“ဓမ္မစကြာမှာ ဇာတိ = ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲ၏ ဟောကြားထားပါတယ်။
ကိုယ်ဝန်ဆောင်ရခြင်းကို ဘာဖြစ်လို့ ဆင်းရဲခြင်း ဒုက္ခသစ္စာထဲ မထည့်တာလဲ။”
ဗုဒ္ဓစာပေ လေ့လာလိုက်စားနေတဲ့ မြန်မာအမျိုးသမီးတစ်ယောက်က မေးပါတယ်။
သူကိုယ်တိုင် ခံစားရတဲ့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ဆင်းရဲဒုက္ခကို ဘုရားရှင်က
ဒုက္ခသစ္စာထဲ ထည့်မဟောတဲ့အတွက် မှားမှားယွင်းယွင်း ယူဆမိမှာစိုးလို့
မေးရတာပါလို့ ဆိုပါတယ်။
Saturday, November 29, 2014
အားလုံးအတွက် ဗုဒ္ဓ၀င်အကျဉ်းမှတ်ရန်
၁။ လူအမည် = သိဒ္ဓတ္တ
၂။ ဘုရားဘွဲ့ = ဂေါတမ
၃။ မိဘအမည် = သုဒ္ဓေါဒနမင်းနှင့်မာယာဒေ၀ီ
၎။ ကြင်ယာတော် = ယသော်ဓရာ(ဘဒ္ဒကဉ္စနာ)
၅။ ရင်သွေးတော် = ရာဟုလာ
၆။ ယောက်ဖတော် = ဒေ၀ဒတ်
၇။ မိထွေးတော် = ဂေါတမီ
၂။ ဘုရားဘွဲ့ = ဂေါတမ
၃။ မိဘအမည် = သုဒ္ဓေါဒနမင်းနှင့်မာယာဒေ၀ီ
၎။ ကြင်ယာတော် = ယသော်ဓရာ(ဘဒ္ဒကဉ္စနာ)
၅။ ရင်သွေးတော် = ရာဟုလာ
၆။ ယောက်ဖတော် = ဒေ၀ဒတ်
၇။ မိထွေးတော် = ဂေါတမီ
လူငယ်နှင့် ဓမ္မ
ဖြေ။ ။ ကလေးတွေဟာ ဖြူစင်ကြတယ်ဆိုတာကို ဘယ်သူ ငြင်းချက်ထုတ်နိုင်ပါသလဲ။ တရားဓမ္မရဲ့ မြင့်မြတ်မှုကိုရော ဘယ်သူ ကန့်ကွက်နိုင်ပါသလဲ။ ရိုးရိုးသားသားနဲ့ ဖြေကြည့်ပါ။ တရားဓမ္မက ကလေးတွေကို အကူအညီ အထောက်ပံ့ ပေးနိုင်ပါသလားဆိုတဲ့ မေးခွန်းကိုလည်း ကိုယ့်ဟာကိုယ်ပဲ ဆက်ပြီး ဖြေကြည့်လိုက်ပါဦး။
“ဘဝတစ်ခုရဲ့ နောက်ဆုံးအချိန်မှာ နိမိတ်ကောင်းတွေ ထင်ဖို့ အတွက်ကတော့。。。”
အမှုတွေကို ဆုံးဖြတ်ပေးတဲ့ တရားသူကြီးတစ်ယောက်
ရှိပါတယ်။သူ့ရဲ့ထူးခြားချက်ကတော့ လာဘ်စားတာပါပဲ။
ဒါပေမယ့် ...တရားသူကြီးကသာ လာဘ်စားတာ၊
တရားသူကြီးရဲ့ ဘုရင်မင်းမြတ်ကတော့
ဥပုသ် သီလကို ကိုယ်တိုင်ဆောက်တည်သလို၊
မှူးမတ်ငယ်သားတွေကိုလည်း ဆောက်တည်စေပါတယ်။
ပကတိဥစ္စာနဲ့ ရန်သူမျိုး ၅ ပါး။
ပကတိဥစ္စာလို့ခေါ်တဲ့ လောကလူသားတွေ ရှာဖွေနေကြတဲ့ ပစ္စည်းဥစ္စာတွေက အဖျက်
အမျိုးမျိုးနဲ့ ဆက်နွယ်နေတယ်။ “အဂ္ဂိသာဓာရဏာ ဘောဂါ” တဲ့၊ မီးဖျက်ရင်လည်း ပျက်သွား
နိုင်တယ်။ “ဥဒကသာဓာရဏာ ဘောဂါ” ရေဖျက်ရင်လည်း ပျက်သွားနိုင်တယ်။ “ရာဇသာဓာရ
ဏာ ဘောဂါ” တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေ သိမ်းသွားရင်လည်း ပါသွားနိုင်တယ်။ “စောရသာ

သံဝေဂတရား ၈ ပါး။
၁။ လှပနုနယ်သော ရူပါရုံရှိသော်လည်း နောက်ဆုံး၌ အိုကြရမည်။
၂။ စည်းစိမ်ကြီးကျယ်နေသော်လည်း နောက်ဆုံး၌ ပျက်စီးကြရမည်။
၃။ ချစ်ခင်စွာ ပေါင်းသင်းနေကြရသော်လည်း နောက်ဆုံးတွင် ကွဲပြားကွေကွင်း ကြရမည်။
၎။ အသက်ရှင်နေကြရသော်လည်း နောက်ဆုံးတွင် သေကြရမည်။
၂။ စည်းစိမ်ကြီးကျယ်နေသော်လည်း နောက်ဆုံး၌ ပျက်စီးကြရမည်။
၃။ ချစ်ခင်စွာ ပေါင်းသင်းနေကြရသော်လည်း နောက်ဆုံးတွင် ကွဲပြားကွေကွင်း ကြရမည်။
၎။ အသက်ရှင်နေကြရသော်လည်း နောက်ဆုံးတွင် သေကြရမည်။
ဗုဒ္ဓဘာသာဝင်တစ်ဦး ရှောင်ကြဉ်ရမည့်အချက်များ။
ဗုဒ္ဓရှင်တော်မြတ်၏ တရားတော်အတိုင်း လိုက်နာနေထိုင်သူကို “ဗုဒ္ဓဘာသာဝင်” ဟုခေါ်၏။
မြန်မာနိုင်ငံသား အများစုသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါသည်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အ
နေဖြင့် ဗုဒ္ဓဘုရားရှင်နှင့် သူတော်စင်တို့ မနျစ်သက်အပ်၊ ပယ်အပ်သော ဒုစရိုက်(၁၀)ပါး တရားများ
ကို သိရှိသင့်ပါသည်။ “ပါဏာတိပါတ” အစ “မိစ္ဆာဒိဌိ” အဆုံးရှိသော ဒုစရိုက်(၁၀)ပါးတို့၏ အပါယ်

သရဏဂုံခံယူပုံ လေးမျိုး။
ဗုဒ္ဓဘာသာဝင်တို့၏ အစသည် သရဏဂုံ ဖြစ်ပါသည်။ ဘုရား၊ တရား၊ သံဃာဟူသော ရတနာ
မြတ်သုံးပါးကို ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်ပါမည်ဟု ခံယူဆောက်တည်ခြင်းသည် ဗုဒ္ဓဘာ
သာဝင်အဖြစ် စတင်ခံယူလိုက်ခြင်းပင် ဖြစ်ပါသည်။ သရဏဂုံတည်သူသည် ဗုဒ္ဓဘာသာဝင်ဖြစ်သည်။
သရဏဂုံခံယူရာ၌ ခံယူပုံ အခြင်းအရာ လေးမျိုးရှိပါ၏။ ထို လေးမျိုးကိုပင် သရဏဂုံ လေးမျိုး

Friday, November 28, 2014
"သိမ်နဲ့ အမျိုးသမီး"
ဗုဒ္ဓဘာသာ မြန်မာတွေကြားမှာ အရိုးစွဲပြီး အမှတ်လွဲနေတတ်တဲ့
အလွဲလေးတွေအကြောင်း ထောက်ပြပေးတဲ့ စာတွေရေးပေးနေတာကိုသိတော့ ဆရာတော်တစ်ပါးက
သိမ်နဲ့အမျိုးသမီး အကြောင်းကိုလည်း စာရေးပေးဖို့ မိန့်ကြားဖူးပါတယ်။
ဆရာတော် မမိန့်ခင်ကတည်းက ရေးဖို့ရည်ရွယ်ချက် ရှိနေပေမယ့် မရေးဖြစ်ဘဲ
အခုမှပဲ အကောင်အထည် ဖော်ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်ရဲ့
တောရွာအတော်များများမှာ တစ်ရွာသိမ်တစ်လုံးတော့ ရှိနေတတ်ကြပါတယ်။
သေသူနဲ့သရဏဂုံ...
“တန်ဖိုးရှိသောဥပါသကာနှင့် ယုတ်ညံ့သောဥပါသကာ ကွာခြားပုံ”
သရဏဂုံကို ဆောက်တည်၍ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သော ဥပါသကာယောက်ျား၊
ဥပါသိကာ မိန်းမများသည် ဥပါသကာတို့၏ သီလဖြစ်သည့် ငါးပါးသီလကို လုံခြုံအောင်
စောင့်ထိန်းပြီး အသက်မွေးဝမ်းကျောင်း စင်ကြယ်မှုရှိလျှင် ဥပါသကာကောင်း၊
ဗုဒ္ဓဘာသာဝင်ကောင်းများ ဖြစ်တော့၏။ ထို့ပြင် ဥပါသကာယောက်ျား၊
ဥပါသိကာမိန်းမတို့သည်
ပကတိ ဥစ္စာဓန။
လူ့ဘ၀ရခိုက်မှာ လူတိုင်းလူတိုင်း လူရယ်လို့ဖြစ်လာရင် ဥစ္စာဓနတွေကို ရှာဖွေစုဆောင်း
ကြရမှာ ဖြစ်တယ်။ လူတွေနေ့စဉ် ရှာဖွေနေကြတဲ့ ဥစ္စာဓနရဲ့ အရည်အသွေးနဲ့ မြတ်စွာဗုဒ္ဓက ရှာ
ဖွေစုဆောင်းဖို့ တိုက်တွန်းတဲ့ ဥစ္စာရဲ့ အရည်အသွေး၊ ဒီနှစ်မျိုးကို သေသေချာချာနှိုင်းယှဉ်ပြီး
ကြည့်မယ်ဆိုရင် အလွန်ကွာခြားတာကို တွေ့ရမှာဖြစ်တယ်။ သို့သော်လည်း လောကလူသားတွေ

ဗုဒ္ဓါနုဿတိကမ္မဌာန်းပွားများသူ၌ ရှိရမည့် အင်္ဂါ ၅ ပါး။
၁။ ယုံကြည်မှုသဒ္ဓါ ရှိရမည်။
၂။ ကျန်းမာသန်စွမ်းမှု ရှိရမည်။
၃။ ဖြောင့်မတ်မှန်ကန်မှု ရှိရမည်။
၎။ လုံလ၀ီရိယ ရှိရမည်။
၂။ ကျန်းမာသန်စွမ်းမှု ရှိရမည်။
၃။ ဖြောင့်မတ်မှန်ကန်မှု ရှိရမည်။
၎။ လုံလ၀ီရိယ ရှိရမည်။
ကလျာဏမိတ်ဆွေဂုဏ် ၇ ပါး။
၁။ သီလစင်ကြယ်၍ ချစ်ခင်ဖွယ်ရှိသောဂုဏ်။
၂။ သီလ၊ သမာဓိဂုဏ်တို့ကြောင့် အလေးအမြတ်ပြုအပ်သောဂုဏ်။
၃။ မေတ္တာရေမခမ်း ပွားစေအပ်သောဂုဏ်။
၎။ သူတစ်ပါးကို ကောင်းအောင် ဆုံမတတ်သောဂုဏ်။
၂။ သီလ၊ သမာဓိဂုဏ်တို့ကြောင့် အလေးအမြတ်ပြုအပ်သောဂုဏ်။
၃။ မေတ္တာရေမခမ်း ပွားစေအပ်သောဂုဏ်။
၎။ သူတစ်ပါးကို ကောင်းအောင် ဆုံမတတ်သောဂုဏ်။
အယူမှန်ဝါဒ ပျက်စီးခြင်း။
ဗုဒ္ဓယဉ်ကျေးမှုကို အခြေခံလျက် တည်ထောင်ခဲ့သော ဤမြန်မာနိုင်ငံသည် ထေရ၀ါဒနိုင်ငံ
အဖြစ် ကမ္ဘာတွင် ၀င့်ထည်စွာဖြင့် ရှိပေသည်။ မြန်မာနိုင်ငံတွင် နိုင်ငံသားအများစုမှာ ဗုဒ္ဓဘာသာဝင်
များ ဖြစ်ကြပါသည်။ ဗုဒ္ဓဘာသာဝင်တိုင်းသည် ဘုရား၊ တရား၊ သံဃာ၊ ကံ ကံ၏အကျိုး၊ အကြောင်း
နှင့်အကျိုး ဆက်သွယ်ဖြစ်မှု၊ အတိတ်ဘ၀, အနာဂတ်ဘ၀ တို့ကို ယုံကြည်ရပါသည်။ ဗုဒ္ဓဘာသာဝင်

ဂေါတမမြတ်စွာဘုရားလက်ထက် အစဦးဆုံး သရဏဂုံတည်သူများ။
ဂေါတမမြတ်စွာဘုရားသည် သတ္တမသတ္တာဟ၌ လင်းလွန်းပင်ရင်းဝယ် စံနေတော်မူစဉ် ဥက္က
လာနယ်မှ ကုန်ရောင်းလာကြသော “ တပုဿ ” နှင့် “ ဘလ္လိက ” ကုန်သည်ညီနောင်တို့ ရောက်
လာကြပြီးလျှင် မြတ်စွာဘုရားအား ပျားဆုပ်မုန့်နှင့် မုန့်ကြွက်ကျစ်တို့ကို လှူဒါန်းကြသဖြင့် မြတ်
စွာဘုရားက အနုမောဒနာတရား ဟောကြားသောအခါ ဘုရားနှင့်တရား သရဏဂုံ နှစ်ပါးကို ယုံ

Thursday, November 27, 2014
ကြည်ညိုစရာရဟန်းနှင့် ခင်မင်စရာရဟန်း
ကြည်ညိုစရာကောင်းသော ရဟန်းတွင် ခင်စရာကောင်းသော
အချက်များကို မတွေ့နိုင်သလို၊ ခင်မင်စရာကောင်းသော ရဟန်းတွင်လည်း
ကြည်ညိုစရာကောင်းသော အချက်များကို တွေ့နိုင်ခဲ၏။
ကြည်ညိုစရာကောင်းသောရဟန်းသည် “တရားရဖို့ကိုသာ” အဓိကထား၏။
ခင်မင်စရာကောင်းသော ရဟန်းသည်ကား “ပစ္စည်းလေးပါရဖို့ကိုသာ” အဓိကထား၏။ တရားရဖို့ကို အဓိကမထား။ အံ့သြစရာကောင်းသည်ကား -
ပစ္စည်းလေးပါးကို
အဓိကထားပြီး ရှာသောရဟန်းသည် ပစ္စည်းလေးပါးကိုလည်းမရ၊
တရားလည်းမရဖြစ်တတ်ပြီး၊ တရားကိုအဓိကထားပြီးရှာသော ရဟန်းသည်
ပစ္စည်းလေးပါးလည်းရ၊ တရားလည်းရဖြစ်တတ်ခြင်းပင်တည်း။
သစ်ပင်ပေါ်မှာ လမ်းလျှောက်သူ
ရဟန်းဘ၀သည် သစ်ပင်ပေါ်တွင်
လမ်းလျှောက်သူနှင့်တူ၏။ လူ့ဘ၀သည် မြေပြင်ပေါ်တွင် လမ်းလျှောက်သူနှင့်တူ၏။
မြေပြင်၌ လမ်းလျှောက်ရသူသည် ချော်လဲလျှင် ပွန်းပဲ့ရုံသာရှိ၏။ ထို့ထက်မပို။
ထို့အတူ လူ့ဘ၀၌ အပြစ်သေးသေးကျူးလွန်လျှင် မကောင်းကျိုးသေးသေးသာ ခံစားရ၏။
ထို့ထက်မပို။
သစ်ပင်ပေါ်မှ
ခြေချော်ကျသူကား သေရသည်က များ၏။ မသေလျှင်လည်း ခြေကျိုး၊ လက်ကျိုး၊
ခါးကျိုးပြီး တစ်သက်လုံး လူစဉ်မမီသည့်ဒုက္ခကို ခံစားရ၏။ ထို့အတူ ရဟန်းဘ၀၌ကား
အပြစ်သေးသေးလေး ကျူးလွန်လျှင်ပင် မကောင်းကျိုးကား ကြီးကြီးမားမား ခံစားရ၏။
ကုသိုလ်နှင့် ၀ယ်ရသောဈေးကြီး
လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်သည် ၀မ်းစာရှာဖို့
မဟုတ်၊ အိပ်ဖို့ မဟုတ်၊ စားဖို့ မဟုတ်၊ ကာမဂုဏ်ခံစားဖို့ မဟုတ်။
ကုသိုလ်ပြုဖို့ အတွက်သာဖြစ်၏။ တိရစ္ဆာန်တွင် ၀မ်းစာရှာခြင်း၊ အိပ်ခြင်း၊
စားခြင်း၊ ကာမဂုဏ်ခံစားခြင်းဟူသော အချက်လေးချက်ရှိသကဲ့သို့ လူတွင်လည်း
ထို့အတူ လေးချက်ပင်ရှိ၏။ ဤလေးချက်သာရှိနေပါက လူသည်တိရစ္ဆာန်နှင့် ဘာမျှမထူး၊
အတူတူသာဖြစ်၏။
လူသားသည်
ကုသိုလ်(ပရဟိတအလုပ်)ကို လုပ်တတ်၏။ တိရစ္ဆာန်ကားမလုပ်တတ်။
ဤကုသိုလ်(ပရဟိတအလုပ်) ကြောင့်သာလျှင် လူသားသည် တိရစ္ဆာန်ထက်
သာလွန်မြင့်မြတ်သွားခြင်းဖြစ်၏။ ၃၁-ဘုံတွင် လူ့ဘုံတစ်ဘုံသာ
ကုသိုလ်လုပ်၍ရသလော၊ အခြားဘုံများတွင် ကုသိုလ်လုပ်၍ မရပြီလောဟု
မေးခဲ့ငြားအံ့။ “မရနိုင်”ဟုသာ ဖြေရပါလိမ့်မည်။ မရနိုင်ဟူသည် လူ့ဘုံကဲ့သို့
တင်းပြည့်ကျပ်ပြည့်မရနိုင်ဟာ ဆိုလိုခြင်းဖြစ်၏။
လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်
သာယာဝတီမှ မောင်ရဲမြင့်သည် အခြားဘာသာဝင်
ဖြစ်သည်။ စာရေးသူနှင့် ဘာသာတရားအကြောင်းကို ပွင့်လင်းရင်းနှီးစွာ
ဆွေးနွေးအပြီးတွင် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သွားခဲ့သည်။ သူနှင့်
ဆွေးနွေးပုံအကျယ်ကို “အရူံးမရှိသောဒဿန” စာအုပ်တွင် ဖတ်ရူနိုင်သည်။
မောင်ရဲမြင့်သည် စာဖတ်သည်။ ထို့ကြောင့် အတွေးအခေါ်ကောင်းသည်။
သူ့အတွေးအခေါ်လေးတစ်ခုကို ဖတ်ရူခံစားကြည့်ပါ။
လူတစ်ယောက်မှာ
တီဘီရောဂါ ဖြစ်နေသည်။ ခြောက်လလောက်စွဲသောက်လျှင်
ကင်းရှင်းစွာပျောက်မည့်ဆေးလည်း သူ့အနားတွင်ရှိနေသည်။ သို့သော် သူကား
ထိုဆေးကိုမသောက်။ အကြောင်းကား ထိုဆေးသည် သူ့နိုင်ငံမှထုတ်လုပ်သော
ဆေးမဟုတ်သောကြောင့်ဟူ၏။ ထိုသို့မသောက်လျှင် ထိုသူသည် တီဘီရောဂါဖြင့်
သေဖို့သာရှိ၏။
ဘာသာမရွေးကျင့်ကြံနိုင်တဲ့ မင်္ဂလာတရားတော်များ
ဘာသာမရွေးကျင့်ကြံနိုင်တဲ့ လကာင်္လေးပါ....။
၃၈-ဖြာ မင်္ဂလာ
ဘာသာမရွေး, ပုဂ္ဂိုလ်မရွေး, လူမျိုးမရွေး, လိုက်နာကျင့်သုံးကြဖို့၊ ထိုသို့လိုက်နာကျင့်သုံးနိုင်ကြမယ်ဆိုရင် ရန်သူရန်ဘက် မနှိပ်စက်နိုင်ခြင်းအကျိုး၊ ဘေးရန်ကင်းကွာ လွန်ချမ်းသာခြင်းအကျိုး၊ တိုးတက်စည်ကား လွန်ကြီးပွားခြင်း အကျိုးများကို ရရှိခံစားကြရဖို့ရာ ၃၈-ဖြာမင်္ဂလာကို မြတ်စွာဘုရား ဟောကြားတော်မူ ခဲ့ပါသည်။

မိစ္ဆာဒိဋ္ဌိ (သို့) အယူမှားခြင်း
ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်ရင် အခြားအခြား ဘာသာအယူဝါဒတွေဟာ လွဲမှားနေတဲ့
မိစ္ဆာဒိဋ္ဌိတွေလို့ ပြောရမှာဖြစ်ပါတယ်။ ဒါဆိုရင် အခြားဘာသာတွေရဲ့
ရှုထောင့်ကကြည့်ရင်လည်း သူတို့က ဗုဒ္ဓဘာသာကို မှားယွင်းတဲ့ မိစ္ဆာဒိဋ္ဌိလို့
ပြောကြမှာ ဖြစ်ပါတယ်။ အားလုံးကတော့ ကိုယ့်ယုံကြည်မှုနဲ့ကိုယ် ကိုယ့်အယူဝါဒသာ
အမှန်လို့ ပြောကြမှာ ဖြစ်ပါတယ်။ တစ်ချို့လည်း မှားမှန်းသိသိနဲ့ပဲ
အယူဝါဒတစ်ခုကို ဇွတ်မှိတ်ပြီး လက်ခံနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း
ဘုရားရှင်လက်ထက်
Wednesday, November 26, 2014
ဘ၀လွတ်မြောက်နိုင်တဲ့ နည်းလမ်း ?။
ဘ၀မှာ“အဿာဒ” သာယာစရာဆိုတာ ရှိတယ်။ “အာဒီန၀” အပြစ်ဆိုတာ ရှိတယ်။ ဒါတွေ
ပြီးရင် “နိဿရဏ” ထွက်ပေါက်ဆိုတာလည်း ရှိတယ်။ ထွက်ပေါက်ကို ဘယ်မှာရှာမလဲ ?။ အိမ်ထဲ
ရောက်နေတဲ့သူဟာ ထွက်ပေါက်ကို အိမ်ထဲမှာ ရှာရမယ်။ ဘ၀မှ ထွက်ချင်တယ်ဆိုလို့ရှိရင် ဘဝ
ထဲမှာ ထွက်ပေါက်ကို ရှာရမယ်။ “ဘ၀နိရောဓ” ဆိုတဲ့ ထွက်ပေါက်ကို ဘ၀ထဲမှာပဲ တွေ့နိုင်တယ်။
ဒီမှာ..ဘ၀ဆိုတာကို ယခု ရ ထားကြပြီ။ အဲဒီ ဘ၀ကို “ဘ၀သမုဒယ” ဆိုတဲ့ “ တဏှာ”

မြတ်စွာဘုရား ဒေသစာရီ ကြွရာခရီး ၃ ကြောင်း။
၁။ မဟာ မဏ္ဍလ = ၄င်းအရပ်သို့ သီတင်းကျွတ်လဆုတ် ၁ ရက်နေ့ ကျောင်းတော်မှ ထွက်ခဲ့၍
၉ လ ကြွတော်မူသည်။
၂။ မဇ္ဈိမ မဏ္ဍလ = ၄င်းအရပ်သို့ နတ်တော်လဆန်း ၁ ရက်နေ့ ကျောင်းတော်မှ ထွက်ခဲ့၍
၇ လ တိုင်တိုင် ကြွတော်မူသည်။
၉ လ ကြွတော်မူသည်။
၂။ မဇ္ဈိမ မဏ္ဍလ = ၄င်းအရပ်သို့ နတ်တော်လဆန်း ၁ ရက်နေ့ ကျောင်းတော်မှ ထွက်ခဲ့၍
၇ လ တိုင်တိုင် ကြွတော်မူသည်။
ဗုဒ္ဓါနုဿတိ ကမ္မဌာန်း ကျင့်ကြံနည်း အင်္ဂါ ၇ ပါး။
၁။ ဆိတ် = ဆိတ်ငြိမ်နေရာ ဖြစ်ရမည်။
၂။ တင် = တင်ပျဉ်ခွေ ထိုင်ရမည်၊ မိန်းမဖြစ်က မိန်းမထိုင် ထိုင်ရမည်။
၃။ ဖြောင့် = ကိုယ်ကို ဖြောင့်မတ်စွာ ထားရမည်။
၎။ ငါး = ဒွါရငါးပါး ပိတ်ထားရမည်။
၂။ တင် = တင်ပျဉ်ခွေ ထိုင်ရမည်၊ မိန်းမဖြစ်က မိန်းမထိုင် ထိုင်ရမည်။
၃။ ဖြောင့် = ကိုယ်ကို ဖြောင့်မတ်စွာ ထားရမည်။
၎။ ငါး = ဒွါရငါးပါး ပိတ်ထားရမည်။
ဗုဒ္ဓသာသနာတော်သည် အဆောက်အအုံမဟုတ်။
ဗုဒ္ဓဘာသာ သာသနာတော်ဟာ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာမည်သော ဘုရားရှင်၏ဓမ္မဒေသ
နာတော်များ ဖြစ်ပါတယ်။ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာစတဲ့ သာသနာ
တော်သုံးရပ်တွင် ပရိယတ်သာသနာဟာ အရင်းမူလဖြစ်ပါတယ်။ ပရယတ်သာသနာတော်ကို အခြေ
ခံခြင်းမရှိက ပဋိပတ္တိသာသနာလည်းမရှိနိုင်ပါ။ ပဋိဝေဓသာသနာလည်း မရှိနိုင်ပါ။ ဘုရားရှင်သည်

နိဗ္ဗာန်ကိုရှာဖို့ရာ။
ဘုရားလောင်းသိဒ္ဓိတ္တမင်းသားဟာ မိမိကိုယ်တိုင်က အိုတတ်သောသဘောရှိပါလျက် အို
တတ်သောသဘော ရှိတာတွေကို ရှာကြံသိမ်းပိုက်နေတာ မတော်ဘူး၊ မိမိကိုယ်တိုင်က အိုတတ်
ပါလျက် အဲဒီ အိုတတ်တဲ့ ကာမဂုဏ်တွေကို အမြတ်တနိုးလုပ်ပြီး ရှာကြံသိမ်းပိုက်နေတာ မတော်
ဘူး။ ထို့အတူပင် မိမိကိုယ်တိုင်က နာတတ်ပါလျက်၊ သေတတ်ပါလျက်၊ နာတတ်၊ သေတတ်တဲ့
ကာမဂုဏ်တွေကို ရှာကြံသိမ်းပိုက်နေတာ မတော်ဘူးလို့ ဆင်ခြင်မိပါတယ်။

ကျနော်- အရူးနဲ့အကန်းများ...။
ပထမဦးဆုံးကျနော်တင်ပြချင်တာက ကျနော်ဗုဒ္ဓဘာသာကိုမိရိုးဖလာလွန်ဘာသာရေးအဆင့်မှစတင် သိရှိခဲ့ရတာပါ၊ ကျနော်ငယ်စဉ်တောင်ကျေး
ခလေးဘ၀လူမှန်းသိတတ်စ အရွယ်မှာမိဘများကသဲအင်းဂူဆရာတော်ဘုရားကြီး ထံမှာဆရာရင်းဒကာရင်းအဖြစ်ခံယူပြီး ၀ိပဿနာတရားများသင်ယူ
အားထုတ်နေပြီလဲဖြစ်ပါတယ် ကျနော်တို့လဲ လူမမည်အရွယ်ဆိုပေမယ့် တရားအားထုတ်ချိန်တချိန်(၃)နာရီ အပြည့်ထိုင်ရပါတယ် ထိုစဉ်တုန်းကတော့

တောရဆောက်တည်သူတို့၏ အကျိုး ၈ ပါး။
၁။ ဘ၀ဒိဌိဟာန = ဘ၀သည် မြဲ၏ဟူသောသဿတဒိဌိ အယူကို ပယ်ခြင်း။
၂။ ဇီဝိတနိကန္တိပရိစ္စာဂ = အသက်၌ တပ်နှစ်သက်သော နိကန္တိကို စွန့်ခြင်း။
၃။ သဒါယုတ္တ ပယုတ္တ = အခါခပ်သိမ်း ဘာဝနာနှင့် ယှဉ်ခြင်း။
၎။ ၀ိသုဒ္ဓဇီဝတာ = စင်ကြယ်သော အသက်မွေးမှု ရှိခြင်း။
၂။ ဇီဝိတနိကန္တိပရိစ္စာဂ = အသက်၌ တပ်နှစ်သက်သော နိကန္တိကို စွန့်ခြင်း။
၃။ သဒါယုတ္တ ပယုတ္တ = အခါခပ်သိမ်း ဘာဝနာနှင့် ယှဉ်ခြင်း။
၎။ ၀ိသုဒ္ဓဇီဝတာ = စင်ကြယ်သော အသက်မွေးမှု ရှိခြင်း။
တွန်းပို့ခြင်းကို ခံနေကြရသူများ။
လောကကြီးဟာ ပို့ဆောင်ခေါ်ငင်ခြင်း ခံနေရတယ် သို့မဟုတ် တွန်းပို့ခြင်းကို ခံနေရတယ်။
ငယ်ငယ်တောင်ကျေး ကလေးဘ၀ကနေ တဖြည်းဖြည်း ကြီးကြီးလာတယ်။ နေ့စဉ်နှင့်အမျှ အိုလာ
ကြတယ်။ “ဇာတိ”ဆိုတဲ့တရား ရလာတဲ့အချိန်က စပြီးတော့ ဇာတိက “ဇရာ” ဆိုတဲ့ မှတ်တိုင်ကို
ရောက်အောင် တွန်းပို့နေတာ။ ဇရာမှတ်တိုင်ကို ရောက်တော့လည်း ဇရာက ဒီအတိုင်းနေတာ မ

ဝမ်းမြောက်မှု စေတနာသာပဓာန။
ဒါနပြုရာဝယ် တချို့မှာကား လှူရတာများလှ၍ အကြီးအကျယ် လှူဒါန်းရပါသော်လည်း
သိပ်ကြီးဝမ်းမမြောက်လှ၊ စေတနာလည်း သိပ်ကြီးမထက်လှ၊ အမှတ်တမဲ့ပင် လှူလိုက်ကြ၏။ ထို
သူတို့ အတွက်မှာ လှူဖွယ်ဝတ္ထုက များပြားစေကာမူ စေတနာထက်သန် ဖွံ့ဖြိုးမည်ဟု မဆိုနိုင်။
ဒုဌဂါမဏိ အဘယမင်းသည် စုတေခါနီး၌ မဟာစေတီတော်ကြီးကို တည်ရသော ဒါနမှုထက်

မိမိကြိုက်ရာလမ်းကို ရွေးချယ်ပါ။
လူသားဟူသည် ခေတ္တခဏ အလည်ရောက်လာသော လောက၏ ဧည့်သည်သာလျှင် ဖြစ်ပါ
၏။ ဧည့်သည်အဖြစ် ခေတ္တနေရစဉ်အခိုက် မိမိအကျိုးသာမက အများအကျိုးကိုပါ သယ်ပိုးထမ်း
ဆောင်နိုင်မှသာ လာခြင်းကောင်းသော ဧည့်သည်ကောင်းတစ်ဦး ဖြစ်လာပါလိမ့်မည်။ ဧည့်သည်အ
ဖြစ် လောကအတွင်း အသက်ရှင် နေထိုင်ကျင်လည်ရစဉ်အတွင်း သူသည် ဧည့်သည်ကောင်းအဖြစ်

ချမ်းသာစေကြောင်း တရားကောင်း
၁။ ရန်ပြုတတ်သူတို့အလယ်၌ ရန်မပြုကြကုန်ဘဲ
အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ ရန်ပြုသောသူတို့အလယ်၌
ရန်မရှိကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။
၂။ ကိလေသာအနှိပ်စက်ခံရသော သူတို့အလယ်၌ ကိလေသာအနှိပ်စက် မခံရကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ ကိလေသာ အနှိပ်အစက်ခံရသော သူတို့အလယ်၌ ကိလေသာအနှိပ်အစက်မခံရကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။
၂။ ကိလေသာအနှိပ်စက်ခံရသော သူတို့အလယ်၌ ကိလေသာအနှိပ်စက် မခံရကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ ကိလေသာ အနှိပ်အစက်ခံရသော သူတို့အလယ်၌ ကိလေသာအနှိပ်အစက်မခံရကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။
ရှင်ပြု အစီအစဉ်
အမှာ။ ။ရှင်လောင်းများကို အနည်းဆုံး ၁၀-ရက်ခန့် ကြိုတင်၍
ရှင်ကျင့်ဝတ်များကို သင်ပေးထားပါ။ ယခုခေတ်တွင် ဖုန်ပူမီးတိုက် ရှင်ပြု
ကြသည်ကား မသင့်လှပါ။
ရှင်ပြုခြင်းဟူသည်-
၁။ခေါင်းရိတ်ခြင်း။
၂။သင်္ကန်းကို ဆရာရဟန်းကိုယ်တိုင်ဖြစ်စေ၊ ဆရာရဟန်းက ခိုင်းစေသူကဖြစ်စေကိုရင်လောင်းအား ၀တ်ပေးခြင်း။
၃။သရဏဂုံ ပီသစွာဆိုခြင်၊ ဤသုံးပါးဖြစ်ပါသည်။
ရှင်ပြုခြင်းဟူသည်-
၁။ခေါင်းရိတ်ခြင်း။
၂။သင်္ကန်းကို ဆရာရဟန်းကိုယ်တိုင်ဖြစ်စေ၊ ဆရာရဟန်းက ခိုင်းစေသူကဖြစ်စေကိုရင်လောင်းအား ၀တ်ပေးခြင်း။
၃။သရဏဂုံ ပီသစွာဆိုခြင်၊ ဤသုံးပါးဖြစ်ပါသည်။
ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်ပေါ်လာပုံ နှင့် မှတ်တမ်းတင်ခံရသူ မြန်မာနိုင်ငံသားမင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး
ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်ပေါ်လာပုံနှင့်မှတ်တမ်းတင်ခံရသူမြန်မာနိုင်ငံသားမင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး
ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။ ၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကိုစုဆောင်း တင်ြပထားပါသည်။ ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကု
မ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော

ဘုရားဆုပန်ရာ၌ ဆုတောင်းပြည့်ရန် လိုအပ်သောအင်္ဂါရပ်များ။
မအို၊ မနာ၊ မသေတဲ့တရားကို မိမိကိုယ်တိုင် ရအောင်ရှာပြီးတော့ သတ္တ၀ါအများအားလည်း
အဲဒီ မအို၊ မနာ၊ မသေတဲ့တရားကို ဟောကြားညွှန်ပြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘုရားဖြစ်ရန် ဆုပန်
တောင်းတတ်ကြပါသည်။
လောကသုံးပါး၌ ဘုရားဖြစ်ရန် ဆုတောင်းသော်လည်း ဆုတောင်းတိုင်း ပြည့်စုံသည် မ
အဲဒီ မအို၊ မနာ၊ မသေတဲ့တရားကို ဟောကြားညွှန်ပြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘုရားဖြစ်ရန် ဆုပန်
တောင်းတတ်ကြပါသည်။
လောကသုံးပါး၌ ဘုရားဖြစ်ရန် ဆုတောင်းသော်လည်း ဆုတောင်းတိုင်း ပြည့်စုံသည် မ
Tuesday, November 25, 2014
မချိ တင်ကဲဖြစ်လိုက်တာ
သရဏ ဂုံဆောက်တည်ယုံနဲ့ လည်း
နတ်ပြည်ရောက်နိုင်တယ် အဲဒီကတဆင့်
နိဗ္ဗါန်စံဝင်နိုင်တယ်
ငါးပါးသီလဆောက်တည်ယုံနဲ့ လည်း
နတ်ပြည်ရောက်နိုင်တယ် အဲဒီကတဆင့်
နိဗ္ဗါန်စံဝင်နိုင်တယ်
ပန်းတပွင့်လှူ ရေတခွက်လှူ ယုံနဲ့ လည်း
နတ်ပြည်ရောက်နိုင်တယ် အဲဒီကတဆင့်
နိဗ္ဗါန်စံဝင်နိုင်တယ်
နတ်ပြည်ရောက်နိုင်တယ် အဲဒီကတဆင့်
နိဗ္ဗါန်စံဝင်နိုင်တယ်
ပန်းတပွင့်လှူ ရေတခွက်လှူ ယုံနဲ့ လည်း
နတ်ပြည်ရောက်နိုင်တယ် အဲဒီကတဆင့်
နိဗ္ဗါန်စံဝင်နိုင်တယ်
မင်းကွန်းပုထိုးတော်ကြီး သမိုင်း
“ဗုဒ္ဓါနုဿတိဘာဝနာပွားများပုံနှင့် ပွားများရခြင်းအကျိုး”
လူတို့သည် နံနက်အိပ်ရာထချိန်မှစ၍ ညအိပ်ရာဝင်ချိန်အထိ သားမယားကိစ္စ၊
စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စ၊ တို့၌သာ စိတ်သက်ဝင်နစ်မြုပ်နေမှုများက များ၏။
ထိုကိစ္စတို့ကို ကြံစည်တွေးတောမှု၊ အောက်မေ့အမှတ်ရ နေမှုများကသာများ၏။
စင်စစ်ထိုအာရုံများသည် လောဘ၊ ဒေါသတို့ကျက်စားရာ အာရုံများသာဖြစ်ကြ၏။
သို့အတွက်ထိုလူတို့၏ စိတ်သည် ညစ်နွမ်းပြီး၊ နောက်ကျိနေပြီး
ကြည်လင်ရွှင်ပြမှုလည်း မရှိကြပေ။ စစ်မှန်သော စိတ်ချမ်းသာမှုကိုလည်း မခံစားရပေ။
သင်...တနေ့မုချသေမည်ကိုသိလျှင်..ဖတ်ပါ...။
သေခြင်း လေးမျိုး
သုံးဆယ့်တစ်ဘုံအတွင်းရှိ သတ္တ၀ါဟူသမျှတို့သည် မိမိတို့ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ၊ ချစ်သောသားမယား၊ သားသမီး၊ ဆွေမျိုးမိတ်ဆွေများ၊ ရရှိထားသော ရာထူးဂုဏ်သိမ်များကို စွန့်ခွာကာ သေမင်းခေါ်ရာသို့ မသေချင်ဘဲလည်းသေမြဲဓမ္မတာအရ သေပွဲဝင်ကြရမည် ဖြစ်ပါသည်။

မြက်ပင်၏တန်ဖိုး...?
***ဘာသာခြားတစ်ယောက်က ဆရာတော်တစ်ပါးအား မေးလာသောမေးခွန်းတစ်ခုမှာ ဗုဒ္ဓဘာသာ တိုင်းကြို သိထားသင့်သဖြင့် သတိရတုန်းဖော်ပြလိုက်ပါသည်။
ဒကာ။ ။ဆရာတော်၊ဆရာတော်တို့ ဘုရားက သဗ္ဗညုတ သိစရာမှန်သမျှ အကုန်သိတယ် လို့လည်းပြောကြတယ်။တစ်ခါ အခုလို သာသနာနှစ် ကြာတဲ့အချိန်မှာ အဆိုးဆုံး ဘာသာခြား တစ်ခုပေါ်လာလိမ့်မယ်။အဲဒီဘာသာခြားတွေက ဗုဒ္ဓဘာသာကို လူဖောက်သာသနာပြုပြီး

Monday, November 24, 2014
ဂုဏ်တော်ပုတီးစိပ် အင်္ဂါ ၅ ပါး။
၁။ စိတ်တည်ကြည်ရမည်။
၂။ ပုတီး၌ စိတ်မရောက်စေရ။
၃။ မြတ်စွာဘုရားကို ထင်မြင်အောင် အာရုံပြုရမည်။
၎။ ဂုဏ်တော်ကို ပွားခိုက် လိုသောဆုကို တောင်းရမည်။
၂။ ပုတီး၌ စိတ်မရောက်စေရ။
၃။ မြတ်စွာဘုရားကို ထင်မြင်အောင် အာရုံပြုရမည်။
၎။ ဂုဏ်တော်ကို ပွားခိုက် လိုသောဆုကို တောင်းရမည်။
မိရိုးဖလာဗုဒ္ဓဘာသာ တစ်ယောက်၏ အခြေခံ စိတ်နေသဘောထား။
မိရိုးဖလာဗုဒ္ဓဘာသာတို့သည် ဗုဒ္ဓသာသနာတော်အတွက် အခြေခံအကျဆုံးခွန်အား ဖြစ်
၏။ ဘာသာရေးသည် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး အစရှိသော လူ့အရေးအ
ရာ အားလုံး၏ အဓိက ပဓာန အချက်အချာ ဖြစ်သောကြောင့် မိရိုးဖလာဗုဒ္ဓဘာသာသည် ဗုဒ္ဓဘာ
သာမြန်မာနိုင်ငံ၏ အခြေခံအကျဆုံး ခွန်အားဖြစ်ပါသည်။
၏။ ဘာသာရေးသည် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး အစရှိသော လူ့အရေးအ
ရာ အားလုံး၏ အဓိက ပဓာန အချက်အချာ ဖြစ်သောကြောင့် မိရိုးဖလာဗုဒ္ဓဘာသာသည် ဗုဒ္ဓဘာ
သာမြန်မာနိုင်ငံ၏ အခြေခံအကျဆုံး ခွန်အားဖြစ်ပါသည်။
သိဒ္ဓတ္ထမင်းသား လူ့စည်းစိမ်ကိုစွန့်ခွါ၍ တောထွက်တော်မူခြင်း။
ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဘုရားအလောင်းတော် ကပိလ၀တ်ပြည် သုဒ္ဓေါဓနမင်းမြတ်၏သားတော်
သိဒ္ဓတ္ထမင်းသားဟာ ဒေ၀ဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်း၏သမီးတော် ယသော်ဓရာဒေ၀ီနှင့် လက်ထပ်ပြီး
လျှင် မင်းသမီးပေါင်းလေးသောင်း အခြွေအရံများနှင့်တကွ ကြီးကျယ်သော မင်းစည်းစိမ်ကို ခံစား
တော် မူပါတယ်။
သိဒ္ဓတ္ထမင်းသားဟာ ဒေ၀ဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်း၏သမီးတော် ယသော်ဓရာဒေ၀ီနှင့် လက်ထပ်ပြီး
လျှင် မင်းသမီးပေါင်းလေးသောင်း အခြွေအရံများနှင့်တကွ ကြီးကျယ်သော မင်းစည်းစိမ်ကို ခံစား
တော် မူပါတယ်။
ကမ္မဠ္စာနုပစာရတရား ၁၅ ပါး(ကမ္မဌာန်း အခြေခံတရား)။
၁။ ကမ္မဌာန်းအလုပ် အားထုတ်နိုင်စွမ်းရှိခြင်း။
၂။ ကိုယ်နှုတ်ဖြောင့်မတ် ရိုးသားခြင်း။
၃။ တည်ကြည်သောစိတ် ရှိခြင်း။
၎။ ပညာရှိစကားကို နာယူလွယ်ခြင်း။
၅။ နူးညံ့သိမ်မွေ့စွာ နေထိုင်လေ့ ရှိခြင်း။
၂။ ကိုယ်နှုတ်ဖြောင့်မတ် ရိုးသားခြင်း။
၃။ တည်ကြည်သောစိတ် ရှိခြင်း။
၎။ ပညာရှိစကားကို နာယူလွယ်ခြင်း။
၅။ နူးညံ့သိမ်မွေ့စွာ နေထိုင်လေ့ ရှိခြင်း။
ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့် ကြည့်ရှုတိုင်းတာခြင်း။
လူတိုင်းလူတိုင်းမှာ ကိုယ်စီဘ၀ကလေးတွေ ရှိနေကြပါတယ်။ သို့သော် ဘ၀နဲ့ပတ်သက်
ပြီးတော့ တစ်ဦးနှင့်တစ်ဦး အမြင်ချင်းမတူကြပေ။ တချို့က ဘ၀ကို ပျော်စရာလို့ မြင်တယ်။ တ
ချို့က ဘ၀ကို ငြီးငွေ့စရာလို့ မြင်ကြတယ်။
ဘ၀မှာ အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်တွေက “ အေး .. တို့ရထားတဲ့ ဘ၀ဟာ သာတောင့်သာ
ပြီးတော့ တစ်ဦးနှင့်တစ်ဦး အမြင်ချင်းမတူကြပေ။ တချို့က ဘ၀ကို ပျော်စရာလို့ မြင်တယ်။ တ
ချို့က ဘ၀ကို ငြီးငွေ့စရာလို့ မြင်ကြတယ်။
ဘ၀မှာ အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်တွေက “ အေး .. တို့ရထားတဲ့ ဘ၀ဟာ သာတောင့်သာ
သာသနာတော်အတွက် အနှောင့်အယှက်များ။
အရှင်မဟာကဿပမထေရ်သည် သာသနာ၏ ရှေ့အရေးကို မြော်တွေးပြီး ရဟန္တာအရှင်
မြတ် ငါးရာတို့ဖြင့် ဘုရားရှင်ဟောကြားတော်မူသော တရားတော်များကို မပျောက်ပျက်အောင်
နှုတ်ဆောင်ဖြင့် ပထမသင်္ဂါယနာတင်ခဲ့ပါသည်။
ဤသို့ တရားတော်များကို ဆရာတပည့်တို့အစဉ်အဆက် သင်ကြားပို့ချလေရာ သာသနာ
မြတ် ငါးရာတို့ဖြင့် ဘုရားရှင်ဟောကြားတော်မူသော တရားတော်များကို မပျောက်ပျက်အောင်
နှုတ်ဆောင်ဖြင့် ပထမသင်္ဂါယနာတင်ခဲ့ပါသည်။
ဤသို့ တရားတော်များကို ဆရာတပည့်တို့အစဉ်အဆက် သင်ကြားပို့ချလေရာ သာသနာ
လုံးဝမကျိုးတဲ့ “သီလဆောက်တည်နည်း”။
ဗုဒ္ဓဘာသာဝင် တစ်ယောက်အတွက် ဒါန၊ သီလ၊ ဘာဝနာသည် အရေးကြီးပါသည်။ ဒါန၊
သီလ၊ ဘာဝနာ သုံးပါးထဲတွင် ဘယ်တရားက အရေးကြီးဆုံးလဲ ? ။
ရဟန်းတော်တွေအတွက် ဒါနမပြုလို့ အာပတ်သင့်စေဆိုတဲ့ သိက္ခာပုဒ် မရှိသလို ၀ိပဿနာ
ဘာဝနာ မပွားလို့ အာပတ်သင့်စေဆိုတဲ့ သိက္ခာပုဒ်လည်း မရှိပါဘူး။ ဒါပေမယ့် သီလဖေါက်ဖျက်

“ သူယုတ်မာအင်္ဂါ လေးပါး ”
(၁)သူတစ်ပါး၏ ဂုဏ်ကျေးဇူးမဲ့(မကောင်းကြောင်း)ကို မမေးဘဲနဲ့ပင် ပြောကြားတတ်ပြီး
မေးလျှင်လည်း ချဲ့ ကား၍ ပြောတတ်ခြင်း။
(၂)သူတစ်ပါး၏ဂုဏ်ကျေးဇူး(ကောင်းကြောင်း)ကို မမေးလျှင်မပြောဘဲ မေးလျှင်လျှော့
ပေါ့၍ ပြောခြင်း။
မေးလျှင်လည်း ချဲ့ ကား၍ ပြောတတ်ခြင်း။
(၂)သူတစ်ပါး၏ဂုဏ်ကျေးဇူး(ကောင်းကြောင်း)ကို မမေးလျှင်မပြောဘဲ မေးလျှင်လျှော့
ပေါ့၍ ပြောခြင်း။
Sunday, November 23, 2014
ဒုလ္လဘအတွေးတခု (သင်္ကြန်ဆောင်းပါးတပုဒ်)
မဆင်းရဲလိုသော်
ကျေးဇူးတရားဆိုတာ ကြီးသေးမဟူ ဘယ်တော့မှ မမေ့ကောင်းဘူး။
အားလုံး မှတ်ထားကြ။
ပြီးတော့ ကျေးဇူးသိတတ်သူတိုင်းဟာလည်း ဘယ်တော့မှ မဆင်းရဲဘူး။
အခု သည်မှာ ကြုံကြိုက်တုန်း သတိရလို့ ပြောရဦးမယ်။
ဘုန်းကြီးက ထီးဂဏန်း၊ ချဲဂဏန်းတွေပေးနေတယ်ဆိုပြီး
ပြောသံတွေ ကြားနေရတယ်။
ဘုန်းကြီးက ဝိနည်းတော်နဲ့အညီ ကျင့်ကြံနေထိုင်ရတဲ့
ဘုရားသားတော် သာသနာ့ဝန်ထမ်းလေ။
ရတနာသုတ် ရွတ်ဖတ်ခြင်း အကျိုး
ကပ်ကြီးသုံးပါးကို ကျော်နင်းစေနိုင်သည်။ စုန်း၊ တစ္ဆေ ၊ ကဝေ ပယောဂ
ဟူသမျှကို နိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲ ဒုက္ခ ရောက်ရသောအခါ၊
အချုပ်ထောင် နှောင် အိမ်စသည်တို့၌ ကျရောက်သောအခါ
အမြန်လွတ်မြောက်စေနိုင်သည်။ နတ်ကောင်း နတ်မြတ် တို့၏ စောင်မကြည့်ရှုခြင်းကို
ခံရမည်ဖြစ်ပေသည်။
ဗုဒ္ဓတရားဒေသနာတော်ကို လေ့လာခြင်း။
ဤတရားတော်သည် မဇ္ဈိမနိကာယ်မှ ရဌပါလသုတ်၌ ပါရှိသော ဓမ္မုဒ္ဒေသ ၄ ပါးကို ရှင်း
လင်း ဟောကြားထားသည်။ ဗုဒ္ဓမြတ်စွာ၏ တရားဓမ္မသည် အစ၊ အလယ်၊ အဆုံး အမှန်အတိုင်း
ထုတ်ဖေါ်ဟောကြားအပ်သည့် (၁) “သွာက္ခာတ” ဂုဏ်နှင့် ပြည့်စုံပါသည်။
မှန်ကန်စွာ ဟောထားသည်ကို ဟောထားသည့်အတိုင်း လက်တွေ့ကျင့်သုံးခြင်းဖြင့် သိ

ကောင်းမှုပြုသင့်သောတရား(ပုညကြိယ၀တ္ထု) ၁၀ ပါး။
မိမိစိတ်အစဉ်ကို သန့်ရှင်းဖြူစင်စေသောတရားကို ပါဠိလို “ပုည”၊ မြန်မာလို “ကောင်းမှု
=ကောင်းသောအမှု” ဟုခေါ်၏။ ထိုပုညစုကို ဧကနပြုထိုက်သောကြောင့် ပါဠိလို “ကြိယ”၊ မြန်
မာလို “ပြုသင့်သောတရား” ဟုခေါ်၏။ (၀တ္ထု= ကောင်းကျိုးချမ်းသာ၏တည်ရာ) ဤစကားစဉ်
ဖြင့် ကောင်းကျိုးချမ်းသာ မင်္ဂလာ၏တည်ရာ ဖြစ်သောကြောင့် စင်စစ်ပြုထိုက်သော ကောင်းမှု
များကို “ပုညကြိယ၀တ္ထု” ဟုခေါ်၏။ ထိုပုညကြိယ၀တ္ထု ၁၀ ပါးတို့မှာ==
၁။ ဒါန
၂။ သီလ
၃။ ဘာဝနာ
၎။အပစာယန
၅။ ဝေယျာဝစ္စ

နိဗ္ဗာန်နဲ့လောကီကျိုး တွဲဖက်ပြုတဲ့ ပါရမီကုသိုလ်။
ဝိပဿီမြတ်စွာဘုရား ပွင့်တော်မမူမီ သာသနာပကာလက ညီအစ်ကိုနှစ်ယောက် ရှိပါ
တယ်။ တစ်နေ့တော့ ညီဖြစ်သူက ကြံခင်းကိုသွားပါတယ်။ အပြန်ကျတော့ အိမ်မှာကျန်ခဲ့တဲ့
အစ်ကိုအတွက်တစ်ချောင်း၊ သူ့အတွက်တစ်ချောင်းဆိုပြီး ကြံနှစ်ချောင်း ခုတ်ခဲ့ပါတယ်။
သူတို့ခေတ်က ကြံပင်ကို အရင်းကပဲဖြစ်ဖြစ်၊ အဖျားကပဲဖြစ်ဖြစ် မြှောက်လိုက်ရင် ကြံ

ကြီးပွားသင့်သလောက် မကြီးပွားကြရခြင်း။
မြန်မာပြည်သူပြည်သား အများစုသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြပါတယ်။ အလှူ
ဒါနများစွာ ပြုလုပ်နေကြပါတယ်။ ဤသို့ အမြတ်ဆုံး ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး အလှူဒါနများစွာ
ပြုနေကြပါလျက် ကြီးပွားတိုးတက်သူနည်းပြီး ဆင်းရဲနွမ်းပါးသူများပြားနေရသည်မှာ ဗုဒ္ဓ၏စကား
ကို လိုက်နာမှုမရှိခြင်းကြောင့် ပင်ဖြစ်ပါတယ်။

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၁၀)။
“သတိပဌာန် လမင်း”
============
ရှင်တော်ဗုဒ္ဓ၊ သာသနာ့ဝေဟင်၊
သတိပဌာန်လမင်း၊ ထိန်လင်းကြည်လင်၊
ရောင်ခြည်အေးမြ၊ ဖြာကျနေစဉ်၊
နိုးသူများ၊ ရှုပွား အပူစင်။ ။
ကာမဂုဏ်မှောင်တိုက်၊ အိပ်ငိုက်သူတွေ၊
============
ရှင်တော်ဗုဒ္ဓ၊ သာသနာ့ဝေဟင်၊
သတိပဌာန်လမင်း၊ ထိန်လင်းကြည်လင်၊
ရောင်ခြည်အေးမြ၊ ဖြာကျနေစဉ်၊
နိုးသူများ၊ ရှုပွား အပူစင်။ ။
ကာမဂုဏ်မှောင်တိုက်၊ အိပ်ငိုက်သူတွေ၊
Subscribe to:
Posts (Atom)

![“ဘဝတစ်ခုရဲ့ နောက်ဆုံးအချိန်မှာ
နိမိတ်ကောင်းတွေ ထင်ဖို့ အတွက်ကတော့。。。”
•••••••••••••••••••••••••••••••••••••••
တစ်ခါတုန်းက ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းမှာ
အမှုတွေကို ဆုံးဖြတ်ပေးတဲ့ တရားသူကြီးတစ်ယောက်
ရှိပါတယ်။သူ့ရဲ့ထူးခြားချက်ကတော့ လာဘ်စားတာပါပဲ။
ဒါပေမယ့် ...တရားသူကြီးကသာ လာဘ်စားတာ၊
တရားသူကြီးရဲ့ ဘုရင်မင်းမြတ်ကတော့
ဥပုသ် သီလကို ကိုယ်တိုင်ဆောက်တည်သလို၊
မှူးမတ်ငယ်သားတွေကိုလည်း ဆောက်တည်စေပါတယ်။
တစ်နေ့မနက်ခင်းတစ်ခုမှာ တရားသူကြီးဟာ
အမှုတစ်ခုကို လာဘ်စားခဲ့ပြီး၊ဘုရင့်ဆီ အခစား
ဝင်လာပါတယ်။ညီလာခံသဘင်မှာ ဘုရင်မင်းမြတ်က
တိုင်းရေးပြည်ရေးကိစ္စတွေ မဆွေးနွေးခင်
သူ့ရဲ့ မှူးမတ်တွေကို ...
“ဒီနေ့ ဥပုသ်နေ့ ၊ ဥပုသ်ဆောက်ဖြစ်လား”ဆိုတဲ့
မေးခွန်းကို အရင်မေးပါတယ်။မှူးမတ်တွေလည်း
“ဆောက်ဖြစ်ပါတယ်”ဘုရားပေါ့။
အဲဒီ မှူးမတ်တွေကတော့ တကယ်
ဥပုသ်ဆောက်တဲ့သူတွေပါ။
တရားသူကြီးဝင်လာတော့လည်း ဘုရင်မင်းမြတ်က
“ဆရာတရားသူကြီး ဒီနေ့ ဥပုသ် ဆောက်ဖြစ်လား”
လို့မေးပါတယ်။တရားသူကြီးလည်း ရှေ့မှူးမတ်တွေ
ဖြေတဲ့အတိုင်းပဲ “ဆောက်တည်ဖြစ်ပါတယ်ဘုရား”လို့
ညာဖြေ လိုက်ပါတယ်။
တရားသူကြီးညာဖြေတာကို အကြောင်းသိ
ပရောဟိတ်ပုဏ္ဏားတစ်ယောက်က ကောင်းကောင်းသိပါတယ်။
ဒါကြောင့် ညီလာခံပြီးလို့ အပြင်ရောက်တဲ့အခါ
အကြောင်းသိ ပရောဟိတ်ပုဏ္ဏားက
“ဆရာ …ဒီနေ့ ဥပုသ် မဆောက်ဖြစ်ဘူးမဟုတ်လား”လို့
မေးပါတယ်။ဒီတော့ တရားသူကြီးက
“ဟုတ်တယ်၊ငါမဆောက်ဖြစ်ဘူး၊
မနက်က အပြစ်မကင်းတဲ့ အလုပ်တစ်ခုကိုလုပ်ခဲ့တယ်။
ဒါပေမယ့် ဒီညမှာတော့ ခံတွင်းကိုဆေးပြီး ညစာမစားဘဲ၊
ဥပုသ်ဆောက်မယ်။ဒါဆိုငါ့အတွက် ဥပုသ်တစ်ဝက်တော့
ရမှာပဲ” လို့ ပြန်ပြောလိုက်ပါသတဲ့။
တရားသူကြီးကပြောတဲ့အတိုင်းပဲ အိမ်ရောက်တော့
ဥပုသ်ဆောက်ပါတယ်။ဒီလိုနဲ့မနက်ရောက်လာတော့
ဥပုသ်အမြဲဆောက်လေ့ရှိတဲ့အမျိုးသမီးတစ်ယောက်က
အမှုလာအပ်ပါတယ်။အမှုအကြောင်းပြောကြဆိုကြရင်းနဲ့
မွန်းတည့်ခါနီးရောက်သွားရော ဆိုပါတော့။
ဒီတော့ အမှုလာအပ်တဲ့အမျိုးသမီးက
ခံတွင်းဆေးဖို့ပြင်ပါတယ်။
●သူတို့ခေတ်ကတော့ ခံတွင်းကိုဆေးပြီးမှ
ဥပုသ်ဆောက်လေ့ရှိပါတယ်။
နည်းယူဖို့ကောင်းတဲ့ဓလေ့တစ်ခုပါ။
အဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။
တရားသူကြီးကို သရက်သီးတွေ လာကန်တော့ပါတယ်။
တရားသူကြီးကလည်း လာကန်တော့တဲ့ သရက်သီးတွေနဲ့ပဲ
“ဒီသရက်သီးတွေစားလိုက်ပြီး ဥပုသ်ဆောက်ပါ”လို့ပြောပြီး
ပေးလှူလိုက်ပါတယ်။
အမျိုးသမီးကလည်း တရားသူကြီးပြောတဲ့
အတိုင်းပဲ ပြုလုပ်ပါတယ်။
ဒီလိုနဲ့ပဲ သက်တမ်းကုန်ဆုံးတဲ့အခါကျတော့
တရားသူကြီးစုတေခဲ့ရော ဆိုပါတော့။
စုတေတော့ ဘယ်မှာ သွားဖြစ်သလဲဆိုတော့
သရက်ဥယျာဉ်ကြီးတစ်ခုမှာ နတ်သားအဖြစ်
ရွှေဗိမာန်ကြီးနဲ့ ထင်ရှားသွားဖြစ်ပါသတဲ့။
အခြံအရံ နတ်သမီးတွေကလည်း
တစ်သောင်း ခြောက်ထောင်လောက်တောင် ရှိပါသတဲ့။
●နတ်တစ်ဖြစ်လဲ တရားသူကြီးဟာ
ညဘက်မှာသာ နတ်စည်းစိမ်ကို ခံစားနေရပေမယ့်၊
●မနက်အရုဏ်တက်တာနဲ့ နတ်အသွင်နဲ့
နတ်စည်းစိမ်တွေ ကွယ်ပျောက်သွားပြီး၊
ဝေမာနိကပြိတ္တာ ဖြစ်သွားတော့တာပါပဲ။
●ပြိတ္တာဖြစ်သွားတော့ စားရမဲ့၊သောက်ရမဲ့ဘဝနဲ့
“ကိုယ့်ရဲ့အသား”ကို ပြန်စားနေရပါတယ်။
ကိုယ့်ရဲ့အသား ကိုယ်ပြန်စားနေရတာဆိုတော့
သွေးသံတရွှဲရွှဲနဲ့ တစ်ချိန်လုံး အော်ဟစ်ငိုကြွေးနေရပါသတဲ့။
ကံအကျိုးအကြောင်းတွေကို ပြန်ကြည့်တော့
►ဥပုသ်ဆောက်တည်သူ အမျိုးသမီးကို
သရက်သီး လှူခဲ့တဲ့အတွက် သရက်ဥယျာဉ်ကြီးရတာပါတဲ့။
►လာဘ်စားခဲ့တဲ့အတွက်နေ့မှာ ပြိတ္တာဖြစ်ရတာပါတဲ့။
►ဥပုသ်တစ်ဝက်ဆောက်တည်ခဲ့တဲ့အတွက်
ညဥ့်မှာ နတ်စည်းစိမ် ခံစားရတာပါတဲ့။
-【ငါးရာ့ငါးဆယ့်ဇာတ်ဝတ္ထု - ကိံဆန္ဒဇာတ်】
အနဝဇ္ဇကမ္မ=အပြစ်ကင်းတဲ့ အလုပ်ဆိုတာ
“လောကပြစ်၊ဓမ္မပြစ်၊ပစ္စုပ္ပန်ပြစ်၊
သံသရာပြစ်”ကင်းတဲ့အလုပ်တွေပါ။
အဲဒီမှာ စိတ်ဝင်စားဖို့ကောင်းတာက အဋ္ဌကထာမှာ
အနဝဇ္ဇကမ္မ=အပြစ်ကင်းတဲ့ အလုပ်တွေကို
ဖွင့်ပြတဲ့နေရာမှာ
ဥပုသ်ဆောက်ခြင်း၊
ကိုယ့်ပတ်ဝန်းကျင်မှာဝေယျာဝစ္စပြုလုပ်ပေးခြင်း၊
ရဟန်းလူ တိရစ္ဆာန်တို့နားခိုဖို့ သစ်ပင်စိုက်ခြင်း၊
ဥယျာဉ်တည်ခြင်း၊လမ်းပြင်ခြင်း၊
တံတားခင်းခြင်း၊ရေတွင်းရေကန်များတူးခြင်း၊
စတဲ့ အများစိတ်ချမ်းသာစေမယ့်
ပရဟိတလုပ်ငန်းတွေ ဖြစ်တယ်လို့ ဖွင့်ပြထားတယ်။
အများစိတ်ချမ်းသာစေမယ့် ပရဟိတလုပ်ငန်းတွေဟာ
တကယ်အပြစ်ကင်းတဲ့ လုပ်ငန်းတွေဖြစ်တဲ့အတွက်
လုပ်ဖြစ်အောင် လုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။
ဒါကြောင့် ဒီအဋ္ဌကထာအဖွင့်ကို ကြည့်ပြီး
ဆရာကြီးဒဂုန် ဦးထွန်းမြင့်က
“သန့်စင်ပြစ်မျိုး လူထုအကျိုး သယ်ပိုးဆောင်ရွက်စေ”
လို့ စပ်ဆိုထားပါတယ်။
လူတိုင်း ခန္ဓာကိုယ်ကြီးကိုရထားတာဆိုတော့
ခန္ဓာကိုယ်ရဲ့တောင်းဆိုချက်ဖြစ်တဲ့ စားဖို့၊
ဝတ်ဖို့၊နေဖို့ဆိုတဲ့ ဖို့သုံးဖို့ကို မဖြစ်မနေရှာကြရမှာပါ။
အဲဒီလိုရှာဖွေကြတဲ့အခါ အပြစ်ကင်းတဲ့
ရှာဖွေမှုမျိုးတွေဖြစ်နေဖို့ လိုပါတယ်။
■ အိမ်ထောင်ဦးစီးတော်တော်များများဟာ
ကိုယ်ခန္ဓာအတွက်အပြင်၊
ကိုယ်နဲ့ဆက်စပ်နေတဲ့ မိသားစု ခန္ဓာကိုယ်တွေ
အတွက်ပါ၊ရှာရ၊လုပ်ရတာဆိုတော့ ပိုလို့တောင်
သတိထားဖို့ကောင်းပါတယ်။
ကိုယ်က အပြစ်မကင်းတဲ့အလုပ်တွေကို
တစ်ယောက်ထဲသိမ်းကြုံးလုပ်၊
သုံးဆောင်တော့ တစ်မိသားစုလုံးသုံးဆောင် ၊
သံသရာမှာအပြစ်ခံရတော့ ကိုယ်တစ်ယောက်ထဲ
ဆိုရင် နေရာမကျပါဘူး။
မိသားစုအတွက်ကိုယ်က သံသရာပြစ်ခံရရုံသက်သက်၊
လုပ်ကိုင် ရှာဖွေ ကျွေးမွေးနေရတဲ့ သဘော
သက်ရောက်နေတယ်ဆိုရင်တော့၊
ရရှိထားတဲ့ လူ့ဘဝဟာ အဓိပ္ပါယ်မဲ့နေပါလိမ့်မယ်။
အပြစ်တစ်ခုဟာ ပြုပါများလာရင် အပြစ်ကို
အပြစ်လို့ မမြင်တတ်တော့ပါဘူး။
လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခုလိုပဲ
မြင်သွားတတ်ပါတယ်။
အပြစ်ကို အပြစ်လို့ မမြင်တတ်တော့ဘူး ဆိုရင်
ကိုယ်ယုံကြည်ထားတဲ့ ဘာသာတရား
အပေါ် သစ္စာဖောက်တာနဲ့ အတူတူပါပဲ။
ပြုထားတဲ့ကံတွေက အလကား မနေပါဘူး။
ပြုပြီးတာနဲ့ ကံဆိုတာ မြောက်သွားတာပါ။
ကံမြောက်သွားတာနဲ့ “ကံရဲ့အကျိုးတွေ”က
လာတော့မှာပါ။
လူတစ်ယောက်ရဲ့ဘဝမှာ အရေးအကြီးဆုံး
“တရားသုံးပါး”ရှိပါတယ်။အဲဒီသုံးပါးက
“ကံရယ် ၊ ကမ္မနိမိတ်ရယ် ၊ ဂတိနိမိတ်”ရယ်ပါ။
အဲဒီ နိမိတ်သုံးပါးက
ဘယ်အချိန်မှာ ထင်ရှားဖြစ်သလဲဆိုရင်...
“သေခါနီး”မှာ ထင်ရှားဖြစ်ပြပါတယ်။
●ကံ=ဆိုတာ ပြုခဲ့သမျှ ကောင်းမှု၊မကောင်းမှုတွေပါ။
●ကမ္မနိမိတ်=ဆိုတာက သေခါနီးမှာ ကိုယ်ပြုခဲ့တဲ့ကံတွေ
ပြန်ထင်တာ၊ပြန်မြင်ယောင်တာပါ။
(ဥပမာ -ကျောင်းဆောက်လှူဒါန်းခဲ့တယ်ဆိုရင်
ကျောင်းအဆောက်အဦးပုံစံတွေ ပေါ်လာတာပါ။
နွားတွေ၊ဝက်တွေ သတ်ခဲ့တယ်ဆိုရင်လည်း
နွားတွေ၊ဝက်တွေ အရိုးတွေပေါ်လာတာပါ။)
●ဂတိနိမိတ်=ဆိုတာကသေခါနီးမှာ ကိုယ်နောက်
ဘဝလားရာရောက်ရမယ့် ဂတိအာရုံတွေထင်လာတာပါ။
(ဥပမာ
-နတ်ပြည်လားရောက်ရမယ်ဆိုရင်
ဥယျာဉ်၊ဗိမ္မာန်၊ပဒေသာပင်၊နတ်သား၊နတ်သမီးတွေပါ။
-ငရဲလားရောက်ရမယ်ဆိုရင်
ခွေးနက်ကြီး၊လင်းတ၊ငရဲသား၊ငရဲမီးလျံ တွေပါ။
-တိရစ္ဆာန်ဖြစ်ရမယ်ဆိုရင် တောတောင်ချုံစသည်တွေပါ။
-ပြိတ္တာဖြစ်မယ်ဆိုရင် အမိုက်မှောင်၊သမုဒ္ဒရာ၊
မြစ်ကမ်းစသည်တွေပါ။
-လူ့ပြည်ပြန်ဖြစ်မယ်ဆိုရင် ကမ္ဗလာလို
နီတဲ့အဆင်းရှိတဲ့ အမိဝမ်းရေး စသည်တွေပါ။
နမိတ် ထင်တယ်ဆိုတာက ပြုခဲ့တဲ့ကံတွေကို မှီပြီး
ထင်တာဆိုတော့ အပြစ်ကင်းတဲ့ကံတွေ
ပြုဖြစ်နေဖို့ အရေးကြီးပါတယ်။
အပြစ်မကင်းတဲ့ကံတွေ ပြုခဲ့ပြီး၊သေခါနီးကျမှ
နောင်တရနေမယ်ဆိုရင်လည်း အချိန်က နှောင်းသွားပါပြီ။
ဘဝတစ်ခုရဲ့နောက်ဆုံးအချိန်မှာ နိမိတ်
ကောင်းကောင်းလေးတွေ ထင်ဖို့ပဲ အရေးကြီးပါတယ်။
နိမိတ်ကောင်းကောင်းလေးတွေထင်ဖို့ အတွက်ကတော့ …..။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
အပ္ပမာဒေန သမ္ပာဒေထ။
-【အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ) ၏
“မင်္ဂလာအတွေးများ” နှာ ၁၁၄- ၁၁၉မှ-
ကူးယူပူဇော်မျှဝေပါသည်။】
Posted by
www.facebook.com/youngbuddhistassociation.mm
[မင်္ဂလာအတွေးများ(၁၇)
အနဝဇ္ဇာနိကမ္မာနိ၊ဧတံမင်္ဂလမုတ္တမံ။
အပြစ်ကင်းသော အလုပ်တို့ကို ပြုလုပ်ခြင်းသည်
မြတ်သော မင်္ဂလာမည်၏။
သန့်စင်ပြစ်မျိုးလူထုအကျိုး၊သယ်ပိုးဆောင်ရွက်စေ။ ။]
အလင်းတန်းဂျာနယ် (၂၉.၁၂.၂၀၀၃)](https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-xfp1/v/t1.0-9/s526x296/10801504_917893978220615_2505523508668163395_n.png?oh=090d2612c1eaa97294030afb992eb22a&oe=5515BE43&__gda__=1423281267_ca792904aae47ab60e76a2c059e14134)