Saturday, June 30, 2018

ဗုဒ္ဓဘာသာဝင်တိုင်းသိကိုသိထားသင့်သည့် ဗုဒ္ဓ၏မှတ်တိုင်နေ့ထူးကြီး (၂၀)

၁. မဟာသက္ကရာဇ် ( ၆၇ ) ခုနှစ် ဝါဆိုလပြည့် ကြာသာပတေးနေ့ သန်းခေါင်ယံအချိန်၌ ပဋိသန္ဓေ တည်နေတော်မူ၏။
၂. မဟာသက္ကရာဇ် (၆၈)ခုနှစ် ကဆုန်လပြည့် သောကြာနေ့ နေမွန်းတည့်ချိန်၌ ဖွားမြင်တော်မူ၏။
၃. မဟာသက္ကရာဇ် (၈၃) ခုနှစ် (၁၆) နှစ်သားအရွယ် ကဆုန်လတွင် ထီးနန်းအုပ်ချုပ် မင်းပြုလုပ်တော်မူ၏။
၎. မဟာသက္ကရာဇ် (၉၇) ခုနှစ် ဝါဆိုလပြည့် တင်္နလာနေ့ သန်ခေါင်းယံ အချိန်၌ တောထွက်တော်မူ၏။ (၂၉).နှစ်အရွယ် ။

သာသနာတော်တွင်း၌ မြေမျိုခံရသူ (၅) ဦး။

          သာသနာတော်တွင်း၌ မြေမျိုခံရသူ (၅) ဦးမှာ==
၁။ စိဉ္စမာဏ။
၂။ သုပ္ပဗုဒ္ဓ။
၃။ ဒေ၀ဒတ်။

ကာမသုခလ္လိကအကျင့်။

        ကာမချမ်းသာကို ခံစားတတ်သော လူဝတ်ကြောင်များသည် မိမိတို့ကာမစိတ် အလို
ကျအောင် လှပသောအဆင်း၊ သာယာသောတီးမှုတ်သံ၊ မွှေးကြိုင်သောအနံ့၊ အရက်သေစာ
မှစ၍ အစားအသောက်မျိုးစုံဖြင့် တစ်ယောက်နဲ့တစ်ယောက် တွေ့ထိကာ မိုးမဆုံးမြေမဆုံး

ဥပုသ်စောင့်ခြင်း၏ အကျိုးကျေးဇူး။

        ဗုဒ္ဓဘာသာတင်မက အခြားအခြားသော ဘာသာတွေမှာလည်း ဥပုသ်စောင့်တယ်ဆိုတာ
ရှိကြပါတယ်။ သို့သော် သူတို့ဥပုသ်နဲ့ ကိုယ့်ဥပုသ် မတူညီကြပါ။ မတူညီသည့်အလျောက် အကျိုး
ပေးလည်း မတူညီကြပါ။ ဥပုသ်စောင့်ခြင်း၏ အကျိုးကျေးဇူးကို ဘုရားရှင်က လူတိုင်းနားလည်

Friday, June 29, 2018

စိတ်ဆိုးတော့မယ်ဆိုရင်

စိတ်မချမ်းသာဘူးဆိုရင်၊ စိတ်ဆင်းရဲရင်၊ စိတ်ဆိုးရင်၊ဒေါသ၊သောက၊ဣဿာမစ္ဆရိယစတဲ့
အကုသိုလ်တရားတွေ ၀င်လာရင် အကြောင်းရင်းကိုရှာပြီးဖျောက်ပါတဲ့။
မူလပဏ္ဏာသပါဠိတော် ၀ိတက္ကသဏ္ဌာနသုတ်မှာလာတဲ့ “အကုသိုလ်ကိလေသာဝင်ရင်ပယ်နည်းငါးနည်း”
ထဲက တစ်ခုပါ။အကြောင်းရင်းကိုရှာပြီး ပယ်ပါတဲ့။
ဘယ်လိုရှာပြီး ပယ်မလဲ....?

Thursday, June 28, 2018

အကုသိုလ်မဖြစ်အောင် ကြိုးစားကြစို့…

ဆရာတော်ကြီးတစ်ပါးက မိန့်ကြားဖူးပါတယ်။ “ပုထုဇင်တွေဟာ တစ်နေ့တစ်နေ့ အိပ်ပျော်နေချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ ကုသိုလ် သို့မဟုတ် အကုသိုလ်စိတ် တစ်ခုခုနဲ့နေကြတာ”တဲ့။ ဟုတ်ပါတယ်။ စိတ်ဆိုတာဟာ တစ်ပြိုင်တည်း နှစ်စိတ်ဖြစ်လေ့မရှိပါဘူး။ အကုသိုလ်စိတ်ဖြစ်နေရင် ကုသိုလ်စိတ်မဖြစ်နိုင်သလို ကုသိုလ်စိတ်ဖြစ်နေရင်လည်း အကုသိုလ်စိတ် မဖြစ်နိုင်ပါဘူး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန်ကတော့ ကုသိုလ်လည်းမဖြစ် အကုသိုလ်လည်း မဖြစ်တဲ့ဘ၀င်စိတ်ပါ။

သိဒ္ဓတ္ထမင်းသား လူ့စည်းစိမ်ကိုစွန့်ခွါ၍ တောထွက်တော်မူခြင်း။

     ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဘုရားအလောင်းတော် ကပိလ၀တ်ပြည် သုဒ္ဓေါဓနမင်းမြတ်၏သားတော်
သိဒ္ဓတ္ထမင်းသားဟာ ဒေ၀ဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်း၏သမီးတော် ယသော်ဓရာဒေ၀ီနှင့် လက်ထပ်ပြီး
လျှင် မင်းသမီးပေါင်းလေးသောင်း အခြွေအရံများနှင့်တကွ ကြီးကျယ်သော မင်းစည်းစိမ်ကို ခံစား

သံသရာခရီးကြမ်းဝယ် ရွေးချယ်ရမယ့်လမ်း။

       ဗုဒ္ဓဘာသာက ကံ ကံ၏အကျိုးကို အခြေခံထားပါတယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့အ
ကျိုး ခံရပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး ခံစားရပါတယ်။ ကိုယ်လုပ်မှ ကိုယ်ရပါတယ်။
ဗုဒ္ဓဘာသာ တရားက “ မ ” တာတို့၊ ကယ်တင်တာတို့၊ အပြစ်မှ ကင်းလွတ်တာမျိုး မရှိပါ။ အရာရာဟာ

တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေက တိုင်းသူပြည်သားတွေကို ဘယ်လိုဖြောင့်အောင် လုပ်ရမလဲ?။

         ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအနေနဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ အဆုံးအမတွေကို
လိုက်နာကျင့်ကြံရင် အလွန်ကျေးဇူးများပါတယ်။ “ကျနစွာ သင်ပြမပေးတတ်သော ဆရာထံနေမိခြင်း
သည်  ထိုဆရာထံ၌ ဓမ္မလမ်းကြောင်း လွှဲချော်နေသဖြင့်  အမျိုးညံ့မှာ ပဋိသန္ဓေ နေမိခြင်းနှင့် တူ၏။

Wednesday, June 27, 2018

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး ၏ သြဝါဒ



ရွှေကျင်နိကာယ၊ရတ္တညူ မဟာနာယက ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး
ဘဒ္ဒန္တကောသလ္လ မဟာထေရ်မြတ်၏သြဝါဒ
တရားအားကိုးပါ
တရားသဘော ကတော့ ဘယ်သူ့ ဘယ်သူမှ အားကိုးလို့မရဘူး။
အတ္တာဟိ အတ္တနော နာထော ..
သူတစ်ပါးအား မကိုးစား၊
ကိုယ့်အားကိုယ် ကိုးပါ။….တဲ့
မိမိဆိုတာ တစ်ခြားမဟုတ်ဘူး၊ ဓမ္မ ပရမတ်ပဲ။
ဓမ္မ တရားသာ လျင် အားကိုးရာ အားထားရာအစစ်ပဲ..။
တရားမှတပါး မှီခိုကိုးစားရာ၊ အားထားရာ မရှာပါနဲ့..။
မြတ်စွာဘုရားက ဆုံးမထားတယ်..။

Tuesday, June 26, 2018

နှမြောတွန့်တိုသော သူဌေးကြီး

သာဝတ္ထိပြည်ဝယ် ကုဋေလေးဆယ် ကြွယ်ဝသော အာနန္ဒာသူဌေး ရှိ၏၊ သူသည် အလွန်နှမြောတွန့်တိုပြီး ပေးကမ်းစွန့်ကြဲ လှူဒါန်းမှုကို လုံးဝစိတ်မကူးပေ။ သူ၏ တဦးတည်းသောသား မူလသိရီကို ပေးကမ်းစွန့်ကြဲမှု မပြုမိရန် ၁၅-ရက် တကြိမ် သတိပေးလေ့ရှိ၏၊ သူ၏သား မသိအောင်ပင် ရွှေအိုးငါးလုံးကို ကွယ်ဝှက်မြှုပ်ထား၏၊

Monday, June 25, 2018

သာသနာငါးထောင်ဟူသည်မှာ

(မေး)
အရှင်ဘုရား၊ မေးလိုသောအကြောင်းမှာ ရှေးဟောင်းရှမ်းစာပေ၌ သာသနာငါးထောင်နှင့် ပတ်သက်သော သာသနာတောင်းပန်စာ လင်္ကာတွင်-
(၁) ဘုရားကိုယ်တိုင် ထားတော်မူသော သာသနာနှစ် ၁-ထောင်
(၂) ရဟန္တာအရှင်မြတ် တောင်းပန်သောကြောင့် သာသနာနှစ် ၁-ထောင်။
(၃) မလ္လာမင်း တောင်းပန်သောကြောင့် သာသနာနှစ် ၁-ထောင်။
(၄) သိကြားမင်း တောင်းပန်သောကြောင့် သာသနာနှစ် ၁-ထောင်။
(၅) ဘီလူးမင်း တောင်းပန်သောကြောင့် သာသနာနှစ် ၁-ထောင် ဟု ဆိုထားပါသည်။
ယုတ္တိယုတ္တာ ရှိ-မရှိ၊ ပိဋကတော်နှင့် ညီ-မညီ ဖြေကြားပေးတော်မူပါဘုရား။
( ဘဒ္ဒန္တ နန္ဒာစရိယ-ဒက္ခိဏာရုံကျောင်း၊ နန့်ခမ်းမြို့)

Sunday, June 24, 2018

ရေစက်ချ အမျှဝေတာ ဘာကြောင့်လဲ...?

( မေး ) ( ရေစက်ချ အမျှဝေ )
အရှင်ဘုရား၊ ရေတွင်း၊ ရေကန်၊ ဘုရား၊ ကျောင်း၊ သိမ်၊ ဇရပ်များ ဆောက်လုပ်လှူဒါန်းသည်မှအစ ဆွမ်းကျွေး၊ ပရိတ်နာ၊ ရှင်ပြု၊ သီလခံယူ၊ တရားနာ စသည်၌ နောက်ပိတ်ဆုံး ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် ပြုလုပ်ကြသည်များကို တွေ့ရပါသည်။ အကယ်၍များ အထက်ဖော်ပြပါ အလှူဒါနကောင်းမှုများ ပြုလုပ်ပြီး ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် မပြုခဲ့ပါလျှင် ၄င်းပြုလုပ်ခဲ့သော အလှူဒါနကောင်းမှုအတွက် ကောင်းကျိုးချမ်းသာ၊ ကုသိုလ်များ မရနိုင်ဘူးလားဘုရား၊ အလှူဒါန အထမမြောက်ခြင်းရော ဖြစ်နိုင်ပါသလားဘုရား၊ ဘာပစ္စည်းလှူလှူ ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ်ပြီးမှ ကုသိုလ်အကျိုး ခံစားရပါသလား ဘုရား၊ ဖြေကြားပေးတော်မူပါ အရှင်ဘုရား။
( ဦးဝမ်း-၃-ရပ်ကွက်၊ ဥဿာမြို့သစ်၊ ပဲခူး )