Saturday, September 1, 2018

လောကဓံ တရားနှင့် ကြုံလာရင်.

လောကဓံ တရားနှင့် ကြုံလာရင်.
==================
ဖုဌဿလောက ဓမ္မေဟိ
စိတ္တံ နဿ ယကမ္ပတိ
အသောကံ ၀ိရဇံ ခေမံ
ဧတံမင်္ဂလ မုတ္တမံ
The mind that is not touched by the vicissitudes of life, the mind that is free from sorrow, stainless, and secure — this is the highest blessing.
လောကဓံ တရားနှင့် ကြုံလာရင် မတုန်မလှုပ်သီးခံ နိုင်တာ စိုးရိမ်ပူဆွေး သောက မဖြစ်တာ ကို မင်္ဂလာ အဖြစ် ဗုဒ္ဓဘုရားရှင် ထုတ်ဖေါ် ဟောကြားထားခဲ့ပါတယ်။ လောကဓံတရား ရှစ်ပါးဆိုတာက လာဘ်ရခြင်း - လာဘ်မရခြင်း၊အခြွေအရံများခြင်း- အခြွေအရံနည်းခြင်း၊ ချီးမွမ်းခြင်း-ကဲ့ရဲ့ခြင်း၊ချမ်းသာခြင်း-ဒုက္ခဖြစ်ခြင်း တို့ဖြစ်ပါတယ်။

ပါရာဇိက ၄ ပါး။

        ပါရာဇိက ၄ ပါးမှာ ==
၁။ မေထုန ပါရာဇိက = မေထုန်ဟူသော မမြတ်သောအကျင့်ကို ကျင့်ခြင်း။
၂။ အဒိန္နဒါန ပါရာဇိက = သူတစ်ပါးဥစ္စာကို ခိုးယူခြင်း။

Friday, August 31, 2018

မန်လည်ဆရာတော် ဘုရားကြီး။

   မန်လည်ဆရာတော်ကို သာယာဝတီမင်းလက်ထက် စစ်ကိုင်းတိုင်းအင်းတော်မြို့နယ်
မန်လည်မြို့မှာ ၁၂၀၃ -ခုနှစ်၊ မွေးဖွားကြောင်း သိရပါတယ်။ မိဘနှစ်ပါးမှာ ဦးထင်ညိ+ဒေါ်ဖြေ
 ဖြစ်ပြီးလူအမည်ကို မောင်မာလို့ ခေါ်ဆိုပါတယ်။ ရှင်ဘွဲ့နှင့် ရဟန်းဘွဲ့ကို ဇ၀နမထေရ်လို့ ခေါ်  

ကိုယ့်ကိုကိုယ်သာ ဆုံးမရာ၏

ဟိုး....အရင်ဘုရားများလက်ထက်က မြို့စွန်ဖျားမှာ ရွာတရွာရှိတယ် မြို့နဲ့လဲနီး တော တောင်တွေနဲ့လည်းနီးတော့ မြို့ကလူတွေက
အလည်အပတ် လာသလို ဆိတ်ငြိမ်တဲ့တောတောင်တွေလဲရှိတော့ တရားအားထုတ်မယ့်သူတွေကလည်း လာပြီးအားထုတ်ကြတာပေါ့
တရားအားထုတ်သူတွေထဲမှာ ရသေ့တပါးလဲပါတာပေါ့၊ ရသေ့ကဆိတ်ငြိမ်တဲ့ ရွာအစွန်တောစပ်လေးမှာ ကျောင်းဆောက်ပြီးနေတာပေါ့
သူကျောင်းဆောက်ပြီးမှ သတိထားကြည့်မိတာ သူ့ကျောင်းရဲ့မျက်နှာခြင်းဆိုင် ခပ်လှမ်းလှမ်းမှာ အိမ်တအိမ် ရှိတယ် အဲ့အိမ်မှာ အမျိုး

စိတ်ပါလက်ပါ အားထုတ်ပါ။

        တရားအလုပ်အားထုတ်တဲ့အခါ ဂရုတစိုက် တကယ်အားထုတ်ရင်၊ စိတ်ပါလက်ပါ တ
ကယ်အားထုတ်ရင် သိစရာသဘောတရားတွေကို သိတယ်။ နောက်ပြီးတော့ ဒီသဘောတွေကို
သေချာသိလာပါတယ်။ ဒါကြောင့် သူတော်ကောင်းတို့အနေနဲ့ တရားအလုပ်ကို စိတ်ပါလက်ပါ

Thursday, August 30, 2018

မိစ္ဆာဝါဒီတို့ အကြောက်ဆုံးတရား

မိစ္ဆာဝါဒီတို့ အကြောက်ဆုံးတရား၊ အကြောက်ဆုံးဒေသနာ (၀ါ) အကြောက်ဆုံး ပိဋကတ်မှာ အဘိဓမ္မာပိဋကတ် ဖြစ်၏။ သူတို့ဝါဒ သူတို့ ပြောဆိုရေးသားသမျှကို အဘိဓမ္မာနှင့် ညှိလိုက်သည့်အခါတိုင်း သူတို့၏ အမှားသည် ကွက်ကွက်ကွင်းကွင်း မငြင်းနိုင်အောင် ဖြစ်လေ့ရှိ၏။ ထို့ကြောင့် အဘိဓမ္မာပိဋကတ်သည် မိစ္ဆာဝါဒီတို့အဖို့ အမုန်းဆုံး အကြောက်ဆုံး တရား ဖြစ်၏။
ဤတွင် ထိုမိစ္ဆာဝါဒီတို့ အကြောက်ဆုံး
အမုန်းဆုံးဖြစ်သော အဘိဓမ္မာပိဋကတ်ကို ဘုရားဟောဟု လက်ခံကာ သင်ယူခြင်းကြောင့် ရရှိအပ်သော အကျိုးတရားများနှင့် အဘိဓမ္မာ ပိဋကတ်ကို ဘုရားမဟောဟု ပစ်ပယ်ခြင်းကြောင့် ရရှိနိုင်သော အပြစ်တို့ကို ပြဆိုပါမည်။

ကိုယ်ကပြန်လည်ပေးဆပ်ရတဲ့ ကံကြမ္မာ ၀ဋ်ကြွေး။

     “၀ဋ်ကြွေး” ဆိုတာ လည်ပတ်ပြီးတော့ ဖြစ်လာတာ။ တစ်ချိန်တစ်ခါတုန်းက ကိုယ်ကိုယ်
တိုင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေက ပြန်ပြီးတော့ တုံ့ပြန်ပြုလုပ်လာတာတွေ ရှိလာတယ်။ ဒါ သဘာဝ
တရားရဲ့ တုံ့ပြန်မှုပါ။ အဲဒီ တုံ့ပြန်မှုလေးတွေက ဘုရားပဲ ဖြစ်စေ၊ ရဟန္တာပုဂ္ဂိုလ်တွေပဲဖြစ်စေ

Wednesday, August 29, 2018

အရိယာဖြစ်သော ရဟန်းတော်များ အာပတ်သင့်ပါသေးသလား?။

        ပရိဝါပါဠိတော် ၂၁၄- ၌ -
"ဒွေ ပုဂ္ဂလာ အဘဗ္ဗာ အာပတ္တိံ အာပဇ္ဇိတုံ ဗုဒ္ဓါ စ ပစ္စေက ဗုဒ္ဓါ စ " သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားနှင့်
ပစ္စေကဗုဒ္ဓဘုရားတို့သာလျှင် အာပတ်မသင့်ဟု ဆိုသောကြောင့် သာဝကဖြစ်သော ရဟန်းတော်
တို့သည် အရိယာပင်ဖြစ်နေသော်လည်း အာပတ်သင့်တတ်သေး၏ဟု မှတ်ရမည်။

တောင်းသောဆုနှင့် တန်အောင်ပြုရမည်

လောက၌ တစ်ရာတန်ပစ္စည်းကို လိုလျှင်တစ်ရာကျပ်,တစ်ထောင်တန်ပစ္စည်းကိုလိုလျှင်
တစ်ထောင်ကျပ်>> စသောအားဖြင့် တန်ရာတန်ကြေးပေးယူမှ မိမိ လိုအပ်သောပစ္စည်းကို
ရနိုင်သကဲ့သို့ ဆုတောင်းရာ၌လည်းတောင်းသောဆုနှင့်တန်အောင် ကုသိုလ်
ကောင်းမှုကိုပြုမှ(ကုသိုလ်ကောင်းမှုကြေးကိုပြုပေးမှ)လိုအပ်သော အရာကို လိုအပ်သလောက်
ရနိုင်ပေမည်။ငွေတစ်ပြား ပေးရုံမျှဖြင့် တစ်သိန်းတန် ရွှေဖလားကို မရနိုင်သကဲ့သို့ မတောက်
တခေါက် ကောင်းမှု ကုသိုလ်လေးပြုရုံမျှဖြင့်လည်းလိုအပ်သမျှ ဆုတွေတပုံကြီးတောင်းယူ၍
ရနိုင်ကြမည် မဟုတ်ပါ။

အတင်းအဖျင်းမပြောနဲ့။

  ** စကားအတင်း အချင်းချင်းပြောနေခြင်းသည် သူပြောရာကိုယ်စွဲ၊ ကိုယ်ပြောရာသူစွဲ၊
အန်ဖတ်လဲစားသည်နှင့် ဘာမှမခြား။
  လောကကြီးဟာ သူဖြစ်ချင်တာတွေ ဖြစ်နေတာ၊ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်နေတာမဟုတ်။

Tuesday, August 28, 2018

ရုပ်လှချင်ရင်

ရိပ်သာမှာ တံမြက်စည်း လှည်းနေရင်း အတွေးတစ်ခု ကြောင့် ဘာသာ ပြုံးလိုက်မိပါတယ်။ မိမိရဲ့ အပြုံးကို အနားက ဖြတ်သွားတဲ့ သူငယ်ချင်းက မြင်ဖြစ်အောင် မြင်သွားတော့ “ဘာပြုံးတာလဲ” တဲ့။ မိမိကလည်း “ဘာမှ မဟုတ်ပါဘူးလို.” ပြုံးပြီး ပြန်ပြော လိုက်ရပါတယ်။ ဒီတော့ သူငယ်ချင်း ဖြစ်သူက “စာရေးဆရာရယ်လို့ မပြောရဘူး၊ တော်တော် စိတ်ကူးယဉ်” လို.ပြောပြီး ရှေ.ဆက်လျှောက် သွားပါတယ်။ တကယ်တော့ မိမိ ပြုံးရခြင်း ရဲ့ အကြောင်းမှာ အဖြေက သီးသန်. ရှိပြီးသားပါ။ သူငယ်ချင်းကို ပြောမပြ ဖြစ်ခဲ့ ပေမဲ့ ချစ်တဲ့ စာဖတ် ပရိသတ်ကိုတော့ တကူးတက ကိုပြောပြ ချင်ပါတယ်။

ဆရာသမားကောင်း ရွေးချယ်နည်း။

      “ ပိယော ဂရု ဘာဝနီယော၊ ၀တ္တာ စ ၀စနက္ခမော ”
ဆရာသမားတွေနဲ့ ပတ်သက်ပြီး ကိုယ်က ဆရာတင်ပြီး ကိုးကွယ်မယ်ဆိုရင် မိတ်ကောင်းဆွေ
ကောင်း ဆရာသမားဆိုတာ အဲဒီ အရည်အသွေးတွေ ရှိမရှိ ကြည့်ရပါမယ်။=

Monday, August 27, 2018

ဝိပဿနာ အားထုတ်နည်း အခြေခံ ဆောင်ပုဒ်လေးများ။

- ၀ိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာ ရှု၍ ဖြစ်သနည်း။
       စွဲလန်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း။
- ဘယ်အကျိုးငှါ၊ ထိုခန္ဓာ၊ ဘယ်ဟာရှုရပါသနည်း။

ဗုဒ္ဓံ ဘာသာဝင်တို့မျက်စိလည်စေသော၊ ကံနှင့်ကံ၏အကျိုး(၂)

အချိုးကျအောင် ဥပဓိကို ပြင်နိုင်ပါသေး၏။ ယခုကာလ၌ ငယ်စဉ်ကာလက မိခင်တို့ ပြုပြင်၍ မပေးကြသောကြောင့် တစ်ဖက်သတ် အိပ်လေ့ရှိသော ကလေးတို့၌ ဦးခေါင်း မတည့်ဘဲ စောင်းရွဲ့နေတတ်၏။ အချို့ကလေးများမှာ အထက်ပိုင်းလေး၍ ခြေသလုံး၊ ပေါင်ရိုးတို့ မတောင့်တင်းသေးမီ “ရပ်နိုင်ပေ့ ရပ်နိုင်ပေ့” ဟု ရပ်နည်းသင်ပေးကြသဖြင့် ကလေးများ ခြေခွင်နေတတ်ကြသည်။ နုနယ်သော လက်ခြေ အင်္ဂါ နှာခေါင်းများကို နဂိုက မလှသော်လည်း ပြုပြင်ပေးလျှင် အထိုက်အလျှောက် ဖြောင့်စင်း လှပနိုင်လျှက် ပြုပြင်၍မပေးကြ။

ဗုဒ္ဓံ ဘာသာဝင်တို့မျက်စိလည်စေသော၊ ကံနှင့်ကံ၏အကျိုး

ဘုရားရှိခိုးတိုင်း၊ သီလယူတိုင်း ကန်တော့လေ့ရှိသော သြကာသ ကန်တော့ခန်းတွင် “အပါယ် (၄)ပါး၊ ကပ်(၃)ပါး၊ ရပ်ပြစ်(၈)ပါ၊ ရန်သူမျိုး (၅)ပါး၊ ၀ိပတ္တိ တရား(၄)ပါး၊ ဗျသန တရား(၅)ပါး တို့မှ ကင်းလွတ်ရပါစေကြောင်း” ဗုဒ္ဓဘာသာဝင်တိုင်း ဆုတောင်းလေ့ ရှိကြ၏။ ထိုတွင် ၀ိပတ္တိ ပျက်စီးခြင်း တရား (၄)ပါး ဟူသည် အဘယ်နည်း။? ၎င်း၏ ဆန့်ကျင်ဘက် ဖြစ်သော သမ္ပတ္တိ ပြည့်စုံခြင်း တရား (၄)ပါး ဟူသည် အဘယ်နည်း။?

သံသရာလွတ်မြောက်အောင်နေနည်းနဲ့ နေထိုင်ကြသူများ။

     သူတော်ကောင်းတို့တတွေကတော့ ကံကောင်းလို့ လူ့ဘ၀ ရလာကြပြီ။ လူ့ဘ၀ရောက်ဖို့
ဆိုတာ အလွန်မတန်မှ ခဲယဉ်းတယ်။ ရခဲတဲ့ လူ့ဘ၀ကို ရထားပြီးပြီဆိုတော့ သက်တမ်းတစ်ခုမှာ
ဘယ်လိုနေကြမလဲ။ တချို့ကပြောကြတယ် ငွေကြေးစီးပွားဥစ္စာတွေ တိုးတက်အောင်လုပ်မယ်။

Sunday, August 26, 2018

ဝါခေါင်လပြည့်၊ မေတ္တာအခါတော်နေ့

ရဟန်းသံဃာတော်များသည် တစ်နှစ်တွင်သုံးလ ဝါဆိုတော်မူကြသည်။ “ဝါဆိုသည်“ ဟုဆိုရာ၌ အကြောင်းကြီးငယ်မရှိဘဲ မိမိတို့ သီတင်းသုံးရာအရပ်မှထွက်ခွါကြွသွားခြင်းမပြုသည်ကိုဆိုသည်။ ထိုသုံးလကာလသည်ပင်“ဝါတွင်း“ မည်ပေသည်။ ပရိယတ်နှင့်ပဋိပတ် သာသနာတို့ အလို့ငှါ အ
ပြည့်အ၀ အားထုတ်ကြိုးကုတ်ခွင့်ရကြသည့် အခါသမယလည်းဖြစ်သည်။

တရားထိုင်လွန်သော် ....(အထူးသတိပြု)

ယခုခေတ်တွင် တရားလိုက်စား အားထုတ်သူများ ပေါများလာသည်။ တရားလိုက်စား အားမထုတ်ဖူးသေးသူဆိုလျှင် ခေတ်မမီ လူရာမ၀င်သလို ဖြစ်လာသည်။ တရားအားထုတ်သူ များသလောက် တရားဟောသူ၊ တရားပြသူလည်း များလာသည်။ သို့ရာတွင် ဟောသူ၊ ပြသူ၊ လိုက်စားအားထုတ်သူများတွင် ဘုရားရှင်၏ မဇ္ဈိမပဋိပဒါ ကျင့်စဉ်ကျသူဦးရေမှာ မများလှဟုထင်သည်။

သမာဝတီမိဖုရား၏ မေတ္တာအစွမ်း။

      ကောသမ္ဗီပြည် ဥတေနမင်းဝယ် သမာဝတီ၊ မာဂဏ္ဍီ၊ ၀ါသုလဒတ္တဒေ၀ီ ဟု မိဖုရားသုံး
ယောက် ရှိပါတယ်။ သမာဝတီဟာ ရတနာသုံးပါးကို ကြည်ညိုတယ်။ မာဂဏ္ဍီကား မိဖုရား မဖြစ်
ခင် အပျိုစင်ဘ၀ကပင် ဘုရားအပေါ်မှာ ရန်ငြိုးထားခဲ့တဲ့ ပုဏ္ဏေးမကလေးပါ။ ဒါကြောင့် မာဂဏ္ဍီ