Saturday, April 22, 2017

ပစ္စုပ္ပန်ကို တန်ဖိုးထား အသုံးချတတ်ပါစေ

'သင်နှင့် ကျွန်ုပ်တို့ သည် ယခုအခါ ဘယ် နေရာ၌ တည်နေကြ ပါသလဲ။ ရှည်လျား လှသော သံသရာ ကာလကြီး၏ အ လယ်တွင် တည်နေ သည်ဟု ဆိုနိုင်ပေ သည်။ အဓွန့်ရှည်ကြာ သော အတိတ်ကာလ လဟာ ပြင်ကျယ်နှင့် အဆုံးအစမရှိ သော အနာဂတ်ကာလ အဏ္ဏဝါ ဘွေကြီးနှစ်ခုစပ်ကြား၌ ရှိသော ကျဉ်းမြောင်းလှသည့် ပစ္စုပ္ပန်ကာလ ကလေးတွင် တည်နေကြလေသည်။

Friday, April 21, 2017

သာသနာ့ကျေးဇူးရှင်များ



ဗုဒ္ဓဘာသာအခမ်းအနားတိုင်းလိုလိုမှာ အခမ်းအနားအပြီးတွင် 'ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု'  ဟူသော ဆုတောင်းစကားကို ရွတ်ဆိုဆုတောင်းလေ့ရှိကြ၏။ မြတ်ဗုဒ္ဓ၏သာသနာတော် အရှည်တည် တံ့ပါစေ-ဟုဆိုလိုသည်။ သို့ရာတွင် ထို့သို့ဆုတောင်းနေရုံဖြင့် မြတ်ဗုဒ္ဓသာသနာတော်သည် အရှည် တည်တံ့နေမည်မဟုတ်ပါ။ ဆုတောင်းသူများမှာသာ ကုသိုလ်ဆန္ဒဖြစ်ရုံမျှ ဖြစ်ပါလိမ့်မည်။

မဟာဝိဟာရကျောင်းတိုက် ဆရာတော် အရှင်ဝိဇ္ဖာနန္ဒ၏ ထေရုပ္ပတ္တိအကျည်း။”

  ဆရာတော် အရှင်ဝိဇ္ဖာနန္ဒသည် တောရဆောက်တည်၍ ၀ိနည်းသာသနာ ပိုမိုထွန်းကား
တိုးတက်ပြီး အရှည်တည်တံ့စေရန်အတွက်လည်းကောင်း၊ ဆုတ်ကပ်ကာလ၌ သာသနာတော်တွင်
မှေးမှိန်အားနည်းလာခဲ့သည့် ၀ိနည်းဆိုင်ရာ ချို့ယွင်းမှုအား စွမ်းနိုင်သလောက် တစ်ပိုင်တစ်နိုင်
ပြန်လည်ဖေးမမြင့်တင်လိုသော စေတနာတို့ကြောင့်လည်းကောင်း၊ ၀ိနည်းသည် သာသနာ၏

ဗောဓိပက္ခိယတရား ၃၇ ပါး။

       မဂ်ဉာဏ်၏ အသင်းအပင်းတွင် ပါဝင်သော တရားစု သို့မဟုတ် မဂ်ဉာဏ်ဘက်၌ ပါဝင်၍
မဂ်ဉာဏ်၏ အကျိုးကို သယ်ပိုးဆောင်ရွက်တတ်သော တရားစုကို ဗောဓိပက္ခိယဟု ခေါ်ပါသည်။
( ဗောဓိ = မဂ်ဉာဏ်၊ ပက္ခိယ = အဖို့ အစု )
ဗောဓိပက္ခိယတရား ၃၇ ပါးမှာ =

ဓမ္မအသိဖြင့် ဘ၀မှာအကျိုးရှိရှိနေကြမည်။

        ဗုဒ္ဓဘာသာဝင်တွေအတွက် “ ဓမ္မ ” ဆိုတာ အမှန်အမှားကို ခွဲခြားသိနိုင်သော ဟောပြော
ထားတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ဆုံးမသွန်သင်ချက်တွေကို ခေါ်ပါတယ်။ အကျိုးအကြောင်း၊ အကောင်းအ
ဆိုးတွေကို သိတာကိုလည်း ဓမ္မကိုသိတယ်လို့ ပြောလို့ရပါတယ်။

Thursday, April 20, 2017

မဃဒေဝလင်္ကာကျမ်းမှ ကောက်နှုတ်ချက်များ


မဃဒေဝလင်္ကာကျမ်းမှ ကောက်နှုတ်ချက်များ (၁)

 
မဃဒေဝမလင်္ကာကျမ်းသည် မန်လည်ဆရာတော်ကြီး၏ စာပေလက်ရာများအနက် အကျော်ကြားဆုံး ကျမ်းဖြစ်သည်။ ကျမ်းနာမည် အပြည့်အစုံမှာ "မဟာသုတကာရီ မဃဒေဝလင်္ကာသစ်" ဖြစ်သည်။ ဤလင်္ကာသစ်ကို ငယ်ရွယ်စဉ် ပညာသင်ကြားစဉ်အချိန်ကပင် အထူးကြည်ညိုခဲ့ရသည့် နေမိဇာတ်တော်လာ မဃဒေဝမင်း၏ အဋ္ဌုပ္ပတ္တိကို အကျယ်ချဲ့၍ လင်္ကာဖြင့် ဝေဝေဆာဆာ ရေးသားခဲ့ခြင်းဖြစ်သည်။

Wednesday, April 19, 2017

တရားနာခြင်းအနုပညာ




လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား အကြင်သူတို့သည် စိတ်နှလုံးကို ရွှင်ပြုံးစေတတ်ကုန်သော အပြစ်မျိုးမှ သန့်ရှင်းကုန်သော အစီးအပွားနှင့် စပ်ကုန်သော အရှင်ဘုရား၏ ချိုမြိန် သာယာဖွယ်သော တရားစကားတော်တို့ကို ကြားနာ ကြရကုန်၊ ထိုသူတို့သည် ဘုန်းကံကြီးမားသူတို့ ပါပေတည်း။(မဟာပဇာပတိ ဂေါတမီ)

ငရဲကျကြောင်းတရား (၁၀)ပါး။

(၁) သနားညှာတာခြင်း ကင်းလျက် သွေးစွန်းသောလက်ဖြင့် သူ့အသက်ကို
သတ်လေ့ရှိခြင်း။

(၂) ရွာ၌ဖြစ်စေ တော၌ဖြစ်စေ သူ့ဥစ္စာကို ခိုးယူလေ့ရှိခြင်း။

(၃) မာတုရက္ခိတ (အမိ စောင့်ရှောက်ထားသူ) စသော မိန်းမ ဆယ်မျိုးတို့၌

တရားအားထုတ်ပြီး အနန္တော အနန္တငါးပါးကို ပူဇော်ကန်တော့ရန်။

         "ဣမာယ ဓမ္မာနု ဓမ္မာပဋိပတ္တိယာ ဗုဒ္ဓံပူဇေမိ၊
                  ဓမ္မံပူဇေမိ၊ သံဃံပူဇေမိ။"
         ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ဟု
ဆိုအပ်သော ဤလောကုတ္တရာတရား ကိုးပါးအားလျော်သော ကျင့်ဝတ်ပဋိဝတ်

ကိုယ့်သန္တာန်မှာ တရားရှိ မရှိ၊ သိချင်လျှင်။

       ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့၏ နောက်ဆုံးပန်းတိုင်သည် မြတ်နိဗ္ဗာန်ပင် ဖြစ်ပါ
တယ်။ နိဗ္ဗာန်ကိုရရောက်နိုင်ရန်အတွက် တရားကျင့်ကြံအားထုတ်ကြရပါတယ်။ တရားအားထုတ်
ရာ၌ ကိုယ်ရဲ့ခံစားချက် ကိုယ့်ရဲ့အဆင့်နဲ့ ကြည့်ကာ ကိုယ့်သန္တာန်မှာဖြစ်တဲ့ လောဘ၊ ဒေါသ၊ မာန်

မြောက်ဦးဆရာတော်ကြီး၏ တရားအားထုတ်နည်း။

   ဘုရားရှင်၏ အဆုံးအမ တရားတော်ကို မိမိ ကိုယ်တိုင်ကိုယ်ကျ ကျင့်ကြံအားထုတ်
ပွားများခြင်းဖြင့် နှလုံးသားကို အလှဆင်ကြမယ်ဆိုရင် တစ်မိနစ်ပဲ နေ-နေ၊ အကျိုးရှိပါ
တယ်။ တရားအားထုတ်မယ်ဆိုရင် မိမိရဲ့ ခန္ဓာကိုယ်ကို စနစ်တကျ ချမ်းသာစွာထိုင်ကာ

အသိပညာအတွက် အရေးကြီးဆုံး ကြားနာချင်စိတ်။

         လောကီကိစ္စပဲဖြစ်ဖြစ်၊ လောကုတ္တရာကိစ္စပဲဖြစ်ဖြစ် မည်သည့်ကိစ္စမှာပဲဖြစ်ဖြစ် ဖြစ်နိုင်တာ
နဲ့ မဖြစ်နိုင်တာကို ကွဲကွဲပြားပြားသိဖို့ လိုပါတယ်။ လုပ်နိုင်တာနဲ့ မလုပ်နိုင်တာ၊ လုပ်သင့်တာနဲ့ မ
လုပ်သင့်တာ၊ ဒါတွေကို ကွဲကွဲပြားပြားသိဖို့လိုပါတယ်။ ကွဲကွဲပြားပြားသိပြီး လုပ်သင့်တာဆိုရင်

စိတ်ကိုကောင်းအောင် ခြယ်လှယ်သော စေတသိက်များ။

၁။ သဒ္ဓါ
၂။ သတိ
၃။ ဟီရိ
၎။ သြတ္တပ္ပ
၅။ အလောဘ

Tuesday, April 18, 2017

ဂတိချိုချို ဂတိခါးခါး



ဂတိချိုချို ဂတိခါးခါး
တစ်ခါတုန်းက အနိဝတ္တဗြဟ္မဒတ်မင်းဆိုတာ ရှိခဲ့ဖူးပါတယ်။ အနိဝတ္တဆိုတာ မြန်မာလို ပြန်ရင်တော့ နောက်မဆုတ်တဲ့မင်းလို့ အဓိပ္ပာယ်ရပါ တယ်။ အဲဒီမင်းက ဘာကိုပဲလုပ်လုပ် နောက်ဆုတ်လေ့ မရှိပါဘူးတဲ့။
တစ်နေ့တော့ အနိဝတ္တမင်းက ဥယျာဉ်တော်ကို ထွက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ တောမီး ထလောင်ပါတယ်။ မီးက အစိုအခြောက် မရွေး သစ်ပင်မြက်ပင်တွေကို အကုန်လောင်တော့တာပါ။ နောက်မဆုတ်ဘဲ ရှေ့ကို တိုးတိုးပြီးတော့ လောင်သွား တာပါ။

Monday, April 17, 2017

ရေ၀တီ


ရေ၀တီ
ရေ၀တီဆိုတဲ့နာမည်လေးက တော်တော်လေးလှတာပါ။ နာမည်ကြားရုံနဲ့တင် သူ့အကြောင်း သိချင်နေတာပါ။ ပြီးတော့နာမည်လေးက လှသလို သူ့ရဲ့ဘဝသမိုင်းလေကလည်း လှမှာပဲဆိုပြီး တကူးတကကို ရှာဖတ်ကြည် ဖြစ်ပါတယ်။

Sunday, April 16, 2017

"သေသောသူက အပုပ်နံ့ပေးခြင်း ဟူသည်"


                    အရှင်ဘုရား!တခုလောက်မေးချင်လို့ပါ
ဘုရား
သေပြီးသားလူက အနံပေးလို့ရပါသလား
ဘုရား
အပုပ်နံ့ပေးလို့ရရင်ဘယ်လို အပုပ်နံ့မျိုးလဲ
ဘုရား?
ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား?