Saturday, June 3, 2017

ဘာကြောင့်ဘုရားပန်းကပ်ရတာလဲ



ကျွန်တော်တို့အိမ်ကဘုရားစင်မှာ ဘုရားပန်းကပ်ကြတဲ့ဓလေ့ရှိပါတယ်
အနံ့ရှိတဲ့ပန်း မရှိတဲ့ပန်း...ပန်းအလှ...အောင်သပြေ.စတဲ့ပန်းတွေထိုးကြတယ်
အဓိက က
ဘာကြောင့်ဘုရားပန်းကပ်ကြရတာလဲ.....
မြတ်စွာဘုရားကပန်းကြိုက်လို့လား
ပန်းကမွေးတဲ့အနံ့ကိုဘုရားကကြိုက်တာလား ...
ဒါမှမဟုတ်.... ဘုရားစင်လှနေအောင်လို့လား.....

Friday, June 2, 2017

သရဏဂုံ ဆောက်တည်ရာဝယ်



သရဏဂုံတရားတော်များ နာဖြစ်တဲ့အတွက် ဒီပို့စ်လေးကို ရေးဖြစ်လိုက်ပါတယ်…… သရဏ ဆိုသည်မှာ
ဘေးအန္တရာယ်ကို တားဆီး ကာကွယ်ပေးတတ်သော၊ ပယ်ဖျောက်ပေးတတ်သော အရာ/ပုဂ္ဂိုလ် ဟု အဓိပ္ပါယ်ရပေသည်။
ဘေးအန္တရာယ်ဆိုသည်မှာ
1. ၀ဋ်ဘေး (ကိလေသာဝဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်)
2. စိတ်ပူလောင်မှု
3. ကိုယ်ဆင်းရဲမှု
4. ဒုဂ္ဂတိဘုံဆင်းရဲမှု တို့ကို ဆိုလိုသည်။

ထိုသူပညာရှိ။

        လယ်တီဆရာတော်ကြီးက “အခွင့်သာခိုက်မူ ရအောင်ယူ၊ ထိုသူပညာရှိ” တဲ့၊
 “အခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင် ရှိသေးလိမ့်လေး” တဲ့၊ ဟုတ်ကဲ့လား၊ အခွင့်
သာခိုက်ကလေးမှ မလုပ်ဘူးဆိုရင် ကိုယ့်လောက်မိုက်တဲ့လူ မရှိတော့ဘူးလို့ ဒီလိုပြောတာ၊

တဏှာမဖြစ်အောင်။

        တရားဆိုတာက နေရာတိုင်း၊ အချိန်တိုင်း ကျင့်လို့ရပါတယ်။ ကမ္မဌာန်းထိုင်နေမှ  တရား
ကျင့်တာမဟုတ်ပါ။ တရားဆိုတာ ဣရိယာပုတ် လေးပါးစလုံးနဲ့ ကိုယ်ရဲ့စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့
အညစ်အကြေးတွေကို သန့်ရှင်းအောင်လုပ်တာဟာ တရားပါပဲ။ လက်တွေ့ကျင့်သုံးနေတယ်လို့

ဝမ်းကြာတိုက်ထဲကပင် သရဏဂုံဆောက်တည်ခဲ့သူ။

   မြတ်စွာဘုရား လက်ထက်တော်က ဗောဓိကုမာရ မင်းသားဆိုတာရှိတယ်။ ဗောဓိကုမာရမင်း
သား  အမေ့ဝမ်းကြာတိုက် ထဲမှာရှိတုန်း အမေလုပ်တဲ့သူက ဘုရားရှင်ရဲ့ ကျောင်းတော်ကို  သွား
တယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးထံ ရောက်တော့ သရဏဂုံ သီလတွေ ဆောက်တည်တယ်။

Thursday, June 1, 2017

ခွင့်လွှတ်သည်းခံ စိတ်ကောင်းလေးနဲ့ပျံချီ




‘ပြန်ချီ’ဆိုတဲ့စကားကို သုံးလက်စနဲ့မို့သာ ပြန်ချီလို့ ပြောလိုက်ရပေမယ့် “နေက္ခမ ၀ိတက်၊ အဗျာပါဒ၀ိတက်၊ အ၀ိဟိံသ၀ိတက်၊ သမ္မာဒိဋ္ဌိ”ဆိုတဲ့ ဒီတရား လေးမျိုးတို့ဟာ သုဂတိဘုံဘ၀သို့ ပြန်လာဖို့ ထိုက်တန်ရုံမျှမက အာသဝေါကုန်ခန်းတဲ့ ရဟန္တာဖြစ်ဖို့အထိ ထိုက်တန်တဲ့ တရားများလို့ ဘုရားရှင်က ဟောညွန်ခဲ့တာပါ။


Wednesday, May 31, 2017

မွေးနေ့လက်ဆောင် 🌿🌿🌿🌿🌿🌿🌿🌿


သာမန်လူတွေကတော့ ကောင်းတာလေး ရွေးပြီးတော့ ဇာတိကို လက်ခံပြီး ကြိုက်နေကြတာ ပဲ။ ဒါကြောင့်မို့လို့ ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ညောင်တုန်း ရွှေဟင်္သာတောရ စတုတ္ထစံကျောင်း ဆရာတော်ကြီးက တရားဟောတာ ကြားလိုက်တယ်။

ခန္တီ နဲ့ ဥပေက္ခာ ဘာများထူးခြားသလဲ

ဒကာ။           ။ ခန္တီစ- သည်းခံရခြင်း လည်းကောင်း၊ ဥပေက္ခာစ- လျစ်လျူရှုရခြင်း လည်းကောင်း ဟုပြောဟောကြရာ၊ ခန္တီ- သည်းခံတယ်ဆိုတာ မသာယာခြင်းနဲ့ ပြန်လှန် လက်စားမချေဘဲ လျစ်လျူရှုထားလိုက်တဲ့ ဥပေက္ခာသဘောမို့ နာမည်ချင်းသာခြားတာ သဘောတရားကတော့ အတူတူပါပဲလို့ အချို့ဆရာတို့က ပြောဟောကြပါတယ်။

သူ့အကြောင်း ကိုယ့်အကြောင်း။

 သူများအကြောင်းကို စဉ်းစားရင်းနဲ့၊
  အချိန်တွေကုန်ခဲ့ပေါင်း များလှပြီ၊
  အကုသိုလ်ဖြစ်ခဲ့ပေါင်း များလှပြီ။

တရားရလွယ် လိုက်နာဖွယ်။

မျက်စိအမြင်၊ ကောင်းသူပင်၊
မမြင်ကန်းပမာ။ ။
နားအကြားတွင်၊  ကောင်းသူပင်၊
နားလျှင်ပင်းပမာ။ ။

သူတော်ကောင်းရဲ့ စိတ်နေသဘောထား(ရှင်ပုဏ္ဏက)။

         ရှင်ပုဏ္ဏက “သုနာပရန္တ ဆိုတဲ့ အရပ်ကို တပည့်တော်သွားပြီး နေမှာပါ” လို့ဆိုတော့ မြတ်
စွာဘုရားက =“သုနာပရန္တ အရပ်ကလူတွေ လူဆိုးတွေ၊ လူကြမ်းတွေများတယ်။ မင်း အဲဒီနေရာ
သွားနေမယ် ဆိုလို့ရှိရင် မင်းကို အဲဒီလူတွေကမြင်တော့ ၀ိုင်းဆဲရင် ဘယ်လိုလုပ်မတုန်း။”

Tuesday, May 30, 2017

သြဓိသမေတ္တာ ပွားများနည်း၊ အနောဓိသ မေတ္တာပွားများနည်း။

ဒကာ။           ။ မှန်ပါ့၊ မေတ္တာပို့သူရဲ့ အကျိုး ၁၁ ပါးနဲ့ မေတ္တာခံယူသူတို့ ရရှိသည့် အကျိုးများကို ယခုလို သိရလို့ ကျေနပ်လှပါတယ်၊ မေတ္တာပွားများ ပို့သပုံများကိုလည်း လူတိုင်းနားလည်စွာ ပို့သ တတ်အောင် နည်းပြပေးပါဦး ဆရာတော်။
          ဆရာ။           ။ မေတ္တာတရား ပွားများပို့သပုံနည်းကတော့ လွယ်လွယ်နဲ့ လူတိုင်းပွားများတတ်ကြဖို့ နယ-နှစ်ပါးနဲ့ပဲ ပြသပေးသွားမည်၊ ဒီမေတ္တာနည်းနှစ်ပါးနဲ့ ပို့သ ပွားများခြင်းဖြင့်ပင် ပို့သသူခံယူသူအားလုံးကုန် အကျိုးသုခတွေနဲ့ ပြည့်စုံပြီးမြောက်နိုင်ပါတယ်။

Monday, May 29, 2017

အကောင်းမြင်စိတ်နှင့် ရိုးစင်းသောဘဝ


အကောင်းမြင်စိတ်နှင့် ရိုးစင်းသောဘဝ
လူတိုင်းတွင် ဘ၀တစ်ခုစီကို ပိုင်ဆိုင်ရသည်၊၊ လူများစွာရှိသည့်အလျောက် ဘ၀တို့သည်လည်း များစွာပင် ဖြစ်သည်၊၊ ဘ၀တစ်ခုစီကိုသာ ပိုင်ဆိုင်ထားကြသောလူသားတို့ခြင်းတူသော်လည်း ဘ၀ကိုမြင်ပုံခြင်း၊ သုံးသပ်ပုံခြင်းကား မတူညီကြပေ၊၊

ကောင်းကံက လွှမ်း။

ဘုန်းကြီးတို့ ပိုပြီး ကြောက်စရာကောင်းတာက ဘဝများစွာက ပြုခဲ့တဲ့ မကောင်းကံတွေလဲ
ပါလာတယ်။
အဲဒီဟာက တော်တော် ကြောက်စရာ ကောင်းတယ်။

ငြိမ်းသတ်ရန်လိုသော မီး ၁၁ ပါး။

၁။ လောဘမီး = တပ်မက်နှစ်သက်သဖြင့် ပူလောင်ခြင်း။
၂။ ဒေါသမီး = စိတ်ဆိုးရသဖြင့် ပူလောင်ခြင်း။
၃။ မောဟမီး = အဟုတ်အမှန်ကို မသိရသဖြင့် ပူလောင်ခြင်း။

ဘုရားအလောင်းတော်ရဲ့ မိတ်ဆွေကောင်း။

        ကဿပမြတ်စွာဘုရား လက်ထက်တော်တုန်းက ဂေါတမမြတ်စွာဘုရားအလောင်းတော်
ဇောတိပါလဆိုတဲ့ ပညာတတ်ဗြဟ္မဏပုဏ္ဏားနဲ့ ဃဋိကာရ အိုးထိန်းသည်ကြီးတို့ဟာ  အင်မတန်
ရင်းနှီးတဲ့မိတ်ဆွေ ဖြစ်ကြပါတယ်။ ဃဋိကာရ ဆိုတာက ကဿပမြတ်စွာဘုရားရဲ့  ဥပသကာ

Sunday, May 28, 2017

ဘုရားဟောသော ပိန်နည်း

မြတ်စွာဘုရားလက်ထက်တော်က ပသေနဒီကောသလမင်းကြီးဟာ ဆန်တစ်စိတ်(လေးပြည်)ချက် ထမင်းကို ကုန်တယ်လို့ ဆိုပါတယ်။ ဟင်းကိုလည်း ဆန်တစ်စိတ်ချက်နဲ့ညီမျှအောင် စီစဉ်ပေးရပါတယ်တဲ့။
တစ်နေ့မှာတော့ ထမင်းစားပြီးပြီးချင်း မြတ်စွာဘုရားဆီ ထွက်ခဲ့ပါတယ်။ မြတ်စွာဘုရားဆီရောက်တော့ ဦးချပြီး ထိုင်နေလိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ ထမင်းဆိပ်တက်ပြီး အိပ်ငိုက်နေပါတော့တယ်။