မိမိက
ထိုပုံကို ကြည့်ကာ `ဘာအဓိပ္ပါယ်ကို ရည်ရွယ်ပြီး ဆွဲထားတာလဲ´ ဟု မေးဖြစ်၏။
Sunday, June 2, 2013
မမြင်လို မကြားလို မပြောလို
စာရေးသူသည် မန္တလေးသို့ရောက်တိုင်း ဗန်းမော်တိုက် ဦးပညာလင်္ကာရ
(ကိုပညာ-မင်းကွန်း) ၏ ကျောင်းတွင် တည်းခိုလေ့ရှိ၏။ သူ၏ ကျောင်းသို့
ရောက်လာသူတိုင်းသည် ဘုရားရှိခိုးပြီးလျှင် နံရံတွင် ရေးကပ်ထားသော
အဆိုအမိန့်မျိုးစုံကို ပတ်ပတ်လည် ငေးမောဖတ်ရှုလေ့ရှိ၏။ သူ၏အခန်းတွင်
ထူးထူးခြားခြား စာသားမပါပဲ ပုံချည်းသက်သက် ကပ်ထားသည်ကိုလည်း တွေ့ရ၏။
ပုံမှာ ခပ်သေးသေးသာ ဖြစ်၏။ ကလေးငယ်တစ်ယောက်၏ မျက်လုံးနှစ်ဖက်ကို
ပိတ်ကာထားပုံ၊ နားနှစ်ဖက်ကို ပိတ်ထားပုံ၊ ပါးစပ်ကို ပိတ်ထားပုံ
စာရွက်တစ်ရွက်တည်းတွင် ပုံသုံးပုံဆွဲထားခြင်း ဖြစ်၏။
Subscribe to:
Posts (Atom)