Saturday, August 20, 2016

ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏



ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။
အဘယ် သုံးမျိုး တို့နည်းဟူမူ-
၁...
ရဟန်းတို့ စက်ဆုပ်ထိုက်
မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏၊
၂...
ရဟန်းတို့ လျစ်လျူရှုထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏၊
၃...
ရဟန်းတို့ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏။

Friday, August 19, 2016

၂၅၀၀ သာသနာနှစ်အတွင်း သံဂါယနာ


                                                          ပထမသံဂါယနာ
မဟာသက္ကရာဇ် ၁၄၈-ဘီစီ(B.C) ၅၄၄ခုနှစ်၊ ရာဇဂြိုလ် ဝေဘာရတောင် သတ္တပဏ္ဏလိုဏ်ဂူ၌ အဇာတသတ် မင်းကို အမှီပြု၍ အရှင်မဟာကဿပအမှူးရှိသော အရှင်အာနန္ဒာ၊အရှင်ဥပါလိနှင့် ရဟန္တာငါးရာတို့ မုခါရုဠှ (နှုတ်ဖြင့်ရွတ်ဆိုခြင်း) ပထမ သံဂါယနာတင်တော်မူခဲ့ကြပါသည်။

ကောင်းသော ရက်၊ လ၊ နှစ်၊ တွေဖြစ်လာအောင်ဆိုရင်။

      ဗုဒ္ဓမြတ်စွာဘုရားက ပုဗ္ဗဏှသုတ်မှာ အတိအလင်း ဟောထားပါတယ်။ ကောင်းသော ရက်၊
လ၊ နှစ် တွေ ဖြစ်လာအောင်ဆိုရင် နံနက်ခင်းမှာ အပြစ်ကင်းတဲ့ အတွေးတွေတွေးမယ်၊ အပြစ်
ကင်းတဲ့ အပြောတွေပြောမယ်၊ အပြစ်ကင်းတဲ့ အလုပ်တွေလုပ်မယ်။ ဆိုလိုတာက မနက်ခင်းမှာ

အရိယာတပုဿနှင့် ရဟန္တာအရှင်မြတ်ဘလ္လိက ညီနောင်။

         တပုဿ၊ ဘလ္လိကညီနောင်တို့သည် “အသိတဉ္စန” မြို့မှ လှည်းကုန်သည် သူကြွယ်သားများ
ဖြစ်ကြ၏။ နောင်တော်ကား တပုဿအမည်ရှိပြီး ညီတော်မှာ ဘလ္လိက အမည်ရှိ၏။ ညီနောင်နှစ်ဦးတို့
သည် ဗုဒ္ဓမြတ်စွာ အဌမသတ္တာဟအ၀င် ရာဇာယတနလင်းလွန်းပင်ရင်း၌ သီတင်းသုံး စံနေတော်မူ

ဝမ်းကြာတိုက်ထဲကပင် သရဏဂုံဆောက်တည်ခဲ့သူ။

    မြတ်စွာဘုရား လက်ထက်တော်က ဗောဓိကုမာရ မင်းသားဆိုတာရှိတယ်။ ဗောဓိကုမာရမင်း
သား  အမေ့ဝမ်းကြာတိုက် ထဲမှာရှိတုန်း အမေလုပ်တဲ့သူက ဘုရားရှင်ရဲ့ ကျောင်းတော်ကို  သွား
တယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးထံ ရောက်တော့ သရဏဂုံ သီလတွေ ဆောက်တည်တယ်။

Thursday, August 18, 2016

ဝါခေါင်လပြည့် - မေတ္တာအခါတော်နေ့

ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ ခေါ်ရတာက ပါဠိအဋ္ဌကထာဋီကာ အသွားအလာ အဆိုအမိန့်တို့ကို ကြည့်ရှု ရှေ့နောက်ထောက်ထား၍ မေတ္တာသုတ်တော်ကို ဒီနေ့မှာ (သို့မဟုတ်) ၀ါခေါင်လမပြည့်မီလေးမှာ ၁-ရက်၊ ၂-ရက် အလိုမှာ ဟောတော်မူခဲ့တာပဲလို့ တွက်ချက်ယူဆပြီး မေတ္တာအခါတော်နေ့လို့ ဆိုခြင်းဖြစ်ပါတယ်။

သောတာပန်ဖြစ်ရန် အင်္ဂ`ါလေးပါး



ယခုဘဝမှာ သောတာပန်ဖြစ်အောင် အားထုတ်မည်ဟု ရည်မှန်းချက်ထားသော ပုဂ္ဂိုလ်တို့သည် သောတာပန်ဖြစ်ကြောင်း အင်္ဂ`ါလေးပါးနှင့် ပြည့်စုံမှသာ မိမိတို့ရည်မှန်းသည့်အတိုင်း သောတာပန်အဖြစ်သို့ ရောက်ရှိနိုင်ကြမည်ဖြစ်ပါသည်။ သို့ဖြစ်၍ သောတာပန်ဖြစ်ကြောင်း အင်္ဂ`ါလေးပါးကို သိထားရန်လိုအပ်လှ၏။

Wednesday, August 17, 2016

"မြတ်စွာဘုရား မိန့်တော်မူခဲ့သည့် သားသမီးသုံးမျိုး"




Buddha, Dhamma, Sangha - ရတ်ပိပြကာ's photo.

အတိဇာတံ အနုဇာတိ၊ ပုတ္တမိစ္ဆန္တိ ပဏ္ဍိတာ။
အဝဇာတံ နဣစ္ဆန္တိ၊ ယောဟောတိကုလဂန္ဓနော။
မြတ်စွာဘုရား ဟောတော်မူတယ်။

အတိဇာတ သားသမီးတစ်မျိုး၊
အနုဇာတ သားသမီးတစ်မျိုး၊
အဝဇာတ သားသမီးတစ်မျိုး ဆိုပြီး သုံးမျိုးဟောတော်မူခဲ့ပါတယ်။

ခန္ဓာကိုယ်ကြီး နာချင်နာပါစေ၊ စိတ်မနာပါစေနဲ့။

      တခါတုန်းက နကုလပိတာ ဆိုတဲ့ ဒကာကြီးတစ်ယောက် ရှိပါတယ်။ သူက မြတ်စွာဘု
ရားနဲ့ အလွန်ရင်းနှီးပါတယ်။ ဘ၀ကလည်း မြတ်စွာဘုရားနဲ့ ဆွေမျိုးတော်ခဲ့တဲ့ ဘ၀တွေကများ
တော့ ဘုရားကို သူ့သားလို့ သူကယူဆပါတယ်။ သံသရာက အချစ်နဲ့ မြတ်စွာဘုရား အပေါ်

ညစ်ညူးသော ကံ ၄ ပါး။

၁။ သူ့အသက်သတ်ခြင်းသည် ညစ်ညူးသော ကံမည်၏။
၂။ မပေးသည်ကို ခိုးယူခြင်းသည် ညစ်ညူးသော ကံမည်၏။
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းသည် ညစ်ညူးသော ကံမည်၏။

လောကီလူသားနှင့် ကာမဂုဏ်။

        အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အတွေ့အထိတို့ကို ကာမဂုဏ်ဟူ၍ ဆိုရလေသည်။
လူသားတို့သည် ဤကာမဂုဏ် ငါးမျိုးကို လိုချင်မက်မောကြမြဲဖြစ်၏။ သာမန်မျှ လိုချင်မက်
မောခြင်း၊ သာမန်ထက်လွန်၍ များစွာလိုချင်မက်မောခြင်း၊ အလွန်အကျူး လိုချင်မက်မော

Tuesday, August 16, 2016

သာသနာ(၂၅၀၀)လား(၅၀၀၀)လား...?

အရှင်ဘုရား၊ မေးလိုသောအကြောင်းမှာ ရှေးဟောင်းရှမ်းစာပေ၌ သာသနာငါးထောင်နှင့် ပတ်သက်သော သာသနာတောင်းပန်စာ လင်္ကာတွင်-
(၁) ဘုရားကိုယ်တိုင် ထားတော်မူသော သာသနာနှစ် ၁-ထောင်
(၂) ရဟန္တာအရှင်မြတ် တောင်းပန်သောကြောင့် သာသနာနှစ် ၁-ထောင်။
(၃) မလ္လာမင်း တောင်းပန်သောကြောင့် သာသနာနှစ် ၁-ထောင်။

Monday, August 15, 2016

ရဟန်းတော်များနှင့် ရွှေငွေ

အရှင်ဘုရား၊ ရဟန်းတော်များသည် ရွှေငွေမကိုင်ရ-ဟု ၀ိနည်းတရားတော်တွင် ပညတ်ထားပါသည်။ သို့သော်လည်း ယခုခေတ်တွင် ခရီးသွားရာ၌ ငွေမကိုင်၍ မဖြစ်သည့်အခြေအနေသို့ ရောက်နေပါပြီ။ အစဉ်အဆက် ဒကာ ဒကာမများကလည်း ငွေလှူဒါန်းနေကြပါသည်။

မွန်မြတ်တဲ့ စိတ်ဓာတ်ဆိုတာ။

       ဆေးရုံမှာ ဆိုလို့ရှိရင် လူ(နာ)တွေရဲ့ အခြေအနေအလိုက် “မေတ္တာ”လည်း ဖြစ်တယ်။
“မုဒိတာ”လည်း ဖြစ်တယ်။ “ဥပေက္ခာ” လည်း ဖြစ်တယ်။ ကိုယ့်သန္တာန်မှာ ဒီလို ဖြစ်လာတဲ့
တရားလေးတွေကိုတန်ဖိုးထားပြီးတော့ မှန်မှန်ကန်ကန် ဒီမွန်မြတ်တဲ့ စိတ်ဓာတ်တွေနဲ့ ပြုစု

အများအကျိုးအတွက် ပရဟိတဆိုတာ။

       “အများအကျိုး၊ ရွက်သယ်ပိုးက၊  ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊  မတိမ်းမစောင်း၊ ကိုယ့်လမ်း
ကြောင်းကို၊  စိတ်ကောင်းနှင့်ယှဉ်၊ ရှေ့ရှုနှင်လော့။”
        ပရဟိတဆိုတာ ကျယ်ပြန့်ပြီး နက်ရှိုင်းမှုလည်းရှိတယ်။ နာမှုကူညီရေး၊ ပညာရေးကူညီမှု၊

နတ်ပြည် (၆) ထပ်။

နတ်ပြည် (၆) ထပ်မှာ ==
၁။ စတုမဟာရာဇ် = နတ်မင်းကြီးလေးပါး စိုးပိုင်သောနတ်ပြည်။
၂။ တာဝတိံသာ = သုံးကျိပ်သုံးယောက်သော သကြားမင်းပိုင် နတ်ပြည်။
၃။ ယာမာ = ဆင်းရဲခြင်းမှကင်းသော နတ်ပြည်။

Sunday, August 14, 2016

ဆင်းရဲအားလုံးမှလွတ်မြောက်လိုသော်-

ပဉ္စဘိက္ခုဝတ္ထုအကုသိုလ်မဖြစ်ရန်-


စက္ခုဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည်ကောင်း၏။ (မျက်စိ)

သောတဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည်ကောင်း၏။ (နား)

ဃာနဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည်ကောင်း၏။ (နှာခေါင်း)