Saturday, January 4, 2014

လူသားတို့အတွက် အားပေးစကား အလိုအပ်ဆုံးအချိန်။

           မြတ်စွာဘုရားက မဟာနာမကို အဆုံးအမပေးပုံက “အမျိုးသား ဥပသကာ တစ်ယောက်
ဖြစ်စေ၊ အမျိုးသမီး ဥပသကာမ တစ်ယောက်ဖြစ်စေ စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ စဉ်းစား
ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် နေမကောင်းထိုင်မသာဖြစ်လို့ အသက်အန္တရာယ် စိုးရိမ်ရလောက်

၃၁ ဘုံမှာ သတ္တဝါ တွေ ဘာကြောင့် မကုန်နိုင် တာလဲ


                     


မေး။ ။အရှင် ဘုရား၊ တပည့်တော် တို့၏ ဗုဒ္ဓဘာသာ ပန်းတိုင် သည် နိဗ္ဗာန် ဖြစ်ပါ သည်။ နိဗ္ဗာန် ကို မျက်မှောက် ပြုသွားကြ သူများမှာ လည်း များပြား လှပါ သည်။ ဤသို့ နိဗ္ဗာန် ကို မျက်မှောက် ပြုသွား သူများ များပြား လှသော် လည်း သုံးဆယ့် တဘုံ တွင် သတ္တ၀ါ များ ကုန်သည် ဟူ၍ မရှိပါ။

သိဒ္ဓိတင်ခြင်း



 


လူတစ်ယောက်သည် အခြားလူတစ်ယောက်ကိုပါးစပ်က ပွစိပွစိလုပ်၍ မန်းမှုတ်ပေးရုံမျှဖြင့်
တကယ် သိဒ္ဓိမြောက်သွားနိုင်ပါသလော

ယင်းသို့ စေတစ်လုံးနှင့် ဖန်တီးပေးနိုင်သူကားကြောင်းကျိုးဝါဒ ဗုဒ္ဓအယူ၌ ရှေးကလည်းမရှိခဲ့၊ ယခုလည်း မရှိ၊နောင်လည်းရှိမည် မဟုတ်ပါ။

နိဗ္ဗာန်ခရီးကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား (၆) ပါး။

            နိဗ္ဗာန်ခရီးကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား (၆) ပါးမှာ==
၁။ ကာမစ္ဆန္ဒနီဝရဏ = ကာမဂုဏ် (၅) ပါးတို့၌ တပ်မက်ခြင်း။
၂။ ဗျာပါဒနီဝရဏ = အမျက်ထွက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ခိုက်ရန်များခြင်း။

မဟာဇနကမင်းကြီး၏ သံဝေဂတရား။

           ဘုရားအလောင်းတော် မဟာဇနကမင်းကြီး ဆင်ဖြူစီးပြီး ဥယျာဉ်တော် ထွက်လာတဲ့အခါ
ဥယျာဉ်ဝမှာ အသီးတွေဝင်းမှည့်ပြွတ်ခဲနေတဲ့ သရက်ပင်ကြီးတစ်ပင်ရယ်၊ အသီးမရှိဘဲ အရွက်တွေ
စိမ်းမြစည်ပင်နေတဲ့ သရက်ပင်ကြီးတစ်ပင်ရယ်ကို တွေ့ရတယ်။ အဲဒီအချိန်မှာ လူတွေကတော့

Friday, January 3, 2014

တိုင်ထိပ်ပေါ်က သပိတ်တော် (သို့) ရာဇဂြိုဟ်သူဋ္ဌေးရဲ့ ဘာသာရေး ရှာပုံတော်





ဗုဒ္ဓမြတ်စွာသည် ရာဇဂြိုဟ်ပြည် မင်္ကုလတောင် “ချရားတော”မှာ ဆဋ္ဌမမြောက်ဝါ ဆို၊၀ါကပ်ေ တာ် မူပါတယ်၊ တိတ္ထိဂိုဏ်းဆရားကြီး (၆)ယောက်တို့လည်း သူတို့ကိုယ်သူ တို့ ဘုရားဟုပြောဆိုကြပြီး ဗုဒ္ဓမြတ်စွာနှင့် ရောယောင်ကာလူတွေအထင်ကြီးစေရန် ဗုဒ္ဓမြတ်စွာ ၀ါဆိုတော်မူရာ ရာဇဂြိုလ်မှာပဲ နေထိုင်ကြပါတယ်။

လူတိုင်းသိသင့်သော သုခ ၄ မျိုး။

             အတ္ထိသုခ = လူတွေမျှော်လင့်ချက်အတိုင်း အောင်မြင်လာလို့ ရရှိလာတဲ့ ချမ်းသာက
“အတ္ထိသုခ”  ရှိ ချမ်းသာတဲ့။ “ရှိ ” ချမ်းသာဆိုတာ ကိုယ့်မှာ စီးပွားဥစ္စာတွေ အဆင်ပြေလို့
ပစ္စည်းဥစ္စာတွေရှိတယ်။ စိန်ရွှေ ရတနာတွေရှိတယ်။ လူ့ဘ၀ လိုအပ်တာမှန်သမျှ ကိုယ့်မှာ ပြည့်
ပြည့်စုံစုံ ရှိတာကို အကြောင်းပြုပြီးတော့ “သုခသောမနဿ” ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှု

မြင်းလေးမျိုး၊ လူလေးမျိုး

ဤလောက၌မြင်းလေးမျိုးရှိလေ၏။ လူလည်းလေးမျိုးရှိလေ၏။
 
ပထမမြင်းကား
နှင်တံရိပ်ကိုမြင်ကာမျှဖြင်. မြင်းထိန်း၏သဘောကို
ကောင်းစွာသိ၏။ ယနေ.ငါ၏သခင်သည် အဘယ်ကိစ္စမျိုးကိုခိုင်းစေမည်နည်း။
ငါသည် သခင်.အတွက် ဘယ်သို.လုပ်ဆောင်ရမည်နည်း ဟူ၍ ဆင်ခြင်တတ်၏။ ထိတ်လန်.တတ်၏။

မိဘတို့အား အကောင်းဆုံး ကျေးဇူးဆပ်နည်း




မိဘတို့အား အကောင်းဆုံး ကျေးဇူးဆပ်နည်း
“ ပခုံးထက်၌ ထမ်းလျက်ထား အမိ အဖအား - ညောင်းညာပင်ပန်း နှိပ်နယ်ပေး
ရေပူရေအေး ပေး - ကျင်ကြီးကျင်ငယ်စွန့်ပေစေ လုပ်ကြွေးပြုစုပေ ”
ရဟန်းတို့၊ ဤသို့ပင် အသက်ထက်ဆုံးလုပ်ကျွေးပြုစုသော်လည်း
အမိအဖတို့အပေါ်၌ လုပ်သင့်လုပ်ထိုက်သည်ကို ပြုလုပ်ပေးသည် မမည်သေး။

မြတ်ဗုဒ္ဓ၏ နေ့စဉ်ကိစ္စ ငါးပါး။

                          မြတ်ဗုဒ္ဓ၏ နေ့စဉ်ကိစ္စ ငါးပါးမှာ==
၁။ ပုရေဘတ္တကိစ္စ = နံနက်ပိုင်း၌ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင်တို့အား အခွင့်အားလျော်စွာ
                         အနုမောဒနာပြုခြင်းကိစ္စ။
၂။ ပ စ္ဆာဘတ္တကိစ္စ = နေလွဲအခါ ညပိုင်း၌ ပူဇော်ရန်လာကြသော ဒါယကာ၊ ဒါယိကာမတို့၏ အပူ

ဗုဒ္ဓဟောကြားသော ဥပုသ်စောင့်ခြင်း၏ အကျိုးကျေးဇူး။

         ဗုဒ္ဓဘာသာတင်မက အခြားအခြားသော ဘာသာတွေမှာလည်း ဥပုသ်စောင့်တယ်ဆိုတာ
ရှိကြပါတယ်။ သို့သော် သူတို့ဥပုသ်နဲ့ ကိုယ့်ဥပုသ် မတူညီကြပါ။ မတူညီသည့်အလျောက် အကျိုး
ပေးလည်း မတူညီကြပါ။ ဥပုသ်စောင့်ခြင်း၏ အကျိုးကျေးဇူးကို ဘုရားရှင်က လူတိုင်းနားလည်

Thursday, January 2, 2014

လူသားတို့၏ အဓိကမျှော်လင့်ချက် ၄ ရပ်။

           ၁။ ချမ်းသာလိုခြင်း။ ။ လူသားတွေရဲ့ မျှော်လင့်ချက်၊ လိုအင်ဆန္ဒ၊ခြုံငုံပြီးတော့ ပြောရ
မယ်ဆိုလို့ရှိရင် လူတိုင်းလူတိုင်းဟာ စီးပွားဥစ္စာ တိုးတက်ချင်ကြတယ်။ ချမ်းသာကြွယ်ဝချင်ကြ
တယ်။ ဒါဟာ လူသားတိုင်း မျှော်လင့်တောင်းတကြတဲ့ ဆန္ဒတစ်ခုပါ။

သိကြားသာသနာ

တာဝတိံသာရှိ ဥယျာဉ်တော် (၅) ပါး။

             တာဝတိံသာရှိ ဥယျာဉ်တော် (၅) ပါးမှာ==
၁။ နန္ဒ၀န် = တာဝတိံသာနတ်တို့၏ အလွန်နှစ်လို မြူးတူးရာ ဥယျာဉ်၊ မြို့၏ အရှေ့မျက်နှာ၌
ယူဇနာ (၁၀၀၀)။

အတွင်း (၃၇) မင်း၊ အပြင် (၃၇) မင်း ဟူသည်မှာ။

           မြန်မာနိုင်ငံ အိမ်အချို့၌ နတ်ရုပ်များကို ထားကြ၏။ ပူဇော်ပသကြ၏။ သုတ်ပါထေယျ ပါဠိ
တော် အာဋာနာဋိယသုတ်တော်၌ နတ် (၃၇) ပါးကို ဖော်ပြ၏။ ယင်းကို အတွင်း (၃၇) မင်းဟု ခေါ်
ကြ၏။ သာသနာတွင်းဟု ယူရန် ရှိဟန်၏။ ယင်းတို့မှာ ၁။ ဣဌနတ်။ ၂။ သောမနတ်။ ၃။ ၀ရုဏနတ်

Wednesday, January 1, 2014

မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားထားသော မိတ်ဆွေစစ် (၁၆) ယောက်

နိဗ္ဗာန်ရောက်ကြောင်း ဉာဏ်(၁၆) ပါး။

         နိဗ္ဗာန်ရောက်ကြောင်း တရားကျင်ကြံ အားထုတ်နေကြသော ဓမ္မမိတ်ဆွေအပေါင်းတို့ အ
တွက် နိဗ္ဗာနရောက်ကြောင်းဉာဏ် ၁၆- ပါးမှာ==
(၁)။ နာမရူပပရိေ စ္ဆဒဉာဏ် = ဘုံသုံးပါး၌ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြားသိသောဉာဏ်။

ရွှေခေတ်။

           တစ်ချိန်တုန်းက လူသားတွေဟာ ဒီကနေ့ အခြေအနေမျိုး မရောက်ခင် အလွန်သာ
ယာ အေးချမ်းပြီးတော့ အစစအရာရာ စုံလင်ပြည့်ဝတဲ့ “ရွှေခေတ်” လို့ ခေါ်ရမယ့် ခေတ်တစ်
မျိုးကို ကြုံခဲ့ကြရပါတယ်။ ထိုအချိန်တုန်းကတော့ လူသားတွေရဲ့ သက်တမ်းဟာ နှစ် ၈၀၀၀၀

ကောင်းမှုကုသိုလ်တို့ ၏ အစ။

    လူတစ်ဦးသည် မိမိကြောင့် လူနှင့်သတ္တ၀ါများ ဆင်းရဲဒုက္ခ ရောက်စေမည့် အပြုအမူ၊ အကျင့်စရိုက်များ
မှရှောင်ကြဉ်ဖို့  လိုပါသည်။ ဤသို့  ရှောင်ကြဉ်ခြင်းသည်ပင် "လူ့ ကျင့်ဝတ်၊ လူ့ သီလ၊" ဟုဆိုနိုင်ပါသည်။
မိမိကို အကြောင်းပြုလျက် လူနှင့်သတ္တ၀ါတို့  ဆင်းရဲဒုက္ခ ရောက်စေသော အပြုအမူ အကျင့်အလုပ် မှန်သ

Tuesday, December 31, 2013

သဒ္ဓါနဲ့ ပညာ

ဘုရားရှင်ကို မေးတဲ့ နတ်သားရဲ့ နံပါတ် (၃) မေးခွန်းက
ကိံသု နရာနံ ရတနံ - အဘယ်တရားသည် လူတို့၏ ရတနာမည်ပါသနည်း တဲ့။
လူတွေရဲ့ ရတနာဆိုတာ ဘာကို ပြောတာလဲ။
အိမ်တစ်အိမ်မှာ ဒီတရားကို ဟောပြရင်း ဒီမေးခွန်းကို ဒကာကြီးကို မေးကြည့်တော့
ဘုရား တရား သံဃာ ရတနာသုံးပါးပါဘုရား တဲ့။ သူဖြေတဲ့အဖြေက ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ ဟုတ်သလိုလိုပဲ။

သူ့ကျွန် မခံမည်


ဘုရားရှင်က ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်တရား 
- The Truth of Suffering) 
ကို အသေးစိတ် ကွက်ကွက်
ကွင်းကွင်း ပြောပြပါတယ်။ 
နားထောင်သူ (Listener) 
အနေနဲ့
“ဒီဆင်းရဲတွေက ဘယ်ကဖြစ်ပေါ်လာတာလဲ၊ ဘာကြောင့်ဖြစ်ပေါ်လာတာလဲ”
ဆိုတဲ့အတွေး ဦးဏှောက်ထဲရောက်လာမှာ အမှန်ပဲ။

သဒ္ဓါနှင့်ပညာ ကွာခြားပုံ ယှဉ်ကြည့်လျှင်။

        သဒ္ဓါ၏ သဘောတရားကား စွန့်ကြဲပေးကမ်း လှူဒါန်းရက်ရော၏။ နောင်သံသရာမှာ
ချမ်းချမ်းသာသာ ဖြစ်ဖို့ရာ အရေးကြီး၏။ အမျိုးဘာသာ သာသနာ တိုးတက်ကြီးပွားရေးကို
လေးလေးနက်နက် သတိမထားတတ်ပါ။ ပညာ၏ သဘောကား အမျိုးဘာသာ သာသနာ

လောကီ လောကုတ္တရာနှစ်ဖြာ ကြီးပွားတိုးတက်ရေးအတွက်။

         မြတ်စွာဘုရားက လောကီ လောကုတ္တရာနှစ်ဖြာ ကြီးပွားဖို့အတွက် အင်္ဂါနှစ်ချက် ဖေါ်ပြ
ထားတာ ရှိတယ်။
         ၁။ မိတ်ကောင်းဆွေကောင်း ရှိရမယ်။ ဒါက အပြင်ဘက်က အကြောင်းတရား

အနာထပိဏ်သူဌေးနှင့် တံခါးစောင့်နတ်။

          ဗုဒ္ဓဘာသာသမိုင်းတွင် သာဝတ္ထိပြည်မှ အနာထပိဏ် သူဌေးကြီးသည် အလှူဒါနပြုလုပ်
ရာတွင် စံတင်ထိုက်သော သူဌေးကြီးတစ်ဦးဖြစ်၏။ ဇေတ၀န်ကျောင်းတော်ကြီးကို ငါးဆယ့်လေး
ကုဋေ အကုန်ကျခံ၍ လှူဒါန်းရသည်ကိုပင် အားရတင်းတိမ်မှု မရှိဘဲ တစ်နေ့သုံးကြိမ် ဘုရား

Monday, December 30, 2013

ကွက်လပ်ဖြည့် မေတ္တာ




 
(၁) ကိုယ့်အစာအိမ်က မလိုအပ်ပဲ ၀ယ်စားလိုက် နေကြာစေ့ တစ်ထုပ်ရဲ့ တန်ဘိုးဟာ ဆာလောင်နေတဲ့ ကလေးတစ်ယောက် အတွက်ဆိုရင် အသက်ကယ်တဲ့ နေ့လည်စာ တစ်နပ်လည်း ဖြစ်နိုင်ကောင်းပါရဲ့....

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ကယ်တင်ရှင်လော




အတ္တဟိ အတ္တနော နာထော့ - မိမိကိုယ်သာကိုးကွယ်ရာ
ထေရ၀ါဒ ဒေသနာအစဉ်၌ ကယ်တင်ရှင်ဟူ၍ မရှိ။ ကယ်တင်ပေးနိုင်သူ
ဟူ၍လည်း မရှိပေ။ ဗုဒ္ဓဘုရား ကိုယ်တိုင်လည်း လူသားတို့အတွက် ကယ်တင်ရှင် မဟုတ်ခဲ့၊ လူသားတို့အတွက် လမ်းညွှန်သူ သာဖြစ်လေသည်။ 

ဒါနကြောင့် ပါရမီများ ပြည့်လွယ်ပါတယ်။

         ဒါနရှိသူသည် ဖြစ်လေရာဘ၀၌ ဥစ္စာပြည့်စုံကြ၏။ ဥစ္စာပြည့်စုံလျှင် (ပင်ကို စိတ်ရင်း
ကောင်းသူ၊ ၀ိဝဋ္ဋ နိဿိတဒါန ပြုခဲ့သူအတွက်) သီလလုံခြုံ၏။ ဥပုသ်ရက်ရှည် စောင့်ခွင့်ရ၏။
ဥစ္စာမရှိလျှင် ၀မ်းရေးပူပင်ရသဖြင့် အူမ မတောင့်၍ သီလမစောင့်နိုင်ရုံသာမက ငါးပါးသီလ

ဘ၀အသွင်ကို ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုလျှင်။

       ကိုယ်ရဲ့ ဘ၀အသွင်ကို ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုရင် လောကအမြင်မှာတော့ ဘ၀ဆို
တာ တချို့ ပျော်စရာကြီးလို့ ထင်ကြတယ်။ တချို့ကလည်း ငြီးငွေ့စရာကြီးလို့ ပြောကြတယ်။
ဓမ္မအမြင်နဲ့ ကြည့်လိုက်တော့= =

ခုလိုဆိုတော့ လွယ်သားပဲ။

   .ဘုရားရှင် ဟောမိန့်တော်မူခဲ့တဲ့ နိဗ္ဗာန်ရောက်ကြောင်း နည်းတွေဟာ ရှစ်သောင်းလေးထောင်တောင် များပြားပါတယ်၊ လူတိုင်းဟာ
တစ်နည်းမဟုတ်  တစ်နည်းနဲ့တော့ သင့်တော်ကြမှာပါ၊နိဗ္ဗာန်ရောက်အောင် အားထုတ်တာမှာ ၀ိပဿနာ

Sunday, December 29, 2013

*မြတ်စွာဘုရားရဲ့ သဘောထား

မြတ်စွာဘုရားရဲ့တရားတော်တွေ
ကိုလေ့လာ ကြည့်ရင်
မြတ်စွာဘုရားကိုကျွန်မတို့ ပိုလို့ကြည်ညို လေလေပါပဲရှင်။ ဗုဒ္ဓဘာသာတရားဟာ လုံးဝအပြည့်အ၀ လွတ်လပ်မှူ ရှိတယ်။ ကိုယ့်သဘောနဲ့ကိုယ် လုပ်တာကိုမှ ဘုရားကလဲတန်းဖိုးထားတယ်။

ဆိုးနေတဲ့ကံကို ပြုပြင်နည်း


သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ်၅-မျိုးနဲ့ ပြုပြင် ယူလို့ရပါတယ်။တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် ၅မျိုးနဲ့ နေ့စဉ်ပြုပြင် ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ ” နင်နေ ငါသွား ” ဖြစ်သွား ပါလိမ့်မယ်။ အဲဒီကုသိုလ် ၅မျိုးကတော့... ၁။ ဒါန ၂။ သီလ ၃။ ဂုဏ်တော် ၄။ မေတ္တာ ၅။ ၀ိပဿနာ တို့ ဖြစ်ပါတယ်။ အဲဒီကုသိုလ် ၅မျိုးကို နေ့စဉ် ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ် သွားဖို့ပါပဲ။ (က)ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။

ဈာန်ဧတဒဂ်ဘွဲ့ရ နန္ဒာထေရီ။

       မိထွေးတော် ပဇာပတိဂေါတမီ၏ သမီးအရင်း ဇနပဒကလျာဏီသည် ဗုဒ္ဓမြတ်စွာက
ကပိလ၀တ်သို့ ကြွ၍ နန္ဒမင်းသား၊ ရာဟုလာ၊ မိထွေးတော်ဂေါတမီတို့ ရဟန်းပြု၊ ရဟန်းမ
ပြုကြသောအချိန်မှစ၍ မယ်တော်ကြီးထံ သွားရောက်၍ ရဟန်းမ ပြုလေ၏။

ခန္ဓာရှိနေသရွေ့ ကံတွေရှိနေတယ်။

       ကံသည် ပြုလုပ်သူ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ စွမ်းရည်သတ္တိအနေနဲ့ တည်ရှိပြီး နေတယ်။ ကံ
ကိလေသာရဲ့ အကျိုးဖြစ်တဲ့ ခန္ဓာကြီး ရှိနေသမျှ ဒီကံကြမ္မာတွေ ဆိုတာက ပျောက်ကွယ်သွား
မှာမဟုတ်ဘူး။ သို့သော် ကံတိုင်း အကျိုးပေးသလားလို့ ဆိုတော့ အဲဒီလိုတော့လည်း မဟုတ်

ကိုယ်က.. စိတ်ထားတတ်ရင် ပါရမီဆယ်ပါး ဖြည့်ပြီးသားပါ။

         တစ်ခါတုန်းက ဗာရာဏသီပြည် ကာသိရွာမှာ လယ်သမားပုဏ္ဏားတစ်ယောက်ဟာ နွား
ပျောက်တာကို လိုက်ရှာရင်း ရှာရင်းနဲ့ တောထဲမှာ မျက်စိလည်သွားပါတယ်။ ကြာလာတော့ မော
လာပါတယ်။ တည်ပင် တစ်ပင်တွေ့တော့ တည်ပင်ပေါ်တက်ပြီး ဆာလည်းဆာနေတာနဲ့ တည်