Saturday, August 15, 2015

ကောင်းကံလုပ်နေပါလျှက် ကံမကောင်းရခြင်းအကြောင်း


ဒကာလေးတစ်ယောက်က မေးလာပါတယ်။
“တပည့်တော် မကြာခဏဆိုသလို ကုသိုလ်တွေ လုပ်ဖြစ်ပါတယ်။ အထူးသဖြင့် ရေကုသိုလ်များများလုပ်ဖြစ်ပါတယ်တဲ့။ ဒါပေမယ့် တပည့်တော်ဘ၀က ထူးခြားမလာဘူးဘုရား”ဒီမေးခွန်းကတော့ မကြာခဏအမေးခံရတဲ့မေးခွန်း၊
ဆရာတော်များလည်း မကြာခဏဖြေကြားပေးနေတဲ့မေးခွန်းလေးပါ။

အသုဘချပြီး ၇ ရက် အိမ်မှာကပ်မကပ်

အသုဘသွားတိုင်း မြန်မာ ဗုဒ္ဓဘာသာလူအများစု မလွန်ဆန်နိုင်သေးတဲ့ ရိုးလာဓလေ့တစ်ခုကို သွားတွေ့ ပါတယ်။ တစ်ခု မကပါဘူး အများကြီးပါ။ ဥပမာ - သပြေပန်းသို့မဟုတ် အခြားပန်းအမျိုးမျိုးအား အသုဘအလောင်း မှ ပြန်သယ်လာပြီး အသက်ဝိဥာဉ် ပြန်ပါလာတယ်လို့ ယုံကြည်ခြင်း၊ အသုဘပြန်ရင် ကင်ပွန်းရည်၊ တယော်ရည်နဲ့ ခြေဆေး၊ ခေါင်းဆေးရတာမျိုး တို့လိုဟာတွေ ဖြစ်ပါတယ်။ အဘိဓမ္မာကျမ်းကို ကိုးကားလို့ ဒီကစ္စလေးကို သေချာ ရှင်းလင်းပြလိုပါတယ်။

ရှင် အရဟံနှင့် အနော်ရထာမင်းကြီး

မင်းကြီး။ ။ အရှင်ကား အဘယ်အမျိုး အနွယ်တည်း။ အဘယ်အရပ်မှ ကြွလာသနည်း။ အဘယ်သူ၏ တရားအဆုံး အမကို ခံယူသနည်း။
မထေရ်။ ။ အသင်မင်းကြီး ငါ၏ အမျိုးအနွယ်ကား ဂုဏ်တော် (၉)ပါး ဘုန်းတော်(၆)ပါး အစိန္တေယျ(၄)ပါး နှင့်ပြည့်စုံတော်မူသော သမ္မာသမ္ဗုဒ္ဓဘုရား အနွယ်တည်း။ ငါ၏ ဆရာနှင့် သီတင်းသုံး ဖော်များရှိရာ သထုံပြည်မှ လာခဲ့သည်။ သမ္ဗာသမ္ဗုဒ္ဓ ဘုရားရှင် ဟောကြားသော အဆုံးအမကို ခံယူသည်။

ကောင်းသော ယှဉ်ပြိုင်ခြင်း။

        ကဿပမြတ်စွာဘုရား လက်ထက်တော်တုန်းက “ဂဝေသီ”လို့ခေါ်တဲ့ ဒကာတစ်ယောက်
ရှိပါတယ်။ လူ ၅၀၀ ပါတဲ့ အဖွဲ့စည်းရုံးပြီး ခေါင်းဆောင်နေပါတယ်။ သူကလည်း ကိုယ်ကျင့်တ
ရားကောင်းတဲ့သူမဟုတ်၊ အကျင့်သီလ မပြည့်စုံပါ။ သူ စည်းရုံးထားတဲ့ အဖွဲ့သားဥပသကာ
၅၀၀ ဟာလည်းပဲ ကိုယ်ကျင့်သီလ မပြည့်စုံကြပါ။

ဥပါသကာ ပျက်စီးခြင်း။

ဥပသကာ ဖြစ်ပြီးသူသည်=
၁။ သဒ္ဓါ မရှိခြင်း။
၂။ သီလ မရှိခြင်း။
၃။ အထူးအဆန်း မင်္ဂလာကို သက်ဝင်ယုံကြည်ခြင်း။

ငရဲကြီး (၈) ထပ်။

 ငရဲကြီး (၈) ထပ်မှာ===
၁။ သိဉ္ဇိုးငရဲ = အသက်ရှည်စွာ ငရဲသားတို့ ခံစားရသော ငရဲ။
၂။ ကာလသုတ် = အလျှံပြောင်ပြောင်တောက်သော တမျဉ်းခြည်ကိုချ၍ ရှစ်မြှောင့်၊ တစ်ဆယ့်
ခြောက်မြှောင့် ရွေ့သော ငရဲ။

ပုဗ္ဗကိစ္စငါးပါး။

       ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုနည်းတွင် တရားအားထုတ်
တော့မယ်ဆိုရင် ဦးစွာလုပ်ဆောင်ရမယ့် ကိစ္စငါးပါး (ပုဗ္ဗကိစ္စငါးပါး) ကို လုပ်ဆောင်ရမယ်။
  ၁။ တရားအားထုတ်တဲ့အချိန်မှာ မိမိခန္ဓာကိုယ်ကို ဘုရားမှာလှူထားပါ။
  ၂။ ဆရာမိဘတို့ကို ကံသုံးပါးဖြင့် ပြစ်မှားမိခဲ့ဖူးပါက ထိုအပြစ်တို့မှ ပျောက်ပါစေခြင်းငှာ ၀န်ချ

Friday, August 14, 2015

အတုယူဖွယ် မိလိန္ဒမင်းကြီး စိတ်ကိုပြုပြင်ပုံ

မိလိန္ဒမင်းကြီးသည် အရှင်နာဂသိန်ထံ ပြဿနာများ
အထိုက်အလျောက် မေးပြီးနောက်သာသနာတော်ဝယ် လွန်စွာ အရေးကြီးသော
ပြဿနာတို့ ကို မေးဖို့ ရန်အကြံဖြစ်လာသောအခါ ထိုပြဿနာများကို
မမေးသေးဘဲ ၇ ရက်ပတ်လုံး မိမိစိတ်ကိုသမာဓိရအောင် ထိန်းသိမ်းစောင့်စည်း
နေပုံမှာ သူတော်ကောင်းတို့ အတုယူစရာ ကောင်းလှပါသည်။

ဆွမ်းတော်ချက်စဉ် အပေါ့-အငန် မြည်းကောင်းသလား"

မေး>>>ဘုရားနှင့် သံဃာတော်တွေကိုဆွမ်းကပ်ဖို့ ဆွမ်းတော်ချက်နေရင် တပည့်တော်ဘယ်တော့မှအပေါ့အငန်မမြည်းရဲဘူး၊ဗိမ္မိသာရမင်းကြီးရဲ့ဆွေမျိုးပြိတ္တာတွေလိုဖြစ်မှာစိုးလို့ဘုရား၊ တပည့်တော်တို့ ဆွမ်းတော်ချက်နေတုန်း အပေါ့အငန်မြည်းကောင်းပါသလားဘုရား”

ဖြေ>>> ဗိမ္မိသာရမင်းကြီး၏ ဆွေမျိုးပြိတ္တာတို့သည် လူဘ၀တုန်းက ဘုရားရှင်နှင့် သံဃာ တို့မဘုဉ်းပေး ရသေခင် စားဦးစားဖျားတို့အား “တခဏတနပ်စာ ဗိုက်ဝဖို့အတွက် ဆိုးယုတ်သောဆန္ဒကို မတားဆီးပဲ စိတ်အလိုကိုလိုပ်မိပြီး စားသောက်ခဲ့ကြသည့်အတွက် အလွန်ရှည်ကြာသော ကာလများတိုင်အောင်

အကုသိုလ်တွေ ရှောင်ကြဉ်နေရင် သီလနဲ့ ပြည့်စုံတာပဲ မဟုတ်လား


အကုသိုလ်တွေ ရှောင်ကြဉ်နေရင် သီလနဲ့ ပြည့်စုံတာပဲ မဟုတ်လား
ဒကာ။ ။ မကောင်းတဲ့ အပြစ်ရှိတဲ့ အကုသိုလ်တရားတွေ ရှောင်ကြဉ်ကာနေရင် သီလနဲ့ပြည့်စုံတာပဲမဟုတ်လား ဆရာတော်၊ သီလခံယူ ဆောက်တည်နေစရာများ လိုသေးသလား ဘုရား။

ဆရာ။ ။ အင်း….အကုသလဓမ္မ ရှောင်ကြဉ်ရမှာနဲ့ သီလခံယူဆောက်တည်မှု၊ သည်နှစ်ခုကတော့ ဘုရားရှင်ရဲ့ အလိုတော်ကျပါပဲ၊ ဒါပေမဲ့ အကုသိုလ် ရှောင်ကြဉ်ရုံကလေးနဲ့တော့ သီလအကုန် ပြည့်စုံနေပြီလို့ မဆိုနိုင်သေးဘူး၊ ဒကာကြီးတို့ ဆောက်တည်တယ် ဆိုတာက လောကီသီလ လောက်ပဲဟာ။

Thursday, August 13, 2015

ရှင်ရာဟုလာနှင့် မှန်ကွဲစ ဒေသနာ


မြတ်စွာဘုရားရှင်ဟာ သားတော်ရာဟုလာလေးကို အမ္ဗလဋ္ဌိက သရက်ဥယျာဉ်ကျောင်းမှာ ခြေးဆေးတဲ့ အုန်းမှုတ်ခွက်ကလေးကို အသုံးပြုပြီးတော့ ဆုံးမသွန်သင်ပြီးတဲ့ နောက်မှာတော့ နောက်အရာဝတ္ထုတစ်ခုကိုပြပြီးတော့ ဆုံးမပြန်ပါတယ်...
ဒီဆုံးမခန်းလေးကို မသွားခင် အတိတ်အကြောင်းလေးကို နည်းနည်းလောက် ပြန်ပြောင်း ကြည့်လိုက်ရအောင်ပါ၊ တကယ်တော့ ရှင်ရာဟုလာလေး ဗုဒ္ဓမြတ်စွာနဲ့ တွေ့ပြီး လိမ္မာယဉ်ကျေးတဲ့

၁၀ မိနစ်လောက်လေး အချိန်ပေးပါ

အင်မတန်ကျေးဇူးကြီးတဲ့မြတ်စွာဘုရားနော်၊ သတိပဋ္ဌာန်တရားကို အားထုတ်တတ်လာရင် စိတ်ထဲမှာ အင်မတန်ကြည်လင်အေးချမ်းလာပြီး ဘုရားကို အင်မတန်ကြည်ညိုတဲ့ စိတ်ဖြစ်တယ်။ ကြည်လင်အေးချမ်းတဲ့စိတ်နဲ့  ဘုရားကို အာရုံပြုရတာ ပိုပြီးတော့ ကြည်ညိုတယ် ပိုပြီးတော့ ကျေးဇူးလည်းတင်တယ်။ အခုလို တရားအားထုတ်ပြီးတော့ စိတ်ကြည်လင်အေးချမ်းမှုရတာဟာ ဘုရားရဲ.ကျေးဇူးပဲ။ 

ဒုတိယ ဆွမ်းထူးဆွမ်းမြတ်။

ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အတွင်း၌ ထူးခြား၍ လူသိများသော ဆွမ်းစားရမှု သုံးလေးကြိမ်မျှ ရှိခဲ့ပါသည်။

ဒုတိယဆွမ်းသည်ကား သောဏသတို့သား၏ ဆွမ်း ဖြစ်ပေသည်။
ဤဆွမ်းဖြစ်ပေါ်လာမှု၏ ထူးခြားပုံကား -


မဇ္ဈိမဒေသရှိ ဆန်စပါးမျိုးစုံတို့အနက် အကောင်းဆုံးသော အမျိုးအစားမှာ စွပယ်ဖူးဆန် ဖြစ်၏၊ ဤဆန်ကို ချက်လိုက် ပြုတ်လိုက်လျှင် ထွက်ပေါ်လာသော ထမင်းလုံးမှာ ဖြူဖြူဖွေးဖွေး စံပယ်ဖူးလေးများပမာ
ဖြစ်ပေါ်လာသောကြောင့် စံပယ်ဖူးဆန်-ဟု ခေါ်၏၊ မွှေးကြိုင်ပြီး အဆီအနှစ်နှင့်လည်း ပြည့်စုံသည်။

နိဗ္ဗာန်တိုင် မျက်မှောက်ပြုနိုင်တဲ့ ပရိတ်တရားတော်။

         ဗုဒ္ဓဘာသာဝင်တွေဟာ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစပြီး “ပရိတ္တ” လို့ခေါ်တဲ့
အန္တရာယ်ကို ကင်းရှင်းစေနိုင်တဲ့ မြတ်စွာဘုရား တရားတော်တွေကို ကျက်မှတ်ကြတယ်။ အ
ခါအားလျော်စွာ ပရိတ်တရားတော်ကို နာယူကြပါတယ်၊ ရွတ်ဖတ်ကြပါတယ်၊ သရဇ္ဈာယ်ကြ
ပါတယ်။ အဲဒီလို ရွတ်ဖတ်သရဇ္ဈာယ် နာယူကြတဲ့ ပရိတ်တရားတော်တွေရဲ့ အဓိပ္ပာယ်တွေကို

သမာနသုခဒုက္ခ မိတ်ဆွေ။

၁။ ထိုမိတ်ဆွေအား လျှို့ဝှက်အပ်သည့် အမှုကိစ္စကို ပြောကြား၏။
၂။ ထိုမိတ်ဆွေ၏ လျှို့ဝှက်အပ်သည့် အမှုကိစ္စကို လျှို့ဝှက်ထား၏။
၃။ ဘေးရန်ဖြစ်ပေါ်လာလျှင် မစွန့်ပစ်။

မိမိသာလျှင် ကယ်တင်ရှင်။

        သင်၏ဆိုးသွမ်းမှုကြောင့် အောက်တန်းသို့နိမ့်ကျခြင်း၊ မကျွတ်မလွတ်ခြင်းတို့ကို သင်မှ
လွှဲ၍ မည်သူမှမကယ်နိုင်ပါ။ အကယ်၍ ဘုရားရှင်ကသာ ကယ်တင်နိုင်စွမ်းရှိလျှင် ယောက္ခမ
တော်သူ သုပ္ပဗုဒ္ဓမင်းနှင့် ယောက်ဖတော်ဒေ၀ဒတ်ရဟန်းတို့ကို မြေမျိုခြင်း၊ အ၀ီစိလားခြင်း
အလျဉ်းမရှိစေနိုင်ပါ။

သားသမီးကို သိအောင်မချစ်နဲ့တဲ့။

       တစ်နေရာနဲ့  တစ်နေရာ၊  တစ်ဒေသနဲ့ တစ်ဒေသ၊ တစ်အိမ်နဲ့ တစ်အိမ်၊  တစ်မိသားစုနဲ့ တစ်မိ
သားစု၊ တစ်ယောက်နဲ့ တစ်ယောက်၊ သဘောထားချင်း မတူနိုင်ကြဘူး။ အဖေ အဖေချင်းမတူကြဘူး။
အမေ အမေချင်းမတူကြဘူး။ တစ်ချို့အဖေအမေတွေက သားသမီးကို ပုံချစ်ပစ်လိုက်တယ်။ တစ်ချို့
အဖေအမေတွေကျတော့ သားသမီးကို ချစ်တော့မယ်ဆိုရင် သိုသိုသိပ်သိပ်ချစ်တယ်။ ဘယ်အဖေဖြစ်

Wednesday, August 12, 2015

ရှင်ရာဟုလာနှင့် အုန်းမှုတ်ခွက် ဒေသနာ


                                                          အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ်မှာ မှတ်တမ်းတင်ထားတဲ့ ဇာတ်တော်လေး ဖြစ်ပါတယ်၊ ရှင်ရာဟုလာလေးကို မြတ်စွာဘုရား ဆုံးမတော်မူတဲ့ ဇာတ်တော်လေးပါ၊ ရာဟုလာလေးဟာ သူမွေးတဲ့ နေ့မှာပဲ ဘုရားအလောင်းတော် တောထွက်တဲ့အတွက် ဖခင်ကို မမြင်ဖူးရှာပါဘူး၊ သူ့ဖခင်ကို ပထမဦးဆုံးတွေ့ ခွင့်ရတဲ့ အချိန်မှာတော့ သူဟာ အသက် (၇) နှစ်သား အရွယ်ဖြစ်နေပါပြီ၊ တစ်နေ့တော့ လေသာပြတင်းပေါ်ကနေ မြတ်စွာဘုရားကို လက်ညှိုးထိုးလို့ ယသောဓရာ မိဖုးရားက..

သေခါနီးအချိန်

လူ့လောကတွင် လူတဦးသည် တဘ၀လုံး မကောင်းမှုဒုစရိုက်ကို ပြုလုပ်လာခဲ့သည်။ သို့သော် သေခါနီးကာလ တဒင်္ဂလေးမှာ
အလှူဒါန အမျှပေးဝေသောအခါ သာဓုခေါ်နိုင်ခြင်းသည် ကောင်းရာသုဂတိသို့ သွားပါမည်လား။

တသက်လုံး စိတ်ကောင်းထားကာ အလှူဒါနဖြင့် မွေ့လျော်ခဲ့ပြီး
သေခါနီး တဒင်္ဂလေးမှာ ဇောစိတ်ကြောင့် အယူလွဲမှား၍
အသက်ဆုံးခဲ့လျှင် ဒုဂ္ဂတိဘုံသို့ သွားပါမည်လား။

တစ္ဆေခြောက်ခံရသည့် အကြောင်း

တစ္ဆေခြောက်သည်၊ တစ္ဆေခြောက်ခံရသည်ဆိုသော အကြောင်းခြင်းရာကို ရှင်းပြပေးတော်မူပါရန်။

( ဖြေ )။ ၀ိနိပါတပေတ (ပြိတ္တာ)များမှာ အလွန်ဆိုးဝါးသော အဆင်းရှိကြသည်၊
ယင်းတို့၏ အတ္တဘောကို တန်ခိုးဖြင့်၎င်း၊ ဆေးမြစ်စသည်တို့ဖြင့်၎င်း၊ ကွယ်၍ထားကြရသည်၊

တိုင်းပြည်ရဲ့ အလှဆုံးမိန်းကလေး

တစ်နေ့မှာ ဘုရားရှင်က ရဟန်းတွေကို ဥပမာလေးနဲ့ ဆုံးမတော်မူပါတယ်။
"ရဟန်းတို့၊ ဆိုကြပါစို့။ ကြီးကျယ်များပြားလှတဲ့ တိုင်းသူပြည်သားများရဲ့ ၀ိုင်းအုံကြည့်ရှုခြင်းကို ခံရတဲ့ တိုင်းပြည်ရဲ့ အလှပဆုံးမိန်းကလေးတစ်ယောက်ရှိတယ်။ အဲဒီ အလှပဆုံးမိန်းကလေးဟာ သိမ်မွေ့လှပါစွာ ကနေတယ်။ သီဆိုနေတယ်။ လူအုပ်ကြီးကလည်း စိတ်ဝင်စားစွာ အသက်ရှုမေ့လောက်အောင်ကို ကြည့်ရှုအားပေးနေကြတယ်။

ရှာတဲ့ နေရာ မှားနေလို့

ရှေးတုန်းက ပညာရှိတစ်ယောက်ရှိတယ်။
တစ်နေ့တော့ အဲဒီပညာရှိ ဆရာကြီးကမီးတိုင်အောက်မှာ တစ်ခုခုကို လိုက်ရှာနေတယ်။
ခေါက်တုန့်ခေါက်ပြန် ရှာတယ်။

တပည့်တွေက တို့ဆရာကြီးဘာပျောက်လို့ ရှာနေတာလဲ မသိဘူးဆိုပြီး
ဆရာကြီးကို မေးတယ် ။“ဆရာကြီးဘာရှာနေတာလဲ” ၊
“ သော့ပျောက်လို့ရှာနေတာ ”တဲ့။အဲဒါနဲ့ တပည့်တွေကလည်း မီးတိုင်အောက်မှာ
“သော့”ကိုရှာကြတယ်။ တော်တော်ကြာကြာ
နှံ့နှံ့စပ်စပ် ရှာပေမဲ့မတွေ့ဘူး။

ဝဋ်ကြွေးများကျေအောင် ဘယ်လိုပေးဆပ်ရပါမလဲ?

မေး။ ။ ယခင်ဘ၀များက ၀ဋ်ကြွေးများ ပါရှိနေလျှင် ယင်းဝဋ်ကြွေးများ ကျေအောင် မြတ်စွာဘုရားထံ၌ မည်ကဲ့သို့ ပေးဆပ်ရမည်ကိုအကျယ်တ၀င့် ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။
( မခိုင်-မရမ်းကုန်းမြို့နယ်၊ ရန်ကုန် )

ဖြေ။ ။ ၀ဋ်ကြွေးဟူသည်မှာ မိမိပြုခဲ့သောမကောင်းမှုများမှ ငရဲစသော ပဋိသန္ဓေကျိုးပေးပြီးနောက် အကျိုးဆက်အနေဖြင့် ကျန်ရှိနေသော ကံကြွင်းဖြစ်သည်။ ထိုကံကြွင်းကြောင့် ဤဘ၀ပ၀တ္တိအခါတွင် ခံစားရသော ဘေးဒုက္ခများပင် ဖြစ်သည်၊

Tuesday, August 11, 2015

ကိုယ့်အတွက် မင်္ဂလာအရှိဆုံးအချိန်။

        ဗုဒ္ဓမြတ်စွာဘုရားက ပုဗ္ဗဏှသုတ်မှာ အတိအလင်း ဟောထားပါတယ်။ ကောင်းသော ရက်၊
လ၊ နှစ် တွေ ဖြစ်လာအောင်ဆိုရင် နံနက်ခင်းမှာ အပြစ်ကင်းတဲ့ အတွေးတွေတွေးမယ်၊ အပြစ်
ကင်းတဲ့ အပြောတွေပြောမယ်၊ အပြစ်ကင်းတဲ့ အလုပ်တွေလုပ်မယ်။ ဆိုလိုတာက မနက်ခင်းမှာ
ကာယသုစရိုက်၊ ၀စီသုစရိုက်၊ မနောသုစရိုက်ဆိုတဲ့ အကျင့်တရားတွေ ကျင့်ကြံကြိုးကုတ် အား

ဥပါသကာ အရည်အချင်းနှင့် ပြည့်စုံခြင်း။

၁။ သဒ္ဓါတရားနှင့် ပြည့်စုံရ၏။
၂။ အနည်းဆုံး ငါးပါးသီလ လုံခြုံရ၏။
၃။ ကောတုဟလမင်္ဂလာခေါ် အထူးအဆန်းမင်္ဂလာကို ယုံကြည်လက်ခံခြင်း မပြုရ။
၎။ ကံ ကံ၏အကျိုးကို ယုံကြည်ရ၏။

သူတော်ကောင်း ဥစ္စာ (၇) ဖြာ။

သူတော်ကောင်း ဥစ္စာ (၇) ဖြာမှာ==
၁။ သဒ္ဓါ = ရတနာသုံးပါးဂုဏ်ကို ယုံကြည်ခြင်း။ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း။
၂။ သီလ = ပဉ္စသီလ၊ အဌင်္ဂသီလနှင့် ပြည့်စုံခြင်း။
၃။ သုတ = အကြားအမြင် များခြင်း။

ကြေးစားကုသိုလ်။

            ဗုဒ္ဓဘာသာဝင် မြန်မာအများစုသည် အလှူဒါန၌ မွေ့လျော်ကြပါတယ်။ ကုသိုလ်ကံ၏
ကောင်းကျိုးပေးမှုနှင့် အကုသိုလ်ကံ၏ မကောင်းကျိုးပေးမှုကို ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ဗုဒ္ဓ
ဘာသာတွေထဲမှာကို အတော်လေးခရီးရောက်နေပြီလို့ ထင်ရတဲ့ ပုဂ္ဂိုလ်များကိုယ်တိုင် ကံ၊ ကံ၏
အကျိုးနဲ့ ပတ်သက်လို့ ယုံကြည်တာနဲ့ မျှော်လင့်တောင်းတတာကို မကွဲပြားကြပါ။ လုံးထွေးနေ

Monday, August 10, 2015

သာသနာနှင့် နက္ခတ်ဗေဒင်

ဗုဒ္ဓနှင့်ဗေဒင် အလွန်ပင်ဆန့်ကျင်

ပုဂံပြည်တွင် အုပ်ချုပ်ခဲ့ဖူးသော ပုပ္ပါးစောရဟန်းမင်းသည် အရည်းကြီးလူထွက်
ဖြစ်၍ ဗေဒင်နှင့် မှော်ပညာကို ကျွမ်းကျင်လိမ္မာသည်။ နတ်နှင့်နဂါးကိုလည်း ကိုးကွယ်သည်။ သူ့လက်ထက်မှစ၍ ဗေဒင်နှင့်မှော်ပညာအထွတ်အထိပ်သို့ရောက်၍ နတ်နှင့်နဂါးကိုးကွယ်မှုမှာလည်း ယခုထက်တိုင် တွင်ကျယ်လာခဲ့သည်။

“ကျေးဇူးပြု၍ အမျှဝေပါ”

တစ်ခါတုန်းက ဘုရားအလောင်းဟာ သူဌေးမျိုးမှာ ဖြစ်ပါတယ်။ ဘုရားအလောင်းမှာ ညီတစ်ယောက် လည်းရှိပါတယ်။ မိဘတွေကွယ်လွန်တော့ ညီအစ်ကို နှစ်ယောက် စီးပွားရေးကို အတူတူ လုပ်ကြပါတယ်။

တစ်နေ့မှာတော့ ညီအစ်ကိုနှစ်ယောက် ကုန်ရောင်း ကုန်ဝယ်လုပ်ဖို့ ရေလမ်းခရီးနဲ့ ခရီးထွက်ခဲ့ရင်း အပြန်မှာတော့ ငွေတစ်ထောင် အမြတ်ရခဲ့ ပါတယ်။ မြစ်ဆိပ်တစ်ခုရောက်တော့ လှေကိုခဏဆိုက်ပြီး ထမင်းအတူတူ စားကြပါတယ်။

Depression ဖြစ်တာ ဘာကြောင့်လဲ?

စားဝတ်နေရေး တကယ် အဆင်ပြေနေတဲ့ လူတွေကိုသေသေချာချာ အကဲခတ်ကြည့်။
တချို့  စားဝတ်နေရေးအဆင်ပြေပြီး စိတ်မချမ်းသာတဲ့ လူတွေ အများကြီးရှိတယ်။
ဘာမှ လုပ်စရာလည်း မလိုတော့ဘူး။ စားဝတ်နေရေးကတကယ်ပြည့်စုံတယ်။
ဒါပေမယ့် စိတ်မချမ်းသာဘူး။

Sunday, August 9, 2015

ရောက်လေရာတိုင်း၌ အပူဇော်ခံရသူ

ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် လာဘ်ပူဇော်သကာ ပေါများလှသော စိတ္တသူကြွယ်ကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။

မစ္ဆိကာသဏ္ဍမြို့မှ စိတ္တသူကြွယ်သည်ကား ဘုရားတပည့်သား သံဃာတော်များ၏ တရားကို နာကြားရ၍ အနာဂါမ်ဖိုလ်သို့ ဆိုက်ရောက်ခဲ့၏။

စကားကြီး (၃)ခွန်း


မြစ်ကြီးလည်း မခမ်းပါစေနဲ့။
သစ်ပင်ကြီးလည်း မလဲပါစေနဲ့။
ထုံးအိုးကြီးလည်း မကွဲပါစေနဲ့။

✿ မြစ်ကြီးလည်း မခမ်းပါစေနဲ့ ဆိုတာ အေးမြတဲ့စမ်းရေလို ကြည်ကြည်လင်လင် တသွင်သွင်စီးဆင်းနေတဲ့ မေတ္တာမြစ်ကြီးကို ဆိုလိုတာလေ။
လူလူချင်း မေတ္တာထားကြ။ မေတ္တာတရားတွေ ပွားများကြ။ လူလူချင်း မေတ္တာတွေ မခမ်းကြစေနဲ့ဆိုတဲ့ အဓိပ္ပါယ်ပဲ။

အချစ်နှင့်အမုန်း၏ သံသရာ

ချစ်ခြင်းကြောင့် ချစ်ခြင်းသည် ဖြစ်၏။
ချစ်ခြင်းကြောင့် မုန်းခြင်းသည် ဖြစ်၏။
မုန်းခြင်းကြောင့် ချစ်ခြင်းသည်ဖြစ်၏။
မုန်းခြင်းကြောင့် မုန်းခြင်းသည် ဖြစ်၏။
(အဂုင်္တ္တရနိကယ်၊ စတုက္ကနိပါတ် ၊ပေမသုတ်)

စိတ်မနာပါစေနဲ့။

         တခါတုန်းက နကုလပိတာ ဆိုတဲ့ ဒကာကြီးတစ်ယောက် ရှိပါတယ်။ သူက မြတ်စွာဘု
ရားနဲ့ အလွန်ရင်းနှီးပါတယ်။ ဘ၀ကလည်း မြတ်စွာဘုရားနဲ့ ဆွေမျိုးတော်ခဲ့တဲ့ ဘ၀တွေကများ
တော့ ဘုရားကို သူ့သားလို့ သူကယူဆပါတယ်။ သံသရာက အချစ်နဲ့ မြတ်စွာဘုရား အပေါ်
မှာ သံယောဇဉ် ဖြစ်ပါတယ်။ သို့သော် အဲဒီအချိန်မှာ သူက တရားထူး တရားမြတ် ရပြီးတဲ့

အနုကမ္ပက မိတ်ဆွေ။

၁။ ထိုမိတ်ဆွေ၏ ဆုတ်ယုတ်ပျက်စီးခြင်းကို မနှစ်သက်။
၂။ ထိုမိတ်ဆွေ၏ ဖြစ်ထွန်းတိုးတက်ခြင်းကို နှစ်သက်၏။
၃။ ထိုမိတ်ဆွေအား ကဲ့ရဲ့စကား ပြောကြားသူကို ကန့်ကွက်တားမြစ်တတ်၏။

မထင်မှတ်သည့် အကုသိုလ်။

     ရှေးတုန်းက ဇတ်သဘင်ဖြေဖျော်မှု၊ ရုပ်ရှင်ကြည့်မှုတို့ဆိုလျှင် မိမိတို့ကိုယ်တိုင် ဇတ်ရုံ၊
ရုပ်ရှင်ရုံတွေကို သွားကြည့်မှ ဖြစ်ပါတယ်။ အကြောင်းတခုခုကြောင့် မသွားဖြစ်လျှင် မကြည့်ဖြစ်
ပါ။ ယခုအခါ နည်းပညာတွေ ထွန်းကားလာသည့်အတွက် ကိလေသာတွေဟာ အလုံးအရင်းနဲ့
(တီဗွီ၊ ဗွီဒီယို) အိမ်ထဲဝင်လာတာတွေ့ရပါတယ်။

ကိုယ်ကိုယ်တိုင် ပါရမီရှင်ဖြစ်အောင်။

     ပညာပါရမီ ဖြည့်တဲ့ပုဂ္ဂိုလ်ဟာ ပညာအကြောင်းပဲ လုပ်နေရပါမယ်။ ပညာတတ်အောင် လေ့လာ
နေရပါမယ်။ ပြောဆိုနေရပါမယ်။ စိတ်ကူးနေရပါမယ်။ ပညာနဲ့ ပတ်သက်တာတွေကို လုပ်ကိုင်နေရပါ
မယ်။ ပညာကို အားရပါးရ  လေ့လာဆည်းပူး လိုက်စမ်းပါ။ အဲဒါကို  ပညာပါရမီ ဖြည့်တယ်လို့  ခေါ်ပါ
တယ်။ ကျောင်းသား၊ ကျောင်းသူတွေနဲ့ တွေ့တဲ့အခါ တစ်ဦးစီ၊ တစ်ဦးစီ ဘယ်ဘာသာ အားနည်းသ