Saturday, June 9, 2018

“ဗုဒ္ဓနှင့် အာဠ၀ကဘီလူး အမေးအဖြေ”


10513404_267942090073960_5139206793907689716_n
အာဠ၀ကဘီးလူးသည် သူ၏ဗိမာန်သို့ရောက်လာသော ရဟန်း၊ ရသေ့၊ ပရဗိုဇ် တို့အား ခက်ခဲသော မေးခွန်းများနှင့် ရူးသွပ်အောင်ပြုပြီး ညှင်းပန်းနှိပ်စက်၏။အာဠ၀ကသည် ဤသို့အကြံရလျှက် ဗုဒ္ဓကို ၀မ်းသာအားရ ရင်ဆိုင်လိုက်၏။
ဗုဒ္ဓက “အသင် အာဠ၀က သင်ပြောလိုရာကို ပြောတော့” ဟု မိန့်၏။
အာဠ၀ကအမေး။ ။ ဤလောက၌ ယောက်ျား၏ မြတ်သော ဥစ္စာသည် အဘယ်နည်း။

Friday, June 8, 2018

ဘုရားကိုပူဇော်တဲ့သီချင်းများက အပြစ်ဖြစ်ပါသလား

ဘုရားကိုပူဇော်တဲ့သီချင်းများက အပြစ်ဖြစ်ပါသလား ?
ဒီအမေးနဲ့ပတ်သက်ပြီး ဓမ္မဂီတ ၊ ဂီတဓမ္မ ဆိုပြီး နှစ်မျိုးရှိတယ်။ ဓမ္မဂီတဆိုတာက တရားကို သီချင်းလုပ်ပြီးဆိုတာဖြစ်တယ်။ ဆိုလိုတာ က တရားကို အသံတို၊အသံရှည်၊ အချီ၊အချ၊ အနိမ့်၊အမြင့်တွေနဲ့ သီချင်းသီဆိုသလိုဆိုပြီး တရားဟောတာပါ။ တကယ်ကတရားနာတယ်ဆိုတာ သံဝေဂရအောင် မသိတာတွေသိအောင်ဆိုပြီးတရားနာတာဖြစ်တယ်။ တရားဟောတဲ့သူက သီချင်းဆိုသလို ဟောနေရင် နာတဲ့သူမှာ တရားအနက်သဘောမထင်တော့၊

ကာမသုခလ္လိကာနုယောဂအကျင့်ဆိုတာ။

     ကာမသုခလ္လိကာနုယောဂအကျင့်ဆိုတာ မြန်မာလို အတိုချုပ်ပြောရရင် လိုချင်နှစ်သက်စရာ
ကာမဂုဏ်တွေကို နှစ်သက်သာယာပြီး ခံစားခြင်းပါပဲ၊ အဲဒီ ကာအဂုဏ် အာရုံတွေမှာ နှစ်သက်သာယာ
တဲ့ တဏှာနဲ့ယှဉ်ပြီး၊ ချမ်းသာလုံး ကောင်းလုံးကလေးဖြစ်အောင် အားထုတ်တာ ခံစားတာပါပဲ။ လိုချင်

မိဘနဲ့ သားသမီး ချစ်ပုံချစ်နည်း။

    တစ်နေရာနဲ့  တစ်နေရာ၊  တစ်ဒေသနဲ့ တစ်ဒေသ၊ တစ်အိမ်နဲ့ တစ်အိမ်၊  တစ်မိသားစုနဲ့ တစ်မိ
သားစု၊ တစ်ယောက်နဲ့ တစ်ယောက်၊ သဘောထားချင်း မတူနိုင်ကြဘူး။ အဖေ အဖေချင်းမတူကြဘူး။
အမေ အမေချင်းမတူကြဘူး။ တစ်ချို့အဖေအမေတွေက သားသမီးကို ပုံချစ်ပစ်လိုက်တယ်။ တစ်ချို့

နိဗ္ဗာန်ချမ်းသာရတဲ့အထိ ကောင်းသောအကျိုးပေးနိုင်သော မဂ္ဂင်ရှစ်ပါးအကျင့်တရား။

  နိဗ္ဗာန်ချမ်းသာကို ရဖို့ ရာ အကျင့်တရား အမှန်က မဂ္ဂင်ရှစ်ပါး အကျင့်တရားပဲ
ဖြစ်တယ်။ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ပြောရရင်==
(သမ္မာဝါစာ) စကားအပြောကိုထိန်းသိမ်းစောင့်ရှောက် ရမယ်။ စကားပြောဆိုတဲ့အခါ  အပြစ်ကင်းတဲ့

Thursday, June 7, 2018

ဥပုသ်သီလနဲ့ သနပ်ခါးလိမ်းသင့်ပါသလား

အမေး။ ။ အရှင်ဘုရား…တပည့်တော် ၀ါတွင်းဥပုသ်နေ့တွေမှာ ဥပုသ်စောင့်ပါတယ်ဘုရား၊ ဒါပေမဲ့ ရုံးသွားရတော့ သနပ်ခါးလိမ်းပါတယ်ဘုရား၊ (မိတ်ကပ်ပြင်၊နုတ်ခမ်းနီဆိုးခြင်းမဟုတ်ပါ) တရားစခန်းမှာတော့ တပည့်တော်မလိမ်းပါဘူးဘုရား။ ရုံးသွားပြီးအလုပ်လုပ်ရတာဖြစ်တော့ မျက်နှာပြောင်နဲ့သွားဖို့ မကောင်းဘူးထင်လို့ပါ၊သနပ်ခါးလိမ်းတဲ့အခါမှာတော့ လှပလိုတဲ့အတွက် လိမ်းခြယ်ခြင်းမဟုတ်ပါဘုရား။ လူမြင်တင့်တယ်ရုံ သနပ်ခါးလူးတယ်လို့ နှလုံးသွင်းပါတယ်ဘုရား၊ ဒီလိုပြုလုပ်တာဟာ သီလပျက်ပါသလားဘုရား။
တပည့်တော်တွေးမိတာတစ်ခုရှိသေးတယ်ဘုရား၊ တကယ်လို့ သနပ်ခါးလိမ်းတဲ့သီလတစ်ပါးကျိုးရင် ကျန်တဲ့ ၇ ပါး ရနိုင်ပါသေးတယ်လို့ တွေးမိပါတယ်။ အဲဒါဟုတ်ပါသလားဘုရား။

Wednesday, June 6, 2018

ဆွမ်းတော်တင်ခြင်းနဲ့ပတ်သတ်၍

အရှင်ဘုရား။ ဘုရားမှာ တင်ထားတဲ့ သစ်သီးကိုကျတော့ လူတွေစားကြတယ်။ ပန်းကျတော့ လူတွေပြန်မသုံးရဘူးလို့ ပြောကြတယ်ဘုရား။ အဲ့ဒါဘယ်လိုလဲ သိချင်လို့ပါဘုရား။ နောက်ပြီး ငရဲကြိးတယ်ဆိုတာမျိုးရောရှိလားဘုရား။ အဲဒါလေး ဖြေပေးစေချင်ပါတယ်ဘုရား။

မဂ်တရားကို ထိုးထွင်း၍ မသိနိုင်သူ (၁၅) ဦး။

     မဂ်တရားကို ထိုးထွင်း၍ မသိနိုင်သူ (၁၅) ဦးမှာ==
 ၁။ တိရစ္ဆာန်။
 ၂။ ပြိတ္တာ။
 ၃။ မိစ္ဆာဒိဌိ။

လိုအပ်နေတဲ့အရပ်ကို ရောက်စေချင်ပါတယ်။

        ဂဏန်းပေးသော ဆရာတော်များထံတွင် ဗုဒ္ဓဘာသာဝင်များ၏ လှူဒါန်းငွေ ကျပ်သိန်းပေါင်း
ထောင်သောင်းမက ရှိ၏။ ထိုငွေများသည် လောကအတွက် သာသနာအတွက် ဘာမျှအကျိုးမရှိဘဲ
အဟောသိကံ ဖြစ်နေရ၏။ ထိုအချိန်တွင် မိဘမဲ့ကလေးများ စောင့်ရှောက်ရေး ကျောင်းများတွင်

တရားဓမ္မရှိနေရင် ငါဘုရားရှိနေပါတယ်။

        မြတ်စွာဘုရားက ပရိနိဗ္ဗာန်စံခါနီးမှာ ဟောထားခဲ့တာရှိတယ်။ “ ယောခေါ အာနန္ဒ
မယာ ဓမ္မော စ ၀ိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ ” တဲ့၊
အာနန္ဒ- ညီဘွားအာနန္ဒာ၊ ယော ဓမ္မော-အကြင်ဓမ္မကိုလည်းကောင်း၊ ယော ၀ိနယောစ-

Tuesday, June 5, 2018

သံဃာတုကို လှူမိခဲ့လျှင်

အရှင်ဘုရား။ တကယ်လို့ ရဟန်းမစစ်တဲ့ ကိုယ်တော်ကို ကိုးကွယ်မိရင် ဘယ်လိုအကျိုးယုတ်မှုတွေ ဖြစ်နိုင်ပါသလဲ။ ဥပမာ သင်္ကန်းဝတ်နဲ့ မမြင်ကွယ်ရာမှာ လုပ်ချင်တာလုပ်တဲ့ ကိုယ်တော်မျိုးကို ဆိုလိုတာပါဘုရား။ အဲလိုရဟန်းမျိုးကို လှူမိရင် မကောင်းမှုလုပ်တာကို အားပေးရာရောက်တယ်လို့ ကြားဖူလို့ပါ။ ရှင်းပြပေးပါဘုရား။

Monday, June 4, 2018

သု တ အ သိ အ မှန် ရှိ မှ ချမ်း သာ ရ ဧ။်

ကြားဖူးနားဝ ၊ သုတလောက်ငံ ၊ စုံပြည့်လျှံအောင် ၊ နာခံမှတ်သား ၊
သင်ကြားကြံမေး ၊ ဆွေးနွေးဆောင်ပြု ၊ ရတိုင်းစုလော့ ။ ။
' မဟာ စုန္ဒထေရ်ဧ။် မိန့်ကြားချက် '
သုဿူသာ သုတဝဒ္ဓနီ --
မိမိနားဖြင့် ကြားသိထားသော အသံများကို စေ့စေ့စပ်စပ် နားထောင်ခြင်းသည်
' သုတ ' ကို တိုးပွားစေနိုင်သည် ။

ပကာသနအလှူ။

     အင်းဝခေတ်တုန်းက နန်းမတော်မယ်နုဟာ “ဒုတိယ၀ိသာခါ” ဆိုရလောက်အောင်
အုတ်ကျောင်းကြီးကို နန်းတော်ပုံသဏ္ဍန် ဆောက်လုပ်လှူပါတယ်။ နေ့စဉ်အသပြာတစ်ထောင်ဖိုး
(ဟိုတုန်းက အသပြာတစ်ထောင်) ပဒေသာပင်သီးပြီး လှူပါတယ်။ ၀ိသာခါကျောင်းအမကြီးလိုပေါ့

ဆဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၃)။

    ***ဓမ္မစကြာလာ တရားဆောင်ပုဒ်များ***
           ==================
 (၁)ကိုယ်အမူအရာ၊ ဖြစ်တိုင်းမှာ၊
     မှန်စွာသိရမည်။ ။
 (၂)စိတ်အမူအရာ၊ ဖြစ်တိုင်းမှာ၊

ဂေါတမမြတ်စွာဘုရားဖြေကြားသော အာဠ၀ကဘီလူး၏မေးခွန်းများ။

 (၁)လောကမှာ အကောင်းဆုံး ဥစ္စာက ဘာလဲ။
အဖြေ=သဒ္ဓါသည်အကောင်းဆုံး ဥစ္စာ။(သဒ္ဓိဓ ၀ိတ္တံပူရိသဿ သေဌံ)
(၂)လောကမှာ ဘာလုပ်ရင်ချမ်းသာ မှာလဲ။
အဖြေ=ဓမ္မကိုကျင့်သုံးရင် ချမ်းသာမယ်။(ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ)

Sunday, June 3, 2018

သတိ ကောင်း လျှင် ဣ နြေ္ဒ ရှင် ခေါ် တွင် သ မုတ် ရ

မြတ်စွာဘုရားရှင် လက်ထက်တော်မှာ ပိဋကတ် သုံးပုံဆောင်သော ပေါဌိလ မထေရ်ကြီးက
ရဟန္တာ ကိုရင်လေးထံမှာ ကမ္မဌာန်း တောင်းတဲ့အခါ ကိုရင်လေးက, ကမ္မဌာန်းကို ကျဉ်းကျဉ်းပဲပေးပါတယ် ။
" ဆရာတော်ဘုရား ... တောင်ပို့တစ်ခုမှာ အပေါက်(၆)ပေါက်ရှိပါတယ် ။ ဖွတ်တစ်ကောင်ဟာ အပေါက်တစ်ပေါက်ကနေ ဝင်သွားပါတယ် ။
အဲဒီဖွတ်ကို ဖမ်းမိချင်ရင် အပေါက်(၅)ပေါက်ကို ပိတ်ပြီး ကျန်တစ်ပေါက်ကနေ စောင့်ဖမ်းရပါတယ် ၊ ဒါမှဖွတ်ကိုမိမှာပါ ။ ဒီလိုပဲ မျက်စိ, နား,
နှာ, လျှာ, ကိုယ်, နှလုံး, လို့ခေါ်တဲ့ ခန္ဓာရဲ့ အပေါက်(၆)ပေါက်မှာ နှလုံး(မနောဒွါရ) တစ်ပေါက်သာ ဖွင့်ထားပြီး ကျန်ဒွါရ(၅)ပေါက်ကို ထိန်းချုပ်လျက်
စိတ်ကို စောင့်ဖမ်းရပါတယ် " လို့ ပေးလိုက်ပါတယ် ။ စာတတ်ပေတတ် မထေရ်ကြီးဆိုတော့ တစ်ခဏနဲ့ ဥာဏ်ပွင့်သွားပါတယ် ၊ နားလည်သဘော
ပေါက်တဲ့အလျောက် ကမ္မဌာန်းနည်း ရသွားပြီး ရှုမှတ်ပွားများလိုက်တဲ့အခါ ရဟန္တာ ဖြစ်သွားပါတယ် ။