Saturday, August 9, 2014
★"အမှား မကြာခင်အမှန် ပြင် ကြစေဖို့" ★
______________________________________
"အမှား မကြာခင် ၊ အမှန် ပြင် ကြစေဖို့" 
_______________________________________
ကျွန်တော် တို့ ဗုဒ္ဓဘာသာဝင်များဟူသည် "ပါဠိတော်" နှင့်ကင်း၍ မရပါ။ဘုရားရှိခိုးခြင်း၊ဂုဏ်တော်ပွားခြင်း၊ပရိတ်ရွတ်ခြင်း စသောကိစ္စတို့၌ ပါဠိတော် နှင့် ကြုံတွေ့ရလေ့ရှိပါသည်။
ရံဖန်ရံခါ လေ့လာမှုအားနည်းသည့်အခါတွင်မူ "ပါဠိတော်"အသံထွက်များကို မှားယွင်းသုံးနှုန်းပြောဆိုတတ်ပါသည်။
ဥပမာအားဖြင့်-
"အရုဏ်" နှင့် "အာရုံ"။ "သဒ္ဓါ" နှင့် "သဒ္ဒါ"
"အရုဏ်ဆွမ်း၊ အရုဏ်တက်ချိန်" စသဖြင့် ရေးရမည့်အစား "အာရုံဆွမ်း၊အာရုံတက်ချိန်" ဟုရေးမိလျှင် အဓိပ္ပါယ် မရှိဖြစ်တတ်ပါသည်။
"စေတနာ သဒ္ဓါတရား"ဟုရေးရမည့်အစား "စေတနာ သဒ္ဒါတရား"  ဟုရေးမိလျှင်လည်း အဓိပ္ပါယ်မရှိဖြစ်သွားပါသည်။
အထက်ပါ အသုံးအနှုန်း ကိုပိုမိုရှင်းလင်း နားလည် သဘောပေါက်အောင် တင်ပြရမည်ဆိုလျှင်-
စိတ်၏ ကျွန်၊ စိတ်၏ သခင်။
         အကုသိုလ်သည် စုန်လမ်း၊ အသွားရ လွယ်ကူ၏။ သွားသူလည်း များ၏။ သို့သော်
ထိုလမ်း၏ နောက်ဆုံးပန်းတိုင်ကား အပါယ်လေးပါး။
         ကုသိုလ်သည် ဆန်လမ်း၊ သွားလာရ ခက်ခဲ၏။ သွားသူလည်း နည်း၏။ သို့သော်
ထိုလမ်း၏ နောက်ဆုံးပန်းတိုင်ကား နိဗ္ဗာန်။
ဓမ္မစေတီခေါင်းလောင်းပိုင်ရှင်-ဓမ္မစေတီမင်းခေါင်၏ ကျောက်စာတော်ကို ရှာဖွေတွေ့ရှိခြင်း။
         ဘုရားရှင်ဗျာဒိတ်တော်အတိုင်း ရဟန္တာ ၆ ပါးတို့၏ဗျာဒိတ်တော်အရအလံတစ်ရာစေတီ
ကြီး ဘီလင်းမြို့နယ်တွင် ပွင့်ပေါ်ပြီ ဖြစ်ပါသည်။ ကေလာသတောင်ထိပ်တွင် ထိုအကြောင်းကို
သောဏ္ဍာယ ကေလာသကျောက်စာကြီးကို ညောင်ချောင်းဆရာတော် ဦးဉာဏ၀ံသက စိုက်
ထူခဲ့ပါသည်။ ၄င်းအပြင် ပဲခူး-ဟံသာဝတီခေတ် ရှင်စောပု ဘုရင်မကြီး လက်ထက်နှင့် ဓမ္မစေ
ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့် ကြည့်ရှုတိုင်းတာခြင်း။
         လူတိုင်းလူတိုင်းမှာ ကိုယ်စီဘ၀ကလေးတွေ ရှိနေကြပါတယ်။ သို့သော် ဘ၀နဲ့ပတ်သက်
ပြီးတော့ တစ်ဦးနှင့်တစ်ဦး အမြင်ချင်းမတူကြပေ။ တချို့က ဘ၀ကို ပျော်စရာလို့ မြင်တယ်။ တ
ချို့က ဘ၀ကို ငြီးငွေ့စရာလို့ မြင်ကြတယ်။
         ဘ၀မှာ အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်တွေက “ အေး .. တို့ရထားတဲ့ ဘ၀ဟာ သာတောင့်သာ
အကျိုးပေးသော စေတနာဒါန။
        စွန့်ကြဲပေးကမ်းလှူဒါန်းမှုကို “ဒါန” ဟုခေါ်၏။ ဤဒါနသည် စေတနာဒါန၊ ၀တ္ထုဒါနဟု
၂ မျိုးရှိ၏။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း စသော လှူဖွယ်ဝတ္ထုများသည် “၀တ္ထုဒါန” မည်၏။ ထိုဝတ္ထု
များကို စွန့်ကြဲပေးကမ်း လှူဒါန်းနေသောအခါ ကိုယ်အတွင်း၌ စိတ်စေတနာတို့ကို ဖြစ်စေ၏။ ထို
စေတနာကို “စေတနာဒါန” ဟုခေါ်၏။ နောက်ဘ၀သံသရာဝယ် အကျိုးပေးရာ၌ ဆွမ်း၊ သင်္ကန်း
"... သတိထားဖွယ် နတ်ကိုးကွယ်သူများ သရဏဂုံ ပျက်- မပျက် ..."
                                                                                                         သရဏဂုံတည်မှု၊ သရဏဂုံပျက်မှု နှစ်ခုလုံးသည် ရှိခိုးခြင်းစသည်ကိုပြုသူ၏ နှလုံးသွင်းစိတ်ထားအပေါ် အခြေပြုနေကြောင်း ထင်ရှားပေသည်။ ဤသဘောကို သုတ်သီလက္ခန်အဋ္ဌကထာ၊ အဂုင်္တ္တိုရ် အဋ္ဌကထာများ၌ “သေဋ္ဌ ဝသေနေဝ ဟိ သရဏံ ဂဏှာတိ၊ သေဋ္ဌဝသေန စ ဘိဇ္ဇတိ” ဟု အတိအကျ မုချမိန့်ဆိုထားကြ၏။
အဓိပ္ပာယ်မှာ “ရတနာသုံးပါးကို လောကဓာတ်တစ်ခုလုံး၌ အမြတ်ဆုံးအလှူခံဟု မှတ်ယူကာ ရှိခိုးခြင်း၊ လက်အုပ်ချီခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ အရိုအသေပြုခြင်းတို့ကို ပြုလုပ်လျှင် သရဏဂုံယူပြီးဖြစ်၏။
အခါကောင်းတုန်း အနေကောင်းမှ
ကိုယ့်မှာ အကြီးအကျယ် မအိုသေးတာ ကောင်းတာပဲ၊
မနာသေးတာ အခါကောင်းတာပဲ။ ဒါ တရားအားထုတ်ဖို့ 
အခါကောင်းပဲတဲ့။ နောက် ဒုဗ္ဘိက္ခ န္တရဘေးကြီး၊
ပြည်ပျက်ဘေးကြီး၊ သံဃာအချင်းချင်း ငြင်းခုံနေကြတဲ့
ဘေးကြီး .. ဒီဘေး ၅ မျိုး ဆိုက်ရင်လဲ တရားအားထုတ်လို့ 
မရဘူး။ ခုအချိန် ခုအရွယ်ဟာ အချိန်ကောင်း အခါကောင်းဗျာ့။
မေတ္တာ၏အကျိုးကျေးဇူးများ
စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…
(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
ဝိသာခါရသောဆု (၈)ပါး။
၁။ သံဃာအား အသက်ထက်ဆုံး မိုးရေခံသင်္ကန်း လှူဒါန်းခြင်း။
၂။ အာဂန္တု ရဟန်းအား ဆွမ်းလှူဒါန်းခြင်း။
၃။ ခရီးသွားရဟန်းအား ဆွမ်းလှူဒါန်းခြင်း။
၎။ ဖျားနာသောရဟန်းအား ဆွမ်းလှူဒါန်းခြင်း။
Friday, August 8, 2014
အိမ်ထောင်ကျခြင်း နောက်ဆက်တွဲ
အိမ်ထောင်ကျခြင်းဆိုတဲ့ပို့စ်တစ်ခု တင်ဖြစ်တယ်။
အိမ်ထောင်မပြုဘဲ ရဟန်း (သို့) သီလရှင်ဝတ်ပြီးကျင့်ကြံမှ
ဗုဒ္ဓဘာသာတို့ပန်းတိုင်ဖြစ်တဲ့နိဗ္ဗာန်ကို ရနိုင်ပါသလား ဆိုတဲ့
မေးခွန်းကို ဖြေကြားတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။
လောကပညတ္ထိကျမ်းလာ ပြိတ္တာ (၁၂ ) မျိုး
လောကပညတ္ထိကျမ်းလာ ပြိတ္တာ (၁၂ ) မျိုး
--------------------------------------------------
(၁) ရတနာသုံးပါးကို ပြစ်မှားသော ပုဂ္ဂိုလ် သီလရှိသော
သူတော်ကောင်းများကို ပြစ်မှားသော ပုဂ္ဂိုလ် စားကြွင်းစား
ကျန် နှပ်တံတွေးတို့ဖြင့် ပြစ်မှားသော ပုဂ္ဂိုလ် များသည်
အလွန်ရုပ်ဆိုးပြီး သူတစ်ပါး အန်ဖတ် နှပ် တံတွေးတို့ကို စား
သောက်ရသော ဝန္တာသပြိတ္တာမျိုး ဖြစ်တတ်၏။
နတ်တွေမှာသော စကားသုံးခွန်း
သဒ္ဓါရဲ့ တန်ဖိုးကို လူတွေထက် နတ်တွေက ပိုသိတယ်။ ဘာဖြစ်လို့  ပိုသိသလဲဆိုတော့ လူတွေက စီးပွားဥစ္စာကို ကြိုးစားပြီးရှာကြတယ်၊ ကိုယ့်ရဲ့ လုံ.လ၀ီရိယကြောင့် စီးပွားဥစ္စာတွေ တိုးတက်ကြတယ်ဆိုတော့ ကံ ကံရဲ့ အကျိုးကို သိပ်ပြီးမယုံကြည်ဘူး၊ သဒ္ဓါရဲ့ စွမ်းအားကို သိပ်ပြီးမသိကြဘူး၊ နတ်တွေကျတော့ ကံ ကံရဲ့ အကျိုးကို သိပ်ပြီးယုံကြည်တယ်။
နိဗ္ဗာန်သို့ရောက်အောင် ပို့ပေးသော လောကီသစ္စာ ၄-ပါး။
       ဓမ္မမိတ်ဆွေအပေါင်းတို့ ထိုင်နေသောအခါ ညောင်းညာမှုဖြစ်၏။ ဣရိယာပုတ်များကို
မကြာခဏ ရွေ့ပြောင်းပြီး ဒုက္ခဝေဒနာကို သက်သာအောင် လုပ်ရ၏။ ထို့ကြောင့် ဒီခန္ဓာကိုယ်
ကြီးသည် (၁) “ဒုက္ခသစ္စာ ဖြစ်၏။ ယင်းသို့ ဒုက္ခဖြစ်အောင် ဘယ်သူကနေပြီး ဒုက္ခပေးနေသလဲ၊
လောဘဆိုသော “တဏှာက” ဒုက္ခပေးလိုက်ခြင်းဖြစ်၏။ ထို့ကြောင့် ဒုက္ခ၏ အကြောင်းရင်းခံ
အနုပ္ပိယဘာဏီ မိတ်ဆွေတု။
 ၁။ ထိုသူအား မကောင်းမှုကိုလည်း ခွင့်ပြု၏။
 ၂။ ထိုသူအား ကောင်းမှုကိုလည်း ခွင့်ပြု၏။
 ၃။ ထိုသူ၏ မျက်မှောက်၌ ချီးမွမ်းစကားကို ဆို၏။
စိတ်ပါလက်ပါ အားထုတ်ပါ။
        တရားအလုပ်အားထုတ်တဲ့အခါ ဂရုတစိုက် တကယ်အားထုတ်ရင်၊ စိတ်ပါလက်ပါ တ
ကယ်အားထုတ်ရင် သိစရာသဘောတရားတွေကို သိတယ်။ နောက်ပြီးတော့ ဒီသဘောတွေကို
သေချာသိလာပါတယ်။ ဒါကြောင့် သူတော်ကောင်းတို့အနေနဲ့ တရားအလုပ်ကို စိတ်ပါလက်ပါ
အားထုတ်လိုက်စမ်းပါ။ ဂရုတစိုက် အားထုတ်လိုက်စမ်းပါ။
ပဋိစ္စသမုပ္ပာဒ် ၁၂ ပါး။
၁။ အ၀ိဇ္ဇာ = အဟုတ်အမှန်ကို မသိတတ်သောတရား။
၂။ သင်္ခါရ = ပြုပြင်စေ့ဆော်တတ်သော တရား။
၃။ ၀ိဉာဏ = ပဋိသန္ဓေ ၀ိဉာဏ်စိတ်။
၎။ နာမရူပ = နာမ်ရုပ်။
၅။ သဠာယတန = စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ မန ဟူသော အာယတန ၆ ပါး။
သံသရာနှစ်ဖြာ ကြီးပွားတိုးတက်ဖို့အတွက်ဆိုလျှင်။
         ဗုဒ္ဓမြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ ဒေသနာတော်အရ ဘ၀ကြီးပွားတိုးတက်ရေးအတွက်
မိတ်ကောင်းဆွေကောင်း လိုအပ်ပါတယ်။ ဘ၀သံသရာဝဋ်မှ လွတ်မြောက်ပြီး နိဗ္ဗာန်ချမ်းသာကို
မျက်မှောက်ပြုဖို့ အတွက်လည်း မိတ်ကောင်းဆွေကောင်း လိုအပ်ပါတယ်။ လောကီရေးကိစ္စမှာ
ဖြစ်ဖြစ် လောကုတ္တရာရေးကိစ္စမှာဖြစ်ဖြစ် မိတ်ကောင်းဆွေကောင်းဟာ အင်မတန်မှ အရေးကြီး
တဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။
Thursday, August 7, 2014
မဖြစ်ပါရစေနဲ့တော့…
a
ပုထုဇင်တွေဟာ အမြဲလိုချင်နေတတ်၊ ရချင်နေတတ်၊ ဖြစ်ချင်နေတတ်ပါတယ်။ ဒါကြောင့်လည်း ဘာလေးပဲလုပ်လုပ် လိုချင်ဖြစ်ချင်ရချင်တဲ့ စိတ်ဆန္ဒတွေနဲ့ တောင့်တကြပါတယ်။ ဒီစိတ်ကြောင့်ပဲ ဘာကုသိုလ်လေးပဲ လုပ်လုပ် ဖြစ်ပါရစေ၊ ရပါရစေ စသဖြင့် ဆုတောင်းလေ့ရှိကြပါတယ်။ ဖြစ်ချင်တာတွေက များတဲ့အတွက် ကုသိုလ်လေးကနဲနဲ တောင်းတာတွေက အများကြီး ဖြစ်နေကြပါတယ်။
စေတီ၊ပုထိုး၊ ထပ်လို..?မလို...?
အခန်းထဲအောင်းပြီး စာဖတ်ရတာငြီးငွေ့လို့ ၀ရံတာထွက်ပြီး
အရပ်လေးမျက်နှာ ဟိုဟိုဒီဒီ ကြည့်လိုက်ရင်
စိမ်းစိမ်းစိုစိုတောင်ကုန်း (သို့မဟုတ်) တောင်တန်းလေးတွေ တွေ့ရတယ်။
ဒီနိုင်ငံရောက်ခါစက ဒီတောင်ကုန်း တောင်တန်းလေးတွေကို ကြည့်ပြီး
တစ်ခုခုလိုနေသလို ခံစားရတယ်။
ဘာလိုနေတယ်ဆိုတာ ရုတ်တရက် အဖြေထုတ်လို့ မရဘူး။
ရောက်ခါစမို့ ကိုယ်နေခဲ့ဘူးတဲ့ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံကို
သတိရလွမ်းဆွတ်လို့ နေမှာပါလေလို့ ထင်ခဲ့မိတယ်။
နောက်ဘုရားမျှော် ဝါဒ
နောက်ဘုရားကို မျှော်မနေနဲ့
*****************
မည်သည့်ခေတ်က စတင်ပေါ်ပေါက်လာသည်၊ မည်သည့် ပုဂ္ဂိုလ်က "စတင်" ဝါဒဖြန့်ချိခဲ့သည်ဟု တပ်အပ်သေချာ မပြောနိုင်သော်လည်း နောက်ဘုရားမျှော်ဝါဒကို ရှေးသူဟောင်းအချို့နှင့် ယနေ့မျက်မှောက်ကာလ ပုဂ္ဂိုလ်အချို့လည်း လက်ခံယုံကြည်လျက်ရှိကြ၏။
ဗုဒ္ဓတရားဒေသနာတော်ကို လေ့လာခြင်း။
         ဤတရားတော်သည် မဇ္ဈိမနိကာယ်မှ ရဌပါလသုတ်၌ ပါရှိသော ဓမ္မုဒ္ဒေသ ၄ ပါးကို ရှင်း
လင်း ဟောကြားထားသည်။ ဗုဒ္ဓမြတ်စွာ၏ တရားဓမ္မသည် အစ၊ အလယ်၊ အဆုံး အမှန်အတိုင်း
ထုတ်ဖေါ်ဟောကြားအပ်သည့် (၁) “သွာက္ခာတ” ဂုဏ်နှင့် ပြည့်စုံပါသည်။
         မှန်ကန်စွာ ဟောထားသည်ကို ဟောထားသည့်အတိုင်း လက်တွေ့ကျင့်သုံးခြင်းဖြင့် သိ
အားကိုးရာ မလွဲမှားစေနဲ့။
      ဘုရားကိုးကွယ်တာ တန်ခိုးအရာကို ကိုးကွယ်တာမဟုတ်ဘူး။ အဆုံးအမကို ကိုးကွယ်တာ
ပါ။ အန္တရာယ်ကင်း ဘေးမရှင်းတာဟာ သီလအကြောင်း မကောင်းလို့ဘဲ။ ဥစ္စာဓန ဆင်းရဲစေခြင်း
အကြောင်းဟာ ဒါနအကြောင်း မကောင်းလို့ဘဲ။ စိတ်ရောကိုယ်ပါ ချမ်းသာချင်ရင် ဘာဝနာအလုပ်
ကို လုပ်ဖြစ်အောင် လုပ်ရမယ်။ မိမိကိုယ်တိုင် အားကိုးလောက်တဲ့ ဒါန၊ သီလ၊ ဘာဝနာ။ သီလ၊
မယ်တော်မာယာ၏ အံ့ဖွယ် ၁၂ ပါး။
၁။ တကွမ်းစားအိုးမှ ဘယ်အခါမျှ ထမင်းမလျော့သောအိုးကို ရရှိခြင်း။
၂။ အနာနှိပ်စက်သူအား ကိုင်တွယ်လျှင် အနာပျောက်ကင်းခြင်း။
၃။ အလိုရှိမှု ကိုင်တွယ်သော ၀တ္ထုမှန်သမျှ ရွှေဖြစ်ခြင်း။
၎။ မျိုးစေ့ သစ်စေ့ကို စိုက်လျှင် ချက်ချင်း သီးပွင့်ခြင်း။
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့။
လက်ထက်တော်အခါက ရဟန်းတော်ငါးရာတို့ မြတ်စွာဘုရားထံမှ ကမ္မဌာန်းတရားကို ယူဆောင်
၍ တောအုပ်တစ်ခုတွင် ၀ါဆိုဝါကပ်တော်မူကြပါတယ်။ ရဟန်းတော်များ၏ သီလတန်ခိုးကြောင့်
နေရာဖယ်ပေးကြရတဲ့ နတ်အချို့က အမျိုးမျိုးခြောက်လှန့်ကြသောကြောင့် တရားကိုဖြောင့်
အာဠ၀ကဘီလူးကမေးပြီး ဂေါတမမြတ်စွာဘုရား ဖြေကြားခဲ့သော (အာဠ၀ကသုတ္တန်)။
 (၁)လောကမှာ အကောင်းဆုံး ဥစ္စာက ဘာလဲ။
အဖြေ=သဒ္ဓါသည်အကောင်းဆုံး ဥစ္စာ။(သဒ္ဓိဓ ၀ိတ္တံပူရိသဿ သေဌံ)
(၂)လောကမှာ ဘာလုပ်ရင်ချမ်းသာ မှာလဲ။
အဖြေ=ဓမ္မကိုကျင့်သုံးရင် ချမ်းသာမယ်။(ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ)
Wednesday, August 6, 2014
အသုဘ ၁၀-ပါး။ ။
မတင့်မတယ် ရွံစဖွယ်ဖြစ်သော နိမိတ်အာရုံ ကမ္မဋ္ဌာန်းဆယ်ပါးဟူ၏။
(၁) ဖူးဖူးရောင်ထ မလှရုပ်သွင် အမြင်ဆိုးဝါးသောအကောင်ပုပ်၊
(၂) ဖေါက်ပြန်ညိုပုပ် စက်ဆုတ် ရွံရှာဖွယ်ကောင်းသော အကောင်ပုပ်၊
(၃) ယိုစီးလိမ်းကျံသော ပြည်ပုပ်တို့ဖြင့် စက်ဆုတ်ဖွယ်အကောင်ပုပ်၊
“ဘဝဆက်တိုင်းတွေ့လိုတဲ့ ဇနီးမောင်နှံနှစ်ဦးကို မြတ်စွာဘုရားက ပေးတဲ့နည်း”။
✧ သဒ္ဓါ-သီလ-စာဂ-ပညာ ကြောင်းလေးဖြာ တူညီပါစေ ✧
✧ နကုလပိတာနှင့် နကုလမာတာ၊ ဒီဇနီးမောင်နှံတို့က ဘုရားရှင်ရဲ့ မိဘအဖြစ်
နဲ့ ဘ၀ပေါင်းငါးရာ, မိကြီး, မိထွေး, ဘကြီး, ဘထွေးအဖြစ်နဲ့ ဘ၀ပေါင်း ငါးရာ
စီဆိုတော့ ဘ၀ပေါင်း တစ်ထောင့်ငါးရာစီလောက် ဆွေမျိုး ဆက်တိုက် တော်စပ်
ခဲ့ဖူးကြပါတယ်။
သံဝေဂတရား ၈ ပါး။
၁။ လှပနုနယ်သော ရူပါရုံရှိသော်လည်း နောက်ဆုံး၌ အိုကြရမည်။
၂။ စည်းစိမ်ကြီးကျယ်နေသော်လည်း နောက်ဆုံး၌ ပျက်စီးကြရမည်။
၃။ ချစ်ခင်စွာ ပေါင်းသင်းနေကြရသော်လည်း နောက်ဆုံးတွင် ကွဲပြားကွေကွင်း ကြရမည်။
၎။ အသက်ရှင်နေကြရသော်လည်း နောက်ဆုံးတွင် သေကြရမည်။
နိဗ္ဗာန်လမ်းကိုဦးတည်ရန် လိုက်နာရမည့် အချက်များ။
         မြတ်စွာဘုရားရှင်က အဂုင်္တ္တိုရ်သောတာနုဂတသုတ္တန်တွင် တရားတော်ကို လိုက်နာကျင့်
သုံးရန် အဆင့်(၄) ဆင့်ရှိကြောင်း ညွှန်ပြတော်မူပါသည်။ (၁) ရှေးဦးစွာ တစ်နံပါတ်အဆင့်မှာ
“တရားနာရမည်”။ သူတစ်ပါး ရွတ်ဖတ်တာတွေကို နားထောင်ခြင်းသည် တစ်နံပါတ် အဆင့်ဖြစ်ပါ
သည်။ (၂) နှစ်နံပါတ် အဆင့်ကျတော့ “မိမိပါးစပ်နဲ့ ရွတ်ဖတ်ရမည်”။ (၃) တတိယအဆင့်ကျ
မြတ်စွာဘုရား၏ ထူးခြား အံ့သြဖွယ်များ။
     တစ်နေ့ ဇေတ၀န်ကျောင်းတိုက် ဓမ္မာရုံကြီးအတွင်း မြတ်စွာဘုရားက“ အာနန္ဒ ငါဘုရား
ရဲ့ အံ့သြဖွယ်ကောင်းတဲ့ ဂုဏ်တွေကို မင်းပြောစမ်း ” ဟု မိန့်တော်မူရာ အရှင်အာနန္ဒက ဘုရား
ရဲ့ထူးခြားချက်တွေကို ရဟန်းတော်များရှေ့တွင် ပြန်ပြီး လျှောက်တင်ပြပါတယ်။
        (၁) ဝေဿန္တရာမင်းကြီးဘ၀ ကုန်ဆုံးပြီး တုသိတာဘုံကို ရောက်သွားတဲ့အခါမှာ အိပ်
တရားရှာ ကိုယ်မှာတွေ့ တရားတော်
ဒီတရားတော်ကို မြတ်စွာဘုရား အင်္ဂုတ္တိုပါဠိတော် ရောဟိတဿသုတ်မှာ ဟောကြားတော်မူခဲ့ပါ တယ်၊ မြတ်စွာဘုရားက ဒုက္ခသစ္စာ စတဲ့ သစ္စာ လေးပါး တရားတွေကို မိမိခန္ဓာကိုယ်မှာပင် တွေ့ရှိနိုင် တယ်လို့ ဒီသုတ်မှာ မိန့်ဆိုတော် မူခဲ့ပါတယ်။