Saturday, April 21, 2018
သတ်သတ်လွတ်စားတာ ဘာအကျိုးရသလဲ
ရန်ကုန်မြို့ကတရားပွဲတခုမှာ တရားဟောပြီိးလို့ တရားပွဲပင့်တဲ့ဒကာအိမ်မှာခေတ္တနားနေ တုန်း အသက်(၄၀)၀န်ကျင်ရှိတဲ့ဒကာမကြီးတယောက်က စာရေးသူကိုအခုလိုလျှောက်ပါတယ်။
“အရှင်ဘုရားတပည့်တော်အသက်(၄၁)နှစ်ရှိပါပြီဘုရား၊(၁၀)တန်းကျောင်းသူဘ၀ကတည်းက အခုအချိန်အထိ မွေးနေ့တိုင်းမှာ သတ်သတ်လွတ်စားပါတယ်၊ အခုဆိုရင်နှစ်ပေါင်း (၂၅)နှစ်ကျော်ပြီဘု ရား၊ အဲလိုမွေးနေ့တိုင်း သတ်သတ်လွတ်စားတဲ့အတွက် တပည့်တော်ဘယ်လိုအကျိုးတွေရမယ်၊ ဘယ်လိုကုသိုလ်တွေရတယ်ဆိုတာ ဖြေကြားပေးတော်မူပါဘုရား”
မာနစိတ်၏ ထွက်ပေါက်များ။
        လောကမှာ ဒီမာနဆိုတာက ကျန်နေတတ်တယ်။ မာနဆိုတာ ကိုယ့်ရဲ့အရည်အသွေး  အရည်
အချင်းပေါ်မှာ အခြေစိုက်ပြီးတော့ ဖြစ်ပေါ်နေတဲ့ သဘောတရားတစ်ခုပဲ။ ဒါကို စာပေက “အသ္မိမာန”
လို့ ပြောကြပါတယ်။
အောင်နိုင်၏။
 ** သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊
 ** ဒါနအားလုံးကို ဓမ္မဒါနက အောင်နိုင်၏။
 ** သဗ္ဗရသံ ဓမ္မရသော ဇိနာတိ၊
ဓမ္မဒူတအရှင်ဆေကိန္ဒ သိခဲ့တဲ့ တရားသဘော။
   ဘုန်းဘုန်းကလည်းပဲ ကိုယ့်ဘ၀ ဒီဘ၀ရဲ့အစကို  ဘုန်းဘုန်း မှတ်မိတာလေး  တစ်ခု
ပြောကြည့်ပါအုံးမယ်။ တစ်နေ့တော့ အဖေအမေတို့ အိမ်မှာမရှိကြဘူး ရွာထဲကိုကိစ္စတစ်ခုနဲ့
သူတို့သွားကြတယ်။ မှတ်မိတာကတော့ အချိန်က ည(၇)နာရီ လောက်ပေါ့။ မှောင်လာပါပြီ
Friday, April 20, 2018
ဆွမ်းကပ်ရာမှာ သိစရာများ
မြို့ရွာထဲကို ဆွမ်းဘုဉ်းပေးကြွတဲ့အခါတိုင်း “သံဃာတွေကို ကပ်ထားတဲ့စားပွဲကို သွားမကိုင်နဲ့-မထိနဲ့ ” လို့ ဒကာ-ဒကာမတွေက တခြားသူတွေကို တားမြစ်တဲ့စကားကိုအမြဲလိုလိုကြားရပါတယ်။ သံဃာတော်တွေကိုဆက်ကပ်ထားတဲ့စားပွဲကိုထိမိရင်အကပ်ခံပျက်သွားတယ်လို့ထင်လို့ပြောနေတဲ့စကားပါ။ သံဃာတော်တွေကို ဆွမ်းကပ်တဲ့အခါမှာ ဆွမ်း၊ဆွမ်းဟင်းပုဂံ၊စားပွဲနဲ့ အခြားအကပ်ခံထားတဲ့ ပစ္စည်းတွေကို ဒကာ၊ဒကာမတွေက မထိရဘူး၊သွားထိလို့ရှိရင် ကပ်ထားတာပျက်လို့ သံဃာတော် တွေက မဘုဉ်းပေး မသုံးဆောင်ကောင်းဘူးလို့ အထင်ရှိနေကြပါတယ်။
Thursday, April 19, 2018
စရဏ (၁၅)ပါး ဆိုတာ ဘာကိုခေါ်တာလဲ
စရဏ (၁၅)ပါး ဆိုတာကတော့ ~~
အကျဉ်းချုပ် မှတ်လိုရင်-
ဘော- ဇာ - သီ- ဣံ- ဈာန်လေးကြိမ်နှင့်၊ သူတော်ဥစ္စာ၊ ခုနှစ်ဖြာ၊ မှတ်ပါ စရဏ။
ဆိုပြီး ဆောင်ပုဒ်လေးနဲ့ ကပ်မှတ်နိုင်ပါတယ်။
သီ ဣံ ဘော ဇာ၊ သဒ္ဓမ္မာ၊ သတ္တရူပ၊ ဈာန်စတုက္က- လို့လဲ ဆောင်ပုဒ် ရှိပါသေးတယ်။
အဓိပ္ပါယ်များကတော့ -
၁။ ဘော- ဆိုတာ ဘောဇန မတ္တညူ- မဂ်ပေါက်ဖိုလ်ပေါက် အရိယာစခန်းကို တက်လှမ်းလိုတဲ့ ယောဂီသူတော်ကောင်းများ ဟာ အစာစားရာမှာ အတိုင်းအတာ ပမာဏကို သိရပါမယ်၊ ဒီအစားအစာက ကိုယ်နဲ့သင့်တော်ရဲ့လား၊ မသင့်တော်ဘူး လား၊ အများကြီးစားရင် ဗိုက်လေးပြီး ထိန မိဒ္ဓဖြစ်လာမယ်၊ အတက်စာတွေစားလိုက်ရင် ခေါင်းကိုက်နေပြီး ၀ိပဿနာ တရား မရှုမှတ်နိုင်ပဲ ဖြစ်တတ်တာမို့ အစာစားရာမှာ ကိုယ့်ကိုယ်ကို အတိုင်းအတာ ပမာဏသိရပါမယ်။
ချစ်စိတ်၊ မုန်းစိတ်၏ ထွက်ပေါက်။
       လူတွေမှာ ချစ်ခြင်းမုန်းခြင်း ဆိုတာ ရှိတယ်။ ချစ်ရင် ချစ်မယ်, မချစ်ရင် မုန်းမယ်။ ချစ်ခြင်း
မုန်းခြင်း ဆိုတာ အစွန်းနှစ်ခုပဲ၊ စိတ်ဓာတ်မှာ balance မဖြစ်လို့ အစွန်းနှစ်ဖက်ထွက်နေတဲ့   စိတ်
ဓာတ်။ အဲဒီ အစွန်းထွက်နေတဲ့ စိတ်ဓာတ်က လွတ်မြောက်ချင်လို့ရှိရင် “ဥပေက္ခာ” ပွားရပါမယ်။
ကြီးကျယ်နက်နဲခြင်း (သာဂရ) သမုဒ္ဒရာလေးမျိုး။
 ၁။ ဇလသာဂရ (ရေသမုဒ္ဒရာ) = ပစိဖိတ်သမုဒ္ဒရာ၊ အတ္တလန္တိတ်သမုဒ္ဒရာ အစရှိသော ကမ္ဘာကြီးကို
   ၂။ သံသာရသာဂရ (သံသရာသမုဒ္ဒရာ) = သတ္တ၀ါတို့၏ ကျင်လည်ကျက်စားရာ ခန္ဓာများအကြိမ်ကြိမ်ဖြစ်၊
                        အာယာတနများအကြိမ်ကြိမ်ဖြစ်ပြီး ရှည်လျားကျယ်ဝန်းလှသော သံသရာသမုဒ္ဒရာကြီး။
လိုချင်တာကို ရှေ့တန်းတင်ပြီး အဓိဌာန်ဝင်နေကြသူများ။
     ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗောဓိကုမာရမင်းသား  အကြောင်းဆက်စပ်  ကြည့်ရင်၊
သူကခုနှစ်ဆောင်တိုက်ခန်းရှိတဲ့ တိုက်သစ်ကြီးဆောက်တယ်။ တိုက်သစ်ဖွင့်ပွဲမှာ ဘုရားရှင်
ကိုယ်တော်မြတ်ကြီးနဲ့ အရှင်အာနန္ဒာ မထေရ်မြတ်တို့ကို သူကပင့်တယ်။ ဘုရားရှင်နဲ့ သံဃာ
Wednesday, April 18, 2018
ဆေးဖက်ဝင်တဲ့ ဂျင်း
ဆေးဖက်ဝင်တဲ့ ဂျင်း
==============
သင်္ကြန်ပွဲတော်လည်း ပြီးခဲ့ပါပြီ၊ ပျော်ကြ ရွင်ကြလို့လဲပြီးခဲ့ပြီ၊ ဒါန၊ သီလ၊ ဘာဝနာတွေနဲ့ ကုသိုလ်ယူခဲ့လို့လည်းပြီးခဲ့ပါပြီ၊ သို့သော် ပြီးခဲ့သော အတာသင်္ကြန်ပွဲတော်ကို ပြန်လည်သုံးသပ်ရမယ်ဆိုရင်တော့ အချို့က သင်္ကြန်ဆိုတာ ပုဏ္ဍားတွေ၊ စီရင်တဲ့ပြက္ခဒိန်နဲ့လုပ်တဲ့ ဂျင်းပွဲလို့လဲ ဝေဖန်ပါတယ်၊ ဗြဟ္မန၀ါဒက ဆင်းသက်လာပြီး ဗြဟ္မာကြီးဦးခေါင်းကို အလှည့်ကျနတ်သမီးက တလက်ပြောင်းကိုင်ကြတယ်ဆိုလေရဲ့ ဒီတော့ မြန်မာတွေရဲ့သင်္ကြန်ကိုနဲနဲလေ့လာကြည့်ရအောင်
သင်္ကြန်ရေလောင်းခြင်းကို ထေရ၀ါဒ ဗုဒ္ဓဘာသာ အတွက် အရေးပါ သောပွဲတော် တခု ဖြစ်လေဟန် ဟောပြောလာ သည်ကို တွေ့ရ၏။
အထင်ကြီးတာ အထင်သေးတာဆိုတာ မာနပါ
★ များသောအားဖြင့် ပစ္စည်းဥစ္စာတို့ ရာထူးတို့ရှိလာတဲ့အခါမှာ
လူက မာနတော်တော်ကြီးလာတယ်။ မာနကြီးလာတာကို
Psychic inflation လို့ခေါ်တယ်။
ဘ၀င်မြင့်သွားတာတို့ မာနကြီးသွားတာတို့ဆိုတာဟာ
အတွင်းမှာ Empty ဖြစ်နေတဲ့
သဘောကို ထပ်ဟပ်ပြတာပဲ။ Empty ဖြစ်တဲ့
လက္ခာဏာကိုပြတာပဲ။
Tuesday, April 17, 2018
မြင့်မြတ်တဲ့ တိတ်ဆိတ်ငြိမ်သက်မှု
မြတ်စွာဘုရားဟာ ရဟန်းတော်တွေကို အမြဲဆုံးမလေ့ရှိတဲ့ အချက် ၂ ချက်ရှိတယ် ...အဲဒီအချက်ဟာ ဘာလဲဆိုတော့ စကေားပြောမယ်ဆိုရင် တရားစကားတွေပဲပြောဖို့ ၊ ဒုတိယအချက်အနေနဲ့ တရားစကားမပြောဘူးဆိုရင် မြင့်မြတ်တဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့ နေဖို့ ဟောတယ်။မြတ်စွာဘုရားဟာ တိတ်ဆိတ်မှုကို အင်မတန်မှ လိုလားတဲ့သူဖြစ်တယ်နော်။
မနာလိုစိတ်၏ ထွက်ပေါက်များ။
    လောကလူတွေဟာ ကိုယ်နဲ့ပြိုင်ဘက်ဖြစ်စေ, ကိုယ့်အိမ်နီးနားချင်းဖြစ်စေ, ကိုယ့်အသိထဲက
ဖြစ်စေ, မသိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေ ကြီးပွားတိုးတက်ပြီး ကိုယ့်ထက်သာသွားလို့ရှိရင် ၀မ်းသာနိုင်ခဲတယ်၊
ဝမ်းမသာနိုင်ကြဘူး။ ဘာကြောင့် ၀မ်းမသာတာတုန်းဆိုရင် ဣဿာလို့ခေါ်တဲ့ jealousy ကြောင့်ပဲ။
ကလျာဏမိတ်ဆွေဂုဏ် ၇ ပါး။
၁။ သီလစင်ကြယ်၍ ချစ်ခင်ဖွယ်ရှိသောဂုဏ်။
၂။ သီလ၊ သမာဓိဂုဏ်တို့ကြောင့် အလေးအမြတ်ပြုအပ်သောဂုဏ်။
၃။ မေတ္တာရေမခမ်း ပွားစေအပ်သောဂုဏ်။
ဘုရားတည်ခြင်း နှစ်မျိုး။
     ဗုဒ္ဓဘာသာ အများစုသည်  ဘုရားတည်ရန် အလွန်စိတ်ဝင်စားကြ၏။ ဘုရားတည်ခြင်းသည်
မြေပြင်မှာတည်ခြင်းနှင့် လူသားများ၏ နှလုံးသား၌ တည်ခြင်းဟူ၍ နှစ်မျိုးရှိ၏။ မြေပြင်မှာ တည်
သောဘုရားသည် သဘာဝ ရာသီဥတုဒါဏ်ကြောင့် နှစ်အနည်းငယ်ကြာလျှင် ပျက်စီးပျောက်ကွယ်
Monday, April 16, 2018
သေမင်းကို လာဘ်ထိုးလို့ မရပါဘူး
ယနေ့ ဒကာ ဒကာမတွေ ဘာလုပ်နေကြတာလဲလို့မေးရင် …မသေသေးလို့ အားနေလို့ တရားလာနာ တာ။ ဟုတ်ပြီနော်။ ဒီရုပ်ကြီးက သေမိန့်မကျထားဘူးလား.. နေရာရယ် ဒေသ ရယ် ရောဂါရယ် အချိန်ရယ်သာ မသိတာ။ သေမှာကတော့ မသေချာဘူးလား... သေတယ်ဆိုတာ ဘယ်သူသတ်တာလဲ .. အခုဒကာ ဒကာမတွေထိုင်ထားတဲ့ ခန္ဓာကိုယ်ကြီးက ၉၆ ဖြာ ဝေဒနာလည်း ဒီရုပ်ကြီးမှာပဲ ၊ သွေးတိုး ဆီးချိုဆိုလည်း ဒီရုပ်ကြီးမှာပဲ အသည်း နှလုံး ကျောက် ကပ်ဆိုလည်း ဒီခန္ဓာကိုယ်မှာပဲ ဒီကာယကိုယ်ခန္ဓာကြီးက မသတ်ဘူးလား
Sunday, April 15, 2018
ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဝေဒနာရှုနည်း ( ၃ ) နည်း
ဝေဒနာရှုနည်း ( ၃ ) နည်း
***********************
၁။ ရန်သူကို ရင်ဆိုင်တိုက်ခိုက်နည်း။
၂။ ချုံခို တိုက်ခိုက်နည်း။
၃။ ရန်သူကို ချော့သတ်နည်း။
လူငယ်တွေကတော့ ရင်ဆိုင်တိုက်ခိုက်နည်းက ကောင်းတယ်။ နှလုံးရောဂါရှိသူဆိုရင် ချုံခိုတိုက်ခိုက်နည်းက ကောင်းတယ်။ အသက်ကြီးတဲ့ ပုဂ္ဂိုလ်များကျတော့ ရန်သူကို ချော့သတ်နည်းက ကောင်းတယ်။
အစွမ်းထက်ဆုံးအဆင့် မေတ္တာဈာန်။
      မေတ္တာပို့တဲ့အခါမှာ  “ ပိယပုဂ္ဂလ ” ဆိုတာ ကိုယ်ခင်မင် ချစ်ခင်တဲ့ပုဂ္ဂိုလ်ကို ရွေးရပါမယ်။
ရွေးပြီးနောက်  “ ကျန်းမာပါစေလို့ပဲ  ပြောပြော၊  ချမ်းသာပါစေလို့ပဲ ပြောပြော၊   အရာခပ်သိမ်း
အဆင်ပြေပါစေလို့ပဲ ပြောပြော ”   ဘာပဲပြောပြော ကိုယ်ကြိုက်တဲ့ တစ်ခုခုကို      ပြောလို့ ရပါ
ကိလေသာ (၁၁) ပါးမှာ။
      ကိလေသာ (၁၁) ပါးမှာ==
 ၁။ ကောဓ = အမျက်ထွက်ခြင်း။
 ၂။ ဥပနာဟ = ရန်ငြိုးဖွဲ့ခြင်း။
 ၃။ ထမ္ဘ = ရိုသေထိုက်သူကို မရိုသေခြင်း။
အတ္တကိလမထာနုယောဂအကျင့်။
    အတ္တကိလမထာနုယောဂအကျင့်ဆိုတာ မိမိကိုယ်ကို ပင်ပန်းအောင်ပြုလုပ်တဲ့အကျင့်ပါ။
ဘာကြောင့် ဒီအကျင့်ကို ကျင့်ကြသလဲဆိုတော့ မိမိကိုယ်ကို သင့်လျော်တဲ့ ကာမဂုဏ်တွေဖြင့်
ကျွေးမွေးပြုစု ထားရင် တပ်မက်လိုချင်တဲ့ ကိလေသာတွေ ဖြစ်ပွားတယ်။ အ၀တ်အစား အစရှိ