Saturday, August 5, 2017

မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်

၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။ ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ) လိုနေတယ်။ ဒါပေမယ့် လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့ ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ်။

သဘာဝအရှိတရားကို သိစွမ်းနိုင်တဲ့ ပညာ။

       ပညာဆိုတာကတော့ ဗုဒ္ဓမြတ်စွာက လောကကြီးမှာ လိုအပ်တဲ့ အမြင့်ဆုံးပညာကို
ဟောထားတယ်။ ပညာဟူသည်မှာ အကောင်းအဆိုး၊ အကြောင်းအကျိုး လုပ်သင့် မလုပ်သင့်
စတာတွေကို ခွဲခြားသိတာကို ပညာခေါ်တယ်။ လောကမှာ သင်ယူထားတဲ့ ပညာအများစုဟာ

အဘိဓမ္မာကို ဘာကြောင့်သင်ယူသင့်ပါသလဲ ?။

         အဘိဓမ္မာကို သင်ယူခြင်းအားဖြင့်--
၁။ ခက်ခဲနက်နဲသော ပရမတ္တတရားများကို သိခွင့်ရခြင်း။
၂။ ဗုဒ္ဓ၀ါဒကို အပြည့်အစုံ နားလည်ခြင်း။
၃။ ကုသိုလ်၊ အကုသိုလ်တို့၏ သဘောသဘာဝကို ပြည့်စုံစွာ နားလည်သဘောပေါက်၍ မိမိဘ၀ကို

ဗုဒ္ဓဘာသာ၏ အနှစ်သာရ။

       ကျွန်တော့အဖေ၏ မိဘနှစ်ပါး(ကျွန်တော့ အဘိုး၊ အဖွား)သည် ဗုဒ္ဓဘာသာဝင်များ
ဖြစ်ပါသည်။ ထို့အတူ ကျွန်တော့အမေ၏ မိဘနှစ်ပါး(ကျွန်တော့ အဘိုး၊ အဖွား)သည် ဗုဒ္ဓဘာ
သာဝင်များ ဖြစ်ပါသည်။ ကျွန်တော်၏ မိဘနှစ်ပါးသည်လည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါသည်။

Friday, August 4, 2017

အချစ်သုံးမျိုး


ဒီနေ့ သတို့သား မောင်ဇော်ဇော်ဦးနဲ့ သတို့သမီးမအိအိခင်တို့
လောကကြီးကို နှစ်ယောက်အတူ လက်တွဲရင်ဆိုင်မယ်လို့ ဆုံးဖြတ်ချက်ချပြီး
ကိုယ့်အိုးကိုယ့်အိမ်ကို တည်ထောင်တဲ့ အိမ်ထောင်ပြုကြတဲ့ပွဲပေါ့။
တနည်းအားဖြင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်လို့  အချင်းချင်း
ချစ်ခင်စုံမက်ပြီး လက်ထပ်ကြတဲ့ပွဲဖြစ်ပါတယ်။

Thursday, August 3, 2017

ဘုရားရှင်ကို နတ်သားမေးတဲ့ နောက်ဆုံးမေးခွန်း


ဘုရားရှင်ကို နတ်သားမေးတဲ့ နောက်ဆုံးမေးခွန်းက
ကိံသု စောရေဟိ ဒူဟရံ
ဘယ်ဟာကို သူခိုး (ဓားပြ) တို့ ခိုးယူလုယက်နိုင်ခဲပါသလဲ တဲ့။
သူခိုးဓားပြတို့ ခိုးယူလုယက်လို့ မရနိုင်တဲ့အရာဟာ ဘယ်ဟာဖြစ်ပါသလဲ ပေါ့။
မီးခံသေတ္တာထဲက ဘဏ်ထဲက ငွေတွေ ရတနာပစ္စည်းတွေကို
သူခိုးဓားပြတွေ ခိုးယူလုယက်လို့ မရနိုင်ဘူးလို့ ထင်ကြမှာပါဘဲ။

ဘ၀လက်ကိုင်။

* လောကအလယ်....
x ဧည့်သည်အဖြစ်၊ ခေတ္တရောက်လာ
x သူသူငါတို့၊ လာရာလမ်းကြောင်း
x ကောင်းခဲ့၍သာ၊ လူဖြစ်လာရ....၊

ပါချုပ်ဆရာတော်၏ ဘ၀မှ လွတ်မြောက်ဖို့ နည်းလမ်းကောင်းများ။

    ဒီဘ၀ပြီးသွားရင် ဘယ်ရောက်မယ်ဆိုတာ သာမန်ပုထုဇဉ်တွေ မသိနိုင်ပါ။ မြတ်စွာဘု
ရား တရားတော်တွေ တို့တစ်တွေ နာခွင့်ရကြပါတယ်။ တရားတော်တွေဆိုတာ ရောဂါပျောက်
အောင် ကုသနိုင်တဲ့ ဆေးနဲ့ အလားတူပါတယ်။ ဆေးဆိုတာ မသောက်ဘဲနဲ့ နေလို့ရှိရင်တော့

ရဟန်းတော်များနှင့် သိက္ခာပုဒ်။

        ရဟန်းတော်တို့သည် ပါရာဇိက (၄) ပါး။
သံဃာဒိသိသ် (၁၃) ပါး။
အနယတ (၂) ပါး။
နိဿဂ္ဂိအာပတ် (၃၀) ။
ပါစိတ်အာပတ် (၉၂) ပါး။

Wednesday, August 2, 2017

နတ်သားက ဘုရားရှင်ကို မေးတဲ့ နံပါတ် (၃)


နတ်သားက ဘုရားရှင်ကို မေးတဲ့ နံပါတ် (၃) မေးခွန်းက
ကိံသု နရာနံ ရတနံ - အဘယ်တရားသည် လူတို့၏ ရတနာမည်ပါသနည်း တဲ့။
လူတွေရဲ့ ရတနာဆိုတာ ဘာကို ပြောတာလဲ။

အိမ်တစ်အိမ်မှာ ဒီတရားကို ဟောပြရင်း
ဒီနတ်သားမေးတဲ့ မေးခွန်းကို ဒကာကြီးတစ်ဦးကို မေးကြည့်တော့
ဘုရား တရား သံဃာ ရတနာသုံးပါးပါဘုရား လို့ ဖြေပါတယ်။
သူဖြေတဲ့အဖြေက ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ ဟုတ်သလိုလိုပါပဲ။
ဒါပေမဲ့ နတ်သားမေးတဲ့ မေးခွန်းမှာပါတဲ့ လူဆိုတာ
ဗုဒ္ဓဘာသာဝင်တွေကိုသာ ရည်ညွှန်းတာ မဟုတ်ပါဘူး။

Tuesday, August 1, 2017

ဘုရားရှငိကို နတ်သားမေးတဲ့မေးခွန်း

ညက ပိဋကတ်စာပေထဲက ဇရာသုတ်ဆိုတာလေးကို ပြန်ဖတ်ဖြစ်တယ်။
နတ်သားတစ်ယောက်ကမေးတာကို
ဘုရားရှင်က ဖြေထားတဲ့သုတ်တော်လေး။
နတ်သားက ဂါထာလေးတစ်ပုဒ်နဲ့ မေးထားတာကို
ဆရာဘုရားရှင်က ဂါထာလေးတစ်ပုဒ်နဲ့ဖြေထားတာ။

အမေး
ကိံသု ယာဝဇရာ သာဓု
ဘယ်ဟာက အိုသည့်တိုင်အောင် ကောင်းတာပါလဲ?
နတ်သားက ဘုရားရှင်ကို မေးတဲ့ နံပါတ် (၁) မေးခွန်းပါ။

ပါချုပ်ဆရာတော်ကြီး၏ ကောင်းကျိုးချမ်းသာရဖို့ ဘယ်လိုနေကြရမလဲ ?။

     ကောင်းကျိုးချမ်းသာရဖို့ဆိုတာ အချက် ၄ ချက် လိုအပ်တယ်။ အဲဒီ အချက် ၄ ချက်နဲ့
ကိုယ်ရဲ့ စိတ်စွမ်းအားတွေကို လေ့ကျင့်ပေးရမယ်။
         ၁။ “ ငါ့သန္တာန်မှာ ကုသိုလ်စိတ်ဖြစ်စေရမယ်” = ငါ့သန္တာန်မှာ ဒီဘ၀ရလာတဲ့အချိန်မှာ
ကုသိုလ်စိတ်တွေ များများဖြစ်စေရမယ်။ ဘာဖြစ်လို့ ကုသိုလ်စိတ်များများ ဖြစ်စေရမှာလဲဆိုရင်

စိတ်ကိုကောင်းအောင် ခြယ်လှယ်သော စေတသိက်များ။

၁။ သဒ္ဓါ
၂။ သတိ
၃။ ဟီရိ
၎။ သြတ္တပ္ပ
၅။ အလောဘ
၆။ အဒေါသ

ရုပ်နာမ်တွေ့မှ အေးလိမ့်မယ်။

  * ရုပ်နာမ်နှစ်ပါး၊ ဟုတ်မှန်သားနဲ့
  * တရားမ၀င်၊ အမှားမြင်ဖို့
  * ငါးအင်ကာမ၊ သဘာဝတို့
  * ပါပလွှမ်းခြုံ၊ အစွမ်းဟုန်ဖြင့်

Monday, July 31, 2017

ထူး၍ ခြားနားပါစေသား


မြန်မာစကားပုံများ၌ "ဒုံရင်း၊ ဒုံရင်း၊ တစ်ခါလာမဲပြာပုဆိုး၊ နောက် ဘုန်းကြီးနှစ်ချက်ခေါက်၊ နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်တဲ့ကဲ။ ကျေးဇူးမတင် လင်မရ၊ ကုသိုလ်တစ်ပဲ ငရဲ တစ်ပိဿာ၊ နွားအိုကြီး အမော့သင်၊ ခွေးကြီးမှ လက်ပေးသင်၊ ခွေးကျိုးနှင့် ယုံလိုက်၊ စစ်ရောက်မှမြားချွန်၊ မိုးကုန်မှထွန်ချ၊သူခိုးပြေးမှထိုးကွင်းထ၊ သည်ပုပ်ထဲကသည်ပဲ" စသည် စသည် မြန်မာဆိုးရိုးစကားပုံတို့သည် တပေါင်း တန်ခူးအကြောင်း မထူး ဟူသော အဓိပ္ပါယ်ကို ဆောင်လျက်ရှိကြသည်။

Sunday, July 30, 2017

တစိမ့်စိမ့်တွေးမယ်


သူတစ်ပါးမှာ အမှားတစ်ခုခု ချို့ယွင်းချက်တစ်ခုခု တွေ့တဲ့အခါ ကိုယ့်မျက်နှာကို မှန်ထဲမှာ ကြည့်နေသလို သဘောထားပါ။
ကိုယ့်ကိုယ့်ကို တကယ်သတ္တိရှိတယ် ထင်ရင် ကိုယ့်အမှားကို ကိုယ် ရဲရဲကြီး ပြင်လိုက်ပါ။
အမှားအယွင်းတွေ၊ ချို့ယွင်းချက်တွေကို မကြောက်တဲ့သူ အမှားထဲက ပညာရအောင် ယူတတ်တဲ့သူဟာ အမှားကိုပဲ ကောင်းတဲ့ဘက်က အကျိုးရှိအောင် ယူနိုင်လို့ မှားတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်သွားတယ်။

စံပြုထိုက်သော မဟာဝိဟာရကျောင်းတိုက်/မဟာဝိဟာရ ဓမ္မ၀ိနယတက္ကသိုလ်။

         မြန်မာပြည်ရှိ စံပြုထိုက်သောကျောင်းတိုက်များထဲတွင် မဟာဝိဟာရကျောင်းတိုက်ကြီးသည်လည်း
တစ်တိုက်ပါဝင်လာပါသည်။ အဘယ်ကြောင့်စံပြုထိုက်ပါသနည်း ?။ ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်
သောကြောင့်ပင်တည်းဟုဖြေလျှင် မှန်ကန်ပါမည်။
         မဟာဝိဟာရကျောင်းတိုက်ကြီးကို စတင်တည်ထောင်ခဲ့သည်မှာ ၂၀၀၂ ခုနှစ်၊ ဇွန်လ (၀ါမ၀င်မီ)က

မြတ်ဗုဒ္ဓ၏ နေ့စဉ်ကိစ္စ ငါးပါး။

       မြတ်ဗုဒ္ဓ၏ နေ့စဉ်ကိစ္စ ငါးပါးမှာ==
၁။ ပုရေဘတ္တကိစ္စ = နံနက်ပိုင်း၌ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင်တို့အား အခွင့်အားလျော်စွာ
                         အနုမောဒနာပြုခြင်းကိစ္စ။
၂။ ပ စ္ဆာဘတ္တကိစ္စ = နေလွဲအခါ ညပိုင်း၌ ပူဇော်ရန်လာကြသော ဒါယကာ၊ ဒါယိကာမတို့၏ အပူ

ဂေါတမမြတ်စွာဘုရားဖြေကြားသော အာဠ၀ကဘီလူး၏မေးခွန်းများ။ (အာဠ၀ကသုတ္တန်)

 (၁)လောကမှာ အကောင်းဆုံး ဥစ္စာက ဘာလဲ။
အဖြေ=သဒ္ဓါသည်အကောင်းဆုံး ဥစ္စာ။(သဒ္ဓိဓ ၀ိတ္တံပူရိသဿ သေဌံ)
(၂)လောကမှာ ဘာလုပ်ရင်ချမ်းသာ မှာလဲ။
အဖြေ=ဓမ္မကိုကျင့်သုံးရင် ချမ်းသာမယ်။(ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ)