သန္တိသုခနိဗ္ဗာနဓာတ် တရားမြတ်သည် ဘာမျှမရှိသော (အဘာဝ) ပညတ် မဟုတ်ပါ။
အများဆိုင် ဘုံပစ္စည်းကဲ့သို့ တစ်ပါးတည်းလည်း မဟုတ်ပါ။ ကိုယ့်နိဗ္ဗာန်နှင့်ကိုယ် အသီးသီး ရှိ
ကြပါသည်။ ထို့ကြောင့်ပင် ရဟန္တာအရှင်မြတ်တို့သည် ခန္ဓာကိုယ် ထင်ရှားရှိစဉ် မိမိသိအပ်သော
Saturday, May 10, 2014
နွားသတ်သမား။
ရှင်မဟာမောဂ္ဂလာန်နဲ့ ရှင်လက္ခဏတို့ ဂိဇ္ဈကုဋ်တောင်ပေါ်ကျောင်းကနေပြီးတော့ မြို့ထဲ
ဆွမ်းခံဖို့ ဆင်းလာကြပါတယ်။ ဆင်းလာရင်းနဲ့ ရှင်မဟာမောဂ္ဂလာန်က ဒိဗ္ဗစက္ခုနဲ့ ကြည့်လိုက်တော့
ဂိဇ္ဈကုဋ်တောင် ကောင်းကင်ယံမှာ အော်ဟစ်ငြီးငြူငိုကြွေးတဲ့ အရိုးစုပြိတ္တာကြီး တွေ့သတဲ့။ ကြည့်

သမာနသုခဒုက္ခ မိတ်ဆွေ။
၁။ ထိုမိတ်ဆွေအား လျှို့ဝှက်အပ်သည့် အမှုကိစ္စကို ပြောကြား၏။
၂။ ထိုမိတ်ဆွေ၏ လျှို့ဝှက်အပ်သည့် အမှုကိစ္စကို လျှို့ဝှက်ထား၏။
၃။ ဘေးရန်ဖြစ်ပေါ်လာလျှင် မစွန့်ပစ်။

မှားယွင်းနေသေးသော အသုဘဓလေ့ထုံးစံ။
လူသေလျှင်၊ သုသာန်၌၊ အလောင်းမီးသင်္ဂြိုလ်ခါနီး၊ သေသူ၏၀ိညာဉ်ဟု ယူဆကာ ပန်းပွင့်တစ်ပွင့်ကို အိမ်သို့ 
ပြန်ယူလာတတ်ကြသည်။ သေသူ၏၀ိညာဉ်သည်၊ ရက်လည်(ခုနှစ်ရက်)နေ့ တိုင်အောင်၊ အိမ်တွင်း၌ပင် ရှိနေဆဲဟု
အယူရှိကြသည်။ သေသူ၏ ဓါတ်ပုံရှေ့တွင်လည်း၊ သေသူကထပြီး စားသောက်လေဟန်၊ မနက်ဆိုလျှင်

Friday, May 9, 2014
သဒ္ဒါအမှားနှင့် လမ်းလွှဲလိုက်နေကြသူများ သတိပြုပါ။
ထေရ၀ါဒ ဗုဒ္မဘာသာဝင် သူတော်စင်တို့ သည် ရတနာသုံးတန်နှင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်ကြပါသည်။
ယင်းကံ၏အကျိုးပေါ်တွင် မဆုတ်မနစ် မယိမ်းမယိုင် ခိုင်မာစွဲမြဲစွာ ယုံကြည်ထားကြသည်။ ကံ၊ ဥာဏ်၊ ၀ိရိယများကို

ဂင်္ဂါမြစ်ဘေး ရေလိုက်ရှာနေသူ။
“ကာလကဉ္စိကာ”ဆိုတဲ့ ပြိတ္တာကြီး တစ်ကောင် အကြောင်း အဋ္ဌကထာမှာပါတယ်။ ဗုဒ္ဓမြတ်စွာ
လက်ထက်တော် အခါကာလတုန်းက ဂင်္ဂါမြစ်ကမ်းခြေမှာ တောင်ပြေးလိုက်၊ မြောက်ပြေးလိုက်နဲ့
ကမ်းခြေတလျှောက်မှာ ပြေးလွှားနေတဲ့ ပြိတ္တာကြီးတစ်ကောင်ကို ဆွမ်းခံကြတဲ့ ကိုယ်တော်တွေက
တွေ့သတဲ့၊ တွေ့တဲ့အခါကျတော့ အဲဒီပြိတ္တာကြီးကို ဘာဖြစ်လို့ ပြေးလွှားနေတာလဲ၊ ဘာလိုချင်လို့လဲ

ရွှေဥမင်ဆရာတော်ကြီး၏ သတိပဌာန် တရားတော်။
*ဘုရားအဆူဆူရော၊ တပည့်သာဝကတွေရော၊ အားလုံးနိဗ္ဗာန်စံဝင်တော်မူကြပြီဆိုတာ
သတိပဌာန်တရားနဲ့ ရုပ်ဓမ္မ၊ နာမ်ဓမ္မတွေ ရှုပွားသွားကြရတာပဲ။
*သတိပဌာန်တရား ရှုပွားတယ်ဆိုတာ သတိအသိနဲ့နေတာ။
*ဘာလုပ်လုပ် ကိုယ့်စိတ်ကလေး ကိုယ့်ဘာသာ သိရမှာ။

ဥပကာရ မိတ်ဆွေ။
၁။ မူးယစ်နေသော မိတ်ဆွေကို စောင့်ရှောက်တတ်၏။
၂။ မူးယစ်မေ့လျော့နေသော မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်၏။
၃။ ကြောက်ရွံ့နေသော မိတ်ဆွေ၏ အားကိုးရာဖြစ်၏။
၎။ ပြုဖွယ်ကိစ္စ ဖြစ်ပေါ်လာက အကူအညီ တောင်းခံသည်ထက် နှစ်ဆတက်သော စည်းစိမ်

သာမညဆရာတော် ဘုရားကြီး ဘဒ္ဒန္တ၀ိနယ ၏ ချမ်းသာအစစ်။
ရာထူးဂုဏ်ရှိန် စည်းစိမ်ချမ်းသာ ဥစ္စာရတနာတို့  ပိုင်ဆိုင်ခံစားခြင်း ဟူသည်ကိုပင် ပုထုဇဉ်တိုင်း
လိုချင်တက်မက် ကြပါသည်။ ယင်းချမ်းသာခြင်း၏ နောက်ကွယ်၌ ဆင်းရဲခြင်းသည် ရှိသည့်အတွက်
ချမ်းသာအတု အယောင်သာဖြစ်သည်။ ရတနာသုံးပါးကို အမှီပြုလျှက် ရရှိသော ချမ်းသာမှုကား
ထာဝရတည်တန့် နေသော ချမ်းသာစစ် ချမ်းသာမှန် ဖြစ်ပါသည်။

ဘ၀တစ်ခု ဖန်ဆင်း၊ စောင့်ရှောက်၊ ဖျက်ဆီး၊ လွတ်မြောက်နိုင်သော အရာများ။
ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် အိုနာသေဆိုသော ဒုက္ခဆင်းရဲ အစုကြီးမှ လွတ်မြောက်
ကြောင်းကို အစဉ်လိုလားကြပါတယ်။ လူနတ်ဗြဟ္မာ သတ္တ၀ါတွေဟာ အဖန်ဖန် အိုကြရ၊ နာကြရ၊
သေကြရ၊ အဖန်ဖန် ဖြစ်ကြရနှင့် သံသရာ ၀ဲတွင် ကျင်လည်နေကြရပါတယ်။ သံသရာဝဲမှ လွတ်
မြောက်နိုင်ရန် ထေရ၀ါဒ ဗုဒ္ဒဘာသာရှုထောင့်မှ မှန်ကန်သော အဖြေမှာ===

Thursday, May 8, 2014
တိရ စ္ဆာန် ဖြစ်နေသူ။
တိရစ္ဆာန် ဖြစ်နေသူဟာ ငရဲလောက်တော့ မဆင်းရဲပါ။ သို့သော်..ဘုရားပွင့်ပြီးတော့ တရား
ဟောနေတဲ့အချိန် တိရစ္ဆာန်ဘုံ ရောက်နေတယ်၊ နွားဖြစ်နေတယ်၊ ခွေးဖြစ်နေတယ်၊ ကြက်ဖြစ်နေ
တယ်၊ ၀က်ဖြစ်နေတယ်ဆိုရင် တရားနာလို့ သိရမယ့်တရားကို သိနိုင်စွမ်း မရှိပါ။

ဘယ်သူ့ ကြောင့် သံသရာလည်တာလဲ။ သံသရာရှည်တာလဲ။
လောကမှာ သိနိုင်ခဲတယ်၊ သူများနားလည်အောင် ပြောရတာလဲ ခက်ခဲတယ်၊ ရှင်းရတာလဲ ခက်ခဲတယ်၊
နားထောင်ရတာလဲ ခက်ခဲတယ်၊ ရှင်းအောင် နားလည်ဖို့  မလွယ်တဲ့အရာ လေးမျိုး ရှိတယ်။ ၁။သစ္စာလေးပါးတရား၊

သီတဂူဆရာတော် အရှင်ဉာဏိဿရ၏ ကိုးကွယ်ရာမှားလျှင်။
(ဇာတံ သရဏ တော ဘယံ)
ကြောက်လို့ ကိုးကွယ်ရာအမျိုးမျိုး မှားကြတဲ့ပုဂ္ဂိုလ်တွေ ကိုးကွယ်ရာအမျိုးမျိုး တို့ ကိုတွေ့ ကြမယ်။ အဲဒီကိုးကွယ်ရာ
တွေက တစ်ခါတစ်ခါ ဘာဖြစ်တတ်သလဲ။ ဘေးဖြစ်တတ်ပါတယ်။ နေကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေ၊

စိတ်ကောင်း၊ နှလုံးကောင်းရှိသော မိတ်ဆွေ။
၁။ ကျေးဇူးပြုတတ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏။
(ဥပကာရ မိတ်ဆွေ)
၂။ ချမ်းသာအတူ ဆင်းရဲလည်းအတူဖြစ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏။ (သမာနသုခဒုက္ခ မိတ်ဆွေ)

စိတ်တန်ခိုး ရရှိစေမှု အဓိကအကြောင်းတရားများ။
၁။ တိကျသော ရည်ရွယ်ချက် ထားရှိခြင်း။
၂။ ဆုံးဖြတ်ချက် အမြန်ချမှတ်ခြင်း(ဒွိဟ မရှိခြင်း)။
၃။ ကိုယ်ကျင့်တရား ခိုင်လုံခြင်း(ရိုးသားမှု)။
၎။ မိမိစိတ်၏ လှုပ်ရှားမှုများကို တင်းကျပ်စွာ အုပ်ထိန်းချုပ်တည်း နိုင်ခြင်း။

Wednesday, May 7, 2014
ငရဲကျနေသူ။
ဘုရားပွင့်တဲ့အချိန် ငရဲကျနေတဲ့ ပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားဟောတဲ့ တရားကို နာယူပြီး
မြတ်သောအကျင့်ကျင့်ပြီး နိဗ္ဗာန်ရဖို့ ဆိုတဲ့ အခွင့်အလမ်းတွေ သူ့မှာ မရှိပါ။ အဲဒီ ငရဲကျနေတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဟာ လုံးဝ အခွင့်အရေး ဆုံးရှုံးနေသူ ဖြစ်ပါတယ်။

ကသိုဏ်း ၁၀ ပါး။
၁။ ပထ၀ီ ကသိဏ = ပထ၀ီ(မြေ) ကသိုဏ်း။
၂။ အာပေါ ကသိဏ = အာပေါ(ရေ) ကသိုဏ်း။
၃။ တေဇော ကသိဏ = တေဇော(မီး) ကသိုဏ်း။
၂။ အာပေါ ကသိဏ = အာပေါ(ရေ) ကသိုဏ်း။
၃။ တေဇော ကသိဏ = တေဇော(မီး) ကသိုဏ်း။
တစ်သက်လုံး တရားမွေ့ လျော် နေတတ်အောင်။
ဝိပသနာဆိုတာ စိတ်အလုပ်၊ စိတ်အလုပ်တိုင်း ၀ိပသနာမဖြစ်၊ ဥာဏ်ပါမှဖြစ်တယ် ၀ိပသနာ
ဥာဏ်အစစ်မရသေးခင် ၀ိပသနာပေါ်အောင် ကြိုးစားရတယ်။ ၀ိပသနာအစစ်ဟာ ဘယ်အချိန်ဖြစ်
ဖြစ် ပေါ်နိုင်ပါတယ်၊ ၀ိပသနာဥာဏ်ပေါ်အောင် ကြိုးစားတဲ့အလုပ် လုပ်မယ်ဆိုရင် အချိန်မရွေး
လုပ်နေပါ။ ၀ိပသနာဆိုတာ ပညာဥာဏ်ပါ၊ ဥာဏ်ရှိမှ ၀ိပသနာဖြစ်ပါတယ်။ ဥာဏ်ရှိအောင် ဘာ

မစ္ဆရိယ ငါးမျိုး သိကောင်းစရာ။
ကိုယ်ရသလို သူတစ်ပါး မရစေလိုခြင်းကို မစ္ဆရိယ ဟု ခေါ်ပါတယ်။ မစ္ဆရိယ
အားကြီးသူသည် ငရဲသို့ ကျရောက်ပါတယ်၊ ငရဲကလွတ်၍ လူဖြစ်လာလျှင်လည်း ငတ်
ပြတ်ဆင်းရဲပြီး အထီးကျန် တစ်ယောက်တည်း နေရတတ်ပါတယ်။ မစ္ဆရိယ ငါးမျိုးရှိပါ
တယ်၊ ယင်းတို့မှာ-==

“ သူယုတ်မာအင်္ဂါ လေးပါး ”
(၁)သူတစ်ပါး၏ ဂုဏ်ကျေးဇူးမဲ့(မကောင်းကြောင်း)ကို မမေးဘဲနဲ့ပင် ပြောကြားတတ်ပြီး
မေးလျှင်လည်း ချဲ့ ကား၍ ပြောတတ်ခြင်း။
(၂)သူတစ်ပါး၏ဂုဏ်ကျေးဇူး(ကောင်းကြောင်း)ကို မမေးလျှင်မပြောဘဲ မေးလျှင်လျှော့
ပေါ့၍ ပြောခြင်း။

Tuesday, May 6, 2014
အခွင့်ကောင်းမရသူနဲ့ ရအောင်အသုံးချသူ။
သံသရာဝဋ်က လွတ်ကင်းဖို့ တရားဓမ္မတွေကို မြတ်စွာဘုရားက ဟောပေးခဲ့ပါတယ်။ ထို
ဟောထားတဲ့ တရားဓမ္မတွေကိုကျင့်ဖို့ အခွင့်အလမ်း မရရှိတဲ့ ပုဂ္ဂိုလ်တွေ ရှိကြပါတယ်။ လောက
မှာ လူဖြစ်လာသော်လည်း အခွင့်အရေးဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တွေက အများကြီးပါ။ သံသရာလည်နေ
ကြတဲ့ အထဲမှာ လူတိုင်းလူတိုင်း အခွင့်ကောင်း ရရှိနေကြတာ မဟုတ်ပါ။ အခွင့်ကောင်း မရတဲ့

" ဗုဒ္စဘာသာအရေခြုံ၊ သရဏဂုံမဖြူစင်သူများ"
ထေရ၀ါဒ ဗုဒ္မဘာသာဝင်တို့ သည်၊ ဗုဒ္မ၊ ဓမ္မ၊ သံဃ၊ တည်းဟူသော ရတနာသုံးပါးသာလျှင်
ကိုးကွယ်ရာရှိပါ၏။ ထေရ၀ါဒ ပိဋကတ်တော် များတွင်လည်း ရတနာသုံးပါးသာလျှင် "ကိုးကွယ်ရာ"
အဖြစ်ဖေါ်ပြ ထားပါသည်။ ထေရ၀ါဒ ပိဋကတ်တော်များတွင် အမ်းကုန်း၊ ကွမ်ယင်မယ်တော်၊
၃၇-မင်းနတ်တို့  အကြောင်း တစ်လုံးတစ်ပါဒမျှ ဖေါ်ပြမထားပါ။

" သူတော်ကောင်းအင်္ဂါ လေးပါး "
“သူတော်ကောင်း ” ဆိုတဲ့ စကားလုံးကို ပါဠိဘာသာမှာ “သပ္ပုရိသ”
လို့ ခေါ်ပါတယ်၊ “သန္တော ပုရိသော သပ္ပုရိသော” ဆိုတဲ့အတိုင်း ငြိမ်သက်
အေးချမ်းသောသူဟု အဓိပ္ပါယ် ရပါတယ်။

ဝဋ်ဆိုတာ။
ဝဋ်ဆိုတာ ကြောင်းကျိုးဆက်ပြီးတော့ လည်ပတ်နေတာပါ။ ဆိုပါစို့ .. ဒီဟာရှိရင် ဟို
ဟာရှိမယ်။ ဟိုဟာရှိရင် နောက်တစ်ခု ရှိလာမယ်။ စဉ်ဆက်မမြတ် တစ်ခုနဲ့တစ်ခုဟာ ဆက်
စပ်ပြီး ဖြစ်နေတာကို “ ၀ဋ် ” လို့ ခေါ်ပါတယ်။ အားလုံးသိတဲ့အတိုင်း ၀ဋ်ဆိုတာနဲ့ ပတ်သက်

ဗြဟ္မ၀ိဟာရ ၄ ပါး။
၁။ မေတ္တာ = ချစ်ခြင်းဖြင့် သတ္တ၀ါပညတ်အပေါ် ပွားများစူးစိုက်ခြင်း။
၂။ ကရုဏာ = သနားကြင်နာစိတ်ဖြင့် သတ္တ၀ါပညတ်အပေါ် ပွားများစူးစိုက်ခြင်း။
၃။ မုဒိတာ = သူတပါးကြီးပွားချမ်းသာခြင်း၌ ၀မ်းမြှောက်သောစိတ်ဖြင့် သူတပါးတို့အပေါ်

Monday, May 5, 2014
မာနစိတ်၏ ထွက်ပေါက်များ။
လောကမှာ ဒီမာနဆိုတာက ကျန်နေတတ်တယ်။ မာနဆိုတာ ကိုယ့်ရဲ့အရည်အသွေး အရည်
အချင်းပေါ်မှာ အခြေစိုက်ပြီးတော့ ဖြစ်ပေါ်နေတဲ့ သဘောတရားတစ်ခုပဲ။ ဒါကို စာပေက “အသ္မိမာန”
လို့ ပြောကြပါတယ်။

လူတိုင်းအတွက် " မိတ်ဆွေကောင်းအင်္ဂါ ခုနှစ်ပါး "
လောကမှာ လူဆိုတာ အပေါင်းအသင်း မိတ်ကောင်းဆွေကောင်း လိုအပ်တယ်ဆိုတာ
ကိုတော့ လူတိုင်းလက်ခံပါတယ်။ ဘယ်လိုပုဂ္ဂိုလ်မျိုးဟာ မိတ်ကောင်းဆွေကောင်းလဲ ဆိုတာကျ
တော့ လူတိုင်းမသိနိုင်ပါ။ ဘ၀ကြီးပွားတိုးတက်ရေးအတွက် မိတ်ကောင်းဆွေကောင်း လိုအပ်ပါ

“ အမျိုး ဘာသာ သာသနာ ” လူတိုင်းအတွက်ပါ။
အမျိုးဇာတိ၊ အယူဝါဒ၊ ဘာသာ,သာသနာနှင့်စပ်လျဉ်း၍၊ ခိုက်ရန်,ငြင်းခုံဖြစ်ပွားခဲ့ပါလျှင်
လူတိုင်းလူတိုင်းဧ။် အတွင်းသန္တာန်တွင် ဇာတိသွေး ဇာတိမာန် ဇာတိစိတ်ဓါတ်တို့ သည် တား
ဆီး၍မရနိုင်အောင် ဆူပွတ်လာကြသည်။ ပြီးဆုံးခြင်းသို့ မရောက်နိုင်သော ရန်ပွဲများဖြစ်တတ်
လေသည်။သာဓကအားဖြင့် ပြရသော် ဘုရားရှင်ကိုယ်တော်မြတ် ၂၅ ၀ါ-သီတင်းသုံးနေထိုင်

အသာဓရဏဉာဏ်တော် ၆ ပါး။
၁။ မဟာကရုဏာ သမာပတ္တိဉာဏ် = မြင်မြင်သမျှ ဝေနေယျတို့ကို ရင်၌ဖြစ်သော သားကဲ့သို့
သနားကြင်နာတော်မူခြင်း။
၂။ ဣန္ဒြိယပရော ပရိယတ္တိဉာဏ် = သတ္တ၀ါအပေါင်းတို့၏ ဣနြေ္ဒနုရင့်ကို ထောက်ခြင့် ဆင်
ခြင်တော် မူနိုင်ခြင်း။ (မည်သည့်အခါ အကျွတ်တရား

စရိုက် ၆ ပါး။
၁။ ရာဂ စရိုက် = ၀တ္ထုကာမ၊ ကိလေသာကာမတို့၌ လွန်ကဲစွာ ကပ်ငြိတတ်သောအကျင့်။
၂။ ဒေါသ စရိုက် = အာဃာတ၊ ဣဿာ၊ မစ္ဆရိယ စသည်တို့၌ လွန်ကဲသည့်အကျင့်။
၃။ မောဟ စရိုက် = ထိုင်းမှိုင်းတွေဝေခြင်း လွန်ကဲသည့်အကျင့်။

Sunday, May 4, 2014
ဆရာတော်ရှင်ဥတ္တမနှင့် ခုံတော်မောင်ကျဘမ်းတို့ ပြိုင်ကြရာဝယ်။
တစ်ခါသော် တောင်တွင်းတောရ ဆရာတော် ရှင်ဥတ္တမသည် စာသင်ဘက်ဖြစ်သော ရှင်သီ
လဝံသကိုယ်တော် စစ်ကိုင်း ထူပါရုံဘုရားအနီးရှိ ရတနာ့ဗိမာန်ကျောင်းတွင် သီတင်းသုံးနေကြောင်း
ကိုကြားသိသဖြင့် ကိုယ်တော်နှစ်ပါး တွေ့ဆုံရင်း သံဃာတော်များကို ထိးပါးပြောဆိုမိသော ခုံတော်
မောင်ကျဘမ်းကို ဆိုဆုံးမရန် ကြွတော်မူလာခဲ့ပါသည်။

ချစ်စိတ်၏ မုန်းစိတ်၏ ထွက်ပေါက်။
လူတွေမှာ ချစ်ခြင်းမုန်းခြင်း ဆိုတာ ရှိတယ်။ ချစ်ရင် ချစ်မယ်, မချစ်ရင် မုန်းမယ်။ ချစ်ခြင်း
မုန်းခြင်း ဆိုတာ အစွန်းနှစ်ခုပဲ၊ စိတ်ဓာတ်မှာ balance မဖြစ်လို့ အစွန်းနှစ်ဖက်ထွက်နေတဲ့ စိတ်
ဓာတ်။ အဲဒီ အစွန်းထွက်နေတဲ့ စိတ်ဓာတ်က လွတ်မြောက်ချင်လို့ရှိရင် “ဥပေက္ခာ” ပွားရပါမယ်။

ဘုရားအပေါ် ကြည်ညိုသဒ္ဓါပွားများရာမှ ဖြစ်ပေါ်လာသော ဂုဏ်ယူထိုက်တဲ့ ယဉ်ကျေးမှု ဓလေ့။
ကမ္ဘာနိုင်ငံအသီးသီးတွင် လူမျိုးပေါင်းစုံ မျိုးနွယ်ပေါင်းစုံ ရှိကြသည့်အလျှောက်
စာပေယဉ်ကျေးမှု ၀တ်စားဆင်ယင်မှု စကားပြောဆိုမှု အလေ့အထသည်လည်း အမျိုး
မျိုးကွဲပြားကြပါသည်။

သံဝေဂတရား ၈ ပါး။
၁။ လှပနုနယ်သော ရူပါရုံရှိသော်လည်း နောက်ဆုံးတွင် အိုကြရမည်။
၂။ စည်းစိမ်ဥစ္စာ ကြီးကျယ်မျာပြားနေသော်လည်း နောက်ဆုံးတွင် ပျက်စီးကြရမည်။
၃။ ချစ်ခင်စွာ ပေါင်းသင်းနေကြရသော်လည်း နောက်ဆုံးတွင် ကွဲပြားကွယ်ကွင်း ကြရမည်။

ဣနြေ္ဒ ၅ ပါး။
၁။ သိဒ္ဓိနြေ္ဒ = ယုံကြည်မှုဖြင့် စိတ်ကို အစိုးရခြင်း။
၂။ ၀ီရိယနြေ္ဒ = ၀ီရိယဖြင့် စိတ်ကို အစိုးရခြင်း။
၃။ သတိနြေ္ဒ = သတိဖြင့် စိတ်ကို အစိုးရခြင်း။

Subscribe to:
Posts (Atom)