Saturday, May 27, 2017

တ ကယ် သိ စ ရာ တွေ ရှိ ပါ သေး တယ်

လူတွေနဲ့ ဆက်ဆံပြောဆိုတဲ့ေ နရာမှာ မိမိဘက်က ထားရှိသင့်တဲ့၊ လိုက်နာကျင့်သုံးသင့်တဲ့ သဘောထားတွေ အပြုအမူတွေနဲ့ ပါတ်သက်ပြီး လူငယ်တွေနဲ့ စကားဝိုင်းတစ်ခု ဖြစ်ခဲ့ဘူးပါတယ်။
အဲဒီစကားဝိုင်းမှာ လူတွေနဲ့ ဆက်ဆံပြောဆိုတဲ့ နေရာမှာ သူအသုံးပြုခဲ့တဲ့ သဘောထားဟာ
(၁)respect 
(၂)respect
(၃)respect ပါလို့ INGO တစ်ခုမှာ ပရဟိတ အလုပ်တွေကို တာဝန်ယူ လုပ်ကိုင်နေတဲ့ လူငယ် တစ်ယောက်က ပြောခဲ့ဘူးပါတယ်။

သံဝေဇနိယ လေးဌာန။

       သံဝေဂသည် ထိန်လန့်မှုနှင့်အတူဖြစ်သော/သံဝေဂဉာဏ်ကို ဖြစ်စေနိုင်သော အရာများကို
သံဝေဇနိယဟု ခေါ်ဆိုရပါသည်။ ဖွား၊ ပွင့်၊ ဟော၊ စံ ဟု အတိုကောက် သုံးနှုန်းထားသော ဌာန
မှားမှာ==

ဗုဒ္ဓဟောကြားသော မိတ်ဆွေကောင်းများ။

        တကယ့်ကို စိတ်နှလုံးကောင်းရှိတဲ့ ပုဂ္ဂိုလ်ကို မိတ်ဆွေကောင်းလို့ ခေါ်ပါတယ်။ ဘယ်လို
ပုဂ္ဂိုလ်ဆိုရင် (၁)။ “ဥပကာရ”= ကျေးဇူးပြုတတ်တဲ့ မိတ်ဆွေ။ ကိုယ်ရဲ့ အပေါင်းအသင်း တစ်
ယောက်ဟာ၊ ဆိုပါစို့... အရက်သေစာ သောက်ပြီး မူးမေ့နေရင်တောင်မှပဲ အမူးပြေသည်အထိ

မိသားစု တစ်စုလုံး ငြိမ်းအေးလိုလျှင်။

    လောကကြီးမှာ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေ အကျိုးစီးပွါးဖြစ်ဖို့၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါ
တွေ ချမ်းသာဖို့၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေ ကောင်းကျိုးရဖို့ ဘုရား၊ တရား၊ သံဃာ  ရတနာ
သုံးပါး ပွင့်ပေါ်လာတာ။  ဘုရားကြည်ညို၊ တရားကြည်ညို၊ သံဃာကြည်ညိုတယ် ဆိုရင် ကိုယ့်မိ

Friday, May 26, 2017

စိတ်ဆိုးတော့မယ်ဆိုရင်

စိတ်မချမ်းသာဘူးဆိုရင်၊ စိတ်ဆင်းရဲရင်၊ စိတ်ဆိုးရင်၊ဒေါသ၊သောက၊ဣဿာမစ္ဆရိယစတဲ့ 
အကုသိုလ်တရားတွေ ၀င်လာရင် အကြောင်းရင်းကိုရှာပြီးဖျောက်ပါတဲ့။

မူလပဏ္ဏာသပါဠိတော် ၀ိတက္ကသဏ္ဌာနသုတ်မှာလာတဲ့ “အကုသိုလ်ကိလေသာဝင်ရင်ပယ်နည်းငါးနည်း”
ထဲက တစ်ခုပါ။အကြောင်းရင်းကိုရှာပြီး ပယ်ပါတဲ့။

Thursday, May 25, 2017

နိဗ္ဗာန်အဟုတ်မက်ပေမယ့် နှုတ်ဆက်ရအုံးမယ်



သတ္တ၀ါတိုင်းဟာ ဖြစ်လေရာ ဘ၀၊ ရောက်လေရာအရပ်မှာ ချမ်းသာချင်ကြတာချည်းပါပဲ၊ ဒါပေမယ့် လက်တွေ့မှာ ဆင်းရဲနေကြရတာကတော့ ဘ၀ရည်မှန်းချက်နဲ့ လမ်းစဉ်တွေ လွဲမှား ကြလို့နဲ့ တူပါရဲ့။ ချမ်းသာခြင်းဆိုတာကလည်း အဓိပ္ပါယ်အမျိုးမျိုး ကောက်ယူနိုင်တာကိုး၊ ဒါမှမ ဟုတ် ချမ်းသာစစ် ချမ်းသာမှန်ကို ရှာမတွေ့သေးလို့လည်း ဖြစ်နိုင်ပါတယ်။

ဗုဒ္ဓမိန့်ခွန်း။

* ဖြစ်ပျက်နှစ်ဖြာ၊  မမြင်ပါဘဲ
   တစ်ရာအသက်၊  ရှင်သည်ထက်လည်း
   ဖြစ်ပျက်နေဟန်၊ ရုပ်နဲ့နာမ်ကို

သေခြင်းအကြောင်း ၄ မျိုး။

၁။ အသက်တမ်း ကုန်ခြင်း။ (ဥပမာ- ဆီမီးငြိမ်းရာ ဆီကုန်ခြင်း။)
၂။ ကံ  အစွမ်းကုန်ခြင်း။ (ဥပမာ- ဆီမီးငြိမ်းရာ မီးစာကုန်ခြင်း။)
၃။ အသက်တမ်း၊ ကံ အစွမ်း ၂ မျိုးလုံးကုန်ခြင်း။ (ဆီနှင့် မီးစာ ၂ မျိုးစလုံး ကုန်ခန်းခြင်း။)

မပေါင်းသင်းအပ်တဲ့ မိတ်ဆွေတု။

       လောကမှာ မိတ်ဆွေကောင်း ရှိဖို့လိုပါတယ်။ အဲဒီ မိတ်ဆွေကောင်းအထဲမှာ  မိတ်ဆွေ
မဟုတ်ဘဲနဲ့ မိတ်ဆွေယောင် ထင်နေရတဲ့ ပုဂ္ဂိုလ်မျိုးက လေးမျိုးရှိပါတယ်။ မြတ်စွာဘုရားက
သိင်္ဂါလောဝါဒသုတ္တန်မှာ သင်္ဂါလသတိုးသားကို ဆုံမသြ၀ါဒ ပေးတဲ့အနေနဲ့ဟောထားပါတယ်။

Wednesday, May 24, 2017

စေတနာပါမှ ဒါနဖြစ်မယ်


စေတနာပါမှ ဒါနဖြစ်မယ်
 သဒ္ဓါဖွေးဖြူ မေတ္တာကူပြီး စင်ကြယ်သန့်ရှင်း၊ တွယ်တာမှုကင်းတဲ့စိတ်နဲ့ ကိုယ်ပိုင်ပစ္စည်းကို တစ်ပါးသူလက်တွင်းသို့ စွန့်ကြဲပေးပမ်းနိုင်ခြင်း ဟာ"ဒါန"ပြုတာပါ။ အလှူဒါနဆိုတာ နည်းမှန် လမ်းမှန်ပြုတတ်ရင်  ဘ၀ကိုလည်း လှစေတယ်၊ လောကကိုလည်း လှစေတယ်။ စိတ်ကိုလည်း လှစေ ပါတယ်။

Tuesday, May 23, 2017

နှမြောတွန့်တိုသော သူဌေးကြီး

သာဝတ္ထိပြည်ဝယ် ကုဋေလေးဆယ် ကြွယ်ဝသော အာနန္ဒာသူဌေး ရှိ၏၊ သူသည် အလွန်နှမြောတွန့်တိုပြီး ပေးကမ်းစွန့်ကြဲ လှူဒါန်းမှုကို လုံးဝစိတ်မကူးပေ။ သူ၏ တဦးတည်းသောသား မူလသိရီကို ပေးကမ်းစွန့်ကြဲမှု မပြုမိရန် ၁၅-ရက် တကြိမ် သတိပေးလေ့ရှိ၏၊ သူ၏သား မသိအောင်ပင် ရွှေအိုးငါးလုံးကို ကွယ်ဝှက်မြှုပ်ထား၏၊

ထိုအာနန္ဒာသူဌေး ကွယ်လွန်သောအခါ စဏ္ဍာလ (သူတောင်းစား) တဦး၏ ၀မ်းတွင် ပဋိသန္ဓေယူ၏၊ သူမွေးဖွားသည်မှစ၍ တမျိုးလုံး ဆင်းရဲပင်ပန်း ဖြစ်ကြသည်၊ အရွယ်ရောက်လတ်သော် သူ၏ အမေက ခွက်တလုံးပေးကာ အိမ်မှ ထွက်ခွါသွားစေလေသည်၊ တောင်းခံ၍ရသမျှနှင့် မ၀တ၀ စားသောက်နေရရှာသည်၊

တနေ့သော် မူလသိရီ အိမ်ရှေ့သို့ ရောက်သွားသည်၊ ထိုအခါ ယခင်ဘ၀က သားတော်ခဲ့သည်ကို သတိရလာပြီး အိမ်ဝင်းထဲဝင်သွားလေသည်၊ သူ၏ဆိုးဝါးသော ရုပ်အဆင်းကိုမြင်သော မြေးသည် ကြောက်လန့်၍ ငိုယိုရာ အစောင့်အရှောက်များက သူ့အား ရိုက်ပုတ် နှင်ထုတ်ကြသည်၊

ထိုအချိန် မြတ်စွာဘုရား ကြွရောက်လာ၍ မူလသိရီ သူဌေးအား "ဤစက်ဆုပ်ရွံရှာဖွယ် သူတောင်းစားသည် သင်၏ ဖခင် အာနန္ဒာ သူဌေးပင်ဖြစ်၏" -ဟု မိန့်ဆိုသည်၊
"အာနန္ဒာသူဌေး သင်မြှုပ်ခဲ့သော ရွှေအိုးငါးလုံးကို ပြလိုက်ပါ"-ဟု မိန့်တော်မူသည်။
သူပြသောနေရာတွင် တူးဖော်ရာ ရွှေအိုးများ ရရှိသဖြင့် မူလသိရီသူဌေး ယုံကြည်သွားကာ မြတ်စွာဘုရားအား ဆည်းကပ်ကိုးကွယ်ရာ အောက်ပါဂါထာကို ဟောတော်မူသည်။

( ပါဠိဂါထာ )
ပုတ္တာမ`တ္ထိ ဓန`မတ္ထိ ၊ ဣတိ ဗာလော ၀ိဟညတိ ။
အတ္တာ ဟိ အတ္တနော နတ္ထိ ၊ ကုတော ပုတ္တာ ကုတော ဓနံ ။

( မြန်မာပြန် )
လူမိုက်သည် ငါ့အား သားသမီးတို့ ရှိကုန်၏။
ဥစ္စာတို့သည်လည်း ရှိကုန်၏-ဟု (စွဲလမ်းမှုတဏှာဖြင့်) ဆင်းရဲပင်ပန်းရ၏။
အမှန်သော်ကား မိမိပင်သော်လည်း မိမိအတွက် အားထားရာ မဖြစ်နိုင်။
သားသမီး ပစ္စည်းဥစ္စာတို့သည် အဘယ်မှာ အားထားမှီခိုရာ ဖြစ်နိုင်ကုန်အံ့နည်း။

( ဆောင်ပုဒ် )
သမီးသားနှင့်၊ စီးပွားဥစ္စာ၊ တွယ်တာကြောင့်ကြ၊ လူ့ဗာလသည်၊ သောကမှုပွေ၊ ဆူဆူဝေ၏။
အိုနာသေများ၊ အနီးပါးဝယ်၊ ထင်မှားယူဆ၊ အတ္တသည်ပင်၊ မရှိအင်ကြောင့်၊ ဘယ်တွင်ဥစ္စာ၊ အားကိုးရာသား၊ ရှိနိုင်ငြားအံ့။

( ဗာလ၀ဂ်-အာနန္ဒသေဋ္ဌိ ၀တ္ထု )

ဘဝ ကောင်း၊ ဘဝဆိုး။

     ဂတိ=ဘဝကိုက မကောင်းတဲ့ ဘဝ၊ တိရစ္ဆာန်ဘဝ ရောက်စမ်းပါလား။ ငရဲဘဝ ရောက်နေ
စမ်းပါလား။ ပြိတ္တာဘဝ ရောက်နေစမ်းပါလား။
မကောင်းတဲ့ ကံဟာလေ သိပ်အကျိုးပေးခွင့် ရသွားတာပဲ။

နတ်ပြည်၊ ဗြဟ္မာ့ပြည်မှ မြေအမျိုးအစား။

      လူ့ပြည်ဖြစ်သော ဤကမ္ဘာတွင် သဲမြေ၊ နူးမြေ၊ ရွံ့မြေ၊ ကျောက်မြေစသည်ဖြင့် မြေ
အမျိုးမျိုး ရှိပါသည်။ နတ်ပြည်၊ ဗြဟ္မာ့ပြည်၌ မြေသည် လူ့ပြည်မှာကဲ့သို့ ဖုံမှုန့်ပါသောမြေမျိုး
မဟုတ်ပေ။ ဖန်မြေ၊ မှန်မြေ ဖြစ်၏။ ဖုံမှုန့်စသော အညစ်အကြေးကင်းစင်၍ နတ် ဗြဟ္မာတို့၏

အရှင်သာရိပုတ္တရာရဲ့ အတုယူစရာစိတ်ဓာတ်ကောင်း။

           လောကမှာ အပြစ်တွေ့လို့ သူ့ကို သတိပေးပြောကြားရင်လည်း လက်ခံတဲ့ပုဂ္ဂိုလ်
 ဖြစ်ရပါမယ်။ အဲဒီအချက်က အင်မတန်ခက်တယ်။ ခက်တာက လူတွေမှာ  မာနရှိတယ်။ မာန
ရှိတဲ့ အတွက်ကြောင့် ကိုယ့်ထက်ငယ်တဲ့ ပုဂ္ဂိုလ်ကပြောရင် လက်မခံကြဘူး။ ကိုယ့်အောက်ငယ်

Monday, May 22, 2017

မသိ၍လိုချင် တပ်မက်ခြင်း

ပုံပြင်တစ်ခုပြောပြမယ်နော်..... ပြီးရင်ပုံပြင်ထဲက အမျိုးသမီးကဘယ်သူလဲပြောပြပေးပါ.....
.
ဒီပုံပြင်လေးဖတ်ပြီး တို့တွေလဲ မသိလို့ ဘယ်လောက်တောင်မှားပြီးကြပြီလဲ ....သံဝေဂ ရ ..... ချင့်ချိန်တတ်အောင်ပါ.....
.
★ ★ အခန်း ( ၁ )
.
အမေ့သားရဲ့ သွေးအစစ်ပါအမေရယ် …. ကျမမလိမ်ရပါဘူး …. သူပြန်လာရင်သက်သေတည်ရပါစေ့မယ် ရှင် …။

Sunday, May 21, 2017

ဗုဒ္ဓ အရပ်တော်

ဘုရားအရှင်ရဲ့ အရပ်တော် ကို ဗုဒ္ဓ၀ံသပါဠိတော်မှာ ၁၆ တောင် နှင့် ကျန်တဲ့ အဋ္ဌကထာများက ၁၈ တောင်ရှိတယ်လို့ ရေးထားတာသိရပါတယ်တဲ့ ..... ဘုရားရှင်ရဲ့ အရပ်တော်အစစ် အမှန် ကို သိပါရစေတဲ့ ....။
.

အသက်တိုရတာ။

       အချို့သူတွေဟာ သနားကြင်နာစိတ်၊ ညှာတာထောက်ထားစိတ် အင်မတန်နည်းကြပါတယ်။
သတ်ရဖြတ်ရမှာ ၀န်မလေးကြပါ။ နိုင်ထက်စီးနင်း လက်ရဲဇတ်ရဲ သတ်ဖြတ်တတ်ကြပါ
တယ်။ သတ်ရ၊ ဖြတ်ရတာကိုပဲ ကျေနပ်အားရ ဖြစ်တတ်ကြပါတယ်။ ဒီပုဂ္ဂိုလ်တွေသေရင် ငရဲကို

ဝိသာခါရသောဆု (၈)ပါး။

၁။ သံဃာအား အသက်ထက်ဆုံး မိုးရေခံသင်္ကန်း လှူဒါန်းခြင်း။
၂။ အာဂန္တု ရဟန်းအား ဆွမ်းလှူဒါန်းခြင်း။
၃။ ခရီးသွားရဟန်းအား ဆွမ်းလှူဒါန်းခြင်း။

ဆရာသမားကောင်း ရွေးချယ်နည်း။

         “ ပိယော ဂရု ဘာဝနီယော၊ ၀တ္တာ စ ၀စနက္ခမော ”
ဆရာသမားတွေနဲ့ ပတ်သက်ပြီး ကိုယ်က ဆရာတင်ပြီး ကိုးကွယ်မယ်ဆိုရင် မိတ်ကောင်းဆွေ
ကောင်း ဆရာသမားဆိုတာ အဲဒီ အရည်အသွေးတွေ ရှိမရှိ ကြည့်ရပါမယ်။=