လောကလူတွေက ဒါနကောင်းမှု မလုပ်တာက မရှိလို့မဟုတ်ဘူး၊ များသောအားဖြင့် မေ့လို့
မလှူကြတာ။ မေ့တယ်ဆိုတာ ဘာကြောင့်မေ့တာတုန်းဆို မအားဘူးလေ၊ ဘယ်သူ့ပဲမေးကြည့်
လိုက် မေးကြည့်လိုက် အားတဲ့သူ ဘယ်ရှိမှာလဲ၊ မအားဘူး။ အလုပ်ကိစ္စတွေနဲ့ မအားဘူးပဲ။ အဲဒီ
မအားတဲ့ကြားထဲကနေပြီးတော့ ကုသိုလ်လုပ်နိုင်တဲ့ပုဂ္ဂိုလ်က လူထူးလူချွန်ပဲ။
Saturday, August 30, 2014
ချဲထီကိုမက် ဘ၀ပျက်။
* ဆယ့်ငါးရက်တစ်ခါ၊ ပေါ်လို့လာ၊ ချဲထီဒုက္ခပါ။
ဆင်းရဲချမ်းသာလူမရွေး၊ ချဲထီဒုက္ခပေး။
ဒုက္ခပေးမှန်းလူမသိ၊ အိမ်မှာဆန်မရှိ။
ဆန်မရှိလို့ ငွေရှာထွက်၊ နေ့ပြန်တိုးကတက်။

မိမိကိုယ်တိုင် စီမံဖန်တီးနိုင်ရေး။
ဘုရားပွင့်တော်မမူမီနှင့် ပွင့်ပေါ်တော်ပြီးနောက်ပိုင်း ပေါ်ပေါက်တဲ့ အယူဝါဒတွေကို လေ့
လာကြည့်ရင် အများအားဖြင့် (ဖန်တီးရှင်/တန်ခိုးရှင်) သူတစ်ပါးစီမံသလို ခံယူရကြောင်း ဟောပြော
ညွှန်ကြားချက်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။

ဝိပဿနာဉာဏ်။
ကမ္မဌာန်းအလုပ် အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် ရှေးဦးစွာ သမထဘာဝနာကို ပွား
များအားထုတ်ရသည်။ သမထဘာဝနာဟူသည် အဖန်ဖန် အထပ်ထပ် မိမိသန္တာန်၌ ဖြစ်ပေါ်အောင်
ရှုမှတ်ပွားများအပ်သော နီဝရဏတရားတို့ကို ငြိမ်းအေးစေတတ်သည့် ကသိုဏ်း (၁၀) ပါး စသည်

မြတ်ဗုဒ္ဓ၏ နေ့စဉ်ကိစ္စ ငါးပါး။
မြတ်ဗုဒ္ဓ၏ နေ့စဉ်ကိစ္စ ငါးပါးမှာ==
၁။ ပုရေဘတ္တကိစ္စ = နံနက်ပိုင်း၌ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင်တို့အား အခွင့်အားလျော်စွာ
အနုမောဒနာပြုခြင်းကိစ္စ။
၂။ ပ စ္ဆာဘတ္တကိစ္စ = နေလွဲအခါ ညပိုင်း၌ ပူဇော်ရန်လာကြသော ဒါယကာ၊ ဒါယိကာမတို့၏ အပူ

ကောင်းအောင်ပြင်ဖို့။
မြတ်စွာဘုရား သာသနာတော်နဲ့ ကြုံတွေ့တဲ့အချိန်မှာမှ မိမိကိုယ်ကို ကောင်းအောင်
မပြင်လိုက်နိုင်ဘူးဆိုရင် နောင် ကောင်းအောင်ပြင်ဖို့ဆိုတာ တော်တော်ခဲယဉ်းသွားလိမ့်မယ်။
လောကမှာ ရုပ်ကိုပြုပြင်ကြတာတော့ ခေတ်ကာလမရွေး၊ ဒေသမရွေး ပြုပြင်နေကြတာပဲ။

ရုပ်လှ အပြစ်။
စိတ်နေစိတ်ထား မကောင်းတဲ့သူဟာ အဆင်းလှတာ တော်တော် ကြောက်စရာ ကောင်းတယ်။
ဒါက သူများ မဟုတ်ဘူး။ ဘုန်းကြီးတို့ ဘုရားရှင်ရဲ့ညီတော် အရှင်အာနန္ဒာအလောင်းပဲ။
သူဟာ တဘဝမှာ သိပ်လှတဲ့ လူတယောက် ဖြစ်တယ်။ သိပ်လှတော့ သူ့ကို ဘေးက အမျိုးသမီးတွေက
အလွန် အရေးပါကြတယ်။ အရေးပေးသည့်အားလျော်စွာ သူကလဲပဲ ပြန်ပြီးတော့ကို အင်း .. ဖောက်

လူ့ဘ၀ဖျက် အကျင့်စရိုက်များ။
၁။ နေမြင့်အောင် အိပ်ခြင်းသည်လည်းကောင်း၊ သူတပါးမယားကို မှီဝဲခြင်းလည်းကောင်း၊ ရန်သူ
များခြင်းလည်းကောင်း၊ အကျိုးမဲ့ပြုခြင်းလည်းကောင်း၊ မကောင်းသော အဆွေခင်ပွန်းရှိခြင်း
လည်းကောင်း၊ အလွန်စေနှဲခြင်းလည်းကောင်း၊ ဤအကြောင်း ၆ ပါးတို့သည် လူကို ပျက်စီးတတ်
ကုန်၏။

Friday, August 29, 2014
သီလခံယူတိုင်းမှာ သရဏဂုံ ထပ်ယူဖို့လိုပါသလား။
သရဏဂုံဆိုတာ “သရဏဂမန” ဟူသော ပါဠိပုဒ်မှ ဂမနကို ဂုံသို့ပြောင်း၍ “သရဏဂုံဟု
မြန်မာမှု ပြုထားခြင်း ဖြစ်၏။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ်လဲလျောင်း ပုန်း
အောင်းမှီခိုရာဟူ၍ မှီဝဲဆည်းကပ် သိမှတ်ခြင်းသည် သရဏဂုံ ဆောက်တည်ခြင်း ဖြစ်၏။

နိဗ္ဗာန်ရောက်ကြောင်း ဉာဏ်(၁၆) ပါး။
နိဗ္ဗာန်ရောက်ကြောင်း တရားကျင်ကြံ အားထုတ်နေကြသော ဓမ္မမိတ်ဆွေအပေါင်းတို့ အ
တွက် နိဗ္ဗာနရောက်ကြောင်းဉာဏ် ၁၆- ပါးမှာ==
(၁)။ နာမရူပပရိေ စ္ဆဒဉာဏ် = ဘုံသုံးပါး၌ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြားသိသောဉာဏ်။
(၂)။ ပစ္စယပရိဂ္ဂဟဉာဏ် = ရုပ်နာမ်နှစ်ပါး၏ ဖြစ်ကြောင်းတရားကို သိမ်းဆည်းသောဉာဏ်။

ဗေဒင်ဆိုတာ ယုံစရာ ရှိမရှိ။
မြတ်စွာဘုရားနဲ့ဖွါးဘက်တော်တွေထဲက လူသားအနေနဲ့ အာနန္ဒ ရှိတယ်၊ ကာဠုဒါယီ ရှိတယ်၊
ယသောဓရာ ရှိတယ်၊ ဆန္န ဆိုတဲ့မြင်းတော်ခံအမတ် ရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေကို ဗေဒင်ဆရာတွေက
ဇာတာဖွဲ့ကြည့်လိုက်မယ်ဆိုရင် တစ်နေ့ထဲ တစ်ချိန်ထဲ ဖွားတာဖြစ်လို့ ဇာတာခွင်တူမနေဘူးလား၊
ဇာတာခွင် တူနေတဲ့ အထဲမယ် သိဒ္ဓတ္ထမင်းသား တစ်ပါးသာလျှင် ဘုရားဖြစ်ပြီး ကျန်တာတွေ ဘုရား

ကွယ်လွန်ပြီးနောက် သရဏဂုံတင်တဲ့ရည်ရွယ်ချက်။
ကွယ်လွန်ပြီးနောက် အလောင်းကို သရဏဂုံတင်မှုဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ထုံးစံတစ်ခု
ဖြစ်နေပါပြီ။ ဘယ်လောက်ပဲ ဆင်းရဲနိမ်းပါးပါစေ ကျန်ရစ်သူ မိသားစုတွေက သရဏဂုံတင်ဖြစ်
အောင် ကြိုးစားတတ်ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အလောင်းကို သရဏဂုံတင်ခွင့် မရ

ပညာရဲ့ အကျိုး။
ပညာဉာဏ်အကြောင်းပြုပြီးတော့ “ငါလေ .. ရှေးကံကောင်းလို့မို့ ဉာဏ်ပညာတွေ ထက်လာ
တယ်၊ အသိဉာဏ်တွေ ကြီးလာတယ်၊ ဒါကြောင့် ငါဟာ ဉာဏ်ပညာမရှိတဲ့သူတွေ ဉာဏ်ပညာရှိလာ
အောင် ပညာသင်ပေးမယ်။ ပြောဟောပေးမယ်။ ဆုံးမပေးမယ်”။ ဒီလိုဆိုလို့ရှိရင် ပညာတွေကြီးလို့
ဘုရားအလောင်းတော်တို့လို ပုဂ္ဂိုလ်တွေဖြစ်လို့ သိပ်ကောင်းတာပဲ။

ဒါနပြုဖွယ် မလိုသော ပုဂ္ဂိုလ်။
လောက၌ ဒါနပြုဖွယ် မလိုသော ပုဂ္ဂိုလ်တစ်မျိုးပင် ရှိသေး၏။ ထိုပုဂ္ဂိုလ်မျိုးကား ယခု
ဘ၀၌ပင် ခန္ဓာဝန် လက်စသိမ်း၍ အေးငြိမ်းအောင် တရားအားထုတ်နေသော ယောကီပုဂ္ဂိုလ်
ကြီးတည်း။ ထို ပုဂ္ဂိုလ်မှာ ဒါနပြုနေလျှင် ထို ဒါနပြုနေသည့် အတောအတွင်း၌ ကမ္မဌာန်း အား
ထုတ်မှု လစ်ဟင်း၏။ ထို့ကြောင့် ယနေ့ နက်ဖန်ဆိုသလို တရားထူးရအောင် အားထုတ်နေသော

သုဇာတာသေဌေးကတော်။
သုဇာတာသည် ဥရုဝေလတောအုပ်အနီး သေနနိဂုံးနေ သေနိယသေဌေးကြီး၏သမီး ဖြစ်
သည်။ သူ၏သားမှာ ယသ သတိုးသားဖြစ်၏။ သူ၏ခင်ပွန်းမှာ ဗာရာဏသီသေဌေး ဖြစ်လေသည်။
သုဇာတာသေဌေးကတော်၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ==
သုဇာတာသေဌေးကတော်သည် ဗုဒ္ဓအလောင်းတော်အား ညောင်စောင့်နတ်ထင်မှတ်၍ ရွှေ

Thursday, August 28, 2014
လောကမှာ ဘုရားပွင့်လာတာဟာ။
လူ့ရဲ့စိတ်ကိုက “ ပါပသ္မိံ ရမတိ မနော ” တဲ့။ လူ့စိတ်ဟာ မကောင်းတဲ့ဘက်မှာပဲပျော်တယ်။
ဘာဖြစ်လို့ မကောင်းဘက် ပျော်တုန်းဆိုတော့ အကျင့်ကိုက ဒီအတိုင်းဖြစ်နေတာ။ သံသရာ တစ်
လျှောက်လုံးမှာလည်း မကောင်းတာကျတော့ သိပ်ပျော်တယ်။

အရှင်အာနန္ဒ ပရိနိဗ္ဗာန်ပြုပုံ။
ရှင်အာနန္ဒ ရဟန္တာဖြစ်တော့ သက်တော် (၈၀)ပြည့်ပြီ။ ဘုရားပရိနိဗ္ဗာန်စံလို့ (၃)လ ကျော်တဲ့
အခါ ရဟန္တာဖြစ်တယ်။ အေး ရှင်အာနန္ဒ မထေရ်မြတ်ဟာ သက်တော် ၁၂၀ ထိအောင် သက်ရှည်တယ်။
သာသနာတော်ရဲ့အကျိုး၊ မြတ်စွာဘုရား ဟောပြတဲ့ ဓမ္မရဲ့တာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်
သွားတဲ့ ရှင်အာနန္ဒ မထေရ်မြတ်ဟာ နောက်ဆုံးအချိန် "ကောဋိဂါမ" ဆိုတဲ့နေရာမှာ သီတင်းသုံးတယ်။

ဓမ္မဒူတဆရာတော်ကြီး၏ အနားယူနည်း။
ဆရာတော်ကြီးသည် စာရေး၊ စာချ၊ တရားဟော၊ တရားပြအလုပ် လေးမျိုးကို မရပ်မ
နား ပြုလုပ်တော်မူသော ဆရာတော်တစ်ပါး ဖြစ်၏။ သက်တော် ၆၀ အရွယ် ပျံလွန်တော်မူမှပင်
သာသနာပြုအလုပ်မှ အနားယူတော်မူ၏။ သက်တော်ထင်ရှား ရှိစဉ်အတွင်း ဆရာတော်ကြီး၏
အနားယူပုံမှာ မှတ်လောက်သားလောက်၏။ ဆရာတော်ကြီး၏ အနားယူနည်းကို ဆရာတော်ကြီး

သာသနာဆိုတာ။ (သင် ခွဲခွဲခြားခြား သိပြီလား၊)
“သာသနာ” လို့ ပြောလိုက်ရင် ရဟန်းသံဃာတွေကို ပြောတာလိုလို၊ ဘုရားစေတီပုထိုးကို
ပြောတာလိုလို၊ ကျောင်း ကန် ဇရပ် သိမ်စတဲ့ အဆောက်အအုံကို ပြောတာလိုလို ယောင်ဝါးဝါး
ဖြစ်သွားတတ်ကြပါတယ်။
“သာသနာ” ဆိုတာ ပါဠိစကားပါ။ အဆုံးအမလို့ အဓိပ္ပါယ် ရပါတယ်။ ၄၅ ၀ါ ကာလတိုင်

Wednesday, August 27, 2014
မြတ်စွာဘုရားရဲ့ဖွားဘက်တော်
မြတ်စွာဘုရားရဲ့ ဖွားဘက်တော် စာရင်းကို “ အာ ဗော ကာ ယ ဆန် ရွှေ ကဏ်” လို့ အတို
ကောက်လုပ်ထားတဲ့ အထဲမယ် အာ ဆိုတာ ရှင်အာနန္ဒကိုပြောတာ၊ ဗောကတော့ ဗောဓိပင်ပေါ့၊
ကာ က ကာဠုဒါယီ၊ ယ က ယသောဓရာ၊ ဆန် က မြင်းတော်ခံ မောင်ဆန်၊ ရွှေက ရွှေအိုးကြီး
လေးလုံး၊ ကဏ် က ကဏ္ဍကမြင်း။ မြတ်စွာဘုရား အလောင်းတော် မွေးဖွါးလာတာနဲ့ တစ်ပြိုင်နက်

ကံ၏သဘော။
သန္တာနေဒံ ကမ္မံ နာမ, န နိရုဇ္ဈတိ သဗ္ဗသော၊
သဝိသေသံ နိဒေတွာ ဟိ, သမယမှိ ဝိပစ္စိတုံ။
သန္တာနေ-ရုပ်နာမ် ခန္ဓာ အစဉ်၌၊ ဣဒံ ကမ္မံနာမ-ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးဖန် ကံဟုခေါ်ရိုး
ဤစေတနာတရားမျိုးသည်၊ နိရုဇ္ဈမာနံ-အကြောင်းအားလျော်စွာ ချုပ်ပျောက်ရသည်ရှိသော်၊

တရားမရလို့ ငိုတဲ့သူ။
ရှင်အာနန္ဒ မထေရ်မြတ်ဟာ ဘုရား သက်တော်ထင်ရှားရှိတဲ့အချိန်မှာ တရားထူး တရားမြတ်
မရဘူး။ ကျင့်တော့ ကျင့်ပါတယ်။ နောက်ဆုံးမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသွားတယ်။ မြတ်စွာဘု
ရားရဲ့ ဝေယျာဝစ္စ ကိစ္စတွေ၊ ပရိယတ္တိဓမ္မရဲ့ တာဝန်တွေနဲ့ ရှင်အာနန္ဒမထေရ်မြတ်ဟာ တရားအား
ထုတ်ခွင့် မရပါ။

နှစ်ကြိမ်မြောက် မွေးဖွားကြသူများ။
ဆရာသမားဆိုတာ တပည့်တို့ကို နှလုံးသားနဲ့လွယ်ပြီး အာခံတွင်းက မွေးဖွားပေးကြသူ (ပ၀တ္တိမိဘ)
များ ဖြစ်တယ်။ ဆရာကောင်း တပည့်များဟာလည်း ဆရာတို့ရဲ့ နှလုံးသားမှာ သန္ဓေတည်ခဲ့ပြီး အာခံတွင်း
က မွေးဖွားလာကြသူများ ဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ ဆရာသမားများဟာ တပည့်တွေအပေါ်
တော်စေချင်၊ တတ်စေချင်၊ လိမ္မာစေချင်တဲ့ မေတ္တာ၊ ဂရုဏာ၊ မုဒိတာတရားတွေ နှလုံးသားထဲမှာကိန်း

ဇဋိလသေဌေး။
ဇဋိလသည် ဗာရာဏသီပြည်၌ မွေးဖွား၏။ အမိမှာ အလွန်ဆင်းရဲလှသော အမျိုးသမီးတစ်ဦး
ဖြစ်၏။ ဖခင်မှာ ၀ိဇ္ဇာဓိုရ်တစ်ဦး ဖြစ်လေသည်။ ဇဋိလ၏ ထူးခြားသောကြည်ညိုဖွယ်ဂုဏ်ရည်များမှာ
အောက်ပါအတိုင်း ဖြစ်လေ၏။

ကဏ္ဍကမြင်း၏ လားရာဂတိ
မေး။ ။သတ္တ၀ါ တို့၏ ဘ၀သစ်ကို ဘ၀ဟောင်းရှိ စုတေခါနီး ဇောစိတ်များက ပို့ဆောင်ပေးကြောင်း မှတ်သားရပါသည်။ လောဘနှင့်သေလျှင် ပြိတ္တာ၊ ဒေါသနှင့်သေလျှင် ငရဲ၊ မောဟနှင့်သေလျှင် တိရစ္ဆာန်၊ ဖြစ်သည်ဟုလည်း သိရပါသည်။ ဇာတ်တော်များလည်း နာကြားရပါသည်။
ဘုရားလောင်း သိဒ္ဓတ္ထမင်းသား တောထွက်ရာတွင် စီးနင်းသွားခဲသော ကဏ္ဍကမြင်းသည် ဘုရားလောင်းနှင့် ခွဲခွာရသဖြင့် ၀မ်နည်းပူဆွေးသော ရင်ကွဲနာဖြင့် သေဆုံးသွားကာ နတ်သားဖြစ်သွားသည် ဆိုသောအခါ ကျွန်တော် မကြံဆတတ်တော့ပါ။
မြတ်စွာဘုရားရှင် ၀ါဆိုတော်မူရာ မြို့၊ ရွာဒေသများ
မတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ - ခုနှစ်၊ ကဆုန်လပြည့်နေ့
သဗ္ဗညုတဥာဏ်ရှင် ဘုရားသခင်အဖြစ်သို့ ဆိုဒ်ရောက်တော်မူသည်မှ စ၍
အောက်ပါ မြို့ရွာဒေသများ၌ ၀ါကပ်တော်မူခဲ့ပါသည်။
(၁) ၀ါ - ဗာရာဏသီပြည်၊ ဣသိပတန မိဂဒါဝုန်တော၊
(၂၊ ၃၊ ၄) ၀ါ - ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၊
(၅) ၀ါ - ဝေသာလီပြည်၊ မဟာဝုန်တော၊ ကုဋာဂါရ - သာလာကျောင်း
မုသာဝါဒဆိုင်ရာ
Tuesday, August 26, 2014
ရယ်ပြသောရုပ်ပွားတော်
၁၉၉၈ ခုနှစ်ခန့်က အမေငြိမ်းအမည်ရှိသော သားဖွားဆရာမကြီးတစ်ဦးသည် အသိမိတ်ဆွေ
အိမ်တစ်အိမ်တွင် ရယ်လည်းရယ် ၊ မျက်စိလည်းဖွင့်ပြသော ရုပ်ပွားတော်တစ်ဆူပင့်ထားသည် ။
ယင်းရုပ်ပွား တော်အား ဆရာတော်ဖူးမြှော်ရန်လိုက်ခဲ့ပါဟု ပင့်သဖြင့်
ဗဟုသုတရအောင်
လိုက်သွားခဲ့၏ ။ ပင့်ထားသော အိမ်ကား သူဌေးအိမ်ပင် ဖြစ်၏ ။
ဘုရားပုံတော်ကိုကြည့်လိုက်သောအခါ ဒဏ္ခိဏသာခါ ပုံပင် ဖြစ်နေ၏ ။
မြန်မာနိုင်ငံတွင် စစ်မှန်သော ထေရ၀ါဒဗုဒ္ဓဘာသာ နှင့် မြန်မာစာ ပေါ်ပေါက်လာခြင်း သမိုင်းအကျဉ်း
စစ်မှန်သော ထေရ၀ါဒဗုဒ္ဓဘာသာ ပေါ်ပေါက်ခြင်း
အိန္ဒိယမှ မဟာမေဒင်တို့၏ဘေးကြောင့် မဟာယနရဟန်းများ ထွက်ပြေးရောက်
ရှိလာသဖြင့် မဟာယနဗုဒ္ဓဘာသာထွန်းကားလာသော နိုင်ငံများနှင့် ယင်း အချိန်မှီ
မတိုင်မီကပင် မဟာယနဗုဒ္ဓဘာသာကို လက်ခံကျင့်သုံးနေကြသော နိုင်ငံများမှာ
နီပေါလ်၊ ဆစ်ကင်း၊ ဘူတန်၊ တိဗက်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ မွန်ဂိုလီးယား၊
မန်ချူးရီးယား၊ ဆိုဒ်ဗေးရီးယား၊ ရုရှားမြောက်ပိုင်းပြည်များဖြစ်ပါသည်။
ဝါတွင်းကာလ၌ အိမ်ပြောင်းအိမ်ရွေ့မလုပ်ကောင်း ဆိုတာဟုတ်ရဲ့လား ...?
ဒကာတစ်ယောက်က “အရှင်ဘုရား ဝါဆိုချိန်နီးလာပြီဆိုတော့ မြန်မာလူမျိုးများရဲ့ ဝါတွင်းကာလမှ အိမ်မပြောင်းရ၊ အိမ်မရွေ့ရစတဲ့ အယူအဆတွေကြောင့် ဝါမဆိုခင်ကတည်း ဒီကိစ္စအတွက် အပြီးလုပ်နေကြတာကို တွေ့ရပါတယ်၊ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘုရားဟောထားတာ ရှိသလား၊ ဒီအယူအဆတွေကို လိုက်ပြီးလုပ်သင့်သလား၊ မလုပ်သင့်ဘူးလား စသဖြင့် ဆောင်ရန်ရှောင်ရန်တွေကို သိလိုပါတယ်ဘုရား” စသဖြင့် မေးလျှောက်ဖူးလို့ ပြန်ပြီးဖြေပေးဖူးပါတယ်။
★"ဓမ္မ ဟူသည် နေ့တိုင်းဝတ်ရမည့် ၀တ်စုံ " ★
______________________________________

ကျွန်တော် အမြဲတမ်းသတိကြီးစွာထားလေ့ရှိသည့် အချက်တစ်ခုရှိပါသည်။ယင်းမှာ-"ဘာသာတရား၏အဆုံးအမ ကို မိမိနှင့်မမှီအောင် အမြင့်ဆုံးသို့ ပို့မထားမိစေရေး" ပင်ဖြစ်ပါ၏။ဒိထက်ရှင်းအောင်တင်ပြရမည်ဆိုပါလျှင်""ဓမ္မ"ကိုသင်ကြားရေးတွင်လည်းကောင်း၊"ဓမ္မ"ကိုကျင့်ကြံကြိုးစားရေးတွင်လည်းကောင်း၊ သာမန်လူများမလုပ်နိုင်လောက် အောင် ခက်ခဲသည်ဟု မထင်ထားစေရေး" ဟု ပြောလျှင်လည်းရမည်ထင်ပါသည်။
ဤသို့ "ဓမ္မ ဆိုသည်မှာ လူသာမန်လိုက်မမှီနိုင်"ဟု သဘောထားမျိုးဖြင့် အကြီးကြီးတွေ "ပြော"၊အကြီးကြီးတွေ "ရေး" နေလျှင်ဖြင့် ကျွန်တော်တို့သည် "ဓမ္မ" နှင့် ဝေးကွာမှန်းမသိ ဝေးကွာသွားပေလိမ့်မည်။"ဒါဆိုရင် ဓမ္မ ကို သင်ကြား၊ကျင့်ကြံရေး ကိစ္စ ဆိုတာ အလွန့်အလွန် လွယ်ကူတယ် လို့ ဆိုလို လိုက် တာလား" ဟု မေးမြန်းကောင်း မေးမြန်းပါမည်။ထိုသို့ သော ပေါ့ပေါ့တန်တန်သဘောအဓိပ္ပါယ်ကို ဆောင်ခြင်း မဟုတ်ပါကြောင်းကိုတော့ဖြင့် သဘောပေါက် စေလိုပါသည်။
ကျကျနန စဉ်းစားသုံးသပ်ရန်တစ်ခုရှိသည်မှာ "ဗုဒ္ဓမြတ်စွာဘုရားရှင်"၏အဆုံးအမသည် ပညာရှင်၊ပညာတတ်လူတန်း
စားများ၊ အထက်တန်းလွှာများ သီးသန့်အတွက် သာ မဟုတ်ပါကြောင်းကိုလည်း နားလည်ပြီးဖြစ်ပါလိမ့်မည်။အလွှာအသီးသီးရှိ လူတိုင်းနှင့်တွေ့ဆုံဆွေးနွေးထားသည့် သုတ္တန်များကိုကြည့်ခြင်းဖြင့် လူတိုင်းနှင့်အံဝင်ခွင်ကျရှိသည်ဟု တင်ပြလိုခြင်းပါ။
ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်။
“ ဗုဒ္ဓဘာသာ ” ဆိုတဲ့ စကားရပ်ဟာ ပါဠိကနေ ဆင်းသက်လာတဲ့ စကားရပ် ဖြစ်ပါတယ်။
ဗုဒ္ဓပုဒ် နှင့် ဘာသာပုဒ်ကို တွဲစပ်ထားတာပါ။ ဗုဒ္ဓပုဒ်ရဲ့ အဓိပ္ပါယ်မှာ= သစ္စာလေးပါးကို ကိုယ်တိုင်
သိပြီး အခြားသူတွေကိုလည်း သိစေတော်မူလို့ ရှင်တော်မြတ်ဘုရားကို “ ဗုဒ္ဓ “ လို့ ခေါ်ပါတယ်။
ဘာသာပုဒ်ကတော့ (က) ပြောဆိုတဲ့စကား၊ (ခ) အလေ့အကျင့်၊ (ဂ) သင်ယူစရာ စာပေ၊ (ဃ) အ

ကံ ၂-မျိုးရှိ။
ဒီတော့ ဘုန်းကြီးတို့ ဒီနားရပ်ပြီး စဉ်းစားရမှာက ဘုန်းကြီးတို့ သန္တာန်မှာ ဘဝများစွာက အကုသိုလ်ကံ
ရဲ့ အကုသိုလ်သတ္တိတွေ အများကြီးရှိပေလိမ့်မယ်။
ကုသိုလ်ကံရဲ့ ကုသိုလ်သတ္တိတွေလဲ အများကြီးရှိပေလိမ့်မယ်။
ဒီလို ပထမ စဉ်းစားရမယ်။

ဥဂ္ဂတသေဌေး၏ အံ့ဖွယ် ၈ ပါး။
၁။ မြတ်စွာဘုရားကို ဖူးတွေ့ရသည်နှင့် တပြိုင်နက်ပင် ဘုရားရှင်၏ အပေါ်၌ အကြွင်းမဲ့ ယုံကြည်
ကြည်ညို၍ သေယစ်မူးမှု ချုပ်ငြိမ်းခြင်း။
၂။ မြတ်စွာဘုရားရှင်ကို ပထမအကြိမ် ဖူးတွေ့ပြီး တရားနာရ၍ အနာဂါမ် အရိယာအဖြစ် ရရှိကာ
လောကုတ္တရာ သရဏဂုံနှင့်တကွ ဗြဟ္မစရိယပဉ္စမကသီလကို ခံယူဆောက်တည် ကျင့်သုံးခြင်း။

အကောင်းဆုံးဖြစ်အောင်။
“အဆိုးတွေ လျော့ကျပြီးတော့ အကောင်းဘက်ကို ရောက်အောင် ကြိုးစားအားထုတ်ရတယ်”
တဲ့။ ကိုယ့်ကိုယ်ကို ကောင်းအောင်ပြင်ဖို့ဆိုတာ နေရာဒေသမရွေး၊ အချိန်မရွေး ဖြစ်နိုင်တဲ့ကိစ္စ မ
ဟုတ်ဘူး။ “ကောင်းအောင် ပြင်” ဆိုတဲ့နေရာမှာ “ဘယ်ထိအောင် ကောင်းအောင်ပြင်ရမှာလဲ” ဆို
တော့ “အကောင်းဆုံးဖြစ်အောင်” ကို ပြင်ရမယ်။ အကောင်းဆုံးဖြစ်ပြီဆိုတာ ဘယ်အဆင့်ကျမှ
အကောင်းဆုံးလို့ ပြောလို့ရသလဲ ဆိုရင် ရဟန္တာဖြစ်သွားမှ အကောင်းဆုံးဖြစ်မှာပဲ။

ဥပစ္ဆေဒကကံနှင့် သေရသူများ။
လူသည် တစ်နေ့နေ့တွင် သေကြရမည် ဖြစ်သော်လည်း သက်တမ်းမကုန် သေချိန်မကျသေး
ဘဲ သေရခြင်းမျိုးရှိတတ်ကြပါ၏။ အရှင်မဟာမောဂ္ဂလန်သည် ရှေးက အမိကို သတ်ခဲ့ဖူး၏။ အရှင်
မောဂ္ဂလန်ဘ၀၌ ထိုကံ အခွင့်ရသဖြင့် ခိုးသားငါးရာ၏ အသတ်ကို ခံရပြီးမှ ပရိနိဗ္ဗာန် စံရလေ၏။
ဗိဗ္မိသာရမင်းသည် ရှေးက ဘုရားရင်ပြင်တော်ဝယ် ဖိနပ်စီးခဲ့ဖူး၏။ ဗိဗ္ဗိသာရမင်း ဘ၀၌ ထို

Monday, August 25, 2014
★"ရှိခိုးခြင်း နှင့်ပတ်သက်၍ လေ့လာမိသမျှ "★
_________________________________________
★"ရှိခိုးခြင်း နှင့်ပတ်သက်၍ လေ့လာမိသမျှ "★
__________________________________________
အချို့အချို့သော ဓမ္မမိတ်ဆွေ စာရေးသူများ က "ပဋိစ္စသမုပ္ပါဒ်"အကြောင်း၊ "အဘိဓမ္မာ"အကြောင်း၊ "၀ိပဿနာ"နှင့်စပ်၍ သိမှတ်ဖွယ်ရာအကြောင်း များ ကို အားကောင်းမောင်းသန် ရေးသားနေကြနေကြချိန်တွင် ကျွန်တော် က ထေရ၀ါဒ ဗုဒ္ဓစာပေကျမ်းဂန်ထဲမှ ရေးစရာအကြောင်းအရာလေးတစ်ခု ရေးလိုက်ချင်ပါသည်။ ထူးထူးခြားခြားကြီး မဟုတ်ပါ။ ယနေ့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များ မျက်စိလျှံနေသည့်"ရှိခိုးခြင်း" နှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာလေးမျှသာဖြစ်ပါ၏။
"ရှိခိုးခြင်း"ဟူသည်ကား"လက်အုပ်ချီ၍ ဦးချခြင်း"ဟု အဓိပ္ပါယ်ရကြောင်း ထေရ၀ါဒဗုဒ္ဓဘာသာဝင်များသဘောပေါက်
နားလည်ပြီးဖြစ်ပါ၏။ နော့ပေတဲ့ "ရှိခိုး"ဟူသော ဝေါဟာရ၏ မူလအစ, ရင်းမြစ် သည်ကားအဘယ်နည်း။
"ဝေါဟာရတ္ထပကာသနီကျမ်း"၊ "ဝေါဟာရလိနတ္ထဒီပနီကျမ်း" တို့၌လည်း"ရှိခိုး"ဝေါဟာရ၏အနက်ဖွင့်ဆိုထားခြင်းမရှိ။
ကံတွေပါလာ။
ဘုန်းကြီးတို့သန္တာန်မှာ ကံတွေ အများကြီး ရှိတယ်။
ဘဝပေါင်းများစွာက ပြုခဲ့တဲ့ ကံတွေ၊ ဒီဘဝမှာ ပြုတဲ့ကံတွေ အများကြီး ရှိတယ်။
လူတယောက်ဟာ ပစ္စည်းတွေက သိပ်ပေါတယ်။
သိပ်ပေါတော့ ကိုယ့်ပစ္စည်း ဘယ်နား ဘာရှိတယ်ဆိုတာတောင် မမှတ်မိတော့ဘူး၊ သတိမထားမိဘူး

ပါချုပ်ဆရာတော်၏ ဘ၀မှာအကျိုးရှိအောင်နေနည်း။
လူဆိုတာ စီးပွားရေးမျက်စိလည်း ရှိရမယ်။ ဓမ္မရေးရာအသိဉာဏ်လည်း ရှိရမယ်။ လူ့အ
သိုင်းအ၀ိုင်းမှာ နေတဲ့အခါမှာ စီးပွားရေးမျက်စိမရှိလို့လည်းမဖြစ်ဘူး။ တရားသဖြင့်သာ စီးပွားရေး
ရှာရမယ်။ ဓမ္မအသိရှိတဲ့အတွက်လည်း စီးပွားရှာတဲ့အခါမှာ မကောင်းတာမှန်သမျှ မလုပ်မိအောင်
တရားနဲ့ထိန်းသွားနိုင်ရမယ်။ ထိုပုဂ္ဂိုလ်ရလာတဲ့ အကျိုးစီးပွားကိုလည်း “ဓမ္မယလဒ္ဓ”= တရားသ

ဥဂ္ဂတသေဌေး၏ ကြည်ညိုဖွယ်ရာ။
ဥဂ္ဂတသေဌေးသည် ၀ဇ္ဇီတိုင်း ဟတ္ထိဂါမအရပ် (ဆင်ရွာ)သားဖြစ်၏။ ဥဂ္ဂတသေဌေး၏ ထူး
ခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ==
မြတ်စွာဘုရားသည် နာရ၀နဥယျာဉ်၌ သီတင်းသုံးနေစဉ် ဥဂ္ဂတသည် ခုနှစ်ရက်တိုင်တိုင်
သေရည်မူးယစ်လျက် ကချေသည်တို့ဖြင့် ခြံရံကာ ဥယျာဉ်သို့ သွား၍ မြူးတူးပျော်ပါးကြသော်

ဗုဒ္ဓမြတ်စွာ အခုဘယ်မှာ၊ ဘယ်သူတွေနဲ့အတူရှိနေပါသလဲ?။
မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က ဘုရားရှင်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရုပ်အဆင်းတော်
တင့်တယ်သပ္ပာယ်မှုကိုသာ ကြည်ညိုတတ်တဲ့ “၀က္ကလိ” ဆိုတဲ့ ရဟန်းတစ်ပါး ရှိပါတယ်။ ဒီရဟန်းက
ဘုရားရှင်ရဲ့ မျက်နှာတော်ကိုပဲ ကြည့်ပြီး ကြည်ညိုကိုးကွယ်နေချင်တယ်။ အဆုံးအမအတိုင်း လိုက်
နာကျင့်သုံး ပူဇော်မှုမျိုးတော့ မလုပ်လိုပါဘူး။ အဲဒီရဟန်းကို မြတ်စွာဘုရားရှင်က ==

Sunday, August 24, 2014
ကောင်းကံတွေ ပြုလို့။
ဒီအကုသိုလ်ကံတွေက ဘုန်းကြီးတို့လဲ ပါတယ်။
အားလုံး ဒါယကာ ဒါယိကာမတွေမှာလဲ ပါတယ်။
အဲဒီဟာကို အကျိုးပေးခွင့် မရအောင်လို့ဆိုပြီးတော့ ကောင်းတဲ့ကံတွေ ပြုပြီးရင်း ပြုရင်း၊ ဒါနပြုရင်း၊
သီလဆောက်တည်ရင်း၊ ကမ္မဋ္ဌာန်းဘာဝနာစီးဖြန်းရင်း၊ နေ့စဉ် နေ့စဉ် မေတ္တာ ကရုဏာဖြစ်ရင်း၊

အောက်ကျနောက်ကျ ။
ဒီတော့ကာ ခုတင်က လောဘဖြစ်ပြီးတော့ စားတယ်ဆိုရင် လောဘပေါင်းမြက်တွေပါလို့ အလှူ့ရှင်မှာ
အကျိုးနည်းရတဲ့အပြင် အလှူခံပုဂ္ဂိုလ်က ဒီနေရာမှာ အလှူခံဘဝနဲ့ အလှူခံလိုက်ရပေမယ့် ဟိုနောက်ဘ
ဝကျတော့ အလှူခံပုဂ္ဂိုလ်အဖြစ်နဲ့ အကျိုးပေးမှာ မဟုတ်ဘူး။ သူ့ရဲ့ မတရားတာကို မတရားတဲ့အလိုက်
အကျိုးပေးသွားမယ်။ အောက်ကျနောက်ကျ ဖြစ်စရာရှိရင် ဖြစ်သွားမယ်။

အာနာပါနအကျိုးဆက်။
တစ်ပါးသောတရားကို ပွားများလျှင် လေးပါးသောတရားနှင့် ပြည့်စုံမည်။
= လေးပါးသောတရားကို ပွားများလျှင် ခုနှစ်ပါးသောတရားနှင့် ပြည့်စုံမည်။
= ခုနှစ်ပါးသောတရားကို ပွားများလျှင် နှစ်ပါးသောတရားနှင့် ပြည့်စုံမည်ဟု မြတ်စွာဘုရား
ဟောတော်မူခဲ့ပါသည်။ ( မ- ၃၊ ၁၂၄)

ဘယ်တရားက အိပ်ပြီး၊ ဘယ်တရားက နိုးပါသလဲ ?။
သာဝတ္ထိပြည် ဇေတ၀န်ကျောင်း ညချမ်းမှာ နတ်သားတစ်ယောက်က ဘုရားရှင်အား
မေးမြန်းရာတွင် (၁) ဘယ်တရားက အိပ်နေပြီး၊ ဘယ်တရား နိုးသလဲ ?၊ (၂) ဘယ်တရား နိုးပြီး
ဘယ်တရား အိပ်သလဲ ?၊ ဘယ်တရားက ကိလေသာကို သိမ်းပိုက်မလဲ ?။

နတ်တွေပြောတဲ့ ကောင်းရာသုဂတိဘုံ။
နတ်ဘ၀တစ်ခုမှာ နတ်သက်တမ်းတစ်လျှောက်လုံး ၀တ်ထားတဲ့အ၀တ်လည်း ဘယ်တော့မှ
လျှော်ဖွတ်ရတယ် မရှိဘူး။ ပန်ထားတဲ့ပန်းကလည်း ဘယ်တော့မှ နွမ်းသွားတယ် မရှိဘူး။ အို..ပူလို့
အိုက်လို့ ချွေးထွက်တာလည်း မရှိဘူး။ အမြဲတမ်း သန့်ရှင်းသန့်ပြန့် နေတယ်။

အရှင်လတ်လတ် ပုပ်နေသောမထေရ်။
သာဝတ္တိပြည် ဇေတ၀န်ကျောင်းဝင်း၏ အစွန်ကျသော ကျောင်းတစ်ကျောင်း၌ ရဟန်း
တော်တစ်ပါးသည် ညောင်စောင်းပေါ်တွင် လူးလှိမ့်ရင်း ဝေဒနာ အပြင်းအထန် ခံစားနေရ၏။ ရ
ဟန်း၏ ခန္ဓာကိုယ်တွင် အနာလုံးကြီးများသည် သွေးတစိုစို ပြည်တရွှဲရွှဲဖြင့် တစ်ကိုယ်လုံး အပ်ချစရာ

Subscribe to:
Posts (Atom)