Saturday, February 21, 2015
၃၁ဘုံနှင့် နိမိတ်ကြီးလေးပါး
နိမိတ်ကြီးလေးပါး
ဤကမ္ဘာမြေကြီး၏ အထက်ဆုံးတွင် ဘုံအဆင့်ဆင့်ပေါင်း(၂၀) ရှိပါသည်။ အမျိုးအစားအနေနဲ့ကတော့ ရုပ်သာရှိ၍ နာမ်မရှိသော ဗြဟ္မာ ၊ နာမ်သာရှိ၍ ရုပ်မရှိသော ဗြဟ္မာ၊ ရုပ်ရော နာမ်ရောပါရှိ၍ ဆင်းနိုင် တက်နိုင်သော ဗြဟ္မာဟူ၍ သုံးမျိုးရှိ၏။ ကာမဂုဏ်ချမ်းသာမခံစားကြ၍ မြတ်သော ဗြဟ္မာဘုံ(၂၀)တွင် နေကြပါ၏။ ၄င်းဘုံ(၂၀)၏အောက်မှ (၆)ဘုံသည် နတ်ပြည်(၆)ထပ်ဖြစ်၏။ နတ်ပြည်(၆)ထပ်၏ အောက်တွင် ရှိသော ဤမဟာပထဝီမြေကြီးသည် လူပြည်၊ လူ့ဘုံဖြစ်ဖြစ်၏။

ပါရမီ ဆယ်ပါးဆိုတာ...?
Friday, February 20, 2015
အိမ်ယာတည်ထောင်သူတွေအတွက် ကောင်းကျိုးအချက်များ။
အိမ်ရာတည်ထောင်လူ့ဘောင်ဘ၀မှာ လူတွေအတွက် ကောင်းကျိုးရဖို့ အချက်လေး
တွေကတော့ "ဒကံ္ခ ဂဟပတံ သာဓု"- အိမ်ရာတည်ထောင် လူ့ဘောင်ဘ၀မှာ နေလို့ရှိရင်
စီးပွားရေးနဲ့ ပတ်သက်ပြီး လိမ္မာကျွမ်းကျင်မှု၊ လုပ်ငန်းကျွမ်းကျင်မှု ရှိရမယ်တဲ့၊ မလုပ်တတ်
မကိုင်တတ်ဆိုရင် လွဲလွဲချော်ချော်တွေ ဖြစ်တတ်ပါတယ်၊ ဘယ်အလုပ်ပဲလုပ်လုပ် လုပ်ငန်း

တရားထူးရနိုင်၊ မရနိုင်။
သဖန်းသားဟာ အပင်မှ ခုတ်ဖြတ်ပြီးခါစ အစိုလည်းဖြစ်နေမယ်၊ ရေလည်းစိမ်ထားမယ်
ဆိုရင် အဲဒီလို သစ်သားအစိုကို အချင်းချင်းဖြစ်စေ၊ အခြားသစ်သားနဲ့ဖြစ်စေ ပွတ်ပေမယ်လို့
မီးမပွင့်ဘူး၊ မီးမဖြစ်ဘူး။ အဲဒီလိုပဲ သားမယားစသော ကာမဂုဏ်အာရုံ ၀တ္ထုတွေကလည်း ရှိနေ
မယ်၊ နှစ်သက်သာယာတဲ့ ကိလေသာကာမတွေကလည်း ဖြစ်နေမယ်ဆိုရင် ကိုယ်ပင်ပန်းအောင်

လောဘပေါင်းမြက်။
အလှူခံပုဂ္ဂိုလ်ဘက်က လှူဒါန်းတဲ့ ဒီစားဖွယ်သောက်ဖွယ်တွေကို မြိန်မြိန်ရှက်ရှက် အရသာခံပြီးတော့
စားတယ်လို့ဆိုရင်ပဲ ဒီမှာ လောဘဖြစ်လာပြီ။
လောဘာဖြစ်လာတော့ လောဘဖြစ်တဲ့ပုဂ္ဂိုလ်မှာ ကိုယ့်ဒါနမျိုးစေ့တွေ ကျရောက်သွားတယ်ဆိုရင်
ဟို .. ပကတိလယ်ထဲမှာ ပေါင်းမြက်တွေရှိတုန်း မျိုးစေ့ချသလို ဖြစ်သွားတယ်။
စားတယ်လို့ဆိုရင်ပဲ ဒီမှာ လောဘဖြစ်လာပြီ။
လောဘာဖြစ်လာတော့ လောဘဖြစ်တဲ့ပုဂ္ဂိုလ်မှာ ကိုယ့်ဒါနမျိုးစေ့တွေ ကျရောက်သွားတယ်ဆိုရင်
ဟို .. ပကတိလယ်ထဲမှာ ပေါင်းမြက်တွေရှိတုန်း မျိုးစေ့ချသလို ဖြစ်သွားတယ်။
ဘုရားလောင်းဖွားမြင်စက လက္ခဏာဖတ်သော ပုဏ္ဏား (၈) ယောက်။
ဘုရားလောင်းဖွားမြင်စက လက္ခဏာဖတ်သော ပုဏ္ဏား (၈) ယောက်မှာ ==
၁။ ရာမ ပုဏ္ဏား။
၂။ ဓဇ ပုဏ္ဏား။
၃။ လက္ခဏ ပုဏ္ဏား။
၎။ မန္တီ ပုဏ္ဏား။
၁။ ရာမ ပုဏ္ဏား။
၂။ ဓဇ ပုဏ္ဏား။
၃။ လက္ခဏ ပုဏ္ဏား။
၎။ မန္တီ ပုဏ္ဏား။
ချမ်းသာစေကြောင်း တရားကောင်း
၁။ ရန်ပြုတတ်သူတို့အလယ်၌ရန်မပြုကြကုန်ဘဲအလွန်ချမ်းသာစွာငါတို့အသက်မွေးနိုင်ကြကုန်၏၊ ရန်ပြုသောသူတို့အလယ်၌ ရန်မရှိကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။
၂။ ကိလေသာအနှိပ်စက်ခံရသော သူတို့အလယ်၌ ကိလေသာအနှိပ်စက် မခံရကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ ကိလေသာ အနှိပ်အစက်ခံရသော သူတို့အလယ်၌ ကိလေသာအနှိပ်အစက်မခံရကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။
ကြည်ညို တတ်က အကျိုးရ
ရဟန်းတော်များနှင့် ဒကာ၊ ဒကာမများမှာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလို အမှီသဟဲပြုနေကြရသည်။ ရဟန်း တော်များဘက်မှလည်း
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊
အသစ်ဟောကြား၊ နာဘူးထပ်မံ၊ နတ်ထံတင်ရာ၊
မေတ္တာလည်းပြု၊ ရဟန်းမူ့ ခြောက်ခုလွန်သေချာ-
ဟူသောလင်္ကာအတိုင်း
(၁) ဒကာ၊ ဒကာမများအား မကောင်းမူ့များမပြုမိအောင်သတိပေးတားမြစ်ခြင်း၊
(၂) ကောင်းကျိုးချမ်းသာကိုသာဖြစ် စေခြင်း။
(၃) တရားဓမ္မအသစ်များကိုဖေါ်ထုတ်၍ဟောကြားခြင်း၊

လေးစားထိုက်သူ
တစ်ခါက မြတ်စွာဘုရားရှင်နဲ့ နောက်ပါ
ရဟန်းငါရာတို့ ဗိဗ္ဗိသာရမင်းကြီးရဲ့ အင်ပါယာဖြစ်တဲ့ အင်္ဂတိုင်းမှာ
ဒေသစာရီလှည့်လည်ရင်း စမ္ပာဆိုတဲ့ တိုက်နယ်မြို့လေးရောက်တဲ့အခါ အဲဒီမြို့
ကိုအပိုင်စား ရတဲ့ သောဏဒဏ္ဍ ဆိုတဲ့ ပုဏ္ဏားကြီးနဲ့ နောက်လိုက်နောက်ပါ လူပရိတ်သတ် တွေနှင့်တကွ မြတ်စွာဘုရားကို ခရီးဦးကြိုဆို ကြပါတယ်။
ပညတ်နှင့် ပရမတ်။
ပညတ်။ ။ တရားကိုယ်တရားသား ဘာမှရှာမရသော (အရာ၊ ၀တ္ထု)ကို ပညတ်ဟု ခေါ်သည်။
(အမည်တတ်ထားခြင်း) လူ၊ နတ်၊ ခွေး၊ ကြောင်၊ ၀က်၊ တောတောင်၊ အိမ်၊ ရေ၊
မြေ၊ နေ၊ လ စသည်တို့ (ပရမတ်တွင် မပါသောအရာအားလုံး ပညတ်ဖြစ်သည်။)
(အမည်တတ်ထားခြင်း) လူ၊ နတ်၊ ခွေး၊ ကြောင်၊ ၀က်၊ တောတောင်၊ အိမ်၊ ရေ၊
မြေ၊ နေ၊ လ စသည်တို့ (ပရမတ်တွင် မပါသောအရာအားလုံး ပညတ်ဖြစ်သည်။)
Thursday, February 19, 2015
ကြိုတင်စုဆောင်းပါ။
ငါနှင့်ရွယ်တူ၊ ငယ်ကြသူနှင့်၊
ကြီးမူစားစား၊ ပုဂ္ဂိုလ်များကား၊
အာဏာထန်ပြင်း၊ ရှင်သေမင်း၏၊
ဖြတ်ညင်းနှိပ်စက်၊ ပြစ်ဒါဏ်ချက်ကြောင့်၊
ကြီးမူစားစား၊ ပုဂ္ဂိုလ်များကား၊
အာဏာထန်ပြင်း၊ ရှင်သေမင်း၏၊
ဖြတ်ညင်းနှိပ်စက်၊ ပြစ်ဒါဏ်ချက်ကြောင့်၊
ယိုပေါက်ကြီးများ။
မြတ်စွာဘုရား ဟောထားတာကတော့ လောကမှာ စီးပွားရေးပစ္စည်းဥစ္စာတွေရဲ့ ယိုပေါက်
ကြီး ၆ -ခုဆိုတာ ဘာလဲဆိုတော့ ပစ္စည်းဥစ္စာဟာ ဘယ်တော့မှ မတည်ဘူးတဲ့၊ မြန်မာတွေကတော့
ပြောကြတယ်၊ “လူမိုက်နဲ့ငွေ အတူမနေ" ဘူးတဲ့၊ ပစ္စည်းဥစ္စာဟာ ပျောက်သွားတယ်၊ မြတ်စွာဘု
ရားက ဘာကို ဟောသလဲဆိုရင် ==
ကြီး ၆ -ခုဆိုတာ ဘာလဲဆိုတော့ ပစ္စည်းဥစ္စာဟာ ဘယ်တော့မှ မတည်ဘူးတဲ့၊ မြန်မာတွေကတော့
ပြောကြတယ်၊ “လူမိုက်နဲ့ငွေ အတူမနေ" ဘူးတဲ့၊ ပစ္စည်းဥစ္စာဟာ ပျောက်သွားတယ်၊ မြတ်စွာဘု
ရားက ဘာကို ဟောသလဲဆိုရင် ==
ငွေတစ်ထောင်ကို မမက်တော့ပါ။
အနာထပိဏ် သူဌေး၌ သားမိုက် တစ်ယောက်ရှိ၏။ မိဘ၏ အဆုံးအမကို လုံးဝမနာ
ယူဘဲ အပေါင်းအသင်းများနှင့်အတူ အမြဲတစေ ပျော်ပါး သုံးဖြုန်းလျက် နေ၏။ ယခုခေတ်
အခေါ်အရ ဆိုလျှင် လမ်းသရဲဟု ခေါ်ရပေလိမ့်မည်။ သူ့နာမည်က မောင်ကာဠ။
သား မောင်ကာဠကို ဖခင်၏ခြေရာ နင်းစေချင်သော အနာထပိဏ် သူဌေးကြီးသည်
ယူဘဲ အပေါင်းအသင်းများနှင့်အတူ အမြဲတစေ ပျော်ပါး သုံးဖြုန်းလျက် နေ၏။ ယခုခေတ်
အခေါ်အရ ဆိုလျှင် လမ်းသရဲဟု ခေါ်ရပေလိမ့်မည်။ သူ့နာမည်က မောင်ကာဠ။
သား မောင်ကာဠကို ဖခင်၏ခြေရာ နင်းစေချင်သော အနာထပိဏ် သူဌေးကြီးသည်
အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး အလောင်းတော်, တရားထူးရသွားသော တရားတော်။
အရှင်သာရိပုတ္တရာ အလောင်းတော် ဥပတိဿနဲ့ အရှင်မောဂ္ဂလန် အလောင်းတော် ကောလိ
တတို့ သူငယ်ချင်းနှစ်ယောက် ပျော်ပွဲသဘင်ကို ကြည့်ကြရင်းနဲ့ နောင်အနှစ်တစ်ရာကြာရင် ပွဲကသူ
ပွဲကြည့်သူတွေဟာ “နာမည်မျှ ကလေးတောင်”ကျန်တော့မှာ မဟုတ်ဘူးစတဲ့ အသိတရားတွေရပြီး
မသေတရားကို ရှာကြတယ်။ အဲဒီလိုရှာရင်းနဲ့ သိဉ္ဇည်းပရဗိုဇ်ကြီးဆီ ရောက်သွားတယ်။ သိဉ္ဇည်းဆ

ဒိဋ္ဌိ သုံးမျိုး။
(၁) သက္ကာယဒိဋ္ဌိ။ ။ ခန္ဓာငါးပါးကို ပုဂ္ဂိုလ်သတ္တ၀ါ သူ ငါ ယောက်ျား မိန်းမဟု ထင်မှတ်မှား
သောအယူ (ရုပ်နာမ်နှစ်ပါး၊ ခန္ဓာငါးပါးသာရှိသည်။)
(၂) သဿာတဒိဋ္ဌိ။ ။ ခန္ဓာငါးပါးကို ခိုင်သည်၊ မြဲသည်ဟု ထင်မှတ်သောအယူ။
(၃) ဥစ္ဆေဒဒိဋ္ဌိ။ ။ ဒီဘ၀ကသေပြီးရင် ပြတ်တယ်ဟု ထင်မှတ်သောအယူ။
သောအယူ (ရုပ်နာမ်နှစ်ပါး၊ ခန္ဓာငါးပါးသာရှိသည်။)
(၂) သဿာတဒိဋ္ဌိ။ ။ ခန္ဓာငါးပါးကို ခိုင်သည်၊ မြဲသည်ဟု ထင်မှတ်သောအယူ။
(၃) ဥစ္ဆေဒဒိဋ္ဌိ။ ။ ဒီဘ၀ကသေပြီးရင် ပြတ်တယ်ဟု ထင်မှတ်သောအယူ။
Wednesday, February 18, 2015
အိမ်ထောင်ကျခြင်း နောက်ဆက်တွဲ
အိမ်ထောင်ကျခြင်းဆိုတဲ့ပို့စ်တစ်ခု တင်ဖြစ်တယ်။
အိမ်ထောင်မပြုဘဲ ရဟန်း (သို့) သီလရှင်ဝတ်ပြီးကျင့်ကြံမှ
ဗုဒ္ဓဘာသာတို့ပန်းတိုင်ဖြစ်တဲ့နိဗ္ဗာန်ကို ရနိုင်ပါသလား ဆိုတဲ့
မေးခွန်းကို ဖြေကြားတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။
ရေးပြီး ဖတ်ကြည့်လိုက်တော့ ငါရေးတဲ့ပို့စ် ကျဉ်းများကျဉ်းလွန်းနေသလား၊
တိုများတိုလွန်းနေသလား၊ ဒီပို့စ်ကို ဖတ်ပြီး လူတွေဇဝေဇ၀ါများဖြစ်နေမလားလို့
စိတ်စနိုးစိတ်နှောင့်ဖြစ်နေမိတယ်။
လောကပညတ္ထိကျမ်းလာ ပြိတ္တာ (၁၂ ) မျိုး
လောကပညတ္ထိကျမ်းလာ ပြိတ္တာ (၁၂ ) မျိုး
--------------------------------------------------
(၁) ရတနာသုံးပါးကို ပြစ်မှားသော ပုဂ္ဂိုလ် သီလရှိသော
သူတော်ကောင်းများကို ပြစ်မှားသော ပုဂ္ဂိုလ် စားကြွင်းစား
ကျန် နှပ်တံတွေးတို့ဖြင့် ပြစ်မှားသော ပုဂ္ဂိုလ် များသည်
အလွန်ရုပ်ဆိုးပြီး သူတစ်ပါး အန်ဖတ် နှပ် တံတွေးတို့ကို စား
သောက်ရသော ဝန္တာသပြိတ္တာမျိုး ဖြစ်တတ်၏။

နတ်တွေမှာသော စကားသုံးခွန်း
သဒ္ဓါရဲ့ တန်ဖိုးကို လူတွေထက် နတ်တွေက ပိုသိတယ်။
ဘာဖြစ်လို့  ပိုသိသလဲဆိုတော့ လူတွေက စီးပွားဥစ္စာကို ကြိုးစားပြီးရှာကြတယ်၊
ကိုယ့်ရဲ့ လုံ.လ၀ီရိယကြောင့် စီးပွားဥစ္စာတွေ တိုးတက်ကြတယ်ဆိုတော့ ကံ ကံရဲ
့အကျိုးကို သိပ်ပြီးမယုံကြည်ဘူး၊ သဒ္ဓါရဲ့ စွမ်းအားကို သိပ်ပြီးမသိကြဘူး၊
နတ်တွေကျတော့ ကံ ကံရဲ့ အကျိုးကို သိပ်ပြီးယုံကြည်တယ်။
( ၆ ) မုစလိန္ဒသတ္တာဟ -
ဘုရားရှင်သည် ဆိတ်ကျောင်းညောင်ပင်ရင်း၌ ( ၇ ) ရက်စံနေတော်မူပြီးနောက်
ကျည်းပင်ရင်းသို့ ချဉ်းကပ်၍ ၀ိမုတ္တိချမ်းသာ ၊ ဖလသမာပတ်ကို ခံစား၍ ( ၇ ) ရက်စံနေ
တော်မူသည် ။
ကျည်းပင်ကို ပါဠိလို မုစလိန္ဒဟု ခေါ်ဆိုခြင်းဖြစ်ပြီး မဟာဗောဓိပင်၏ အရှေ့တောင်
ကျည်းပင်ရင်းသို့ ချဉ်းကပ်၍ ၀ိမုတ္တိချမ်းသာ ၊ ဖလသမာပတ်ကို ခံစား၍ ( ၇ ) ရက်စံနေ
တော်မူသည် ။
ကျည်းပင်ကို ပါဠိလို မုစလိန္ဒဟု ခေါ်ဆိုခြင်းဖြစ်ပြီး မဟာဗောဓိပင်၏ အရှေ့တောင်
ကောင်းကျိုးချမ်းသာတွေရဲ့ ၀င်ပေါက်။
လူ့ဘ၀ရလာပြီဆိုရင် ကြီးပွားတိုးတက်ခြင်းရဲ့ ဂိတ်ဝကြီးတွေ ၆ ခု ရှိပါတယ် (သို့မ
ဟုတ်) ကြီးပွားတိုးတက်နိုင်တဲ့ အကြောင်းတရားဟာ ၆ မျိုး ရှိပါတယ်။
နံပါတ် (၁) “အာရောဂျံ” - ကျန်းမာခြင်းတဲ့၊ ကိုယ်ကျန်းမာရမယ်၊ စိတ်ကျန်းမာရမယ်၊
လူ့ဘ၀ရောက်လာပြီဆိုရင် ကျန်းမာရေးနဲ့ ပြည့်စုံဖို့လိုပါတယ်၊ ကျန်းမာရေးနဲ့ပြည့်စုံအောင်

ဘ၀တိုင်း (၀မ်းတွင်းပါ)ဇာတိပညာရှိအောင် ပျိုးထောင်နည်း။
ပဋိသန္ဓေက ဉာဏ်ဓာတ်ပါလာခြင်းသည် လောကီ၌သာ အကျိုးများသည် မဟုတ်သေး။
တရားအားထုတ်ရာ၌လည်း အကျိုးများ၏။ ပဋိသန္ဓေ ပညာရှိသူသာ တရားအားထုတ်၍ ပေါက်
နိုင်၏။ ထို့ကြောင့် ဖြစ်လေရာဘ၀တို့၌ ပဋိသန္ဓေပါ ပညာရှိဖြစ်အောင် ယခုဘ၀ကပင် ထူထောင်
သင့်ကြသည်။ ထူထောင်နည်း တချို့ကား - ပထမဆုံး အသိအလိမ္မာ ဉာဏ်ပညာ ထက်မြက်သူ

ရုပ်နာမ် ရှစ်ပါး (၀ိပဿနာရှုရန်)။
(၁)ပထ၀ီဓာတ်။ ။ မာသောသဘော၊ ပျော့သောသဘော။
(၂) အာပေါဓာတ်။ ။ ဖွဲ့စည်းတဲ့သဘော၊ ယိုစီးတဲ့သဘော။
(၃) တေဇောဓာတ်။ ။ ပူသောသဘော၊ အေးသောသဘော။
(၄) ၀ါယောဓာတ်။ ။ ထောက်ကန်သဘော၊ လှုပ်ရှားသဘော။
(၂) အာပေါဓာတ်။ ။ ဖွဲ့စည်းတဲ့သဘော၊ ယိုစီးတဲ့သဘော။
(၃) တေဇောဓာတ်။ ။ ပူသောသဘော၊ အေးသောသဘော။
(၄) ၀ါယောဓာတ်။ ။ ထောက်ကန်သဘော၊ လှုပ်ရှားသဘော။
Tuesday, February 17, 2015
ကာလ နဂါး တကယ်ရှိလား...?
စာပေပညာရှင်များအား မေးမြန်းလိုပါသည်၊ ကာလ နဂါး အကြောင်းဖြစ်ပါသည်-ခင်ဗျား---
(၁) ကာလ နဂါးသည် ယခုထိ ရှိပါသလော-
ကာဠ နဂါးနှင့် ပတ်သက်သော အကြောင်းအရာတို့ကို အရေတကြီး သိသင့်သောအကြောင်း အရာတိုဟူ၍ မထင်မြင် မယူဆသော်လည်း မေးခွန်းရှင် ( တင်လတ်(မကွေး)၏ သိလိုစိတ်ကို မျက်ကွယ်မပြုလိုသဖြင့်၎င်း ၊ ကာဠ နဂါး အကြောင်း အပြည့်အစုံပါဝင်သော စာအုပ်စာတမ်းတို့ ကို မတွေ့မိသဖြင့်၎င်း စာဖတ်သူများလည်း ဗဟုသုတ ပွားနိုင်ရန် စွမ်းနိုင်သမျှ ရှာဖွေတင်ပြလိုက်သည် ။

MY BODY
တစ်လံမျှပမာဏတွင် ၃၂ မျိုးသောရုပ်ဝတ္ထုအင်္ဂါ အစိတ်အပိုင်းများ ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြင့် “လူ”ဟူသောအကောင်အထည်
ပညတ်ရုပ်သွင်ဖြစ်ပေါ်လာရခြင်းဖြစ်သည်.။ အလှတရားဆိုးသည်မှာ အရေပြားတထောက်မျှသာ ဟုရှေးပညာရှိတို့ကဆိုခဲ့ကြပေ
သည်၊ အရေးပြားအောက်တွင်ကာ ရွံ့ရှာဖွယ်ကောင်းသောအင်္ဂါရပ်ကြီးငယ်တို့သည် စက်တစ်ရုံကဲ့သို့တခုနှင့်တခုဆက်စပ်ပြီး
အနတ္တလက္ခဏသုတ်- မြန်မာပြန်-
ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ ပူဇေမိ၊ပူဇော်ပါ၏။
ဓမ္မံ၊ တရားတော်မြတ်ကို။ ပူဇေမိ၊ ပူဇော်ပါ၏။
သံဃံ၊ သံဃာတော်မြတ်ကို။ပူဇေမိ၊ ပူဇော်ပါ၏။
* ဗုဒ္ဓေါ မေသရဏံ အညံ နတ္ထိ။
* ဓမ္မော မေ သရဏံ အညံ နတ္ထိ။
* သံဃောမေ သရဏံ အညံ နတ္ထိ။
ဗုဒ္ဓေါ= မြတ်စွာဘုရားသည်။
မေ= ဘုရားတပည့်တော်၏။
သရဏံ= ကိုးကွယ်ရာမည်ပါပေ၏။
အညံ= ဘုရားမှတပါး။
သရဏံ= ကိုးကွယ်ရာသည်။
နတ္ထိ= မရှိတော့ပါချေ။

ဒုက္ခ သုံးမျိုး။
ဒုက္ခ ဒုက္ခ။ ။ ကြာကြာဖိထိုင်၍ နာလာ၊ ကျင်လာ၊ ထုံလာ၊ ကိုက်လာခြင်းမျိုး၊ ရောဂါတစ်ခု
ကြောင့် နာလာခြင်းမျိုးကို ခန္ဓာဒုက္ခပေါ် နောက်ထပ်ဒုက္ခထပ်၍ဆင့်သောကြောင့်
ဒုက္ခ ဒုက္ခဟုခေါ်ပါသည်။
ကြောင့် နာလာခြင်းမျိုးကို ခန္ဓာဒုက္ခပေါ် နောက်ထပ်ဒုက္ခထပ်၍ဆင့်သောကြောင့်
ဒုက္ခ ဒုက္ခဟုခေါ်ပါသည်။
သရုပ်ဆောင် မင်းသမီး/မင်းသားတွေ သေပြီးရင် ဘယ်ငရဲကို ရောက်မှာလဲ ?
ဇာတ်မင်းသား ဦးဖိုးစိန်သည်၊ လယ်တီဆရာတော်ကြီးကို ဖူးတွေ့ ခွင့်ရသောအခါ၊
မိမိရင်တွင်း လိပ်ခဲတင်းလင်းဖြစ်နေသော အချက်အလက်အချို့ ကို၊မေးလျှောက်ခဲ့သည်။
ထိုအချက်မှာ အခြားမဟုတ်ဘဲ "ယခုအခါ၌ မိမိသည် ၀မ်းရေးဝမ်းစာအတွက်၊ ဒဏ္ဍာရီ
မိမိရင်တွင်း လိပ်ခဲတင်းလင်းဖြစ်နေသော အချက်အလက်အချို့ ကို၊မေးလျှောက်ခဲ့သည်။
ထိုအချက်မှာ အခြားမဟုတ်ဘဲ "ယခုအခါ၌ မိမိသည် ၀မ်းရေးဝမ်းစာအတွက်၊ ဒဏ္ဍာရီ
နှစ်ဖက်မြင်။
မြတ်စွာဘုရားက မျက်စိနှစ်ဘက် ကန်းနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဒုက္ခိတလို့ ခေါ်
သလို လူဖြစ်လာပြီးတော့ ဘာမှမသိတဲ့ ပုဂ္ဂိုလ်တစ်ယောက် မဖြစ်သင့်ဘူးတဲ့။ လောကကြီးမှာ
လူဦးရေကို ပိုင်းခြားပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ဘာမှမသိတဲ့ လူတန်းစားတစ်ခု ရှိပါတယ်။
စီးပွားဆိုတာ ဘယ်လိုလုပ်ရင် ရမလဲဆိုတဲ့ စီးပွားရေးမျက်စိ ရှိဖို့လိုပါတယ်။ ပညာရေး

ဒါနပြုဖွယ် မလိုသော ပုဂ္ဂိုလ်။
လောက၌ ဒါနပြုဖွယ် မလိုသော ပုဂ္ဂိုလ်တစ်မျိုးပင် ရှိသေး၏။ ထိုပုဂ္ဂိုလ်မျိုးကား ယခု
ဘ၀၌ပင် ခန္ဓာဝန် လက်စသိမ်း၍ အေးငြိမ်းအောင် တရားအားထုတ်နေသော ယောကီပုဂ္ဂိုလ်
ကြီးတည်း။ ထို ပုဂ္ဂိုလ်မှာ ဒါနပြုနေလျှင် ထို ဒါနပြုနေသည့် အတောအတွင်း၌ ကမ္မဌာန်း အား
ထုတ်မှု လစ်ဟင်း၏။ ထို့ကြောင့် ယနေ့ နက်ဖန်ဆိုသလို တရားထူးရအောင် အားထုတ်နေသော

Monday, February 16, 2015
ရယ်ပြသောရုပ်ပွားတော်
၁၉၉၈ ခုနှစ်ခန့်က အမေငြိမ်းအမည်ရှိသော သားဖွားဆရာမကြီးတစ်ဦးသည် အသိမိတ်ဆွေ
အိမ်တစ်အိမ်တွင် ရယ်လည်းရယ် ၊ မျက်စိလည်းဖွင့်ပြသော ရုပ်ပွားတော်တစ်ဆူပင့်ထားသည် ။
ယင်းရုပ်ပွား တော်အား ဆရာတော်ဖူးမြှော်ရန်လိုက်ခဲ့ပါဟု ပင့်သဖြင့်
ဗဟုသုတရအောင်
လိုက်သွားခဲ့၏ ။ ပင့်ထားသော အိမ်ကား သူဌေးအိမ်ပင် ဖြစ်၏ ။
ဘုရားပုံတော်ကိုကြည့်လိုက်သောအခါ ဒဏ္ခိဏသာခါ ပုံပင် ဖြစ်နေ၏ ။

မဖြစ်ပါရစေနဲ့တော့…
ပုထုဇင်တွေဟာ
အမြဲလိုချင်နေတတ်၊ ရချင်နေတတ်၊ ဖြစ်ချင်နေတတ်ပါတယ်။ ဒါကြောင့်လည်း
ဘာလေးပဲလုပ်လုပ် လိုချင်ဖြစ်ချင်ရချင်တဲ့ စိတ်ဆန္ဒတွေနဲ့ တောင့်တကြပါတယ်။
ဒီစိတ်ကြောင့်ပဲ ဘာကုသိုလ်လေးပဲ လုပ်လုပ် ဖြစ်ပါရစေ၊ ရပါရစေ စသဖြင့်
ဆုတောင်းလေ့ရှိကြပါတယ်။
ဖြစ်ချင်တာတွေက များတဲ့အတွက် ကုသိုလ်လေးကနဲနဲ တောင်းတာတွေက အများကြီး
ဖြစ်နေကြပါတယ်။ ဘုရားရှေ့သွားပြီး
စေတီ၊ပုထိုး၊ ထပ်လို..?မလို...?
အခန်းထဲအောင်းပြီး စာဖတ်ရတာငြီးငွေ့လို့ ၀ရံတာထွက်ပြီး
အရပ်လေးမျက်နှာ ဟိုဟိုဒီဒီ ကြည့်လိုက်ရင်
စိမ်းစိမ်းစိုစိုတောင်ကုန်း (သို့မဟုတ်) တောင်တန်းလေးတွေ တွေ့ရတယ်။
ဒီနိုင်ငံရောက်ခါစက ဒီတောင်ကုန်း တောင်တန်းလေးတွေကို ကြည့်ပြီး
ဘာလိုနေတယ်ဆိုတာ ရုတ်တရက် အဖြေထုတ်လို့ မရဘူး။
ရောက်ခါစမို့ ကိုယ်နေခဲ့ဘူးတဲ့ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံကို
သတိရလွမ်းဆွတ်လို့ နေမှာပါလေလို့ ထင်ခဲ့မိတယ်။
မြန်မာပြည်ကသူငယ်ချင်းတစ်ပါးက
မြန်မာပြည်ပြန်လာရင် မန္တလေးကို လာဖြစ်အောင် လာခဲ့ပါအုံးဆိုပြီး
Email တစ်ဆောင်ပို့လိုက်တယ်။
တရားရှိ မရှိ။
ဓမ္မမိတ်ဆွေများ.. အချိန်တိုင်း နေရာတိုင်းတွင် တရားရှိမရှိကို သီလ၊ သမာဓိ၊
ပညာဟူသော သိက္ခာသုံးပါး မည်၍မည်မျှလောက် ရှိနေပြီနည်းဟူသော တွက်ကိန်းဖြင့်
တိုင်းတာမှသာ မှန်ကန်ပါမည်။
ပညာဟူသော သိက္ခာသုံးပါး မည်၍မည်မျှလောက် ရှိနေပြီနည်းဟူသော တွက်ကိန်းဖြင့်
တိုင်းတာမှသာ မှန်ကန်ပါမည်။
တရားရလွယ် လိုက်နာဖွယ်။
မျက်စိအမြင်၊ ကောင်းသူပင်၊
မမြင်ကန်းပမာ။ ။
နားအကြားတွင်၊ ကောင်းသူပင်၊
နားလျှင်ပင်းပမာ။ ။
စကားပြောတွင်၊ ကောင်းသူပင်၊
မမြင်ကန်းပမာ။ ။
နားအကြားတွင်၊ ကောင်းသူပင်၊
နားလျှင်ပင်းပမာ။ ။
စကားပြောတွင်၊ ကောင်းသူပင်၊
လူရဲ့ရတနာ။
မြတ်စွာဘုရားက ရတနာအစစ် ဆိုတာ အဲဒီ စိန်တွေ ရွှေတွေ ပတ္တမြားတွေ မဟုတ်ပါတဲ့။
“ပညံ နရာနံ ရတနံ” - “အသိပညာသာ လူ့ရဲ့ရတနာ” လို့ ဆိုပါတယ်။ ဟို စိန်၊ ရွှေရတနာတွေက
ခဏတစ်ဖြုတ်ပဲ ပိုင်ဆိုင်ခွင့် ရှိတာပါ။
မြန်မာပြည်မှာလည်း ရှိပါတယ်။ ရတနာကုန်သည်တွေ နောက်ဆုံး သေတော့ ပစ်ထားခဲ့ရ
“ပညံ နရာနံ ရတနံ” - “အသိပညာသာ လူ့ရဲ့ရတနာ” လို့ ဆိုပါတယ်။ ဟို စိန်၊ ရွှေရတနာတွေက
ခဏတစ်ဖြုတ်ပဲ ပိုင်ဆိုင်ခွင့် ရှိတာပါ။
မြန်မာပြည်မှာလည်း ရှိပါတယ်။ ရတနာကုန်သည်တွေ နောက်ဆုံး သေတော့ ပစ်ထားခဲ့ရ
Sunday, February 15, 2015
သတိပဌာန်တရား (၄) ပါး ဖြစ်ပေါ်လာပုံ။
အနာပါနကမ္မဌာန်းကို ပွားများရာ၌ နှာသီးဖျား၊ နှာသီးဝ၌ ၀င်လေထွက်လေ ထိခိုက်မှု
ကို သိနေလျှင် ကာယာနုပဿနာသတိပဌာန်နှင့် ပြည့်စုံလျက် ရှိနေပါသည်။ ထိုအခါ သတိပ
ညာနှင့် ပြည့်စုံနေခိုက်ဖြစ်၍ အဘိဇ္ဈာ ဗျာပါဒခေါ်သော လောဘ၊ ဒေါသ၊ ကိလေသာတို့ကို
ပယ်သတ်ရန် အခါကောင်း ဖြစ်ပါသည်။
ကို သိနေလျှင် ကာယာနုပဿနာသတိပဌာန်နှင့် ပြည့်စုံလျက် ရှိနေပါသည်။ ထိုအခါ သတိပ
ညာနှင့် ပြည့်စုံနေခိုက်ဖြစ်၍ အဘိဇ္ဈာ ဗျာပါဒခေါ်သော လောဘ၊ ဒေါသ၊ ကိလေသာတို့ကို
ပယ်သတ်ရန် အခါကောင်း ဖြစ်ပါသည်။
ရွှေ၊ ငွေ၊ ငွေစက္ကူ၊ ငွေဒင်္ဂါး လှူဒါန်းခြင်း။
ရဟန်းတော်များသည် ရွှေတုံး၊ ရွှေထည်အသုံးအဆောင်၊ ရွှေဒင်္ဂါး၊ လက်ဝတ်ရတနာ
စသော ရွှေဖြင့်ပြုလုပ်သော ပစ္စည်းအမျိုးမျိုး၊ ငွေတုံး၊ ငွေထည်အသုံးအဆောင်၊ ငွေဖြင့်ပြုလုပ်
ထားသော ပစ္စည်းအမျိုးမျိုး၊ လှူဒါန်းလာလျှင် လက်မခံကောင်း၊ မသာယာကောင်း၊ မကိုင်
ကောင်းပေ။
စသော ရွှေဖြင့်ပြုလုပ်သော ပစ္စည်းအမျိုးမျိုး၊ ငွေတုံး၊ ငွေထည်အသုံးအဆောင်၊ ငွေဖြင့်ပြုလုပ်
ထားသော ပစ္စည်းအမျိုးမျိုး၊ လှူဒါန်းလာလျှင် လက်မခံကောင်း၊ မသာယာကောင်း၊ မကိုင်
ကောင်းပေ။
နောက်ဘုရားမျှော် ဝါဒ
*****************
မည်သည့်ခေတ်က စတင်ပေါ်ပေါက်လာသည်၊ မည်သည့် ပုဂ္ဂိုလ်က "စတင်"
ဝါဒဖြန့်ချိခဲ့သည်ဟု တပ်အပ်သေချာ မပြောနိုင်သော်လည်း
နောက်ဘုရားမျှော်ဝါဒကို ရှေးသူဟောင်းအချို့နှင့် ယနေ့မျက်မှောက်ကာလ
ပုဂ္ဂိုလ်အချို့လည်း လက်ခံယုံကြည်လျက်ရှိကြ၏။ " နောင် အရိယမေတ္တေယျဘုရား
ပွင့်တော်မူခါ လက်ဦးစွာဖူးတွေ့ရ၍ မဂ်ဖိုလ်နိဗ္ဗာန်ကို ရလိုပါ၏ "
ဟုဆုတောင်းသူတွေလည်း ရှိ၏။ အရိယမေတ္တေယျဘုရားရှင်ကို ဖူးမြင်ရလျှင်
Subscribe to:
Posts (Atom)