Saturday, June 17, 2017

မိန်းမနှင့်သိမ်




''ဦးလေး သိမ်ထဲ မိန်းမတွေ မဝင်ကောင်းဘူးလား''
''ဝင်ကောင်းပါတယ်''
''နို့ ဘာဖြစ်လို့ သိမ်ထဲကို မိန်းမတွေ ဝင်ရင် မောင်းထုတ်ကြရတာလဲ''
''မောင်းမထုတ်ပါဘူး''
''အို... ဟုတ်တယ်၊ ကနေ့ဘဲ ဌေးဌေးတို့ မောင်းထုတ်ခံခဲ့ရတယ်၊ မိန်းမဖြစ်ရတာ သိပ်အောက်တန်း ကျ တာဘဲ၊ ဒါပေမယ့်လေ မိန်းမလဲလူပါဘဲ''

Friday, June 16, 2017

ကြုံရမဲ့သင့်ကြမ္မာ


ကြုံရမဲ့သင့်ကြမ္မာ
ဘဝနေနည်း သုတရှာမှီးသူဟာ ကြားမြင်သုတနှင့်ပြည့်စုံသူတစ်ယောက်ရှိတဲ့နေရာကို ကြီးစွာလုံ့လပြုပြီး အရောက်သွားရမယ်။ (ဝေဏှုဒါသ)
ကဿပမြတ်စွာဘုရား လက်ထက်တော်က ရဟန်း တစ်ပါးရှိဖူးတယ်။ ပကတိသဘောအရ ဓုတင်အကျင့်တွေကိုကျင့်၊ ဝိနည်းလေးစားပြီး သီလရှိတယ်။

ရှုမှတ်ပုံမှာ ဤခန္ဓာ။

 * ရှုစရာ၌၊ စိတ်ကိုစိုက်၊ ဦးတိုက်ထားပါလေ။
     ပေါ်တဲ့နေရာ၊ ပေါ်ခန္ဓာ၊ မှန်စွာမှတ်ပါလေ။
     ပြောင်းချင်ပြင်ချင်၊ မပြုပြင်၊ ပြင်ချင်စိတ်ကို မှတ်ပါလေ။

မေတ္တာဖြင့်နိုးထခြင်း။

+ နေ့တစ်နေ့ အစ၊ နံနက်ထလျှင်
+ ဗုဒ္ဓဘာသာ၊ ရတနာသုံးပါး
+ ငါးပါးအနန္တ၊ ကန်တော့ကြ၍
+ သရဏဂုံတည်၊ သီလဆောက်ကာ

ဘုရားသော်မှ ပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ။

        ဗုဒ္ဓမြတ်စွာ ဘုရားအဖြစ်သို့ရောက်ပြီး ကိလေသာတွေ ကုန်ပေမယ့်လို့ အတိတ်ဘ၀က
ကံကြမ္မာဝဋ်ကြွေးတွေကို ပြန်လည်ပေးဆပ်နေရသေးတယ်။ ဆိုလိုတာက အတိတ်ကံရဲ့ လှုံ့
ဆော်မှုလေးတွေဟာ မြတ်စွာဘုရားမှာ ကံရဲ့အကျိုးအဖြစ်တဲ့ ခန္ဓာကြီးရှိသေးလို့ ပြန်ပြီးပေါ်လာ

Thursday, June 15, 2017

ဓမ္မဥပဒေသများ



တရားမှန်သမျှ သစ္စာတရားက လွတ်တာမရှိဘူး(စတုသစ္စ ၀ိနိမုတ္တော ဓမ္မော နာမ နတ္ထိ)၊ ၀ိနည်းဒေသနာတော်ကို လေးစားလိုက်နာခြင်းဖြင့် ကိုယ့်ရဲ့ဖြူစင်တဲ့ သီလကို ပြန်လည်ဆင်ခြင်ရင်း တရားထူး အသိဥာဏ်ထူးရနိုင်တယ်၊ ၀ိနည်းတရားဟာလဲ သစ္စာတရားပါ၊ ၀ိနည်းဟာ ပညတ်သက်သက် မဟုတ်ဘဲ ပရမတ်သဘောတရားတွေ ပါနေတာကို သတိထားသင့်ပါတယ်၊

Wednesday, June 14, 2017

ဗိုလ် ၅ ပါးနဲ့ သရဏဂုံ ပွားရမယ်၊


                            
ဗိုလ် ၅ ပါးနဲ့ သရဏဂုံ ပွားရမယ်၊

 (၁)သဒ္ဓါဗိုလ်၊ (၂)ဝီရိယဗိုလ်၊  (၃)သတိဗိုလ် (၄)သမာဓိဗိုလ်၊ (၅) ပညာဗိုလ်

သဒ္ဓါ၊-- ဝီရိယ -- -သတိ----- သမာဓိ  -- ပညာ 
        (သရဏဂုံ)          သတိ

                 ဝီရိယ                   သမာဓိ
 သဒ္ဓါ၊                                                 ပညာ

သရဏဂုံပွားတာနဲ့ ကမ္မဋ္ဌာန်း ထိုင်တာအတူတူပေါ့၊
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ပွားတော့ဘုရားဂုဏ်၊ တစ်ဂုဏ်ဂုဏ်နဲ့ စိတ်နှစ်ထားရမှာ၊ ကမ္မဋ္ဌာန်းကျတော့ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းပေါ့၊

လူ့ဘ၀မှာ အနာရောဂါထူရတာ။

       အချို့သူတွေဟာ သေအောင်သတ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါဏ်ရာရအောင်၊
ကိုယ်လက်အင်္ဂါချို့ယွင်းအောင်၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် ညှင်းပန်းနှိပ်စက်တတ်ကြပါတယ်။
ဗိုလ်ကျတတ်ကြပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေသေရင် ငရဲရောက်ရတတ်ပါတယ်။ တကယ်လို့ အခြားကံ

ကိုယ်ကပြန်လည်ပေးဆပ်ရတဲ့ ကံကြမ္မာ ၀ဋ်ကြွေး။

       “၀ဋ်ကြွေး” ဆိုတာ လည်ပတ်ပြီးတော့ ဖြစ်လာတာ။ တစ်ချိန်တစ်ခါတုန်းက ကိုယ်ကိုယ်
တိုင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေက ပြန်ပြီးတော့ တုံ့ပြန်ပြုလုပ်လာတာတွေ ရှိလာတယ်။ ဒါ သဘာဝ
တရားရဲ့ တုံ့ပြန်မှုပါ။ အဲဒီ တုံ့ပြန်မှုလေးတွေက ဘုရားပဲ ဖြစ်စေ၊ ရဟန္တာပုဂ္ဂိုလ်တွေပဲဖြစ်စေ

တာဝတိံသာရှိ ဥယျာဉ်တော် (၅) ပါး။

     တာဝတိံသာရှိ ဥယျာဉ်တော် (၅) ပါးမှာ==
၁။ နန္ဒ၀န် = တာဝတိံသာနတ်တို့၏ အလွန်နှစ်လို မြူးတူးရာ ဥယျာဉ်၊ မြို့၏ အရှေ့မျက်နှာ၌
ယူဇနာ (၁၀၀၀)။

Tuesday, June 13, 2017

သူတော်ကောင်းစိတ်ထား



သူတော်ကောင်းစိတ်ထား
သူတော်ကောင်းဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ကို ပိုစ့်တစ်ခုမှာ ဖော်ပြပြီး ဖြစ်ပါတယ်။ ဒါပေမယ့်.. တိပိဋကယောဆရာတော်ဘုရားကြီးရဲ့ သူတော်ကောင်းဆောင်ပုဒ်လေး ဖတ်မိပြီး ပိုပြီးပြောချင်တဲ့စကားလေးတွေ ရှိလာတဲ့အတွက် ထပ်မံရေးသားခြင်းဖြစ်ပါတယ်။ သူတော်ကောင်းဆိုတဲ့ စကားလုံးလေးကို လူတွေတော်တော်များများ သုံးကြပါတယ်။

Monday, June 12, 2017

ထာဝရ ရာနှုန်းပြည့်လူ။



ပစ္စည်းဥစ္စာ အင်္ဂါခြေလက် ကိုယ်အသက်ပါမကျန် အပ၀တ္ထု ၊ ရုပ်ခန္ဓာစုကြီး ပျက်စီးပါစေ၊ အတွင်း အနှစ်ဖြစ်တဲ့ ပါရမီကောင်းမှု(နာမ်ခန္ဓာစု) မပျက်စီးရင် သေတာတောင် ပျက်စီးတယ်လို့ မဆိုနိုင်ဘူး။
(ရွှေကျင်သာသနာပိုင် ၀ိသုဒ္ဓါရုံဆရာတော်ကြီး)

အမြဲသွားနေတယ်။

   * အချိန်သည်လည်း၊ မရပ်ဘဲ
     အမြဲ သွားနေတယ်။
     အရွယ်သည်လည်း၊  မရပ်ဘဲ
     အမြဲ သွားနေတယ်။

ကံဖြစ်၊ ကံစွမ်းအား၊ ကံကုန်ခြင်း ။

        ကိလေသာကို အခြေခံပြီးတော့ ကံတရားတွေက စုမိဆောင်းမိ ဖြစ်လာတယ်။ ကံတရား
တွေ စုမိဆောင်းမိ ဖြစ်လာလို့ရှိရင် ဒီ ကံတရားတွေက အကျိုးတရားကို ထုတ်လုပ်လာတယ်။ ဆို
လိုတာက ကိလေသာရှိရင် ကံရှိမှာပဲ။ မရှောင်လွဲနိုင်ဘူး။ အဲဒီလို လည်ပတ်ပြီးတော့ ဖြစ်နေတာ
ကို “၀ဋ်” လည်တယ်လို့ပြောတာ။

နိဗ္ဗာန်ရောက်ကြောင်း ဉာဏ်(၁၆) ပါး။

       နိဗ္ဗာန်ရောက်ကြောင်း တရားကျင်ကြံ အားထုတ်နေကြသော ဓမ္မမိတ်ဆွေအပေါင်းတို့ အ
တွက် နိဗ္ဗာနရောက်ကြောင်းဉာဏ် ၁၆- ပါးမှာ==
(၁)။ နာမရူပပရိေ စ္ဆဒဉာဏ် = ဘုံသုံးပါး၌ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြားသိသောဉာဏ်။
(၂)။ ပစ္စယပရိဂ္ဂဟဉာဏ် = ရုပ်နာမ်နှစ်ပါး၏ ဖြစ်ကြောင်းတရားကို သိမ်းဆည်းသောဉာဏ်။

Sunday, June 11, 2017

ဝစီဗေဒ ထိတိုင်းရှ



“ဇဋိလ”
တစ်ခါ “ဇောတိကတို့၊ ဇဋိလတို့၊ မေဏ္ဍက”တို့ ဆိုပြီးတော့ အင်မတန်ထင်ရှားတဲ့ သူဌေးတွေရှိတယ်။
ဇောတိက က ရာဇဂြိုဟ်ပြည်မှာ အလွန်ထင်ရှားတဲ့ သူဌေး။
ဇဋိလက သူဌေးသားဖြစ်ပေမယ့်လို့ သူမွေးလာတာက “ဖအေ” မပေါ်ဘူးနော်။
ဖအေမပေါ်ဘူး ဆိုတာ သူက သူဌေးသမီး တစ်ယောက်က မွေးတာ။
သူ့အမေ ကတော့ သူဌေးသမီးပဲ။
သို့သော် “ဝိဇ္ဇာဓိုရ်” နဲ့ တိတ်တိတ်ပုန်း မွေးတယ်။