Saturday, May 5, 2018

သံဃာတော်များ လူထွက်ရခြင်းအကြောင်း (၄)ချက်

အရှင်ဘုရား သံဃာတော်တွေ လူထွက်သွားကြတာ ဘာကြောင့်ပါလဲလို့ ခဏခဏ လာမေးနေကြတဲ့ သူတွေအတွက် မြတ်ဗုဒ္ဓ မိန့်တော်မူခဲ့တာကို ဦးဇင်းဒေါက်တာကျမ်းစာအတွက် ရဟန်းတော်များနဲ့ဆိုင်ရာ ရှာဖွေရင်း ကျမ်း အထောက်အထားပါ တွေ့ရှိတာနဲ့ ရေးသားပေးလိုက်ပါတယ်။

၁။ ရဟန်းနဲ့ဆိုင်ရာများ ဆိုဆုံးမသည်ကို မလိုက်နာနိုင်သောကြောင့်လည်းကောင်း၊
၂။ စားချင်၊ ၀တ်ချင်၊ သုံးဆောင်ချင်တာများမရဘဲ မစားချင်၊ မ၀တ်ချင်၊ မသုံးဆောင်ချင်တာများ သုံးဆောင်ရလို့လည်းကောင်း။
၃။ သူများ ကာမဂုဏ်ငါးပါးခံစားသည်ကိုမြင်ပြီး ခံစားချင်စိတ်ဖြစ်သောကြောင့်လည်းကောင်း၊
၎။ လုံခြုံစွာ ၀တ်ဆင်မထားသော မိန်းမတွေမြင်ပြီး ကာမစိတ် မထိန်းနိုင်လို့လည်းကောင်း သာသနာဘောင်မှ လူ့ဘောင်သို့ ကူးပြောင်းသွားကြရခြင်း ဖြစ်ပေသည်။ (မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ဘိက္ခုဝဂ်၊ စာတုမသုတ်၊ (မ၊ ၂၊ ၁၁၉)

အမြတ်ဆုံးဒါန။

     ရှင်သာရိပုတ္တရာရဲ့အလောင်းဥပတိဿ ပရဗိုဇ်ကြီး အမတ ဆိုတဲ့ သေခြင်းကင်းရာ တရား
ကို လိုက်ရှာပါတယ်။ ရှာတဲ့အခါမှာ ထိုခေတ်က ခေတ်စားနေတဲ့ နာမည်ကြီးတဲ့ သဉ္စယဆိုတဲ့ ပရဗိုဇ်
ကြီးထံမှာ တပည့်ခံပြီး ပရဗိုဇ်လုပ်နေပါတယ်။ သူ့ဆီက ပညာတွေ သင်လိုက်တယ်။ အဲဒီ သင်ယူလိုက်

မိမိသာလျှင် ကယ်တင်ရှင်။

     သင်၏ဆိုးသွမ်းမှုကြောင့် အောက်တန်းသို့နိမ့်ကျခြင်း၊ မကျွတ်မလွတ်ခြင်းတို့ကို သင်မှ
လွှဲ၍ မည်သူမှမကယ်နိုင်ပါ။ အကယ်၍ ဘုရားရှင်ကသာ ကယ်တင်နိုင်စွမ်းရှိလျှင် ယောက္ခမ
တော်သူ သုပ္ပဗုဒ္ဓမင်းနှင့် ယောက်ဖတော်ဒေ၀ဒတ်ရဟန်းတို့ကို မြေမျိုခြင်း၊ အ၀ီစိလားခြင်း

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၅)။

  ”မဂ္ဂင်ရှစ်ပါး”
     xxxxxxxxxx
သိမှန် ကြံမှန်၊  ပြော ပြုမှန်နှင့်၊
ကောင်းမှန်သက်မွေး၊ ဖြူစင်ဖွေး၍၊
မှန်ရေးကြိုးစား၊ မှန်ငြားသတိ၊

Friday, May 4, 2018

မယား (၇)ခုနှစ်မျိုး

ပထမအရေးကြီးဆုံးမှာ မိမိနှင့်သင့်လျော်မည့်အိမ်ထောင်ဖက်ကိုဂရုစိုက်၍ရွေးချယ်ခြင်းဖြစ်တယ်…။ ဒုတိယအရေးကြီးဆုံးမှာ အိမ်ထောင်ကျပြီးနောက် လင်နှင့်မယားနှစ်ဦးစလုံး တစ်ဦးကိုတစ်ဦး ရိုသေကိုင်းရှိုင်းခြင်းပင်ဖြစ်တယ်။”

မြတ်ဗုဒ္ဓကသုဇာတာကို အကြောင်းပြုပြီး မယား(၇)ခုနစ်မျိုးရှိကြောင်းပြောပြထားပါတယ်။

Thursday, May 3, 2018

ဈာန်ပျံလျှင် ရဟန္တာထင်သော ပြဿနာ

ဗုဒ္ဓဘာသာဝင် အများစုသည် ကောင်းကင်မှ ပျံလာသော ရဟန်းတော်တိုင်းကို 'ရဟန္တာ'ချည်းထင်တတ်၏ ။ အကျဉ်းချုပ် မှတ်သားရမည်မှာ 'ကောင်းကင်မှာပျံနိုင်တိုင်း ရဟန္တာမဟုတ်၊ ရဟန္တာတိုင်း လည်း ကောင်းကင်မှာ မပျံနိုင်' ဟူသော အချက်ပင်ဖြစ်၏ ။ ကောင်းကင်တွင် ပျံနိုင်သောသူသည် သုံဦးရှိ၏။ ဆေး၊ အင်း၊ ဓာတ် စသည် အောင်မြင်သဖြင့် ၀ိဇ္ဇာဇော်ဂျီ၊ တပသီအချို့ ကောင်းကင်တွင် ပျံနိုင်၏ ။

တိရစ္ဆာန်ဘ၀ ရောက်နေသူ။

     တိရစ္ဆာန် ဖြစ်နေသူဟာ  ငရဲလောက်တော့ မဆင်းရဲပါ။ သို့သော်..ဘုရားပွင့်ပြီးတော့ တရား
ဟောနေတဲ့အချိန် တိရစ္ဆာန်ဘုံ ရောက်နေတယ်၊ နွားဖြစ်နေတယ်၊ ခွေးဖြစ်နေတယ်၊ ကြက်ဖြစ်နေ
တယ်၊ ၀က်ဖြစ်နေတယ်ဆိုရင် တရားနာလို့ သိရမယ့်တရားကို သိနိုင်စွမ်း မရှိပါ။

အိမ်မှာပင့်ရှိထားတဲ့ဘုရား အားနာစရာကြီး။

     ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေအိမ်တိုင်းတွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို တည်
ထားကိုးကွယ်ကြပါတယ်။ ယင်းသို့ တည်ထားကိုးကွယ်ရာ၌ ကြည်ညိုမှု သဒ္ဓါတရား အနည်းအများ
အပေါ် တည်မှီလျက် ကိုးကွယ်ပုံ အနေအထားချင်း မတူညီကြပါ။ မိမိအိမ်တွင် သက်ရှိထင်ရှား ဘု

ရွှေလက်မြဲမြဲ တွဲကြစို့။

  ဘယ်လောက်ရုပ်ချောချော၊ တစ်နေ့ကျ သေမှာပဲ၊
  ဘယ်လောက် ပညာတက်တက်၊ တစ်နေ့ကျ သေမှာပဲ၊
  ဘယ်လောက် ပစ္စည်းရှိရှိ၊ တစ်နေ့ကျ သေမှာပဲ၊

Wednesday, May 2, 2018

ရဟန်းအို၏ နုပျိုသော


ရဟန်းအို၏ နုပျိုသော

သာသနာရင်းမြစ် တောကဖြစ်၍၊
တောပစ်မြို့ပေါ် သားတော်ပျော်က၊
တော်မတော်ပင် ကြံတွေးစဉ်၍၊
လျင်လျင်မြန်မြန် တောရပ်ထံသို့၊
ပြန်ကြွခဲ့ပါတော့..သားတော်မောင်ဘုရား..

Tuesday, May 1, 2018

တရားထိုင်ခြင်း



တရားဘာဝနာအလုပ်အားထုတ်တယ်ဆိုတာ စိတ်အလုပ်ပါ။ ဘာဝနာက နှစ်မျိုးရှိပါတယ်။ စိတ်ကိုထိန်းရတဲ့ ဘာဝနာနဲ့ စိတ်ကို စောင့်ရှောက်ရတဲ့ ဘာဝနာ လို့ ခေါ်ပါတယ်။

စိတ်ကို ထိန်းတဲ့နည်းနဲ့ ဘာဝနာကို အားထုတ်ဖို့ ဆိုရင် လောက ဥပမာအရ ကဆုန် ပေါက် ပြေးလွှားဆော့ကစားနေတဲ့ အရွယ် နွားငယ်တစ်ကောင်ရှိတယ် ဆိုပါစို့။ ဒီနွားကို ငြိမ်သွားစေချင်တဲ့သူဟာ နွားဖားကြိုး ထိုး၊ ဒါမှမဟုတ် လည်ပင်းကို ကြိုးကွင်း လည်ပတ်ချည်၊ နောက်ပြီး တိုင်ငုပ်တစ်ခု ခိုင်ခိုင်စိုက်၊ အဲဒီနွားငယ်နဲ့ တိုင်ငယ်ကို ကြိးခိုင် ခိုင်နဲ့ ချည်ထားလိုက်ပါ။ ကြိုးကလည်းခိုင်၊ တိုင်ကလည်းမြဲ ဆိုတော့ ဒီနွားငယ်ဟာ အတင်းရုန်းပြေးနေပေမယ့် တဖြည်းဖြည်း မောလာပြီး ဒီတိုင်ခြေမှာပဲ ငြိမ်ဝပ်သွားပါတယ်။

တရားအားထုတ်ရင်း မမှန်ကန်တဲ့အတွေးများ။

    တစ်ချို့ပုဂ္ဂိုလ်က ဈာန်တရားအားထုတ်ရင်း မမှန်ကန်တဲ့ အတွေးကလေး ပေါ်လာတတ်
ကြပါတယ်။ အားထုတ်နေသူရဲ့စိတ်မှာတွေးမိတာက....စားချင်တာလည်း ဒီစိတ်၊ သွားချင်တာလည်း
ဒီစိတ်၊ ၀တ်ချင်တာလည်း ဒီစိတ်၊ ကြည့်ချင်မြင်ချင်တာလည်း ဒီစိတ်၊ ကာမဂုဏ်ခံစားချင်တာလည်း

ဓမ္မဒေသနာကုသိုလ် အစစ်ဆိုတာ။

       ဓမ္မဒေသနာကုသိုလ်ဆိုတာ တရားဟောကြားမှုကို ခေါ်ပါသည်။ ရိုးသားဖြူစင်စွာ မြင့်မြတ်
သောစိတ်ထားဖြင့် ဟောပြောပြသ ဆုံးမပါလျှင် “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ= အလှူဟူသမျှကို ဓမ္မ
အလှူကနိုင်၏။ ဓမ္မအလှူက အကျိုးပေးသာ၏။” ဟု ဟောပြောတော်မူသည့်အတိုင်း အလွန်အကျိုး

သာသနာကွယ်ကြောင်းနှင့် စပ်လျဉ်း၍။

ကန်ပေါင်ပရိယတ်၊ ပဋိပတ် ကန်ရေ
ပဋိဝေ ကြာ ဟု၊ သုံးခုသာသနာ
မိန့်ဆိုရာ၌၊ ....
ကန်ပေါင်ရှိမှ၊ ရေတည်ရ၏။

Monday, April 30, 2018

ငါအိုသွားသောအခါ


ငါအိုသွားသောအခါ
◘ ငါအိုသွားသောအခါ ငါဟာ အရင်ကငါမဟုတ်တော့ဘူး ။ ငါ့ကို နားလည်ပေးပါ ။ စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ ။
◘ ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် ဖိတ်စင်သွားတဲ့အခါ အင်္ကျီ ၊လုံချည်ဖိုသီဖတ်သီဖြစ်နေတဲ့အခါ ငါ့ကိုမရွံပါနဲ့ ၊ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ ။

Sunday, April 29, 2018

ကဆုန်လပြည့် ဗုဒ္ဓနေ့ (သို့) အပြည်ပြည်ဆိုင်ရာရုံးပိတ်ရက်

ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။
ကဆန်ုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့
(၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။

ပုဂ္ဂိုလ်အနေအထားကို ဓမ္မဖြင့် တိုင်းတာခြင်း..



မြန်မာစကားမှာတော့ ကိုယ်မကြားချင်တဲ့အရာ ကိုယ်သဘောမကျတဲ့အရာ ကိုယ်လက်မခံနိုင်တဲ့အရာတွေမှာ.. လာပြောမနေနဲ့ နားကြားပျင်းကပ်တယ်..လို့ ပြောဆိုကြပါတယ်။ ဗုဒ္ဓရှင်တော်ကလဲ ဒီလိုသဘောတရားတွေကို စောစီးစွာဖော်ထုတ်ဟောပြတော် မူခဲ့တယ်၊ ပုဂ္ဂိုလ်တစ်ဦးက အခြားပုဂ္ဂိုလ်တစ်ဦး(မိတ်ဆွေဖြစ်စေ၊ဆရာဖြစ်စေ၊ မိဘဖြစ်စေ၊ သားသမီးဖြစ်စေ)ကို ဒီလိုစကားတွေ ပြောတဲ့အခါ သူတို့က နားကြားပျင်းကပ်လိမ့်မယ်တဲ့၊ သင့်ရဲ့အကောင်းဆုံးပြောပြတဲ့ စကားကို သူတို့က လက်ခံကြမှာ မဟုတ်ပါဘူး..တဲ့..

အခွင့်အရေးဆုံးရှုံးနေတဲ့သူ။

     ဘုရားပွင့်တဲ့အချိန် ငရဲကျနေတဲ့ ပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားဟောတဲ့  တရားကို နာယူပြီး
မြတ်သောအကျင့်ကျင့်ပြီး   နိဗ္ဗာန်ရဖို့ ဆိုတဲ့ အခွင့်အလမ်းတွေ သူ့မှာ မရှိပါ။ အဲဒီ ငရဲကျနေတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဟာ လုံးဝ အခွင့်အရေး ဆုံးရှုံးနေသူ ဖြစ်ပါတယ်။

မီး (၁၁) ပါး။

မီး (၁၁) ပါးတို့မှာ==
 ၁။ လောဘမီး = တပ်မက်နှစ်သက်ရသဖြင့် ပူလောင်ခြင်း။
 ၂။ ဒေါသမီး = စိတ်ဆိုးရသဖြင့် ပူလောင်ခြင်း။

လက္ခဏာရေး (၃) ပါး။

၁။ အနိစ္စလက္ခဏာ။    ။မတည်မြဲခြင်း အမှတ်အသား။
           ရုပ်နာမ်တို့သည် ခဏမစဲဖြစ်ပြီး ပျက်နေ၏။ ထို့ကြောင့် အနိစ္စလက္ခဏာရှိ၏။
၂။ ဒုက္ခလက္ခဏာ  ။    ။ ဆင်းရဲခြင်း အမှတ်အသား။