေရာမှာ ချိုးချိုး ကိလေသာတွေ ကတော့ မစင်ကြယ်နိုင်ပါဘူး”
ငြိမ့်..ငြိမ်..ငြိမ်း
(၁)
စင်္ကာပူ၏ ညက်ညောသော လမ်းမထက်တွင် တက္ကစီကားလေးက ငြိမ့်ငြိမ့်ကလေး ပြေးနေသည်။ ခံစားချက်လေး တွေကလည်း ငြိမ့်ကနဲ ငြိမ့်ကနဲ ဖြစ်လို့ နေခဲ့သည်။ ကားပေါ်မှာ လိုက်ပါရသည်မှာ ငြိမ်လှသည်။ ရာသီဥတုက လည်း မအေးလွန်း၊ မပူလွန်း၊ အတော်ပင် သာယာနေခဲ့သဖြင့် ငြိမ်းချမ်းသော နေ့တစ်နေ့ဟု သင်္ကေတပြု လိုက်သည်။
ဘုရားမကယ်နိုင်သူများ…
>လောကတွင် အချို့သူများသည် အကြောက်တရား နည်းပါးတတ်၏။ အယုံအကြည်လည်း နည်းပါးတတ်၏။ လက်တွေ့မဟုတ်လျှင် မယုံသည်များလည်း ရှိတတ်၏။ ထို့ကြောင့် အချို့ဆိုလျှင် မည်သည့်ကိစ္စများတွင် မဆို ပေါ့ပေါ့တန်တန်ပင် ပြောဆိုပြုမူ တုံ့ပြန်တတ်၏။
အချို့ကား ယုံကြည်မှုနှင့် အကြောက်တရား မရှိရုံမျှမက အတွေးအခေါ်များပင် မှားယွင်းသွားကာ ကံတရား၏ သဘောတရားများ အပေါ်တွင်လည်း အပျော်အပြက် ကဲ့ရဲ့တတ်သည်အထိ ဖြစ်တတ်ပေ၏။ ကံကံ၏အကျိုးတရားနှင့် စပ်လျဉ်း၍လည်း လက်တွေ့ မခံရသေးသည့်အခါ ကလေးကလား သဘောထားတတ်၏။
Monday, March 9, 2015
သောတဒွါရဆိုင်ရာ ရှုမြင်ပုံ။
         အကြားအာရုံနဲ့ ပတ်သက်ပြီး အသံက နားထဲမှာ ၀င်လာတယ်။ နားထဲမှာ အသံကို ကြား
လိုက်ရတယ်။ ကြားလိုက်ရတဲ့ အခါမှာ ကြားသိစိတ် ပေါ်လာတယ်။ ကြားသိစိတ် ပေါ်လာတော့
အာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿ ပေါ်လာတယ်။ ပေါ်လာတာအခါ ခံစားမှုဆိုတဲ့ ဝေဒနာ ပေါ်
လာတယ်။  နားရယ်၊ အသံရယ်၊ ကြားသိစိတ်ရယ်၊ ဖဿရယ်၊ ဝေဒနာရယ် (၅) ခုပဲ -ဟော
ကဏ္ဍကမြင်း၏ လားရာဂတိ
မေး။ ။သတ္တ၀ါ တို့၏ ဘ၀သစ်ကို ဘ၀ဟောင်းရှိ စုတေခါနီး ဇောစိတ်များက ပို့ဆောင်ပေးကြောင်း မှတ်သားရပါသည်။ လောဘနှင့်သေလျှင် ပြိတ္တာ၊ ဒေါသနှင့်သေလျှင် ငရဲ၊ မောဟနှင့်သေလျှင် တိရစ္ဆာန်၊ ဖြစ်သည်ဟုလည်း သိရပါသည်။ ဇာတ်တော်များလည်း နာကြားရပါသည်။
ဘုရားလောင်း သိဒ္ဓတ္ထမင်းသား တောထွက်ရာတွင် စီးနင်းသွားခဲသော ကဏ္ဍကမြင်းသည် ဘုရားလောင်းနှင့် ခွဲခွာရသဖြင့် ၀မ်နည်းပူဆွေးသော ရင်ကွဲနာဖြင့် သေဆုံးသွားကာ နတ်သားဖြစ်သွားသည် ဆိုသောအခါ ကျွန်တော် မကြံဆတတ်တော့ပါ။
မြတ်စွာဘုရားရှင် ၀ါဆိုတော်မူရာ မြို့၊ ရွာဒေသများ
မတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ - ခုနှစ်၊ ကဆုန်လပြည့်နေ့
သဗ္ဗညုတဥာဏ်ရှင် ဘုရားသခင်အဖြစ်သို့ ဆိုဒ်ရောက်တော်မူသည်မှ စ၍
အောက်ပါ မြို့ရွာဒေသများ၌ ၀ါကပ်တော်မူခဲ့ပါသည်။
(၁) ၀ါ - ဗာရာဏသီပြည်၊ ဣသိပတန မိဂဒါဝုန်တော၊
(၂၊ ၃၊ ၄) ၀ါ - ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၊
(၅) ၀ါ - ဝေသာလီပြည်၊ မဟာဝုန်တော၊ ကုဋာဂါရ - သာလာကျောင်း
(၆) ၀ါ - မကုဠတောင်၊ ချရားတော၊
ဗုဒ္ဓသာသနာ ကမ္ဘာပြန့်ဖို့ဆိုရင်...?
မန္တလေးမြို့၊ ပရိယတ္တိသာသနာ့တက္ကသိုလ်နေတုန်းက အမေရိကမှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးဥာဏ၀ရ အလည်ပြနကြွလာတယ်။ ရောက်တုန်းရောက်ခိုက် သြ၀ါဒချီးမြှင့်တယ်။ သြ၀ါဒထဲမှာ "သာသနာပြုပုဂ္ဂိုလ်ဟာ ၀ိဇ္ဇာနဲ့သာမက စရဏနဲ့ပါ ပြည့်စုံဖို့လိုအပ်ကြောင်း" ထည့်သွင်းပြောကြားသွားတယ်။ သာသနာပြုရဟန်းတော်အနေနဲ့ တက္ကသိုလ်စာသင်ခန်းတွေထဲမှာ သင်ရတဲ့ အတတ်ပညာပြည့်စုံရုံနဲ့တင် မလုံလောက်ဘူး။ အကျင့်စရဏနဲ့လည်း ပြည့်စုံဖို့လိုအပ်ကြောင်း ဆရာတော်ရဲ့သြ၀ါဒကို အဲဒီအချိန်အခါ တုန်းက နားလည်ခဲ့တယ်။
ဆဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၁)။
****ပေါ်တိုင်းမပြတ်၊ ရှုမှတ်နေလျှင်၊
      ရုပ် နာမ် နှစ်မျိုး၊ ကြောင်းကျိုးသိမြင်၊
      မမြဲဆင်းရဲ၊ ဉာဏ်ထဲပေါ်လွင်၊
      အနတ္တ သိရ နိဗ္ဗာန်ဝင်။ ။ ။
မုန်းသူကို ချစ်အောင်လုပ်နည်း။
         မိမိအား သူတစ်စုံတစ်ယောက်က မနာလို မုန်းထားခြင်း ခံနေရလျှင် ထိုသူအား မုန်း
စိတ်ကင်းပျောက်သွားပြီး မိမိကို သနားချစ်ခင်စိတ် ၀င်ရောက်လာစေလိုသော် မေတ္တာ ပို့
လွှတ်ပေးရပါမည်။
ရွှေဟင်္သာဆရာတော်ဘုရားကြီး၏ အန္ဓပုထုဇဉ်။
        ရွှေဟင်္သာဆရာတော်ဘုရားကြီးက အမတဂါမိနီတရားတော်မှာ အန္ဓပုထုဇဉ်ရဲ့
သဘော လက္ခဏာ (၁၁) ချက်ကို ဖေါ်ပြထားပါတယ်။
 ၁။ အထူးထူး အပြားပြားသော ကိလေသာကို ဖြစ်စေတယ်။
ရှင်ဘုရင်စီးတဲ့ စီးတော်မြင်း။
          ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအနေနဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ အဆုံးအမတွေကို
လိုက်နာကျင့်ကြံရင် အလွန်ကျေးဇူးများပါတယ်။ “ကျနစွာ သင်ပြမပေးတတ်သော ဆရာထံနေမိခြင်း
သည်  ထိုဆရာထံ၌ ဓမ္မလမ်းကြောင်း လွှဲချော်နေသဖြင့်  အမျိုးညံ့မှာ ပဋိသန္ဓေ နေမိခြင်းနှင့် တူ၏။