Saturday, January 2, 2016

သောတဒွါရဆိုင်ရာ ရှုမြင်ပုံ။

       အကြားအာရုံနဲ့ ပတ်သက်ပြီး အသံက နားထဲမှာ ၀င်လာတယ်။ နားထဲမှာ အသံကို ကြား
လိုက်ရတယ်။ ကြားလိုက်ရတဲ့ အခါမှာ ကြားသိစိတ် ပေါ်လာတယ်။ ကြားသိစိတ် ပေါ်လာတော့
အာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿ ပေါ်လာတယ်။ ပေါ်လာတာအခါ ခံစားမှုဆိုတဲ့ ဝေဒနာ ပေါ်
လာတယ်။  နားရယ်၊ အသံရယ်၊ ကြားသိစိတ်ရယ်၊ ဖဿရယ်၊ ဝေဒနာရယ် (၅) ခုပဲ -ဟော

အထင်ကြီးမှာကို ကြောက်လွန်းလို့ပါ။

         ဆရာတော်ရဲ့ ဆရာ(အဖေ ဆရာ)က တောင်စွန်း ဓမ္မဒူတဆရာတော်၊ ဓမ္မဒူတဆရာ
တော်ရဲ့ဆရာ(အဘိုး ဆရာ)က စစ်ကိုင်းနန်းဦး ဆရာတော်ကြီး ဖြစ်တယ်။ တောင်စွန်းဓမ္မဒူတ
ဆရာတော် ဘုရားကြီး စစ်ကိုင်းမှာ စာကျက်တုန်းက နန်းဦးကျောင်း အဲဒီဆရာတော်ကြီးဆီ
မှာ စာကျက်တယ်။ ဆရာတော်ကြီးရဲ့  တပည့်ရင်းပဲ၊ ဓမ္မဒူတဆရာတော်က၊ မွန်ပြည်နယ်၊

“အမြင်ကတော့ ဟုတ်သလိုလို”။

       မြတ်စွာဘုရားလက်ထက်တော်က သိပ်ချောသိပ်လှတဲ့ ခေမာမိဖုရားကြီးက သူရဲ့
အလှပေါ်မာန်တက်ပြီး၊ ဘုရားနားလည်း မကပ်၊ တရားလဲ မနာချင်၊ သံဃာတော်တွေကိုလည်း
မဖူးမျှော်ချင်ပါ။ အဲဒီ မိဖုရားကြီးကို မြတ်စွာဘုရားက.. “ခေမာမိဖုရား သင်က လှတယ်ပတယ်
ထင်နေတဲ့ သင်ရဲ့ခန္ဓာကိုယ်ကြီးကို တကယ် လှပတင့်တယ်မှု ရှိမရှိ  ဉာဏ်ပညာလေးနဲ့ စစ်ပြီး

"ပစ္ဆိမဘဝိက ဘုရားလောင်း ဘုရားရှင်တို့၏ ဓမ္မတာ(၃၀)”


၁။ ပစ္ဆိမဘဝိက ဘုရားလောင်းသည် ပညာအဆင်အခြင်ရှိလျှက် မယ်တော်ဝမ်း၌ ပဋိသန္ဓေနေခြင်း။
၂။မယ်တော်ဝမ်း၌ ထက်ဝယ်ဖွဲ့ကာ မယ်တော်ဝမ်းဘက် မျက်နှာမူ၍နေခြင်း။
၃။ မယ်တော်ရပ်လျှက်သာ ဘုရားလောင်းကို ဖွားတော်မူခြင်း။
၎။တောအရပ်၌သာ ဖွားတော်မူခြင်း။

Friday, January 1, 2016

ဓမ္မနဒီမှ မေးခွန်းလေးတခု



Kyaw Zayhtun ။----။ အမြဲတရားအားထုတ်ပြီး တရားစခန်းဝင်နေတဲ့အဖွား၁ယောက်ကိုမေးဖူးတယ်။ဆေးရုံတက်လို့မခံမရပ်နိုင်အောင်နာကျင်နေတော့ "အဖွား..နာတာကိုတရားနဲ့ဖြေပြီး အားထုတ်လို့ရလား"မေးကြည့်တယ်။"အားထုတ်လို့မနိုင်ဘူး"တဲ့။သမ္မထအားကောင်းတဲ့အဖွားတောင်ဒီလိုနာကျင်မှုကိုမရှုမှတ်နိုင်သေးဘူးစိုတော့ ကျွန်တော်သေခါနီးရင်ဘုရားတရားအာရုံပြုနိုင်ပါ့မလား အရမ်းစိုးရိမ်မိတယ်ဗျာ..။

Thursday, December 31, 2015

ကုသိုလ်..အကုသိုလ်


သံသရာဟာ..လွန်စွာရှည်လျားပြီး..
ဘ၀မျိုးစုံကျင်လည်...ဖြတ်သန်းခဲ့တဲ့အခါမှာ...။
အရင့်...အရင်ဘ၀တွေက...သိ၍သော်၎င်း...
မသိ၍သော်၎င်း...ကုသိုလ်....အကုသိုလ်...
အလုပ်တွေ...လုပ်ခဲ့မိကြမှာ.....မလွဲပါဘူး...။

မသေခင်ခုနှစ်ရက်အလိုမှာ။

     လူ့ဘ၀ကြီးတစ်ခုဟာ မိခင်ဝမ်းထဲအရည်ကြည်လေးကစပြီး နောက်ဆုံးမြေကြီးမှာ အဆုံးသတ်
ပါတယ်။ နှစ် ၆၀၊ ၇၀၊ ၈၀၊ ၉၀ စသည့် အတိုင်းအတာလေးကို လူ့ဘ၀တစ်ခုလို့ သတ်မှတ်နေကြပါ
တယ်။ ဒို့တွေအားလုံးက မခေါ်ဘဲနဲ့ လာခဲ့တဲ့ (ဘ၀တစ်ခု) လူ့ဘ၀ရလာကြပြီး တစ်နေ့နေ့ တစ်ချိန်ချိန်
မှာ မနင်ဘဲနဲ့လဲ လူ့ဘ၀ကိုစွန့်ခွါပြီး ပြန်ကြရဦးမှာပါ။ လူ့ဘ၀ကို စွန့်ခွါမသွားခင် အတောအတွင်းမှာ

ကမ္မဋ္ဌာန်းအားထုတ်သူ၏ ဂုဏ်အင်္ဂါများ။

သမထ ဝိပဿနာဆိုတဲ့ ကမ္မဋ္ဌာန်းတရား အားထုတ်ကြတဲ့နေရာမှာ ပြည့်စုံရမည့်
အင်္ဂါတွေ ရှိပါတယ်။

(၁) သီလစင်ကြယ်ရမယ်။

(၂) ကမ္မဋ္ဌာန်းပေးစွမ်းနိုင်တဲ့မိတ်ဆွေကောင်း၊ ဆရာကောင်းထံချဉ်းကပ်ရမယ်၊

စက္ခုဒွါရဆိုင်ရာ ရှုမြင်ပုံ။

        မျက်စိနှစ်လုံးဖွင့်ပြီး မြင်စရာ အာရုံတွေကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် မျက်စိမှာ
ရူပါရုံ ထင်ဟပ်လာတဲ့ အခါမှာ ထင်ဟပ်မှု စွမ်းအားကြောင့် ထိုရူပါရုံကိုမြင်ပြီး သိတဲ့စိတ်
ဆိုတဲ့ စက္ခုဝိညာဏ် စိတ်ကလေး ပေါ်လာပြန်ပါတယ်။ အဲဒီ စက္ခုဝိညာဏ်စိတ်ကလေး ပေါ်
လာတာနဲ့တစ်ပြိုင်နက် အာရုံနဲ့စိတ် ထိတွေ့မှုဆိုတဲ့ ဖဿ ဆိုတာ ပေါ်လာပါတယ်။ အဲဒီ

Wednesday, December 30, 2015

လောကီ အကျိုးစီပွား နှင့် လောကုတ္တ၇ာ ချမ်းသာေ၇းအတွက် မိတ်ဆွေကောင်းနှစ်မျိုး

ယနေ့ကမ္ဘာ့လူသား အပေါင်းတို့သည် အသိပညာနှင့် အတတ်ပညာများ တိုးတက်လာ သည်နှင့်အမျှ လူအချင်းချင်း ဆက်ဆံရေးသည်လည်း ပို၍ပို၍ နက်ရှိုင်း လာခဲ့သည်။ လူအချင်းချင်း ပေါင်းသင်း ဆက်ဆံရေးကို အခိုင်မြဲဆုံး ဖွဲ့နှောင်ထားသည်မှာ မေတ္တာပင် ဖြစ်သည်။ မေတ္တာဖြင့် ပေါင်းသင်း ဆက်ဆံတတ်သူကို မည်သူမျှ အဆက်မဖြတ် လိုကြဘဲ ဝေးနေ သည့်တိုင်အောင် တွေ့လိုမြင်လို အားထားလိုသော ဆန္ဒဖြင့် တမ်းတနေ ကြမည် ဖြစ်သည်။

Tuesday, December 29, 2015

မီးလွတ်စားခြင်း

ဗုဒ္ဓဘာသာများထဲတွင်“မီးလွတ်စားခြင်း” ကို သာသနာတော်အကျင့်ဟု
ထင်မှတ်သူများ ရှိပါသည်။မီးလွတ်စားသော ပုဂ္ဂိုလ်များကိုလည်းသူတော်စင် သူတော်မြတ်အလား သဘောထား ကြည်ညိုကြ၏။“မီးလွတ်စားခြင်း”ဟူသည် မီးဖြင့် ချက်ပြုတ်ကြော်လှော်ထားခြင်းမရှိသော
အစားအစာ၊ သစ်သီးသစ်ဥတို့ကိုသာ စားသုံးခြင်းကို ဆိုလိုပါသည်။

ဘုရားရှင်ရဲ့ အလုပ်အကျွေးတာဝန်။

         အရှင်ပုဏ္ဏဟောကြားသော တရားကြောင့်ရှင်အာနန္ဒဟာ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊
ဝိညာဏ် လို့ ဆိုတဲ့ ဒီ ခန္ဓာငါးပါးအပေါ်မှာ တဏှာနဲ့ တွယ်တာ သာယာမှုဆိုတာ မလာတော့ပါ။ 
ခန္ဓာအပေါ် ငြီးငွေ့လာပါတယ်။ ငြီးငွေ့ လာတဲ့အခါ တွယ်တာမှုတွေ ကင်းပြတ်လာပါတယ်။
တွယ်တာမှု ကင်းပြတ်လာတာနဲ့ တစ်ပြိုင်နက် စိတ်ကလေးဟာ ကိလေသာ အတွယ်အတာတွေ

မဂ္ဂင် ရှစ်ပါး။

        မဂ္ဂင် ရှစ်ပါးမှာ ==
၁။ သမ္မာဒိဌိ = သစ္စာတရားလေးပါးကို ကောင်းစွာမြင်ခြင်း။ မှန်ကန်သောအယူရှိခြင်း။
၂။ သမ္မာသင်္ကပ္ပော = ၀ိတတ်သုံးပါးမှ ကင်း၍ ကောင်းသောအကြံကို ကြံခြင်း။
၃။ သမ္မာဝါစာ = ၀စီဒုစရိုက်လေးပါးမှ ကြဉ်၍ ကောင်းသောစကားကိုပြောဆိုခြင်း။

နိဗ္ဗာန်ကိုရှာဖို့ရာ ကြံစည်တော်မူခြင်း။

      ဘုရားလောင်းသိဒ္ဓိတ္တမင်းသားဟာ မိမိကိုယ်တိုင်က အိုတတ်သောသဘောရှိပါလျက် အို
တတ်သောသဘော ရှိတာတွေကို ရှာကြံသိမ်းပိုက်နေတာ မတော်ဘူး၊ မိမိကိုယ်တိုင်က အိုတတ်
ပါလျက် အဲဒီ အိုတတ်တဲ့ ကာမဂုဏ်တွေကို အမြတ်တနိုးလုပ်ပြီး ရှာကြံသိမ်းပိုက်နေတာ မတော်
ဘူး။ ထို့အတူပင် မိမိကိုယ်တိုင်က နာတတ်ပါလျက်၊ သေတတ်ပါလျက်၊ နာတတ်၊ သေတတ်တဲ့

Monday, December 28, 2015

“ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်နှင့် သေခါနီးကာလ၌ အရေးကြီးပုံ”



သက်တမ်းကုန်၍သေခြင်း(Death due to the expiration of the age-limit)၊
ကံကုန်၍သေခြင်း(Death due to the expiration of the reproductive kammic force)၊
သက်တမ်း ကံ နှစ်ပါးကုန်၍ သေခြင်း(Death due to expiration of the both the age-limit and kamma၊

Sunday, December 27, 2015

"ပထမဆုံး အဘိဓမ္မာတရားတော်ကို ဆောင်သူများ"

-"ကဿပ မြတ်စွာဘုရားရှင်" လက်ထက်တော် အခါက လင်းနို့ငယ်များ ဖြစ်ခဲ့၍
ရဟန်းတော်နှစ်ပါးထံမှ အဘိဓမ္မာတရားတော်အသံ ကို ကြားနာခဲ့ရပြီး "ဂေါတမဗုဒ္ဓမြတ်စွာဘရားရှင်" သာသနာတော်၌ "သာဝတ္တိမြို့"တွင်လူလာဖြစ်သဖြင့် "အရှင်သာရိပုတ္တရာ" အထံ၌"ရဟန်း"

ရှင်ပုဏ္ဏဟောကြားသော ၀ိညာဏ်ကိုရှုမြင်ပုံတရားတော်။

       အသိစိတ် လို့ဆိုတဲ့ ၀ိညာဏ် လေးဟာလဲပဲ စဉ်ဆက်မပြတ် တစ်စိတ်ပြီး တစ်စိတ်၊
တစ်စိတ်ပြီးတစ်စိတ် အင်မတန်မှ လျှင်မြန်တဲ့   နှုန်းထားနဲ့ ပြောင်းရွေ့ပျက်စီးပြီးတော့နေ
ပါတယ်။ အဲဒီလို လျှင်မြန် တဲ့အဟုန်နဲ့ ဖြစ်ပြီး ပျက်နေတဲ့ အသိစိတ်ကလေးကိုလည်းပဲ မြဲ
တာမဟုတ်သည့်အတွက်ကြောင့် အနိစ္စ။ မမြဲသည့်အတွက်ကြောင့် ဒုက္ခ။ ပြောင်းလဲတတ်သည့်

နန်းဦးဆရာတော်ဘုရားကြီး၏ အဆုံးအမ။

     ဆရာတော်ရဲ့ ဆရာ(အဖေ ဆရာ)က တောင်စွန်း ဓမ္မဒူတဆရာတော်၊ ဓမ္မဒူတဆရာ
တော်ရဲ့  ဆရာ(အဘိုး ဆရာ)က စစ်ကိုင်းနန်းဦး ဆရာတော်ကြီး ဖြစ်တယ်။ ဓမ္မဒူတ ဆ
ရာတော် ဘုရားကြီး စစ်ကိုင်းမှာ စာကျက်တုံးက နန်းဦးကျောင်း အဲဒီဆရာတော်ကြီးဆီ
မှာ စာကျက်တယ်။ ဆရာတော်ကြီးရဲ့  တပည့်ရင်းပဲ၊ ပိဋကတ် ၃ ပုံကို စဖြေတယ်၊ ၁ ပုံ

"သောတာပန်၏ ထူးခြားချက်(၇)ရပ်"

ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ကြည့်လိုက်ရင် ဝေဒနာပေါ်လဲ ဖောက်ပြန်သွားတာပဲ၊ ပျက်စီးသွားတာပဲ။ ဝေဒနာရှုလိုက်တော့ ဝေဒနာလေးက ဖြစ်လိုက်ပျက်လိုက်နဲ့ သူ့သဘောသူ စွန့်စွန့်သွားတယ်။