Saturday, February 9, 2019

လူနှစ်ဦး တပြိုင်နက်သေ၍ တဦးက ဗြဟ္မာ့ပြည့်၌ ဖြစ်၍ တဦးက ဤလူ့ပြည်၌ ဖြစ်ကြရာ

လူနှစ်ဦးတို့သည် ဤလူ့ပြည်က တပြိုင်နက်သေ၍ တဦးက ဗြဟ္မာ့ပြည့်၌ ဖြစ်၍ တဦးက ဤလူ့ပြည်၌ ဖြစ်ကြရာ အဘယ်သူက အလျင်ဖြစ်နိုင်ပသနည်း။

( ဖြေ )
မည်သည့်ဘ၀၌ပင်ဖြစ်စေ အဘိဓမ္မာအရ စုတိစိတ် နောင်-ပဋိသန္ဓေစိတ် ဖြစ်ရ၍ ဗြဟ္မာပြည်နှင့် ဤလူ့ပြည် နှစ်ရပ်၌ တပြိုင်နက်ပင် ပဋိသန္ဓေယူနိုင် ဖြစ်နိုင်ကြပါသည်။

သူတော်ကောင်းဥစ္စာ ၇ ဖြာ။

      သူတော်ကောင်းဥစ္စာ ၇ ဖြာမှာ ==
၁။ သဒ္ဓာ = ရတနာသုံးပါးဂုဏ်ကို ယုံကြည်ခြင်း၊ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း။
၂။ သီလ = ပဉ္စသီလ၊ အဌင်္ဂသီလနှင့် ပြည့်စုံခြင်း။
၃။ သုတ = အကြားအမြင်များခြင်း။

Friday, February 8, 2019

* "ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့် ဘာ့ကြောင့် ဖုံးလွှမ်းရသနည်း" *

တို့ အဘဘုရား သာသနာမှာ လက်ဝဲတော်ရံ လက်ယာတော်ရံဆိုတာ မရှိဘူးလား

"ရှိပါတယ်ဘုရား"

လက်ဝဲတော်ရံဆိုတာ "တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာမောဂ္ဂလာန်ပါဘုရား"

လက်ယာတော်ရံဆိုတာ "ပညာအရာမှာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာပါဘုရား"

ကောင်းအောင်ပြင်ဖို့အတွက် ကိုယ့်ကိုယ်ကို အလေးထားပါ။

   ကောင်းအောင်ပြင်ဖို့အတွက်  တို့တစ်တွေဟာ အလေးထားစရာသုံးမျိုး မှတ်ထားရ
ပါမယ်။ မြတ်စွာဘုရားက  နံပါတ်(၁) ကိုယ့်ကိုယ်ကို အလေးထားပြီးတော့ စဉ်းစားဆင်ခြင်ရ
မယ်။ နံပါတ်(၂)က ကိုယ့်ပတ်ဝန်းကျင် လောကကြီးကို အလေးထားပြီးတော့ ဆင်ခြင်တတ်ရ

Thursday, February 7, 2019

ပရိတ်ရွတ်ရာ၌ နတ်ဖိတ်ခြင်း

အရှင်ဘုရား၊ ပရိတ်မရွတ်မီ နတ်များကို ပင့်ဖိတ်ကြပါသည်၊ ပရိတ်တရား နာယူရန် နတ်များကြွရောက်ကြပါသလား၊ မမြင်ဖူး၍ ကိုယ်ထင်ပြပေးရန် တောင်းဆိုလျှင် ရပါသလား။
ပရိတ်ရွတ်ဖတ်သူတို့က မည်သည့်အင်္ဂါမျိုးနှင့် ပြည့်စုံရပါမည်နည်း။ ဖြေကြားပေးတော်မူပါဘုရား။
( မောင်ဋ္ဌေးဝင်း-မန္တလေးတိုင်း )

Wednesday, February 6, 2019

*** တုန့်ပြန်ချင်စိတ် ***

မခံချင်တဲ့စိတ်၊ တုန့်ပြန်ချင်တဲ့စိတ်ဟာ လူတိုင်းလူတိုင်းမှာ ရှိတယ်။ ကိုယ့်ကို အပြုသဘောနဲ့မဟုတ်ပဲ တမင်တကာ အပြစ်ရှာပြောနေရင်၊ ကိုယ့်ကို လိုက်ကဲ့ရဲ့နေရင် တုန့်ပြန်ချင်တယ်နော်။ မဟုတ်တာလာပြောရင် ပိုလို့တောင် မခံချင်စိတ်ဖြစ်ပြီး ပိုတုန့်ပြန်ချင်နေတယ်။

ကိုယ်ကိုယ်တိုင် ပါရမီရှင်ဖြစ်အောင်။

  ပညာပါရမီ ဖြည့်တဲ့ပုဂ္ဂိုလ်ဟာ ပညာအကြောင်းပဲ လုပ်နေရပါမယ်။ ပညာတတ်အောင် လေ့လာ
နေရပါမယ်။ ပြောဆိုနေရပါမယ်။ စိတ်ကူးနေရပါမယ်။ ပညာနဲ့ ပတ်သက်တာတွေကို လုပ်ကိုင်နေရပါ
မယ်။ ပညာကို အားရပါးရ  လေ့လာဆည်းပူး လိုက်စမ်းပါ။ အဲဒါကို  ပညာပါရမီ ဖြည့်တယ်လို့  ခေါ်ပါ

Tuesday, February 5, 2019

အရှင်အာနန္ဒာရဲ့နှလုံးသားထဲစွဲမြဲစေသော "ဘုရားရှင်၏ဆန္ဒ"

       မဟာသက္ကရာဇ်(၆၈)ခုနှစ် ကဆုန်လပြည့် သောကြာနေ့တွင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားနှင့်
 ဖွားဖက်တော် အရှင်အာနန္ဒာလောင်းအား ဖွားမြင်ပြီး၊  မဟာသက္ကရာဇ်(၆၈)ခုနှစ် ကဆုန်လပြည့်ကျော် (၃) ရက်

ပြိတ္တာ ဘာကြောင့်ဖြစ်ရသလဲ

ပြိတ္တာမှာ အပါယ်လေးဘုံဝင်ဖြစ်ပြီး လူ့ဘ၀နှင့် အလွန်နီးစပ်ပါသည်။ လူ့ဘုံနေရာ၌ပင် တောခြုံပိတ်ပေါင်း၊
တောင်စောင်း၊ သင်္ချိုင်း၊ သစ်ပင်တို့ကိုမှီ၍ ဆင်းဆင်းရဲရဲ ငတ်ငတ်ပြတ်ပြတ်နှင့် နေကြရ၏။

လူတို့၏ မစင်၊ နှပ်၊ တံတွေးတို့ကို စားသောက်နေရပြီး အနှစ် တစ်ရာ၊ တစ်ထောင်၊ တစ်သိန်းမက

ဒါနသုံးမျိုး

အရှင်ဘုရား၊ ၀ိနယဒေသနာအလို၊ အဘိဓမ္မာဒေသနာအလိုနှင့် သုတ္တန်ဒေသနာအလိုအားဖြင့် မည်သို့ ဒါနပြုရမည်ကို အသီးသီးဖော်ပြပေးတော်မူပါဘုရား။ ထိုသုံးမျိုးတွင် မည်သည့်ဒေသနာအလိုအားဖြင့် အမြတ်ဆုံး ဒါန ဖြစ်ပါသလဲဘုရား။
( ရွှေစင်သန်းရွှေ-ကလေးမြို့ )

Monday, February 4, 2019

တိပိဋကဓရ ဆိုတာ

တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲကြီးကို မြန်မာနိုင်ငံတွင် ၁၉၄၉-ခုနှစ်မှစ၍ နှစ်စဉ်မပျက် ကျင်းပလာခဲ့သည်။

တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲကြီးမှာ ပိဋကတ်သုံးပုံကို အာဂုံပြန်နှင့် သဘောရေးဖြေ နှစ်မျိုးလုံး ပြန်ဆိုဖြေကြရသော စာမေးပွဲကြီးဖြစ်သည်။ အဆင့်အတန်း အမြင့်ဆုံးနှင့် အခက်ခဲဆုံးစာမေးပွဲကြီးလည်း ဖြစ်သည်။ ရက်ပေါင်း ၃၃-ရက်တိုင်တိုင် ဖြေဆိုရသဖြင့် စာမေးပွဲဖြေဆိုရက် အကြာမြင့်ဆုံးသော စာမေးပွဲကြီးလည်း ဖြစ်သည်။

သူ့ဘ၀ကို ပြောင်းလဲသွားစေတဲ့ တရားတစ်ပုဒ်။

     လူ့ရဲ့စိတ်ကိုက “ ပါပသ္မိံ ရမတိ မနော ” တဲ့။ လူ့စိတ်ဟာ မကောင်းတဲ့ဘက်မှာပဲ
ပျော်ကြပါတယ်။ ကောင်းတာနဲ့ မကောင်းတာ ယှဉ်ပြိုင်ပြီးတော့ လွန်ဆွဲမယ်ဆိုရင် မကောင်း
တဲ့ဘက်မှာ စိတ်ကို ပိုဖြစ်ကြပါတယ်။

Sunday, February 3, 2019

နိဗ္ဗာန်ရောက်ဖို့ နိဗ္ဗာန်ရဲ့ သဲလွန်စ။

     နိဗ္ဗာန်ဆိုတာ အဖြူ၊ အနီ၊ အ၀ါ၊ အစိမ်း၊ အနက် အစရှိသဖြင့် မျက်စိနဲ့ကြည့်လို့ မြင်ရတဲ့အရာလဲမဟုတ်။
လေးထောင့်၊ အရှည်၊ အ၀ိုင်း  အစရှိသဖြင့် အကောင်အထည်အဖြစ် မျက်စိနဲ့ကြည့်လို့လည်းမမြင်ရ။ မမြင်ရတော့

ကလေးဘ၀ကစပြီး၊ ယဉ်ကျေးလိမ္မာကာ ပညာရေးထူးချွန်စေရန်။

 ၁။ သပ္ပုရိသူပနိဿယ         = အမှီအခို ဆရာသမားကောင်းနှင့် ပေါင်းဆုံရပါမယ်။
 ၂။ ပဋိရူပဒေသပါသ            = ပညာသင်ကြားနိုင်သော အရပ်ဒေသမှာ နေထိုင်ရပါမယ်။
 ၃။ ပုဗ္ဗေစကတပုညတာ        = ရှေးဘ၀က ပြုခဲ့ဖူးသော ကောင်းမှုကုသိုလ်ရှိခဲ့ရပါမယ်။

ဂေါတမဘုရားရှင်လက်ထက် ဘုံစဉ်စံ ၇ ဦး။

      ဂေါတမဘုရားရှင်လက်ထက် ဘုံစဉ်စံ ၇ ဦးမှာ ==
၁။ အနာထပိဏ်သူဌေး။
၂။ ၀ိသာခါကျောင်းအမ။
၃။ ဂန္ဓမာနတ်သား။

ဘိုးတော် မယ်တော် ကိုးကွယ်မှု

မြန်မာနိုင်ငံတွင် ဂိုဏ်းလုပ်ငန်းကို လိုက်စား၍ ဘိုးတော် မယ်တော် အမည်ခံသူများလည်း ရှိသည်။ ထိုပုဂ္ဂိုလ် များသည် အိန္ဒိယမှလာသော ဂိုဏ်းကျင့်စဉ်တို့ကို လေ့ကျင့်လျက် ဘိုးတော် အမည်ခံနေ သူများ ဖြစ်သည်။ ထိုဘိုးတော်ဆိုသူတို့ကို ထွက်ရပ်ပေါက်သူ၊ သိဒ္ဓိမြောက်သူ၊ လူတို့၏ ဒုက္ခကို ကယ်တင်နိုင်သူ ဖြစ်သည်ဟု ဆိုကာ ကိုးကွယ်သူများလည်း ဒုနှင့်ဒေး ရှိသည်။