Saturday, December 3, 2016

အသုရိန္ဒက ပုဏ္ဏား နှင့်​ မြတ်​ဘုရား

အသုရိန္ဒက ပုဏ္ဏားသည်​ ​ဝေဠုဝန်​ ​ကျောင်းသို့ သွား၍ မြတ်​ဘုရား ကို ကြမ်းကြုတ်​ ခက်​ ထန်​စွာ ဆဲ​ရေး၏ ။ ဗုဒ္ဓ သည်​ သည်းခံ​တော်​ မူ၏ ။ ပုဏ္ဏား သည်​ ​ဂေါတမ ငါ့ ကို​ ကြောက်​ ၍ မဆိုဝံ့ပြိ ။ ငါ ​"အောင်​နိုင်​​လေပြီ " ဟု ဆို​လေ ၏။ ပုဏ္ဏား ၏ "​အောင်​ပြီ ​အောင်​ပြီ" ဟူ​သော ​ကြွေး​ကြော်​သံ ကို မြတ်​ဗုဒ္ဓ ကြား​သော အခါ

လူ၊ မင်း၊ ရဟန်း၊ ပညာရှိတို့ ဆောင်ရန်ရှောင်ရန်များ။

       မြတ်စွာဘုရားက  မကောင်းတာတွေကိုရှောင်ဖို့  ဟောထားတာက  “အလသော ဂီဟိ
ကာမဘောဂီ န သာဓု” - လူ့လောကမှာ မိသားစုနဲ့နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ပျင်းရင် ဘယ်
တော့မှ မကောင်းပါ၊ တက်တက်ကြွကြွ ရှိရပါမယ်၊ မိသားစုနဲ့နေပြီး လောကီစီးပွားရှာနေတဲ့
ပုဂ္ဂိုလ်ဟာ ပျင်းလို့ရှိရင် မကောင်းပါ၊ ကောင်းကျိုးချမ်းသာတွေ မရနိုင်ပါ။

ဘုရားလောင်း သိဒ္ဓိတ္တမင်းသား၏ ဆရာ ၅ ပါး။

         ဘုရားလောင်း သိဒ္ဓိတ္တမင်းသား၏ ဆရာ ၅ ပါးမှာ = =
၁။ ဘုရားလောင်း ဖွားတော်မူစက လက္ခဏာဖတ်သော ပုဏ္ဏားရှစ်ယောက်ကား ချမ်းသာကြောင်း
ကို ကြားကုန်၍ အစောင့်အရှောက်ပြုကုန်၏။
၂။ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးက သဒ္ဒါကျမ်း၊ ဗျာကရိုဏ်းကျမ်း၊ ဆဠင်္ဂကျမ်းတို့ကို သင်စေ

Friday, December 2, 2016

ကြောက်တတ်ရင်ရှေ့တိုး

ဒီရေတက်တော့မယ်ဆိုရင် တံငါလှေတွေဟာ ပင်လယ်အတွင်းပိုင်း ရေနက်ထဲရောက်နိုင်သမျှ ရောက်အောင် တိုးဝက်ရတယ်..။
နောက်ပြန်ဆုတ်ဖို့တော့ မကြိုးစားနဲ့..။

Thursday, December 1, 2016

ခေမာမိဖုရားအတွက်

ခေမာမိဖုရားသို့ မြတ်ဗုဒ္ဓ ဟောကြားတော်မူသော တရားဒေသနာတော်..
*****^^^^^^******^^^^^^^*********
က.. ချစ်သမီးခေမာ..
           ကျင်နာခံခက် နှိပ်စက်တတ်သော .. မစင်မကြယ် ပုပ်ဟောင်  ညှီလှောင်သော  အနံ့ရှိသော ....
အထက်.. အောက် .. တစက်စက်ယိုတတ်သော    လူမိုက်တို့သည် လွန်စွာ စုံမက် နှစ်သက် မြတ်နိုးအပ်သော ခန္ဓာကိုယ်ကို စေ့စေ့ ကြည့်ရှုလော့..။

အိမ်ယာတည်ထောင်သူတွေအတွက် ကောင်းကျိုးအချက်များ။

      အိမ်ရာတည်ထောင်လူ့ဘောင်ဘ၀မှာ လူတွေအတွက် ကောင်းကျိုးရဖို့ အချက်လေး
တွေကတော့ "ဒကံ္ခ ဂဟပတံ သာဓု"- အိမ်ရာတည်ထောင် လူ့ဘောင်ဘ၀မှာ နေလို့ရှိရင်
စီးပွားရေးနဲ့ ပတ်သက်ပြီး လိမ္မာကျွမ်းကျင်မှု၊ လုပ်ငန်းကျွမ်းကျင်မှု ရှိရမယ်တဲ့၊ မလုပ်တတ်
မကိုင်တတ်ဆိုရင် လွဲလွဲချော်ချော်တွေ ဖြစ်တတ်ပါတယ်၊ ဘယ်အလုပ်ပဲလုပ်လုပ် လုပ်ငန်း
ကျွမ်းကျင်မှုက အင်မတန်မှ အရေးကြီးပါတယ်။
          "ဥဌာနသမ္ပဒါ" ၊ မြတ်စွာဘုရားက လုံ့လ၀ီရိယရှိတယ်ဆိုတဲ့ နေရာမှာ မှတ်သားထားဖို့
ရာက လုပ်တိုင်းဖြစ်တာတော့ မဟုတ်ဘူးတဲ့၊ လုပ်တာတော့ လုပ်ရမယ်၊ အဲဒီထဲမှာမှ “ဒက္ခ - လုပ်
ငန်းကျွမ်းကျင်မှု ရှိရမယ်၊ အနလသ -ဇွဲကောင်းရမယ်၊ ဥပါယ၀ီမံသ - နည်းပညာ ကောင်းရ
မယ်”တဲ့ အဲဒါမှ လောကကြီးဟာ မှန်ကန်တယ်တဲ့။
         လှိမ့်မရတဲ့ ကျောက်တုံးကြီးကို လာပြီးတော့ တွန်းနေလို့ကတော့ အချိန်သာကုန်သွားမယ်၊
ရွေ့မှာ မဟုတ်ဘူးလေ၊ အဲဒါအလုပ်လို့ မသတ်မှတ်ဘူး၊ အကျိုးမထွက်ရင် အလုပ်လို့ မသတ်မှတ်
ဘူး၊ လုပ်ကတည်းက အကျိုးထွက်တဲ့အလုပ်ပဲ လုပ်ရမယ်တဲ့။ အဲဒါကြောင့် အိမ်ယာတည်ထောင်
လူ့ဘောင် ဘ၀မှာနေတဲ့ ပုဂ္ဂိုလ်တိုင်းဟာ လိမ္မာကျွမ်းကျင်မှုရှိမှ ကောင်းပါတယ်၊ ဒါကတော့ အား
လုံးလည်း သိပြီးသားပါ။
           “သံဝိဘဇ္ဇဉ္စ ဘောဇနံ” ကိုယ်ရှာဖွေလို့ ရလာတဲ့ပစ္စည်းကို ကိုယ့်မိသားစု၊ ကိုယ့်မိဘဆွေ
မျိုးအားလုံးနဲ့ မျှဝေပြီး သုံးပါတဲ့၊ ကိုယ်တစ်ယောက်တည်း မသုံးပါနဲ့တဲ့၊ ဒါမှ အားလုံးရဲ့ မေတ္တာရမှာ၊
ကိုယ်ရတာ ကိုယ်စားတဲ့ လူတစ်ယောက်ဟာ ကျန်တဲ့လူကလည်း သူ့အပေါ် မေတ္တာမထားဘူး၊
ကိုယ်ရလာ ကိုယ်ဝယ်လာတဲ့ ပစ္စည်းလေး အားလုံး မိသားစုမှာ မျှဝေပြီးတော့ စားတယ်၊ ခွဲခြားဝေ
ဖန်ပြီးတော့မှသုံးတယ်ဆိုတာ ဒါ လူ့လောကမှာ ရှိသင့်ရှိထိုက်တဲ့ကိစ္စတဲ့။
         ဒါကြောင့်မို့ မြတ်စွာဘုရားက စီးပွားရှာပြီးတော့ ဘယ်လိုသုံးရမယ်ဆိုတာ ဟောထားတာ
ရှိတယ်၊ စီးပွားရှာထားတဲ့ ပုဂ္ဂိုလ်ဟာ ဘာအတွက်ရှာရမယ် ဆိုပြီးတော့လည်း မြတ်စွာဘုရားက
ဟောထားတာရှိတယ်၊ စီးပွားရလာလို့ရှိရင်တဲ့ - “အတ္တာနံ သုခေတိ ပိဏေတိ” -ကိုယ့်ကိုယ်ကို
ဝဖြိုးအောင်၊ ချမ်းသာအောင် အသုံးပြုတယ်။ ဒါက ပထမ၊ “မာတာပိတရော သုခေတိ ပိဏေတိ”
- ကိုယ်ပြီးရင် ကိုယ့်အဖေ၊ အမေတွေ ချမ်းသာအောင်ထား၊ နောက် သား၊ မယား၊ မိတ်ဆွေ
သင်္ဂဟတွေကို ချမ်းသာအောင်ထား၊ နောက်ပြီး စတုတ္ထ ကျတော့မှ ကုသိုလ်လုပ်လို့ပြောတာ၊
ဒီတော့ ရလာတဲ့ စီးပွားဥစ္စာဟာ အဲဒါအတွက်ပဲ။
          “အဟာသော အတ္ထလာဘေသု” မောက်မာတာ မလုပ်နဲ့တဲ့၊ ကြီးပွားတိုးတက်လာလို့ရှိရင်
နဂိုအခြေအနေက မပြောင်းစေနဲ့တဲ့၊ ဆက်ဆံရေးတွေ မပြောင်းစေနဲ့၊ ပုံမှန်နေတတ်ရမယ်၊
ဆိုလိုတာကတော့ ကြီးပွားတိုးတက်လာတဲ့အခါမှာ ဘ၀င် မမြင့်ရဘူး၊ ဘ၀င်မြင့်ရင် အနည်းဆုံး
ပတ်ဝန်းကျင်က မုန်းသွားလိမ့်မယ်၊ မုန်းရင် မိတ်ဆွေတွေရဲ့ ခင်မင်မှုတွေ ပျက်စီးသွားလိမ့်မယ်။
နောက်ဆုံးမှာ မိသားစုထဲတောင်မှပဲ- ကြားဖူးတယ် အမေ၊ အဖေက ကိုယ့်သား၊ သမီးကိုပဲ
ပြောလို့ဆိုလို့ မကောင်းဘူး၊ ကြီးပွားတိုးတက်လာတဲ့အခါ မာနတွေ တက်လာတယ်၊ မိဘက
စပြီးတော့ မေတ္တာပျက်လာတယ်၊ မေတ္တာပျက်တယ် ဆိုကတည်းက မကောင်းတော့ဘူးပေါ့၊
ဒါကြောင့်မို့လို့ မြတ်စွာဘုရားက “အဟာသော အတ္ထလာဘေသု” -ကောင်းကျိုးချမ်းသာတွေ
ရလာပြီဆိုတဲ့အခါမှာ ဘ၀င်မမြင့်နဲ့တဲ့၊ ဘ၀င်မမြင့်အောင် သတိထားတဲ့။
         နောက်ဆုံးကတော့ ယိုပေါက်ကြီး ၆ ပေါက်ကို ပိတ်ရပါမယ်==
 နံပါတ် (၁) က အာလသျ - လူပျင်းနဲ့ဆိုရင် ငွေဟာ အတူမနေဘူးတဲ့၊ ပျင်းရိလို့ရှိရင် -
ပျင်းတယ် ဆိုတာ- ပူလွန်းတယ်၊ အေးလွန်းတယ်၊ မိုးချုပ်လွန်းတယ်၊ ဆာနေသေးတယ်၊ မစားရ
သေးဘူး၊ စားပြီးပြီ၊ ဗိုက်လေးတယ် ဆိုတဲ့ အချက်တွေကို အကြောင်းပြပြီး အလုပ်မလုပ်ဘဲနဲ့နေ
တာကို ပျင်းတယ်လို့ ခေါ်ပါတယ်။ အဲဒီလိုပျင်းရိမှုဟာလည်း ပစ္စည်းဥစ္စာရဲ့ ယိုကျဖို့ရာ အပေါက်
တစ်ခုပါပဲ။
         နံပါတ် (၂) ကတော့ ပမာဒ တဲ့၊ အပျော်အပါးတွေဘက်ပဲ စိတ်ဝင်စားတယ်၊ ကောင်းကျိုး
ချမ်းသာဖြစ်ဖို့ စိတ်မ၀င်စားဘူး၊ လုပ်ငန်းကိုလည်း စိတ်မ၀င်စားဘူး၊ အပျော်အပါးတွေကို အမြဲ
တမ်း စိတ်ဝင်စားနေရင်လည်း ပျက်စီးနိုင်ပါတယ်။
         နံပါတ် (၃) က အနုဋ္ဌာန - လုပ်ငန်းတစ်ခုကို လုပ်တဲ့အခါမှာ တက်တက်ကြွကြွ မရှိဘူး၊
ဝတ်ကျေ တမ်းကျေပဲ လုပ်တယ်၊ သွက်သွက်လက်လက် လုပ်ရမယ့်ဟာကို သွက်သွက်လက်လက်
မလုပ်ဘူး၊ ပျင်းပျင်းရိရိ လုပ်တယ်၊ အဲဒီလိုဟာမျိုး မဖြစ်ရဘူးတဲ့၊ ကြိုးကြိုးစားစား လုပ်ရမယ်၊
အဲဒီတော့ ပျင်းရိခြင်းဟာလည်း ဥစ္စာရဲ့ယိုပေါက် တစ်ခုပါပဲ။
         နံပါတ် (၄) က ကာမဂုဏ်အာရုံတွေထဲမှာ စိတ်ကို လွှတ်ထားပြီးတော့ ပျော်ပါးခြင်း
ဟာလည်း ပစ္စည်းဥစ္စာရဲ့ ယိုကျတဲ့အပေါက်တစ်ခုပါပဲ။
         နံပါတ် (၅) က မစောင့်စည်းခြင်း၊ ကိုယ့်စိတ်ကိုလည်း မစောင့်စည်း၊ ကာယကံ ၀စီကံကို
လည်း မထိန်းသိမ်း မစောင့်ရှောက်၊ ကိုယ်ကျင့်တရားကိုလည်း မထိန်းသိမ်း မစောင့်ရှောက်၊
အဲဒါဟာ- စီးပွားရေး ယိုပေါက်တစ်ခုပါပဲ။
         နံပါတ် (၆) က အအိပ်ကြူးခြင်း၊ ဘယ်တော့ဖြစ်ဖြစ် အိပ်တာပဲ၊ အအိပ်များနေတယ်၊
အဲဒီဟာလည်းပဲ ပျက်စီးခြင်း အကြောင်းတစ်ခုပါပဲ။
  ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း အဲဒီလို-အိမ်ယာတည်ထောင်သူတွေအ
တွက် ကောင်းကျိုးအချက်တွေဟာ ကိုယ့်အတွက် ပစ္စုပ္ပန်ဘ၀မှာ ကောင်းကျိုး ရနိုင်သလို သံသရာ
အတွက်လည်း ကောင်းကျိုးရနိုင်တယ်လို့ နားလည်သဘောပေါက်ကြကာ ကိုယ်စီကိုယ်ငှ သဘောကျ
ပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။ ။
 {၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၄)ရက်နေ့၊ (၂၃-၁-၂၀၁၁) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ
ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ထေရ၀ါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဒေါက်တာ အရှင်နန္ဒမာလာ
ဘိဝံသ  ဟောကြားအပ်သော“အခွင့်ကောင်းကို ရအောင်ယူ” တရားတော်မှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်။}
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

မဟာစည်ဆရာတော်ဘုရားကြီး၏ တရားထူးရနိုင်၊ မရနိုင်။

      သဖန်းသားဟာ အပင်မှ ခုတ်ဖြတ်ပြီးခါစ အစိုလည်းဖြစ်နေမယ်၊ ရေလည်းစိမ်ထားမယ်
ဆိုရင် အဲဒီလို သစ်သားအစိုကို အချင်းချင်းဖြစ်စေ၊ အခြားသစ်သားနဲ့ဖြစ်စေ ပွတ်ပေမယ်လို့
မီးမပွင့်ဘူး၊ မီးမဖြစ်ဘူး။ အဲဒီလိုပဲ သားမယားစသော ကာမဂုဏ်အာရုံ ၀တ္ထုတွေကလည်း ရှိနေ

နေ့စဉ်၊ နေစဉ်သတိဉာဏ်ဖြင့် တရားအားထုတ်နည်း။

        မဟာသတိပဌာနသုတ္တန်ဒေသနာတော်အရ တရားအားထုတ်သော သူတော်စင်တို့အတွက်
ကာယနုပဿနာသတိပဌာန်၊ ဝေဒနာနုပဿနာသတိပဌာန်၊ စိတ္တာနုပဿနာသတိပဌာန်၊ ဓမ္မာ
နုပဿနာသတိပဌာန်တို့ဟူ၍ ရုပ်အပေါင်း ကိုယ်အာရုံ၊ ခံစားမှု ဝေဒနာအာရုံ၊ သိတတ်မှု စိတ်

Wednesday, November 30, 2016

သေတယ်​ဆိုတာ ခန္ဓာရှိလို့​သေရတာပါ

အာရုံကာမဂုဏ်ခံစားမှု့ဟာ သေခြင်းတရားကို မလွန်မြောက်နိုင်တဲ့ချမ်းသာပါ ။
    ကာမဂုဏ်ချမ်းသာတွေအတွက်  လုပ်နေတဲ့ အလုပ်အားလုံးဟာလည်း  သေခြင်းတရားကို မလွန်မြောက်နိုငိတဲ့အလုပ်  အသေမလွတ်တဲ့အလုပ်တွေဖြစ်တယ် ။

Tuesday, November 29, 2016

အသုဘ​ရှေ့မှသံဃာများကြွ​ကောင်းပါသလား..

ဝိနယသမူဟ ၀ိနိစ္ဆယတွင် ဖြေထားချက်အား ဖော်ပြပါမည်..။
      ""ယခုကား ကျေးတောရပ်ရွာဒေသများမှာ မသာအသုဘရှိရာ ရွာတွင်း ပြည်တွင်းသို့ဝင်၍ များသောအားဖြင့် မသာရှေ့က သွားကြ လိုက်ကြသည်။
   ယင်းသည် ၀ိနည်း ပညတ် သိက္ခာပုဒ်တော်နှင့် လျော်...မလျော်.. ညီ..မညီ... လဇ္ဇီ သူတော်ကောင်းတို့ အလေ့အကျငိ့ဟုတ်.. မဟုတ် သိလိုပါသည်.....တဲ့ .

မြတ်စွာဘုရားဟောကြားသော ယိုပေါက်ကြီးများ။

      မြတ်စွာဘုရား ဟောထားတာကတော့ လောကမှာ စီးပွားရေးပစ္စည်းဥစ္စာတွေရဲ့ ယိုပေါက်
ကြီး ၆ -ခုဆိုတာ ဘာလဲဆိုတော့ ပစ္စည်းဥစ္စာဟာ ဘယ်တော့မှ မတည်ဘူးတဲ့၊ မြန်မာတွေကတော့
ပြောကြတယ်၊ “လူမိုက်နဲ့ငွေ အတူမနေ" ဘူးတဲ့၊ ပစ္စည်းဥစ္စာဟာ ပျောက်သွားတယ်၊ မြတ်စွာဘု
ရားက ဘာကို ဟောသလဲဆိုရင် ==

စကြ၀တေးမင်းစည်းစိမ်ထက် သာသည့်အရာ။

       အနာထပိဏ် သူဌေး၌ သားမိုက် တစ်ယောက်ရှိ၏။ မိဘ၏ အဆုံးအမကို လုံးဝမနာ
ယူဘဲ အပေါင်းအသင်းများနှင့်အတူ အမြဲတစေ ပျော်ပါး သုံးဖြုန်းလျက် နေ၏။ ယခုခေတ်
အခေါ်အရ ဆိုလျှင် လမ်းသရဲဟု ခေါ်ရပေလိမ့်မည်။ သူ့နာမည်က မောင်ကာဠ။
         သား မောင်ကာဠကို ဖခင်၏ခြေရာ နင်းစေချင်သော အနာထပိဏ် သူဌေးကြီးသည်

ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်များ (၂) ။

 ရှင်မဟာသီလ၀ံသ ဆုံးမစာ (၁)
-------------------------
၁။ တိလောကဟု၊ မရနှိုင်းတူ
ဖက်မပြူသည်၊ သုံးဆူရတနာ
မာတာပိတ၊ ဆရာစ,သား
အရှင်များကို၊ ပြစ်မှားမဆို

Monday, November 28, 2016

ဘာဝနာ၏သ​ဘော အဓိပ္ပါယ်​..

ဘာဝနာ""ကား မြန်မာတို့ အသုံးများသဖြင့် နားယဉ်နေသော စကားလုံးဖြစ်၏ ။သို့သော်  သို့သော် မြန်မာစကားလုံးမဟုတ် ။  ပါဠိစကားလုံးဖြစ်သည် ။ .... မိမိတို့ သန္တာန်မှာ ဖြစ်လာအောင် တကြိမ်ဖြစ်ခဲ့ပြီး နောက်၌လည်း အထပ်ထပ် ဖြစ်ပေါ်လာအောင် ရှုမှတ်ပွားများခြင်း.."" ဟု အဓိပ္ပါယ် ရှိပါသည်။    အဘယ်အရာတို့ကို အထပ်ထပ် ဖြစ်ပွားအောင် အားထုတ်သင့်သနည်း..။

Sunday, November 27, 2016

ပဓာနစကားကြီး ( ၃ ) ခွန်း

(၁) သစ်​ပင်​. ခြုံ. မြက်​. သရက်​. ပိန္နဲ စသည်​တို့မှာ မျိုး​စေ့ရှိမှ ဖြစ်​နိုင်​သည်​..။
(၂ ) လူတို့၏ ချမ်းသာစီးပွား ပစ္စည်းဥစ္စာ တို့မှာ ​ရှေးကုသိုလ်​ကံတို့မှ ရနိုင်​သည်​..။
( ၃ ) လူတို့၏ ယခုဘဝ ယခုသန္တန်​တွင်​ မဂ်​ဥာဏ်​ ဖိုလ်​ဥာဏ်​ နိ​ဗ္ဗာန်​ရ​ရေးမှာ ​ရှေးပါရမီ​ရှိမှ ရနိုင်​ကြသည်​..။