Saturday, September 26, 2015

"ငမောက်ဈေးထဲက သစ္စာစကား"


၁၉၉၈ ခုနစ်ခန့်ကဖြစ်၏။ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့၊ အမှတ် (၉) ရပ်ကွက်ရှိ ငမောက်ဈေးအတွင်း၌ စက်ချုပ်ဆိုင်တစ်ဆိုင်တွင် အမျိုးသမီးနှစ်ယောက်သည် ချုပ်ထည်များ များများကျလာချိန်ဖြစ်သဖြင့် အလုပ်များနေကြ၏။

ဟိမ၀န္တာရင်ခွင်ပိုက် နီပေါနိုင်ငံထဲက ဗုဒ္ဓဖွားမြင်ရာနေရာ လုမ္ဗိနီခရီး


ဘုရားဖူးခရီးအစ
ဗုဒ္ဓဂယာ ဘုရားဖူးသွားမယ့်သူများဟာ ပုံမှန်အားဖြင့် ဂယာကိုသာအခြေပြုပြီး သံဝေဇနိယလေးဌာနကို အနည်းဆုံးရောက်ရှိအောင် သွားရောက်လေ့ရှိကြပါတယ်။ ကျွန်တော့်အနေနဲ့ ကြိုတင်ပြင်ဆင်ထားမှုမရှိ၊ အချိန်လည်းမရတဲ့အတွက် ဗုဒ္ဓဖွားမြင်ရာနေရာ လုမ္ဗိနီကို နီပေါနိုင်ငံရဲ့မြို့တော် ခန္တမန္ဒူကတစ်ဆင့်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အာယုဗ္ဗေဒဆေးပညာဖြင့် အမြစ်၊ အခေါက်၊ အပင်တို့မှထုတ်ယူထားတဲ့အဆီကို လိမ်းကျံပြီး ကိုယ်ခန္ဓာအတွင်းရှိ အဆိပ်တွေထုတ်ပယ်တဲ့ပညာကို သွားရောက်လေ့လာလို၍လည်း ဖြစ်ပါတယ်။

ဇာတိ



ဘုရားရှင်က ပဉ္စ၀ဂ္ဂီငါးဦးကို သူ့ခေတ်ကခေတ်စားနေတဲ့
အစွန်းရောက်ကျင့်စဉ်နှစ်မျိုးကိုသုံးစားမရအောင်ပြောဆိုပြီး
အလယ်အလတ်ကျင့်စဉ် (မဇ္ဈိမပဋိပဒါ) နဲ့ မိတ်ဆက်ပေးပါတယ်။
ပြီးမှ သစ္စာတရားကိုဟောကြားတော်မူပါတယ်။
သစ္စာဆိုတာပါဠိစကားပါ။

အမြတ်ဆုံးဒါန။

         ရှင်သာရိပုတ္တရာရဲ့အလောင်းဥပတိဿ ပရဗိုဇ်ကြီး အမတ ဆိုတဲ့ သေခြင်းကင်းရာ တရား
ကို လိုက်ရှာပါတယ်။ ရှာတဲ့အခါမှာ ထိုခေတ်က ခေတ်စားနေတဲ့ နာမည်ကြီးတဲ့ သဉ္စယဆိုတဲ့ ပရဗိုဇ်
ကြီးထံမှာ တပည့်ခံပြီး ပရဗိုဇ်လုပ်နေပါတယ်။ သူ့ဆီက ပညာတွေ သင်လိုက်တယ်။ အဲဒီ သင်ယူလိုက်
တဲ့ သူ့ဆီကပညာတွေက သူလိုချင်တဲ့အကျိုးကို မပေးစွမ်းနိုင်ပါ။ ပေးနိုင်စွမ်းမရှိလို့ တရားဓမ္မကို

နေ့စဉ်အလုပ်ကို၊ နေစဉ်လုပ်ပါ။

       “နေ့စဉ်အလုပ်၊ နေစဉ်လုပ်၊ အဟုတ် ၀ိပဿနာ ဖြစ်တော့တယ်”။ (၁)။ မနက်တိုင်း၊ နေ့
လယ်တိုင်း၊ ညဥ့်တိုင်းလို့ အချိန်ကို သတ်မှတ်ပြီးတော့ လုပ်ကိုင်လေ့ရှိတဲ့ တရားအားထုတ်ချိန်
သတ်မှတ်ပြီး အားထုတ်တဲ့ နေ့စဉ်အလုပ်နဲ့ (၂)။ သွားနေစဉ်၊ လာနေစဉ်၊ ထိုင်နေစဉ်၊ လမ်း
လျှောက်နေစဉ်၊ စားနေစဉ်၊ လှုပ်နေစဉ်၊ ငြိမ်နေစဉ်၊ ကြည့်နေစဉ် စတဲ့ အချိန်တိုင်း အချိန်တိုင်း
မှာ တရားအားထုတ်မှု အလုပ်ဖြစ်အောင် လုပ်ရတဲ့ နေစဉ်အလုပ်လို့ဆိုပြီး တရားအားထုတ်နည်း
နှစ်မျိုး ရှိပါတယ်။

ကျောင်း ဇရပ် ရေကန်စုံတယ်။

         ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာမြတ်သုံးပါး
ကို ကိုးကွယ်ကြသည့်အလျောက် ရပ်ကြီးရွာကြီးတိုင်းတွင် ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးတော်
များ တည်ထားကိုးကွယ် ကြပါတယ်။ “ကျောင်းဇရပ် ရေကန်စုံတယ်၊ ရွာတည်ပုံ အားကျဖို့ကောင်း”
ဆိုတာ အစဉ်အလာက ဆိုစမှတ်ပြုခဲ့တဲ့ မြန်မာဓလေ့ ကျေးရွာအင်္ဂါရပ်ကို ဖေါ်ပြတဲ့ စကားပါ။

မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာ။

သူများအကျိုးပျက်စီးစရာကို
ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့်
ကြမ်းတမ်းသောစကားကို မဆိုနှင့်
မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊
အကောင်းကြံ အမှန်လုပ် အဟုတ်ပြော
ယခုလက်ရှိအချိန်ထက် ကောင်းသောအချိန်မရှိ
လက်ရှိအချိန်ကို နိဗ္ဗာန်အထိ အကျိုးရှိအောင်သုံးပါ။
(မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာ)

Friday, September 25, 2015

ဘဝလက်တွဲဖော် ဆိုတာရွေးလို့ရပါတယ်


 ဘဝလက်တွဲဖော် ဆိုတာရွေးလို့ရပါတယ်ဆိုတာ ဓမ္မစအုပ်တစ်အုပ်မှာ ဖက်ဖူးတယ်။
သေချာစဉ်းစားကြည့်ရင် တကယ်လည်းဟုတ်ပါတယ်၊
ရွေးလို့မရတာက မိဘ ညီ အစ်ကို မောင်နှမ ဆွေမျိုးတွေပါ၊
ဘဝလက်တွဲဖော်ဆိုတာတော့ ရွေးလို့ရပါသေးတယ်။
ကျွန်တော်တို့အားလုံးက သံသရာလည်ခဲ့တာ မနည်းလှဘူး၊
ဒီတော့ ဖူးစာရှင်ဆိုတာတွေကလည်း ဒီဘဝမှာ အများကြီး ရှိနိုင်တယ်။

သတိ နဲ့  မေတ္တာကို အဆောင်အဖြစ်ထားပါ



*** သတိ နဲ့ မေတ္တာနဲ့  နေ ရင် တော် တော် များ များ အန္တရယ် ကင်း တယ် လုံ ခြုံ တယ်...၊ ကိုယ့်ရဲ့ မေတ္တာ ...သတိ... သမာဓိ ကြောင့်....အင်မတန် ကြည် ကြည်လင် လင် အေး အေး ချမ်း ချမ်း နေထိုင် သွား လာ လုပ် ကိုင် နိုင် ပါ တယ်...၊ တချို့  ဆရာ တော် ကြီး တွေ အင် မ တန် စိတ် ကြည်လင် အေး ချမ်း ပြီး တော့ သတိ .. သမာဓိ အလွန် ကောင်း တယ်...၊ သူတို့ နား ရောက် သွား ရင်....ကိုယ့် စိတ်ကလည်း အေး ချမ်း ပြီး တော့ ငြိမ်း ချမ်းသွားတာ မျိုး ခံစား ရ တယ်...၊

"လူတို့ရဲ့ အသက်တမ်း ဆုတ်ယုတ်ပုံ"


အရှင်ဘုရား၊ ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား။ တပည့်တော်မ လူတို့ရဲ့ အသက်တမ်း ဆုတ်ယုတ်ပုံ အကြောင်းအရာလေးကို ပြည့်စုံစွာသိလိုပါသည်ဘုရား။ အဘယ်ကြောင့် သက်တမ်းယုတ်လျော့ရသည်ကို သနားငဲ့ညာစွာဖြင့် ဖြေကြားပေးတော်မူပါဘုရား။ အရှင်ဘုရား၏ ဘာသာရေး၊ အမျိုးသားရေး ဆောင်းပါးများကို အမြဲတမ်း အားပေးဖတ်ရှုပါသည်ဘုရား။

Thursday, September 24, 2015

အကျိုးရှိအောင် ဘယ်လိုနေမလဲ


အကျိုးဆိုတာ ကောင်းကျိုးချမ်းသာ ရဖို့ကို ဆိုလိုတယ်။ ကောင်းကျိုးချမ်းသာရဖို့ အချက် (၄) ချက်နဲ့ ကိုယ့်ရဲ့ စိတ်စွမ်းအားတွေကို လေ့ကျင့်ပေးရမယ်။
(၁) “ငါ့သန္တာန်မှာ ကုသိုလ်စိတ် ဖြစ်စေရမယ်”
ဒီဘဝရလာတဲ့အချိန်မှာ ကုသိုလ်စိတ်တွေ များများဖြစ်စေရမယ်။ ဘာဖြစ်လို့ ကုသိုလ် စိတ်များများ ဖြစ်စေရမှာလဲဆိုရင် ကုသိုလ်ဆိုတာ အဆိုးတရားတွေ ဖယ်ရှားပြီး အ ကောင်းတရားတွေကို ဖော် ဆောင်ပေးနိုင်တဲ့ တရားမျိုး ဖြစ်တယ်။

ခွင့်လွှတ်ချင်းများနဲ့ ဘ၀ကိုတည်ဆောက်နိုင်ကြပါစေ


ဘယ်လိုပဲဖြစ်စေ လူတွေဟာမကြာခဏအကျိုးသင့်အကြောင်း
သင့်မဟုတ်တာတွေလုပ်တတ်သလို ယုတ္တိမတန် အတ္တဆန်တဲ့ လုပ်ရပ်တွေကိုလည်း လုပ်တတ်ကြတယ်။
ဘယ်လိုပဲဖြစ်စေ ………. သူတို့ကိုခွင့်လွှတ်လိုက်ပါ။
သင်ကသနားကြင်နာတတ်ရင် လူတွေကသင်ဟာ တစ်ကိုယ်ကောင်းစိတ်ရှိသူ
ဟန်ပြကြင်နာပြနေသူလို့ စွပ်စွဲလာကြလိမ့်မယ်။

ဘက်လိုက်ခြင်း {သို့} အဂတိ (၄)မျိုး


                                                             အချစ်အမုန်းကို ဦးစားပေးရင် ဘက်လိုက်မှုတွေ ဖြစ်တတ်တယ်တဲ့။ 

ဘက်လိုက်တာကို စာလိုပြောတော့ အဂတိလို့ ပြောပါတယ်။ မလိုက်သင့်တဲ့ဘက်ကိုလိုက်ခြင်း၊ မပြုသင့်တာကို ပြုခြင်းလို့ ဆိုပါတယ်။ အဂတိတရားတွေကို ကြည့်ရင်
  • ၁။ ဆန္ဒာဂတိ = ချစ်တဲ့အတွက် အဂတိလိုက်ခြင်း
  • ၂။ ဒေါသာဂတိ = မုန်းတဲ့အတွက် အဂတိလိုက်ခြင်း
  • ၃။ မောဟာဂတိ = အမှားအမှန်ကိုမသိ၊ ဆင်ခြင်တုံတရားမရှိတဲ့အတွက် အဂတိလိုက်ခြင်း
  • ၄။ ဘယာဂတိ = ကြောက်တဲ့အတွက် အဂတိလိုက်ခြင်း

ပစ္စန္တရစ် လူဖြစ်သူ။

        မြတ်စွာဘုရားပွင့်လို့ တရားဟောနေတဲ့အချိန် ဘုရားတရားနဲ့ မနီး၊ အလွန်ဝေးလံတဲ့အရပ်၊
သာသနာမထွန်းကားတဲ့ နေရာမှာ လူသွားဖြစ်နေတယ်ဆိုရင်  တရားဟောတာ ကြားနာခွင့်  မရတဲ့
အတွက် အဲဒီပုဂ္ဂိုလ်ဟာလည်းပဲ အခွင့်အရေး ဆုံးရှုံးတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်။ လောကမှာ
ဝေးလံဒေသ တောတောင်ထူထပ်တဲ့အရပ်မှာဖြစ်တဲ့ လူရိုင်းဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ အချို့ဒေသတွေမှာ

ကိလေသာမရှိရင် ကံစွမ်းအားမရှိ။

         ကိလေသာ ဆိုတာ မရှိတော့ဘူးဆိုရင် “ကံ” စွမ်းအားလည်း မရှိတော့ဘူး။ ကံစွမ်း
အား မရှိတော့ဘူး ဆိုရင် ၀ိပါကလည်းပဲ ချုပ်ငြိမ်းသွားတယ်။ ဒါကို အပြန်အားဖြင့် ဒီလို နား
လည်ရမယ်။ ဒီထဲမှာ အဓိကအချက်က “ကံ” လား၊ “ကိလေသာ” လားဆိုရင် “ကိလေသာ”
က အဓိကကျတယ်။ ကိလေသာကို ဖယ်ရှားပစ်လိုက်မယ်ဆိုရင် ကံတွေရဲ့ အကျိုးပေးနိုင်တဲ့

နတ်ပြည် (၆) ထပ်။

နတ်ပြည် (၆) ထပ်မှာ ==
၁။ စတုမဟာရာဇ် = နတ်မင်းကြီးလေးပါး စိုးပိုင်သောနတ်ပြည်။
၂။ တာဝတိံသာ = သုံးကျိပ်သုံးယောက်သော သကြားမင်းပိုင် နတ်ပြည်။
၃။ ယာမာ = ဆင်းရဲခြင်းမှကင်းသော နတ်ပြည်။
၎။ တုဿီတာ = စိတ်၏နှစ်သက်ပြည့်ဖြိုးခြင်းရှိသော နတ်ပြည်။

နိဗ္ဗာန်ဆိုတာ။

  * နိဗ္ဗာန်မှာ ထာဝရရှိနေတဲ့
     အငြိမ်းဓာတ်ဟာလည်း
     ဖယောင်းတိုင်မီး
     ငြိမ်းသွားသလိုပါပဲ။
     ကုသိုလ်ကံ၊ အကုသိုလ်ကံဆိုတဲ့

Wednesday, September 23, 2015

စေတနာနှင့် ကံ



                             “လက်၌ အနာမရှိလျှင် လက်ဖြင့် အဆိပ်ကို ကိုင်ဆောင်နိုင်၏။
                အဆိပ်သည် အနာမရှိသော လက်သို့ အစဉ်မလိုက်၊
         စေတနာ မရှိဘဲ ပြုသောသူအား မကောင်းမှုကံမည်သည် မရှိ”
                            (ဂေါတမမြတ်စွာဘုရား)            
“ရဟန်းတို့ စေတနာကို ကံဟု ငါဘုရား ဟောတော်မူ၏ (စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ)” ဟူသော ဘုရားစကားရှိ၏။ ကံကံဟူ၍ အများပြောနေကြရာတွင် ကံဟူသည် အခြားမဟုတ်။ အလုပ်ကိုသာ ဆိုခြင်းဖြစ်၏။

ဓမ္မကထိကသုတ်


၁၆။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား ကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဘုရား တရားဟောသူ 'ဓမ္မကထိက' တရားဟောသူ 'ဓမ္မကထိက'ဟူ၍ ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်မျှဖြင့် တရားဟောသူ 'ဓမ္မကထိက' ဖြစ်ပါသနည်း''ဟု (လျှောက်၏)။

ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာတော်ကိုလေ့လာခြင်း



မိုးကုတ်ဆရာတော်ဘုရားကြီးရှင်းလင်းဟောကြားတော်မူသော ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာတော်ကိုလေ့လာခြင်း
ရှစ်သွယ်သော ပဋိစ္စသမုပ္ပါဒ် (လင်္ကာ)
၁။ မူလနှစ်ဖြာ၊
၂။ သစ္စာနှစ်ခု၊
၃။ လေးခုအလွှာ၊
၎။ အင်္ဂါတစ်ဆယ့်နှစ်ပါး၊တရားကိုယ်များနှင့်
၅။ သုံးပါးအစပ်၊ နှစ်ရပ်မူလ၊
၆။ ၀ဋ်သုံးဝနှင့်
၇။ ကာလသုံးဖြာ၊
၈။ ခြင်းရာနှစ်ဆယ်၊

Tuesday, September 22, 2015

အကြောင်း အကျိုး။

       ရှင်အဿဇိက““ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ၊ တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယော နိရောဓော၊ ဧ၀ံ ၀ါဒီ မဟာသမဏော။””
          ယေ ဓမ္မာ- အကြင် အကျိုးတရားတို့သည်၊ ဟေတုပ္ပဘ၀ါ - အကြောင်းတရားကို
အခြေခံ၍ ဖြစ်ပေါ်လာကြပေကုန်၏၊ တေသံ- ထို အကျိုးတရားတို့ရဲ့၊ ဟေတုံ- အကြောင်း

အသေကောင်းချင်ရင် အနေကောင်းရမယ်။

       ဗုဒ္ဓရှင်တော်မြတ်ဘုရားက “ ယနေ့လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ယနေ့ပင် အပူတပြင်း
လုပ်ဆောင်ပါ၊ နက်ဖြန်ခါ သေမည်ဆိုတာ ဘယ်သူမှ မသိနိုင်သလို သေမင်းနှင့်လည်း နေ့ရက်
အတိအကျ ချိန်းဆိုထားချက်မရှိဘူး” လို့ ဟောတော်မူပါတယ်။ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း ငါ
သေနိုင်တယ်-လို့ နှလုံးသွင်းပြီး သေခြင်းတရားကို လက်ခံထားရမှာပါ။ သေခြင်းတရားကို လက်ခံ

တရားအားထုတ်ရင်း မမှန်ကန်တဲ့အတွေးများ။

        တစ်ချို့ပုဂ္ဂိုလ်က ဈာန်တရားအားထုတ်ရင်း မမှန်ကန်တဲ့ အတွေးကလေး ပေါ်လာတတ်
ကြပါတယ်။ အားထုတ်နေသူရဲ့စိတ်မှာတွေးမိတာက....စားချင်တာလည်း ဒီစိတ်၊ သွားချင်တာလည်း
ဒီစိတ်၊ ၀တ်ချင်တာလည်း ဒီစိတ်၊ ကြည့်ချင်မြင်ချင်တာလည်း ဒီစိတ်၊ ကာမဂုဏ်ခံစားချင်တာလည်း
ဒီစိတ်၊ စိတ်မရှိရင်အေးမှာပဲ၊ ဒီစိတ်က နေရာတကာဆောင်နေတယ်၊ စိတ်က တော်တော် ဆိုးတယ်၊

သာသနာတော်တွင်း၌ မြေမျိုခံရသူ (၅) ဦး။

              သာသနာတော်တွင်း၌ မြေမျိုခံရသူ (၅) ဦးမှာ==
၁။ စိဉ္စမာဏ။
၂။ သုပ္ပဗုဒ္ဓ။
၃။ ဒေ၀ဒတ်။
၎။ နန္ဒက ဘီလူး။

Monday, September 21, 2015

ဓါတ်ခံအားလျော်စွာ အနိစ္စ၊ဒုက္ခ၊အနတ္တမြင်ကြပါ



ယခုခေတ်အခါသည် ဝိပဿနာတရား ထွန်းကားလာသောအခါ ဖြစ်ပေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် အချိန်ရသမျှ ဝိပဿနာတရားကို ပွားများအားထုတ်လျက် ရှိကြပေသည်။ ဤကဲ့သို့ ဝိပဿနာတရား ပွားများအားထုတ်ကြသောပုဂ္ဂိုလ်တို့သည် မိမိတို့၏ရှေးအတိတ်ဘဝများက ပါလာကြသော ဓါတ်ခံအားလျော်စွာ အနိစ္စ၊ဒုက္ခ၊အနတ္တတို့ကို

အိမ်တွင်းရေး ဆူပူမှုမရှိပဲ သာယာစေချင်ရင်


ဘုရားပန်းကို အညှိုးမခံပါနဲ့..
သောက်တော်ရေကိုလည်း အနွေးမခံပါနဲ့..
ဂါထာတွေ မန္တာန်တွေ ပါးစပ်ကအမြုပ်ထွက်အောင်
ရွတ်နေစရာမလိုပါဘူး..
ဘုရားပန်းကို အမြဲတမ်း လန်းလန်းဆန်းဆန်းဖြစ်အောင်ထားမယ်...
သောက်တော်ရေချမ်းကို အမြဲအေးနေအောင် ထားမယ်ဆိုရင်
အိမ်တွင်းရေး အေးချမ်းပါတယ်..
အိမ်မှာအမြဲနေရတဲ့သူတွေဆိုရင် .......

ပြောချင်သူတွေ ပြောကြပါစေ


 “လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ၊ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ”ဆိုတဲ့ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ မေတ္တာပို့ စာသားလေးတွေကို နာယူမှတ်သားရတဲ့အခါ တစ်ခါတလေ လှည့်ပတ်ဖို့ ချောင်းနေကြ၊ အထင်သေးဖို့ ကြိုးစားနေကြ၊ ဆင်းရဲအောင် လုပ်နေကြတဲ့ သူတွေကို သတိရမိတတ်ပါတယ်။

Sunday, September 20, 2015

ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်



ထိုမာတိကာပုဒ်၌ ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် အဘယ်တို့ နည်း၊ တိမ်လျက် နက်ယောင်ရှိသော ရေအိုင်၊ နက်လျက် တိမ်ယောင်ရှိသော ရေအိုင်၊ တိမ်လည်းတိမ်၍ တိမ်ယောင်လည်း ရှိသော ရေအိုင်၊ နက်လည်းနက်၍ နက်ယောင်လည်းရှိသော ရေအိုင်ဟူ၍ ရေအိုင်တို့သည် လေးမျိုးရှိကုန်၏၊

ရေစက်ချမှ အလှူဒါနဟာ ပြီးမြောက်သလော



ဒကာ။ ။ ဘုရားတည် ကျောင်းဆောက် ရှင်ပြု ရဟန်းခံ စတဲ့ အလှူဒါနရှင် အချို့ဟာ ရေစက်ချရမှ အောင်မြင်တယ်ဟု မှတ်ယူကာ ရေစက်ချကြပါတယ်၊ တချို့ကျတော့လည်း ရေစက်မချဘဲ “နိဗ္ဗာန ပစ္စယော ဟောတု” ဆိုကာ ပေးလှူပြီး အမျှပေးဝေလျက် ရေစက်ခွက် မကိုင်ကြပါဘူး၊ ဒီကိစ္စနဲ့စပ်လို့ စာပေကျမ်းဂန်က ဘယ်လိုများ ဆိုပါသလဲ ဆရာတော်။

လူငယ်တို့၏ မှားယွင်းသော ဘာသာရေး လေ့လာမှု

ယနေ့ လူငယ်တွေဟာ ခေတ်ပညာ ပိုမို တတ်ကျွမ်း လာတဲ့ အလျောက် ဘာသာရေး လေ့လာ လိုက်စားမှု နည်းလာ ပါတယ်။ အထူးသဖြင့် ခေတ်သစ် သိပ္ပံ ပညာရပ်များကို လေ့လာမှု ပိုမို များပြားပြီး ဘာသာရေး ဟာ ခေတ်နောက်ပြန်စွဲ၊ စိတ်ဓာတ် နောက်ပြန်စွဲတဲ့ လုပ်ဆောင်ချက် တစ်ခုလို့တောင် ထင်မြင်လာကြ ပါတယ်။ ဒီတော့ ဘာသာရေး လုပ်တယ်ဆိုတာ အကြောက်တရားနဲ့ အသက်ရှင်သူများ လုပ်တယ်ဆိုပြီး ခံယူ ကြလို့ (Free Thinker) လို့ခေါ်တဲ့ ဘာသာမဲ့ များ ပေါ်ပေါက် လာပါတယ်။

ဈာန်တရားအားထုတ်ရင်း အတွေးလွဲချော်မှုများ။

        မြတ်စွာဘုရားက လောကကြီးမှာ ပွင့်တော်မူနေပြီး တရားဓမ္မတွေ ဟောနေပါပြီ။ ဘုရား
လောင်းတုန်းက ဆရာတော်ဖူးတဲ့ “အာဠာရကာလာမ” နဲ့ “ဥဒက ရာမပုတ္တ” တို့က ရုပ်ခန္ဓာကိုယ်ကြီး
မပါတဲ့ ဗြဟ္မာ့ဘုံ ရောက်နေကြပါတယ်။  အာဠာရကာလာမ ဆိုတဲ့ ဆရာကြီးက ဈာန်အဆင့် အားဖြင့်
ခုနှစ်ဆင့်ထိ ပေါက်ထားတဲ့ ပုဂ္ဂိုလ်ကြီး၊ တစ်ဖန် ဥဒက ရာမပုတ္တ ဆိုတဲ့ ရသေ့ကြီးက ဈာန်ရှစ်ဆင့်ထိ

နေ့စဉ်၊ နေစဉ်သတိဉာဏ်ဖြင့် တရားအားထုတ်နည်း။

        မဟာသတိပဌာနသုတ္တန်ဒေသနာတော်အရ တရားအားထုတ်သော သူတော်စင်တို့အတွက်
ကာယနုပဿနာသတိပဌာန်၊ ဝေဒနာနုပဿနာသတိပဌာန်၊ စိတ္တာနုပဿနာသတိပဌာန်၊ ဓမ္မာ
နုပဿနာသတိပဌာန်တို့ဟူ၍ ရုပ်အပေါင်း ကိုယ်အာရုံ၊ ခံစားမှု ဝေဒနာအာရုံ၊ သိတတ်မှု စိတ်
အာရုံနှင့် သဘောတရား ဓမ္မအာရုံဟူ၍ အာရှုခံအာရုံ လေးမျိုးကွဲပြားသောကြောင့် အကျဉ်းအား

ဗုဒ္ဓသာသနာတော်ခေတ် (၅) ပါး ။

        ဗုဒ္ဓသာသနာတော်ခေတ် (၅) ပါး မှာ==
၁။ ၀ိမုတ္တိခေတ် = ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ပုဂ္ဂိုလ်တို့ မဆိတ်သေးသောခေတ်။
၂။ သမာဓိခေတ် = အဘိဉာဏ်ငါးပါး ဈာန်တရားရသော ပုဂ္ဂိုလ်တို့ မဆိတ်သေးသောခေတ်။
၃။ သီလခေတ် = သီလလေးပါးကို စောင့်ထိန်းသော ပုဂ္ဂိုလ်တို့ မဆိတ်သေးသောခေတ်။
၎။ သုတခေတ် = ပိဋကတ်ကျမ်းစာကို သင်ကြားပို့ချသော ပုဂ္ဂိုလ်တို့ ရှိသေးသောခေတ်။

ကံတရား၏ အလိုတော်အတိုင်း။

 * တစ်ခါတစ်ရံမှာ
     မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့
     ကိုယ်ဘယ်လိုမှ
     အကူအညီပေးလို့မရတော့တဲ့
     ကိစ္စမျိုးတွေ၊