တို့တစ်တွေ မြင်လိုက်လို့ရှိရင် မြင်တာကို သိလိုက်တဲ့စိတ်ကို ပကတိစိတ်လို့ခေါ်ပါတယ်။
အဲဒီ-မြင်လိုက်တဲ့စိတ်ရဲ့ ဒီအာရုံပေါ်မှာ ဖြစ်ပျက်သွားတဲ့ သဘောတွေကို နောက်က လေးလေး
နက်နက်သတိထားတဲ့ စိတ်ကလိုက်ပြီးတော့ သိသွားပါတယ်၊ အဲဒီ စိတ်ဟာ သတိတို့၊ သမ္ပဇညတို့၊
ဝီရိယတို့ ဒီစွမ်းအားတွေနဲ့ တွဲလာပါတယ်။
Saturday, November 7, 2015
(လူတိုင်းအတွက်) ဒါနပြုနည်း။
ဝစ္ဆ၊ ငါဘုရားသည် ဒါနကို ဤသို့ဟောတော်မူ၏။
အကြင်သူတစ်ယောက်သည် ထမင်းအိုးကို ရေဆေးကြောသောအခါ အိုးဆေးရေကို
ရေအိုင်၊ ရေမြောင်းထဲ၌ သွန်ပစ်ရာ၌ပင် “ ရေအိုင်ထဲမှာရှိသော ပိုးမွှားတွေ စားသောက်ကြ
ပါစေ” ဟူသော စိတ်စေတနာဖြင့် သွန်ပစ်လျှင် ထိုအိုးဆေးရေကို စေတနာဖြင့် သွန်ပစ်ခြင်း

သိကြားမင်း၏မိဖုရား ၄ ပါး
သိကြားမင်း၏မိဖုရား ၄ ပါးမှာ ==
၁။ သုဓမ္မာ = နတ်သမီးအခြံအရံ များစွာနှင့် သိကြားမင်း၏ရှေ့က ခစားရသည်။
၂။ သုဇာတာ = နတ်သမီးအခြံအရံ များစွာနှင့် သိကြားမင်း၏လက်ျာက ခစားရသည်။
၃။ သုနန္ဒာ = နတ်သမီးအခြံအရံ များစွာနှင့် သိကြားမင်း၏နောက်က ခစားရသည်။

နက္ခတ်ဗေဒင်နှင့် ထေရ၀ါဒဗုဒ္ဓဘာသာ
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ သည် "ရတနာသုံးပါး" ကိုသာလျှင်
ကိုးကွယ်ဆည်းကပ် ကြပါသည်။ မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာ
သာ နိုင်ငံဖြစ်ပါလျက် ဘာသာခြား ဗြဟ္မဏပုဏ္ဏားများ စီရင်ရေးသား
ထားသော ၁၂ ရာသီဟောကိန်း၊ အကျိုးပေးဂဏန်း၊ ယတြာ၊အဆောင်

ချစ်တာအပြစ်လား
အရှင်ဘုရားတပည့်တော်တို့ လူငယ်ချင်းချစ်တာအပြစ်ရှိပါသလား။
- မောင်စိုးနိုင်(ခေတ္တ - စင်္ကာပူ)
ချစ်တာအပြစ်လားလို့မေးလာတဲ့ မေးခွန်းအတွက်ပထမဆုံးပြောချင် တာကတော့ချစ်တာဟာ မေတ္တာ
မဟုတ်သည့်အတွက်အေးချမ်းမှု ရမှာမဟုတ်ဘူးဆိုတာကတော့ သေချာပါတယ်။
အေးချမ်းမှု မရတဲ့အတွက်၊ ပူလောင်မှု တွေပဲရနိုင်တာဖြစ်လို့ အပြစ်လို့ပြောရင်လည်းရနိုင်ပါတယ်။

Friday, November 6, 2015
Thursday, November 5, 2015
"Wonderful Dharma" " မြင့်မြတ်ဖြူစင် သည့် ဓမ္မ"
(SN . GOENKA)
A Buddha always teaches Dhamma, nothing else but Dhamma. And Dhamma means truth, nature, the law of nature, which is universal. Dhamma can never be sectarian; it is the universal law of nature.

ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ၏ နောက်ဆုံးအမွေ။
လောကမှာ မြင်မြင်သမျှ သတ္တ၀ါတွေဟာ ငါပဲဖြစ်ဖြစ် သူပဲဖြစ်ဖြစ် ကိုယ်လုပ်သမျှ
ဟာ ကိုယ်နဲ့သာ သက်ဆိုင်ပါတယ်။ “ကမ္မဒါယာဒ” တို့တစ်တွေ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို
တို့တစ်တွေ့ နောက်ဆုံး အမွေခံရမှာ ဖြစ်ပါတယ်။ ဒါကိုလည်း ဆင်ခြင်စဉ်းစားပေးရပါမယ်၊
“ကောင်းတာလုပ်ရင်လည်း ကောင်းတဲ့အမွေ အကျိုးခံစားရပြီး၊ မကောင်းတာလုပ်ရင်လည်း

လောကီ လောကုတ္တရာနှစ်ဖြာ ကြီးပွားတိုးတက်ရေး။
မြတ်စွာဘုရားက လောကီ လောကုတ္တရာနှစ်ဖြာ ကြီးပွားဖို့အတွက် အင်္ဂါနှစ်ချက် ဖေါ်ပြ
ထားတာ ရှိတယ်။
၁။ မိတ်ကောင်းဆွေကောင်း ရှိရမယ်။ ဒါက အပြင်ဘက်က အကြောင်းတရား
( External Condition ) ပေါ့။
၂။ “ယောနိသော မနသိကာရ” မှန်မှန်ကန်ကန် နှလုံးသွင်းဆင်ခြင်တတ်မှု။ ဒါက အတွင်း

ဘုရားလောင်း သိဒ္ဓိတ္တမင်းသား၏ ဆရာ ၅ ပါး။
ဘုရားလောင်း သိဒ္ဓိတ္တမင်းသား၏ ဆရာ ၅ ပါးမှာ = =
၁။ ဘုရားလောင်း ဖွားတော်မူစက လက္ခဏာဖတ်သော ပုဏ္ဏားရှစ်ယောက်ကား ချမ်းသာကြောင်း
ကို ကြားကုန်၍ အစောင့်အရှောက်ပြုကုန်၏။
၂။ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးက သဒ္ဒါကျမ်း၊ ဗျာကရိုဏ်းကျမ်း၊ ဆဠင်္ဂကျမ်းတို့ကို သင်စေ
ရန် အပ်သော သဗ္ဗမိတ္တပုဏ္ဏား။

“သီလမကျိုးအောင်ဆာက်တည်နည်း”။
ဗုဒ္ဓဘာသာဝင် တစ်ယောက်အတွက် ဒါန၊ သီလ၊ ဘာဝနာသည် အရေးကြီးပါသည်။ ဒါန၊
သီလ၊ ဘာဝနာ သုံးပါးထဲတွင် ဘယ်တရားက အရေးကြီးဆုံးလဲ ? ။
ရဟန်းတော်တွေအတွက် ဒါနမပြုလို့ အာပတ်သင့်စေဆိုတဲ့ သိက္ခာပုဒ် မရှိသလို ၀ိပဿနာ
ဘာဝနာ မပွားလို့ အာပတ်သင့်စေဆိုတဲ့ သိက္ခာပုဒ်လည်း မရှိပါဘူး။ ဒါပေမယ့် သီလဖေါက်ဖျက်
ရင်တော့ အာပတ်သင့်စေဆိုတဲ့ သိက္ခာပုဒ်တွေက အသင့်ရှိနေပါတယ်။

Wednesday, November 4, 2015
ဆုတောင်းလေးတွေပြောင်းလိုက်ပါ ”
ဘုန်းကြီးတို့ အင်္ဂလိပ်စာ နည်းနည်းလေးအဆင့်မြင့်မြင့် သင်မိတဲ့အချိန်မှာ The dictionary of synonym ဆိုတဲ့ စာအုပ်ကို သင်ရတယ်။ အဲဒီထဲမှာ Abominable ဆိုးသော ၊ Execrable ပို၍
ဆိုးသော ၊ Detestable အလွန်သာ၍ဆိုးသော။ Degree တွေက တစ်ခုထက် တစ်ခုမြင့်သွားတယ်။ အဲဒီ စကားလုံး ၃ လုံးအကြောင်းကို အဲဒီစာအုပ်ထဲမှာ Story လေးတစ်ပုဒ်နဲ့ ရှင်းပြထားတယ်။

Tuesday, November 3, 2015
“စကားပြော ကောင်းအောင် ဘယ်လို လုပ်မလဲ”
တစ်ခါက အခန်းတစ်ခန်းထဲမှာ အတူနေကြတဲ့ အခန်းဖော်ဦးဇင်းနှစ်ပါးရှိပါတယ်။
တစ်နေ့ မိုးတွေရွာတော့ တစ်ပါးက ရှေ့မျက်နှာစာကတံခါးကိုပိတ်လိုက်ပါတယ်။
အဲဒီအချိန် ကျန်တဲ့အခန်းဖော်က အပြင်ကပြန်ရောက်လာပါတယ်။
ရောက်လာတယ်ဆိုရင်ပဲ ပိတ်ထားတဲ့အခန်းတံခါးကို ဖွင့်လိုက်ပါတယ်။

"ပထမဆုံး ကျောင်း နှင့် ကျောင်းဒကာ"
- "ဗုဒ္ဓမြတ်စွာဘုရားရှင်" သည် မိမိ အလောင်းတော် ဘ၀ကပင် "ဗိမ္ဗိသာရမင်း" အား ပေးခဲ့သော ကတိဝန်ခံချက်အရ "ရာဇဂြိုလ်ပြည်" သို့ကြွတော်ခဲ့မူရာ "၀ါးတော" အတွင်း "သုပ္ပတိဋ္ဌိတ ညောင်ပင်ကြီး" ၏ အောက်၌ သီတင်းသုံးနေပါ၏။ ထိုအခါ "မာဂဓတိုင်း, ရှင်ဘုရင် ဗိမ္ဗိသာရမင်း" သည် "ဗုဒ္ဓမြတ်စွာဘုရားရှင်" ကိုယ်တော်မြတ်အား -
"အရှင်ဘုရား -
"အရှင်ဘုရား -
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားသော စိတ်ထားတတ်ရင် မြတ်ပါတယ်။
လောဘ ဒေါသ မောဟ စတဲ့ ကိလေသာတွေရဲ့ လွှမ်းမိုးမှုကြောင့် ဘယ်လိုပဲ အကောင်း
မျှော်မျှော် အကောင်းဖြစ်လာမှာ မဟုတ်ပါ။ အဲဒီ အဆိုးတရားတွေရဲ့အကျိုးက အကောင်းဖြစ်မ
လာသည့် အတွက်ကြောင့် ဘ၀မှာ နိမ့်ကျပြီး နောက်ဆုံးမှာ ဆင်းရဲဒုက္ခနဲ့ ကြုံကြရပါတယ်။
အခု လူ့ဘ၀ရောက်လာတယ်ဆိုတာ ကုသိုလ်ကံ ကောင်းတဲ့အလှည့်လေးတစ်ကွက်ကြုံလို့

ဘ၀အသွင်ကို ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုလျှင်။
ကိုယ်ရဲ့ ဘ၀အသွင်ကို ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုရင် လောကအမြင်မှာတော့ ဘ၀ဆို
တာ တချို့ ပျော်စရာကြီးလို့ ထင်ကြတယ်။ တချို့ကလည်း ငြီးငွေ့စရာကြီးလို့ ပြောကြတယ်။
ဓမ္မအမြင်နဲ့ ကြည့်လိုက်တော့= =
၁။ ဘ၀ဆိုတာ “မကောင်းတဲ့ဆီ တွန်းပို့တာ ခံနေရတာ”၊ အခြေအနေက တည်ငြိမ်နေတာ

ကံ၏ အကျိုးပေးမှု။
ကျေးဇူးတော်ရှင် အရှင်ဇနကာဘိဝံသဆရာတော်ကြီးက ပစ္စုပ္ပာန်တွင် ကောင်းသော
ကံများပြုနေပါစေ၊ ထိုအချိန်တွင် အားကြီးသော အတိတ်ကံဆိုးက အကျိုးပေးခွင့်သာပါက
ကုသိုလ်ကောင်းမှုပြုနေပါလျှက် မကောင်းကျိုးနဲ့ ဆုံရတတ်တယ်။
အချို့မှာ ပစ္စုပ္ပာန်တွင် မကောင်းသော အကုသိုလ်ကံမှု ပြုနေတယ်ဖြစ်နေပါစေ၊ ထို

Monday, November 2, 2015
သီလအစွမ်း အံ့မခန်း
တစ်ခါတွင် ကာလိင်္ဂတိုင်း ဒဏ္ဍပူရပြည်ကြီး
တစ်ခုလုံး မိုးခေါင်ရေရှားကာ အငတ်ဘေးကြီးဆိုက်သည်။တိုင်းသူပြည်သားများ မင်း၏
ဟစ်တိုင်သို့ လာပြီးအငတ်ဘေးကြီးငြိမ်းအေးပပျောက်အောင် လုပ်ပေးရန်
ဟစ်အော်တောင်းဆိုကြသည်။

Sunday, November 1, 2015
ဆင်ခြင်တုံတရား (ပဋိသင်္ခါနဗလ)။
လောကမှာ ဆင်ခြင်မှုစွမ်းအားဖြင့် အကုသိုလ် တော်တော်များများကို ဖယ်ရှားနိုင်ပါတယ်။
မြတ်စွာဘုရားက “ပဋိသင်္ခါနဗလ” တဲ့၊ ဆင်ခြင်မှုစွမ်းအားကို အသုံးချပြီးတော့ မိမိရဲ့သန္တာန်မှာ
အကုသိုလ်တွေ မဖြစ်ရအောင်၊ အကုသိုလ်တွေ ဖယ်ရှားနိုင်အောင် ကြိုးစားအားထုတ်ရမယ်လို့
ဟောကြားထားပါတယ်။

ဘုရားလောင်း တုဿီတာ နတ်ပြည်မှ ကြည့်ခြင်း ၅ ပါး။
ဘုရားလောင်း တုဿီတာ နတ်ပြည်မှ ကြည့်ခြင်း ၅ ပါးမှာ = =
၁။ ကာလ = ဘုရားဖြစ်အံ့သော ကာလကို ကြည့်တော်မူခြင်း။
၂။ ဒေသ = အရပ်ကို ကြည့်တော်မူခြင်း။
၃။ ဒီပ = ဖြစ်ရာ ကျွန်းကို ကြည့်တော်မူခြင်း။

နိဗ္ဗာန်နဲ့လောကီကျိုး တွဲဖက်ပြုတဲ့ ပါရမီကုသိုလ်။
ဝိပဿီမြတ်စွာဘုရား ပွင့်တော်မမူမီ သာသနာပကာလက ညီအစ်ကိုနှစ်ယောက် ရှိပါ
တယ်။ တစ်နေ့တော့ ညီဖြစ်သူက ကြံခင်းကိုသွားပါတယ်။ အပြန်ကျတော့ အိမ်မှာကျန်ခဲ့တဲ့
အစ်ကိုအတွက်တစ်ချောင်း၊ သူ့အတွက်တစ်ချောင်းဆိုပြီး ကြံနှစ်ချောင်း ခုတ်ခဲ့ပါတယ်။
သူတို့ခေတ်က ကြံပင်ကို အရင်းကပဲဖြစ်ဖြစ်၊ အဖျားကပဲဖြစ်ဖြစ် မြှောက်လိုက်ရင် ကြံ

မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ
****ပေါ်တိုင်းမပြတ်၊ ရှုမှတ်နေလျှင်၊
ရုပ် နာမ် နှစ်မျိုး၊ ကြောင်းကျိုးသိမြင်၊
မမြဲဆင်းရဲ၊ ဉာဏ်ထဲပေါ်လွင်၊
အနတ္တ သိရ နိဗ္ဗာန်ဝင်။ ။ ။

Subscribe to:
Posts (Atom)