ဓမ္မနဒီ
ဗုဒ္ဓတရားတော်များ စုစည်း၊ ပေါင်းစပ်စီးဆင်းရာ မြစ်တစ်စင်း
Saturday, August 1, 2015
သင်္ချိုင်းနှင့် တူသော ပုဂ္ဂိုလ် အပြစ် ၅-မျိုး
ရဟန်းတို့ ! သင်္ချိုင်း အပြစ် ၅-မျိုးဟူသည်မှာ -
၁။ မစင်ကြယ်။
၂။ မကောင်းသော အနံ့ရှိသည်။
၃။ ဘေးဘျမ်း ရှိသည်။
၎။ သရဲ သဘက်တို့ နေရာဖြစ်သည်။
၅။ လူပေါင်းများစွာ၏ ငိုကြွေးရာဖြစ်သည်။
ဤအတူသာလျှင် - သင်္ချိုင်းနှင့် တူသော ပုဂ္ဂိုလ် အပြစ် ၅-မျိုးဟူသည်မှာ -
Read more »
အညှီ အဟောက်ဆိုတာ ဘာကိုခေါ်သလဲ?
ကဿပနွယ်ဖွား မြတ်စွာဘုရား.....
တရားသဖြင့် ရအပ်သော မြက်သီးစပါး ဆောင်းမေခါးပွင့်သဏ္ဌာန် အနှံ ရှိသော စပါးအလေ့ကျပေါက်သော ပဲနောက်တို့ကိုလည်းကောင်း၊ သစ်ရွက်စိမ်းကိုလည်းကောင်း၊ သစ်မြစ်သစ်ဥကိုလည်းကောင်း၊ သစ်သီးဝလံကိုလည်းကောင်း
Read more »
မစင်တစ်စက်က ထမင်းတစ်ခွက်လုံး ပျက်စီးစေနိုင်သည်
မကောင်းသောအမှုကို ဘာတစ်ခုမှ မပြုကျင့်ဘဲနေရမည်။ (သဗ္ဗပါပဿ အကရဏံ)
၁။ သဗ္ဗပါပဿအရ မကောင်းမှုဆိုသည်မှာ သတ္တဝါတို့အား မကောင်းသောလမ်းသို့ တွန်းပို့ပစ်ချပေးတတ်သည့် ဒုစရိုက်တရားများတည်း။
ဒု- မကောင်းသော သူတစ်ပါးတို့လည်း စက်ဆုပ်တတ်သော၊ စရိတ- အကျင့်များ၊ ဒုစရိတ-မကောင်းအကျင့်ဆိုး၊ အကျင့်ပျက်၊ အကျင့်မှား ဒုစရိုက်တရားများ၊ ယင်းဒုစရိုက် တရားတို့မှာ ဆယ်မျိုးပင်ပြားချေ၏။
Read more »
Thursday, July 30, 2015
ဝါဆို လပြည့်နေ့ အကြောင်း သိကောင်းစရာများ
ဝါဆိုလပြည့်ဆိုတာ မြန်မာတွေအတွက် အရေးပါလှတဲ့ နေ့ လေးတစ်နေ့ ပါ။ ကျေးဇူးတော်ရှင် ဂေါတမမြတ်စွာဘုရား တရားဦးဟောကြားခဲ့သော ဓမ္မစင်္ကြာတရားကြောင့် ဗုဒ္ဓအလင်းရောင်တွေ ထိန်လင်းခဲ့ပါသည်။ ဓမ္မစင်္ကြာ အခါတော်နေ့ဟာ သစ္စာလေးပါးနဲ့  အမှန်တရားကို ဟောပြ ခဲ့တဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါသည်
ဝါဆိုလပြည့်နေ့ ရာဇ၀င်
Read more »
ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့
လွန်ခဲ့သော အနှစ် ၂၅၀၀ ကျော် ၀ါဆိုလပြည့် နေ့တွင် ဗုဒ္ခ မြတ်စွာ သည် မိဂဒါဝုဏ် တောတွင် (ပဉ္စ၀ဂ္ဂီ) ရဟန်း ၅ ပါး ကို ဓမ္မစင်္ကြာ တရားဦး ဟောခြင်းဖြင့် ဗုဒ္မ သာသနာတော်ကို စတင် ခဲ့ပါသည်။
ဓမ္မစင်္ကြာ တရားတော် ၌ သဘာဝ လောက တွင် မဖောက်မပြန် မပြောင်းမလွဲ အမြဲ တည်ရှိ နေသော သစ္စာ ၄ ပါးကို ဖော်ပြ ဟောကြား ခဲ့ပါသည်။
Read more »
ဝါဆိုသင်္ကန်း
ဝါဆိုသင်္ကန်း ဆိုတာ ၀ါတွင်း ကာလ(မိုးကာလ)၌ မိမိတို့ ကျောင်းအသီးသီးတွင် သီတင်းသုံး နေထိုင်သည့် သံဃာတော် များအား လှူဒါန်းသည့် သင်္ကန်းလို့ ပြောနိုင်မယ် ထင်ပါတယ်။ ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ ၀ါဆိုသင်္ကန်းကို ၀ဿာဝါသိက သာဋိက လို့ ဟောထား ပါတယ်။
Read more »
မာန၏ အထင်မှားမှုကြီးများ။
ဘ၀တစ်ခု ရလာပြီဆိုရင် လူတွေရဲ့ သက်တမ်းက ဘယ်လောက်ပဲရှိရှိ သေမယ့်ရက်
ကို ဘယ်သူမှ မစဉ်းစားနိုင်ကြပါ။ သိလည်းမသိကြပါ။ ဘ၀ ရလာတာနဲ့ လူတိုင်း လူတိုင်းဟာ
“နိစ္စထာဝရ” မသေတော့မယ့်ပုံစံမျိုးပဲ နေကြတယ်။ မအိုမယ့်ပုံ မသေမယ့်ပုံနဲ့ လုပ်ကိုင်ဆောင်
ရွက် နေတာတွေကိုကြည့်ရင် သေခြင်းတရားကို တွေးပြီးကြောက်နေတယ်ဆိုတာမရှိကြပါ။
Read more »
တာဝတိံသာရှိ ဥယျာဉ်တော် (၅) ပါး။
တာဝတိံသာရှိ ဥယျာဉ်တော် (၅) ပါးမှာ==
၁။ နန္ဒ၀န် = တာဝတိံသာနတ်တို့၏ အလွန်နှစ်လို မြူးတူးရာ ဥယျာဉ်၊ မြို့၏ အရှေ့မျက်နှာ၌
ယူဇနာ (၁၀၀၀)။
၂။ ဖာရုသက = အသူရာတို့ကို ထိုးခုတ်သတ်ဖြတ်အံ့ဟု ကြမ်းကြုပ်သောစကားကို ဆိုရာဥယျာဉ်၊
မြို့၏တောင်မျက်နှာ၌ ယူဇနာ (၇၀၀)။
Read more »
တိုးတိုးပြောကြပါ၊
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေအိမ်တိုင်းတွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို တည်
ထားကိုးကွယ်ကြပါတယ်။ ယင်းသို့ တည်ထားကိုးကွယ်ရာ၌ ကြည်ညိုမှု သဒ္ဓါတရား အနည်းအများ
အပေါ် တည်မှီလျက် ကိုးကွယ်ပုံ အနေအထားချင်း မတူညီကြပါ။ မိမိအိမ်တွင် သက်ရှိထင်ရှား ဘု
ရားရှင် ကိုယ်တော်မြတ်ကြီးကိုယ်တိုင် သီတင်းသုံး စံပယ်တော်မူသကဲ့သို့ ရိုရိုသေသေ ကြည်ညို
Read more »
“သတိတမံ ဉာဏ်မြေကတုတ်”
ကိလေရေလျဉ်၊ စီးလာလျှင်
သင့်တွင်ဘာနှင့် တားမည်နည်း။
ကိလေရေလျဉ်၊ စီးလာလျှင်
အစဉ်သတိ တားပါမည်။
မျက်စိ နား နှုာ၊ လျှာ ကိုယ် မန
Read more »
Tuesday, July 28, 2015
ဘုရားရှင်ရဲ့ ခြေတော်ရာများ
တစ်လောဆီက ညီမလေးတစ်ယောက်က လောကမှာ ကျန်ရှိ နေသေးတဲ့ ဘုရားရှင်ရဲ့ ခြေတော်ရာ အစစ် ဘယ်နှစ်ဆူကျန်ရှိ နေသေးလဲဆိုတာကို အားရင် ပိုစ့်လေးတင်ပေးပါ ဆိုလို့ တင်ပေးတာပါ .... ။
နုညက် ညံ့ထွား၊ ရွှေဘွား စက္ကင်၊
စုံနှစ်ပြင်ဖြင့်၊ မြေတွင် မထိ၊
ပကတိအား၊ လေးသစ် ခြားလျက်၊
ဘုရားတို့ တမ်း၊ ကြွလှမ်း မွေ့ ညက်၊
ငြိမ်သက် လေးတင်၊ ကြွလာ ကျင်မှ။
Read more »
ကံ နဲ့ အကျိုးပေးခွင့်
တစ်ခါတစ်လေတော့လဲ ကံတရားကနားလည်ရအခက်သား ။
ကောင်းကံတွေ ပြုနေပေမယ့်
အဆင်မပြမှု တွေနဲ့ချည်းပဲတွေ့နေရ တတ်ပါတယ်။
မကောင်းကံတွေနဲ့ ယှဉ်နေပေမယ့်လဲ ဘာပဲလုပ်လုပ် အဆင်ပြေနေတတ်ပါတယ်။
ဒီအဖြစ်မျိုးတွေက ၀န်းကျင်တိုင်း မှာ တွေ့နေရတာဖြစ်လေတော့ အမြင်အားဖြင့်
သိပ်ပြီးဆန်းလှတယ်လို့တော့ မဆိုနိုင်ပါဘူး။ဒါပေမယ့် ဆန်းတာက ကံရဲ့သဘော တရားပါ။
Read more »
သတိထားဖွယ် ပုဗ္ဗစေတနာချို့တဲ့လျှင် ဆိုးကျိုးနှင့် ပြည့်ဝလျှင် ကောင်းကျိုး
“ဒါန” ဟူသောဝေါဟာရသည် ပါဠိဝေါဟာရဖြစ်၏။
ဤဝေါဟာရကို ဒါတဗ္ဗိန္တိ ဒါနံ ပေးလှူအပ်သောကြောင့်
ဒါနမည်၏ဟု ဆိုသောကြောင့် ပေးကမ်းလှူဒါန်းအပ်သည့်
ဝတ္ထုပစ္စည်းသည် ဒါနမည်၏ဟု ကျမ်းဂန်များ၌မိန့်ဆိုကြ၏။
Read more »
တဏှာ၏ အထင်မှား အမြင်မှားများ။
ကိုယ့်ခန္ဓာကိုယ်နဲ့ ပတ်သက်လာရင် လှတယ်၊ တင့်တယ်တယ် ဆိုတဲ့ အထင်ဟာ လူတိုင်း
မှာရှိကြပါတယ်။ အဲဒီလို ရှိကြလို့သာ မလှ လှအောင် ပြင်ပြီးတော့ နေကြတယ်၊ အ၀တ်အစား
တွေ ဆိုရင်လည်း မလှ လှအောင် ၀တ်ကြရတယ်၊ တင့်တယ်မှုတွေကို ရှာကြံပြီးတော့ လုပ်ကိုင်
နေကြတယ်။ ခန္ဓာ ၅ ပါးကို ချမ်းသာတယ်ဆိုတဲ့ အထင်မှားမှု ရှိကြတယ်။
Read more »
စရိုက် ၆ ပါး။
၁။ ရာဂ စရိုက် = ၀တ္ထုကာမ၊ ကိလေသာကာမတို့၌ လွန်ကဲစွာ ကပ်ငြိတတ်သောအကျင့်။
၂။ ဒေါသ စရိုက် = အာဃာတ၊ ဣဿာ၊ မစ္ဆရိယ စသည်တို့၌ လွန်ကဲသည့်အကျင့်။
၃။ မောဟ စရိုက် = ထိုင်းမှိုင်းတွေဝေခြင်း လွန်ကဲသည့်အကျင့်။
၎။ သဒ္ဓါ စရိုက် = ယုံကြည်လွယ်လေ့ရှိသောအကျင့်။
Read more »
နိဗ္ဗာန်ရောက်ကြောင်း ဉာဏ်တော် (၁၆) ပါး။
နိဗ္ဗာန်ရောက်ကြောင်း တရားကျင်ကြံ အားထုတ်နေကြသော ဓမ္မမိတ်ဆွေအပေါင်းတို့ အ
တွက် နိဗ္ဗာနရောက်ကြောင်းဉာဏ် ၁၆- ပါးမှာ==
(၁)။ နာမရူပပရိေ စ္ဆဒဉာဏ် = ဘုံသုံးပါး၌ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြားသိသောဉာဏ်။
(၂)။ ပစ္စယပရိဂ္ဂဟဉာဏ် = ရုပ်နာမ်နှစ်ပါး၏ ဖြစ်ကြောင်းတရားကို သိမ်းဆည်းသောဉာဏ်။
Read more »
ရှင်သီဝလိမထေရ်မြတ်ကြီးကို ကိုးကွယ်ကြမည်ဆိုလျှင်။
ရှင်သီဝလိ မထေရ်မြတ်ကြီးသည် လာဘ်အရာ၌ ဧတဒဂ်ဘွဲ့ထူး ချီးမြင့်ခံယူ ရရှိတော်မူသော
ရဟန္တာ အရှင်မြတ်ကြီး ဖြစ်ပါ၏။ အရှင်မြတ်ကြီးသည် ၀ိပဿီ မြတ်စွာဘုရားရှင် လက်ထက်တော်
ကတည်းက ဘုရားရှင်နှင့် သံဃာတော်များကို အလှူကြီးပေး၍ လဘ်လာဘ ပေါများသောအရာ
တွင် အသာဆုံး၊ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ကို ရရှိနိုင်ပါကြောင်း ဆုတောင်းခဲ့ပါသည်။ ထို့နောက် ဘဝ
Read more »
Monday, July 27, 2015
လာရာ လားရာ အလားအလာ
ကိစ္စတစ်စုံတရာ သို့မဟုတ် တစ်စုံတစ်ဦးနှင့် ဆက်စပ်သောအခါ လာရာကိုလည်း ကြည့်ကြသည်။ အလားအလာကိုလည်း မှန်းဆကြသည်။ အလားအလာကို မှန်းဆခြင်းသည် လားရာကို သိလိုမှုကြောင့် ဖြစ်သည်။ ပီဘိ မည်သည့်အရာမဆို လာရာက လည်း အရေးကြီးသည်။
Read more »
ငါစွဲသမားအတွက် နာလဲ အလကားပါပဲ
အဿုတံ သုဏာတ-မကြား၊ မနာဖူးသော တရားကို ကြားနာရခြင်း။ သုတံ ပရိယော ဒါပေတိ-ကြားနာဖူးပြီး တရားအပေါ် သံသယကင်း၊ ပိုမိုရှင်းလင်း ကြည်လင်ပြတ်သား သွားစေခြင်း။ ကင်္ခံ ဝိတရတ-ယုံမှားတွေး တောမှု သံသယဝိစိကိစ္ဆာကို ကျော်လွန်နိုင်ခြင်း။ ဒိဌိံ ဥဇုံ ကရောတိ-အယူဖြောင့်မတ် မှန်ကန်စေခြင်း။ အဿ စိတ္တံ ပသီဒတ-တရားနာသူရဲ့စိတ်ကို ကြည်လင်စေခြင်း။ (အဂုၤတၱရနိကာယ၊ ဓမၼႆဝနသုတၱ)
Read more »
(Beginner) ယောဂီများအတွက် ဝိပဿနာ အလုပ်ပေးတရား
ဖေ့စ်ဘုတ်မိတ်ဆွေ တစ်ယောက်က ၎င်း၏ မိခင်သည် တရားဓမ္မ အားထုတ်မှုတွင် အတွေ့ အကြုံ မရှိ ပါ။ ယခုအခါ တရားအားထုတ်ရန် ဆန္ဒပြင်းပြ နေပါသည်။ မိခင်အတွက် ဝိပဿ နာ အလုပ် ပေးတရား ရေးသားပေးပါဟု ရေငတ်သလို တောင်းဆိုလာ၏။ မိမိက ဝိပဿနာ နှင့် ပတ်သက်၍ ဆရာတစ်ဆူ ပါရဂူ မဟုတ်သော်လည်း အမေးရှိက အဖြေရှိရမည် ဟူသည့် အတိုင်း ဝိပဿနာ အလုပ်ပေးတရားနှင့် ပတ
်သက်၍ မိမိ တတ်သမျှ မှတ်သမျှ ဉာဏ်မှီသမျှ ရေးသားရ ပေတော့မည်တကား။
Read more »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)