Saturday, March 28, 2015

https://www.facebook.com/groups/1430994090507395/permalink/1553530294920440/ ဒီပို့စ်တွေ့လို့ ဒီလိုရေးသည်...။

https://www.facebook.com/groups/1430994090507395/permalink/1553530294920440/ ဒီပို့စ်တွေ့လို့ ဒီလိုရေးသည်...။
==========================================================
မန္တလေးကို ရထားစီးမှဘဲ ရောက်မယ်ဆိုရင်တော့ ရထားစီးကြပေါ့ဗျာ၊ ဒါပေမယ့် ပိုမြန်ဆန်ပြီး အချိန်ကုန် လူပင်ပန်းသက်သာစေတဲ့
လေယာဉ်ပျံကြီးစီးနိင်ရင်တော့ အကောင်းဆုံးပေါ့ ဒါကလဲ စီးလို့ရတယ်ဆိုတာတော့ သိဖို့လိုလိမ့်မယ်၊ ပဋိစသမုပါဒ် ဖြစ်စဉ်တခုလုံး
မှာလွတ်မြောက်တဲ့ ထွက်လမ်းဟာ (ဝေဒနာ) နဲ့(တဏှာ) ကြားထဲကထွက်တာပါ ဒါကို အချိန်ပြည့် ဆင်ခြင်နိင်ရင် ဘာလာလာ ကိေ
လသာမဖြစ်ဘူး ချက်ခြင်းတော့ မရဘူးနော်၊ ကြာလာရင်တော့ ပါရမီဖြစ်ပြီး ဆင်ခြင်သွားနိင်ပါတယ်...၊

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ




မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း
ကြောင့်မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ၊ သို့သော်လည်း တိုင်းတပါးကို ရောက်လာ
တဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိုအပ်လာတယ်၊ စာရေးသူတို့ ဘုရားသားတော် ရဟန်းတွေမှာတောင် မြန်မာပြည်မှာတုံးက မလိုအပ်ဖူးလို့ ထင်ခဲ့မိတယ်၊

မိဘတွေ ရှိနေတုန်းစိမ့်ရေစမ်းရေလိုချိုကြပါ



“သမုဒ္ဒရာ ရောက် က သောက်မရတော့ချေ” ကျေးဇူးရှင် ညောင်ပင်ကန် ဆရာတော်ဘုရားကြီး
ဆရာတော်ကြီးက ဘာကို ဆိုတာလဲ အတိအကျ နားမလည်ပေမယ့် သမုဒ္ဒရာ ရောက် က သောက်မရတော့ပါ ဆိုတဲ့ စကားကလေးက စိတ်ထဲ အမြဲစွဲလို့ နေခဲ့ပါတယ်။ ကျွန်တော် ကတော့ သည်လို တွေးကြည့်မိပါတယ်။

သာသနာ့ဘောင်သို့ မ၀င်ထိုက်သူ ( ၃၂ ) ယောက်


                                                 ၁။ ဟတ္ထ စ္ဆိန္န - လက်မောင်း တံတောင်လက်ကောက်ဝတ် စသည့်တနေရာရာမှတစ်ဖက်ဖြစ်စေ နှစ်ဖက်လုံးဖြစ်စေ  ပြတ်နေသူ၊
၂။ ပါဒ စ္ဆိန္န - ပေါင်ရင်း ဒူးခေါင်း ခြေချင်းဝတ် စသော တနေရာရာမှ  ပြတ်နေသူ၊
၃။ ဟတ္ထပါဒ စ္ဆိန္န - လက်ရော၊ ခြေရောနှစ်မျိုးလုံးပြတ်နေသူ၊
၎။ ကဏ္ဏ စ္ဆိန္န - နားရွက်ပြတ်နေသူ၊
၅။ နာသ စ္ဆိန္န - နှာခေါင်း ပြတ်နေသူ၊
၆။ ကဏ္ဏနာသ စ္ဆိန္န - နားရွက်နှာခေါင်း ပြတ်နေသူ၊

လူရဲ့တန်ဖိုး။

         လောကလူတွေက ဘ၀နိမ့်ကျသလို အသိဉာဏ်ပါ နိမ့်ကျတတ်ပါတယ်။ အရေးကြီးတာက
အသိဉာဏ်မနိမ့်ကျဖို့ အရေးကြီးပါတယ်။ ဘ၀ဆိုတာ အခြေအနေပေးသလို နေကြရတာဆိုတော့
နိမ့်ကျတဲ့ ဘ၀လည်း နိမ့်ကျမှာပါပဲ။
         လောကလူတွေက ပိုက်ဆံမရှိရင် နိမ့်ကျတယ်လို့ သတ်မှတ်ကြပါတယ်။ မျိုးရိုးမကောင်း

မေတ္တာရင်မှာပိုက်ပါလို့။

        ရှေးလွန်လေပြီးသော ကာလတုန်းက ဗာရာဏသီပြည့်ရှင်မင်းကြီးတွင် မိဖုရား ၄ ယောက်
ရှိတဲ့အနက် တစ်ယောက်သော မိဖုရားကြီးမှ သားယောက်ျားလေးတစ်ပါး ဖွားမြင်ပါတယ်။  တိုင်း
သူပြည်သားတို့၏ စိတ်နှလုံးကို ရွှင်ပြုံးနှစ်သက်စေသည့်အတွက်ကြောင့် မင်းသားလေးကို “ဥဒယ
ဘဒ္ဒ” လို့ ခေါ်တွင်ခဲ့ပါတယ်။ များမကြာခင်မှာပဲ အခြားသော မိဖုရားကြီးတစ်ပါးကလည်း  မင်းသ

ရုပ်ပွားဆင်းတုကိုးကွယ်နည်း။

        ဓမ္မဒူတ အရှင်ဆေကိန္ဒဆရာတော်က ရုပ်ပွားဆင်းတုကိုးကွယ်မှုနဲ့ ပတ်သက်၍ ဤသို့
မိန့်တော်မူပါသည်။ =
         အကျိုးကျေးဇူးတွေရလာအောင် ဘုရားကို ကြည်ညိုတတ်ကြတယ်။ အဲဒီလို ကြည်ညို
တော့ ဒီပုံဆိုရင်တော့ အန္တရာယ်ကင်းမယ်။ ဒါနဲ့ ထုထားရင်တော့အန္တရာယ်ကင်းမယ် ဆိုပြီး

တဏှာပွားအောင် မလုပ်နဲ့။

        မြတ်စွာဘုရားက လောကီအာရုံ ကာမဂုဏ်ငါးပါးတို့၌ ကိလေသာ ကာမချမ်းသာကို
အဖန်ဖန်လိုက်စားပျော်ပါးခြင်းဆိုတဲ့ ကာမသုခလ္လိကနုယောဂအကျင့်သည် ယုတ်ညံ့လှ၏။
အထက်တန်းပုဂ္ဂိုလ်တို့၏ အလုပ် မဟုတ်ဘူး။ အရိယတို့အတွင်းမပါဝင်သော ပုထုဇဉ်ပုဂ္ဂိုလ်
တို့၏ အလုပ် အလေ့အကျင့်ဖြစ်၏။ အရိယာသူတော်ကောင်းတို့၏ အကျင့် မဟုတ်။ ဒီအကျင့်

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၆)။

   ”ကိလေသာ”
    xxxxxxxxxxx
မိမိကိန်းရာ၊ သတ္တ၀ါကို၊
ဗျာပါလှိုက်ဆူ၊ ပူလောင်စေတတ်၊
နှိပ်စက်တတ်၍၊ ထပ်ထပ် ညစ်ပေ၊

Friday, March 27, 2015

ငါးရာ့ငါးဆယ်ဇာတ်တော်များသည် ဘုရားဟောဟုတ်ပါသလား

     မေး။  ။  အရှင်ဘုရား ၅၅၀ ဇာတ်နိပါတ်တော်ထဲမှာ .... အမြဲတမ်းပဲ အဇာတသတ် ဟာ ဘီလိမ်ဖြစ်နေတယ် ... ပြီးတော့ သူနဲ့ ပတ်သတ်တဲ့ အာနန္ဒာတို့.. သူ့ ပါတနာတွေကလည်း သူ့ကို အမြဲ ... ပါရမီဖြည့်တဲ့ လူတွေ ဖြစ်နေတယ် .. ဘ၀တိုင်း ဘ၀တိုင်း တွေ့နေရတယ် ... ဒီ ၅၅၀ ဇာတ်နိပါတ်တွေဟာ ဘုရားဟောလား ဒါမှမဟုတ် ... နောင်လာနောက်သားတွေက ပုံပြင်လိုပြောတာလား..
ဗိုလ်ကြီးထွန်းလင်းကျော် (ကထိက)
ပြင်ဦးလွင်မြို့၊ စစ်မှုတက္ကသိုလ်

ချမ်းသာလိုက နှလုံးသွင်းမှန်ကြ



အားလုံးသိကြတဲ့အတိုင်း ကြည့်ရှုခံစားစရာ အဆင်းတကာတို့ထဲတွင် ယောက်ျားတို့၏ စိတ်ကို သိမ်းပိုက် ယူငင် စိုးမိုးနိုင်ဆုံးသော အဆင်းမှာ မိန်းမတို့၏ အဆင်းဖြစ်တယ်။ မိန်းမတို့၏ စိတ်ကို သိမ်းပိုက် ယူငင် စိုးမိုးနိုင်ဆုံးသော အဆင်းမှာ ယောက်ျားတို့၏ အဆင်းသာလျှင်ဖြစ်တယ်။

သညာသိနဲ့ပညာသိ



ကျွန်တော် နားလည်မိတာက စာပေဆိုတာ လူတွေပြောဟောတဲ့ စကားတွေကို မျက်စိနဲ့ မြင်ပြီးဖတ်လို့ရအောင် တနည်းအားဖြင့် မျက်စိနဲ့ကြားနိုင်အောင် ပြုပြင်ထားတာပါပဲ.. စာသိ ဆိုတာလဲ၊ စကားလုံးတွေက သိတဲ့အသိပါပဲ..
လူအများစု မြင်နေကြတာက ပရိယတ္တိဆိုရင် စာအုပ်ထဲက စာတွေကိုပဲလို့ မြင်ကြတယ်။

ရွေးချယ်တဲ့အခါမှာ။

         ရွေးချယ်တဲ့အခါမှာ စဉ်းစားရမှာက ကိုယ့်အတွက် တကယ်အကျိုးရှိတဲ့အလုပ်လား၊
အကျိုးရှိတယ် ဆိုတဲ့ နေရာမှာ အတိုင်းအတာ တစ်ခုထိ ရှိတာလား။ သို့မဟုတ် အတိုင်းအတာမဲ့
အင်မတန် ကြီးမားတဲ့ အကျိုးရှိတာလားဆိုတာ   မစဉ်းစားဘဲနဲ့ မနေသင့်ပါ။ အကျိုးတစ်ခုကို
ရွေးချယ်တဲ့ အခါမှာ “ခဏတာ အကျိုးရှိတာကို ရွေးမှာလား?၊ တစ်ဘ၀လုံးအတွက် အကျိုးရှိတာ

ဘာသာတရား ရွေးချယ်ကြ။

         ၁၃၇၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက်ည ၇း၃၀ အချိန်မှာ ဘုန်းကြီးတို့ တရားပွဲကို ဆင်
ယင်ကျင်းပရတာကတော့ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ (၇) ရက်သားသမီး ၀ါတွင်း/၀ါပဆွမ်း
လောင်းအသင်းနှင့် သဟပုညကာရီ ဆွမ်းလောင်းအသင်းတို့၏ ဆွမ်းလောင်းအောင်ပွဲ တတိယအ
ကြိမ် ဓမ္မပူဇာသဘင် အတွက် ဖြစ်ပါတယ်။

ကာမသုဂတိ ၇ ဘုံ။

             ကာမသုဂတိ ၇ ဘုံမှာ ==
၁။ မနုဿဘုံ = များသော ကုသိုလ်စိတ်ရှိသောဘုံ၊ လူ့ဘုံ(လူ့ပြည်)။
၂။ စတုမဟာရာဇ် = ဓဘရဌ၊ ၀ိရုဠက၊ ၀ိရူပက္ခ၊ ကုဝေရ တည်းဟူသော နတ်မင်းကြီးလေးပါး
                         စိုးပိုင်သော နတ်ပြည်။
၃။ တာဝတိံသာ = သုံးကျိပ် သုံးယောက်သော သိကြားမင်းတို့၏နေရာ နတ်ပြည်။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာမသိတဲ့အလှူ။

         သားကလေးကြီးလို့ ရှင်ပြုချင်၊ သမီးကလေး နားသချင်တော့ မိဘတွေက တိုင်ပင်ကြ
တယ်။ “တို့ကလေးတွေလည်း အရွယ်ရောက်ကုန်ကြပြီ၊ တဘ၀ တစ်နပ်စာနဲ့လည်း မပြီးသေး
ဘူး။ ကုသိုလ်ကလေးဘာလေးလုပ်ပြီး နောက်ဘ၀ ချမ်းသာရေး လုပ်ကြဦးစို့ကွယ်” ဆိုပြီး
မဏ္ဍပ်ထိုးကာ အလှူလုပ်ကြတယ်။ ဒီဘ၀ထက် နောက်ဘ၀ ချမ်းသာချင်တာကိုး၊ နောက်ဘဝ

ဆဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၆)။

  ***ဓမ္မစကြာလာ တရားဆောင်ပုဒ်များ***
           ==================
၁။  မုသာ,ပိသု၊ ဖရု,သမ္မာ
     ဤလေးဖြာ၊ မိစ္ဆာဝါစာတည်း။
၂။  မိစ္ဆာဝါစာ၊ ရှောင်ကြဉ်တာ
     သမ္မာဝါစာတည်း။ ။

Thursday, March 26, 2015

ဓာတုပရိနိဗ္ဗာန် ဝင်စံသည့်အခါ..


မေး။ ။ ဗုဒ္ဓသာသနာတော် နောက်ဆုံးကွယ်ချိန်၌ ဓာတုသာသနာ ကွယ်မည်ဟု ဆိုပါသည်။ ထိုဓာတုသာသနာတွင် ဘုရားရှင်၏ အရိုးတော် စွယ်တော် စသည့် ဓါတ်တော်များသည် နေရာအနှံ့အပြားမှ လာရောက်စုရုံး၍ ဘုရားရှင်၏ ပကတိပုံတော်အတိုင်း ဖြစ်တည်တော်မူ လျက် တရားဟောမည်၊

အလှူကျေးဇူး စွမ်းရည်ထူး


အလှူကျေးဇူး စွမ်းရည်ထူး
၁။ စေတနာမှန် ဤသုံးတန်
ပုဗ္ဗေ၀ ဒါနာ သုမနာ၊ ဒဒံ စိတ္တံ ပသာဒယေ။
ဒတွာ အတ္တမနော ဟောတိ၊ ဧသာ ယညဿ သမ္ပဒါ။ (အံ၊၂၊၂၉၆။ ပေတ၀တ္ထု-၁၅၉)

၁။ မလှူမီမှာ ၊ ၀မ်းမြောက်ရာ၊ ကောင်းစွာ သန့်ရှင်းရ။
၂။ လှူဆဲဉာဏ်ယှဉ်၊ စိတ်ကြည်လင်၊ ပျော်ရွှင်အားတက်ရ။
၃။ လှူပြီးသောခါ၊ ကျေနပ်ရာ၊ ၀မ်းသာ ရွှင်လန်းရ။
= စိတ်ဓာတ်ဖွေးဖြူ၊ ပေးလှူသောခါ၊ စေတနာမှန်၊ ဤသုံးတန်၊ ထက်သန်ထားရှိရ။

ဘုရားအလောင်းတော်တိုင်း ဒုက္ကရစရိယာ ကျင့်ရတာပဲလား

                                                ဒကာ။           ။ ဒုက္ကရစရိယာ ကျင့်ရပုံ အကြောင်းကတော့ သည်ဥပမာများနဲ့ ကျေနပ်လောက်ပါတယ် ဆရာတော်။
ဒါပေမဲ့ ဒါလောက်တောင်မှ ဆင်းရဲဒုက္ခရောက်ရတဲ့ လုပ်ငန်းကြီးကို ဘုရားအလောင်းတော်တိုင်း ဘုရားအလောင်းတော်တိုင်းဟာ ဒုက္ကရစရိယာ အကျင့်ကို ကျင့်ကြံအားထုတ်ရတာပဲလား ဆရာတော်၊ စာပေက ဘယ်လိုဆိုပါသလဲ ဘုရား၊ မိန့်ကြားပါဦး။

မြတ်စွာဘုရားက ရှင်အာနန္ဒကို ဟောတဲ့ ၀ိပဿနာတရား။

         တစ်နေ့သောအခါ ရှင်အာနန္ဒဟာ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့ လျှောက်တယ်။
“အရှင်ဘုရား၊ တပည့်တော်ကို ကမ္မဋ္ဌာန်းတရား အကျဉ်းချုပ် ဟောပေးပါတဲ့။ အဲဒီ ကမ္မဋ္ဌာန်းတရား
အကျဉ်းချုပ်ဟောပြီးရင် တပည့်တော်ဟာ တစ်ပါးထဲ လွတ်လွတ်ကင်းကင်း နိဗ္ဗာန်ကို ဦးတည်ချက်
ထားပြီး ကြိုးကြိုးစားစား တရားအားထုတ် ပါ့မယ်” လို့ ဘုရားထံ ၀န်ခံပြီးတော့ တရားတောင်းတယ်။

တောင်ပုလုဆရာတော်ကြီး၏ သေခါနီးမှ တရားအားထုတ်ရင်။

        တောင်ပုလုဆရာတော် သက်တော်ထင်ရှားရှိစဉ် အခါတုန်းက ဒကာတစ်ယောက် ကျောင်း
ကိုရောက်လာရင်း ဆရာတော်အား မေးလျှောက်ပါတယ်။ ဆရာတော်ဘုရား  ...“ တပည့်တော်မှာ
သားရေး၊ သမီးရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေးတွေ လုပ်နေရတော့ မအားဘူး ဘုရား။

နေ့စဉ်၊ နေစဉ်သတိဉာဏ်ဖြင့် တရားအားထုတ်နည်း။

         မဟာသတိပဌာနသုတ္တန်ဒေသနာတော်အရ တရားအားထုတ်သော သူတော်စင်တို့အတွက်
ကာယနုပဿနာသတိပဌာန်၊ ဝေဒနာနုပဿနာသတိပဌာန်၊ စိတ္တာနုပဿနာသတိပဌာန်၊ ဓမ္မာ
နုပဿနာသတိပဌာန်တို့ဟူ၍ ရုပ်အပေါင်း ကိုယ်အာရုံ၊ ခံစားမှု ဝေဒနာအာရုံ၊ သိတတ်မှု စိတ်
အာရုံနှင့် သဘောတရား ဓမ္မအာရုံဟူ၍ အာရှုခံအာရုံ လေးမျိုးကွဲပြားသောကြောင့် အကျဉ်းအား

တဏှာဟူသည်မှာ။

        မြတ်စွာဘုရားရှင် ဗာရဏသီပြည် မိဂဒါဝုန်တော၌ သီတင်းသုံးနေစဉ် အရှင်မဟာ
ကောလိသသည် အရှင်သာရိပုတ္တရာအား “ မျက်စိသည် ရူပါရုံ၏ အနှောင်အဖွဲ့ ဖြစ်ပါသ
လော၊ (သို့မဟုတ်) ရူပါရုံသည် မျက်စိ၏ အနှောင်အဖွဲ့ ဖြစ်ပါသလော ” စသည်ဖြင့်

ဆရာတော်ကြီးများ၏ သေရမှာ မကြောက်တဲ့ဆေး။

ကိုယ့်ရုပ်ကိုယ့်နာမ်တွေ အမြဲပျက်၊
အမြဲသေနေတာတွေကို အမြဲကြည့်ရှု
သိမြင်နေသူအဖို့ တစ်ဘ၀တစ်ခါ
သေရတာဟာ ကြောက်စရာ မဟုတ်တော့ပါဘူး။

Wednesday, March 25, 2015

ဒုက္ကရစရိယာကျင့်မှ ဘုရားဖြစ်ရသလား ...?



ဒကာ။           ။ ဒုက္ကရစရိယာ အကျင့်ဟာ ပဓာနအလုပ် မိစ္ဆာဒိဋ္ဌိ အကျင့်မဟုတ်ဘူးဆိုရင် ဒုက္ကရစရိယာ အကျင့်ကို ကျင့်မှပဲ ဘုရားဖြစ်ရတော့မှာလား၊ ယင်းကို မကျင့်ရင် ဘုရားမဖြစ်ရတော့ဘူးလား ဆရာတော်၊ ရှင်းပြပါဦး။

          ဆရာ။           ။ အင်း…ဘုရားဖြစ်နိုင်ခွင့်ကတော့ ဒုက္ကရစရိယာနဲ့ နည်းနည်းပါးပါးလောက်ပဲ ဆိုင်တယ်လို့ ဆိုရမှာပဲ၊ ပါရမီ ဆယ်ပါး အပြားသုံးဆယ် စွန့်ခြင်းကြီး ငါးပါး စရိယတရားတို့ ပြည့်ဝရင့်ကျက်မှုရှိမှသာ ဘုရားဖြစ်နိုင်တာပါ၊ (လိုရင်းကတော့ မဇ္ဈိမပဋိပတ်ပါပဲ။)

လူအမျိုးသမီးထဲက ရှေးဦးစွာ အရိယာဖြစ်သူ



ဒကာ။           ။ ဘုရားသာသနာတော်မှာ လူအမျိုးသားထဲကတော့ ရှင်ကောဏ္ဍညမထေရ် ဟာ ရှေးဦးစွာ အရိယာ ဖြစ်တယ်လို့ သိမှတ်ရဖူးပါတယ်၊ လူအမျိုးသမီးထဲက ဘယ်သူဟာ ရှေးဦးစွာ အရိယာအဖြစ်ကို ရယူသွားပါသလဲဆရာတော်။

          ဆရာ။           ။ ရာဇဂြိုဟ်မြို့သူ မင်းမျိုးမင်းနွယ်ဖြစ်သော ကာဠီအမည်ရှိတဲ့ အမျိုးသမီးဟာ လူသားအမျိုးသမီး မိန်းမအပေါင်းတို့တွင် ရှေးဦးစွာ သောတာပတ္တိမဂ်ဖိုလ်ရ၍ သောတာပန် အရိယာဖြစ်သောကြောင့် အမျိုးသမီးအပေါင်းတို့၏ အကြီးဆုံးအစ်မကြီးဖြစ်တယ်တဲ့။

ရွက်လှပန်းဟာ ရနံ့မသင်းပေမယ့် ရုပ်အဆင်တော့ လှပါတယ်။ နှင်းဆီပန်းဟာ ရနံ့သင်းပေမယ့်၊ ဆူများနဲ့ ဝိုင်ရံထားတယ်။



ရှေးရှေုးတုန်းတုန်း တောကျောင်းတစ်ကျောင်းမှာ သက်တော်ရှည်ဆရာတော်တစ်ပါးနဲ့ ဦးဇင်းလေးတစ်ပါး အတူနေကြတယ်။ ဆရာတော်ကြီးက အသက်ကြီးပြီးဆိုတော့ ၊ သင်္ကန်းကိုလည်း သပ်သပ်ရပ်ရပ်မဝတ်နိုင်တော့ဘူး။ ဆွမ်းဘုဉ်ပေးတဲ့အခါမှာလည်း ဆွမ်းလုံးတွေက ပန်းကန် အပြစ်ဖက်ကိုကျနေလို့ ကြည့်လို့မကောင်းဘူးပေါ့။

တရားအားထုတ်တယ်ဆိုတာ။

         အမှတ်တမဲ့ မနေရဘူးတဲ့။ အပ္ပမာဒ ဆိုတဲ့ သတိတရားနဲ့ ထာဝရသတိရှိနေမယ်၊ သတိကပ်
နေမယ်ဆိုလို့ရှိရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် ၀ိပဿနာအာရုံတွေက ပေါ်နေတာတဲ့။ မပေါ်တာက
အသိဉာဏ်နဲ့ သတိမပေါ်တာ၊ ဟုတ်ကဲ့လား။ အဲဒီ သတိနဲ့ ဉာဏ် မပေါ်တာကိုပေါ်အောင် ကြိုးစား
အားထုတ်နေခြင်း သည်ပင်လျှင် တရားအားထုတ်တယ် လို့ ပြောတာ။

ကန်တော့ပါတယ် အရှင်ဘုရား။

        မြတ်စွာဘုရား လက်ထက်တော်အခါတုန်းက မဓုရာပြည်၊ ကုဏ္ဍိမြို့အနီးမှာ ဥရုမုဏ္ဍ အ
မည်ရှိတဲ့ သာဏတောင်မှာ သာဏ၀ါသီရဟန္တာမထေမြတ်က သီတင်းသုံး  နေတော်မူပါတယ်။
အဲဒီ ကုဏ္ဍိမြို့မှာ “ဂုတ္တ” မည်သော နံ့သာကုန်သည်သူဌေး တစ်ဦး ရှိပါတယ်။
         မထေရ်မြတ်ကြီးဟာ ဂုတ္တသူကြွယ်အိမ်ကို နေ့စဉ်နေ့တိုင်း ချီးမြောက်ဖို့အတွက် ကြွလေ့

မဇ္ဈိမပဋိပဒါ။

     မဇ္ဈိမ = အလယ်အလတ်+ ပဋိပဒါ = အကျင့်
    ( အလယ်အလတ်အကျင့် = နိဗ္ဗာန်သွားရာလမ်းကြောင်း)
         ကာမဂုဏ်လိုက်စားသော ကာမသုက္ခလ္လိကအကျင့်သည် လည်းကောင်း၊ ခန္ဓာကိုယ်ကို
ဒုက္ခပေးသော အတ္တကိလမထအကျင့်သည် လည်းကောင်း၊ အောက်တန်းကျ၏။ မဂ်ဖိုလ်နိဗ္ဗာန်ကို

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၅)။

   ”မဂ္ဂင်ရှစ်ပါး”
     xxxxxxxxxx
သိမှန် ကြံမှန်၊  ပြော ပြုမှန်နှင့်၊
ကောင်းမှန်သက်မွေး၊ ဖြူစင်ဖွေး၍၊
မှန်ရေးကြိုးစား၊ မှန်ငြားသတိ၊

ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်များ (၁) ။

 “ သုစိပုဘာ ဆုံးမစာ ”
----------------------
သု,စိ,ပု,ဘာ၊  ၀ိ,လိ,သိ,ဓာ
အက္ခရာစွဲသုံး၊  ဤရှစ်လုံးကို
သီကုံးပန်းသွင်၊  နေ့တိုင်းဆင်လော့

Tuesday, March 24, 2015

သင် ဘယ်လို ဗုဒ္ဓဘာသာဝင်လဲ?



သင် ဘယ်လို ဗုဒ္ဓဘာသာဝင်လဲ?
မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ၌ သက်ဝင်ယုံကြည်သော နိုင်ငံ ဖြစ်သည်။ ထေရ၀ါဒ ဗုဒ္ဓဘာသာသည်လည်း မြန်မာနိုင်ငံသို့ ရောက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင်ခဲ့လေပြီ။
ထို့ကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ ရေခံ မြေခံ ကိုးကွယ်မှုဆိုင်ရာ ဘာသာတရား ဖြစ်၏။

အဓိဋ္ဌာန်



အဓိဋ္ဌာန်
သာသနာ့ ရန်အမျက်၊ မချန်ဖျက် ခြွေမည်၊
နှစ်ပြန်သက် သေပစီ၊ မသွေဖည် ရှောင်၍၊
အမှန်ဘက် လိုက်ကူမယ်၊ မကြိုက်သူ မုန်းကြပစေ့၊

ဘုရားကြိုက် ဓမ္မက္ခန်ညီ၊ တဆံချည် မရွေ့၊
ဉာဏ်ပလီ ဓလေ့ကြောင့်၊ တွေ့သမျှ ဘေးဒဏ်၊
ရေမြေ့ရှင် အာဏာထားစေတော့၊ ငါဘုရား သားတော်အမှန်၊

စေတီပုထိုးများ ရောင်ခြည်တော်လွှတ်မှု


( မေး )
၁။ စေတီပုထိုးများ အဘယ်ကြောင့် ရောင်ခြည်တော် လွှတ်ပါသနည်း။ ကျမ်းအကိုးအကား အထောက်အထားဖြင့် ဖြေကြားပေးတော်မူကြပါ။
( သိလိုသူတဦး )

( ဖြေ )
၁။ စေတီပုထိုးတွင် ရောင်ခြည်တော်လွှတ်ခြင်းကဲ့သို့သော တန်ခိုးပြာဋိဟာတို့သည်
(၁) ရဟန္တာ (၂) နတ် (၃) လူ-ဟူသော ဤသုံးယောက်သောသူတို့၏ အဓိဋ္ဌာန်ခြင်းကြောင့် ဖြစ်ကုန်၏-ဟု မိလိန္ဒပဥှာကျမ်းတွင် ပြဆိုထားပါ၏။ ( ခု-၁၁၊ ၂၉၇ )

ရှင်အာနန္ဒ ရဟန္တာဖြစ်ပုံ။

         ရှင်အာနန္ဒက စဉ်းစားလိုက်တယ်။ “ငါ ဘာလို့ တရားထူး တရားမြတ်
မရတာတုန်း”လို့။ သန်းခေါင်ကျော်သွားပြီ၊ မနက်လင်းဖို့လည်း နီးလာပြီ။ သြော် ငါ့စိတ်တွေ
ပြင်းထန်နေပြီး ၀ီရိယတွေ လွန်ကဲနေတယ်၊ သမာဓိက လျော့နည်းနေတယ်။  အဲဒါကို ရှင်အာ
နန္ဒက သိတယ်။ ၀ီရိယတွေ သိပ်လွန်ကဲနေရင် ဥဒ္ဓစ္စ ဖြစ်တယ်။ သမာဓိတွေ လျော့နည်းတတ်တယ်။

ကိုယ်ခန္ဓာပေါ်က ခန္တီဆိုတဲ့နေရာ။

       လွန်လေပြီးသော အတိတ်ကာလက ဗာရာဏသီပြည်၌ ကလာဗုမည်သော မင်းသည်
မင်းပြုအုပ်စိုးနေစဉ် ဘုရားလောင်းဟာ ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏားမျိုး၌ ကုဏ္ဍလ
မည်သော လုလင်ဖြစ်လေ၏။ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်သို့ သွား၍ ခပ်သိမ်း
သော အတတ်ပညာတို့ကိုသင်ယူကာ ပစ္စည်း ဥစ္စာတိုးပွားစေ၏။ မိဖကွယ်လွန်သဖြင့် ဥစ္စာစုကို

နိကာယ် ၅ ပါး။

        နိကာယ် ၅ ပါးမှာ ==
၁။ ဒီဃနိကာယ် = သုတ်သုံးကျမ်း။
၂။ မဇ္ဈိမနိကာယ် = ပဏ္ဏာသသုံးကျမ်း။
၃။ သံယုတ္တနိကာယ် = သံယုတ်ငါးကျမ်း။

ကာမသုခလ္လိကအကျင့်။

      ကာမချမ်းသာကို ခံစားတတ်သော လူဝတ်ကြောင်များသည် မိမိတို့ကာမစိတ် အလို
ကျအောင် လှပသောအဆင်း၊ သာယာသောတီးမှုတ်သံ၊ မွှေးကြိုင်သောအနံ့၊ အရက်သေစာ
မှစ၍ အစားအသောက်မျိုးစုံဖြင့် တစ်ယောက်နဲ့တစ်ယောက် တွေ့ထိကာ မိုးမဆုံးမြေမဆုံး
ခံစားဖွယ်တွေကို မြေပေါ်မြေအောက်မကျန် ရနိုင်သမျှခံစားကြ၏။ ထိုကာမစိတ် အလိုလိုက်

ဆဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၅)။

    ***ဓမ္မစကြာလာ တရားဆောင်ပုဒ်များ***
           ==================
၁။  ကာမချမ်းသာ၊ သုံးဆောင်တာ
     ပယ်ခွာ ရှောင်ရမည်။
၂။  မသုံးဆောင်ဘဲ၊ ကိုယ်ညှဉ်းဆဲ

Monday, March 23, 2015

မြတ်စွာဘုရားရဲ့ဖွားဘက်တော်

 မြတ်စွာဘုရားရဲ့ ဖွားဘက်တော် စာရင်းကို “ အာ ဗော ကာ ယ ဆန် ရွှေ ကဏ်” လို့ အတို
ကောက်လုပ်ထားတဲ့ အထဲမယ် အာ ဆိုတာ ရှင်အာနန္ဒကိုပြောတာ၊ ဗောကတော့ ဗောဓိပင်ပေါ့၊
ကာ က ကာဠုဒါယီ၊ ယ က ယသောဓရာ၊ ဆန် က မြင်းတော်ခံ မောင်ဆန်၊ ရွှေက ရွှေအိုးကြီး

ကုသိုလ်စိတ် များများဖြစ်အောင် ပြုပြင်နည်း။

        စိတ်တို့သည် အလွန်ဖြစ်ပျက် မြန်သောကြောင့် ကုသိုလ်၊ အကုသိုလ်စိတ် ရောနှောလျက်
ဖြစ်တတ်ပါသည်။ နံနက်စောစော အိမ်ပေါ်မှ ဘုရားရှိခိုးလျက် ကုသိုလ်စိတ် ဖြစ်နေစဉ် အိမ်
အောက်ထပ်မှ ရောင်းဝယ်မှုကိစ္စဖြင့် ခေါ်သံကြား၍ လောဘစိတ် ဖြစ်ရ၏။ ဘုရားအာရုံပြုနေ
စဉ် မခံချင်စဖွယ် ပြောလာသဖြင့် ဒေါသစိတ် ဖြစ်ရ၏။

သိကြားမင်း၏မိဖုရား ၄ ပါး။

         သိကြားမင်း၏မိဖုရား ၄ ပါးမှာ ==
၁။ သုဓမ္မာ = နတ်သမီးအခြံအရံ များစွာနှင့် သိကြားမင်း၏ရှေ့က ခစားရသည်။
၂။ သုဇာတာ =  နတ်သမီးအခြံအရံ များစွာနှင့် သိကြားမင်း၏လက်ျာက ခစားရသည်။
၃။ သုနန္ဒာ =  နတ်သမီးအခြံအရံ များစွာနှင့် သိကြားမင်း၏နောက်က ခစားရသည်။

မြန်မာဗုဒ္ဓဘာသာဝင်တို့၏ သာသနာပ ယုံကြည်ကိုးကွယ်မှု့များ

ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ၀နာနိစ။
အာရာမ ရုကစေတျာနိ၊ မနုဿာ ဘယ၀ဇ္ဇိတာ။
(ဓမ္မပဒ၊ ၁၈၈)

“ဘေးကိုကြောက်ရွံထိန့်လန်ကုန်သော သူတို့သည် တောတောင်တို့ကိုလည်းကောင်း၊
နေရာအရံတို့ကိုလည်းကောင်း၊ တောဆိုးသစ်ပင်တို့ကိုလည်းကောင်း၊ (ဘေးမှလွတ်ရန်)

များစွာ ဆည်းကပ်ကိုးကွယ်ကြကုန်သည် ဟု ဂေါတမဗုဒ္ဓ က မိန့်တော်မူသည်။

ထွက်ရပ်ပေါက်နှင့် ဘိုးတော်မယ်တော်များ



မဟာယနဗုဒ္ဓဘာသာသည် ပျူခေတ်ကတည်းကပင် မြန်မာနိုင်ငံသို့ ရောက်ရှိနေခဲ့ပြီ
ဖြစ်ကြောင်း၊ ပျူခေတ်ဘုရားလောင်းပုံပါ အုတ်ခွက်များက သက်သေခံနေခဲ့သည်။

ပျူမြို့တော်ဟောင်းများကို တူးဖော်ပြီး ဖြစ်သော်လည်း ပြည့်ပြည့်စုံစုံ သုတေသန
မပြုရသေးသောကြောင့် ပျူခေတ်တွင် ဗုဒ္ဓဘာသာတန္တရ၀ါဒ ထွန်းကားခဲ့ခြင်း ရှိ၊ မရှိ
ကိုမူ အတိအကျမသိရသေးချေ။ ပျူခေတ်ကို ဆက်ခံသော ပုဂံခေတ်၌ကား၊

သူရဿတီမယ်တော် ဆိုတာဘယ်သူလဲ

သူရဿတီမယ်တော် ဆိုတာ တကယ်ရှိသလား မရှိဘူးလား ဆိုတာတော့ တိတိကျကျ မတွေ့ရပါဘူး
သိရသလောက်တော့ သူရဿတီ ဆိုတာ အိန္ဒိယက ဟိန္ဒူ ယဉ်ကျေးမူ့ ဗုဒ္ဓဘာသာ နဲ့ ရောပါလာတာကို
တချို့ မြန်မာတွေက ဗုဒ္ဓဘာသာ ယဉ်ကျေးမူ့ ထင်မှတ်ပြီး ကိုးကွယ်နေကြတယ်လို့ ထင်ပါတယ်

ဟိန္ဒူဗြဟ္မဏဘာသာ မှာ နတ်ဘုရားသုံးဆူ ရှိပါတယ်။

နေရာတိုင်းမှာ ဥပေက္ခာ။

  မေတ္တာနဲ့
  ကိုယ်ကောင်းကျိုး ရစေချင်တိုင်းလည်း
  သူရတာမဟုတ်
  သူ့ကံရှိမှ သူရတာ။
  ဂရုဏာနဲ့

အရှင်ဆေကိန္ဒ၏ လက်ကိုင်လေး။

         လူငယ်၊ လူလတ်၊ လူကြီး အရွယ်မရွေး အသစ်အဆန်းဆို ကြိုက်ကြပါတယ်။ ကိုယ်ဖြတ်သန်း
လာရတဲ့ အရွယ်တိုင်းမှာ မသိသေးတဲ့ဟာ သိချင်တယ်။ မတတ်သေးတဲ့ဟာ တတ်ချင်တယ်။ ဒါပေမဲ့
စူးစူးစမ်းစမ်း လုပ်ချင်တဲ့ အရွယ်ကျတော့ ကြီးကောင်ပေါက် လူရာဝင်တဲ့ အရွယ်မှာ။ သိချင်တာတွေ
အများကြီး၊ တတ်ချင်တာတွေ အများကြီး၊ သင်ချင်စရာတွေ အများကြီး ဖြစ်လာတယ်။

Sunday, March 22, 2015

ဗေဒင်ဆိုတာ ယုံစရာ ရှိမရှိ။

        မြတ်စွာဘုရားနဲ့ဖွါးဘက်တော်တွေထဲက လူသားအနေနဲ့ အာနန္ဒ ရှိတယ်၊ ကာဠုဒါယီ ရှိတယ်၊
ယသောဓရာ ရှိတယ်၊ ဆန္န ဆိုတဲ့မြင်းတော်ခံအမတ် ရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေကို ဗေဒင်ဆရာတွေက
ဇာတာဖွဲ့ကြည့်လိုက်မယ်ဆိုရင် တစ်နေ့ထဲ တစ်ချိန်ထဲ ဖွားတာဖြစ်လို့ ဇာတာခွင်တူမနေဘူးလား၊
ဇာတာခွင် တူနေတဲ့ အထဲမယ် သိဒ္ဓတ္ထမင်းသား တစ်ပါးသာလျှင် ဘုရားဖြစ်ပြီး ကျန်တာတွေ ဘုရား