Saturday, September 30, 2017

ဗဟုဘဏ္ဍိက ရဟန်း


မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်၌ နေစဉ် သာဝတ္ထိမြို့မှ သူကြွယ်တဦးသည် မယားသေဆုံးပြီးနောက် ရဟန်းဘောင်သို့ ၀င်ခဲ့သည်၊ သူသည် ဇေတ၀န်ကျောင်းတော် အနီးတွင် သီးသန့်ကျောင်းတဆောင် ဆောက်ကာ အိမ်ထောင်ပရိဘောဂ အိုးခွက်အစုံအလင်နှင့် ဆန် ဆီ ဆား ထောပတ် ပစ္စည်းစုံ ယူလာပြီး အခိုင်းအစေ အစုံအလင် ခေါ်လာကာ ခမ်းခမ်းနားနားနေထိုင်ပြီး ကြိုက်နှစ်သက်ရာ အစာအာဟာရ ကောင်းများကို ချက်ပြုတ်စေ၍ စားသုံးနေ၏။

Friday, September 29, 2017

ပထမရွှေကျင်ဆရာတော်ဘုရားကြီးရဲ့ ဘ၀နေနည်း

ပထမရွှေကျင်ဆရာတော်ဘုရားကြီးက လူအချင်းချင်းပေါင်းသင်းဆက်ဆံ ကြတဲ့အခါ ကျင့်သုံးလိုက်နာရမယ့် ဘ၀ နေနည်း နည်းကောင်းတွေကို သြ၀ါဒပေးတော်မူခဲ့ပါတယ်။

တာမီးသည် သစ်ရွက်ခြောက်ကို လောင်လွယ်၏။ သစ်ရွက်စိုကို မတတ်နိုင်၊ မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်၏။

နံသာတုံးသည် မီးရှို့သူကို မကျွှမ်းမချင်း အနံ့ဖြင့် မွှေးစေ၏။ သူတော်ကောင်းသည် ညှဉ်းဆဲသူကိုလည်း မသေမချင်း အကျိုးဆောင်၏။

ဈာန်တရားအားထုတ်ရင်း အတွေးလွဲချော်မှုများ။

       မြတ်စွာဘုရားက လောကကြီးမှာ ပွင့်တော်မူနေပြီး တရားဓမ္မတွေ ဟောနေပါပြီ။ ဘုရား
လောင်းတုန်းက ဆရာတော်ဖူးတဲ့ “အာဠာရကာလာမ” နဲ့ “ဥဒက ရာမပုတ္တ” တို့က ရုပ်ခန္ဓာကိုယ်ကြီး
မပါတဲ့ ဗြဟ္မာ့ဘုံ ရောက်နေကြပါတယ်။  အာဠာရကာလာမ ဆိုတဲ့ ဆရာကြီးက ဈာန်အဆင့် အားဖြင့်

(မိခင်လောင်း၊ ဖခင်လောင်းများအတွက်) #သားသမီးရတနာတွေရအောင် နည်းကောင်းများ။

      ဦးဇင်းတို့အမေ  မှားခဲ့တာတစ်ခု  ရှိခဲ့တယ်။ ဦးဇင်းတို့ ငယ်ငယ်တုံးက  ပြောပြီးပြီ၊ အရက်မ
သောက်တတ်ဘူး၊ ဆေးလိပ်မသောက်တတ်ဘူး ပြောသလိုဘဲ၊ ဖဲမရိုက်တတ်ဘူးလို့ မပြောလိုဘူး။
ဖဲရိုက်တတ်တယ်၊ ဘာဖြစ်လို့ ဖဲရိုက်တတ်သလဲ ဆိုတော့ ဖဲရိုက်တာ ၀ါသနာကို ပါလာတယ်။ အဲဒါ

ဘ၀တစ်ခု လွတ်မြောက်နိုင်သော အရာများ။

    ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် အိုနာသေဆိုသော ဒုက္ခဆင်းရဲ အစုကြီးမှ လွတ်မြောက်
ကြောင်းကို အစဉ်လိုလားကြပါတယ်။ လူနတ်ဗြဟ္မာ သတ္တ၀ါတွေဟာ အဖန်ဖန် အိုကြရ၊ နာကြရ၊
သေကြရ၊ အဖန်ဖန် ဖြစ်ကြရနှင့် သံသရာ ၀ဲတွင် ကျင်လည်နေကြရပါတယ်။ သံသရာဝဲမှ လွတ်

Thursday, September 28, 2017

ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ၏ လောကဓမ္မသုတ် တရားတော်

မြတ်စွာဘုရား က လောကသဘာဝကို ရှစ်မျိုးခွဲပြီး "လောကဓမ္မသုတ်" မှာ ဟောထားတာ ...
ဒါ ... မြန်မာ ပရိသတ်တွေ လောကဓံ ရှစ်မျိုး ဆိုတာကိုတော့ လူတိုင်းသိကြတယ် ...

မြတ်စွာဘုရားက -

“လောကဓမ္မာ လောကံအနုပရိဝတ္တ န္တိ” ဟောဒီလောကရဲ့ သဘာဝတရားတွေ က လောကနောက် အစဉ်မပြတ် လိုက်နေတယ်တဲ့ ...

Wednesday, September 27, 2017

ဘဒ္ဒကမ္ဘာရဲ့မျိုးဆက်သစ်


                                                           
                                                              ဘဒ္ဒကမ္ဘာရဲ့မျိုးဆက်သစ်

“အဖွဲ့အစည်းတစ်ခု အောင်မြင်တည်တံ့ဖို့အတွက် အလိုအပ်ဆုံး အရင်းအနှီးကတော့ အများက ယုံကြည်လေးစားလာဖို့ပဲ”
(အမရပူရမြို့၊ တူမောင်းဆရာတော်)

အမရပူရမြို့နယ်လုံးဆိုင်ရာ “သစ္စာ လူမှုကူညီရေး အသင်း” ကို သြ၀ါဒဆရာတော်ကြီးများနဲ့ မြို့မိမြို့ဖ နာယက လူကြီးများကို ဦးထိပ်ထား၍ လူငယ် လူလတ်များရဲ့ အင်အားနဲ့ (၂၅.၁၂.၀၂) နေ့က ဖွဲ့စည်းလိုက်ပါတယ်။

မြတ်စွာဘုရားအလောင်းတော်ရဲ့ ဆရာတွေ။

        မြတ်စွာဘုရားအလောင်းတော်ဘ၀က တောထွက်ပြီး တရားကျင့်ပါတယ်။ တရားကျင့်တဲ့အခါ
ပထမ ဆရာမျိုးစုံထံ နည်းယူပြီးတော့ကျင့်ပါတယ်။ အဲဒီထဲမှာ အာဠာရကာလာမဆိုတဲ့ ဆရာကြီးတစ်
ဦးလည်းပါတယ်၊ ဥဒကရာမပုတ္တ ဆိုတဲ့ဆရာကြီးတစ်ဦးလည်း ပါတယ်၊ အာဠာရကာလာမဆိုတဲ့ ဆရာ

မိဘကျေးဇူး အကျေဆပ်နည်း။

   * စိတ်ထားမတတ်သေးတဲ့ မိဘ
     စိတ်ထားတတ်အောင်
     စိတ်ထားတတ်ပြီးသား မိဘ
     ပို၍ ပို၍ စိတ်ထားတတ်အောင်

ဝိပဿနာ အားထုတ်နည်း အခြေခံ ဆောင်ပုဒ်လေးများ။

- ၀ိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာ ရှု၍ ဖြစ်သနည်း။
       စွဲလန်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း။
- ဘယ်အကျိုးငှါ၊ ထိုခန္ဓာ၊ ဘယ်ဟာရှုရပါသနည်း။

Tuesday, September 26, 2017

"မိခင်တစ်ယောက်၏ အဌမမြောက်မုသား"



ကျွန်တော် ကလေးဘ၀အရွယ်တုံးက အဖြစ်အပျက်လေးတစ်ခုပါ ။ ဆင်းရဲနွမ်းပါးတဲ့ ကျွန်တော်တို့မိသားစုမှာ နေ့စဉ်ထမင်းနပ်မှန်အောင် စားဖို့တောင် မသေချာတဲ့နေ့တွေရှိခဲ့တယ် ။ ဒါပေမဲ့ အမေကတော့ မကြာခဏ သူ့ပန်းကန်ထဲက ထမင်းတွေကိုယူယူပြီး ကျွန်တော့်ထဲ အမြဲထည့်ထည့်ပေးတတ်တယ် ။ ပြီးရင် အမေပြောတဲ့ စကားတစ်ခွန်းရှိတယ် ။ "စား .. ငါ့သား အမေ သိပ်မဆာဘူး.." ။

Monday, September 25, 2017

လောကဇာတ်ခုံမှသရုပ်ဆောင်



လူတိုင်းလိုလိုပဲ လောကဇာတ်ခုံဆိုတဲ့ စကားလုံးကို ပြောဖူးကြ၊ ကြားဖူးကြမှာပါ။ ကျနော်ကိုယ်တိုင်လည်း ငယ်ငယ် ကတည်းက ကြားဖူးခဲ့ပါတယ်။ မှန်ပါတယ်။ လောကဟာ ဇာတ်စုံ ကနေတဲ့ ဇာတ်ခုံကြီးလိုပါပဲ။ လောကကြီးဟာ ဇာတ်ခုံ ဆိုရင် ဒီလောကမှာ ဖြစ်တည်နေထိုင်ကြတဲ့ အများသူငါ သတ္တ၀ါတွေဟာ ဘာတွေဖြစ်မလဲ?။ ရုတ်တရက်တွေးလိုက်ရင် တော့ သရုပ်ဆောင်ဇာတ်ကောင်လေး တစ်ကောင်လို့ ထင်လိုက်ကြမှာပါ။

တိရစ္ဆာန်ဘ၀ ရောက်နေသူ။

         တိရစ္ဆာန် ဖြစ်နေသူဟာ  ငရဲလောက်တော့ မဆင်းရဲပါ။ သို့သော်..ဘုရားပွင့်ပြီးတော့ တရား
ဟောနေတဲ့အချိန် တိရစ္ဆာန်ဘုံ ရောက်နေတယ်၊ နွားဖြစ်နေတယ်၊ ခွေးဖြစ်နေတယ်၊ ကြက်ဖြစ်နေ
တယ်၊ ၀က်ဖြစ်နေတယ်ဆိုရင် တရားနာလို့ သိရမယ့်တရားကို သိနိုင်စွမ်း မရှိပါ။

သတိပဌာန် ၄ ပါး။

    သတိပဌာန်ဟူသည် လွန်စွာတည်သော သတိ၊ ခိုင်မြဲစွာတည်သော သတိဟု အဓိပ္ပါယ်ရရှိ
ပါသည်။ သက်ဆိုင်ရာ အာရုံထဲ၌ စွဲစွဲမြဲမြဲ သက်ဝင်တည်နေသော သတိစေတသိက်ကို ဆိုလိုပါ
သည်။ တရားကိုယ်အားဖြင့် သတိစေတသိက် ၁ ပါးတည်းဖြစ်သော်လည်း အာရုံ ၄ မျိုး၊ ယူပုံအ

အကုသိုလ် စေတသိက်များ။

   ၁။ မောဟ၊
 ၂။ အဟိရိက၊
 ၃။ အနောတ္တပ္ပ၊
 ၄။ ဥဒ္ဓစ္စ၊
 ၅။ လောဘ၊
 ၆။ ဒိဋ္ဌိ၊

Sunday, September 24, 2017

စကားခြောက်ခွန်း လူ၌ထွန်း လေးခွန်းကိုပယ် နှစ်ခွန်းတွယ်



ုမြန်မာလူမျိုးတို့ အတွက် နေ့စဉ်စကားအသုံးအနှုံးအများစုတွင် ဗုဒ္ဓဘုရားအဆုံးအမ များ စိမ့်ဝင်ပြန့်နှံ့ နေသည်။ စကားခြောက်ခွန်း လူ၌ထွန်း လေးခွန်းကို ပယ် နှစ်ခွန်း တွယ် ဆိုတဲ့ စကား လုံးများက ဗုဒ္ဓမြတ်ဘုရား ရဲ့ သုဂတ ဂုဏ်တော် နှင့်တိုက် ရိုက်ဆက်စပ် ပတ်သက်နေပါတယ်။ သုဂတော အနက်က သုဂတော- ဟုတ်မှန် ကျိုးများ ကြိုက် မကြိုက်အားဖြင့် နှစ်ပါး သော စကား ကောင်း ကိုသာ