Saturday, May 7, 2016

*အချစ်မှာ အပြစ်မရှိပါ*

ဆရာတော် အရှင် ဆန္ဒာဓိက တို့၊ ဆရာတော် အရှင် ရာဇိန္ဒ (ရဝေနွယ်- အင်းမ) တို့ကို အားကျပါသည်။ အချစ် အကြောင်းမှ တရား လမ်းကြောင်း ပေါ်သို့ ဆွဲခေါ် သွားတတ်၍ ဖြစ်ပါသည်။ ဥပမာ အားဖြင့် ဆရာတော် အရှင်ဆန္ဒာ ဓိက၏ *အချစ်ကံ ခေပေမယ့် အနှစ်ကျန် စေရမယ်*၊ ဆရာတော် ရဝေနွယ်၏ *အချစ်နှင့် ၀ိပဿနာ* ဟူသည့် စာအုပ်မျိုးကို တော်တော် သဘော ကျပါသည်။

နေ့စဉ်၊ နေစဉ်သတိဉာဏ်ဖြင့် တရားအားထုတ်နည်း။

       မဟာသတိပဌာနသုတ္တန်ဒေသနာတော်အရ တရားအားထုတ်သော သူတော်စင်တို့အတွက်
ကာယနုပဿနာသတိပဌာန်၊ ဝေဒနာနုပဿနာသတိပဌာန်၊ စိတ္တာနုပဿနာသတိပဌာန်၊ ဓမ္မာ
နုပဿနာသတိပဌာန်တို့ဟူ၍ ရုပ်အပေါင်း ကိုယ်အာရုံ၊ ခံစားမှု ဝေဒနာအာရုံ၊ သိတတ်မှု စိတ်

အလှူဒါနပြုကြရာ၌ အလှူခံသူနှင့် အလှူပေးသူ နှစ်ဦးနှစ်ဖက် အကျိုးရှိစေရန် ။

     အလှူဒါနပြုကြရာ၌ အလှူခံသူနှင့် အလှူပေးသူ နှစ်ဦးနှစ်ဖက် အကျိုးရှိစေရန် မဟာဂန္ဓာ
ရုံဆရာတော်ကြီးက= အလှူခံမှာ၊ လယ်ပမာ၊ လှူရှာသူများ၊ လယ်သမား။
                         အများလှူဖွယ်၊ မျိုးစေ့နှယ်၊ နောက်ဝယ် အသီးစား။

သူတော်ကောင်းတွေရဲ့ အတွေး။

       တရားနဲ့ပတ်သက်လာလို့ရှိရင် ဇတ်တော်ကြီးဆယ်ဘွဲ့ထဲက ဘူရိဒတ္ထ ဆိုတဲ့ နဂါးမင်းကြီး
ဇာတ်လမ်းကို ဖတ်ဖူးသူတွေက တွေ့ပါလိမ့်မယ်။ ဥပုဒ်သီလ ဆောက်တည်တဲ့ အခါမှာ ဘုရားအ
လောင်းတွေက အဓိဌာန်ထားလေ့ ရှိကြပါတယ်။

Friday, May 6, 2016

ကုသိုလ်ဖြစ်ဖို့ လွယ်ပါတယ်…

ဘုန်းဘုန်းကို ဒကာမကြီးတစ်ယောက်က မေးဖူးပါတယ်။ ``အရှင်ဘုရား တပည့်တော်တို့မှာ အရမ်းဆင်းရဲတဲ့ အတွက် လှူဖို့မပြောနဲ့ တပည့်တော်တို့ စားဖို့တောင် အနိုင်နိုင်ကြိုးစား နေရပါတယ်။ ချမ်းသာတဲ့သူများ လှူနေတမ်းနေသလိုမျိုး မလှူနိုင်မတမ်းနိုင်တဲ့ တပည့်တော်တို့လို ဆင်းရဲသားများ ကုသိုလ်ရအောင် ဘယ်လိုလုပ်သင့်သလဲ… တပည့်တော်တို့ အခြေအနေမျိုးနဲ့ ကုသိုလ်ရစေ၊

Thursday, May 5, 2016

အမေ့ရဲ့ အချစ်ကို ဥပေက္ခာပြုရက်တဲ့ သားငယ်

လူသားတိုင်း သတ္တ၀ါတိုင်း အချစ်နဲ့ မကင်းနိုင်ကြပါဘူး။ လူသားတွေက ချစ်ခြင်းအကြောင်းအရာတွေကို ပြောပြီးရင်းပြော ချစ်ပြီးရင် ဆက်ချစ်နေကြအုံးမှာပါ။ သားချစ် အမေချစ် ၊ ဆရာချစ် တပည့်ချစ် ၊မောင်ချစ် နှမချစ် သူငယ်ချင်းအချစ် ချစ်သူများအချစ် ဆိုပြီး အချစ်ကလဲ ပုံစံမျိုးစုံနဲ့ လောကကြီးထဲရှိနေတာပါ။

မောဟကင်းပြီးသော်လည်း မသိခြင်း ။

       မသိခြင်း သဘောကို မောဟဟုဆိုခြင်းကြောင့် မသစ်ဖူးသောအတတ်၊ မရောက်ဖူးသော
အရပ်နှင့် မမှတ်ဖူးသောနာမည် စသည်တို့ကို မသိခြင်းများလည်း မောဟအစစ်၊ အကုသိုလ်ဖြစ်
သည်ဟု မှတ်ထင်တတ်ကြ၏။ ထို မသိမျိုးမှာ မသိရုံသက်သက်သာဖြစ်၍ မောဟအစစ် အကုသိုလ်

နတ်တွေသတ်မှတ်တဲ့ သူတော်ကောင်း။

         သိကြားမင်းကြီး လူ့ဘ၀တုန်းက ကိုယ်တိုင်ကျင့်သုံးခဲ့တဲ့ ကျင့်ဝတ်တရားတွေကို ကျင့်တဲ့
ပုဂ္ဂိုလ်ကို သူတော်ကောင်းလို့ တာဝတိံသာနတ်တွေက သတ်မှတ်ကြပါတယ်။ အဲဒါတွေကတော့
၁။ “ မာတာ ပေတ္တိဘရော ” အသက်ထက်ဆုံး မိဘနှစ်ပါးကို လေးလေးစားစားနဲ့ ပြုစုစောင့်ရှောက်

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၁၁)။

     “သတိပဌာန်၏အကျိုး (၇) ပါး”
     =================
ကိလေညစ်ကြေး၊  ကင်းဝေးစေရန်၊
စိုးရိမ်ပူဆွေး၊  ငိုကြွေးကင်းရန်၊

Wednesday, May 4, 2016

အမျိုးသမီးများနှင့် ဗုဒ္ဓဘာသာ…

တရားပွဲအတော်များများမှာ တရားပွဲပြီးလို့ မေးခွန်းတွေ မေးပါလို့ ဆိုလိုက်တဲ့အခါ မေးတတ်တဲ့ မေးခွန်း တစ်ခုက ``တစ်ချို့ဗုဒ္ဓစာပေတွေကို ဖတ်ရတဲ့အခါ အမျိုးသမီးများနဲ့ ပတ်သက်ပြီး မကောင်းကြောင်း ဟောထားတာတွေ၊ တန်းတူအခွင့် အရေးမရှိတာတွေကို သိရတော့ စိတ်ထဲမှာ ခံစားရတယ်၊ ဘာကြောင့် လဲ..`` ဆိုတဲ့ မေးခွန်းလေးတစ်ခုပါ။

Tuesday, May 3, 2016

အလှဆုံး အဆင်တန်ဆာ

ခေတ်ပေးအဆင်တန်ဆာတွေ ဘယ်လောက်ပဲ လှလှ၊ သီလ ဆိုတဲ့ အဆင်တန်ဆာကို မမီဘူး။

စံပယ်၊ မြတ်လေး၊ သရဖီပန်းရနံ့များနဲ့ ဂိုယာ၊ အော်ဒီကလုံး၊ ရေမွှေးပေါင်ဒါတို့ရဲ့ မွှေးရနံ့တို့ဟာ သင်းပျံ့ကြိုင်လှိုင်ပေမယ့် လေညာကို မဆန်နိုင်ကြဘူး။

သီလရဲ့ မွှေးရနံ့က နတ်ပြည် ဗြဟ္မာပြည်တိုင်အောင် သင်းပျံ့ကြိုင်လှိုင်တယ်။

ငရဲကြီး (၈) ထပ်။

ငရဲကြီး (၈) ထပ်မှာ===
၁။ သိဉ္ဇိုးငရဲ = အသက်ရှည်စွာ ငရဲသားတို့ ခံစားရသော ငရဲ။
၂။ ကာလသုတ် = အလျှံပြောင်ပြောင်တောက်သော တမျဉ်းခြည်ကိုချ၍ ရှစ်မြှောင့်၊ တစ်ဆယ့်

တကယ့်ရထားထိန်း။

        ရဟန်းတော်တွေ သစ်ပင်မခုတ်ရ ဆိုတဲ့ ပညတ်ချက်နဲ့ ပတ်သက်ပြီးတော့ ရုက္ခစိုးတစ်ဦးရဲ့
ဒေါသ ထိန်းနိုင်ပုံကို မြတ်စွာဘုရားက ဟောထားတာရှိပါတယ်။ “ မြင်းရထားမောင်းတဲ့ ပုဂ္ဂိုလ်ဟာ
မြင်းရဲ့ဇတ်ကိုနိုင်အောင် ထိန်းနိုင်ပေမယ့် တကယ့်ရထားထိန်းလို့ မခေါ်နိုင်ဘူး။ ကိုယ့်ဒေါသကို

အန္ဓပုထုဇဉ်။

  လယ်တီဆရာတော်ဘုရားကြီးက အန္ဓပုထုဇဉ်ဆိုတာ သုတဗုဒ္ဓိ  ဉာဏ်မျက်စိကင်းတဲ့
လူကို ဆိုပါတယ်။ သုတဗုဒ္ဓိ  ဉာဏ်မျက်စိကင်းသူဆိုတာ ဒီလူဟာ ခန္ဓာတရားရဲ့သဘောကို
မသိဘူး။ ဓာတ်တရား၊ အာယတနတရား၊ သစ္စာတရား၊ ပဋိစ္စသမုပ္ပါဒ်တရား၊ သတိပဌာန်တရား

Monday, May 2, 2016

စိတ်ပါရင် အိပ်ရာက ရိပ်သာဖြစ်တယ်

လူဝတ်ကြောင်တွေအနေနဲ့ ရိပ်သာမှာ သီးသန့်သွားပြီး အားမထုတ်နိုင်ကြဘူး။
မိမိရဲ့ အိမ်မှာ၊ အလုပ်မှာပဲ သတိမပြတ်ကပ်နိုင်အောင် လေ့ကျင့်ကြရလိမ့်
ရိပ်သာမသွား၊ တင်ပလ္လင်ခွေ မထိုင်၊ မျက်စိမမှိတ် ၊ အဲဒ်ီလိုအားမထုတ်လို့ နိဗ္ဗာန်ရနိုင်ပါ့မလားလို့ သံသယ ရှိကောင်းရှိနိုင်တယ်။
နိဗ္ဗာန်ရခြင်း မရခြင်းဟာ ထိုင်မှတ်ခြင်းအပေါ်မှာ လုံးလုံးမှီတည်နေတာ မဟုတ်ပါဘူး။ ပါရမီနဲ့ လက်ရှိ အားထုတ်မှုအပေါ်မှာသာ မှီတည်တာဖြစ်တယ်။

Sunday, May 1, 2016

ဘယ်သူ့ကို အချစ်ဆုံးလဲ...?

မေး။ ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ ပတ်သက်ပြီး တပည့်တော် သိချင်တာလေး တစ်ခုကို မေးလျှောက်ခွင့်ပြုပါ အရှင်ဘုရား။ အဲဒါ မမေးခင် လူ (သတ္တဝါ) ဟာ မိမိကိုယ်မိမိ အချစ်ဆုံးလို့ တပည့်တော် ကြားနာဖူးပါတယ် ဘုရား။ အဲဒါ မြတ်စွာဘုရားဟောတာ ဟုတ်မဟုတ် သိချင်ပါတယ်။

သူတော်ကောင်း ဥစ္စာ (၇) ဖြာ။

သူတော်ကောင်း ဥစ္စာ (၇) ဖြာမှာ==
၁။ သဒ္ဓါ = ရတနာသုံးပါးဂုဏ်ကို ယုံကြည်ခြင်း။ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း။
၂။ သီလ = ပဉ္စသီလ၊ အဌင်္ဂသီလနှင့် ပြည့်စုံခြင်း။

အရာရာ၌ ကံကိုချည်း စွဲလမ်းကြသူများ။

        ခရစ်ယာန်ဘာသာ မဟာမေဒင်ဘာသာတို့၌ သတ္တ၀ါတို့၏ ကောင်းကျိုးဆိုးကျိုးများကို
ထာဝရဘုရားသခင် စသည်တို့က ဖန်ဆင်းပေးသည်ဟု ဖန်ဆင်းပေးသူကို စွဲလမ်းကြပါသည်။
ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာဝင်တို့က “ကောင်းကျိုး၊ ဆိုးကျိုးကို ရှေးကပြုခဲ့သော ကံ(အပြုအမူ)

ဗုဒ္ဓမြတ်စွာဘုရားက အရှင်ပုဏ္ဏကိုပေးတဲ့ ကမ္မဌာန်းတစ်ပုဒ်။

       ဗုဒ္ဓမြတ်စွာ လက်ထက်တော်ကာလတုန်းက အရှင်ပုဏ္ဏဆိုတာ ရှိပါတယ်။ တစ်နေ့တော့
မြတ်စွာဘုရားဆီလာပြီး “ အရှင်ဘုရား တပည့်တော်ကို လိုက်နာကျင့်သုံးရမယ့် ဆုံးမသြ၀ါဒ
တရားလေး ဟောပေးပါ, အရှင်ဘုရား ဟောထားတဲ့အတိုင်း တပည့်တော်ဟာ အားတက်သရော