Saturday, February 2, 2019

ဘ၀သံသရာ အစအဆုံးမရှိကြောင်း

ဘ၀သံသရာတွင် အစအဆုံးမရှိကြောင်း ထင်ရှားအောင် ရှင်းလင်းတော်မူပါ ဆရာတော်။

ဖြေ။ ။ ဘ၀သံသရာဟာ စက်ဝိုင်းသဖွယ် အဆက်မပြတ် ကျင်လည်တဲ့တရား ဖြစ်လေတော့ အစအဆုံး မရှိဘူးဒကာကြီးရဲ့။ ဒီလို အစအဆုံး မရှိဘဲ စက်ဝိုင်းသဖွယ် ချာချာလည်နေပေမဲ့ ဒိစက်ဝိုင်းထဲက ထွက်နိုင်တဲ့လမ်းရှိတယ်။ အဲဒီထွက်ပေါက်လမ်းဟာ ဝေဒနာနဲ့
တဏှာအကြားမှာဘဲ။ မျက်စိနဲ့အသွင်သဏ္ဍာန်၊ နားနဲ့ အသံ၊ လျှာနဲ့အရသာ၊ ကိုယ်နဲ့အတွေ့၊ စိတ်နဲ့သဘောတို့ရဲ့တခုနဲ့တခု အသီးသီး ထိတွေ့ရိုက်ခတ်မှုကြောင့် ပေါ်ပေါက်လာရတဲ့ ဝေဒနာကို ၀ိပဿနာတရားနဲ့ အဆက်ဖြတ်ပြီး အမြစ်ဖြုတ်ပစ်နိုင်လို့ရှိရင် တဏှာဆိုတဲ့ တရားကို ဖြစ်ပေါ်စေတဲ့ အကြောင်းတရားဟာ ပေါ်ပေါက်မလာနိုင်တော့ဘူး။

Friday, February 1, 2019

ဘာသာ ၂-မျိုး၊ ၃-မျိုး ကိုးကွယ်လျှင်

ဆရာတော်ဘုရား ဘာသာ ၂-မျိုး၊ ၃-မျိုးတွဲ၍ ကိုးကွယ်လျှင် ရနိုင်ပါသလား၊ ဤသို့ ကိုးကွယ်သူသည် ဗုဒ္ဓဘာသာအရ သရဏဂုံ တည်နိုင်ပါမည်လား ဖြေကြားတော်မူပါဘုရား။
( မစန်းစန်းမြ-ပန်းဆွဲလမ်း၊ သုံးဆယ်မြို့ )

Thursday, January 31, 2019

ဝဋ်ကြွေးကျေအောင်

ယခင်ဘ၀များက ၀ဋ်ကြွေးများ ပါရှိနေလျှင် ယင်းဝဋ်ကြွေးများ ကျေအောင် မြတ်စွာဘုရားထံ၌ မည်ကဲ့သို့ ပေးဆပ်ရမည်ကို အကျယ်တ၀င့် ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။
( မခိုင်-မရမ်းကုန်းမြို့နယ်၊ ရန်ကုန် )

Wednesday, January 30, 2019

နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတို

ရှေးတုန်းကရွာတစ်ရွာမှာ လူကြီးတစ်ယောက်ရှိပါသတဲ့။ သူဟာ ညနေစောင်း အချိန်ရောက်ပြီ ဆိုတိုင်း ရွာထိပ်ကဘုရားကြီးရှေ့မှာ ဘုရားရှိခိုးလေ့ရှိပါသတဲ့.။ ဖြစ်ချင်တော့ သူက ဘုရားရှိခိုးတာဂုဏ်
တော်ပွားတာရိုးရိုးမလုပ်ပဲ လူအများ ကြားကောင်းအောင် နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတိုနဲ့ ရောက်ရပါလို၏ ဘုရား လို့ အော်ကြီး ဟစ်ကျုယ် အသံကောင်း ဟစ်တတ်ပါသတဲ့.။

နေ့စဉ်နဲ့အမျှ ကောင်းအောင်ပြင်ပါ။

    မြတ်စွာဘုရား သာသနာတော်နဲ့ ကြုံတွေ့တဲ့အချိန်မှာမှ မိမိကိုယ်ကို ကောင်းအောင်
မပြင်လိုက်နိုင်ဘူးဆိုရင် နောင် ကောင်းအောင်ပြင်ဖို့ဆိုတာ တော်တော်ခဲယဉ်းသွားလိမ့်မယ်။
လောကမှာ ရုပ်ကိုပြုပြင်ကြတာတော့ ခေတ်ကာလမရွေး၊ ဒေသမရွေး ပြုပြင်နေကြတာပဲ။

Tuesday, January 29, 2019

" တိမ်းလွယ် ညွှတ်လွယ်သောစိတ်ကို ဘယ်လိုထိန်းချုပ်မလဲ "

- တရားအားထုတ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်မှုကို စိတ်ပညာနည်းဖြင့် ချဉ်းကပ်ခြင်း ဖြစ်တယ်။ စိတ်ဓာတ်သန့်ရှင်းအောင် လေ့ကျင့်ခြင်းလည်းဖြစ်တယ်။ သဘာဝအားဖြင့်တော့ ပြုစုပျိုးထောင်
လေ့ကျင့်ခြင်းမရှိတဲ့စိတ်ဟာ အလွန်တိမ်းလွယ် ညွတ်လွယ်တယ်။ လူတွေကို မကောင်းမှုပြုဖို့ဘက်ကိုပဲ ဆွဲဆောင်တတ်တယ်။ ပြီးတော့ ကိလေသာအာရုံကာမဂုဏ် တရားတွေနဲ့ အနှိုင်းခံကျေးကျွန် ဖြစ်လွယ်တယ်။

စေတနာထက်သန်မှုအပေါ် အကျိုးပေးကွာခြားပုံ။

     လှူဖွယ်ပစ္စည်းနည်းနည်းကို လှူဖို့ရန်နှင့် လှူဖွယ်ပစ္စည်းများများ ကြီးကြီးကျယ်ကျယ်
လှူဖို့ရန် အားထုတ်ရာ၌လည်း အားထုတ်မှု လုံ့လချင်း မတူညီကြချေ။ နည်းနည်းလှူဖို့ရန် အား
ထုတ်ရာ၌ တစ်ခဏနှင့်ကိစ္စပြီး၏။ ကြီးကြီးကျယ်ကျယ် များများလှူဖို့ အားထုတ်ရာ၌ကား အလှူ

Monday, January 28, 2019

"ကောမာရဗြဟ္မစရိယသီလကို အိမ်ထောင်သည်များ ဆောက်တည်နိုင်သလား"

အိမ်ထောင်သည်ဖြစ်ပြီး ကိုယ့်အမျိုးသားနဲ့ ခဏခွဲနေချိန်မှာ ဒီသီလကိုစောင့်ထိန်းလို့ရလားဆရာလေးလို့ တပည့်တော်ညီမက မေးလာတယ်ဘုရား။ သူကအပျိုတည်းက ဒီသီလကိုစောင့်ထိန်းခဲ့တယ်။ ခု သူ့အမျိုးသားနဲ့ခဏခွဲနေရတော့ ဒီသီလကို ပြန်ဆောက်တည်ပြီး နေတယ်ဘုရား။ တပည့်တော်က ရပါတယ်လို့ပြောလိုက်တယ်။ အဲ့ဒါသင့်/မသင့် ဆုံးဖြတ်ပေးပါဘုရား။ 
(မဝိမာလာ) Ma Vi Khin Marlar

ဒေါက်တာအရှင်ဆေကိန္ဒ၏ ဘ၀လှအောင်ပြင်ချင်စိတ်။

     ဘုန်းဘုန်းကတော့ အစိုးရမူလတန်းကျောင်းမှာ တစ်တန်းကစပြီး ကျောင်းနေရတယ်။ အဲဒီတစ်
တန်းမတိုင်ခင်က မူကြိုခေါ်မလား၊ သူငယ်တန်းခေါ်မလား မပြောတတ်ပါဘူး။ ဘုန်းဘုန်းတို့ရဲ့  စစ်
ကိုင်းတောင်ရိုးက ရေဦးတိုက်သစ်ဆိုတဲ့ ကျောင်းတိုက်ရှိတယ်။ အဲဒီကျောင်းတိုက်မှာ  ဒီအနီးအနား

Sunday, January 27, 2019

သက္ကဋကရက နတ်သား

ထိုနတ်သားဗိမာန်သည် ၁၂ယူဇနာရှိ၍ တိုင်တို့သည် ပတ္တမြား စီခြယ်ထားပါသည်။ ဘုံဗိမာန် အခန်းတို့၌ ရှိသော အထွတ်ဘုံဆောင် ၇၀၀ သည် ကြောင်မြက်ရွဲတို့ဖြင့် ပြီး၏။ ဗိမာန်၏ တံခါးဝ၌ ရှေးက ပြုဖူးသော ကုသိုလ် ကောင်းမှုကြောင့် ပုလဲဆိုင်းဖြင့်ဆွဲထားသော ရွှေ
ပုဇွန်လုံးရုပ် ပါရှိပါ၏။ ထို ပုဇွန်လုံးရုပ်တည်ရှိ နေသောကြောင့် ထိုဗိမာန်ကို ရွှေပုဇွန်ဗိမာန် ဟူ၍လည်းကောင်း၊ ထိုနတ်သားကို ရွှေပုဇွန် နတ်သား ဟူ၍ လည်းကောင်း ခေါ်ပါ၏။

တရားသိနေသူ။

               လူတိုင်း လူတိုင်းမှာ မျက်စိရှိနေကြပါတယ်၊ မျက်စိလေး -နှစ်လုံး ဖွင့်လိုက်လို့ရှိရင်
မြင်စရာ အာရုံလေးက မျက်စိထဲမှာ ပေါ်လာပါတယ်၊ ဥပမာ - ပန်းပွင့်ကလေးကို ကြည့်တယ်ဆို
လို့ရှိရင် ပန်းပွင့်ကလေးနဲ့ မျက်လုံးလေး ဆုံလိုက်တဲ့အခါ ပန်းပွင့်ကလေးကို မြင်တယ်ဆိုတဲ့