Saturday, December 21, 2013

ဘဒ္ဒကမ္ဘာ ဆိုတာ ...




တဆူသာရ ၊ နှစ်မဏ္ဍ ၊ ၀ရ သုံးဆူသာ ။
သာရ မဏ္ဍ ၊ လေးဆူပြ ၊ ဘဒ္ဒငါးဆူပါ ။
တဆူသော်မျှ ၊ မပွင့်က ၊ သုည ထိုကမ္ဘာ ။

သတ္တ၀ါတို့ ဖြစ်ပေါ်ရာ ကမ္ဘာသည် မြတ်စွာဘုရားတို့ ကင်းဆိတ်သော
(၀ါ) မြတ်စွာဘုရားတဆူမျှ မပွင့်သော သုညကမ္ဘာနှင့် မြတ်စွာဘုရားတို့မှ မကင်းဆိတ်သော
(၀ါ) မြတ်စွာဘုရား အနည်းဆုံး တဆူဖြစ်စေ ပွင့်သော အသုညကမ္ဘာဟူ၍ နှစ်မျိုးရှိသည်။

တစ်မိုင်ပိုသွားပါ

" ဘဝမှာ သူများထက်ပိုပြီးရှေ့ ကိုရောက်ချင်သလား၊ တစ်မိုင်ပိုသွားပါ "
(If you want to get ahead in life, go an extra mile)
ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။
ဆိုလိုတာက သူများထက်သာချင်လျှင်
သူများထက် ပိုပြီးအလုပ်လုပ်ပါ။

မထင်မရှားဖြစ်သော စိတ်များ။

           မိမိ၏ စိတ်ဖြစ်ပုံကို မိမိကိုယ်တိုင် စဉ်းစားကြည့်သောအခါ တချို့စိတ်၏ ဖြစ်ပုံသည်
ထင်ရှား၏။ တချို့စိတ်၏ ဖြစ်ပုံကား မထင်ရှား။ အိပ်ပျော်နေသောအခါ၌ စိတ်အစဉ်သည် ဖြစ်
မြဲ ဖြစ်နေ၏။ သို့သော် ဖြစ်ပုံကား မထင်ရှားချေ။ နိုးသောအခါမှာလည်း အမှတ်တမဲ့ မြင်ရ၊

အာရက္ခသမ္မဒါ ထိန်းသိမ်းစောင့်ရှောက်မှု။

     အာရက္ခသမ္မဒါဟူသည် ရှာဖွေရရှိသော ပစ္စည်းဥစ္စာများကို မကုန်သင့်တာ မကုန်အောင်၊
မပျက်စီးသင့်တာ မပျက်စီးအောင်၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းပင် ဖြစ်၏။
         မီး၊ ရေ၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သူဟူသော ရန်သူမျိုးငါးပါး၊ မဖျက်ဆီးနိုင်အောင်

အရှင်သာရိပုတ္တရာရဲ့ စိတ်ဓာတ်ကောင်း။

               လောကမှာ အပြစ်တွေ့လို့ သူ့ကို သတိပေးပြောကြားရင်လည်း လက်ခံတဲ့ပုဂ္ဂိုလ်
 ဖြစ်ရပါမယ်။ အဲဒီအချက်က အင်မတန်ခက်တယ်။ ခက်တာက လူတွေမှာ  မာနရှိတယ်။ မာန
ရှိတဲ့ အတွက်ကြောင့် ကိုယ့်ထက်ငယ်တဲ့ ပုဂ္ဂိုလ်ကပြောရင် လက်မခံကြဘူး။ ကိုယ့်အောက်ငယ်

Friday, December 20, 2013

ဆင်းရဲကြောင်း (၆) မျိုး

 ဒီနေ့ တရုတ်မိသားစုအိမ်မှာ နေ့ဆွမ်းဘုဉ်းပေးရတယ်။
ဒီတရုတ်မိသားစုဒကာကြီး ဒကာမကြီးတွေက
ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်တွေ။
မြန်မာဘုန်းကြီးတွေကို
တစ်လ တစ်ခါဖြစ်စေ၊
နှစ်လ တစ်ခါဖြစ်စေ ဆွမ်းကပ်လေ့ရှိတယ်။

ဗုဒ္ဓအပေါ် သံဃာ၏ဆန္ဒ နှင့် သံဃာ့အပေါ် ဗုဒ္ဓ၏ဆန္ဒတော်


မြတ်စွာဘုရားသည် ၄၅-၀ါမြောက်
 နောက်ဆုံးဝါကို ဝေဠုဝရွာငယ်၌ပင် ၀ါကပ်တော် မူစဉ် သေ၀ပါးနီး ရောဂါကြီးကို ခံစားတော်မူရသည်။

ဥပုသ်စောင့်ခ ငွေတစ်ထောင်။

         အနာထပိဏ် သူဌေး၌ သားမိုက် တစ်ယောက်ရှိ၏။ မိဘ၏ အဆုံးအမကို လုံးဝမနာ
ယူဘဲ အပေါင်းအသင်းများနှင့်အတူ အမြဲတစေ ပျော်ပါး သုံးဖြုန်းလျက် နေ၏။ ယခုခေတ်
အခေါ်အရ ဆိုလျှင် လမ်းသရဲဟု ခေါ်ရပေလိမ့်မည်။ သူ့နာမည်က မောင်ကာဠ။

ကံဟောင်းကုန်ရင် ဘ၀သစ်မရှိ။

     ဘုရား ရဟန္တာတွေဆိုတာ ကိလေသာတွေ ကုန်ပြီးနေပြီ။ သို့သော် ကုန်ပြီးနေတဲ့ ဘုရား
ရဟန္တာတွေမှာ ဘာဖြစ်လို့ ကံက အကျိုးပေးနေရသလဲဆိုတာ မျက်စိလည်တတ်ကြ
တယ်။ ကံကုန်တယ် ဆိုတာနဲ့ ပတ်သက်ပြီး ရတနသုတ်မှာတွေ့ရတာက “ ခီဏံ ပုရာဏံ နဝ

ဘာဝနာတရားဖြင့် နေနည်း။

      ဘာဝနာအလုပ်ဆိုတာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့  သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊
ပညာအား မဂ္ဂင်သတ္တိ ဖြစ်သည်အထိ၊ သတ္တိတွေ တိုးပွားအောင် အားထုတ်ရတာလို့  နား
လည်စေချင်ပါတယ်။ အထူးအားဖြင့် ၀ိပဿနာအလုပ်၊ ၀ိပဿနာဘာဝနာက ဖြစ်နေတဲ့အ

Thursday, December 19, 2013

ဆုတောင်းမနေနှင့်ဆိုတဲ့စကားဟာ အစွန်းမလွတ်ဘူး

အမျိုးသမီးယောဂီတစ်ယောက်က အိမ်ပြန်တော့မလို့ ဘုန်းဘုန်းတွေကို ကန်တော့နှုတ်ဆက်ပါတယ်။ ဘုန်းဘုန်းတွေနှင့် ပြောမနာဆိုမနာ ရင်းနှီးနေကြတော့ ကန်တော့ရင်းကနေ ဘုန်းဘုန်း၊ တပည့်တော် ကန်တော့တယ်နော်။

တရားဦး

 ပဉ္စ၀ဂ္ဂီငါးဦး (ရဟန်းငါးပါးအစု) နဲ့
ဘုရားအလောင်း တရားအတူကျင့်ခဲ့ဘူးပါတယ်။
ဘုရားအလောင်းနဲ့ ဒီပဉ္စ၀ဂ္ဂီငါးဦး တောထဲမှာ
တရားအတူကျင့်စဉ် သဘောထားကွဲလွဲခဲ့တယ်။

စင်ကြယ်သော ဥပုသ်ဆိုသည်မှာ။

        ဥပုသ်စောင့်မည်ဆိုလျှင် အလျင်တနေ့ကပင် ဥပုသ်နေ့၌ အလုပ်မဖြစ်သည့်ကိစ္စမျိုး မရှိ
ရအောင် ကြိုတင်၍ အပြီးအစီး ဆောင်ရွက်ထားရသည်။ ဥပုသ်နေ့ ရောက်လာ၍ ဥပုသ်ခံယူ

လောကုတ္တရာဉာဏ်အမြင် တရားထူးရနိုင်သူ၊ မရနိုင်သူ။

         သဖန်းသားဟာ အပင်မှ ခုတ်ဖြတ်ပြီးခါစ အစိုလည်းဖြစ်နေမယ်၊ ရေလည်းစိမ်ထားမယ်
ဆိုရင် အဲဒီလို သစ်သားအစိုကို အချင်းချင်းဖြစ်စေ၊ အခြားသစ်သားနဲ့ဖြစ်စေ ပွတ်ပေမယ်လို့

လောက တက္ကသိုလ်ကြီး။

      “ လောကကြီးဟာ သတ္တ၀ါတွေအတွက် အကျိုးအပြစ်ကို ညွှန်ပြနေတဲ့ ဆရာကြီးဖြစ်တယ်”
ဆိုတာ ကြားဖူးကြမှာပါ။ နိတိကျမ်းတွေထဲမှာလည်း ဒီသဘောမျိုး ဆုံးမတာတွေ အများကြီးရှိပါ

Wednesday, December 18, 2013

တရားဆို တိုမှ

စာပေလာအရ ပြောရရင်
သဟမ္ပတိဗြဟ္မာကြီးက လျှောက်ထားတောင်းပန်လို့
ဘုရားရှင် တရားဟောမယ် လို့ ဆုံးဖြတ်ချက်ချပါတယ်။

ဘယ်သူ့ကို အရင်ဆုံးတရားဟောရမလဲ၊ ဘယ်သူက ငါ့တရားကို သိနိုင်မလဲ လို့
ဘုရားရှင် တွေးပါတယ်။
အာဠာရရသေ့နဲ့ ဥဒကရသေ့ကို တွေးမိပါတယ်။

တရားသိလျက် အကျင့်ခက်

 
(သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ တပေါင်းလဆန်း ၉-ရက်၊ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ရတနာလမ်း၊ ၀ိသုဒ္ဓိဆွမ်းလောင်း အသင်းကြီး၏ စတုတ္ထအကြိမ်မြောက် ပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် (ဆရာတော်ကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ) ဟောကြားအပ်သော `တရားသိလျက် အကျင့်ခက်´ တရားဒေသနာတော်)

ဘ၀အတွက် ထာဝရချမ်းသာနည်း။

 လောကလူသားတွေရဲ့  သဘာဝအရ လူဟာအဖေါ်မရှိဘဲမနေတတ်ပါ တခြားသတ္တ၀ါတွေ ကြည့်လိုက်မယ်
ဆိုရင်လဲ အဖေါ်နဲ့  နေကြတာပါ။ ဒီလိုအဖေါ်နဲ့  နေခြင်းအားဖြင့် အကျိုးကျေးဇူးက ဘာလဲ။

ပညာစစ်၊ ပညာတုဆိုတာ။

      ပညာစစ် = ကံ၊ ကံ၏အကျိုးကို သိတတ်သောဉာဏ်၊ စာပေကျမ်းဂန်၏ အဓိပ္ပါယ်မှန်ကို
နားလည်သောဉာဏ်၊ ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်များနှင့် ဘုရားရှင်၏ သဗ္ဗညုတ

ဝိသမလောဘဓာတ်။

* ခြံရိပ်မှောင်တွင်၊ ခေါင်းထောင်စွယ်ပြူး၊
    တရှူးရှူးနှင့်၊ ဟူးဟူးမာန်ထွက်၊

ဝိသမလောဘဓာတ်။

* ခြံရိပ်မှောင်တွင်၊ ခေါင်းထောင်စွယ်ပြူး၊
    တရှူးရှူးနှင့်၊ ဟူးဟူးမာန်ထွက်၊

Tuesday, December 17, 2013

* အငြိမ်းဓာတ် နိဗ္ဗာန်ကိုရှာဖို့ရာ။

        ဘုရားလောင်းသိဒ္ဓိတ္တမင်းသားဟာ မိမိကိုယ်တိုင်က အိုတတ်သောသဘောရှိပါလျက် အို
တတ်သောသဘော ရှိတာတွေကို ရှာကြံသိမ်းပိုက်နေတာ မတော်ဘူး၊ မိမိကိုယ်တိုင်က အိုတတ်

* ကိလေသာမရှိရင် ကံစွမ်းအားမရှိ။

          ကိလေသာ ဆိုတာ မရှိတော့ဘူးဆိုရင် “ကံ” စွမ်းအားလည်း မရှိတော့ဘူး။ ကံစွမ်း
အား မရှိတော့ဘူး ဆိုရင် ၀ိပါကလည်းပဲ ချုပ်ငြိမ်းသွားတယ်။ ဒါကို အပြန်အားဖြင့် ဒီလို နား

ဣဿာမစ္ဆရိယသဘော ပြောပြပါဘုရား

ြ မန်မာစကားသည် ပါဠိဘာသာနှင့် များစွာ ဆက်နွယ်လျက်ရှိ၏။ မြန်မာနှင့် ပါဠိသည် ခွဲ၍မရနိုင်ပါ။ ပါဠိစကားလုံးများစွာသည် မြန်မာစကားတွင် မြန်မာစကားအနေနှင့်ပင် ပါဝင် လျက်ရှိ၏။ အချိုးကျကျ သုံးတတ်လျက်ရှိ၏။