Saturday, August 19, 2017

ဆရာဝန်အလုပ်သည် စိတ်ထားကောင်းမွန်ပါက ကုသိုလ် ၅-မျိုး ရရှိနိုင်ပုံ


ဆရာဝန်အလုပ်သည် စိတ်ထားကောင်းမွန်ပါက ကုသိုလ် ၅-မျိုး ရရှိနိုင်ပုံကို ၁၉၉၈-ခုနှစ် အောက်တိုဘာလထုတ် မြတ်မင်္ဂလာ စာစောင်၌ သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ဘုရားက အောက်ပါအတိုင်း ရေးသားထားပါသည်။

တဏှာ၏ အထင်မှား အမြင်မှား။

      ကိုယ့်ခန္ဓာကိုယ်နဲ့ ပတ်သက်လာရင် လှတယ်၊ တင့်တယ်တယ် ဆိုတဲ့ အထင်ဟာ လူတိုင်း
မှာရှိကြပါတယ်။ အဲဒီလို ရှိကြလို့သာ မလှ လှအောင် ပြင်ပြီးတော့ နေကြတယ်၊ အ၀တ်အစား
တွေ ဆိုရင်လည်း မလှ လှအောင် ၀တ်ကြရတယ်၊ တင့်တယ်မှုတွေကို ရှာကြံပြီးတော့ လုပ်ကိုင်
နေကြတယ်။ ခန္ဓာ ၅ ပါးကို ချမ်းသာတယ်ဆိုတဲ့ အထင်မှားမှု ရှိကြတယ်။

မြတ်နိဗ္ဗာန်ခရီးကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား (၆) ပါး။

    မြတ်နိဗ္ဗာန်ခရီးကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား (၆) ပါးမှာ==
၁။ ကာမစ္ဆန္ဒနီဝရဏ = ကာမဂုဏ် (၅) ပါးတို့၌ တပ်မက်ခြင်း။
၂။ ဗျာပါဒနီဝရဏ = အမျက်ထွက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ခိုက်ရန်များခြင်း။
၃။ ထိနမိဒ္ဓနီဝရဏ = ငိုက်မြည်းခြင်း။

ရွှေ၊ ငွေ၊ ငွေစက္ကူ၊ ငွေဒင်္ဂါး လှူဒါန်းခြင်း။

    ရဟန်းတော်များသည် ရွှေတုံး၊ ရွှေထည်အသုံးအဆောင်၊ ရွှေဒင်္ဂါး၊ လက်ဝတ်ရတနာ
စသော ရွှေဖြင့်ပြုလုပ်သော ပစ္စည်းအမျိုးမျိုး၊ ငွေတုံး၊ ငွေထည်အသုံးအဆောင်၊ ငွေဖြင့်ပြုလုပ်
ထားသော ပစ္စည်းအမျိုးမျိုး၊ လှူဒါန်းလာလျှင် လက်မခံကောင်း၊ မသာယာကောင်း၊ မကိုင်
ကောင်းပေ။

Friday, August 18, 2017

စွန်းလွန်း ဆရာတော် ဘုရား၏ ဝေဒနာ ရှုကွက်


ဝေဒနာလိုက်ရာ၌ယုန်ကိုခွေးလိုက်သကဲ့သို့လည်းကောင်း၊ ဖောင်စီးသူကဲ့သို့လည်းကောင်း ဥပမာပေး ဆုံးမတော်မူခဲ့၏။ အာနာပါဿတိ ကမ္မဋ္ဌာန်း စတင်အားထုတ်၍ ၀င်လေထွက်လေ တိုးထိသွားသော နှာသီးဖျား၌ စိတ်ကိုစူးစိုက်တည်ကြည်နေအောင် စိတ်ထိန်းထားခိုင်း၏။ အ၀င်အထွက်မှန်၍ အရှုအရှိုက် မှန်မှန် တင်းတင်းပြင်းပြင်း လုံ့လ၀ီရိယကောင်းကောင်းနဲ့ အားထုတ်ခိုင်း၏။

Thursday, August 17, 2017

အဘိဓမ္မာ နှင့် ၀ိပဿနာ



အဘိဓမ္မာဟူသည် အလွန်သိမ်မွေ့နူးညံ့သောဓမ္မ၊ အလွန်နက်နဲခက်ခဲသောဓမ္မ၊ အလွန်ကျယ်ပြန့်သောဓမ္မ၊ အလွန် ထူးကဲသောဓမ္မဖြစ်သည်။ ဓမ္မဟူသည် အရှိတရား၊ အမှန်တရား၊ ကြောင်းကျိုးဆက်တရား၊ သဘာဝတရား၊ ပကတိတရား၊ ဉေယျတရား၊ နိဿတ္တတရား၊ နိယာမတရား၊ ပရမတ္ထတရား၊ သစ္စာတရားတို့ဖြစ်သည်။ အလွန့် အလွန် သိမ်မွေ့နူးညံ့သော၊ ခက်ခဲနက်နဲသော၊ ထူးကဲကျယ်ပြန့်သော၊ သတ္တ အတ္တ မဟုတ်သော ပင်ကိုယ်သဘာဝအားဖြင့် အရှိအမှန်ဖြစ်သော သိအပ်သော ထိုအဘိဓမ္မာကို မြတ်ဗုဒ္ဓသည် နတ်ပြည်၌ ဟောခဲ့သည်။ ထိုမျှ ခက်ခဲသော ဓမ္မကို စိတ်အစဉ်၌ အာရုံနှင့် နီဝရဏ ကြားဝင်မခုဘဲ တစ်ဆက်တည်း မရပ်မနား တောက်လျှောက် ဧကာသန ဧက၀ါရ နာကြားနိုင်မှ တတ်သိ နားလည်နိုင်မည်ဖြစ်သည်။

မြောက်ဦးဆရာတော် ၀န၀ါသီ အရှင်ဝါယာမိန္ဒ၏ မေတ္တာပို့လွှတ်ရန်။

၁။ အထက်အရပ်မှာ များသတ္တ၀ါ၊
    ချမ်းသာကိုယ်စိတ် မြဲကြပါစေ။
    အန္တရာယ်ကင်း ဘေးတွေရှင်း၊
    လက်ငြင်းချမ်းသာကြပါစေ။ ။
၂။  အောက်အရပ်မှာ များသတ္တ၀ါ၊

ဗုဒ္ဓမြတ်စွာရဲ့ စိတ်ကိုလှအောင် ပြုပြင်ပါ။

      ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမ ဒေသနာတော်အရ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တစ်ခုကို
ကျင့်ကြံကြိုးကုတ် အားထုတ်နေတဲ့ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ သံသရာဝဋ်ဆင်းရဲထဲမှာ ကျင်လည်နေရ
ခိုက် ဆင်းရဲဒုက္ခတွေ နည်းနိုင်သမျှ နည်းအောင် ကျင့်သုံးနေထိုင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် စိတ်ဖြူ

နိဗ္ဗာန်ကို ရရောက်နိုင်သူ။

        မိလိန္ဒမင်းကြီးက အရှင်နာဂသိန်မထေရ်ကို “ အရှင်ဘုရား နိဗ္ဗာန်ကို အလုံးစုံသော
ပုဂ္ဂိုလ်များ ရရောက်နိုင်ပါသလား ” ဟု မေးလျှောက်သောအခါ အရှင်နာဂသိန်မထေရ်က
“ မင်းကြီး အလုံးစုံသောပုဂ္ဂိုလ်တို့ မရရောက်နိုင်ပေဘူး” လို့ ဖြေတယ်။

Wednesday, August 16, 2017

“တကယ့် မင်္ဂလာအစစ်”

လူတွေယူဆတဲ့ မင်္ဂလာက တကယ့်မင်္ဂလာအစစ် မဟုတ်ဘူး။ သို့သော် လောကလူတွေက မင်္ဂလာနဲ့
ကံတရားလို့ နှစ်မျိုးခွဲပြီးတော့ ပြောတဲ့အခါမှာ မင်္ဂလာထက် ကံကိုပိုပြီးယုံဖို့မြတ်စွာဘုရားကဟောတယ်။
ကံဆိုတာ ကိုယ်လုပ်တာကိုပြောတာ။ ကိုယ့်ရဲ့လုပ်ရပ်တွေ၊ ကိုယ့်ရဲ့စိတ်ကူးတွေ၊
ကိုယ့်ရဲ့ပြောဆိုမှုတွေ၊ ကိုယ့်ရဲ့ကာယကံမြောက်လုပ်မှုတွေ၊
အဲဒီက ရရှိလာတဲ့ အကျိုးတရားကို ယုံကြည်တာ။ 

Tuesday, August 15, 2017

ထေရ၀ါဒ ၏ အတွင်းရန်များ

မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာတရားတော်ကို လက်ခံယုံကြည်နေသော နိုင်ငံ ဖြစ်သည်။ ထေရ၀ါဒ တရားတော်သည် လူသားတို့အတွက် ရသင့် ရထိုက်သော လက်တွေ့ဒေသနာတို့ကို ဖော်ပြသည်။ မဖြစ်နိုင်သော၊ မရနိုင်သော စိတ်ကူးယဉ် အယူအဆတို့ကို မဖော်ပြ ပေ။ ဗုဒ္ဓဘုရားကလည်း စိတ်ကူးယဉ်တရားသဘောကို ဟောကြားခြင်း မရှိပေ။

ပါချုပ်ဆရာတော်ကြီး၏ တရားဓမ္မနဲ့ တည့်အောင်နေပါ။

       ဒီဘ၀ ဒီခန္ဓာကိုယ်ကြီးဟာ အသက်အရွယ်ကြီးလာရင် ချို့ယွင်းလာပါတယ်၊ လောကလူ
တွေကိုကြည့်ပါ၊ အသက်ကြီးလာရင် မကောင်းတဲ့စာရင်းတွေက များလာပြီ။ အဘိုးကြီး အဘွား
ကြီးတွေ ပြောကြတယ်လေ၊ မျက်စိက မကောင်းဘူးတဲ့၊ မျက်စိမှုန်တယ်။

ဗောဓိပက္ခိယတရား ၃၇ ပါး။

         မဂ်ဉာဏ်၏ အသင်းအပင်းတွင် ပါဝင်သော တရားစု သို့မဟုတ် မဂ်ဉာဏ်ဘက်၌ ပါဝင်၍
မဂ်ဉာဏ်၏ အကျိုးကို သယ်ပိုးဆောင်ရွက်တတ်သော တရားစုကို ဗောဓိပက္ခိယဟု ခေါ်ပါသည်။
( ဗောဓိ = မဂ်ဉာဏ်၊ ပက္ခိယ = အဖို့ အစု )
ဗောဓိပက္ခိယတရား ၃၇ ပါးမှာ =

ပုဗ္ဗကိစ္စငါးပါး။

    ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုနည်းတွင် တရားအားထုတ်
တော့မယ်ဆိုရင် ဦးစွာလုပ်ဆောင်ရမယ့် ကိစ္စငါးပါး (ပုဗ္ဗကိစ္စငါးပါး) ကို လုပ်ဆောင်ရမယ်။
  ၁။ တရားအားထုတ်တဲ့အချိန်မှာ မိမိခန္ဓာကိုယ်ကို ဘုရားမှာလှူထားပါ။

Monday, August 14, 2017

ညီတော် အာနန္ဒာရဲ့လေးစားဖွယ်စိတ်ဓါတ်



ညီအစ်ကို (၇) ယောက်
၁။ သုဒ္ဓေါဒန
၂။ ဓတောဒန
၃။ သက္ကောဒန
၎။ သုက္ကောဒန
၅။ အမိတောဒန
၆။ အမိတ
၇။ ပမိတာ
နံပါတ် (၁) အစ်ကိုအကြီးဆုံး သုဒ္ဓေါဒန ဆိုတာက
မြတ်စွာဘုရားရဲ့ အဖေ။

Sunday, August 13, 2017

ငရဲပိတ်ကြစို့

ကလေးဘ၀ကတည်းက နားရည်ဝခဲ့တဲ့ စကားလေး
ဗုဒ္ဓဘာသာဝင်တို့ရဲ့ အသိုင်းအ၀ိုင်းမှာ အမြဲ ကြားရတတ်တာ တစ်ခုက `ငရဲမှာ အပ၊ ၀ဋ်မှာ အမြဲ´ တဲ့။ နားထဲမှာ စွဲနေခဲ့တဲ့ ဆိုရိုးလေးတစ်ခုပါ။ ငရဲမှ လွတ်ကင်းအောင် ရှောင်နိုင်သော်လည်း ၀ဋ်ကြွေးမှ လွတ်ကင်းအောင် မရှောင်နိုင်ဘူးလို့ ဆိုလိုရင်းပဲ ဖြစ်ပါတယ်။ မကောင်းတာ မဟုတ်တာ လုပ်ရင် ငရဲကြီးမယ်၊ ၀ဋ်လိုက်လိမ့်မယ်လို့ လူကြီး မိဘ ဆရာသမားတွေရဲ့ သွန်သင်ဆုံးမ စကားတွေကတော့ လူတိုင်းလူတိုင်းအတွက် ကလေးဘ၀ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ စကားလေး ဖြစ်မယ်လို့ ထင်ပါတယ်။

ပါချုပ်ဆရာတော်ကြီး၏ လူတိုင်းသိသင့်သော သုခ ၄ မျိုး။

     ၁။ အတ္ထိသုခ = လူတွေမျှော်လင့်ချက်အတိုင်း အောင်မြင်လာလို့ ရရှိလာတဲ့ ချမ်းသာက
“အတ္ထိသုခ”  ရှိ ချမ်းသာတဲ့။ “ရှိ ” ချမ်းသာဆိုတာ ကိုယ့်မှာ စီးပွားဥစ္စာတွေ အဆင်ပြေလို့
ပစ္စည်းဥစ္စာတွေရှိတယ်။ စိန်ရွှေ ရတနာတွေရှိတယ်။ လူ့ဘ၀ လိုအပ်တာမှန်သမျှ ကိုယ့်မှာ ပြည့်
ပြည့်စုံစုံ ရှိတာကို အကြောင်းပြုပြီးတော့ “သုခသောမနဿ” ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှု

မြတ်ဗုဒ္ဓ၏ နေ့စဉ်ကိစ္စ ငါးပါး။

        မြတ်ဗုဒ္ဓ၏ နေ့စဉ်ကိစ္စ ငါးပါးမှာ==
၁။ ပုရေဘတ္တကိစ္စ = နံနက်ပိုင်း၌ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင်တို့အား အခွင့်အားလျော်စွာ
                         အနုမောဒနာပြုခြင်းကိစ္စ။
၂။ ပ စ္ဆာဘတ္တကိစ္စ = နေလွဲအခါ ညပိုင်း၌ ပူဇော်ရန်လာကြသော ဒါယကာ၊ ဒါယိကာမတို့၏ အပူ

အဘိဓမ္မာသင်ယူရခြင်း၏ ရည်ရွယ်ချက်။

၁။ ရတနာ မြတ်သုံးပါးနှင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါတရားရှိသည့် လူကောင်းတစ်ယောက်ဖြစ်ရန်။
၂။ လောကီအသိပညာနှင့် လောကုတ္တရာအသိပညာများ (နှစ်ဖက်မြင်) ပြည့်ဝစုံလင်သော လူတော်တစ်ယောက်