Saturday, November 10, 2018

ဘုရားရင်ပြင်တော်တို့တွင် ဖိနပ်စီးလျှင် မည်သို့အပြစ်ရှိပါသနည်း၊

ဗိမ္ဗိသာရမင်း၏ ခြေဖ၀ါးကို သင်တုန်းဓားဖြင့် အခွဲခံရခြင်း၌ ရာဇ ကိရ ပုဗ္ဗေ စေတိယင်္ဂဏေ သဥပါဟနော အဂမာသိ-ရှင်ဘုရင်သည် ရှေးဘ၀တုန်းက စေတီရင်ပြင်တော်ဝယ် ဖိနပ်စီးလျက် သွားဖူးသတဲ့။
နိသဇ္ဇနတ္တာယ ပညတ္တကဋသာရကဉ္စ အဓောတေဟိ ပါဒေဟိ အက္ကမိ-ရဟန်းသံဃာတို့ထိုင်ဖို့ရန် ခင်ထားအပ်သော သင်ဖြူးကိုလည်း ခြေမဆေးဘဲ နင်းဖူးသတဲ့။ တဿာယံ နိသန္ဒောတိ ၀ဒန္တိ-ဤသို့ ခြေဖ၀ါးကို ဓားခွဲခံရခြင်းသည် ထိုအပြစ်၏ အကျိုး ဖြစ်သတဲ့။ ဤသို့ပြောကြသည်။ (ဤကား သမညဖလသုတ် အဋ္ဌကထာ စကားတည်း)။

စူဠသောတာပန်နှင့်ပတ်သက်၍ အရှေ့ပရက္ကမချောင်ဆရာတော်၏ သြ၀ါဒ။

      ကမ္မဋ္ဌာန်းထိုင်ရင်း၊ ကမ္မဋ္ဌာန်းတရားအားထုတ်ရင်း၊ ၀ိပဿနာတရားအားထုတ်ရင်း၊
ဥပနိဿယနှင့် မပြည့်စုံသေး၍ မဟာသာတာပန်ကြီး မဖြစ်ရင် ရှိပါစေဦးတော့ စူဠသောတာပန်
လောက်တော့ ဖြစ်ဖို့ အလွန်ကောင်းလှပေသည်။

Friday, November 9, 2018

ဘုရားရှင်ရသော ဉာဏ်သုံးဉာဏ်

၁။ ပုဗ္ဗေနိဝါသဉာဏ် (ညဥ့်ဦးယံတွင်ရတော်မူသည်။)

၂။ ဒိဗ္ဗစက္ခုဉာဏ် (သန်းခေါင်ယံတွင်ရတော်မူသည်။)

၃။ အာသ၀က္ခယဉာဏ် (မိုးသောက်ယံတွင်ရတော်မူသည်။)

    ပုဗ္ဗေနိဝါသဉာဏ်ဆိုတာက ဘ၀ပေါင်းများစွာကို မြင်နိုင်တဲ့ဉာဏ်ကိုခေါ်တာ၊ အဲဒီဉာဏ်တော်နဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုကြည့်လိုက်မယ်ဆိုရင် တစ်ဝီထိလို့ခေါ်တဲ့ မျက်စိတမှိတ် လျှပ်တပြက်
အချိန်ကာလလေးမှာ အဲဒီပုဂ္ဂိုလ်ရဲ့ဘ၀ပေါင်း ကမ္ဘာသိန်းချီပြီးမြင်နိုင်တယ်လို့ဆိုပါတယ်။

ခန္ဓာကိုယ်ကြီး နာချင်နာပါစေ၊ စိတ်မနာပါစေနဲ့။

  တခါတုန်းက နကုလပိတာ ဆိုတဲ့ ဒကာကြီးတစ်ယောက် ရှိပါတယ်။ သူက မြတ်စွာဘု
ရားနဲ့ အလွန်ရင်းနှီးပါတယ်။ ဘ၀ကလည်း မြတ်စွာဘုရားနဲ့ ဆွေမျိုးတော်ခဲ့တဲ့ ဘ၀တွေကများ
တော့ ဘုရားကို သူ့သားလို့ သူကယူဆပါတယ်။ သံသရာက အချစ်နဲ့ မြတ်စွာဘုရား အပေါ်

Thursday, November 8, 2018

မိုးကုတ်ဆရာတော်ကြီး၏ အလုပ်ပေးတရား (၂)

(နောက်တစ်နာရီလောက် အားထုတ်ပြီးပြန်လာတော့)
 ''မင်း အာနာပါနကို အားထုတ်တာ တစ်နာရီလောက် သမာဓိရတယ်ဆိုတာ ဟာ ၀ီရိယရှိလို့ပေါ့။ အဲဒါ 'သမ္မာဝါယမ' လို့ခေါ်တယ်။ မင်းစိတ်က လေကိုရှူတိုင်း ရှူတိုင်း ရင်ညွှန့်ကိုရောက်တိုင်း ရောက်တိုင်း သိရဲ့လား။ (သိပါတယ်ဘုရား)

     အေး... မင်းအဲဒါကိုသိနေတယ်ဆိုတာ သတိကို လက်မလွတ်လို့ သိတာ၊ အဲဒါ "သမ္မာသတိ" လို့ခေါ်တယ်။ မင်း အာနာပါနကို အားထုတ်နေတုန်း မင်းစိတ်ဟာ ထားတဲ့ ရင်ညွှန့်မှာပဲရှိနေပြီး တခြားအာရုံသို့ ရောက်မသွားတာကို "သမ္မာသမာဓိ" လို့ခေါ်တယ်။ စိတ်က ကိုယ်ထားတဲ့နေရာမှာ တည်နေတာပေါ့။

စူဠသောတာပန်နှင့်ပတ်သက်၍ မြောင်းမြမြို့ဝေဠုဝန်ဆရာတော်၏ သြ၀ါဒ။

       သာသနာကြီးနှင့် ကြုံကြိုက်ပါလျက် အပါယ်သံသရာမှာ ပြန်ကျရဦးမယ်ဆိုရင် သာသနာ
တော်နဲ့ တွေ့ရကျိုး၊ လူဖြစ်ရကျိုး မနပ်တော့ဘူးလို့မှတ်ပါ။ ဒါကြောင့် မဟာသောတာပန်အဖြစ်
သို့ မရောက်သေးစေကာမူ “ တိဟိတ် ဒွိဟိတ်ရယ်လို့ ရွေးချယ်မနေဘဲ ကြိုးစားအားထုတ်သူ

Wednesday, November 7, 2018

မိုးကုတ်ဆရာတော်ကြီး၏ အလုပ်ပေးတရား

"မောင်ကျော်သိန်း - မင်းတရားအားထုတ်ဖို့ အချိန်တော်ပြီ၊ အသေက ဦးသွားအုံးမယ်။ ငါသည် ရခဲသော လူ့ဘ၀ ကြုံကြိုက်ခဲလှသော ဘုရားသာသနာတော်ကြီးနဲ့ တွေ့ကြုံနေချိန်မှာ၊ အို ၊ နာ၊ သေ၊ မွဲ၊ ကွဲ ဆိုတဲ့ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် ၀ိပဿနာ အကျင့်မြတ်ကို အားထုတ်တော့မယ်လို့ ဆုံးဖြတ်ပါ။

ပြီးတော့ မင်းရဲ့ အရောင်းအ၀ယ် အလုပ်ဆီကို လုံးဝစိတ်မရောက်ရဘူး။ ပစ္စည်းဥစ္စာ သားမယားကို တစ်ခါတည်း ဥာဏ်နဲ့စွန့်ပစ်ထားပါ။ အဓိပတိ ၃-ပါး ဆိုတာက

နေ့စဉ် ဘာဝနာတရားဖြင့်နေနည်း။

    ဘာဝနာအလုပ်ဆိုတာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့  သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊
ပညာအား မဂ္ဂင်သတ္တိ ဖြစ်သည်အထိ၊ သတ္တိတွေ တိုးပွားအောင် အားထုတ်ရတာလို့  နား
လည်စေချင်ပါတယ်။ အထူးအားဖြင့် ၀ိပဿနာအလုပ်၊ ၀ိပဿနာဘာဝနာက ဖြစ်နေတဲ့အ

Tuesday, November 6, 2018

အဘိဓမ္မာ ရှင်းစရာအရှင်ကောဝိဒ (ယော)

သံကိုသံဖျက် သံချေးတက်သလို စိတ်ကို မှီပြီး စိတ်ကို ဖျက်ဆီးနေတာက စိတ်ရဲ့အပူ အခိုးအငွေ့ဖြစ်တဲ့ကိလေသာပါ။ စိတ်ထဲကိလေသာဝင်လာတာနဲ့ စိတ်ရဲ့ထိန်းချုပ်နိုင်တဲ့ စွမ်းအားတွေ ပျက်ပြယ်သွားတယ်။ ကိလေသာဟာ အေးမြတဲ့စိတ်ကို ပူလောင်စေတယ်။ စင်ကြယ်တဲ့စိတ်ကို ညစ်နွမ်းစေတယ်။ တရား အရှိကို မမြင်ရအောင် ဖုံးအုပ်ထားတယ်။ ကောင်းမှုပြုခွင့်ကို တားမြစ်ပိတ်ပင်ထားတယ်။ စိတ်ကိုနာကျင်အောင် နှိပ်စက်ညှင်းပန်း တယ်။ မလိုချင်တာတွေပေးတယ်။

စိတ်ဓာတ်မွန်မြတ်မှ လုပ်ငန်းလည်း မွန်မြတ်ပါလိမ့်မယ်။

  မွန်မြတ်တဲ့ လုပ်ငန်းတွင် စိတ်ထား ဖြူစင်မှုအတွက် စိတ်ရဲ့အညစ်အကြေးကို သန့်
စင်စေရပါမယ်။ ခန္ဓာကိုယ် အညစ်အကြေး ကင်းစင်မှုထက် စိတ်အညစ်အကြေး ကင်းစင်မှု
ဟာ ပိုအရေးကြီးပါတယ်။ ဆိုပါစို့ .. ဆေးရုံကြီးမှာ ဆေးကုသတဲ့ လုပ်ငန်းဆိုတာ ရောဂါဖြစ်

Monday, November 5, 2018

"အနီးရန်သူ" & "အဝေးရန်သူ"

"အနီးရန်သူ" 
 အနီးကပ် ဆန့်ကျင့်တဲ့ သဘောတရားက ကရုဏာနဲ့ ဆင်ဆင်တူပြီးတော့ ကရုဏာ ယောင်ဆောင်နိုင်တယ်။ အဲဒီတရားဟာ အနီးကပ် ဆန့်ကျင်တဲ့ သဘာဝတရားဖြစ်တယ်။ အဲဒါကို သိပ်သတိထားရတယ်။ ဘုန်းကြီးတို့တစ်တွေမှာ အနီးရန်သူနဲ့ အဝေးရန်သူဆိုရင် အနီးရန်သူကို သိပ်သတိထားရတယ်။ အနီးရန်သူက ဒုက္ခကောင်းကောင်းပေးနိုင်တယ်။ အဝေးရန်သူက ဒုက္ခပေးနိုင်ပေမယ့် အနီးရန်သူလို မဟုတ်ဘူး။ ဒုက္ခပေးဖို့ အချိန်ယူရမယ်။

စူဠသောတာပန်နှင့်ပတ်သက်၍ ညောင်လေးပင်တောရဆရာတော်၏ သြ၀ါဒ။

   ဒုလ္လဘသာသနာ တွေ့ကြုံပါလျက် စူဠသောတာပန်မဖြစ်ဘဲ သေလျှင် ရှက်ဖွယ်ကောင်း
သော သေရခြင်းသာ ဖြစ်လတ္တံ့။ ဘုရားရှင်လက်ထက်တော်၌ တစ်မဂ်တစ်ဖိုလ်မဖြစ်ဘဲ သေသူများကို အများဝိုင်း၍ ကဲ့ရဲ့ကြသတတ်၊  စူဠသောတာပန်မဖြစ်ဘဲ သေသူများကိုလည်း အသေခံ

Sunday, November 4, 2018

“ကြွေး သုံး မျိုး”


 ၁။ လောကကြွေးသူတစ်ပါးထံက ချေးငှားထားပြီး မဆပ်တာပါပဲ။ ယူမိထားတဲ့ လောကကြွေးကို ဒီဘ၀မှာတင် အကြေအလည်ပေးဆပ်သင့်တယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီဘ၀မှာဆပ်ရတာ ငွေချေးထားရင် ငွေပဲ ဆပ်လို့ရတယ်။ ပစ္စည်းချေးထားရင်း ပစ္စည်းပဲ ဆပ်လို့ရတယ်) ကနောင်ဘ၀မှာ (ခန္ဓာ) ဆပ်ရတာလောက် အပန်းမကြီးလို့ဘဲ။မဟာစည်ဆရာတော် ဘုရားကြီး ဟောကြားတော်မူဖူးတဲ့ မောင်ညိုဆန်တစ်စလယ်ဆိုတဲ့ ဖြစ်ရပ်။)

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၄)။

”များလှအကျိုးတွေ”
xxxxxxxxxxxxxxxx
ဗုဒ္ဓမြတ်စွာ၊  ပွင့်ထွန်းလာ၍၊
သစ္စာလေးအင်၊  ရှစ်မဂ္ဂင်နှင့်၊