Saturday, July 23, 2016

မကောင်းလည်းကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး


မကောင်းလည်းကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး
ဘုရားရှိခိုးတိုင်း၊ သီလယူတိုင်း ကန်တော့လေ့ရှိသော သြကာသ ကန်တော့ခန်းတွင် “အပါယ် (၄)ပါး၊ ကပ်(၃)ပါး၊ ရပ်ပြစ်(၈)ပါ၊ ရန်သူမျိုး (၅)ပါး၊ ၀ိပတ္တိ တရား(၄)ပါး၊ ဗျသန တရား(၅)ပါး တို့မှ ကင်းလွတ်ရပါစေကြောင်း” ဗုဒ္ဓဘာသာဝင်တိုင်း ဆုတောင်းလေ့ ရှိကြ၏။ ထိုတွင် ၀ိပတ္တိ ပျက်စီးခြင်း တရား (၄)ပါး ဟူသည် အဘယ်နည်း။? ၎င်း၏ ဆန့်ကျင်ဘက် ဖြစ်သော သမ္ပတ္တိ ပြည့်စုံခြင်း တရား (၄)ပါး ဟူသည် အဘယ်နည်း။?

Friday, July 22, 2016

အဘိဓမ္မာနှင့်ဝိပဿနာ


အဘိဓမ္မာဟူသည် အလွန်သိမ်မွေ့နူးညံ့သောဓမ္မ၊ အလွန်နက်နဲခက်ခဲသောဓမ္မ၊ အလွန်ကျယ်ပြန့်သောဓမ္မ၊ အလွန် ထူးကဲသောဓမ္မဖြစ်သည်။ ဓမ္မဟူသည် အရှိတရား၊ အမှန်တရား၊ ကြောင်းကျိုးဆက်တရား၊ သဘာဝတရား၊ ပကတိတရား၊ ဉေယျတရား၊ နိဿတ္တတရား၊ နိယာမတရား၊ ပရမတ္ထတရား၊ သစ္စာတရားတို့ဖြစ်သည်။ အလွန့် အလွန် သိမ်မေ့နူးညံ့သော၊ ခက်ခဲနက်နဲသော၊ ထူးကဲကျယ်ပြန့်သော၊ သတ္တ အတ္တ မဟုတ်သော ပင်ကိုယ်သဘာဝအားဖြင့် အရှိအမှန်ဖြစ်သော သိအပ်သော

သဘာဝအရှိတရားကို သိစွမ်းနိုင်တဲ့ ပညာ။

      ပညာဆိုတာကတော့ ဗုဒ္ဓမြတ်စွာက လောကကြီးမှာ လိုအပ်တဲ့ အမြင့်ဆုံးပညာကို
ဟောထားတယ်။ ပညာဟူသည်မှာ အကောင်းအဆိုး၊ အကြောင်းအကျိုး လုပ်သင့် မလုပ်သင့်
စတာတွေကို ခွဲခြားသိတာကို ပညာခေါ်တယ်။ လောကမှာ သင်ယူထားတဲ့ ပညာအများစုဟာ

ဘုရားကိုရည်မှန်းပြီး အဝေးကနေ၍ လှူဒါန်းပူဇော်နည်း။

      ဘုရားကို ရည်မှန်း၍ ပန်းစသည်တို့ကို ပူဇော်ကြ၏။ ထိုကဲ့သို့ ပူဇော်ရာ၌ အကျိုးရ၊ မရ၊ ရှေးက
ပင် စဉ်းစားဖူးကြပါသည်။ အကျိုးရမှု မရမှုမှာ ပူဇော်သူများ၏ စေတနာသာ ပဓာနဖြစ်၏။ မိမိ၏စိတ်
စေတနာက ဘုရားကို ရည်မှန်း၍ လှူဒါန်းပူဇော်ပါလျှင် ကုသိုလ်စေတနာ ဖြစ်သောကြောင့် ဧကန်အ

ဝိသာခါအား ဆုံးမသော ပဋိ စ္ဆန္နသြ၀ါဒ (၁၀) ပါး။

  ၀ိသာခါအား ဆုံးမသော ပဋိ စ္ဆန္နသြ၀ါဒ (၁၀) ပါးမှာ==
 ၁။ အိမ်တွင်းကမီးကို အပြင်မထုတ်ရာ၊ အိမ်တွင်းက ရန်စကားကို အပြင်သို့ မရောက်စေရာ။
 ၂။ အိမ်ပကမီးကို အတွင်းမယူရာ၊ အိမ်ပကရန်စကားကို အိမ်တွင်းသို့ မရောက်စေရာ။

Thursday, July 21, 2016

သတ္တာဝါသ ဘုံကိုးဝနှင့် ၀ိညာဏဋ္ဌိတိ ခုနစ်ပါး


မေး။ ။အရှင်ဘုရား၊ အမျှဝေ လင်္ကာ ဘုံသုံးဆယ့်တစ် စသောအပိုဒ်ပါ သတ္တာဝါသ ဘုံကိုးဝနှင့် ၀ိညာဏဋ္ဌိတိ
တည်ရှိခုနစ်ပါး-ဆိုသည်ကို အဓိပ္ပါယ်သိလိုပါသည်၊ ရှင်းလင်းပေးတော်မူပါရန်
လျှောက်ထားပါသည်ဘုရား။
( ဦးနေ၀င်း-ကျောက်တန်းရွာ၊ ပဲခူးမြို့နယ် )

Wednesday, July 20, 2016

"ဣဿာ မစ္ဆရိယ ဟူသည်....."



"ဣဿာ"
-----------
ဣဿာဆိုတာ သူတစ်ပါးကို ဂုဏ်မပြုနိုင်တာ၊ အကောင်းမပြောနိုင်တာ၊
ဣဿာရှိရင် အကောင်းမပြောနိုင်ဘူး၊
လူတစ်ယောက် အောင်မြင်လာပြီး စည်းစိမ်ချမ်းသာ ရလာတာကို
အခြားတစ်ယောက်က မကျေနပ်နိုင်ဘူး၊ မပျော်နိုင်ဘူး၊
လူတစ်ယောက် ကြီးပွားသွားရင် မကြည့်နိုင်ဘူး၊ မရှု့စိမ့်ဘူး၊
မနာလို မရှုစိမ့်ဖြစ်တယ်လို့ ပြောတယ်၊ Jealousy ပေါ့၊
ဒါကလည်း ဒေါသနဲ့ ယှဉ်တွဲပြီး ဖြစ်တာမို့ ဒေါသမူစိတ်မှာ ယှဉ်တယ်၊
စိတ်ဆိုးတာ မဟုတ်ဘူး၊ သို့သော် စိတ်ယုတ်တာ စိတ်ပုတ်တာ ဖြစ်တယ်၊
လူတစ်ယောက် အောင်မြင်နေလို့ရှိရင် မနာလိုဖြစ်တယ်၊
အကောင်းမပြောနိုင်ဘူး၊

ပါချုပ်ဆရာတော်၏ ဘ၀မှ လွတ်မြောက်ဖို့ နည်းလမ်းကောင်းများ။

     ဒီဘ၀ပြီးသွားရင် ဘယ်ရောက်မယ်ဆိုတာ သာမန်ပုထုဇဉ်တွေ မသိနိုင်ပါ။ မြတ်စွာဘု
ရား တရားတော်တွေ တို့တစ်တွေ နာခွင့်ရကြပါတယ်။ တရားတော်တွေဆိုတာ ရောဂါပျောက်
အောင် ကုသနိုင်တဲ့ ဆေးနဲ့ အလားတူပါတယ်။ ဆေးဆိုတာ မသောက်ဘဲနဲ့ နေလို့ရှိရင်တော့

သန့်ရှင်းစင်ကြယ်သော ဥပုသ်။

  ဥပုသ်စောင့်မည်ဆိုလျှင် အလျင်တနေ့ကပင် ဥပုသ်နေ့၌ အလုပ်မဖြစ်သည့်ကိစ္စမျိုး မရှိ
ရအောင် ကြိုတင်၍ အပြီးအစီး ဆောင်ရွက်ထားရသည်။ ဥပုသ်နေ့ ရောက်လာ၍ ဥပုသ်ခံယူ
ဆောက်တည်ထားသောအခါ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃဂုဏ်၊ မိမိဆောက်တည်ထားသော

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာမသိတဲ့အလှူ။

         သားကလေးကြီးလို့ ရှင်ပြုချင်၊ သမီးကလေး နားသချင်တော့ မိဘတွေက တိုင်ပင်ကြ
တယ်။ “တို့ကလေးတွေလည်း အရွယ်ရောက်ကုန်ကြပြီ၊ တဘ၀ တစ်နပ်စာနဲ့လည်း မပြီးသေး
ဘူး။ ကုသိုလ်ကလေးဘာလေးလုပ်ပြီး နောက်ဘ၀ ချမ်းသာရေး လုပ်ကြဦးစို့ကွယ်” ဆိုပြီး

Tuesday, July 19, 2016

လူသိနဲသော ၀ါဆိုလပြည့်၏ ထူးခြားမှုတခု

သူဌေးသမီးကာဠီ။             ။ ရာဇဂြိုလ်မြို့၌ ကိုယ်ဝန်အရင့်အမာဖြင့် ကာဠီမည်သော သူဌေးသမီးသည် ဝါဆိုလပြည့်နေ့ဝယ်အာသဠှီနက္ခတ်ပွဲသဘင်ဆင်ယင်နေသောတမြို့လုံးကိုကြည့်လို၍သူတို့၏ပြာဿဒ်  အထပ်ထပ်သို့တက်ပြီးလျှင်လေသာတံခါး၌လေညှင်းခံလျက်မြို့၏သာယာပုံကိုကြည့်ရှုနေလေသည်၊
ထိုအချိန်၌ သာတာဂိရ ၊ ဟေမဝတမည်သော နတ်စစ်သူကြီးနှစ်ယောက်တို့သည်နောက်ပါ အခြွေအရံ ငါးရာစီနှင့်အတူ ထိုပြဿဒ်၏အထက် ကောင်းကင်ဝယ်ဆုံမိကြလေသည်။

ဘ၀ဟူသည် အကျဉ်းထောင်

ဘုရားရှင်က “ဘဝဟူသည် အကျဉ်းထောင်သာဖြစ်၏” ဟု မိန့်တော်မူ၏။ မှန်၏။ မိမိတို့တတွေသည် ဘဝအကျဉ်းထောင်ထဲ၌ အကျဉ်းချခံနေရသော ဘဝအကျဉ်းသားများသာ ဖြစ်ကြလေ၏။သေချာစဉ်းစားကြည့်။ တဏှာထားရာနေ၊ တဏှာစေရာသွား၊ တဏှာအမိန့်နာခံ၊ တဏှာခိုင်းသမျှ အကုန်လုပ်နေရသော တဏှာ၏ကျွန်၊ ဘဝအကျဉ်းသားတွေသာ ဖြစ်၏။ လောဘ၊ ဒေါသ စသောတစ်ထောင့်ငါးရာ ကိလေသာတွေ၏ အမိန့်အာဏာအောက်မှာ မလွတ်မလပ် ကျဉ်းကျပ်စွာ နေနေရသော

Monday, July 18, 2016

သန္ဓေ ၊တောထွက်၊ ဓမ္မစက်၊ ဟောမြွက်လ၀ါဆို

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်

၁။ မြတ်စွာဘုရားရှင်၏ ပညတ်တော်အရ ရဟန်းတော်များ ၀ါတွင်းသုံးလ ၀ါဆိုဝါကပ်
တော် မူသည်ကို အကြောင်းပြု၍ ၀ါဆိုလဟုမည်တွင်သည်။
၂။ သက္ကရာဇ် ၁၀၃ ၀ါဆိုလပြည့် စနေနေ့ညတွင် မြတ်စွာဘုရားသခင်သည် ဗာရာဏ
သီပြည် မိဂဒါဝုန် တောဝယ် ပဉ္စ၀ဂ္ဂီ ငါးဦးအား ဓမ္မစကြာတရားတော်ကို ဟောကြား
ခဲ့သဖြင့် ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ဟူ၍ သတ်မှတ်ခြင်းဖြစ်သည်။

မေတ္တာရောက်အောင် ဘယ်လိုပို့မလဲ...?

အရှင်ဘုရား..မေးလျှောက်ခွင့်ပြုပါ.. မေတ္တာပို့  တဲ့ အကြောင်း ပါ.. လူ တစ်ယောက် သို့  လူ တစ် စု က ကိုယ့် ကို ရန်ရှာနေပေမဲ့ ကိုယ်က ရန်ကို ရန်နဲ့  မတုံ့  ပြန်ချင်လို့  သူ တို့  ကို အာရုံ ပြုပြီး မေတ္တာ ပို့  ပေး လျှင် ထိရောက်နိုင်ပါသလား ဘု ရား .. နောက်တစ်ခု က ကိုယ် နဲ့  မသိတဲ့ သတ္တဝါ ဥပမာ သတင်း.မှာ လူ တွေ အများ ကြီး ဒုက္ခရောက်တော့ မဲ့ အခြေ အနေ မှာ ကိုယ်က မေတ္တာပို့  ပေးရင်ရော သူ တို့ 

ပါချုပ်ဆရာတော်ကြီး၏ ကောင်းကျိုးချမ်းသာရဖို့ ဘယ်လိုနေကြရမလဲ ?။

       ကောင်းကျိုးချမ်းသာရဖို့ဆိုတာ အချက် ၄ ချက် လိုအပ်တယ်။ အဲဒီ အချက် ၄ ချက်နဲ့
ကိုယ်ရဲ့ စိတ်စွမ်းအားတွေကို လေ့ကျင့်ပေးရမယ်။
         ၁။ “ ငါ့သန္တာန်မှာ ကုသိုလ်စိတ်ဖြစ်စေရမယ်” = ငါ့သန္တာန်မှာ ဒီဘ၀ရလာတဲ့အချိန်မှာ

ဝမ်းမြောက်မှု စေတနာသာပဓာန။

        ဒါနပြုရာဝယ် တချို့မှာကား လှူရတာများလှ၍ အကြီးအကျယ် လှူဒါန်းရပါသော်လည်း
သိပ်ကြီးဝမ်းမမြောက်လှ၊ စေတနာလည်း သိပ်ကြီးမထက်လှ၊ အမှတ်တမဲ့ပင် လှူလိုက်ကြ၏။ ထို
သူတို့ အတွက်မှာ လှူဖွယ်ဝတ္ထုက များပြားစေကာမူ စေတနာထက်သန် ဖွံ့ဖြိုးမည်ဟု မဆိုနိုင်။

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ

    “ စိတ်ညစ်စိတ်ကြေး၊ စိတ်ဖြင့်ဆေး။”
     =========
ရေကြောင့်ညွန်ဖြစ်၊ ထိုညွန်ညစ်လည်း၊
စင်လစ်ရေကြောင့်၊ သွေမထောင့်ဘူး၊

Sunday, July 17, 2016

ဝိုင်ကိုသောက်ရင်ရော သီလပျက်ပါသလား ?

ဝိုင်ကိုသောက်ရင်ရော သီလပျက်ပါသလား ?
==============================
ဝိုင်ကိုသောက်ရင်ရောသီလပျက်ပါသလားဘုရား အရှင်ဘုရား တပည့်တော်မကိုမေးလျှောက်ခွင့်ပြုပါဘုရား.. အခုခေတ်မှာ ၅ပါးသီလလုံး လုံခြုံဖို့ ကအရမ်းခက်ပါတယ်.. တပည့်တော်မတို့ဘာလို့ သီလစောင့်သင့်သလဲ..သီလ ကိုဘုရားဆီမှတောင်းမှရမလား..မတောင်းဘဲနဲ့ရှောင်ရင်ရောသီလစောင့်သလိုဖြစ်ပါသလားဘုရား ..သီလပျက်ပြီးရင်ဘယ်လိုပြန်လုပ်ရမလဲ..အခု တချို့ပိုးမွှားတွေကိုသတ်ရင်ရောသီ လပျက်ပါသလား ဘုရား.. ၀ိုင်ဆိုတဲ့ အရက်တစ်မျိုးက