ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေအိမ်တိုင်းတွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို တည်
ထားကိုးကွယ်ကြပါတယ်။ ယင်းသို့ တည်ထားကိုးကွယ်ရာ၌ ကြည်ညိုမှု သဒ္ဓါတရား အနည်းအများ
အပေါ် တည်မှီလျက် ကိုးကွယ်ပုံ အနေအထားချင်း မတူညီကြပါ။ မိမိအိမ်တွင် သက်ရှိထင်ရှား ဘု
ရားရှင် ကိုယ်တော်မြတ်ကြီးကိုယ်တိုင် သီတင်းသုံး စံပယ်တော်မူသကဲ့သို့ ရိုရိုသေသေ ကြည်ညို
Saturday, November 15, 2014
ဆဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၆)။
***ဓမ္မစကြာလာ တရားဆောင်ပုဒ်များ***
==================
၁။ မုသာ,ပိသု၊ ဖရု,သမ္မာ
ဤလေးဖြာ၊ မိစ္ဆာဝါစာတည်း။
၂။ မိစ္ဆာဝါစာ၊ ရှောင်ကြဉ်တာ
သမ္မာဝါစာတည်း။ ။
==================
၁။ မုသာ,ပိသု၊ ဖရု,သမ္မာ
ဤလေးဖြာ၊ မိစ္ဆာဝါစာတည်း။
၂။ မိစ္ဆာဝါစာ၊ ရှောင်ကြဉ်တာ
သမ္မာဝါစာတည်း။ ။
မဟာရောရုဝ
ဤငရဲကား
မီးတောက်မီးလျှံမဟုတ်ဘဲ မီးခိုးတွေ တစ်ငရဲလုံး လွှမ်းဖုံးနေ၏။
ငရဲသို့ကျရောက်သူတို့ကို မီးခိုးတွေက အတွင်းအပြင် အတင်းဝင်၍
နှူးနှပ်ကြလေတော့၏။ ငရဲသူ ငရဲသားတို့မှာ ဘာမျှမတတ်နိုင်ကြတော့ဘဲ သနားစဖွယ်
အားငယ်စွာ အော်နေကြရရှာလေတော့သည်။ ဤငရဲကို “ဓူမရောရုဝငရဲ”ဟုလည်းခေါ်၏။
ဓူမေဟိ ပ၀ိသိတွာန၊ သေဒမာနာ ဒယာဝဟံ။
မဟာရ၀ံ ရ၀န္တေတ္ထ၊ ၀ုစ္စတေ ဓူမရောရုဝေါ။
ရောရုဝငရဲ
“ရောရု” ဟူသောပါဠိသည် “ပြင်းစွာငိုကြွေးခြင်း”
ဟူသော အနက်ကိုပြ၏။ ထိုငရဲ၌ မီးတောက်တို့သည် တဟုန်းဟုန်းထလျက် ရှိ၏။
ငရဲသို့ ကျရောက်လာသူတို့အား ထိုမီးတောက်မီးလျှံများက ဒွါရ ၉-ပေါက်မှ
အတင်းဝင်ရောက် လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာလေသည်။
ဤသို့ မီးတောက်မီးလျှံ အလောင်ခံနေရသောကြောင့် “ဇလရောရုဝ”ဟုလည်းခေါ်သည်။
သံဃာတငရဲ
အပြင်းအထန် ကြိတ်ချေ သတ်ဖြတ်ရာဖြစ်သော ငရဲကို “သံဃာတငရဲ”
ဟုခေါ်သည်။ ထိုငရဲ၏ အောက်မြေအပြင်မှာ မီးအလျှံတွေထလျက် အထု ၉-ယူဇနာရှိသော
သံမြေပြင်ကြီးတည်း။ ထိုငရဲသို့ ကျရောက်သောသူများကို ထိုသံမြေအပြင်၌ (ထန်းပင်ငုတ် ကလေးတွေကို စိုက်ထားသလို)
ခါးထိအောင် စိုက်ထားကြသည်။ ထိုအခါ အရှေ့အရပ်မှလာသော သံတောင်ကြီးက စားမည်
ဝါးမည်ဟု ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်းမြည်ဟီးလျက် ကြိတ်ကာ ကြိတ်ကာ
အနောက်အရပ်သို့ သွားပြီးနောက် တောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင်
ကြိတ်ကာ ကြိတ်ကာ မြောက်အရပ်သို့သွားပြီးလျှင် အနောက်အရပ်သို့ရောက်ပြီးသော
သံတောင်ကြီးကလည်း အရှေ့အရပ်သို့ ကြိတ်ကာ ကြိတ်ကာ ပြန်၍လာလေသည်။
ဤနည်းအတိုင်းပင် အရပ်လေးမျက်နှာမှ သံတောင်တွေ (သန်းဥတုပ်သလို) ဖိနိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံမကုန်သမျှ ငုတ်စုစုပေါ်ထွက်လျက် ဆက်ကာ ဆက်ကာ အကြိတ်ခံရရှိလေသည်။
သဉ္စိုဝ်းငရဲ
“သဉ္စိုဝ်”ဟူသောပါဠိကို မြန်မာလို “သိဉ္စိုး”ဟု ပြန်ထာသည်။ “သံ = အဖန်ဖန် + ဇိဝ = အသက်ရှင်ရာငရဲ”
ဟုဆိုလိုသည်။ ထိုငရဲသို့ ကျရောက်လာသော သတ္တ၀ါကို ငရဲထိန်းတို့က
အပိုင်းပိုင်းပြတ်အောင် ခုတ်ဖြတ်ကြ၏။ ထိုကဲ့သို့ ခုတ်ဖြတ်ကြသည့်အတွက်
တစ်ခါတည်းသေစရာပင်။ သို့သော် အကုသိုလ်ကံ မကုန်သေးသမျှ တစ်ခါတည်း
သေကြေပျောက်ပျက်မသွားဘဲ ထပ်ကာထပ်ကာ အသက်ရှင်လျက် ငရဲထိန်တို့၏ ခုတ်ဖြတ်မူ
သတ်ပုတ်မူကိုသာ ပြင်းစွာခံကြရရှာလေသည်။ အကုသိုလ်ကံ၏ ကြောက်ဖွယ်ကောင်းပုံသည်
ငရဲ၌ သာ၍ ထင်ရှားပေသည်။
ဘုံအကြောင်း
သတ္တ၀ါတို့၏ တည်နေရာအရပ်ကို ပါဠိလို “ဘူမိ”၊ မြန်မာလို “ဘုံ” ဟုခေါ်သည်။ ထိုဘုံသည် အပါယ် ၄-ဘုံ၊ ကာမသုဂတိ ၇-ဘုံ၊ ဗြဟ္မာ့ဘုံ ၂၀အားဖြင့် ၃၁-ဘုံရှိ၏။ ထိုတွင် အပါယ် ၄-ဘုံဟူသည် ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံများတည်း။ ကာမသုဂတိ ၇-ဘုံဟူသည် လူ့ဘုံနှင့် နတ်ပြည် ၆-ထပ်တည်း။ နတ်ပြည် ၆-ထပ်ကား စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရိနိမ္မိတ၀သ၀တ္တိတည်း။ ဗြဟ္မာ ၂၀-တွင် ရူပ ဗြဟ္မာ့ဘုံ ၁၆၊ အရူပဗြဟ္မာ့ ၄-ဘုံတည်း။
သေပြီး ၇ ရက် (သို့) အန္တရာဘ၀၀ါဒ
အန္တရာဘ၀၀ါဒ လူတစ်ယောက်သေဆုံးသောအခါ (၇) ရက်မလည်မီ
မိမိပိုင်ဆိုင်ရာနေအိမ် (ဘုံ) ထဲတွင် တစ္ဆေသူရဲဘ၀နှင့် ရှိနေပြီး
(၇)ရက် ပြည့်မြောက်သောအခါမှသာ မိမိလားမြောက်ရမည့် ဘုံဘ၀အထွေထွေသို့
ကူးပြောင်းရောက်ရှိသည်ဟူသော "အယူဝါဒ" တစ်ခုရှိပါ၏။
မိမိပိုင်ဆိုင်ရာနေအိမ် (ဘုံ) ထဲတွင် တစ္ဆေသူရဲဘ၀နှင့် ရှိနေပြီး
(၇)ရက် ပြည့်မြောက်သောအခါမှသာ မိမိလားမြောက်ရမည့် ဘုံဘ၀အထွေထွေသို့
ကူးပြောင်းရောက်ရှိသည်ဟူသော "အယူဝါဒ" တစ်ခုရှိပါ၏။
ဗုဒ္ဓ၀ါဒသည် ကိုးကွယ်သည့် ဘာသာ (Religion) မဟုတ် ( ကိုးကွယ်ခြင်း နှင့် ကျင့်သုံးခြင်း )
( ကိုးကွယ်ခြင်း နှင့် ကျင့်သုံးခြင်း )
ဇာတံ သရဏတော ဘယံ-ကိုးကွယ်ရာမှ ဘေး ဖြစ်တတ်သည်-ဟူသော ဗုဒ္ဓစကားတော်အရ သတ္တ၀ါများစွာတို့သည် ကိုးကွယ်မှား၍ ဘေးဒုက္မများစွာ ရောက်ခဲ့ကြသည်။ ရောက်နေကြသည်။ ရောက်ကြလိမ့်ဦးမည်။
သတ္တ၀ါများစွာတို့သည် စည်းစိမ်ချမ်းသာ အဖြာဖြာကို လိုလားတောင့်တသောကြောင့်လည်း ကိုးကွယ်ရာ ရှာကြသည်။ ဘေးအန္တရာယ်တခုခုဖြင့် ခြိမ်းခြောက်ခံရသောကြောင့်လည်း ကိုးကွယ်ရာ ရှာကြသည်။
လူ့ဘဝ၏အောင်မြင်တိုးတက်ခြင်းသို့သွားရာလှေခါး(၃၀)ထစ်
၁။ ကတိအပေးနည်းပါစေ။
၂။ အမှန်ကို အမြဲပြောပါ။
၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ှ
၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။
၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။
၂။ အမှန်ကို အမြဲပြောပါ။
၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ှ
၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။
၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။
မေတ္တာ ၃ ပါး။
၁။ ဟိတဖရဏ မေတ္တာ = သတ္တ၀ါ အပေါင်းတို့ ဘေးကင်းခြင်းကို လိုလားခြင်း။
၂။ ဥပစာရ မေတ္တာ = ရန်သူ၊ ချစ်သူ၊ လျစ်လှူရှုသူ၊ ဤ ၃- ယောက်တို့ကို ကိုယ်နဲ့ အတူ
ချစ်ခြင်း။
၃။ အပ္ပနာ မေတ္တာ = ဈာန်စိတ်နှင့် ယှဉ်သော ချစ်ခြင်း တို့ ဖြစ်ပါတယ်။
၂။ ဥပစာရ မေတ္တာ = ရန်သူ၊ ချစ်သူ၊ လျစ်လှူရှုသူ၊ ဤ ၃- ယောက်တို့ကို ကိုယ်နဲ့ အတူ
ချစ်ခြင်း။
၃။ အပ္ပနာ မေတ္တာ = ဈာန်စိတ်နှင့် ယှဉ်သော ချစ်ခြင်း တို့ ဖြစ်ပါတယ်။
ကံဖြစ်၊ ကံစွမ်းအား၊ ကံကုန်ခြင်း ။
ကိလေသာကို အခြေခံပြီးတော့ ကံတရားတွေက စုမိဆောင်းမိ ဖြစ်လာတယ်။ ကံတရား
တွေ စုမိဆောင်းမိ ဖြစ်လာလို့ရှိရင် ဒီ ကံတရားတွေက အကျိုးတရားကို ထုတ်လုပ်လာတယ်။ ဆို
လိုတာက ကိလေသာရှိရင် ကံရှိမှာပဲ။ မရှောင်လွဲနိုင်ဘူး။ အဲဒီလို လည်ပတ်ပြီးတော့ ဖြစ်နေတာ
ကို “၀ဋ်” လည်တယ်လို့ပြောတာ။
တွေ စုမိဆောင်းမိ ဖြစ်လာလို့ရှိရင် ဒီ ကံတရားတွေက အကျိုးတရားကို ထုတ်လုပ်လာတယ်။ ဆို
လိုတာက ကိလေသာရှိရင် ကံရှိမှာပဲ။ မရှောင်လွဲနိုင်ဘူး။ အဲဒီလို လည်ပတ်ပြီးတော့ ဖြစ်နေတာ
ကို “၀ဋ်” လည်တယ်လို့ပြောတာ။
လာဘ်အရာ၌ ဧတဒဂ်ဘွဲ့ထူး ချီးမြင့်ခံ ရှင်သီဝလိမထေမြတ်ကြီး။
ရှင်သီဝလိ မထေမြတကြီးသည် လာဘ်အရာ၌ ဧတဒဂ်ဘွဲ့ထူး ချီးမြင့်ခံယူ ရရှိတော်မူသော
ရဟန္တာ အရှင်မြတ်ကြီး ဖြစ်ပါ၏။ အရှင်မြတ်ကြီးသည် ၀ိပဿီ မြတ်စွာဘုရားရှင် လက်ထက်တော်
ကတည်းက ဘုရားရှင်နှင့် သံဃာတော်များကို အလှူကြီးပေး၍ လဘ်လာဘ ပေါများသောအရာ
တွင် အသာဆုံး၊ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ကို ရရှိနိုင်ပါကြောင်း ဆုတောင်းခဲ့ပါသည်။ ထို့နောက် ဘဝ
ရဟန္တာ အရှင်မြတ်ကြီး ဖြစ်ပါ၏။ အရှင်မြတ်ကြီးသည် ၀ိပဿီ မြတ်စွာဘုရားရှင် လက်ထက်တော်
ကတည်းက ဘုရားရှင်နှင့် သံဃာတော်များကို အလှူကြီးပေး၍ လဘ်လာဘ ပေါများသောအရာ
တွင် အသာဆုံး၊ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ကို ရရှိနိုင်ပါကြောင်း ဆုတောင်းခဲ့ပါသည်။ ထို့နောက် ဘဝ
လောကဓံတရား ရှစ်ပါးနှင့် လောကဓံကိုဆင်ခြင်ပုံ။
လောကဓံတရား ရှစ်ပါးမှာ (၁) လာဘ = ပစ္စည်းဥစ္စာရခြင်း။ (၂) အလာဘ = ပစ္စည်းဥစ္စာရခြင်း။
(၃) ယသ = အခြွေအရံ ပေါများခြင်း။ (၄) အယသ = အခြွေအရံ မရှိခြင်း။ (၅) နိန္ဒာ = အကဲ့ရဲ့ခံရ
ခြင်း။ (၆) ပသံသာ = အချီးမွမ်း ခံရခြင်း။ (၇) သုခံ = ချမ်းသာခြင်း။ (၈) ဒုက္ခံ = ဆင်းရဲခြင်းတို့ဖြစ်
ကြပါသည်။
ဗုဒ္ဓရှင်တော် မြတ်စွာဘုရားသည် လူမှန်သမျှ လောကဓံရှစ်ပါးနှင့် တွေ့ကြုံကြရမည် ဖြစ်သော
(၃) ယသ = အခြွေအရံ ပေါများခြင်း။ (၄) အယသ = အခြွေအရံ မရှိခြင်း။ (၅) နိန္ဒာ = အကဲ့ရဲ့ခံရ
ခြင်း။ (၆) ပသံသာ = အချီးမွမ်း ခံရခြင်း။ (၇) သုခံ = ချမ်းသာခြင်း။ (၈) ဒုက္ခံ = ဆင်းရဲခြင်းတို့ဖြစ်
ကြပါသည်။
ဗုဒ္ဓရှင်တော် မြတ်စွာဘုရားသည် လူမှန်သမျှ လောကဓံရှစ်ပါးနှင့် တွေ့ကြုံကြရမည် ဖြစ်သော
ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်များ (၇)။
“ ရှင်မဟာသီလ၀ံသ ဆုံးမစာ (၆) ”
====================
၅၆။ သို့ပင်တစေ၊ မနေရသာ၊
ကျောင်းကခွာသော်၊ နောင်ခါနောင်တ၊ ရှိတယ်စွ။
၅၇။ အတတ်ပညာ၊ တတ်မှသာလျှင်၊
ကျောင်းမှာနေကျိုး၊ နပ်မည်ပ။
====================
၅၆။ သို့ပင်တစေ၊ မနေရသာ၊
ကျောင်းကခွာသော်၊ နောင်ခါနောင်တ၊ ရှိတယ်စွ။
၅၇။ အတတ်ပညာ၊ တတ်မှသာလျှင်၊
ကျောင်းမှာနေကျိုး၊ နပ်မည်ပ။
Friday, November 14, 2014
အကြောင်း ၄-ပါးတို့ ပြုပြင်နေပုံ
ဤနေရာဝယ် ဓာတ်ကြီးလေးပါးတို့ စုပေါင်းနေပုံနှင့် ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့် ရုပ်တို့ ဖြစ်ရကြောင်းကို ထင်ရှားစေရန်ထပ်ရှင်းပါဦးမည်။ ရှေးဦးစွာ မြေကြီးဖြင့် ပြုလုပ်အပ်သော လူရုပ်ကလေးကို စဉ်းစားကြစို့။ မြေမူန့်တွေချည်းသက်သက် လူရုပ်ဖြစ်နိုင်မလား။ မဖြစ်နိုင်။ မြေမူန့်တွေချည်းသက်သက် လူရုပ်ဖြစ်နိုင်မလား။ မဖြစ်နိုင်။ မြေမူန့်ချည်းသက်သက် ထားလျှင် လေတိုက်သဖြင့် လွင့်သွားလမ့်မည်။ သို့ဖြစ်၍ လွင့်မသွားနိုင်အောင် ရေဆွတ်ပေးရလိမ့်မည်။
မြေနှင့်ရေ
ပေါင်းမိရုံဖြင့်လည်း လူရုပ်ဖြစ်ဖို့ မဆိုထားဘိ စည်းစည်းလုံးလုံးပင်
မဖြစ်နိုင်သေး။ ထို့ကြောင့် စည်းလုံးမိအောင် စုပေးရဦးမည်။ ထိုမျှဖြင့်လည်း
လူရုပ်မဖြစ်နိုင်သေး။ ရေဆွတ်ထားသဖြင့် စိုးစွတ်နေသောရွှံ့ကို
အရုပ်လုပ်ဖြစ်ရုံ ခပ်ထန့်ထန့်ဖြစ်အောင် နေလှန်းပေးရဦးမည်။ ထိုသို့ မြေဓာတ်
ရေဓာတ် လုံးထွေးမိအောင် ပြုပေးသော လေဓာတ်၊ အပူ(မီး)ဓာတ်တို့ဖြင့်
သင့်တင်ရုံညီမျှနေသော ရွှံ့ကိုမှ အရုပ်ပြုလုပ်တတ်သူက အရုပ်လုပ်ပေးသောကြောင့်
လူရုပ်ကလေး ဖြစ်လာရလေသည်။ ဤကား ဥပမာသဘောအားဖြင့် ပြောပြခြင်းသာတည်း။
အာရုံ ၅-ပါးအကျယ်
အာရုံ
“အာရမ္မဏ”ဟူသောပါဠိကို မြန်မာလု “အာရုံ” ဟုပြန်ထားကြသည်။ “စိတ်၏မွေ့လျော်ရာ”ဟုဆိုလိုသည်။
မည်သည့် စိတ်မဆို အာရုံတစ်ခုခုနှင့် ကင်း၍မဖြစ်နိုင်။ အာရုံရှိမှသာ
စိတ်ဖြစ်နိုင်သည်။ ထို့ကြောင့် အာရုံဟူသမျှသည် စိတ်၏ပျော်မွေ့ရာဖြစ်သည်။
ထိုအာရုံများတွင် အဆင်းအရောင်ဖြစ်သော ရုပ်တရားကို ရူပါရုံဟု ခေါ်၏။
အသံရုပ်ကို သဒ္ဒါရုံ၊ အနံ့ရုပ်ကို ဂန္ဓာရုံ၊ အရသာရုပ်ကို ရသာရုံ၊
အတွေ့ရုပ်ကို ဖော်ဋ္ဌဗ္ဗာရုံ ဟုခေါ်သည်။
(“ဓမ္မာရုံ” ဟူသည်ကား ရုပ်ချည်းသက်သက်မဟုတ်၊ ရုပ်တချို့နှင့် စိတ် စေတသိက် နိဗ္ဗာန်ပညတ် အားလုံးတည်း။)
ပသာဒရုပ် ၅-ပါးအကျယ်
ယခုအခါ
အသံဖမ်း အရိပ်ဖမ်း ဓာတ်များကို တွေ့ရသကဲ့သို့ ထို့အတူ
ခန္ဓာကိုယ်အတွင်း၌လည်း ဆိုင်ရာအာရုံကို ဖမ်းနိုင်သော အကြည်ဓာတ်များ
ရှိကြလေသည်။ ထိုအကြည်ဓာတ်ကိုပင် ပါဠိလို “ပသာဒ”ဟုခေါ်သည်။
မျက်လုံးအတွင်း၌ရှိသော
အကြည်ဓာတ်ကို စက္ခုပသာဒဟု ခေါ်သည်။ မျက်လုံးအတွင်း မျက်နက်ဝိုင်း၏ အလယ်၌
ဤစက္ခုအကြည်ဓာတ်ပေါင်းများစွာ ပျံ့နှံ့လျက်ရှိ၏။ အမျိုးမျိုးသော အဆင်းအရောင် (ရူပါရုံ) များကို ဤစက္ခုအကြည်ဓာတ်က ဖမ်းမိသောအခါ ထိုရူပါရုံကို သိသော စက္ခုဝိညာဉ်ခေါ် မြင်သိစိတ်ဖြစ်၏။
မဟာဘုတ် (ဓာတ်ကြီး) ၄-ပါးအကျယ်
ပထ၀ီဓာတ်
အာပေါဓာတ်
ပကတိမြေသည်
ထိုထို အရာဝတ္ထုတို့ကို ခံယူဆောင်ထားနိုင်လောက်အောင် ခိုင်မာသကဲ့သို့
အတူဖြစ်ဖက် ရုပ် တရားစုကို ခံယူဆောင်ထားနိုင်လောက်အောင် ခိုင်မာသောရုပ်ကို ပထ၀ီဓာတ် (မြေဓာတ်) ဟုခေါ်သည်။ ပကတိမြေကြီးနှင့် ကျောက်ခဲ၊ သံခဲစသည်တို့မှာ ဤပထ၀ီာတ်လွန်ကဲသော ရုပ်အစုအဝေးများတည်း။
အာပေါဓာတ်
ပကတိရေသည် မြေမူန့် ဖုန်မူန့် စသည်တို့ကို ပေါင်းစပ်သကဲ့သို့ အတူဖြစ်ဖက် ရုပ်မူန့်ကလေးတွေကို ပေါင်းစပ်စေနိုင်သော (ပူးတွဲစေနိုင်သော) ရုပ်ကို အာပေါဓာတ်(ရေဓာတ်)
ဟုခေါ်သည်။ ဤအာပေါဓာတ်သည် သတ္တိလွန်ကဲသောအခါ မိမိနှင့်အတူဖြစ်သော
ရုပ်များကို အရည်ဖြစ်အောင် ယူဆောင်လျက် ယိုစီးခြင်းသဘောလည်း ရှိသေးသည်။
ထို့ကြောင့် ပကတိရေ၊ ကျင်ငယ်၊ တံတွေး၊ နှပ် စသည်တို့မှာ အာပေါဓာတ်လွန်ကဲသော
ရုပ်အစု ဖြစ်ကြပေသည်။
ရုပ်ခန္ဓာကိုယ်အကြောင်း
ပဋိသန္ဓေတည်စကပင် ကလလရေကြည်ခေါ် ရုပ်ခန္ဓာကိုယ်ကလေး ပါဝင်ခဲ့သောကြောင့် တစ်ဘ၀လုံးအတွက် ရုပ်ခန္ဓာကိုယ်၏ အဖြစ်အပျက်ကို နားလည်သင့်ကြပေသည်။ ထို့ကြောင့် ရုပ်နှင့်စပ်၍ မှတ်ဖွယ်များကို ပြပါအုံးမည်။
“ရူပ” ဟူသော ပါဠိကို မြန်မာလို “ရုပ်” ဟုခေါ်၏။ “ဖောက်ပြန်တတ်သော သဘောတရား”ဟု ဆိုလိုသည်။ ဖောက်ပြန်ခြင်း၏ အကြောင်းကား
- အအေးအပူ စသောအားဖြင့် များစွာရှိ၏။ ထိုတွင် အအေးကြောင့်
ရုပ်ဖောက်ပြန်ပျက်စီးပုံကား ဆောင်းအခါအသားအရေကွဲခြင်း၊ အလွန်ချမ်းသောအခါ
အသားအရေ ညိုမည်းခြင်း၊ အအေးမိ၍ ဖျားခြင်း၊ လောကန္တရိတ် ငရဲသားတို့၏
ကမ္ဘာကိုခံသော ရေသို့ကျ၍ မွမွကြေရခြင်း စသည်များတည်း။
ဗုဒ္ဓ ၀စန ၃ ပါး။
၁။ ပထမ ဗုဒ္ဓ၀စန = အနေကဇာတိ သံသာရံ အစချီ၍ ဥဒါန်းကျူးသော စကား၊ ဘုရားဖြစ်တော်
မူစ၌ ဟောကြားတော်မူ၏။
၂။ ပစ္ဆိမ ဗုဒ္ဓ၀စန = ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိ အစချီသောစကား။
မူစ၌ ဟောကြားတော်မူ၏။
၂။ ပစ္ဆိမ ဗုဒ္ဓ၀စန = ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိ အစချီသောစကား။
ကံ၊ ကြမ္မာ၊ ၀ဋ် ။
“ကံ” ဆိုတာကတော့ အားလုံးသိနေကြတဲ့အတိုင်း မိမိရဲ့သန္တာန်မှာ ဖြစ်တဲ့စိတ်ရဲ့
လှုံဆော်မှု မနောကံ၊ နှုတ်ကထုတ်ပြောမှု ၀စီကံ၊ ကိုယ်ထိလက်ရောက် ပြုလုပ်မှု ကာယကံလို့
အကောင်းအဆိုး(၂)မျိုး ကွဲပြားလျက် ရှိတယ်။ အဲဒီ ကာယကံ၊ ၀စီကံ၊ မနောကံတွေထဲမှာ
မကောင်းတဲ့ ကာယကံ၊ မကောင်းတဲ့ ၀စီကံ၊ မကောင်းတဲ့ မနောကံကို ရံဖန်ရံခါ ပုထုဇဉ်တွေ
လှုံဆော်မှု မနောကံ၊ နှုတ်ကထုတ်ပြောမှု ၀စီကံ၊ ကိုယ်ထိလက်ရောက် ပြုလုပ်မှု ကာယကံလို့
အကောင်းအဆိုး(၂)မျိုး ကွဲပြားလျက် ရှိတယ်။ အဲဒီ ကာယကံ၊ ၀စီကံ၊ မနောကံတွေထဲမှာ
မကောင်းတဲ့ ကာယကံ၊ မကောင်းတဲ့ ၀စီကံ၊ မကောင်းတဲ့ မနောကံကို ရံဖန်ရံခါ ပုထုဇဉ်တွေ
ဘုရားတည်ခြင်း နှစ်မျိုး။
ဗုဒ္ဓဘာသာ အများစုသည် ဘုရားတည်ရန် အလွန်စိတ်ဝင်စားကြ၏။ ဘုရားတည်ခြင်းသည်
မြေပြင်မှာတည်ခြင်းနှင့် လူသားများ၏ နှလုံးသား၌ တည်ခြင်းဟူ၍ နှစ်မျိုးရှိ၏။ မြေပြင်မှာ တည်
သောဘုရားသည် သဘာဝ ရာသီဥတုဒါဏ်ကြောင့် နှစ်အနည်းငယ်ကြာလျှင် ပျက်စီးပျောက်ကွယ်
သွားရသည်သာ ဖြစ်၏။ စာပေများ သင်ကြားပို့ချပေးခြင်း၊ တရားပွဲများ ကျင်းပ၍ ဟောကြားပြသ
ပေးခြင်းသည် လူတို့၏ နှလုံးသား၌ ဘုရားတည်ပေးခြင်းပင် ဖြစ်၏။
မြေပြင်မှာတည်ခြင်းနှင့် လူသားများ၏ နှလုံးသား၌ တည်ခြင်းဟူ၍ နှစ်မျိုးရှိ၏။ မြေပြင်မှာ တည်
သောဘုရားသည် သဘာဝ ရာသီဥတုဒါဏ်ကြောင့် နှစ်အနည်းငယ်ကြာလျှင် ပျက်စီးပျောက်ကွယ်
သွားရသည်သာ ဖြစ်၏။ စာပေများ သင်ကြားပို့ချပေးခြင်း၊ တရားပွဲများ ကျင်းပ၍ ဟောကြားပြသ
ပေးခြင်းသည် လူတို့၏ နှလုံးသား၌ ဘုရားတည်ပေးခြင်းပင် ဖြစ်၏။
အတ္တကိလမထာနုယောဂအကျင့်။
အတ္တကိလမထာနုယောဂအကျင့်ဆိုတာ မိမိကိုယ်ကို ပင်ပန်းအောင်ပြုလုပ်တဲ့အကျင့်ပါ။
ဘာကြောင့် ဒီအကျင့်ကို ကျင့်ကြသလဲဆိုတော့ မိမိကိုယ်ကို သင့်လျော်တဲ့ ကာမဂုဏ်တွေဖြင့်
ကျွေးမွေးပြုစု ထားရင် တပ်မက်လိုချင်တဲ့ ကိလေသာတွေ ဖြစ်ပွားတယ်။ အ၀တ်အစား အစရှိ
သော ကာမဂုဏ်တွေကို မပေးဘဲ ပင်ပန်းဆင်းရဲအောင်ကျင့်မှ တပ်မက်လိုချင်တဲ့ ကိလေသာတွေ
ဘာကြောင့် ဒီအကျင့်ကို ကျင့်ကြသလဲဆိုတော့ မိမိကိုယ်ကို သင့်လျော်တဲ့ ကာမဂုဏ်တွေဖြင့်
ကျွေးမွေးပြုစု ထားရင် တပ်မက်လိုချင်တဲ့ ကိလေသာတွေ ဖြစ်ပွားတယ်။ အ၀တ်အစား အစရှိ
သော ကာမဂုဏ်တွေကို မပေးဘဲ ပင်ပန်းဆင်းရဲအောင်ကျင့်မှ တပ်မက်လိုချင်တဲ့ ကိလေသာတွေ
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၆)။
”ကိလေသာ”
xxxxxxxxxxx
မိမိကိန်းရာ၊ သတ္တ၀ါကို၊
ဗျာပါလှိုက်ဆူ၊ ပူလောင်စေတတ်၊
နှိပ်စက်တတ်၍၊ ထပ်ထပ် ညစ်ပေ၊
ပြုတတ်လေ၊ ဆယ်ထွေ ကိလေသာ။ ။
xxxxxxxxxxx
မိမိကိန်းရာ၊ သတ္တ၀ါကို၊
ဗျာပါလှိုက်ဆူ၊ ပူလောင်စေတတ်၊
နှိပ်စက်တတ်၍၊ ထပ်ထပ် ညစ်ပေ၊
ပြုတတ်လေ၊ ဆယ်ထွေ ကိလေသာ။ ။
Thursday, November 13, 2014
ကံသာအမိ ကံသာအဖ
မိမိပြုသောကံသည် မိမိကို ပဋိသန္ဓေစိတ်ရင်ကပင် ကွဲပြားအောင်ပြုရုံသာမက ရုပ်အဆင်း ကွဲပြားအောင်၊ အမျိုးအဆွေ ကွဲပြားအောင်၊ ချမ်းသာဆင်းရဲ ကွဲပြားအောင်လည်း မိမိကံကပင် မိမိကို စီမံလိုက်သည်။ ထင်ရှားစေအံ့ - လူတစ်ယောက်သည် ကုသိုလ်ကံကို ဉာဏ်နှင့်ယှဉ်လျက် ထက်ထက်သန်သန်ပြု၏။ လူတစ်ယောက်ကား ကုသိုလ်ကိုမပြု။ ပြုသော်လည်း ထက်ထက်သန်သန်မဟုတ်။ ထိုသူ ၂-ယောက်တို့ လူ့ပဋိသန္ဓေ နေကြရလျှင် ကုသိုလ်ရှင်က ချမ်းသာသော အမိဝမ်း၌ ပဋိသန္ဓေနေရ၏။ မိခင်သည် လိမ္မာနားလည်သူဖြစ်လျက် ကိုယ်ဝန်ကလေး မဆင်းရဲလေအောင် အထိုင်အထ သတိထား၏။ ပူလွန်း စပ်လွန်းသော အစာနှင့် အေးလွန်းသော အစာကို ရှောင်ကြဉ်၏။
ပဋိသန္ဓေခေါ်ပုံနှင့် ပဋိသန္ဓေနေခြင်း၏ အကြောင်း ၃-ပါး
ပဋိသန္ဓေခေါ်ပုံ
ရှေ့အခန်း၌
ပြခဲ့သော အစီအစဉ်ဖြင့် စုတေပြီးနောက် ကံအားလျော်စွာ ဘ၀သစ်၌ ပထမဆုံး စိတ်
စေတသိက်နှင့် ရုပ်များ ဖြစ်ကြလေသည်။ ထို ပထမဆုံး ဖြစ်သော စိတ်
စေတသိက်ရုပ်များကိုပင် “ပဋိသန္ဓေ” မြန်မာလို “ပဋိသန္ဓေ တည်နေခြင်း”ဟု ခေါ်သည်။ ထို ပဋိသန္ဓေဟူသော ပါဠိစကား၌ ဘ၀ဟောင်း အပြတ်တွင် “ဆက်စပ်၍ ဖြစ်ခြင်း” ဟုဆိုလိုသည်။
ပဋိသန္ဓေ ၄-မျိုး
ထို ပဋိသန္ဓေ စိတ် စေတသိက် ရုပ်များသည် ကံကြောင့် ဖြစ်ရကား ကံအမျိုးမျိုးလိုက်၍ သြပပါတိက ပဋိသန္ဓေ၊ သံသေဒဇ ပဋိန္ဓေ၊ အဏ္ဍဇ ပဋိသန္ဓေ၊ ဇလာဗုဇ ပဋိသန္ဓေဟု ၄-မျိုး ပြား၏။
ပဋိသန္ဓေစိတ်ဖြစ်ပုံ
စုတေစိတ် ဖြစ်ပြီးနောက် ဘ၀အသစ်၌ ပဋိသန္ဓေစိတ်ဖြစ်၏။ စုတေစိတ်နှင့် ပဋိသန္ဓေစိတ်တို့သည် ချက်ချင်းဆက်၏။ စုတေစိတ်နှင့် ပဋိသန္ဓေစိတ်တို့ အလယ်မှာ အချိန်ကာလ အကြားကလေးမျှ မခြားတော့ချေ။ ဘ၀အသစ် ရောက်ဖို့ရာ ထိုမျှလောက်ပင် မြန်လှ၏။ လူ့ပြည်မှ စုတေ၍ နတ်ပြည်ရောက်သူဖြစ်ဖြစ်၊ ငရဲရောက်သူဖြစ်ဖြစ် စုတေပြီးသည်နှင့် တစ်ပြိုင်နက် ပဋိသန္ဓေစိတ်ဆက်ကာ ဆိုင်ရာဘ၀အသစ်၌ ခန္ဓာအသစ် ထူထောင်မိလေသည်။
အလွန်ထူးဆန်းသောတချို့အကြောင်း
မိဘ ၂-ဦးတို့ ထိထိရောက်ရောက် ပျော်မြူးခြင်း မရှိကြသော်လည်း ပဋိသန္ဓေတည်နေနိုင်၏။ အလောင်းတော် သုဝဏ္ဏသာမ(သုဝဏ္ဏသျှံ) ၏ မိခင်သည် ပန်းပွင့်ခါစ အခါဝယ် ခမည်းတော်က ချက်ကို သုံးသပ်ရုံမျှဖြင့် သန္ဓေရ၏။ စဏ္ဍပဇ္ဇောတမင်း၏ မိခင်သည် ပန်းပွင့်ခါစ၀ယ် ကင်းလျှောက်သွားသည်ကို သာယာမိရုံမျှဖြင့် သန္ဓေရ၏။ ဗျိုင်းအောက်တို့သည် မိုးဦးအခါ တောင်လေလာသည်ကို သာယာသဖြင့် သန္ဓေရကြ၏။ ဘုရားရှင် လက်ထက်တော်က ဘိက္ခုနီမ တစ်ဦးသည် ယောက်ျားဟောင်း ရဟန်း၏ သင်းပိုင်မှ သုက်ကို စုပ်ယူမိ၍ သန္ဓေရ၏။ ရသေ့တစ်ဦး၏ သုက်နှင့် ရောသော ကျင်ငယ်ရည်ကို သောက်မိ၍ သမင်မ၌ သန္ဓေရလျက် ဣသိသိင်္ဂ သတို့သားကို ဖွားမြင်ခဲ့ရ၏။ ထိုအကြောင်းများက တစ်ခါတစ်ရံမှ အထူးအဆန်း ဖြစ်ရသော အဖြစ်မျိုးတည်း။
ပုဂ္ဂိုလ် ၄-မျိုးပြားပုံ
ပဋိသန္ဓေတည်သောအခါ တချို့ပုဂ္ဂိုလ်က အပါယ်ဘုံ၌ တည်ရ၏။ ထိုအပါယ်ဘုံသားများကို ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်ဟု ခေါ်၏။ (ဒုဂတိ = မကောင်းသောဂတိ (ဘ၀) ၌ + အဟိတ် = ပဋိသန္ဓေစိတ်မှာ အလောဘ၊ အဒေါသ၊ အမောဟ ဟူသော ဟိတ်များ မပါသောပုဂ္ဂိုလ်။) လူနှင့် လူ့ပြည်၌ရှိကြသော အချို့နတ်ငယ်ကလေးများ၌လည်း ထိုကဲ့သို့ အဟိတ်ပုဂ္ဂိုလ်များရှိ၏။ ထိုပုဂ္ဂိုလ်များကို သုဂတိအဟိတ်ပုဂ္ဂိုလ်ဟုခေါ်၏။ (သုဂတိ = ကောင်းသောဂတိ၌ + အဟိတ် = ပဋိသန္ဓေစိတ်မှာ ဟိတ် ၃-မျိုးမပါသူ။) ဒွိဟိတ် တိဟိတ် ၂-မျိုးကို နောက်၌ပြအံ့။
ပညတ္တိဓမ္မ၊ ပရမတ္ထဓမ္မ။
ပညတ္တိဓမ္မဆိုသည်မှာ တဖက်သားကိုသိအောင် ပြောပြအပ်သော စကားနှင့်
အမူအရာကိုလည်းကောင်း စကားဝေါဟာရနှင့် အမူအရာတို့ဖြင့်သိရသော
အရာဝတ္ထုနှင့် အကြောင်းအရာကိုလည်းကောင်း ခေါ်ဆိုခြင်းဖြစ်၏။ ပညတ္တိသည်
တကယ်ရှိသော အရာကိုဖြစ်စေ တကယ်မရှိသော အရာကိုဖြစ်စေ ရည်ညွန်းပြော
အမူအရာကိုလည်းကောင်း စကားဝေါဟာရနှင့် အမူအရာတို့ဖြင့်သိရသော
အရာဝတ္ထုနှင့် အကြောင်းအရာကိုလည်းကောင်း ခေါ်ဆိုခြင်းဖြစ်၏။ ပညတ္တိသည်
တကယ်ရှိသော အရာကိုဖြစ်စေ တကယ်မရှိသော အရာကိုဖြစ်စေ ရည်ညွန်းပြော
ကောင်းရာသုဂတိဘုံသို့။
မြန်မာပြည်မှာ ပြောကြတယ်၊ ဗြဟ္မာ့ပြည်က အပ်တစ်စင်း၊ လူ့ပြည်ကအပ်တစ်စင်း ချ
လိုက်ရင် အဲဒီအပ်ဖျားချင်း ထိကောင်းထိလိမ့်မယ်။ လူ့ဘ၀ရောက်ဖို့ အင်မတန်မှ ခဲယဉ်းတယ်။
ခဲယဉ်းတယ်ဆိုတာ ဖြစ်ကိုမဖြစ်နိုင်ဘူးလို့တောင် ဆိုလိုတာနော်။
မြတ်စွာဘုရားက လူ့ဘ၀ ရခဲတယ်ဆိုတာကို လိပ်ကန်းကြီးတစ်ကောင်နဲ့ ဥပမာ ပေးထား
လိုက်ရင် အဲဒီအပ်ဖျားချင်း ထိကောင်းထိလိမ့်မယ်။ လူ့ဘ၀ရောက်ဖို့ အင်မတန်မှ ခဲယဉ်းတယ်။
ခဲယဉ်းတယ်ဆိုတာ ဖြစ်ကိုမဖြစ်နိုင်ဘူးလို့တောင် ဆိုလိုတာနော်။
မြတ်စွာဘုရားက လူ့ဘ၀ ရခဲတယ်ဆိုတာကို လိပ်ကန်းကြီးတစ်ကောင်နဲ့ ဥပမာ ပေးထား
အယုတ်ညံ့ဆုံးစိတ်။
လောကမှာ အဆိုးဆုံး အယုတ်ညံ့ဆုံးလို့ ဘုန်းကြီးယူဆတဲ့ ဆင်းရဲစိတ် ကိလေသာစိတ်
ဟာ မနာလိုတဲ့စိတ် ဣဿာပဲ။ သူတစ်ပါး ကိုယ့်ထက် ရုပ်ချောနေတာကို မနာလိုဘူး။ အလကား
သက်သက် သူ့ဟာသူ ရုပ်ချောတာ ကိုယ်နဲ့ဘာဆိုင်သလဲ။ အဲဒါ သွားပြီး မနှစ်မြို့တဲ့ မနာလိုတဲ့
စိတ် ဖြစ်တာ။ အဲ သူတစ်ပါး ကိုယ့်ထက် ပညာတတ်နေတာ မနာလိုဘူး။ သူတစ်ပါး ကိုယ့်ထက်
ဟာ မနာလိုတဲ့စိတ် ဣဿာပဲ။ သူတစ်ပါး ကိုယ့်ထက် ရုပ်ချောနေတာကို မနာလိုဘူး။ အလကား
သက်သက် သူ့ဟာသူ ရုပ်ချောတာ ကိုယ်နဲ့ဘာဆိုင်သလဲ။ အဲဒါ သွားပြီး မနှစ်မြို့တဲ့ မနာလိုတဲ့
စိတ် ဖြစ်တာ။ အဲ သူတစ်ပါး ကိုယ့်ထက် ပညာတတ်နေတာ မနာလိုဘူး။ သူတစ်ပါး ကိုယ့်ထက်
ဘုရား၊ ရဟန္တာဓာတ်တော်။
ဗုဒ္ဓဘာသာဝင်တို့သည် မိမိတို့၏ နေအိမ်တွင် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်နှင့်
ကိုယ်တော်စား ရုပ်ပွားဆင်းထုတော်များကို ထားရှိ ကိုးကွယ်ကြပါသည်။ အချို့ဆိုလျှင် ရိုသေ
လေးစားအပ်သည့် နာမည်ကြီး ဘယ်ဆရာတော်က ဓာတ်တော်ကျသည်၊ ဘယ်ဆရာတော်ကြီးက
တော့ နာမည်ကြီးပေမယ့် ဓါတ်တော်မကျဘူး ဟူ၍ပင် ငြင်းခုံလေ့ ရှိတတ်ကြပါသည်။ ဆရာတော်
ကိုယ်တော်စား ရုပ်ပွားဆင်းထုတော်များကို ထားရှိ ကိုးကွယ်ကြပါသည်။ အချို့ဆိုလျှင် ရိုသေ
လေးစားအပ်သည့် နာမည်ကြီး ဘယ်ဆရာတော်က ဓာတ်တော်ကျသည်၊ ဘယ်ဆရာတော်ကြီးက
တော့ နာမည်ကြီးပေမယ့် ဓါတ်တော်မကျဘူး ဟူ၍ပင် ငြင်းခုံလေ့ ရှိတတ်ကြပါသည်။ ဆရာတော်
ဗုဒ္ဓဘာသာ/ သာသနာအတွက် အသိပညာပေး ဆောင်ပုဒ်များ(၇)။
“ များလှအကျိုးတွေ ”
=============
ဗုဒ္ဓမြတ်စွာ၊ ပွင့်ထွန်းလာ၍
သစ္စာလေးအင်၊ ရှစ်မဂ္ဂင်နှင့်
သုံးအင်လက္ခဏာ၊ သင်္ခတာ သင်္ခတ
=============
ဗုဒ္ဓမြတ်စွာ၊ ပွင့်ထွန်းလာ၍
သစ္စာလေးအင်၊ ရှစ်မဂ္ဂင်နှင့်
သုံးအင်လက္ခဏာ၊ သင်္ခတာ သင်္ခတ
Wednesday, November 12, 2014
ကျိုက်ထီးရိုးဆံတော်ရှင် သမိုင်းကြောင်း





စေတီတော် တည်ထားပုံ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်သည်
အရှေ့ရိုးမတောင်တန်းအပါအဝင်ဖြစ်သော ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိ၍မြန်မာနိုင်ငံတွင် တန်ခိုးကြီးသော စေတီတစ်ဆူဖြစ်သည်။
ကျိုက်ထီးရိုးစေတီကို အစွဲပြု၍ စေတီတော်တည်ရှိရာတောင်ကို ကျိုက်ထီးရိုးတောင်ဟုခေါ်ဆိုကြသည်။ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်
"ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့် ဘာ့ကြောင့် ဖုံးလွှမ်းရသနည်း"

"ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့်
ဘာ့ကြောင့် ဖုံးလွှမ်းရသနည်း"
တို့ အဘဘုရား သာသနာမှာ လက်ဝဲတော်ရံ
လက်ယာတော်ရံဆိုတာ မရှိဘူးလား
"ရှိပါတယ်ဘုရား"
လက်ဝဲတော်ရံဆိုတာ
"တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာမောဂ္ဂလာန်ပါဘုရား"
လက်ယာတော်ရံဆိုတာ
မရဏသတိဆင်ခြင်နည်း

မရဏသတိဆင်ခြင်နည်းကား (၈)မျိုးရှိ၏။ ယင်းတို့ကား -
၁။ သေခြင်းသဘောကို သူသတ်သမားသဖွယ် ထင်မြင်အောင် ဆင်ခြင်ခြင်း၊
၂။ ဖြစ်လျှင် ပျက်မြဲဓမ္မတာဟု ထင်မြင်အောင် ဆင်ခြင်ခြင်း၊
၃။ သူတပါးသေခြင်းကို ရူ၍ မိမိသေရမည်ကို ထင်မြင်အောင် ဆင်ခြင်ခြင်း၊
၎။ မိမိကိုယ်ခန္ဓာ၏ ဘေးအန္တရာယ် များပြားပုံကို ထင်မြင်အောင် ဆင်ခြင်ခြင်း၊
၅။ အသက်၏ မခိုင်မြဲသည်ကို ထင်မြင်အောင် ဆင်ခြင်ခြင်း၊
သူတော်ကောင်းတို့စိတ်ထား...

" ဆရာတော် .. နာရီကြီးဘယ်ရောက်သွားသလဲ ဘုရား .. "
" ညက ဒကာ ( ၂ ) ယောက် လာယူသွားကြတယ်ကွ .. "
" ဆရာတော် သူခိုးလာခိုးသွားတာဖြစ်မှာပါ .. ဆရာတော် မသိလိုက်ဘူးလား ဘုရား .. "
" သိပါတယ်ကွ .. သူတို့က မမှီမကမ်းနဲ့ဖြုတ်နေသံကြားလို့ မတော်လွတ်လို့ မင်းတို့နိုးကုန်ရင် နာရီလဲအကောင်းမရ .. ဒုက္ခလည်းရောက်ကြမှာစိုးလို့
" ၀ိပဿနာတရားရိပ်သာများ လမ်းညွှန်"(၂၀၁၅) Vipassana Meditation Centres Directory 2015
" ၀ိပဿနာတရားရိပ်သာများ လမ်းညွှန်"(၂၀၁၅)
Vipassana Meditation Centres Directory 2015
(ထေရုပတ္တိအကျဉ်း၊၀ိပဿနာရှုနည်း၊ စည်းကမ်းချက်၊ တရားထိုင်အချိန်ဇယား၊ ၀ိပဿနာ ရိပ်သာခွဲများ)
စာအုပ် ကို မကြာမှီ ဓမ္မဒါန အဖြစ်ထုတ်ဝေတော့မည်ဖြစ်ပါသည်။
(၁)လယ်တီ
(၂)သထုံ မူလမင်းကွန်း
(၃)ကသစ်ဝိုင်
(၄) မဟာစည်
(၅)မိုးကုတ်
(၆)စွန်းလွန်း
(၇)သဲအင်းဂူ
(၈)ဖားအောက်တောရ
(၉)စတုဘုမ္မိကငှက်တွင်း
(၁၀)မောင်းထောင်မြေဇင်းတောရ
(၁၁) ဆရာသက်ကြီး
(၁၂)ဦးဘခင်
(၁၃)ဦးဂိုအင်ကာ
စသည်တို့၏
(ထေရုပတ္တိအကျဉ်း၊၀ိပဿနာရှုနည်း၊ စည်းကမ်းချက်၊ တရားထိုင်အချိန်ဇယား၊ ၀ိပဿနာ ရိပ်သာခွဲများ)များပါဝင်ပါမည်။
Vipassana Meditation Centres Directory 2015
(ထေရုပတ္တိအကျဉ်း၊၀ိပဿနာရှုနည်း၊ စည်းကမ်းချက်၊ တရားထိုင်အချိန်ဇယား၊ ၀ိပဿနာ ရိပ်သာခွဲများ)
စာအုပ် ကို မကြာမှီ ဓမ္မဒါန အဖြစ်ထုတ်ဝေတော့မည်ဖြစ်ပါသည်။
(၁)လယ်တီ
(၂)သထုံ မူလမင်းကွန်း
(၃)ကသစ်ဝိုင်
(၄) မဟာစည်
(၅)မိုးကုတ်
(၆)စွန်းလွန်း
(၇)သဲအင်းဂူ
(၈)ဖားအောက်တောရ
(၉)စတုဘုမ္မိကငှက်တွင်း
(၁၀)မောင်းထောင်မြေဇင်းတောရ
(၁၁) ဆရာသက်ကြီး
(၁၂)ဦးဘခင်
(၁၃)ဦးဂိုအင်ကာ
စသည်တို့၏
(ထေရုပတ္တိအကျဉ်း၊၀ိပဿနာရှုနည်း၊ စည်းကမ်းချက်၊ တရားထိုင်အချိန်ဇယား၊ ၀ိပဿနာ ရိပ်သာခွဲများ)များပါဝင်ပါမည်။
ဝိကာရရုပ်။
ရုပ်တို့၏ ထူးခြားသည့် အခြင်းအရာတစ်မျိုးကိုပင် ၀ိကာရရုပ်ဟုခေါ်၏။ ၀ိကာရရုပ်သည်
ဝိညတ်ရုပ် ၂-မျိုးကိုပင် ပေါင်းထည့်သော် ၅-မျိုးရှိ၏။
(၁) ကာယ၀ိညတ္တိ (ကာယဖြင့်သိစေခြင်း)
(၂) ၀စီဝိညတ္တိ (နှုတ်သံဖြင့်သိစေခြင်း)
(၃) လဟုတာ (ပေါ့ပါးမှု)
ဝိညတ်ရုပ် ၂-မျိုးကိုပင် ပေါင်းထည့်သော် ၅-မျိုးရှိ၏။
(၁) ကာယ၀ိညတ္တိ (ကာယဖြင့်သိစေခြင်း)
(၂) ၀စီဝိညတ္တိ (နှုတ်သံဖြင့်သိစေခြင်း)
(၃) လဟုတာ (ပေါ့ပါးမှု)
ပရိယတ်ကို သင်သင့်ပါတယ်(ကံသုကောပမသုတ္တန်)။
ဘုန်းကြီးကပြောတယ်၊ “ ကိုယ်တော်တို့ စာမသင်ဘဲ နေလို့တော့ မရဘူး၊ စာမသင်လို့
ရှိရင် မတည်မြဲဘူး၊ ဟိုလူပြော ဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုး၊ တရားတင် အားထုတ်လို့ ရှိ
ရင် ကိုယ်တွေ့တာလေးတင် အဟုတ်ထင်မှာ” ၊ တစ်ယောက်နဲ့တစ်ယောက် အတွေ့ဆိုတာ
တူတာမဟုတ်ဘူး၊ မတူသည့်အတွက်ကြောင့် သူတွေ့တာ သူပြောလိမ့်မယ်၊ ကိုယ်တွေ့တာ
ရှိရင် မတည်မြဲဘူး၊ ဟိုလူပြော ဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုး၊ တရားတင် အားထုတ်လို့ ရှိ
ရင် ကိုယ်တွေ့တာလေးတင် အဟုတ်ထင်မှာ” ၊ တစ်ယောက်နဲ့တစ်ယောက် အတွေ့ဆိုတာ
တူတာမဟုတ်ဘူး၊ မတူသည့်အတွက်ကြောင့် သူတွေ့တာ သူပြောလိမ့်မယ်၊ ကိုယ်တွေ့တာ
လူတိုင်း ခံစားနေရတဲ့ “ ဒုက္ခ (၇) မျိုး ” ။
လူတိုင်းလူတိုင်း ခံစားနေရတဲ့ ဒုက္ခ ( ၇ ) မျိုးမှာ= (၁) ဒုက္ခ ဒုက္ခ။ (၂) ၀ိပရိဏာမဒုက္ခ။
(၃) သင်္ခါရဒုက္ခ။ (၄) ပဋိ စ္ဆန္နဒုက္ခ။ (၅) အပ္ပဋိ စ္ဆန္နဒုက္ခ။ (၆) ပရိယာယဒုက္ခ။ (၇) နိပ္ပရိယာယ
ဒုက္ခ တို့ ဖြစ်ပါတယ်။
(၁) ဒုက္ခ ဒုက္ခ = =
(၃) သင်္ခါရဒုက္ခ။ (၄) ပဋိ စ္ဆန္နဒုက္ခ။ (၅) အပ္ပဋိ စ္ဆန္နဒုက္ခ။ (၆) ပရိယာယဒုက္ခ။ (၇) နိပ္ပရိယာယ
ဒုက္ခ တို့ ဖြစ်ပါတယ်။
(၁) ဒုက္ခ ဒုက္ခ = =
သာသနာကွယ်ကြောင်းနှင့် စပ်လျဉ်း၍။
ကန်ပေါင်ပရိယတ်၊ ပဋိပတ် ကန်ရေ
ပဋိဝေ ကြာ ဟု၊ သုံးခုသာသနာ
မိန့်ဆိုရာ၌၊ ....
ကန်ပေါင်ရှိမှ၊ ရေတည်ရ၏။
ရေမှတစ်ဆင့်၊ ကြာပန်းပွင့်၏။
ကြာပန်းနှင့်ရေ၊ တည်ရှိနေအောင်
ပဋိဝေ ကြာ ဟု၊ သုံးခုသာသနာ
မိန့်ဆိုရာ၌၊ ....
ကန်ပေါင်ရှိမှ၊ ရေတည်ရ၏။
ရေမှတစ်ဆင့်၊ ကြာပန်းပွင့်၏။
ကြာပန်းနှင့်ရေ၊ တည်ရှိနေအောင်
ဆဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၅)။
***ဓမ္မစကြာလာ တရားဆောင်ပုဒ်များ***
==================
၁။ ကာမချမ်းသာ၊ သုံးဆောင်တာ
ပယ်ခွာ ရှောင်ရမည်။
၂။ မသုံးဆောင်ဘဲ၊ ကိုယ်ညှဉ်းဆဲ
ဒါလည်း ရှောင်ရမည်။
==================
၁။ ကာမချမ်းသာ၊ သုံးဆောင်တာ
ပယ်ခွာ ရှောင်ရမည်။
၂။ မသုံးဆောင်ဘဲ၊ ကိုယ်ညှဉ်းဆဲ
ဒါလည်း ရှောင်ရမည်။
Tuesday, November 11, 2014
“ကုသိုလ်ထုပ်ကြီး ရထားတာနဲ့ အတူတူပါ။”

တစ်ခါတုန်းကမြို့တစ်မြို့မှာသားအမိနှစ်ယောက်
ရှိပါတယ်။ သားဖြစ်သူက အမေကို နတ်လို
သဘောထားပြီး၊လုပ်ကျွေးနေတာပါ။
တစ်နေ့တော့ အမေဖြစ်သူကသားဖြစ်သူကို
အိမ်ထောင်ပြုဖို့ပြောလာပါတယ်။
လူဆိုတာ အာရုံနဲမတွေ့သေးခင်
“တကယ့်အဖြူထည်”လေးပါ။
အိမ်ထောင်ပြုဖို့ပြောလာပါတယ်။
လူဆိုတာ အာရုံနဲမတွေ့သေးခင်
“တကယ့်အဖြူထည်”လေးပါ။
“သီလစင်ကြယ်ခြင်း နှင့် ကိုယ်ကျင့်သိက္ခာ”

ကိုယ်ကျင့်သိက္ခာ နိမ့်ပါးသူတို့အပေါ်
ပတ်ဝန်းကျင်မှ လူများကလည်း
ယုံကြည်မှုကင်းတတ်ပါတယ်။
ပစ္စည်းဥစ္စာ၊ အရှိန်အဝါ၊အကာအကွယ်
ရှိနေလို့သာ လူတွေက အခေါ်အပြော၊
အဆက်အဆံမပျက် ရှိနေစေကာမူ
အတွင်းနှလုံးသားကတော့
ရှိနေလို့သာ လူတွေက အခေါ်အပြော၊
အဆက်အဆံမပျက် ရှိနေစေကာမူ
အတွင်းနှလုံးသားကတော့
သေခြင်းအကြောင်းတရားများ
ရှေ့တွင် လူသတ္တ၀ါတို့၌ ဖြစ်သင့်သော စိတ်နေစိတ်ထားနှင့် ပြုသင့်သောကံများ ပြခဲ့ပါပြီ။ ထိုသို့ စိတ်ကောင်းစိတ်ဆိုး အမျိုးမျိုးဖြစ်နေကြရင်းပင် ဥစ္စာစီးပွား ချစ်သူများနှင့် ကွေကွင်းဖို့ သေမင်းငင်သဖြင့် မသေချင်ဘဲလည်း သေမြဲဓမ္မတာ သေပေါက်သေ၀သို့ အသေခံရောက်ကြရတော့မည်။ သို့ဖြစ်၍ စုတေခါနီး အရေးကြီးပုံကို ကိုယ်စီကိုယ်င သတိပြုကြဖို့ ဆက်လက်ညွှန်ပြပါဦးမည်။
သေခြင်းအကြောင်း ၄-ပါး
(၁) သက်တမ်း ကုန်ခြင်း၊ (၂) ကံ အစွမ်းကုန်ခြင်း (၃) အသက်တမ်း ကံအစွမ်း ၂-မျိုးလုံးကုန်ခြင်း၊ (၄) ဥပစ္ဆေဒကကံက သတ်ဖြတ်ခြင်း။ ဤသို့ သတ္တ၀ါတို့ စုတေရခြင်း အကြောင်း ၄-မျိုးရှိ၏။ ဥပမာ - ဆီမီးငြိမ်းရာ၌ (၁) ဆီကုန်ခြင်း၊ (၂) မီးစာကုန်ခြင်း (၃) ဆီနှင့် မီးစာ ၂-မျိုးလုံး ကုန်ခန်းခြင်း၊ (၄) ဆီနှင့် မီးစာ ရှိသေးပါသော်လည်း လေပြင်းတိုက်ခတ်ခြင်း သို့မဟုတ် တမင်ငြှိမ်းသက်ခြင်းဟု အကြောင်း ၄-မျိုး ရှိသကဲ့သို့တည်း။
(၁) သက်တမ်း ကုန်ခြင်း၊ (၂) ကံ အစွမ်းကုန်ခြင်း (၃) အသက်တမ်း ကံအစွမ်း ၂-မျိုးလုံးကုန်ခြင်း၊ (၄) ဥပစ္ဆေဒကကံက သတ်ဖြတ်ခြင်း။ ဤသို့ သတ္တ၀ါတို့ စုတေရခြင်း အကြောင်း ၄-မျိုးရှိ၏။ ဥပမာ - ဆီမီးငြိမ်းရာ၌ (၁) ဆီကုန်ခြင်း၊ (၂) မီးစာကုန်ခြင်း (၃) ဆီနှင့် မီးစာ ၂-မျိုးလုံး ကုန်ခန်းခြင်း၊ (၄) ဆီနှင့် မီးစာ ရှိသေးပါသော်လည်း လေပြင်းတိုက်ခတ်ခြင်း သို့မဟုတ် တမင်ငြှိမ်းသက်ခြင်းဟု အကြောင်း ၄-မျိုး ရှိသကဲ့သို့တည်း။
စုတေခါနီးအရေးကြီးပုံ
ပြခဲ့သော
အကြောင်းများတွင် တစ်ပါးပါးကြောင့် လူတစ်ယောက် စုတေဖို့ရာ
အချိန်နီးကပ်လာလျှင် မစုတေမီ နာရီဝက်လောက်မှစ၍ စိတ်ကောင်းဇောကောင်းရဖို့
အရေးကြီး၏။ စုတေသည့်တိုင်အောင် ကုသိုလ်ဇောများ စောနေလျှင် ဧကန်မုချ သုဂတိ
ဘ၀သို့ ရောက်ရမည်။ စုတေခါနီးဝယ် အကုသိုလ်ဇောများ စောနေလျှင်
ဧကန်အပါယ်ဘုံသို့ ရောက်ရတော့မည်။ သို့ဖြစ်၍ မြင်းအပြေးပြိုင်ရာတွင်
ပန်းဝင်ခါနီး အရေးကြီးဆုံး ဖြစ်သကဲ့သို့ နောက်တစ်ဖန် ဘ၀ကောင်းရဖို့
စုတေခါနီး၌ အရေးကြီးလှပေသည်။ ထို စုတေခါနီး၌ စိတ်ကောင်း မကောင်းမှာလည်း
ထိုအခါ ထင်လာသော အာရုံနှင့်သာ သက်ဆိုင်ကြလေသည်။
ကံတူအကျိုးပေးတတ်ပုံ
ကုသိုလ်ကံဖြစ်စေ၊
အကုသိုလ်ကံဖြစ်စေ တူသော အကျိုးပေးတတ်၏။ သူတစ်ပါးကို သတ်သော ပါဏာတိပါတ
ကံကြောင့် ဖြစ်ရာဘ၀၌ အသတ်ခံရတတ်၏။ ရောဂါများတတ်၏။
ဒါန၏ တူသောအကျိုး
စွန့်ကြဲပေးကမ်း
လှူဒါန်းသောအခါ အလှူခံကို စားစေချင်၊ ကောင်းကောင်းမွန်မွန် နေစေချင်သော
စေတနာသည် ဒါနည်း။ ထိုဒါနကြောင့် ဖြစ်လေရာဘ၀၌ စားရ ၀တ်ရ၊
ကောင်းကောင်းမွန်မွန် နေရ ထိုင်ရ လောက်အောင် စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသော
ဓနရှင်များ ဖြစ်လာရပေသည်။ သို့သော် လှူဒါန်းပေးကမ်းသည့် အခါတုန်းက
အပရစေတနာ ချို့တဲ့လျှင် (လှူပြီးနောက် နှမြောသလိုဖြစ်ကာ စိတ်မချမ်းသာလျှင်) ထိုဒါနကြောင့် ရှိသော စည်းစိမ်ကို ခံစားလိုစိတ် မရှိဘဲ ဓနရှင်ဖြစ်ပါလျက် လူဆင်းရဲများကဲ့သို့ နုံနုံချာချာနှင့် နေရတတ်လေသည်။
မကောင်းလည်း ကံ၊ ကောင်းလည်း ကံဟု ကံကိုချည်းသာ၊ မကိုးရာဘူး
ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ မဟာမေဒင်ဘာသာဟု ဘာသာကြီး ၄-မျိုးရှိ၏။ ခရစ်ယာန်ဘာသာ မဟာမေဒင်ဘာသာတို့၌ သတ္တ၀ါတို့၏ ကောင်းကျိုး ဆိုးကျိုးများကို ထာဝရဘုရား စသူတို့က ဖန်ဆင်းပေးသည်ဟု ဖန်ဆင်းပေးသူကို စွဲလမ်းကြ၏။ ဗုဒ္ဓဘာသာ ဟိန္ဒူဘာသာဝင်တို့က “ကောင်းကျိုး ဆိုးကျိုးကို ရှေးက ပြုခဲ့သော ကံက စီမံ၏”ဟု ရှေးကံကို စွဲလမ်း၏။ ဖန်ဆင်းသူကို စွဲလမ်းမူ၏ မှားပုံမှာ ဤစာများဖတ်၍ သိလောက်ပြီဖြစ်၍ မရေးတော့ပြီ။ အရာရာ ကံကိုချည်း စွဲလမ်းသူများလည်း “ပုဗ္ဗေကတဟေတုဒိဋ္ဌိ”ခေါ် မိစ္ဆာဒိဋ္ဌိတစ်မျိုးမှ မလွတ်ကင်းဘဲ ရှိကြလေသည်။ ထိုဒိဋ္ဌိ၏ ယူမှားပုံကား “ယခု မျက်မြင် သတ္တ၀ါတွေသည် ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးသော အကြင်အကျိုးကို ခံစားရ၏။ ထို အကျိုးအားလုံးသည် ရှေးကပြုခဲ့သော ကံကြောင့်ချည်းသာ ဖြစ်၏”ဤသို့ စသည်ဖြင့် ယူလေသည်။
အမေမှ သားရဟန်းသို့ပေးစာ
သား…
အမေ စာပြန်လိုက်ပါတယ်။ သားရဲ့ စာကိုဖတ်ပြီး အမေရွာမှာ ဘယ်လိုခံစားရနေရတယ်ဆိုတာ သားမသိဘူးနော်။ သားရဲ့စာထဲမှာ “ရန်ကုန်က ဒကာ ဒကာမတွေက ကိုရင့်ကို ပဉ္စင်းခံမှာ ဖြစ်လို့ အမေ ပဉ္စင်း ခံမယ့် အစီအစဉ်ကို ဖျတ်လိုက်ပါတော့”တဲ့။ ပြီးတော့ သီတင်းကျွတ်လပြည့်ကျော်(၉)ရက်နေ့ ပဉ္စင်းခံမှာဖြစ်လို့ သီတင်းကျွတ်လပြည့်ကျော်(၅)ရက်နေ့ အရောက်လာပါတဲ့။
Subscribe to:
Posts (Atom)