Saturday, November 26, 2016

ကောင်းကျိုးချမ်းသာတွေရဲ့ ၀င်ပေါက်။

      လူ့ဘ၀ရလာပြီဆိုရင် ကြီးပွားတိုးတက်ခြင်းရဲ့ ဂိတ်ဝကြီးတွေ ၆ ခု ရှိပါတယ် (သို့မ
ဟုတ်) ကြီးပွားတိုးတက်နိုင်တဲ့ အကြောင်းတရားဟာ ၆ မျိုး ရှိပါတယ်။
         နံပါတ် (၁)  “အာရောဂျံ” - ကျန်းမာခြင်းတဲ့၊ ကိုယ်ကျန်းမာရမယ်၊ စိတ်ကျန်းမာရမယ်၊  

အနာထပိဏ်သေဌေးကြီး မျက်ရည်ယိုစီး ငိုကြွေးရခြင်း။

         အနာထပိဏ်သေဌေးကြီးသည် သေခါနီး၌ ဘုရားရှင်၏ တရားတော်ကို နာလို၍တောင်း
ဆိုရာ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဤသို့ ဟောတော်မူ၏။ ....
         သေဌေးကြီး .. မိမိကိုယ်၌ရှိသော စက္ခုပသာဒ၊ သောတပသာဒ၊ ဃာနပသာဒ၊ ဇိဝှါပ
သာဒ၊ ကာယပသာဒ၊ မနောဒွါရတို့ကို တဏှာ၊ မာန၊ ဒိဌိတို့ဖြင့် စွဲအပ်ကာ (ငါ့ဥစ္စာ၊ ငါ၊ ငါ့ကိုယ်)

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၂၆)။

“ အနတ္တမြင်  ဒုက္ခစင်”
=============
ရုပ်နာမ်ဓမ္မ၊  သဘာဝကား
ခဏဖြစ်လျက်၊  ခဏပျက်၍
နှိပ်စက်တတ်စွာ၊  နှစ်မပါဘူး
လိုရာမကျ၊  စိုးမရမို့
အတ္တမပါ၊  သူငါမဟုတ်
နာမ်နှင့်ရုပ်မျှ၊  သဘာဝဟု
ကျနထင်ထင်၊  ဉာဏ်၌မြင်သော်
လေးအင်အပါယ၊  ၀ဋ်ဒုက္ခ
မုချ  လွတ်တော့သည်။ ။ ။
-------------------------------------------------------------
  “အ၀ိဇ္ဇာ၏  ဒဏ်ချက်”
==============
မှောင်ကြီး အ၀ိဇ္ဇာ၊  ပိတ်ဖုံးကာ၍
သူငါစသား၊  သတွာများတို့
ငါးပါးအာရုံ၊  ကာမဂုဏ်တွင်
ပြစ်မမြင်ဘဲ၊  ခင်မင်စွဲလမ်း
အာသာငမ်းလျက်၊  ရလမ်းကိုပြု
မကောင်းမှုနှင့်၊  ကောင်မှုတထွေ
ကံနှစ်ထွေကြောင့်၊  ထွေထွေဇာတိ
ရပြန်တည့်သော်၊  အိုဘိနာသေ
ဆင်းရဲတွေနှင့်၊  စိတ်စေဆင်းရဲ
ကိုယ်ဆင်းရဲဟု၊  ဆင်းရဲပြင်းပြ
ခံစားရသည်၊  မောဟဖုံးမှု ဒဏ်ပေတည်း။ ။ ။
{၁၉၈၃ ခု အောက်တိုဘာလ။ ချမ်းမြေ့ဆရာတော် အရှင် ဦးဇနကာဘိဝံသ၏
 ဆင်းရဲငြိမ်းအေး ချမ်းသာရေး  တရားတော်မှ ကူးယူရေးသားပူဇော်ပါသည်။}
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ဥပုသ်စောင့်ယင်း သောတာပန် ဖြစ်သူ

အနာထပိဏ် သဌေး၌ သားမိုက် တယောက် ရှိ၏။ မိဘ၏ အဆုံးအမကို လုံးဝမနာယူပဲ အပေါင်းအသင်းတို့နှင့်အတူ အမြဲတစေ ပျော်ပါး သုံးဖြုန်းလျက်နေ၏။ ယခုခေတ် အခေါ်အရ ဆိုလျှင် လမ်းသရဲဟု ခေါ်ရပေလိမ့်မည်။ သူ့နာမည်က မောင်ကာဠ။

Friday, November 25, 2016

ဘာသာရေးစံ သာသနာရေး မှတ်ကျောက် တရားတော်


ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဖရီးမောင့်မြို့ မာဃလုလင်အဖွဲ့မှ ကျင်းပပြုလုပ်သော ဓမ္မပူဇာတွင် ဟောကြားတော်မူသော “ဘာသာရေးစံ သာသနာရေး မှတ်ကျောက် တရားတော်”
သာသနာတော်နှစ် ၂၅၅၈ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ တော်သလင်းလဆန်း (၇)ရက်၊ တနင်္ဂနွေနေ့ {August 31, 2014 (Sunday)}

နှစ်ဖက်မြင်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်။

        မြတ်စွာဘုရားက မျက်စိနှစ်ဘက် ကန်းနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဒုက္ခိတလို့ ခေါ်
သလို လူဖြစ်လာပြီးတော့ ဘာမှမသိတဲ့ ပုဂ္ဂိုလ်တစ်ယောက် မဖြစ်သင့်ဘူးတဲ့။ လောကကြီးမှာ
လူဦးရေကို ပိုင်းခြားပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ဘာမှမသိတဲ့ လူတန်းစားတစ်ခု ရှိပါတယ်။   

ဘ၀တိုင်း (၀မ်းတွင်းပါ)ဇာတိပညာရှိအောင် ပျိုးထောင်နည်း။

      ပဋိသန္ဓေက ဉာဏ်ဓာတ်ပါလာခြင်းသည် လောကီ၌သာ အကျိုးများသည် မဟုတ်သေး။
တရားအားထုတ်ရာ၌လည်း အကျိုးများ၏။ ပဋိသန္ဓေ ပညာရှိသူသာ တရားအားထုတ်၍ ပေါက်
နိုင်၏။ ထို့ကြောင့် ဖြစ်လေရာဘ၀တို့၌ ပဋိသန္ဓေပါ ပညာရှိဖြစ်အောင် ယခုဘ၀ကပင် ထူထောင်

အရှင်ဆေကိန္ဒ၏ မလဲအောင် ချိန်လို့ရတဲ့ လက်ကိုင်လေး။

      လူငယ်၊ လူလတ်၊ လူကြီး အရွယ်မရွေး အသစ်အဆန်းဆို ကြိုက်ကြပါတယ်။ ကိုယ်ဖြတ်သန်း
လာရတဲ့ အရွယ်တိုင်းမှာ မသိသေးတဲ့ဟာ သိချင်တယ်။ မတတ်သေးတဲ့ဟာ တတ်ချင်တယ်။ ဒါပေမဲ့
စူးစူးစမ်းစမ်း လုပ်ချင်တဲ့ အရွယ်ကျတော့ ကြီးကောင်ပေါက် လူရာဝင်တဲ့ အရွယ်မှာ။ သိချင်တာတွေ

Thursday, November 24, 2016

ခွင့်လွှတ်တယ်ဆိုတာ ( ဆရာတော် ဦးဇောတိက )


တစ်ကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကိုပြောပြမယ်။ ဒါက အမေရိကမှာဖြစ်ခဲ့တာ။ ဒကာမကြီးတစ်ယောက်ရဲ့ တစ်ဦးတည်းသော သမီးကို လူတစ်ယောက်က သတ်လိုက်တယ်။ သူ့ မှာ ဒီသမီးတစ်ယောက်ထဲ ရင်းရင်းနှီးနှီးချစ်စရာရှိတာနော်။ အဲဒီသမီး အသတ်ခံလိုက်ရတော့ အဲဒီ ဒကာမကြီးမှာ အကြီးအကျယ်စိတ်ဆင်းရဲရတယ်။ သူ့ ရဲ့ ဆုံးရှုံးမှုက ဘယ်လိုမှ အစားထိုးလို့ မရနိုင်တော့ဘူး။

Wednesday, November 23, 2016

တရားနာ၊ တရားစာဖတ်ခြင်းကြောင့်ရနိုင်မည့်အကျိုးတရားများ


မိမိတို့နေ့စဉ်တရားတွေနာကြားခြင်း၊ဘာသာရေးဆောင်းပါများဘာသာရေးစာပေများ၊
တရားစာများကိုဖတ်ရှုခြင်းသည်အကျိုးမမဲ့ဘဲ ကောင်းကျိုးများကိုရစေတတ်တယ်၊
ကုသိုလ်တရားများကိုရစေတတ်တယ်ဆိုတဲ့အကြောင်းကိုသိစေချင်ပါတယ်။
တရားနာခြင်း(သို့)တရားဖတ်ခြင်းကို ဓမ္မဿဝနလို့ခေါ်ပါတယ်။တရားနားခြင်းကြောင့်

လူရဲ့ရတနာအစစ်။

   မြတ်စွာဘုရားက ရတနာအစစ် ဆိုတာ အဲဒီ စိန်တွေ ရွှေတွေ ပတ္တမြားတွေ မဟုတ်ပါတဲ့။
“ပညံ နရာနံ ရတနံ” - “အသိပညာသာ လူ့ရဲ့ရတနာ” လို့ ဆိုပါတယ်။ ဟို စိန်၊ ရွှေရတနာတွေက
ခဏတစ်ဖြုတ်ပဲ ပိုင်ဆိုင်ခွင့် ရှိတာပါ။

တစ်ကိုယ်လုံး ပုပ်စော်နံနေသောမထေရ်။

      သာဝတ္တိပြည် ဇေတ၀န်ကျောင်းဝင်း၏ အစွန်ကျသော ကျောင်းတစ်ကျောင်း၌ ရဟန်း
တော်တစ်ပါးသည် ညောင်စောင်းပေါ်တွင် လူးလှိမ့်ရင်း ဝေဒနာ အပြင်းအထန် ခံစားနေရ၏။ ရ
ဟန်း၏ ခန္ဓာကိုယ်တွင် အနာလုံးကြီးများသည် သွေးတစိုစို ပြည်တရွှဲရွှဲဖြင့် တစ်ကိုယ်လုံး အပ်ချစရာ

ဘုရားလောင်း တုဿီတာ နတ်ပြည်မှ ကြည့်ခြင်း ၅ ပါး။

             ဘုရားလောင်း တုဿီတာ နတ်ပြည်မှ ကြည့်ခြင်း ၅ ပါးမှာ = =
၁။ ကာလ = ဘုရားဖြစ်အံ့သော ကာလကို ကြည့်တော်မူခြင်း။
၂။ ဒေသ = အရပ်ကို  ကြည့်တော်မူခြင်း။
၃။ ဒီပ = ဖြစ်ရာ ကျွန်းကို  ကြည့်တော်မူခြင်း။

Tuesday, November 22, 2016

ဘဒ္ဒါလိမထေရ်နှင့် ညစာ

ရာဇဂြိုဟ်ပြည်မှာ တောင်တွေနဲ့ ပတ်သက်တဲ့ ပွဲလမ်းသဘင်တွေကို ကျင်းပလေ့ရှိတယ်။ “တောင်ထိပ်ပွဲသဘင်”လို့ ခေါ်လေ့ရှိတယ်။ တော်တော်ကြီးကို စည်စည်ကားကား ရှိတယ်။

ဘုရားရှင်ရဲ့ သာသနာအစပိုင်းက ရဟန်းခံရင် အသက်၂၀ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက် မရှိသေးဘူး။ အဲဒီသတ်မှတ်ချက် မရှိသေးခင်တုန်းက အသက်ခုနှစ်နှစ်အရွယ် တစ်ကျိပ်ခုနှစ်ယောက်သော ကစားဖော်ကစားဖက် ကလေးငယ်လေးတွေဟာ ရဟန်းပြုခဲ့ကြတယ်။ သူတို့တွေဟာ ရဟန်းဘ၀မှာ အတူတူပဲ နေထိုင်ကြတယ်။

Monday, November 21, 2016

တရားဘာလို့ ဟောရတယ်

ဘုရားလက်ထက်တုံးက -ကုမာရမင်းသားလေးက ဘုရားကိုမေးတယ်၊ သူတပါးနားထောင် ချင်မှန်းမသိ နားမထောင်ချင်မှန်းမသိပါဘဲ။အဘယ်ကြောင့်အတင်းတရားတွေဟောပြောနေရ သနည်း ဟု မေးလတ်သော် မြတ်စွာဘုရားဖြေကြားသည်မှာ ကုမာရ- သင့်မှာသားသမီးရှိသလား ၊ ( တွားသွားအရွယ်-သားငယ်လေးရှိပါသည်ဘုရား ဟုဖြေ၏)။

အခွင့်ကောင်းဆိုတာ နှစ်ခါမလာပါ။

       “အခွင့်ကောင်းကို ရအောင်ယူ” ဆိုတဲ့စကားကို အရေးတကြီး ပြောကြားခဲ့တဲ့အထဲမယ်
မြတ်စွာဘုရားရဲ့ တပည့်သားသာဝက ရှင်ဥပါလိမထေရ်ဆိုတာ ရှိပါတယ်။ ရှင်ဥပါလိမထေရ်ဟာ
ဝိနယပိဋကကို တာဝန်ယူပြီး ထိန်းသိမ်း စောင့်ရှောက်ခဲ့တယ်၊ မြတ်စွာဘုရားရဲ့ စည်းမျဉ်းစည်း

ဣနြေ္ဒ ၅ ပါး။

၁။ သိဒ္ဓိနြေ္ဒ   = ယုံကြည်မှုဖြင့် စိတ်ကို အစိုးရခြင်း။
၂။ ၀ီရိယနြေ္ဒ = ၀ီရိယဖြင့် စိတ်ကို အစိုးရခြင်း။
၃။ သတိနြေ္ဒ  = သတိဖြင့် စိတ်ကို အစိုးရခြင်း။

မူကြိုတို့အတွက် ၀ိပဿနာ။

        မူလတန်းပညာကို တက်ရောက်သင်ယူရန်အတွက် အသင့်ပြင်ဆင်မှုအဖြစ် ကလေးများ
ကျောင်းနေပျော်အောင် မူကြိုကျောင်းကို တက်ရောက်သင်ကြားလေ့ရှိပါသည်။ ဒီနေရာ၌
မူကြိုတို့အတွက် ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်တို့ ၀ိပဿနာတရား အားထုတ်ရန် တာစူနေသူတို့ကို

Sunday, November 20, 2016

ရခဲပေစွ လူ့ဘဝ

ရခဲလှသောလူ့ ဘဝ ၊ သာသနာတော်အတွင်းမှာလဲ လူဖြစ်ရ၊ခက်ခဲနက်နဲသော တရားများ ကိုလည်း သင်ယူနားကြားနေရသော ယခုဘဝသည် နိဗ္ဗာန်၏ အနီးအပါးသို့ ဆိုက်၍နေသော ဘဝပေတည်း၊

၁- အလွန်ကျင့်၍ အလွန်ရင့်မှပွင့်လေသောဗုဒ္ဓ နှင့်ဗုဒ္ဓခောတ်တို့ လည်းလက်ဝယ်ရှိနေ၏။ ယခုလူ့ ဘဝ တွင်ပါရမီတော်အဆင့်ဆင့်ကိုကောင်းစွာအဆင့်ဆင့်ဖြည့်ကျင့်ခွင့်ရနေသည်၊