ဓမ္မမိတ်ဆွေများ.. အချိန်တိုင်း နေရာတိုင်းတွင် တရားရှိမရှိကို သီလ၊ သမာဓိ၊
ပညာဟူသော သိက္ခာသုံးပါး မည်၍မည်မျှလောက် ရှိနေပြီနည်းဟူသော တွက်ကိန်းဖြင့်
တိုင်းတာမှသာ မှန်ကန်မည်။ သို့သော်.. ယခုခေတ် ယောဂီအများစုမှာကား ကြာကြာ
ထိုင်နိုင်လျှင် တရားရပြီဟူ၍ ယူဆသူကများ၏။ ကြာကြာ ထိုင်နိုင်တာ မထိုင်နိုင်တာနဲ့
Saturday, September 27, 2014
တရားစစ် တရားမှန်၏ အင်္ဂါလက္ခဏာများ။
ကပ်ငြိမှု ရာဂကင်းဖို့သာ ဖြစ်စေ၏။
ကပ်ငြိမှု ရာဂနှင့် ယှဉ်တွဲဖို့ မဖြစ်စေခြင်း။
သံယောဇဉ် ကင်းဖို့သာ ဖြစ်စေ၏။
သံယောဇဉ် တိုးပွားဖို့ မဖြစ်စေ။
ဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့သာ ဖြစ်စေ၏။

ဒိဌိပရဗိုဇ်တို့၏ အသိ။
လွန်လေပြီးသော နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရားရှင် ဇေတ၀န်ရွှေကျောင်းတော်
မှာ မွေ့လျော်သီတင်းသုံးစဉ်ကာလ တနေ့တွင် ဘုရားရှင်ရဲ့ တပည့်သာဝကတွေဟာ သင်္ကန်းကိုယ်
စီရုံပြီး ဆွမ်းခံသွားရင်း အချိန်ကလေး စောနေသေးတဲ့အတွက် ဒိဌိပရဗိုဇ်ကျောင်းကို ခေတ္တခဏ
ဝင်ကြပါတယ်။

နိဗ္ဗာန်တိုင် မျက်မှောက်ပြုနိုင်တဲ့ ပရိတ်တရားတော်။
ဗုဒ္ဓဘာသာဝင်တွေဟာ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစပြီး “ပရိတ္တ” လို့ခေါ်တဲ့
အန္တရာယ်ကို ကင်းရှင်းစေနိုင်တဲ့ မြတ်စွာဘုရား တရားတော်တွေကို ကျက်မှတ်ကြတယ်။ အ
ခါအားလျော်စွာ ပရိတ်တရားတော်ကို နာယူကြပါတယ်၊ ရွတ်ဖတ်ကြပါတယ်၊ သရဇ္ဈာယ်ကြ
ပါတယ်။ အဲဒီလို ရွတ်ဖတ်သရဇ္ဈာယ် နာယူကြတဲ့ ပရိတ်တရားတော်တွေရဲ့ အဓိပ္ပာယ်တွေကို

သောတာပန် ၄ ပါး။
သောတာပန် ၄ ပါးမှာ = =
၁။ သတ္တက္ခတ္တုပရမ သောတာပန် = ခုနှစ်ကြိမ် ပဋိသန္ဓေနေပြီးမှ ကျွတ်ရသော သောတာပန်။
၂။ ကောလံကောလ သောတာပန် = ၂၊ ၃၊ ၄၊ ၅၊ ၆ ကြိမ် ပဋိသန္ဓေနေပြီးမှ ကျွတ်ရသော
သောတာပန်။

Friday, September 26, 2014
ဖွားဘက်တော်။
မြတ်စွာဘုရားရဲ့ ဖွားဘက်တော် စာရင်းကို ““အာ၊ ဗော၊ ကာ၊ ယ၊
ဆန်၊ ရွှေ၊ ကဏ်”” လို့ အတိုကောက်လုပ်ထားတဲ့ အထဲမယ် အာ- ဆိုတာ
ရှင်အာနန္ဒကိုပြောတာ၊ ဗော- ကတော့ ဗောဓိပင်ပေါ့၊ ကာ- က ကာဠုဒါယီ၊
ယ- က ယသောဓရာ၊ ဆန်- က မြင်းတော်ခံ မောင်ဆန်၊ ရွှေ- က ရွှေအိုးကြီး

မောင်ဗာလ ယမမင်း ထံ အစစ်ခံရခြင်း။
၁။ ယမမင်း = အိုကွဲ့ယောက်ျား၊ မောင်လူသား၊ ဘယ်တရားများ ကျင့်ခဲ့တယ်။
မောင်ဗာလ= ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။
၂။ ယမမင်း =ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။
မောင်ဗာလ= ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။

ကုသိုလ်စိတ် များများဖြစ်အောင် ပြုပြင်နည်း။
စိတ်တို့သည် အလွန်ဖြစ်ပျက် မြန်သောကြောင့် ကုသိုလ်၊ အကုသိုလ်စိတ် ရောနှောလျက်
ဖြစ်တတ်ပါသည်။ နံနက်စောစော အိမ်ပေါ်မှ ဘုရားရှိခိုးလျက် ကုသိုလ်စိတ် ဖြစ်နေစဉ် အိမ်
အောက်ထပ်မှ ရောင်းဝယ်မှုကိစ္စဖြင့် ခေါ်သံကြား၍ လောဘစိတ် ဖြစ်ရ၏။ ဘုရားအာရုံပြုနေ
စဉ် မခံချင်စဖွယ် ပြောလာသဖြင့် ဒေါသစိတ် ဖြစ်ရ၏။

ကောင်းသော ရက်၊ လ၊ နှစ်၊ တွေဖြစ်လာအောင်ဆိုရင်။ ။
ဗုဒ္ဓမြတ်စွာဘုရားက ပုဗ္ဗဏှသုတ်မှာ အတိအလင်း ဟောထားပါတယ်။ ကောင်းသော ရက်၊
လ၊ နှစ် တွေ ဖြစ်လာအောင်ဆိုရင် နံနက်ခင်းမှာ အပြစ်ကင်းတဲ့ အတွေးတွေတွေးမယ်၊ အပြစ်
ကင်းတဲ့ အပြောတွေပြောမယ်၊ အပြစ်ကင်းတဲ့ အလုပ်တွေလုပ်မယ်။ ဆိုလိုတာက မနက်ခင်းမှာ
ကာယသုစရိုက်၊ ၀စီသုစရိုက်၊ မနောသုစရိုက်ဆိုတဲ့ အကျင့်တရားတွေ ကျင့်ကြံကြိုးကုတ် အား

ဝိပတ္တိတရား ၄ ပါး။
ဝိပတ္တိတရား ၄ ပါးမှာ = =
၁။ ဂတိ ၀ိပတ္တိ = လားရာဂတိ ဖြစ်ရာဘုံဘ၀ ပျက်ခြင်း၊ မကောင်းခြင်း။
၂။ ကာလ ၀ိပတ္တိ = မင်းနှင့်တကွ လူတို့ တရားမစောင့်ကြသော ကာလပျက်။
၃။ ပယောဂ ၀ိပတ္တိ = ပြုသင့်သည်ကို မပြု၊ မပြုသင့်သည်ကို ပြုခြင်း။

Thursday, September 25, 2014
ဘာကြောင့် သောတာပန် ဖြစ်ချင်ရတာလဲ။
တို့တစ်တွေ ဘုရားရှိခိုးကန်တော့တိုင်းမှာ အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး
စသည်ဖြင့် ကင်းလွတ်ရပါလို၏လို့ ဆုတောင်းကြပါတယ်။ ဆုတောင်းတိုင်းလည်း မရနိုင်ပါဘူး။
ကိုယ်ပြုလုပ်ခဲ့တဲ့ ကာယကံ၊ ၀စီကံ၊ မနောကံနှင့် အတိတ်က ဘ၀ဆက်တိုင်း ပြုလုပ်ခဲ့တဲ့ ကု
သိုလ်ကံ၊ အကုသိုလ်ကံ အားလျော်စွာ အကုသိုလ်ရဲ့ ဆိုးကျိုးကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ

ဝိနည်းကိုသိခြင်းအားဖြင့် အကျိုးကျေးဇူး။
မြတ်ဗုဒ္ဓသည် ၄၅ ၀ါ ကာလပတ်လုံး သတ္တ၀ါဝေနေယျတို့၏ အကျိုးစီးပွားအလို့ငှာ ဓမ္မ
ဒေသနာတော်များကို ဟောဖော်ညွှန်ပြတော်မူခဲ့ပါ၏။ ထို ဓမ္မဒေသနာများမှာ ပိဋကတ်အားဖြင့်
သုံးပုံ၊ နိကာယ်အားဖြင့် ငါးရပ်၊ ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် မြားမြောင်ကျယ်ဝန်း
လှပါ၏။ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာဟုဆိုသော ဓမ္မဒေသနာတော်အားလုံးသည် လူ၊ နတ်၊ ဗြဟ္မာ

စိတ်မနာပါစေနဲ့။
တခါတုန်းက နကုလပိတာ ဆိုတဲ့ ဒကာကြီးတစ်ယောက် ရှိပါတယ်။ သူက မြတ်စွာဘု
ရားနဲ့ အလွန်ရင်းနှီးပါတယ်။ ဘ၀ကလည်း မြတ်စွာဘုရားနဲ့ ဆွေမျိုးတော်ခဲ့တဲ့ ဘ၀တွေကများ
တော့ ဘုရားကို သူ့သားလို့ သူကယူဆပါတယ်။ သံသရာက အချစ်နဲ့ မြတ်စွာဘုရား အပေါ်
မှာ သံယောဇဉ် ဖြစ်ပါတယ်။ သို့သော် အဲဒီအချိန်မှာ သူက တရားထူး တရားမြတ် ရပြီးတဲ့

ပြိတ္တာ ၄ မျိုး။
ပြိတ္တာ ၄ မျိုးမှာ = =
၁။ ပရဒတ္တူပဇီဝိ ပြိတ္တာ = သူတစ်ပါးတို့ ပေးအပ်သော အစာကိုမှီ၍ အသက်ရှင်သော ပြိတ္တာ။
၂။ ခုပ္ပိပါသိတ ပြိတ္တာ = ထမင်းငတ်ခြင်း ရေသိပ်ခြင်းဖြင့်နှိပ်စက်အပ်သော ပြိတ္တာ။
၃။ နိဇ္ဈာမတဏှိက ပြိတ္တာ = အမြဲကျွမ်းလောင်ခြင်းဖြင့် ပူလောင်ခြင်းရှိသော ပြိတ္တာ။

Wednesday, September 24, 2014
မြတ်စွာဘုရားက ရှင်အာနန္ဒကို ဟောတဲ့ ၀ိပဿနာတရား။
တစ်နေ့သောအခါ ရှင်အာနန္ဒဟာ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့ လျှောက်တယ်။
“အရှင်ဘုရား၊ တပည့်တော်ကို ကမ္မဋ္ဌာန်းတရား အကျဉ်းချုပ် ဟောပေးပါတဲ့။ အဲဒီ ကမ္မဋ္ဌာန်းတရား
အကျဉ်းချုပ်ဟောပြီးရင် တပည့်တော်ဟာ တစ်ပါးထဲ လွတ်လွတ်ကင်းကင်း နိဗ္ဗာန်ကို ဦးတည်ချက်
ထားပြီး ကြိုးကြိုးစားစား တရားအားထုတ် ပါ့မယ်” လို့ ဘုရားထံ ၀န်ခံပြီးတော့ တရားတောင်းတယ်။

မွန်မြတ်တဲ့ စိတ်ဓာတ်ဆိုတာ။
ဆေးရုံမှာ ဆိုလို့ရှိရင် လူ(နာ)တွေရဲ့ အခြေအနေအလိုက် “မေတ္တာ”လည်း ဖြစ်တယ်။
“မုဒိတာ”လည်း ဖြစ်တယ်။ “ဥပေက္ခာ” လည်း ဖြစ်တယ်။ ကိုယ့်သန္တာန်မှာ ဒီလို ဖြစ်လာတဲ့
တရားလေးတွေကိုတန်ဖိုးထားပြီးတော့ မှန်မှန်ကန်ကန် ဒီမွန်မြတ်တဲ့ စိတ်ဓာတ်တွေနဲ့ ပြုစု
စောင့်ရှောက်မယ် ဆိုလို့ရှိရင် ကုသိုလ်ရပါတယ်။ ဒီကုသိုလ်ဟာလည်း အလွန်မွန်မြတ်တဲ့

ဆရာတော်ဦးဥတ္တမသာရ၏ ဗြဟ္မ၀ိဟာရတရား ၄ ပါး။
လူ့လောကမှာ မေတ္တာလောက် တန်ခိုးထက်သောအရာ မရှိပါ။ မေတ္တာတရားဟာ လော
ကကြီးတစ်ခုလုံးတွင် တန်ခိုးအထက်ဆုံးနှင့် စိတ်အချမ်းသာဆုံးတရား ဖြစ်ပါတယ်။ ချမ်းသာမှုတ
ကာတို့တွင် ဘယ်ချမ်းသာမှုနှင့်မျှ မတူကြောင်း ကိုယ်တိုင် မေတ္တာတရား ပွားများနေဖူးသူတိုင်း

ပါရာဇိက ၄ ပါး။
ပါရာဇိက ၄ ပါးမှာ ==
၁။ မေထုန ပါရာဇိက = မေထုန်ဟူသော မမြတ်သောအကျင့်ကို ကျင့်ခြင်း။
၂။ အဒိန္နဒါန ပါရာဇိက = သူတစ်ပါးဥစ္စာကို ခိုးယူခြင်း။

Tuesday, September 23, 2014
တရားအားထုတ်တယ်ဆိုတာ။
အမှတ်တမဲ့ မနေရဘူးတဲ့။ အပ္ပမာဒ ဆိုတဲ့ သတိတရားနဲ့ ထာဝရသတိရှိနေမယ်၊ သတိကပ်
နေမယ်ဆိုလို့ရှိရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် ၀ိပဿနာအာရုံတွေက ပေါ်နေတာတဲ့။ မပေါ်တာက
အသိဉာဏ်နဲ့ သတိမပေါ်တာ၊ ဟုတ်ကဲ့လား။ အဲဒီ သတိနဲ့ ဉာဏ် မပေါ်တာကိုပေါ်အောင် ကြိုးစား

မရှုံးစေနဲ့။
ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေနဲ့ လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ဟာ
ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထဘာဝနာကုသိုလ်၊ ၀ိပဿနာဘာဝနာကုသိုလ်၊
မဂ်ကုသိုလ်၊ ဖိုလ်ကုသိုလ် ခြောက်မျိုးလုံးကို အရယူရန်အတွက် ဖြစ်ပါတယ်။ စီးပွားဥစ္စာ

ပရိယတ်ကို အခြေခံရန်။
ပရိယတ်ကို အခြေခံရန် ကျေးဇူးတော်ရှင် အရှင်ဇနကာဘိဝံသဆရာတော်ကြီး၏ အဆုံး
အမတော်မှာ == “မြန်မာပြည်သာသနာ ခိုင်မာနေတယ်ဆိုတာ ပရိယတ်ကို မလွတ်တမ်းကိုင်
ထားလို့ပေါ့။ ပရိယတ်ကို အခြေခံပြီးလာခဲ့တာ။ ပဋိပတ်ဟာ တစ်ဦးချင်းအတွက် လိုအပ်တယ်

မွန်မြတ်တဲ့ လုပ်ငန်းဆိုတာ။
မွန်မြတ်တဲ့ လုပ်ငန်းတွင် စိတ်ထား ဖြူစင်မှုအတွက် စိတ်ရဲ့အညစ်အကြေးကို သန့်
စင်စေရပါမယ်။ ခန္ဓာကိုယ် အညစ်အကြေး ကင်းစင်မှုထက် စိတ်အညစ်အကြေး ကင်းစင်မှု
ဟာ ပိုအရေးကြီးပါတယ်။ ဆိုပါစို့ .. ဆေါ်ရုံကြီးမှာ ဆေးကုသတဲ့ လုပ်ငန်းဆိုတာ ရောဂါဖြစ်

စတုလောကပါနတ်မင်းကြီး ၄ ပါး။
စတုလောကပါနတ်မင်းကြီး (စတုမဟာရာဇ်) ၄ ပါးမှာ==
၁။ ဓတရဌ နတ်မင်းကြီး = မြင်းမိုရ်တောင်၏ အရှေ့မျက်နှာအရပ်၌ နေ၏။
၂။ ၀ိရုဠက နတ်မင်းကြီး = မြင်းမိုရ်တောင်၏ တောင်မျက်နှာအရပ်၌ နေ၏။
၃။ ၀ိရုပက္ခ နတ်မင်းကြီး = မြင်းမိုရ်တောင်၏ အနောက်မျက်နှာအရပ်၌ နေ၏။

Monday, September 22, 2014
ထိုသူပညာရှိ။
လယ်တီဆရာတော်ကြီးက “အခွင့်သာခိုက်မူ ရအောင်ယူ၊ ထိုသူပညာရှိ” တဲ့၊
“အခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင် ရှိသေးလိမ့်လေး” တဲ့၊ ဟုတ်ကဲ့လား၊ အခွင့်
သာခိုက်ကလေးမှ မလုပ်ဘူးဆိုရင် ကိုယ့်လောက်မိုက်တဲ့လူ မရှိတော့ဘူးလို့ ဒီလိုပြောတာ၊

ရှင်အာနန္ဒ ရဟန္တာဖြစ်ပုံ။
ရှင်အာနန္ဒက စဉ်းစားလိုက်တယ်။ “ငါ ဘာလို့ တရားထူး တရားမြတ်
မရတာတုန်း”လို့။ သန်းခေါင်ကျော်သွားပြီ၊ မနက်လင်းဖို့လည်း နီးလာပြီ။ သြော် ငါ့စိတ်တွေ
ပြင်းထန်နေပြီး ၀ီရိယတွေ လွန်ကဲနေတယ်၊ သမာဓိက လျော့နည်းနေတယ်။ အဲဒါကို ရှင်အာ
နန္ဒက သိတယ်။ ၀ီရိယတွေ သိပ်လွန်ကဲနေရင် ဥဒ္ဓစ္စ ဖြစ်တယ်။ သမာဓိတွေ လျော့နည်းတတ်တယ်။

``ငရဲကျကြောင်းတရား ( ၁၀ )ပါး´´။
(၁) သနားညှာတာခြင်း ကင်းလျက် သွေးစွန်းသောလက်ဖြင့် သူ့အသက်ကို
သတ်လေ့ရှိခြင်း။
(၂) ရွာ၌ဖြစ်စေ တော၌ဖြစ်စေ သူ့ဥစ္စာကို ခိုးယူလေ့ရှိခြင်း။

သာသနာ အညစ်အကြေးများ။
ဗုဒ္ဓသာသနာကို ညှိုးမှိန် ကွယ်ပျောက်စေနိုင်သော အညစ်အကြေများကို ပုဂံခေတ်
တန္တရအနွယ်ဝင် အရည်းကြီးတို့က မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်များအတွက်ထုနှင့်
ထည်နှင့် ထားခဲ့ကြပေသည်။ ထိုအရည်းကြီးတို့၏ အလေ့အကျင့်များမှာ-

မဂ္ဂင် (၈) ပါး။
မဂ္ဂင် (၈) ပါးတို့မှာ ==
၁။ သမ္မာဒိဌိ = သစ္စာလေးပါးကို ကောင်းစွာမြင်ခြင်း။
၂။ သမ္မာသင်္ကပ္ပော = ၀ိတတ်သုံးပါးမှ ကင်း၍ ကောင်းသော အကြံကို ကြံခြင်း။
၃။ သမ္မာဝါစာ = ၀စီဒုစရိုက် လေးပါးမှ ရှောင်ကြဉ်၍ ကောင်းသော စကားကိုဆိုခြင်း။

Subscribe to:
Posts (Atom)