အခုခေတ်ဘုရားပွဲဆိုတာကတော့ အများအားဖြင့် ဘုရားပွဲလို့ ဆိုပေမယ့် ဘုရားကို
ပူဇော်တာထက် ဘုရားကို အကြောင်းပြပြီး အပျော်အပါးလုပ်တာကို ပိုပြီးတော့
အလေးပေးတဲ့ သဘောတွေပါလာတယ်။
ဘုရားပွဲဆိုပြီးတော့ ဘုရားရှေ့မှာ သွားပြီး ဂုဏ်တော်တွေ ပွားတယ်။
ဘုရားဂုဏ်တော်တွေ၊ ပရိတ်တော်တွေ ရွတ်ဆိုတယ်။ ဒါက နည်းပါတယ်။
ဘုရားပွဲဆိုပြီးတော့ ဘုရားရဲ့တရားတော်တွေကို ဟောပြောတဲ့ တရားပွဲဆိုလည်း
အင်မတန်ရှားပါတယ်။
Saturday, February 25, 2017
Friday, February 24, 2017
ကြိုတင်၍ မသိနိုင်ပါသဖြင့်
ဘယ်အရွယ်မှာ၊ ဘယ်ရောဂါဖြင့်
ဘယ်ရပ်ဒေသ၊ ဘယ်ကာလ၌
သေကြရမည်၊ မသိနိုင်တာ၊ ဓမ္မတာတည်း။
သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်း
ဖြစ်ရာဘဝ၊ ဘုံဌာနကို
ကြိုတင်တိကျ၊ မသိရ၍
တိကျသေချာ၊ ခုချိန်ခါ၌
ကောင်းမှုအစု၊ ကြိုးစားပြုလော့။ ။
(မနာပဒါယီ ဆရာတော်)
ဘယ်ရပ်ဒေသ၊ ဘယ်ကာလ၌
သေကြရမည်၊ မသိနိုင်တာ၊ ဓမ္မတာတည်း။
သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်း
ဖြစ်ရာဘဝ၊ ဘုံဌာနကို
ကြိုတင်တိကျ၊ မသိရ၍
တိကျသေချာ၊ ခုချိန်ခါ၌
ကောင်းမှုအစု၊ ကြိုးစားပြုလော့။ ။
(မနာပဒါယီ ဆရာတော်)
သာသနာတော်မြတ်၏အသက်။
ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာတော်သုံးရပ် နှစ်ပေါင်းများစွာ ကာလကြာအောင် တည်တံ့ခိုင်မြဲရေး
အတွက် ၀ိနည်းသိက္ခာပုဒ်များကို ရဟန်းတော်မြတ်တို့ ဂရုပြုလိုက်နာရေးသည် အလွန်အရေးပါလှပါသည်။
မြတ်စွာဘုရားကိုယ်တော်တိုင်ပင် သိက္ခာပုဒ် ပညတ်ခြင်း၏ ရည်ရွယ်ချက် (၁၀)ချက်တွင် "သဒ္ဓမ္မဌိတိယာ"

ဗေဒင်ဆိုတာ ယုံစရာရှိ မရှိ။
မြတ်စွာဘုရားနဲ့ဖွါးဘက်တော်တွေထဲက လူသားအနေနဲ့ အာနန္ဒ ရှိတယ်၊ ကာဠုဒါယီ ရှိတယ်၊
ယသောဓရာ ရှိတယ်၊ ဆန္န ဆိုတဲ့မြင်းတော်ခံအမတ် ရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေကို ဗေဒင်ဆရာတွေက
ဇာတာဖွဲ့ကြည့်လိုက်မယ်ဆိုရင် တစ်နေ့ထဲ တစ်ချိန်ထဲ ဖွားတာဖြစ်လို့ ဇာတာခွင်တူမနေဘူးလား၊

Thursday, February 23, 2017
Wednesday, February 22, 2017
သံဃာတော်များ နေ့တစ်ဝက်သာ သုံးဆောင်အပ်သည့် စားသောက်ဖွယ်ရာများ။
အာရုဏ်တက်ချိန်မှ မွန်းလွဲချိန်ထိ (ယာဝကာလိက) နေ့တစ်ဝက်သာ သုံးဆောင်အပ်သည့် စား
သောက်ဖွယ်ရာများမှာ -- ထမင်း၊ ဆန်မုန့်ညက်၊ မုန့်အမျိုးမျိုး၊ ငါး၊ အသားဟူသော ဘောဇဉ်(၅)ပါး၊ သစ်သီး၊
ကြံစသော ခဲဖွယ်အမျိုးမျိုးနှင့် နွားနို့၊ နို့ဆီ၊ လ္ဘက်ရည်၊ ကော်ဖီစသည့် အနည်အမှုန်ပါ သောက်ဖွယ်အမျိုးမျိုး

အရှင်နန္ဒမာလာဘိဝံသ၏ တရားအားထုတ်တယ်ဆိုတာ။
အမှတ်တမဲ့ မနေရဘူးတဲ့။ အပ္ပမာဒ ဆိုတဲ့ သတိတရားနဲ့ ထာဝရသတိရှိနေမယ်၊ သတိကပ်
နေမယ်ဆိုလို့ရှိရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် ၀ိပဿနာအာရုံတွေက ပေါ်နေတာတဲ့။ မပေါ်တာက
အသိဉာဏ်နဲ့ သတိမပေါ်တာ၊ ဟုတ်ကဲ့လား။ အဲဒီ သတိနဲ့ ဉာဏ် မပေါ်တာကိုပေါ်အောင် ကြိုးစား

သန့်ရှင်းစင်ကြယ်သော ဥပုသ်။
ဥပုသ်စောင့်မည်ဆိုလျှင် အလျင်တနေ့ကပင် ဥပုသ်နေ့၌ အလုပ်မဖြစ်သည့်ကိစ္စမျိုး မရှိ
ရအောင် ကြိုတင်၍ အပြီးအစီး ဆောင်ရွက်ထားရသည်။ ဥပုသ်နေ့ ရောက်လာ၍ ဥပုသ်ခံယူ
ဆောက်တည်ထားသောအခါ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃဂုဏ်၊ မိမိဆောက်တည်ထားသော

Tuesday, February 21, 2017
Monday, February 20, 2017
“သတိပါတဲ့ အချစ် နဲ့ ချစ်”
“အနာဂါမ်” မဖြစ်သရွေ့တော့ အချစ်ဆိုတာ လူသားတိုင်းမှာ ရှိနေကြဦးမှာပါပဲ။
အနာဂါမ် ဖြစ်မှပဲ အဲဒီ “အချစ်”ဆိုတာကမရှိတော့မှာပါ။
●တစ်ချို့က “အချစ်မရှိဘူး ၊အချစ်မရှိဘူး” နဲ့ပြောတတ်ကြပေမယ့်၊ အနာဂါမ် မဖြစ်သေးဘူး
ဆိုရင်တော့ စကားလုံးနဲ့ ပြောနေတာပဲ ရှိမှာပါ။တကယ်မရှိတာမဟုတ်ပါဘူး။

ဗုဒ္ဓဘုရားရှင် သိစေချင်သောအသိနှင့် ပုထုဇဉ်တို့သိသောအသိ။
၁။ ဗုဒ္ဓဘုရားက ရုပ်နာမ်နှစ်ပါး၊ ခန္ဓာငါးပါးကို အထင်အရှားရှိသည့်တရားဟုဟောသည်။ သို့သော် ပုထုဇဉ်တို့
က ခန္ဓာငါးပါးကို ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်သတ္တ၀ါဟု ယူဆနေကြသည်။
၂။ ဗုဒ္ဓဘုရားက အမှန်ရှိသောတရားမှာ ရုပ်၊ စိတ်၊ စေတသိက်တရားဟု ဟောကြားတော်မူသော်လည်း

ဇိဝှါဒွါရဆိုင်ရာ ရှုမြင်ပုံ။
မနက်စာစားမယ်။ နေ့လည်စာ စားမယ်၊ စားပြီဆိုပါစို့။ စားတဲ့အခါ အစာက ပါးစပ်ထဲ
ဝင်လာတယ်၊ ပါးစပ်ထဲ လျှာနဲ့ ထိတွေ့တယ်၊ လျှာနဲ့ ထိတွေ့တဲ့အခါ အရသာ ပေါ်လာတယ်။
အရသာ ပေါ်လာတဲ့အခါ အာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿ ပေါ်လာတယ်။ ဆက်သွယ်မှုကို

ကောင်းမှုပြုသင့်သောတရား(ပုညကြိယ၀တ္ထု) ၁၀ ပါး။
မိမိစိတ်အစဉ်ကို သန့်ရှင်းဖြူစင်စေသောတရားကို ပါဠိလို “ပုည”၊ မြန်မာလို “ကောင်းမှု
=ကောင်းသောအမှု” ဟုခေါ်၏။ ထိုပုညစုကို ဧကနပြုထိုက်သောကြောင့် ပါဠိလို “ကြိယ”၊ မြန်
မာလို “ပြုသင့်သောတရား” ဟုခေါ်၏။ (၀တ္ထု= ကောင်းကျိုးချမ်းသာ၏တည်ရာ) ဤစကားစဉ်

Sunday, February 19, 2017
ကိုယ်ကျင့်သီလ အရေးကြီးပုံ”
“သမထဘဲဖြစ်ဖြစ်၊ ဝိပဿနာဘဲဖြစ်ဖြစ်” ကမ္မဋ္ဌာန်းအားထုတ်တော့မယ်ဆိုရင် ပထမဆုံး
“ကိုယ်ကျင့်တရား” ဖြူစင်အောင် သီလဆောက်တည်သင့်တယ်။ကိုယ်ကျင့်သီလမရှိတဲ့ ပုဂ္ဂိုလ်မှာ စိတ်ကို ကမ္မဋ္ဌာန်းအာရုံထဲထားဖို့ကြိုးစားတာနဲ့ တစ်ပြိုင်နက် ၊အတိတ်က အာရုံပုံရိပ်တွေ စိတ်ထဲတိုးဝင်လာတတ်တယ်။အဲဒီအာရုံပုံရိပ် အနှောင့်အယှက်တွေ မဝင်လာရအောင်
ကိုယ်ကျင့်သီလကိုဆောက်တည်ပြီး၊ကိုယ်ကျင့်သီလကို ဆင်ခြင်ပြီး ဝမ်းမြောက်မှု ၊ စိတ်ကြည်နူးမှုကိုဖြစ်စေရမယ်။

Subscribe to:
Posts (Atom)