Saturday, June 13, 2015

ရုပ်လှချင်ရင်



ရိပ်သာမှာ တံမြက်စည်း လှည်းနေရင်း အတွေးတစ်ခု ကြောင့် ဘာသာ ပြုံးလိုက်မိပါတယ်။ မိမိရဲ့ အပြုံးကို အနားက ဖြတ်သွားတဲ့ သူငယ်ချင်းက မြင်ဖြစ်အောင် မြင်သွားတော့ “ဘာပြုံးတာလဲ” တဲ့။ မိမိကလည်း “ဘာမှ မဟုတ်ပါဘူးလို.” ပြုံးပြီး ပြန်ပြော လိုက်ရပါတယ်။ ဒီတော့ သူငယ်ချင်း ဖြစ်သူက “စာရေးဆရာရယ်လို့ မပြောရဘူး၊ တော်တော် စိတ်ကူးယဉ်” လို.ပြောပြီး ရှေ.ဆက်လျှောက် သွားပါတယ်။

တရားသိလျက် အကျင့်ခက်

(သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ တပေါင်းလဆန်း ၉-ရက်၊ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ရတနာလမ်း၊ ၀ိသုဒ္ဓိဆွမ်းလောင်း အသင်းကြီး၏ စတုတ္ထအကြိမ်မြောက် ပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် (ဆရာတော်ကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ) ဟောကြားအပ်သော `တရားသိလျက် အကျင့်ခက်´ တရားဒေသနာတော်)

ဣဿာမစ္ဆရိယသဘော ပြောပြပါဘုရား

ြ မန်မာစကားသည် ပါဠိဘာသာနှင့် များစွာ ဆက်နွယ်လျက်ရှိ၏။ မြန်မာနှင့် ပါဠိသည် ခွဲ၍မရနိုင်ပါ။ ပါဠိစကားလုံးများစွာသည် မြန်မာစကားတွင် မြန်မာစကားအနေနှင့်ပင် ပါဝင် လျက်ရှိ၏။ အချိုးကျကျ သုံးတတ်လျက်ရှိ၏။
ယင်းပါဠိစကားတို့ကို အချိုးကျကျ သုံးတတ်ပင် သုံးတတ်သော်လည်း အဓိပ္ပာယ် အပြည့်အစုံကိုမူ သိသူနည်းပါးလှ၏။ သိအောင်လည်း မကြိုးစားသူ များ၏။ ကြိုးစားသူကား ရှားပါး၏။

Friday, June 12, 2015

စိတ်ပူပန်တာ သိပ်မူမမှန်လို့ပါ



ငြိမ်းအေးသော ဘ၀ပိုင်ရှင် ဖြစ်ဖို့အတွက် နောက်အရည်အသွေးတစ်ခုကတော့ " စိုးရိမ်ပူပန်မှု ကင်းရှင်းခြင်း၊ သို့မဟုတ် စိတ်မပူပန်တတ်ခြင်း " ဆိုတဲ့ အရည်အသွေးပါပဲ။
တချို့ က သိပ်ပြီးတော့ စိတ်ပူတတ်တယ်။ စိတ်ပူတတ်တာကိုပဲ ဂုဏ်ယူစရာလို့လည်း ထင်နေတတ်တယ်။ တလွဲဂုဏ်ယူနေတာပါပဲ။

မိန်းမ မလေးစားတဲ့လင်(၈)ယောက်


                                                ဒလိဒ္ဒေါ အာတုရော ဇိဏ္ဏော။
သုရာသောဏ္ဋောစ မုဒ္ဒကော။
ပမတ္တော အနုဝတ္တောစ။
ပဋိစ္ဆာပေါစ အဋ္ဌိမေ။
(ဇာတ် ပဉ္စမ)
အသီတိကုဏ။နှာ၄၇၉

*** သေမင်း၏ရယ်မောခြင်း ***


၁။ သူနိုင် ငါနိုင်၊ အပြိုင်တိုက်ခွင်း၊ အောင်မြေနင်းစဉ် သေမင်း ဘေးကရယ်သတည်း။
၂။ သူပိုင် ငါပိုင်၊ အနိုင်ခုသွင်း၊ လုယက်ငြင်းစဉ်၊ သေမင်း ဘေးကရယ်သတည်း။
၃။ သူ့ဟာ၊ ငါ့ဟာ၊ တဏှာမကင်း၊ ရမ္မက်ပြင်းစဉ်၊ သေမင်း ဘေးကရယ်သတည်း။
၎။ သူချော၊ ငါလှ၊ တသသနှင့်၊ ရူပရုပ်ဆင်း၊ ပြုပြင်ခြင်းကို သေမင်း ဘေးကရယ်သတည်း။
၅။ လွှမ်းခြုံအာဏာ၊ ရာဇာသေဌ်နှင်း၊ တန်ခိုးပြင်းစဉ် သေမင်း ဘေးကရယ်သတည်း။

ဗြဟ္မာအစားအစာ။

        ဗြဟ္မာတို့ကား ရုပ် ၀တ္ထု အဟာရ တစုံတရာကို စားသုံးခြင်းမရှိ၊ ပီတိခေါ် စိတ်၏ နှစ်
သက်ငြိမ်းချမ်းမှုဖြင့်သာ တည်နေကြလေသည်။ စားသုံးသော အဟာရက နူးညံ့သောကြောင့်
ဗြဟ္မာတို့၏ ကိုယ်ကာယသည် လွန်စွာ နူးညံ့ သိမ်မွေ့ကြသည်။
         ဗြဟ္မာတို့  အစာမစားဘဲ ပီတိဖြင့်သာ နေသည်ဆိုသဖြင့် “ ယုံရခက်ခက် ” ဟု ထင်
တတ်ကြ၏။ တရားရှုမှတ်သော ယောကီအချို့သည် တစ်ရက်တွင် ထမင်း လေး ငါးလုပ်မျှ

ဖြေရှင်းရခက်ခဲတဲ့ စွပ်စွဲမှုကြီး။

        ဂေါတမမြတ်စွာဘုရားရဲ့ဘ၀မှာ အကြီးအကျယ် အရှက်တကွဲ အကျိုးနည်းဖြစ်အောင်
စွပ်စွဲမှုကြီးဟာ (၂) ကြိမ် ကြုံခဲ့ပါတယ်။ ၁။ ရဟန်းဂေါတမနဲ့ သူ့တပည့်တွေ သုန္ဒရီလေးကို
မတရားပြုကျင့်ပြီး လူသတ်မှုထိအောင် ကျူးလွန်ကြတယ်ဆိုတဲ့ သုန္ဒရီပရဗိုဇ်မရဲ့ ပြဿနာ။

သင်္ခါရလမ်း

အမိဝမ်းမှာ၊ နေစဉ်ခါ၊
သေရွာသွားရမှာပါတကား။
ပျိုမျစ်သေးရာ၊ ငယ်စဉ်ခါ၊
သေရွာသွားရမှာပါတကား။
ရွယ်ကောင်းတုန်းမှာ၊ ပျိုစဉ်ခါ၊

အခက်လေးမျိုး။

       ၁။ အကြည်ညို မခံရဖို့ထက်၊ အကြည်ညိုခံရဖို့က ပိုခက်တယ်။ ၂။ အမျိုးသမီးတွေ ကြည်ညိုဖို့ထက်
အမျိုးသားတွေ ကြည်ညိုဖို့က ပိုခက်တယ်။  ၃။ အမျိုးသားတွေ ကြည်ညိုဖို့ထက် ရဟန်းအချင်းချင်း ကြည်
ညိုဖို့က ပိုခက်တယ်။  ၄။ ရဟန်းအချင်းချင်း ကြည်ညိုဖို့ထက်   ကိုယ့်ကိုယ်ကို ကြည်ညိုဖို့က  ပိုခက်တယ်။
         ဘုန်းဘုန်းတို့ မြို့ထဲမှာ အရာရှိကြီးတစ်ယောက်ရှိတယ်။ ခိုးတယ်၊ ၀ှက်တယ်၊ လိမ်တယ်၊ လာဘ်စား

Thursday, June 11, 2015

စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ


လူတစ်ယောက်ဟာ စိတ်ချမ်းသာဖို့ သိပ်ပြီးအရေးကြီးပါတယ်။
စိတ်ချမ်းသာနေမှ လောကီအလုပ်ပဲလုပ်လုပ်၊
လောကုတ္တရာအလုပ်ပဲလုပ်လုပ် အဆင်ပြေတာပါ။
စိတ်ဆင်းရဲနေတဲ့စိတ်ကို စိတ်နဲ့ပဲ ပြန်ကုရပါတယ်။
လူတစ်ယောက်ရဲ့ ဘ၀မှာ ကုသိုလ်နဲ့ အကုသိုလ်မှာ
အကုသိုလ်မဖြစ်ဖို့က ပထမဦးစားပေးပါ။
ကုသိုလ်ဖြစ်ဖို့က ဒုတိယဦးစားပေးပါ။

ရဟန္တာကိုရင်ကစားသေးလားဘုရား


တစ်နေ့သောနေ့လည်ခင်းတွင် ဖြစ်၏။ မိမိသည် ခြေထောက်နာသဖြင့် ခြေထောက်ကို မြန်မာစုတ်ဆေးနှင့် ကိုယ့်ဘာသာကိုယ် ထိုးနေသည်။ ထိုစဉ်မှ အမှတ်မထင် တရားနာပရိသတ်မှ ဒကာတစ်ယောက် ရောက်ရှိလာပြီးလျှင် ပြဿနာပေါ်လာသည် -
“ရဟန္တာကိုရင်ကစားသေးလားဘုရား”
“ဟာ. . .ဘဘယ်ကလာ ကတ်သီးကတ်သပ် ရဟန္တာကိုရင် ကစားရမလဲ”
“ဦးပဉ္ဇင်းကသာ မကစားဘူးပြောတယ်၊ တပည့်တော်က နိုင်ငံကျော်စာရေးဆရာကြီးတစ်ယောက်ရဲ့ စာအုပ်ထဲမှာ သေသေချာချာ ဖတ်ဖူးတယ်ဘုရား”

**နမော ဓမ္မရာဇဿ**


နမော တဿ ဘဂဝတော အရဟတောသမ္မာသမ္ဗုဒ္ဓဿ။
**နမော ဓမ္မရာဇဿ**
* န တာဝတာ ဓမ္မရော၊ ယာဝတာ ဗဟု ဘာသတိ။
* ယော စ အပ္ပမ္ပိ သုတွာန၊ ဓမ္မံ ကာယေန ပဿတိ။
* သ ဝေ ဓမ္မရော ဟောတိ၊ ယော ဓမ္မံ နပ္ပ မဇ္ဇတိ။
(ဓမ္မပဒဂါထာ ၂၅၉)
* အပြောများရုံ၊ နှုတ်အာဂုံ၊ အစုံရပါစေ။
* လက်တွေ့မပွား၊ မကျင့်ငြား၊ တရားမဆောင်ပေ။

သံဝေဂတရား ၈ ပါး။

၁။ လှပနုနယ်သော ရူပါရုံရှိသော်လည်း နောက်ဆုံးတွင် အိုကြရမည်။
၂။ စည်းစိမ်ဥစ္စာ ကြီးကျယ်မျာပြားနေသော်လည်း နောက်ဆုံးတွင် ပျက်စီးကြရမည်။
၃။ ချစ်ခင်စွာ ပေါင်းသင်းနေကြရသော်လည်း နောက်ဆုံးတွင် ကွဲပြားကွယ်ကွင်း ကြရမည်။
၎။ အသက်ရှင်နေကြရသော်လည်း နောက်ဆုံးတွင် သေကြရမည်။

ပကတိဥစ္စာနဲ့ ရန်သူမျိုး ၅ ပါး။

        ပကတိဥစ္စာလို့ခေါ်တဲ့ လောကလူသားတွေ ရှာဖွေနေကြတဲ့ ပစ္စည်းဥစ္စာတွေက အဖျက်
အမျိုးမျိုးနဲ့ ဆက်နွယ်နေတယ်။ “အဂ္ဂိသာဓာရဏာ ဘောဂါ” တဲ့၊ မီးဖျက်ရင်လည်း ပျက်သွား
နိုင်တယ်။ “ဥဒကသာဓာရဏာ ဘောဂါ” ရေဖျက်ရင်လည်း ပျက်သွားနိုင်တယ်။ “ရာဇသာဓာရ
ဏာ ဘောဂါ” တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေ သိမ်းသွားရင်လည်း ပါသွားနိုင်တယ်။ “စောရသာ

ထင်ရှားသော ဘာသာတရားများ။

၁။ “ဟိန္ဒူ ဘာသာ ”
===========
တည်ထောင်သူ                      ==  ?  ။
စတင်ပေါ်ပေါက်ချိန်                 ==  ခရစ်မပေါ်မီ နှစ် ၁၅၀၀ ခန့် ။
စတင်ပေါ်ပေါက်ရာ ဌာန            ==  အိန္ဒိယပြည် ။
ဘာသာ၏ အထွက်အထိပ် ပုဂ္ဂိုလ်  ==  ဗြဟ္မာ၊ ဗိဿနိုး၊ သီဝ ။

ဝမ်းကြာတိုက်ထဲကပင် သရဏဂုံဆောက်တည်တဲ့သူ။

   မြတ်စွာဘုရား လက်ထက်တော်က ဗောဓိကုမာရ မင်းသားဆိုတာရှိတယ်။ ဗောဓိကုမာရမင်း
သား  အမေ့ဝမ်းကြာတိုက် ထဲမှာရှိတုန်း အမေလုပ်တဲ့သူက ဘုရားရှင်ရဲ့ ကျောင်းတော်ကို  သွား
တယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးထံ ရောက်တော့ သရဏဂုံ သီလတွေ ဆောက်တည်တယ်။
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဘုရားရှင်ကို ကိုးကွယ်အားထားပါ၏။ “ဓမ္မံ သရဏံ ဂစ္ဆာမိ” တရားတော်ကို

Wednesday, June 10, 2015

“Soul” ခေါ်တဲ့ ၀ိဉာဉ်


ခရစ်ယာန် နဲ့ အစ္စလာမ်တို့မှာ “Soul” ခေါ်တဲ့ ၀ိဉာဉ် ဟာ ဘုရားသခင်ရှေ့မှောက်ကို နောက်ဆုံးမှာ ပြန်လည်ရောက်ရှိတယ် လို့ယူဆ ကြတယ်။
ဗုဒ္ဓဘာသာမှာတော့ “အတ္တ” ဆိုတဲ့ အယူရော၊ “Soul” ခေါ်တဲ့ ၀ိဉာဉ်အယူရောပါ လက်မခံပါဘူး။ ဒီယူဆချက်ဟာ ဗုဒ္ဓဘာသာကို အခြားသော အယူဝါဒများနှင့် သိသိသာသာကြီး ကွဲပြားစေတဲ့ အယူဝါဒဖြစ်တယ်။ ဗုဒ္ဓ၀ါဒဟာ “အတ္တ” ကို လက်မခံတဲ့ “အနတ္တ” ၀ါဒဖြစ်တယ်။

ဝိဿနာအစ ၊သံဝေဂ



အလုပ် တွေကို များစွာ လုပ်ဘို့ ကြိုးစားတဲ့ကျွန်မ အတွက် ဘယ် အရာ က အဓိက..ဘယ် အရာက သာမည ဆိုတာခွဲခြားတတ်ဘို့....။ ဘယ်အရာကို အချိန်များများပေးမလဲဆိုတာ သေချာ စဉ်းစား ရပါတယ်..။
နေဘို့ အရေး ရယ် သေဘို့အရေးရယ် ဆိုပြီး ခေါင်းစဉ် ၂ ခုသာ ခွဲလို့ရတဲ့အလုပ်တွေ ထဲ မှာ အသက်မွေးဝမ်းကျောင်းအလုပ်ဆိုတာ နေရေး ဆိုတဲ့ခေါင်းစဉ် ထဲ မှာ ပါနေတာပါ..။

ကေသကာရီ



 မြတ်စွာဘုရားလက်ထက်တော်က သားအမိနှစ်ယောက်ရှိပါတယ်..။ သမီးရဲ့ နာမည်က ကေသကာရီလို့  ခေါ်ပါတယ်..။ တစ်နေ့  အိမ်တံခါးဝမှာ ထိုင်ပြီး သမီးက အမေရဲ့ ခေါင်းကို သန်းရှာပေးနေပါတယ်..။ အဲဒီ အချိန်မှာပဲ ရဟန်းတော်တွေ အများကြီး ဆွမ်းခံကြွသွားတာ မြင်လိုက်တော့ သမီးက အမေကိုမေးတယ်..။

မြတ်စွာဗုဒ္ဓက ရှာဖွေစုဆောင်းဖို့ တိုက်တွန်းတဲ့ ဥစ္စာဓန။

        လူ့ဘ၀ရခိုက်မှာ လူတိုင်းလူတိုင်း လူရယ်လို့ဖြစ်လာရင် ဥစ္စာဓနတွေကို ရှာဖွေစုဆောင်း
ကြရမှာ ဖြစ်တယ်။ လူတွေနေ့စဉ် ရှာဖွေနေကြတဲ့ ဥစ္စာဓနရဲ့ အရည်အသွေးနဲ့ မြတ်စွာဗုဒ္ဓက ရှာ
ဖွေစုဆောင်းဖို့  တိုက်တွန်းတဲ့ ဥစ္စာရဲ့ အရည်အသွေး၊ ဒီနှစ်မျိုးကို သေသေချာချာနှိုင်းယှဉ်ပြီး
ကြည့်မယ်ဆိုရင် အလွန်ကွာခြားတာကို တွေ့ရမှာဖြစ်တယ်။ သို့သော်လည်း လောကလူသားတွေ

ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏ သံပေါက် လင်္ကာများ ။

၀၁။ သဗ္ဗေသတ္တာ၊ ဝေနေယျာ၊ သံသာ ရှည်လှပြီ။
၀၂။ အတည်ကျကျ၊ ဘယ်ဘ၀၊ ရကြ မရှိပြီ။
၀၃။ ရအံ့နိုးနိုး၊ လောဘမျိုး၊ အကျိုး ယုတ်လှပြီ။
၀၄။ သုံးပါးညီးညီး၊ လောင်မီးကြီး၊ ဖိစီး လှလေပြီ။
၀၅။ လောင်မှန်းမသိ၊ မောဟဖိ၊ မိုက်မိ လှလေပြီ။

ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် တရားဦးဟောရန် ဆင်ခြင်တော်မူခြင်း။

       ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် အဲဒီ ဗောဓိပလ္လင် ဌာနနှင့်တကွ (၇) ပါးသောဌာန
တို့၌ (၇) ရက်စီ  သီတင်းသုံးလျက် အရဟတ္တဖိုလ် ချမ်းသာကို ခံစားခြင်း၊  တရားတော်ကို ဆင်ခြင်
တော်မူခြင်းတို့ဖြင့် (၄၉) ရက်ကို ကုန်လွန်စေခဲ့ပါသည်။ ရက် (၅၀) မြောက် ၀ါဆိလဆန်း (၆) ရက်
နေ့မှာ အဇပါလ ညောင်ပင်အောက်သို့ ပြန်ကြွလာတယ်။  အဲဒီမှာ ထိုင်နေတော်မူရင်း ဘယ်သူ့အား

“သမာတာ ပုတ္တိကဘေး”

မီးလောင်ရေကြီး၊ သူပုန်စီးသည့်
ဘေးကြီးသုံးဖြာ၊ ဖြစ်ပေါ်လာသော်
မာတာမိခင်၊ သားရွှေစင်ကို
ကယ်တင်မရ၊ ချစ်သားလှလည်း
မိဘကိုပင်၊ မကယ်တင်နိုင်

Monday, June 8, 2015

ဘုရားသော်မှပေးဆပ်ရသည့် ပထမ၀ဋ်ကြွေး။

         ဘုရားအလောင်းတော်ဟာ “အနုတ္တရ သန္တိဝရပဒ” ခေါ်တဲ့ တကယ့်ထူးမြတ်တဲ့ အငြိမ်း
ဓာတ်ကို ရှာပါတယ်။ ဒီလိုရှာတာဟာ မှန်ကန်တဲ့လမ်းကြောင်းနဲ့ မရှာမိဘဲနဲ့ မှားယွင်းတဲ့ လမ်း
ကြောင်းလိုက်ပြီး ရှာနေတာဟာ အချိန်တွေ (၆) နှစ်နီးနီးလောက် ဖြစ်သွားတယ်။ “ဒီလို လမ်း
မှားလို့ ခန္ဓာကိုယ်ပင်ပန်းပြီး ဒုက္ခရောက်ရတာဟာ ကံကြမ္မာဝဋ်ကြွေးကို ပေးဆပ်ရတာ” လို့ ဒီလို

“ ရှင်မဟာသီလ၀ံသ ဆုံးမစာ (၅) ”

၄၈။ မပျင်းမရိ၊ လုံ့လရှိ၍၊
သတိအထဲ၊ အရိုးစွဲအောင်၊
တဖောင်ဖောင်လျှင်၊ သန်းခေါင်ညဥ့်နက်၊
သင်ကျက်သမျှ၊ စ စကုန်စေ၊
နေ့ကိုအလွတ်၊ ရွတ်နိုင်စေ။

စကားတို့၏အစွမ်း။

 * သိတိုင်းလဲ မပြောနဲ့။
မြင်တိုင်းလဲ မပြောနဲ့။
ကြားတိုင်းလဲ မပြောနဲ့။
နိုင်တိုင်းလဲ မပြောနဲ့။

ပဋိစ္စသမုပ္ပါဒ် လည်ပုံပြတ်ပုံ တရားကို အလွယ်တကူ နားလည် သဘောပေါက်ကြစေရန်။

              (လင်္ကာဆောင်ပုဒ် ၁ )=အ၀ိဇ္ဇာနှင့်   တဏှာရင်းခံ   ဥပါဒါန်ကံကြောင့်   ရုပ်နာမ်ပေါ်
အပင်မှမျိုး၊ မျိုးမှအပင် အမျှင်မပြတ် ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်၊ နာမ်ရုပ်ကြောင့်ကံ၊
အဖန်ဖန်၊  ဖြစ်ပြန်နည်းအလျော်၊  ဗြဟ္မာသိကြား  စသည်များက  ထင်ရှားပြုပြင်၊ စီရင်ဖန်ဆင်း
အကြောင်းရင်းကြောင့် လူနတ်များစွာ၊ သတ္တ၀ါတို့ ဖြစ်လာရမှု၊ မဟုတ်ဟု  ဉာဏ်ဖြင့် ရှု၍မျှော်။

Sunday, June 7, 2015

ကိုယ့်ကိုယ်ကို ချစ်တတ်ကြပါစေ

ကိုယ့်ကိုယ်ကို ချစ်တတ်ကြပါစေ

ကုသိုလ်ကို ပွားများနေလျှင်
~~~~~~~~~~~~~~~
တို့ တဏှာသာမရှိရင် နေချင်စရာမကောင်းဘူးလား၊ ဒီလောကကြီးမှာ ရူပါရုံကို ကြည့်တော့ ဘာဖြစ်မလဲ၊ တဏှာ မဖြစ်ပေဘူးလား၊ ကူလီတွေ ပိုက်ဆံလိုချင်လို့ လုပ်ကြရတာ မဟုတ်လား၊ လိုချင်တာဟာလဲ တဏှာ လောဘပဲ၊ တဏှာ လောဘတွေ ရှိနေလို့သာ ကုသိုလ်စိတ်တွေ မဖြစ်တာ၊ ကုသိုလ်ကို ပွားများနေတဲ့အခါ တဏှာ လောဘ မဖြစ်ဘူး၊ ပီတိ သောမနဿတွေ ဖြစ်နေတယ်

ချီးမွမ်းလျှင် ဘေး၊ ကဲ့ရဲ့လျှင် ဆေး


ချီးမွမ်းလျှင် ဘေး၊ ကဲ့ရဲ့လျှင် ဆေး

"ပြစ်တင်ခံရမှုကြောင့်၊ စိတ်လည်းမပျက် အမျက်လည်းမထွက်ပါနှင့် ဖြေရှင်းပါ။ ဂုဏ်တင်ခံရမှုကြောင့်လည်း၊ စိတ်မတက်ကြွပါနှင့် မှန်ကန်ကြောင်းသာဝန်ခံပါ"
.........................................................
ရဟန်းတို့၊ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြလျှင် ထို (ပြောကြရာ) ၌ သင်တို့သည် ရန်ငြိုးထားခြင်း နှလုံးမသာခြင်း စိတ်မကျေချမ်းခြင်း မဖြစ်စေသင့်။

ဘ၀ဟူသည် အကျဉ်းထောင်


ဘုရားရှင်က “ဘဝဟူသည် အကျဉ်းထောင်သာဖြစ်၏” ဟု မိန့်တော်မူ၏။ မှန်၏။ မိမိတို့တတွေသည် ဘဝအကျဉ်းထောင်ထဲ၌ အကျဉ်းချခံနေရသော ဘဝအကျဉ်းသားများသာ ဖြစ်ကြလေ၏။သေချာစဉ်းစားကြည့်။ တဏှာထားရာနေ၊ တဏှာစေရာသွား၊ တဏှာအမိန့်နာခံ၊ တဏှာခိုင်းသမျှ အကုန်လုပ်နေရသော တဏှာ၏ကျွန်၊

*** မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြဝါဒတော် ***

၁။ * ရှေးဦးစွာ ပဋိစ္စသမုပ္ပါဒ်ကို နားလည်အောင် လုပ်ပါ။
၂။ * တရားအားထုတ်လိုလျှင် ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ်ကို သိအောင်ကြိုးစားပါ။
၃။ * ပဋိစ္စသမုပ္ပါဒ်မသိဘဲနှင့် ကျင့်ကြံအားထုတ်ခြင်းသည် ပင်ပန်းရုံမျှပဲ မှတ်ပါ။
၎။ * ပဋိစ္စသမုပ္ပါဒ်ကိုသိမှသာ အရှိနှင့်အသိကိုက်မည်။
၅။ * အရှိနှင့်အသိ ကိုက်မှသာလျှင် ဟုတ်တိုင်းမှန်စွာ သိမြင်မည်။

နတ်တွေလိုချင်တဲ့ သုဂတိဘုံ။

        နတ်ဘ၀တစ်ခုမှာ နတ်သက်တမ်းတစ်လျှောက်လုံး ၀တ်ထားတဲ့အ၀တ်လည်း ဘယ်တော့မှ
လျှော်ဖွတ်ရတယ် မရှိဘူး။ ပန်ထားတဲ့ပန်းကလည်း ဘယ်တော့မှ နွမ်းသွားတယ် မရှိဘူး။ အို..ပူလို့
အိုက်လို့ ချွေးထွက်တာလည်း မရှိဘူး။ အမြဲတမ်း သန့်ရှင်းသန့်ပြန့် နေတယ်။
         သို့သော် ပန်းတွေ ညိုးလာတယ်၊ ခန္ဓာကိုယ်က စိုစိုပြေပြေ မရှိတော့ဘဲ မွဲမွဲခြောက်ခြောက်

ခင်ပွန်းယုတ် အပြစ် ၆ ပါး။

၁။ အကြင်သူတို့သည် လောင်းကစားကြူးကုန်၏။
၂။ အကြင်သူတို့သည် ကာမဂုဏ်ကြူးကုန်၏။
၃။ အကြင်သူတို့သည် သေသောက်ကြူးကုန်၏။
၎။ အကြင်သူတို့သည် အတုပြု၍ လှည့်ပတ်တတ်ကုန်၏။

(မိခင်လောင်း၊ ဖခင်လောင်းများအတွက်) * လိမ္မာထက်မြက်သော သားသမီးရတနာတွေရအောင် နည်းကောင်းများ။

     ဦးဇင်းတို့အမေ  မှားခဲ့တာတစ်ခု  ရှိခဲ့တယ်။ ဦးဇင်းတို့ ငယ်ငယ်တုံးက  ပြောပြီးပြီ၊ အရက်မ
သောက်တတ်ဘူး၊ ဆေးလိပ်မသောက်တတ်ဘူး ပြောသလိုဘဲ၊ ဖဲမရိုက်တတ်ဘူးလို့ မပြောလိုဘူး။
ဖဲရိုက်တတ်တယ်၊ ဘာဖြစ်လို့ ဖဲရိုက်တတ်သလဲ ဆိုတော့ ဖဲရိုက်တာ ၀ါသနာကို ပါလာတယ်။ အဲဒါ
ကို ကြည့်ပြီးတော့၊ အမေက ဘာပြောတယ်ဆိုတော့၊ အိုး....“ငါ့သား, ငါ့သား” ငါ့သားဖဲရိုက်တတ်